← Chapters

[ အိပ်မက်ကြယ်စင်စုပိုင်နက် ]

Vol. 47 Ch. 759

[ အိပ်မက်ကြယ်စင်စုပိုင်နက် ]

Vol. 47 Ch. 759

တဲရစ်၏ စကားလုံးများက ဖော်ပြလိုက်သော အချက်အလက်များက ကြီးမား လွန်းလှသည်။ အချိန်ခဏကြာအောင် အားလုံး ကြောင်သွားကြသည်။

သွေးရောင်အင်ပါယာ၏ မင်းသားငယ် တဲရစ်က သွေးရောင်အင်ပါယာ၏ အတွင်းရေး ပဍိပက္ခကို ကြိုးကိုင်ခဲ့သည်။ မဟာမင်းသား အလီရက်စ်ကို သတ်ပစ်ခဲ့ပြီး အုပ်ချုပ်သူ သုံးယောက်ကို အလစ်တိုက်ခိုက်ရန်အတွက် ယနေ့ အံ့သြဖွယ်ရာ အစီအစဉ်တစ်ခု ပြင်ဆင်ထားခဲ့သည်။ ပို၍ပင် မယုံကြည်နိုင်စရာ ကောင်းသည်မှာ နတ်ဆိုးဘုံ၏ ထိပ်တန်းပါရမီရှင်က တကယ်တမ်း၌ အင်ပါယာသုံးခုကို မှောက်လှန်ရန် ကြိုးစားနေသော သွေးမြေကျ အဖွဲ့အစည်းနောက်မှ ကြိုးကိုင်သူ ဖြစ်နေခြင်းပင်။

အင်ပါယာသုံးခု၏ အန္တိမ အုပ်ချုပ်သူများက သွေးမြေကျ၏ လျို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်လက်ထဲ၌ ကျရောက်သွားခဲ့ခြင်းပင်။

“အင်အားတွေ မဖြုန်းတီးနေနဲ့။” တဲရစ်က အနက်ရောင်လျှပ်စီးကို အစွမ်းကုန် ခုခံနေကြသော ကတ်သရင်းနှင့် ရိုင်ဇန်တို့ကိုကြည့်ကာ သရော်ပြုံး ပြုံးလိုက်သည်။ “ဒါက ဥပဒေသ အဆောင်ပစ္စည်းဖြစ်တဲ့ သွေးမြေကျစက်လုံးက အသက်သွင်းထားတဲ့ သွေးမြေကျ အစီအရင်ပဲ။ ခင်ဗျားတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ သေတဲ့အထိ ဒီဥပဒေသမအစီအရင်ထဲမှာ ခင်ဗျားတို့ရဲ့ စွမ်းအားတွေ အသက်ဓာတ်တွေ တဖြည်းဖြည်းနဲ့ လျော့ပါးသွားလိမ့်မယ်။”

“ဥပဒေသအဆောင်ပစ္စည်းလား။” တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေသော ကတ်သရင်းက အံ့အားသင့်သွားခဲ့သည်။ “ရှင်က ဘယ်လိုလုပ် ဥပဒေသ အဆောင်ပစ္စည်းကို သုံးနိုင်ရတာလဲ။ ဒါက လျို့ဝှက်ပညာရပ် တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူး။”

“ဒီအဖွဲ့အစည်းရဲ့‌ သွေးမြေကျဆိုတဲ့နာမည်က နာမည်တစ်ခုထက် ပိုတယ်။ အရင် နှစ်ရာချီအတွင်း အဲဒါ ထောက်ပံ့ပေးတဲ့ ယုံကြည်မှုစွမ်းအားက ဘာသာရေးတွေကို မယှဉ်နိုင်ပေမဲ့ ဒီအဆောင်ပစ္စည်းကို နိုးထစေဖို့အတွက် လုံလောက်တယ်။ အမှောင် အရင်းအမြစ် သုံးခုကနေ လျို့ဝှက်ပညာရပ်တွေအတွက် စတေးတဲ့အနေနဲ့ အသက်ပေါင်း ၂သန်းလောက်ကို သုံးခဲ့တယ်။ နောက်ဆုံးမှာ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီအဆောင်ပစ္စည်းကို ကျုပ်ရဲ့ စွမ်းအားနဲ့ အသက်သွင်းနိုင်ခဲ့တယ်။”

“အခွင့်အရေး တစ်ခုပဲ ရှိပေမဲ့ ကျုပ်ရအောင် ဆုပ်ကိုင်နိုင်ခဲ့တယ်။”

အမှောင်အရင်းမြစ်။ ချန်လွေ့က သွေးမြေကျစက်လုံးကို ခုခံရန် အကောင်းဆုံး ကြိုးစားနေသည်။ ထိုရင်းနှီးသော အသုံးအနှုန်းကို ကြားလိုက်သောအခါ သူက ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး တကိုယ်လုံး သိမ့်သိမ့်တုန်သွား၏။

ချော်ရည်ပြာနယ်မြေ။ လုပင်မြို့။

ချန်လွေ့၊ အသီနာ နှင့် ပါ့ဂ်လီအိုတို့က စစ်တပ်တစ်ခုကို ဦးဆောင်ပြီး ချော်ရည်ပြာ နယ်မြေမှ လုပင်မြို့သို့ သွားရောက် စုံစမ်းခဲ့ဖူးသည်။ လုပင်မြို့သို့ ရောက်သောအခါ လူဦးရေ သုံးသိန်းနီးပါရှိသော မြို့ကြီးက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ပျက်သုဉ်းသွားခဲ့ကြပြီး မြို့ထဲရှိ သက်ရှိများလုံး သေဆုံးသွားခဲ့ကြသည်။ အကြောင်းမှာ လုပင်မြို့ တည်ရှိနေသောနေရာအောက်တွင် အမှောင်အရင်းအမြစ် အကြွယ်ဝဆုံး ဖြစ်၍ပင်။ ဒြပ်စင်စစ်ပွဲ၌ ခံစားခဲ့ရသော ထိခိုက်မှုကို ပြန်လည်ကုသရန်အတွက် အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က အမှောင်အရင်းမြစ် အငွေ့အသက်ကို ရရှိခဲ့သော အသက်များအားလုံးကို သတ်ပစ်ခဲ့ပြီး လျို့ဝှက်နည်းလမ်းတစ်ခုဖြင့် စတေးခဲ့လေသည်။

အဲဒီအချိန်တုန်းက ဟီဂယ်ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် အသက်တွေ အများကြီး စတေးစရာ မလိုဘူးလို့ ရေဒြပ်စင်ဘုရင်ကလည်း ပြောခဲ့တယ်။ တမြို့လုံး သုတ်သင် ခံလိုက်ရတာက အခြားတစ်ယောက်က တစ်ဆို့မှုကို ချိုးဖျက်ဖို့အတွက် ဒီအမှောင်ဒြပ်စင် စွမ်းအားကို လိုအပ်တဲ့ အတွက်ကြောင့်ပဲ....

ဒါဆိုရင် အဲဒီလူက....

“တဲရစ်။ လက်စသတ်တော့ မင်းက လုပင်မြို့ ပျက်သုဉ်းသွားရတဲ့ တကယ့် တရားခံ ဖြစ်နေတာကိုး။”

ချန်လွေ့က အံကြိတ်ပြီး အော်ပြောလိုက်ကာ သူ၏ရင်ဘတ်ထဲ၌ ဒေါသများ လောင်ကျွမ်းနေသလို ခံစားနေရသည်။

ဟီဂယ်က တကယ့်တရားခံဟု ချန်လွေ့ အမြဲ ထင်ထားခဲ့ပြီး ထိုအပြုအမူများကို မုန်းတီးနေခဲ့ကာ ပင်လယ်သေ၌ သေရေးရှင်ရေး ကြုံတွေ့ခဲ့ပြီးသည့်တိုင် နှစ်ဖက်လုံးက မိတ်ဆွေများ လုံးဝ မဖြစ်လာခဲ့ပေ။ အခုတော့ တကယ့် ကြိုးကိုင်သူက တဲရစ် ဖြစ်နေတဲ့ပုံပဲ။

“ဟုတ်တယ်။ ငါပဲ။” တဲရစ်က အသာလေး ပြုံးလိုက်သည်။ “အတိအကျပြောရရင် သွေးမြေကျစက်လုံးကို ထိန်းချုပ်ဖို့အတွက် ငါ့ကို ကူညီပေးခဲ့တာအပြင် အသက်တွေ စတေးတာကလည်း အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ရှိတယ်။ အဲဒါက တစ်ဆို့မှုကို ချိုးဖျက်ပြီးတော့ ငါ့ရဲ့ ခန္ဓာအမျိုးအစားကို အသွင်ပြောင်းဖို့အတွက် ဝိညာဉ်စွမ်းအားကို အသက်သွင်းဖို့ပဲ။ ဒါက ဒီခန္ဓာကိုယ်အတွက် တစ်ခုတည်းသော အားနည်းချက်ကို ပျောက်သွားစေနိုင်ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်ကို အောင်အောင်မြင်မြင်နဲ့ ‌ရောက်သွားနိုင်စေတယ်....”

ရိုင်ဇန်နှင့် ကတ်သရင်းတို့က မျက်မှောင်ကြုတ်နေကြသည့်အချိန်တွင် အချိန် အတော်ကြာ တိတ်ဆိတ်နေခဲ့သော ရှီရာက ထိတ်လန့်သော အမူအရာ ပြသလိုက်သည်။ “ဒီအကြောင်းပြချက်ကြောင့် ရှင်က အပြစ်မရှိတဲ့ အသက်တွေ အများကြီးကို သတ်ခဲ့တာလား။”

အသက်ပေါင်း ၂သန်း။ ချန်လွေ့က အယူအဆအရ ယခင်ဘဝ၌ သူနေခဲ့သော မြို့တော်၌ လူဦးရေ ၆သိန်းသာ ရှိသည်။ ထိုအရာက မြို့သုံးလေးမြို့ကို အစလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ညီမျှပေသည်။

ဒီအရေအတွက်အတိုင်း တွက်ချက်မယ်ဆိုရင် အမှောင်အရင်းအမြစ်ရှိတဲ့ နောက်ကျန်နေရာနှစ်ခုမှာ အပြစ်မဲ့တဲ့သူတွေကို လုပင်မြို့မှာထက် ပိုပြီးတော့ သုတ်သင် သတ်ဖြတ်ပစ်ခဲ့တာပဲ။ သူ အဆင့်တက်ဖို့နဲ့ အဆောင်ပစ္စည်းကိုအသုံးပြုဖို့ အခွင့်အရေး ရနိုင်ဖို့အတွက်တည်းနဲ့ အပြစ်မဲ့တဲ့သူတွေ အများကြီးက အသက်ဆုံးရှုံးခဲ့ရတယ်။

“ဒီမေးခွန်းက နုံအလွန်းတယ်။ မမေ့နဲ့ဦး။ မင်းလည်း အုပ်ချုပ်သူ တစ်ယောက်ပဲ။ အဓိပ္ပာယ်မရှိတဲ့ ခံစားချက်တွေနဲ့ စာနာစိတ်တွေက အချုပ်အနှောင်တွေပဲ ဖြစ်လာမှာ။” ရှီရာအပေါ် တဲရစ်၏ လေသံက ဆိုဆုံးမသည်နှင့် ပိုတူလာခဲ့သည်။ သူ၏အကြည့်က အထင်သေးမှုအဖြစ် ပြောင်းလဲသွားပြီး ရိုင်ဇန်နှင့် ကတ်သရင်းတို့ကို ကြည့်လိုက်သည်။ “မင်းတို့နှစ်ယောက်ကတော့...ကြောင်သူတော်တွေ လုပ်မနေကြနဲ့။ မင်းတို့ရဲ့ လက်တွေကလည်း သွေးစွန်းနေတာ မဟုတ်ဘူးလား။ အကြောင်းရင်း အမျိုးမျိုးကြောင့် အင်ပါယာက ဦးဆောင်တဲ့ စစ်ပွဲတွေ ၊ တိုက်ပွဲတွေမှာ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက် ပြီးတော့ပဲဖြစ်ဖြစ် အသတ်ခံခဲ့ရတဲ့ အသက်တွေက ဒီအရေအတွက်ထက် ပိုပြီးတော့ များတယ်။”

တဲရစ်က ပမွှားပုရွက်ဆိတ်များအား သတ်ပစ်လိုက်သကဲ့သို့ပင် ဘေးချိတ်ရန် ကြိုးစားနေပုံရသည်။ “တကယ်တော့ တစ်ယောက် နှစ်ယောက်ကို သတ်တာပဲဖြစ်ဖြစ်၊ တစ်သောင်းနှစ်သောင်းကို သတ်တာပဲဖြစ်ဖြစ်၊ အရေအတွက်ပဲ ကွာသွားတာပါ။ တစ်သိန်း၊ တစ်သောင်းကို သတ်တာလည်း အတူတူပဲ။ ကြီးမြတ်တဲ့အရာတွေ ဖြစ်လာဖို့အတွက် ဒီလို ပမွှားအရာတွေကို ဘေးဖယ်ထားသင့်တယ်။ အနာမခံရင် အသာမစံရဘူးလေ။ ငါ့အတွက် ကြီးမြတ်တဲ့အရာတွေအတွက် သင့်တော်တဲ့ စတေးမှုတွေကတော့ မဖြစ်မနေ လိုအပ်တယ်။ အခုအချိန် အင်ပါယာသုံးခုလုံးမှာရှိတဲ့ သွေးမြေကျ အဖွဲ့အသားတွေက လှုပ်ရှားနေပြီးတော့ အင်ပါယာသုံးခုလုံး ဖရိုဖရဲ ဖြစ်နေလောက်ပြီ။ သွေးမြေကျ အဖွဲ့ဝင်တွေကို အများကြီးကို မင်းတို့ ရှင်းပစ်ခဲ့ပေမဲ့ အမျာစုက သိပြီးသား အင်အားတွေပါ။ ငါ နှစ်ပေါင်းသုံးရာလောက် ကြံစည်ပြီးတော့ ချထားတဲ့ သူလျှိုတွေကို အချိန်တိုအတွင်း ဘယ်လိုလုပ် ရှင်းပစ်နိုင်မှာလဲ။ မင်းတို့ သေသွားတာနဲ့ ငါက သွေးရောင်အင်ပါယာရဲ့ မင်းသားဆိုတဲ့ သရုပ်နဲ့ သွေးရောင် အင်ပါယာကို ဦးဆောင်ပြီးတော့ အင်ပါယားသုံးခုကို သုတ်သင်မယ်။ ပြီးရင် နတ်ဆိုးဘုံကို ပေါင်းစည်းမယ်။”

“ခဏနေပါဦး။” ကတ်သရင်းက ရုတ်တရက် တုံ့ပြန်လိုက်သည်။ “တဲရစ်က အခု အသက် အနှစ်၂၀၀ပဲ ရှိသေးတယ်။ ရှင်ပြောတာက သွေးမြေကျကို လည်ပတ်နေတာ အနှစ်၃၀၀ ရှိပြီလို့ ပြောခဲ့တယ်။ ရှင်က တဲရစ် မဟုတ်ဘူး။ ရှင် ဘယ်သူလဲ။”

တဲရစ်က အကျင့်အတိုင်း ကျက်သရေရှိစွာ ပြုံးလိုက်သည်။ “ငါက တဲရစ် အစစ်ပါ။ ရိုင်ဇန်မန်မွန်က ငါ့ရဲ့ အဖေအရင်းပဲ။ သူ ငါကြီးပြင်းတာကို မြင်ခဲ့ရတာ အသေအချာပဲ။ ဒါပေမဲ့...လောကကြီးက ခန့်မှန်းလို့ မရဘူး။ တချို့ ပြောင်းလဲမှုတွေကို မျှော်လင့်ထားတာ၊ စိတ်ကူးနိုင်တာတွေထက် ကျော်လွန်နေတယ်။ ကတ်သရင်း မင်းက ငါ့ကို အာရုံလွှဲဖို့ ကြိုးစားနေတာ ငါသိတယ်။ ငါက ဘယ်သူပဲဖြစ်ဖြစ်၊ ငါက အောင်နိုင်သူပဲ။ မင်းတို့အားလုံးက အရှုံးသမားတွေ။ မင်းတို့ရဲ့အလောင်းတွေက ငါ့ရဲ့ အနင်းခံ ကျောက်တုံးတွေ ဖြစ်လာလိမ့်မယ်။”

ချန်လွေ့၏ မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ သူက အနီးအနားမှ စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့အား ရေစုပ်နေသော ဝေလငါး တစ်ကောင်ကဲ့သို့ အလျင်အမြန် ဝါးမျိုလိုက်သည်။ သို့သော်လည်း သွေးမြေကျစက်လုံး၏ အစီအရင်စွမ်းအားက နည်းနည်းမျှ မပြောင်းလဲသွားခဲ့ပေ။ ၎င်းက အသေအချာပင် မျက်နှာဖုံး၏ ထူးဆန်းသော စွမ်းအားဖြင့် သက်ရောက်ခြင်း မခံရ‌ေ။

“မင်းက သေချာပေါက် ဂလော်ဖင်းရဲ့ ဘယ်ဇီဘတ် အကြွင်းအကျန်ပဲ။” တဲရစ်က ထူးခြားသော ရွံရှာမှုတစ်ခုဖြင့် ပြုံးလိုက်သည်။ “ကံဆိုးချင်တော့ အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခုပဲ ရှိတာက အဆောင်ပစ္စည်းယောင်လို့ပဲ သတ်မှတ်လို့ ရတယ်။ ဥပဒေသ အဆောင်ပစ္စည်းရဲ့ စွမ်းအားကို မခုခံနိုင်ဘူး။ ဒါပေမဲ့ သွေးမြေကျစက်လုံး၏ စွမ်းအားအောက်မှာ ရိုင်ဇန်နဲ့ ကတ်သရင်းတောင် အဆောင်ပစ္စည်းကို မသုံးနိုင်ကြဘူး။ မင်း နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို အသက်သွင်းနိုင်တာက ငါ့ကို နည်းနည်း အံ့သြမိစေတယ်။ စိတ်မကောင်းစရာက မင်းရဲ့ စွမ်းအားနဲ့ဆို အစီအရင်က လွတ်နိုင်အောင် ဘာလုပ်နိုင်မှာလဲ။”

သူ စကားပြောပြီးသည်နှင့် သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကြယ်ပွင့်များ ပေါ်ထွက်လာခဲ့သည်။ တဲရစ်၏ ရယ်သံက ရုတ်ချည်း ရပ်တန့်သွား၏။ သူက သွေးမြေက အစီအရင်ထဲ၌ အာရုံခံလိုက်မိပြီး သူ့ အငွေ့အသက်လည်း အားနည်းသွားဟန်တူသည်။ သူ၏ မျက်လုံးထဲ၌ အံ့အားသင့်မှုတစ်ခု လက်ခနဲ ဖြစ်သွားသည်။

တချိန်တည်းမှာပင် ကတ်သရင်းနှင့် ရိုင်ဇန်တို့ အပေါ်မှ အနက်ရောင် လျှပ်စီးကို အတင်းဖိနှိပ်လိုက်ပြီးနောက် သူတို့၏အဟုန်များ ရုတ်တရက် ထိုးတက်လာသည်။ ကတ်သရင်းက အစီအရင်မှ ဖောက်ထွင်းချင်သည် မဟုတ်ဘဲ [ ကြယ်စင်စုပိုင်နက် ] ကို အသုံးပြုကာ ရိုင်ဇန်နှင့် ကတ်သရင်းတို့ကို ကူညီလိုက်ခြင်း ဖြစ်သည်။

ရိုင်ဇန်နှင့် ကတ်သရင်းတို့က အကြီးမားဆုံး တန်ပြန်မှုတစ်ခုကို ပြုလုပ်နိုင်ရန် အတွက် စွမ်းအားများကို စုစည်းနေခဲ့သည်။ ယခု [ ကြယ်စင်စုပိုင်နက် ] ၏ တိုးမြှင့်မှုဖြင့် သူတို့၏ စွမ်းအားများ ပေါက်ကွဲထွက်သွားသည်။

ကတ်သရင်း၏ လက်ထဲ၌ မီးတောက်နက်တစ်ခု ရှိနေသည်။ ထိုမီးတောက်က သိသာထင်ရှားခြင်း မရှိသော်လည်း နိဗ္ဗာန်စွမ်းအားဖြင့် အလွန်အမင်း သန့်စင်ထားခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ရိုင်ဇန်၏ လက်သီးချက်လည်း ခရမ်းရောင်များ တောက်ပနေပြီး တဲရစ်ထံ အမြန်ရောက်လာသည်။ ကျစ်လစ်ပြည့်စုံပြီး သေစေနိုင်သော လက်သီးချက်ပင်။

ကတ်သရင်းနှင့် ရိုင်ဇန်တို့က ထိပ်တန်းအခြေအနေ၌ မဟုတ်သော်လည်း အလွန် ကြီးမားသော တိုင်းပြည်စွမ်းအားများ ပါဝင်သည့် တိုက်ခိုက်မှုများက နတ်ဆိုးအရှင်သခင် တစ်ယောက် သေချာ‌‌ပေါက် ခုခံနိုင်သောအရာ မဟုတ်သည်မှာ သေချာသည်။ တစ်ခုက ထိသွားသည်နှင့် အထူးခန္ဓာအမျိုးအစားရှိသော ချန်လွေ့သည်ပင် [ ကြယ်လမ်းလွှဲ ] သို့မဟုတ် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို မသုံးပါက သေချာပေါက် သေသွားပေမည်။

အရေးတကြီး အခိုက်အတန့်၌ မီးတောက်နက်နှင့် ခရမ်းရောင်အလင်းတို့ ချဉ်းကပ်လာကြပြီး တုံ့ပြန်ရန် နောက်ကျသွားသကဲ့သို့ပင် တဲရစ် ကြည့်နေခဲ့သည်။

သူတို့ အောင်မြင်တော့မည်ကို ကြည့်နေရင်း ကတ်သရင်းနှင့် ရိုင်ဇန်တို့၏ မျက်နှာ အမူအရာက တချိန်တည်းမှာပင် ရုတ်တရက် ပြောင်းလဲသွားကြသည်။

ချန်လွေ့က ဝေဝါးမှု တစ်ခုကိုသာ ခံစားလိုက်ရပြီး တဲရစ်က နေရာတွင်ပင် မယုံနိုင်စရာ ကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။ အနီးအနားရှိ မြင်ကွင်းကလည်း အလွန်ကြီးမားသော မြစ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထိုမြစ်က မရေမတွက်နိုင်သော ကြယ်အလင်းများဖြင့် ဖွဲ့စည်းထားခြင်းပင်။ [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ၏ တောက်ပမှုနှင့် မတူဘဲ ထိုကြယ်စင်စုက အိပ်မက်သဖွယ် နှင့် လှပသော သလင်းကျောက်အရောင်များ ထုတ်လွှတ်နေလေသည်။

ကြယ်စင်စုက လျို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်ခု ပါဝင်နေသည့် ထူးဆန်းသော စည်းချက်တစ်ခုနှင့်အတူ တောက်ပနေသည်။ စွမ်းအားအရ လုံးဝ အသားစီး ရရှိနေသော မီးတောက်နက်နှင့် ခရမ်းရောင်အလင်းတို့က နွံအိုင်ထဲ ရောက်သွားသကဲသို့ပင် တဖြည်းဖြည်း နှေး‌ကွေးသွားခဲ့ကြသည်။

ထို့နောက် ချက်ချင်းမှာပင် ကြယ်စင်စုက ထူးဆန်းသော ပျက်ယွင်းမှုတစ်ခု ဖြစ်သွားသည်။ ကြယ်စင်စုကို ဖျက်ဆီးရမည့် မီးတောက်နက်နှင့် ခရမ်းရောင် အလင်းတို့က မမျှော်လင့်ဘဲနှင့် တွန့်လိမ်ပြီး မယုံနိုင်စရာ လမ်းကြောင်းဖြင့် လိမ်ယှက်သွားခဲ့သည်။ ကောင်းကင်မှ ကြယ်စင်စုက သလင်းကျောက်ကဲ့သို့ ကြယ်လင်နေပြီး နတ်ဘုရားတစ်ပါးက အရာအားလုံးကို အောက်မှ ကြည့်နေသကဲ့သို့ပင်။

“သေစမ်း။” ချန်လွေ့က ရုတ်ချည်း သတိပြန်ဝင်လာသည်။ ရိုင်ဇန်၏ လက်သီးက ကတ်သရင်းထံ တည့်တည့်ရောက်လာပြီး ကတ်သရင်း၏ မီးတောက်နက်က ရိုင်ဇန်ကို တိုက်ခိုက်လိုက်သည်။ သွေးမြေကျစက်လုံး၏ ဥပဒေသ စွမ်းအားကြောင့် ကတ်သရင်းက [ထာဝရအမှောင်ရွှေစစ်ရုပ်သေး]ကို မထိန်းချုပ်နိုင်ပေ။ ထို့ပြင် [ မီးဇာမဏီကောင်းချီး ] ကိုလည်း အသက်သွင်းရန် အင်အားအပို မရှိပေ။ ထို့ကြောင့် အလောတကြီးနှင့် အတင်း ခုခံရုံသာ တတ်နိုင်ခဲ့သည်။

ရိုင်ဇန်၏ စွမ်းအားနှင့် ခွန်အားးက ကတ်သရင်းထက် သာလွန်သည်။ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] က ယခင်လောက် မပြင်းထန်သော်လည်း ကတ်သရင်းအား ဒဏ်ရာအပြင်းအထန် ရရှိစေသည်။ အွန့်ခနဲ အသံထွက်လာပြီးနောက် သူ၏ မျက်နှာလွှားက သွေးများနှင့် နီရဲသွားသည်။ သူ့ပတ်တပ်လည်မှ အနက်ရောင်လျှပ်စီးများ၏ ဖိအားများကလည်း အဆပွားသွားဟန်တူသည်။ [ ကြယ်စင်စုပိုင်နက် ]၏ တိုးမြှင့်မှုဖြင့်ပင် သူ မလှုပ်ရှားနိုင်တော့ပေ။

ရိုင်ဇန်လည်း မသက်သာပေ။ [ နိဗ္ဗာန်မီးတောက် ] ကြောင့် ဖြစ်လာသော ဒဏ်ရာက ကတ်သရင်းထက်ပင် ပိုဆိုးနေသည်။

[ နိဗ္ဗာန်မီးတောက် ]၏ စွမ်းအားအပြင် ဖိနှိပ်ထားခဲ့သော ကျိန်စာက ထိုအရာကြောင့် ပြန်ထလာဟန်တူသည်။ သူ၏မျက်လုံးထဲမှ ငွေရောင်အလင်း ခဏခဏ လက်နေပြီး ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ခါလာနေခဲ့သည်။ သူ၏ မျက်နှာအမူအရာက ထူးထူးခြားခြား ဖြူဖျော့နေပြီး သွေးမြေကျစက်လုံး၏ ကြောက်မက်ဖွယ်ရာ ဖိအားကို အသည်းအသန် ခုခံနေရင်း ကျိန်စာကို ဖိနှိပ်ရုံသာ တတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ဒဏ်ရာနှစ်ခု ဖြစ်နေသည့်အတွက် သူက မတိုက်ခိုက်နိုင်တော့ပေ။

ရိုင်ဇန်နှင့် ကတ်သရင်းတို့က တပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ သူတို့၏ အကြည့်၌ မယုံနိုင်မှုက ပိုနေသည်။ သူတိ့က မဖြစ်နိုင်သော အရာတစ်ခုကို မြင်လိုက်ရဟန် တူသည်။ နောက်ထပ်စက္ကန့်အတွင်း သူတို့နှစ်ယောက်လုံးက သံပြိုင် အော်ပြောလိုက်၏။ “[ အိပ်မက်ကြယ်စင်စုပိုင်နက် ]”

အိပ်မက်သဖွယ်တောက်ပနေသော ကြယ်စင်စုက တဖြည်းဖြည်း ပျောက်ကွယ်ကာ တဲရစ်၏ပုံရိပ် ပြန်ပေါ်လာသည်။ တဲရစ်က နှုတ်ခမ်းထောင့်မှ သွေးများကို ဖြည်းဖြည်းချင်း သုတ်လိုက်ပြီးနောက် သူ့အကြည့်က နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ သူ၏အသံက ယခင်နှင့် လုံးဝမတူဘဲ လေးနက်မှုနှင့် မောက်မာမှု အငွေ့အသက်တစ်ခု ရှိနေလေသည်။ “ရိုင်ဇန်။ ကတ်သရင်း။ ငါတို့တွေ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြတာ။ နောက်ဆုံးတော့ ငါနိုင်သွားပြီ။”

All Chapters