← Chapters

ပိုင်နက်တိုက်ပွဲ နှင့် လေထဲကရဲတိုက်

Vol. 47 Ch. 751

ပိုင်နက်တိုက်ပွဲ နှင့် လေထဲကရဲတိုက်

Vol. 47 Ch. 751

ပါ့ဂ်လီအိုက နဂါးအသွင်က အလွန်ကြီးမားပြီး အဆင့်တူချင်း အုပ်စုလိုက် တိုက်ခိုက်လျှင် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်နေသည့်အတွက် အလျင်အမြန်ပင် လူသားအသွင်သို့ ပြောင်းလိုက်သည်။

S+ နှင့် S++ အဆင့်ကြား ခြားနားချက်က SS အဆင့်နှင့် အရည်အသွေး ခြားနားချက်မျိုး မဟုတ်ပေ။ ရိုင်ဇန်၏ အမြင် အတိုင်းပင်။ “တိုင်းပြည်အဆင့်ကို မရောက်သေးရင် တိုက်ပွဲတစ်ပွဲကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။”

သွေးရောင်အင်ပါယာက အင်အားအကြီးဆုံး အင်ပါယာအဖြစ် သတ်မှတ်ခြင်း ခံထားရသည်မှာ ကံကောင်း၍ မဟုတ်ပေ။ စစ်သည်များသာမက ဗိုလ်ချုပ်များ အားလုံးက တိုက်ပွဲများစွာကို အတွေ့အကြုံရှိကြသော လက်ရွေးစင် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသည်။ သူတို့အ‌ရှေ့မှ မည်သည့် နတ်ဆိုးအရှင်သခင်ကမှ စက္ကူကျားရုပ် မဟုတ်ကြပေ။ စူးရှသော အငွေ့အသက်က အဆိပ်နဂါးကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ခံစားရစေသည်။

ပါ့ဂ်လီအိုက သတိလက်လွတ် မနေရဲပေ။ သူက လက်သီးကို ဟန်ဆောင်၍ ထိုးလိုက်ပြီး အဆိပ်မြူ တိမ်တိုက်တစ်ခု ထုတ်လွှတ်လိုက်ကာ ကြယ်ကြွေတမန်အင်ပါယာ စစ်ကူများထံသို့ နောက်ဆုတ်ရန် အခွင့်အရေး ရယူလိုက်သည်။

ကြယ်ကြွေတမန်အင်ပါယာ၌ နတ်ဆိုးအရှင်သခင်အဆင့် ၁၁ယောက် ရှိသည်။

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများမှာ ပါ့ဂ်လီဂို၊ စတေလာ၊ ကိုဝင်၊ ဆာရန်ဒီနှင့် ဒီစ်ဂျာရုတို့ ဖြစ်ပြီး.....

နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းများကတော့ စတီဘေ၊ ဗာနင်မ် နှင့် ရှီရာတို့ ဖြစ်ကြသည်။

နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းများက ဖာရာဗစ်၊ လွန်တာစ်နှင့် ဂျော့်ချ်တို့ ဖြစ်ကြ၏။

ရှီရာက ဂျော့ချ်နှင့် ဗိုလ်ချုပ်များ၏ တညီတညွတ်တည်း ဖျောင်းဖြမှု‌ကြောင့် ခံတပ်၌ တိုက်ပွဲ စစ်မြေပြင်ကို အမိန့်ပေးရန် နေရစ်ခဲ့သည်။ သူ၏စွမ်းအားက ပြင်ပအားများဖြင့် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကြာချိန်နှင့် အတွေ့အကြုံတို့ချင်း ယှဉ်ပါက သူ၏ တကယ့် တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်တူချင်းထက် နိမ့်ကျလှပေသည်။

ထို့ပြင် ရှီရာက အင်ပါယာတစ်ခုလုံး၏ ဝိညာဉ်ဖြစ်သည့်အတွက် မည်သို့ပင် ဖြစ်ပါစေ ကာကွယ်ရမည် ဖြစ်သည်။

သို့ရာတွင် သွေးရောင်အင်ပါယာ၏ နောက်ခံနှင့် တိုက်ခိုက်ရေးစွမ်းအားတို့က ပို၍အားကောင်းပြီး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ၁၀ယောက်၊ အလတ်ပိုင်း ၁၂ယောက်နှင့် ကနဦးပိုင်း ၁၆ယောက်ရှိကာ စုစုပေါင်း ၃၈ယောက် ရှိ၏။ နှစ်ဖက်အကြားရှိ စွမ်းအားခြားနားချက်က အတော်လေး သိသာနေပေသည်။

ကြယ်ကြွေတမန်အင်ပါယာက ကာလရှည်ကြာ အတွင်းရေး ပြဿနာများကြောင့် အင်အား သိသိသာသာ ဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် အိုဆိုင်ဒန်နှင့် ရှီရာတို့အကြား စစ်ပွဲ၌ ဖြစ်သည်။ စစ်တပ်၏ ကျောရိုးသာမက နတ်ဆိုးအရှင်သခင်အဆင့် အများအပြားလည်း ဆုံးရှုံးခဲ့ရသည်။ ရှီရာက ထီးနန်းကို အောင်အောင်မြင်မြင် တက်နိုင်ခဲ့ပြီး နည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံရေးအခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့သော်လည်း ထိုအဆင့်၌ ကြယ်ကြွေတမန်အင်ပါယာ၏ စစ်တပ်အင်အားက အိုဆိုင်ဒန် ရီဂျန့် ဖြစ်ခဲ့စဉ်ကထက် အားနည်းနေသည်ကို ငြင်းပယ်၍ မရနိုင်ပေ။

အချိန်လုံလုံလောက်လောက်ရှိပြီး အရှိန်အဟုန်ကို ဆက်လက်သွားနိုင်ခဲ့လျှင် ကြယ်ကြွေတမန်အင်ပါယာ၏ အင်အားက တဖြည်းဖြည်း တိုးတက်ပြီး ယခင်ကထက် ပိုမြင့်သော နေရာတစ်ခုသို့ ရောက်ရှိလာနိုင်၏။ သို့သော်လည်း ထိုအချိန်၌ ရိုင်ဇန်က စစ်ပွဲကို စတင်လိုက်လေသည်။

အမှန်တကယ်၌ အမှောင်လတွင် မစ်-နတ်မိမယ်နဂါး၊ ချွဲကျိကောင်အစေခံ၊ မစ်-မြနဂါး၊ နဂါးကျွန်းမှ မမလေးအပြင် အမှောင်လ၏ အဓိကစစ်တပ်နှင့် ဂူရာဒန်၏ မသေမျိုး စစ်တပ်လည်း ရှိနေသေးသည်။ အင်အားကြီးသော တိုက်ခိုက်ရေးစွမ်းအား အများအပြား ရှိသည်။ သို့သော်လည်း အရိပ်နက်အင်ပါယာက နယ်စပ်တွင် စစ်တပ်ကို စုစည်းနေသည် ဖြစ်ရာ သူတို့က စောင့်ကြပ်ရန် လိုအပ်သော ကြောက်မက်ဖွယ်ရာ ရန်သူများ ဖြစ်ကြပေသည်။ တော်ဝင် အစွမ်းထက်ပုဂ္ဂိုလ် အိုလီဗာနှင့် အခြားသူများက လိုရမည်ရ မြို့တော်ကို စောင့်ကြပ်နေကြသည်။ ထို့ကြောင့် ကြယ်ကြွေတမန်အင်ပါယာ၏ တိုက်ခိုက်ရေး အင်အားများကို လူစုခွဲခဲ့ရလေသည်။

သွေးရောင်အင်ပါယာ၏ အင်အားက နဂိုကတည်းက အခြားအင်ပါယာ နှစ်ခုထက် ပိုမိုကြီးမားသည်။ ပြည်တွင်းစစ် ဖြစ်ခဲ့သော်လည်း သူတို့က အပြင်းအထန် မထိခိုက်‌ စေခဲ့ပေ။ လေ့ကျင့်ရေးမှ ရိုင်ဇန် ထွက်လာပြီးနောက် ချက်ချင်းပင် လက်ရွေးစင် စစ်သည်များကို ရွှေ့ပြောင်းပြီး အရှိန်အဟုန်ဖြင့် ချီတက်လာခဲ့သည်။ သို့ရာတွင် ကြယ်ကြွေတမန်အင်ပါယာက အခြေယိုင်နေသော အင်အားဖြင့် စစ်ပွဲကို ရင်ဆိုင်နေရ၏။ အမှန်တကယ်ပင် မညီမျှလှပေ။ ခိုင်မာလှသော မှော်ဆရာခံတပ်ကြောင့်သာ မဟုတ်လျှင် တိုးမရဆုတ်မရ အခြေအနေက သိပ်ပြီးကြာလောက်မည် မဟုတ်ပေ။

အင်အားကြီးရန်သူကို ရင်ဆိုင်နေရသော်လည်း ထိုအရာက အင်ပါယာ သေရေးရှင်ရေးအတွက် သက်ဆိုင်နေသော တိုက်ပွဲတစ်ခု ဖြစ်သည့်အတွက် ကြယ်ကြွေတမန်အင်ပါယာမှ မည်သူကမှ နောက်ပြန်မဆုတ်ခဲ့ကြပေ။ သူတို့၏ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအားလုံးက အင်ပါယာနှင့် မြဲမြဲမြံမြံ ချည်နှောင်ထားလေသည်။ ကြယ်ကြွေတမန်အင်ပါယာ ရှုံးနိမ့်သွားသည်နှင့် တော်ဝင်မိသားစုရော၊ အကြီးအကဲမိသားစုကပါ အကျိုးအမြတ် ရရှိလိမ့်မည် မဟုတ်ပေ။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက ချက်ချင်း မလှုပ်ရှားဘဲ လေထဲ၌ ညီညီညာညာ စီတန်းလိုက်ကြသည်။ သူတို့က သေချာလေ့ကျင့်ထားကြဟန် တူပြီး ကြယ်ကြွေတမန်အင်ပါယာကို ဖိအား အ‌တော်လေး ဖြစ်စေခဲ့သည်။

ခေါင်းဆောင်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သည့် အရပ်မြင့်မြင့်နှင့် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စွဲမက်စရာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက အထင်သေးသော အကြည့်များက ကြယ်ကြွေတမန်အင်ပါယာမှ ပြိုင်ဘက်များ အားလုံးကို ဖြတ်သန်းသွားပြီးနောက် ဆာရန်ဒီပေါ်သို့ ရောက်ရှိသွားသည်။ “ဆာရန်ဒီ။ လွန်ခဲ့တဲ့ အနှစ်၃၀၀တုန်းက စစ်မြေပြင်မှာ ကျွန်မတို့ လမ်းခွဲပြီးတော့ စစ်မြေပြင်မှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုအနည်းငယ် အက်ကွဲကွဲနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးအသံ ထွက်ပေါ်လာပြီး ကောင်းကင်မှ မိုးပျံနတ်ဆိုးသားရဲများ၏အသံများကို လွှမ်းမိုးသွားခဲ့သည်။

“ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့က ပြိုင်ဘက်တွေပဲ။” ဆာရန်ဒီက အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်သည်။ “ရှာနာ။ အပိုတွေ ပြောမနေနဲ့တော့။ ငါ ညှာမှာ မဟုတ်ဘူး။”

“ဟွန့်။ ရှင်က မောက်မာနေတုန်းပဲ။” ရှာနာက ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်မမှာ ပိုင်နက်တိုက်ပွဲအတွက် ‌အကြံပြုစရာ တစ်ခု ရှိတယ်။”

“ပိုင်နက်တိုက်ပွဲလား။” ဆာရန်ဒီက အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ “မင်းရဲ့ အကြံက တကယ် မဆိုးဘူး။ ငါတို့အားလုံးကို တစ်ခါတည်း လူအများကြီးနဲ့ အနိုင်ယူချင်တာလား။”

ပိုင်နက်တိုက်ပွဲက နှစ်ဖက်လုံး၏ ပိုင်နက် အစွမ်းထက်ပုဂ္ဂိုလ်များကို စုစည်းပြီး ပိုင်နက်အတွင်း တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုအရာက အဆင့်နိမ့်စစ်သည်များအား ထိခိုက်မှုကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်သည်။ သို့ရာတွင် နှစ်ဖက်အကြားမှ လက်ရှိ စွမ်းအားကို ယှဉ်ကြည့်မည်ဆိုပါက ရှရာ၏ ရည်ရွယ်ချက်မှာ ကြယ်ကြွေတမန် အင်ပါယာ၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားကို တစ်ခါတည်း သေချာပေါက် ရှင်းပစ်ရန် ရည်ရွယ်ချက် ရှိနေကြောင်း မြင်နိုင်ပေသည်။

“စစ်မြေပြင်မှာ တရားတာ မရှိဘူး။ အနိုင်နဲ့ အရှုံးပဲ ရှိတယ်။” ရှာနာက ခေါင်းခါလိုက်သည်။ “ရှင်ပြောသလို ကျွန်မတို့မှာ လူအများကြီး ရှိတယ်။ ကျွန်မတို့တွေ လူခွဲပြီး တိုက်ခိုက်ရင်တောင် ရှင်တို့တွေ ခံစားရဦးမှာပဲ။”

“မိန်းမလှလေး။ မင်းက ငါတို့ကို အနိုင်ရမယ်ဆိုတာ သေချာနေတဲ့ပုံပဲ။” ပါ့ဂ်လီအိုက ခပ်တည်တည်နှင့် ပြောလိုက်သည်။ “ပိုင်နက်တိုက်ပွဲဆိုလည်း ပိုင်နက်တိုက်ပွဲပေါ့။ နောက်မှ မင်းကို ငါ သင်ခန်းစာ ပေးရမယ်။”

ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက အချင်းချင်း ကြည့်လိုက်ပြီး အမြင်ချင်း ဖလှယ်လိုက်ကြသည်။ အဆိပ်နဂါးက သန်မာပြီး “မိုက်မဲကာ အကြောက်တရား ကင်းမဲ့သောသူ”ကဲ့သို့ ထင်ရသော်လည်း သူတို့ တိုက်ခိုက်ကြမည် ဆိုလျှင် စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရလောက်သည်။

“တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်မတို့မှာ အရေအတွက် ပိုများတယ်။” ရှာရာက ပါ့ဂ်လီအိုကို လျစ်လျူရှုထားပြီး ဆာရန်ဒီနောက်မှ ခံတပ်ကို ငေးကြည့်နေလိုက်သည်။ “ဧကရီအရှင်မလည်း အဲဒီမှာ ရှိနေတာပဲ....”

နောက်ဆုံးစကားက ကြယ်ကြွေတမန်အင်ပါယာ၏ အားနည်းချက်ကို ထိသွား၏။ ဆာရန်ဒီက မျက်ခုံးကို ပင့်လိုက်ပြီး ဘေးဖက်မှ နတ်ဆိုးအရှင်သခင်အဆင့် များကို ကြည့်လိုက်သည်။ ထိုအချိန်၌ အားလုံးက တုံ့ဆိုင်းမှု မပြသကြတော့ဘဲ စိတ်ပိုင်းဖြတ် ထားသော အမူအရာတစ်ခု ပြသနေကြသည်။

“ဒါဆိုလည်း...စကြတာပေါ့။” ဆာရန်ဒီ၏ အငွေ့အသက်က ရုတ်တရက် မြင့်တက်သွားပြီးနောက် လေထဲသို့ ပျံတက်သွားသည်။ သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်အားလုံး လိုက်သွားကြသည်။ ဆာရန်ဒီက တိမ်တိုက်များအထိ ရောက်ရှိသွားသောအခါ မျက်လုံးများက အနက်နှင့်အဖြူ ပြောင်းလဲသွားပြီး လက်ကိုဖြန့်လိုက်၏။ မြင်ကွင်းက အေးစက်သောလေများ တိုက်နေသည့် အနက်ရောင်မြစ်ရှည်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကြယ်များကဲ့သို့ တောက်ပသွားနေကြောင်း ခံစားလိုက်ရသည်။ ထိုအရာက လျို့ဝှက်ဆန်းကြယ်ပြီး လှပ၏။

ပိုင်နက်စွမ်းအားက အချင်းချင်း နှောင့်ယှက်ရလွယ်ကူသည်။ အထူးသဖြင့် ထိုကဲ့သို့ စုစည်းထားသော ပိုင်နက်တိုက်ပွဲ၌ ဖြစ်သည်။ ပြောရမည်ဆိုလျှင် တိုက်ပွဲထဲတွင် ပိုက်နက်နှစ်ခုသာ ရှိသည်။ ရန်သူနှင့် မိတ်ဆွေ ဟူ၍ပင်။ ကျန်ရှိသည်များက အခြေခံ ပိုင်နက် (သို့မဟုတ် နောက်ခံ)နှင့် တိုက်ခိုက်ရသည်။ သူတို့က ပိုင်နက်စွမ်းအားပါဝင်သော တိုက်ကွက်များကိုသာ အသုံးပြုနိုင်ပြီး ပြီးပြည့်စံသော ပိုင်နက်ကို အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် ထိုကဲ့သို့ အခြေခံပိုင်နက်က သိသာထင်ရှားသော ကိုက်ညီမှုနှင့် သိုလှောင်နိုင်စွမ်း ရှိရပေမည်။ ထို့ပြင် မိတ်ဆွေများကို အားတိုးစေပြီး ရန်သူများကို အားလျှော့စေနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်၏။

သလင်းကျောက်တောင်ကြားတိုက်ပွဲ၌ ယာကော့ဘ်၊ အဇ်ဂါလောနှင့် မာနူတို့က ကတ်သရင်း၏ [ စစ်ရုပ်သေး ] ကို ချုပ်တည်းရန်အတွက် မာနူ၏ ပိုက်နက်ကို အခြေခံကာ ကတ်သရင်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

ဆာရန်ဒီက လူစီဖာတော်ဝင်မိသားစုမှဖြစ်ပြီး ထို [နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက်] [ အလင်းအမှောင်နှလုံးသား ] နှင့် [ သိဒ္ဓိတောင်ပံ ] ပါရမီနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ [ အလင်းအမှောင်နှလုံးသား ] က အလင်းနှင့်အမှောင် စွမ်းအားကို ဝါးမျိုနိုင်ကာ [ အမှောင်ကျွမ်းကျင်မှု ] ပါရမီရှိသော မန်မွန်တော်ဝင်မိသားစု အတွက် သိသိသာသာ ဝိပါက်သက်ရောက်မှု ရှိပေသည်။

ထိုပိုင်နက်ကို အသက်သွင်းလိုက်သည်နှင့် ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ နောက်ဘက်တွင် အလင်းတောင်ပံတစ်ခု ရှိလာပြီး သူတို့၏ စိတ်ဝိညာဉ်နှင့် စွမ်းအားတို့က ကြီးကြီးမားမား တိုးမြင့်သွား၏။

“[နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက်] လား။ ဒါက အရင်နှစ်တွေတုန်းက လူသားလောကနဲ့ တိုက်ပွဲမှာ ကျွန်မတို့ ‌ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့တာကို သတိရမိသွားစေတယ်။ ကံဆိုးချင်တော့ ရှင် ဘယ်လောက်ပဲ အတုခိုးပါစေ၊ သန်းခေါင်နေ အရှင်ရဲ့ [ အိပ်မက်ကြယ်စင်စုပိုင်နက် ] ရဲ့ အရှိန်အဝါကို ရောက်နိုင်မှာ မဟုတ်ဘူး။ ရဲဘော်ရဲဘက်‌ဟောင်းတစ်ယောက်ဖြစ်တဲ့ရှင့်ကို ကျွန်မကိုယ်တိုင် ကောင်းကောင်းလေး သတ်ပေးမယ်။ [ သွေးမြူပိုင်နက် ] ”

ရှာနာ၏ အသံတိုးတိုးလေးက ထူးဆန်းသော မှော်စွမ်းအားတစ်ခု ရှိနေ၏။ သူက နောက်မှ အနီရောင် ဝတ်ရုံကို လှုပ်ရမ်းလိုက်ရာ ဝတတ်ရုံက ရုန်းထွက်၍မရသော အနီရောင်မြူအဖြစ် ချက်ချင်းပြောင်းလဲသွားကာ မြူထူသော နေရာလွတ်တစ်ခု ဖွဲ့စည်းလိုကသ်ည်။

ရှည်လျားသော အနက်ရောင်မြစ်ကြီးက မုန်တိုင်းတိုက်ခံလိုက်သကဲ့သို့ပင် ယိမ်းထိုးသွားခဲ့သည်။ သွေးမြူထဲ၌ မြူများမှ စုစည်းလာသည့် မရေမတွက်နိုင်သော ရှည်လျားသည့် မြွေ“သတ္တဝါ”များက အစုအပြုံလိုက် ရောက်လာသည်။ [နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက်]၏ တိုးမြှင့်မှုများ အလျင်အမြန် ထိုးကျသွားခဲ့ပြီး အားနည်းခြင်းနှင့် အရှိန်လျော့ခြင်း ကဲ့သို့သော အားလျော့မှုများ ရံဖန်ရံခါ ဖြစ်ပေါ်လာ၏။

နှစ်ဖက်လုံး၏ ပိုင်နက်စွမ်းအားက ခဏကြာသည်အထိ ညီတူညီမျှ အားကောင်းနေခဲ့ပြီး ပိုင်နက်ထဲရှိ နတ်ဆိုးအရှင်သခင်များက စတင် လှုပ်ရှားကြတော့သည်။ ပထမ လှုပ်ရှားမှုမှ ပါ့ဂ်လီအိုထံမှ ဖြစ်သည်။ ပါ့ဂ်လီအိုက စွမ်းအား ကြီးမားနေပြီဖြစ်သော်လည်း အလင်းတောင်ပံ တိုးမြှင့်မှုကြောင့် ပို၍ပင် အစွမ်းထက်လာ ခဲ့သည်။ လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဖျော့တော့သော အစိမ်းရောင် စွမ်းအင်က သွေးရောင်အင်ပါယာ ရှေ့တန်းရှိ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများထံသို့ ရောက်ရှိသွားသည်။ ထိုလက်သီးချက်က အဆိပ်နဂါး၏ ပိုက်နက်စွမ်းအား ပါဝင်ရုံသာမက ကြောက်မက်ဖွယ်ရာ အဆိပ်လည်း ပါဝင်ပေသည်။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်မှ နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက် ရှေ့တက်လာသည်။ သူတို့သုံးယောက် ပူးပေါင်းပြီး အစိမ်းရောင်စွမ်းအားကို ခုခံလိုက်ကြသည်။ ခုခံမှုက အဆိပ်နဂါး၏ ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းထိုးသွားစေသည်။ သူက လက်မောင်းကို ခါလိုက်ရာ ထိုသုံးယောက် ခံစားရသောဖိအားများ နှစ်ဆတိုးသွားပြီးနောက် သူတို့အားလုံး နောက်သို့ ဆုတ်သွားခဲ့ရသည်။

သူတို့ကို အစိမ်းရောင်အငွေ့များ မထိခင်မှာပင် သူတို့အရှေ့၌ မရေမတွက်နိုင်သော အနီရင့်ရောင် အလင်းဒိုင်းများ အထပ်လိုက် ရှိနေခဲ့သည်။ သူတို့ဘက်မှ မှော်ပညာရှင်က လှုပ်ရှားလိုက်ခြင်း ဖြစ်၏။ သို့ရာတွင် အနီရင့်ရောင် အလင်းဒိုင်းက အလျင်အမြန်ပင် အစိမ်းရောင် ပြောင်းသွားခဲ့ပြီး စက္ကန့်ပိုင်းအတွင်းသာခံကာ အဆိပ်စွမ်းအားဖြင့် တိုက်စား ခံလိုက်ရလေသည်။

အလင်းဒိုင်း ပျောက်ကွယ်သွားသော အချိန်၌ သူတို့ထဲမှတစ်ယောက်က အသံကျယ်ကျယ်နှင့်‌ အော်ဟစ်လိုက်ပြီး နောက်မဆုတ်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်၌ အနက်ရောင်ပိုးမျှင်အများပြား ရှိနေခဲ့ပြီး သူ၏အရေပြားက အလျင်အမြန်ပင် သံမဏိကဲ့သို့ မျက်နှာပြင်ဖြစ်သွားကာ ခုခံသည့်အနေအထား ပြုလုပ်လိုက်၏။

အစိမ်းရောင်အငွေ့၏ လက်ကျန်စွမ်းအားက ထိုသူ၏ အရေပြားမှ သံမဏိကဲ့သို့ မျက်နှာပြင်ကို ထိသွားခဲ့ပြီး ကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ အစိမ်းရောင် အငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ထိုသူ၏ အရေပြားက နဂိုအတိုင်း အလိုလို ပြန်ဖြစ်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ နေသော်လည်း ဒဏ်ရာ အပြင်းအထန် မရရှိခဲ့ပေ။

“[ထာဝရခန္ဓာ] လား။” ပါ့ဂ်လီအို၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ [ထာဝရခန္ဓာ] ဆိုသည်မှာ မန်မွန်တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီ သုံးခုမှ တစ်ခု ဖြစ်သည်။ ထိုအရာက ခံနိုင်ရည်နှင့် စွမ်းအင်ဖြည့်တင်းနိုင်စွမ်းကို ကြီးကြီးမားမား တိုးမြင့်စေသည်။ ကျိန်စာနှင့် အဆိပ် ပြီးသည်။ အဆင့်အမြင့်ဆုံး အခြေအနေက မသေနိုင်သည်အထိ ဖြစ်စေသည်ဟု ပြောကြသည်။ သူ့ခန္ဓာကိုယ်ရဲ့ သံမဏိအကာအကွယ်က ပိုင်နက်နဲ့ [ထာဝရခန္ဓာ]ကို ပေါင်းစပ်ထားတာ သေချာတယ်။ အဆိပ်စွမ်းအားက ၎င်းကို အမှန်တကယ် မဖောက်ဝင်နိုင်ခဲ့ပေ။

“သိပ်ကောင်းတဲ့ လက်သီးချက်ပဲ။” ထိုသူက ဒဏ်ရာအသေးစား ရရှိသွားသော်လည်း မျက်လုံးများက ပြင်းပြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ခု ပြသနေသည်။ ပါ့ဂ်လီအို၏ လက်သီးချက်က သူတို့သုံးယောက်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း သူ၏အင်အား ပြန်မရခင်မှာပင် လျှပ်စီးပွင့် တုန်ခါမှုလှိုင်းတစ်ခု ရောက်ရှိလာသည်။ အရည်လဲ့သော ရေခဲတံတိုင်းတစ်ခုက အဆိပ်နဂါး၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ပေါ်ထွက်လာ၏။ ရေခဲတံတိုင်းက လျှပ်စီးပွင့်စွမ်းအားကို ခုခံလိုက်ပြီး အပြင်းအထန် တုန်ခါသွားခဲ့သည်။

စတေလာက ပါ့ဂ်လီအိုကို ကူညီရန်အတွက် ရေဒြပ်စင် အကာအကွယ် မှော်ပညာကို အချိန်မီ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ဘေးဖက်မှ ဒီစ်ဂျာရိုကတော့ စတေလာထံ ပစ်လိုက်သော သွေးအလင်းစက်လုံး နှစ်ခုကို ခုခံရင်း မမြင်နိုင်သော အားတစ်ခုဖြင့် ထိသွားကာ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။ ကိုဝင်က ချက်ချင်းပင် ရှေ့တက်လာပြီး လက်၁၀ချောင်းကို ဖြန့်လိုက်သည်။ မရေမတွက်နိုင်သော ချီစွမ်းအင်များက လေထဲသို့ ပေါက်ကွဲထွက်ကုန်ပြီး လိုက်ဖမ်းနေသော ရန်သူများကို ဆုတ်ခွာအောင် ပြုလုပ်နိုင်ခဲ့သည်။

ပါ့ဂ်လီအိုက အင်အားပြန်ရလာပြီးနောက် ချပ်ကာအနက် ဝတ်ထားသော ဧရာမ နဂါးအဖြစ်သို့ ပြောင်းလဲလိုက်ပြန်ကာ သွေးရောင်အင်ပါယာဘက်မှ နတ်ဆိုး အရှင်သခင်အဆင့်များကို အဆိပ်နဂါးအာငွေ့များ မှုတ်ထုတ်တော့သည်။

နဂါးအာငွေ့ ပျံ့နှံ့သွားသောအခါ မြူများက မြွေကဲ့သို့ အရာများအဖြစ် စုစည်းသွားပြီး အနီးအနား၌ ထွက်ပေါ်လာသည်။ နဂါးအာငွေ့၏ အဟုန်က အလျင်အမြန် လျော့ပါးပြီး အားနည်းသွားခဲ့သည်။ ထိုအရာက သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များ အနားသို့ ရောက်လာသောအခါ ကိုယ်ပိုင်နည်းလမ်းများဖြင့် ခုခံလိုက်ကြ၏။

တန်ပြန်တိုက်ခိုက်မှုများကို ကြယ်ကြွေတမန်အင်ပါယာမှ ဗိုလ်ချုပ်များ သိသွားကြပြီ ဖြစ်သည်။ ကိုဝင်နှင့် အခြားသူများက တိုက်ပွဲအတွင်း အဆိပ်နဂါး၏ အရေးပါမှုကို နားလည်ကြသည်။ ထို့ကြောင့် သူတို့က လခြမ်းပုံ အခင်းအကျင်း ဖွဲ့စည်းလိုက်ပြီး ပါ့ဂ်လီအိုအား အဘက်ဘက်မှ တိုက်ခိုက်မှု မခံရစေရန် ဝိုင်းရံလိုက်ကြသည်။

နှစ်ဖက်လုံးက ပြင်းထန်သော အလှမ်းဝေး တိုက်ခိုက်များဖြင့် တိုက်ခိုက်နေကြပြီး မည်သူကမှ အလွယ်တကူ မချဉ်းကပ်ရဲကြပေ။ ထိုကဲ့သို့ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းအဆင့်၌ သာမန်အစွမ်းက အသုံးမဝင်ပေ။ ရန်သူကို သတ်ချင်သည်ဆိုလျှင် တိုက်ခိုက်မှုတိုင်းက မဟာပိုင်နက်စွမ်းအားတစ်ခု ပါဝင်ရပေမည်။

ယေဘုယျစွမ်းအားပြဿနာကြောင့် သူတို့တွင် ခေါင်းဆောင်အဖြစ် ပါ့ဂ်လီအိုရှိပြီး ဆာရန်ဒီ၏ အစွမ်းထက်ပိုင်နက် ရှိသော်လည်း ကြယ်ကြွေတမန်အင်ပါယာက အလျင်အမြန်ပင် ဖိနှိပ်ခံလိုက်ရသည်။ ကျရှုံးရန်က အနှေးနှင့်အမြန်သာ ဖြစ်၏။

အောက်ဘက်မှ စစ်သည်များက ကောင်းကင်မှ တိမ်တိုက်များက အနက်ရောင် မြစ်တစ်စင်း စီးကျနေသကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး ခဏအကြာတွင် ကောင်းကင်ထက်၌ သွေးနီရောင်မြူများ ဝိုင်းရံသွားကြပြန်သည်။ တဝီဝီအသံများက အလွန်ကြီးမားသော လှိုင်းလုံးများကဲ့သို့ ဖြစ်နေသည်။ နှစ်ဖက်က အဆက်မပြတ် လှည့်ပတ်ပြီး ဖောက်ထွင်းနေကာ အချင်းချင်း ပယ်ဖျက်နေကြ၏။ အတွင်းထဲ၌ မရေမတွက်နိုင်သော အလင်းရောင်များ လက်နေကာ မျက်စိကျိန်းသွားစေသည်။

အကွာအဝေးကြောင့်သာ မဟုတ်လျှင် အနီးအနားရှိ အရာအားလုံးက နတ်ဆိုးအရှင်သခင်အဆင့် အများအပြား၏ စွမ်းအားကြောင့် ကြောက်မက်ဖွယ်ရာ အဟုန်အရောအနှောနှင့်အတူ စုတ်ဖြဲခံလိုက်ရမည် ဖြစ်သည်။

ထိုလှိုင်းဒဏ်၏ အပိုစွမ်းအားက သွေးရောင်အင်ပါယာ၏ လေသင်္ဘောကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေခဲ့သော်လည်း အခြေအနေကို ထိန်းချုပ် နေနိုင်သေးသည်။ အထူးသဖြင့် သွေးရောင်အင်ပါယာ၏ သွေးခြင်္သေ့ဗိုလ်ခြေနှင့် လေနဂါးဗိုလ်ခြေတို့က အရည်အသွေးနှင့် အရေအတွက်အရပါ လုံးဝ အားသာချက် ရှိနေပြီး ကြယ်ကြွေတမန်အင်ပါယာ၏ နဂါးသူရဲကောင်းဗိုလ်ခြေနှင့် မိုးပျံတိမ်ဗိုလ်ခြေတို့ကို လုံးဝ ဖိနှိပ်ထားနေနိုင်ခဲ့သည်။

ကြယ်ကြွေတမန်အင်ပါယာ၏ လေကြောင်းဗိုလ်ခြေက တဖြည်းဖြည်း နောက်ဆုတ် သွားကြသည်။ သူတို့က အပျက်အစီး အများအကြား ခံစားခဲ့ရသည်။ မှော်ဆရာခံတပ်၏ အဆိပ်ရှိ မိုးကြိုးလုံးနှင့် လောက်လေးခွတို့ကလည်း လုံးဝနီးပါး ပျက်စီးနေပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးရောင်အင်ပါယာစစ်တပ်၏ ခရာသံ ထွက်ပေါ်လာပြီး မြေပြင် စစ်တပ်က အရှိန်ကုန် ချီတက်လာကာ မြို့တံတိုင်းသို့ ခဏအတွင်းပင် ရောက်လာ၏။ လေကြောင်း နတ်ဆိုးသားရဲများကို ရင်ဆိုင်ရန် ရုန်းကန်နေရပြီး အကာအကွယ် လက်နက်များ၏ အထောက်အပံ့ကို ဆုံးရှုံးသွားခဲ့သော စစ်သည်များက ကြောက်လန့်သော အမူအရာများ ပြသလိုက်ကြသည်။ ရှီရာက မြို့တော်သို့ ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး သူတို့ကို အသံကျယ်ကျယ်နှင့် အားပေးခဲ့ကာ နောက်ဆုံး၌ သူတို့၏ စိတ်ဓာတ်ရေးရာကို တည်ငြိမ်စေနိုင်ခဲ့သည်။

သို့သော်လည်း အခြေအနေက ပို၍ ဆိုးရွားလာနေသည့်အတွက် ရှီရာ၏ အကြည့်က ပို၍ပင် လေးနက်လာခဲ့သည်။

ထိုအချိန်၌ မိုးပျံ နတ်ဆိုးသားရဲများက ရုတ်တရက် ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ လေသင်္ဘောတစ်စင်း ရုတ်တရက် ပေါက်ကွဲသွား၏။ ထို့နောက် ဒုတိယမြောက်....တတိယမြောက်....

တစ်ခုခုကို အာရုံခံလိုက်မိသည့်အတွက် ရှီရာ၏ ခရမ်းရောင် မျက်လုံးများက အလွန်အမင်း စိတ်လှုပ်ရှားမှုများ ပြသနေ၏။ သူက နောက်လှည့်ကြည့်လိုက်ရာ ကောင်းကင်ပေါ်၌ တဖြည်းဖြည်း ပျံသန်းနေသော အလွန်ကြီးမားသည့် အရာတစ်ခုကို မြင်လိုက်ရသည်။

ထိုအရာက အလွန်ကြီးမားပြီး ပိုက်နက်တိုက်ပွဲအပေါ်၌ အလင်းရောင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ထိုအရာက မှော်ဆရာခံတပ်ထက် ကြီးမားပြီး အပြင်ဘက်၌ ထူးဆန်းသည့် သတ္တုအလင်းရောင်များ ရှိနေသော ရိုးရိုးရှင်းရှင်း ရှေးရဲတိုက်တစ်ခု ဖြစ်သည်။ ဒီလိုမျိုး ရဲတိုက်ကြီးက လေထဲပျံနေမယ်လို့ မထင်ထားဘူး။

ထိုရဲတိုက် ပေါ်ထွက်လာသည်နှင့် သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန် အင်ပါယာတို့၏ စစ်သည်များ ကြားထဲ၌ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ထိုစစ်သည်များက သေချာလေ့ကျင့်ထားကြသော လက်ရွေးစင်များ ဖြစ်ကြ၏။ ထိုအခိုက်အတန့်၌ သူတို့က တညီတညွတ်တည်း ထိတ်လန့်သော အမူအရာများ ပြသလိုက်ကြပြီး လေထဲ၌ လွင့်ပျံနေသော အရာကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့် နေလိုက်ကြသည်။

နောက်ဆုံး ဖျော်ဖြေပွဲက မှော်ရုပ်မြင်သံကြားမှတဆင့် နတ်ဆိုးဘုံ၌ နာမည်ကျော်ကြား သွားခဲ့သည်။ သွေးရောင်အင်ပါယာသည်ပင် ခြွင်းချက် မဟုတ်ပေ။ ရဲတိုက်ကို အတော်များများက မှတ်မိသွားကြသည်။ ဒါက နာမည်ကျော်ကြားဆုံး သီချင်း “လေထဲကရဲတိုက်”က မှော်ပုံရိပ်တွေမှာ ပေါ်ထွက်လာတဲ့ ရဲတိုက်ပဲ။

လေထဲကရဲတိုက်က တကယ် အစစ်အမှန် ဖြစ်နေတာပဲ။

All Chapters