← Chapters

တစ်ခုတည်းသော ရွေးချယ်စရာ

Vol. 47 Ch. 761

တစ်ခုတည်းသော ရွေးချယ်စရာ

Vol. 47 Ch. 761

တဲရစ်က “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်”အကြောင်း ပြောသည်ကို ချန်လွေ့ ကြားသည့်အခါ သူ နတ်ဆိုးဘုံသို့ ပထမဆုံး လောကကူးပြောင်း လာခဲ့စဉ်က အမှောင်နတ်သူငယ်ဆရာသခင်အား “ဆရာသခင် စွန်းဝူခုန်း”ကို “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်”အဖြစ် ကိုးကားယူခဲ့ပြီး ခမ်းနားလှသော လှည့်စားမှုကို ရုတ်တရက် တွေးမိလိုက်သည်။

နတ်ဆိုးဘုံမှာ တကယ်ပဲ “နတ်ဘုရားတွေရဲ့ဆည်းဆာချိန်”လိုမျိုး ဒဏ္ဍာရီတစ်ခု ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ တကယ့်ဇာတ်လမ်းက ဘာလဲဆိုတာတော့ ငါ မသိဘူး....။ ကံကောင်းချင်တော့ ကတ်သရင်း ပြောတဲ့အတိုင်းဆိုရင် အဲဒါက “ဒဏ္ဍာရီထဲမှာ မြှုပ်နှံထားတဲ့ ဒဏ္ဍာရီတစ်ခုပဲ။” မဟုတ်ရင် ငါ ပေါ်သွားပြီးတော့ ဒီနေ့ ချန်လွေ့တောင် ရှိလာမှာ မဟုတ်တော့ဘူး။

ထိုအချိန် ရိုင်ဇန်က တဲရစ်ကို အလစ်တိုက်ခိုက်ရန်အတွက် သွေးရောင်လက်စွပ်မှ စွမ်းအားတစ်ခုကို အသုံးပြုလိုက်လေသည်။

တဲရစ်က ထိုအတွက် ပြင်ဆင်ထားသည်မှာ ကြာပြီ ဖြစ်သည်။ သူ၏ အရိပ်တစ်ခုကဲ့သို့ ယိမ်းထိုးသွားခဲ့ပြီးနောက် အဝေးတွင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ တချိန်တည်းမှာပင် သူ့ညာလက်မှ လက်ချောင်းများက အလျင်အမြန် လှုပ်ရှားနေခဲ့သည်။ သူ၏ လက်ချောင်းထိပ်များ၌ အရောင်များ တလက်လက် တောက်ပနေလေသည်။

ရိုင်ဇန်၏ မျက်ဆံများက ရုတ်တရက် ငွေမီးခိုးရောင် ပြောင်းသွားပြီးနောက် သူ၏ အမြန်နှုန်းနှင့် အဟုန်တို့က သိသိသာသာ ကျဆင်းသွားခဲ့သည်။ တိုက်ခိုက်မှုက အကွာအဝေးကို ကျော်လွှားပြီး တဲရစ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သေးသည်။ တဲရစ်က အနည်းငယ် ဖျပ်ခနဲပျောက်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ကာပုံရိပ်က ချက်ချင်း ကွဲကြေသွားကာ မျက်နှာလည်း ဖြူဖျော့သွားခဲ့သည်။ သို့သော် သူ ဘာမှမဖြစ်ပေ။

တိုက်စစ်နှင့် ခံစစ်တို့က လျှပ်တပြက်အတွင်း ဖြစ်သွားခဲ့သည်။ မျက်စိတ်တစ်မှိတ် အတွင်းမှာပင် အဝေးသို့ သွားလိုက်သည့် ထပ်နေသော တဲရစ်၏ နိမိတ်ပုံရိပ်များက လူတိုင်းအရှေ့၌ ပြန်လည် ပေါ်ထွက်လာပြန်သည်။ ရိုင်ဇန်က လဲကျသွားပြန်သည်။ သူ့ပါးစပ်နှင့် နှာခေါင်းမှလည်း သွေးများ လျှံကျနေပြီး ထူးဆန်းသော ငွေရောင် ရှိနေ၏။ သူ့တကိုယ်လုံး တုန်ခါနေပြီး တိုက်ခိုက်ရေးစွမ်းအား လုံးဝ ဆုံးရှုံးသွားပုံရသည်။

“ရိုင်ဇန်။ ငါမင်းကို အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ မင်း တကယ်ပဲ မထိန်းနိုင်ခဲ့ဘူး။” တဲရစ်က အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်နေသကဲ့သို့ပင် ယုံကြည်မှု ရှိနေခဲ့သည်။ “ဒီတိုက်ခိုက်မှုက သွေးရောင် လက်စွပ်ထဲမှာ နောက်ဆုံး သိပ်ဆည်းထားတဲ့ စွမ်းအားကို သုံးခဲ့တာ။ ကံဆိုးခင်တော့ သွေးရောင်လက်စွပ်ရဲ့ ဖိနှိပ်မှုမရှိရင် ငါက မင်းရဲ့ အလင်းအမှောင် သွေးအမှတ်ကို အလွယ်လေး ဆွပေးလို့ရတယ်။ မင်းရဲ့ စွန့်စားမှုက နောက်ဆုံးတော့ အသုံးမဝင်ခဲ့ဘူ။ မင်းရဲ့ အကြီးမားဆုံးအမှားက ချပ်ပိတ်ရဲ့ အမှောင်ဒြပ်စင်တဝက်ကို လျစ်လျူရှုတာပဲ။ မန်မွန်မိသားစုမှာ [အမှောင်ကျွမ်းကျင်မှု] စွမ်အားရှိပြီးတော့ အကူအညီဖြစ်နိုင်ပေမဲ့ မီးဖိုနက်မှာ ချိပ်ပိတ်ကို အသုံးပြုဖို့ ကူညီပေးခဲ့တဲ့သူက နတ်ဆိုးဘုံမှာ အမှောင်ဒြပ်စင် အရင်းအမြစ်စွမ်းအား အသန့်စင်ဆုံးသူပဲ။ အဲဒါကြောင့် ဒီချိပ်ပိတ်ရဲ့ တကယ့် လက်နက်က မင်းထင်သလို အလင်းဒြပ်စင် မဟုတ်ဘဲနဲ့ အမှောင်ဒြပ်စင်စွမ်းအားပဲ။ အခု ဥပဒေသ စွမ်းအားရဲ့ ဖိနှိပ်မှုနဲ့ ကျိန်စာလည်း ထလာပြီဆိုတော့ မင်းမှာ ထပ်ပြီးတော့ တိုက်ခိုက်ဖို့ အင်အား မရှိတော့ဘူး....” တဲရစ်က ကတ်သရင်းထံ အကြည့် လွှဲလိုက်သည်။ “ကတ်သရင်း။ မင်း အချိန်ဖြုန်းစရာ မလိုပါဘူး။ ဥပဒေသအဆောင်ပစ္စည်းက မင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး။ မင်းမှာ အဆောင်ပစ္စည်း ၇မျိုး ရှိရင်တောင် ငါ ဘာမှ လုပ်စရာ မလိုဘူး။ ဒီမှာ စောင့်ကြည့်နေရုံပဲ။ မင်းရဲ့စွမ်းအားနဲ့ အသွေးအသားကို သွေးမြေကျစက်လုံးက ဝါးမျိုလိမ့်မယ်။ အချို့ကိုတော့ သွေးမြေကျစက်လုံးက သွေးသလင်းကျောက်အဖြစ် သန့်စင်လိမ့်မယ်။ အဲဒီသွေးသလင်းကျောက်တွေကို စုပ်ယူမယ်ဆိုရင် ငါ့ရဲ့ဝိညာဉ်အဆင့်က တစ်ခါတည်းနဲ့ တိုင်းပြည်အဆင့်ကို ရောက်သွားမယ်။ ဒါက နတ်ဘုရားဖြစ်ဖို့အတွက် ငါ့ရဲ့ ပထမဆုံး ခြေလှမ်းပဲ။”

“ရှီရာ...” ချန်လွေ့ အော်ခေါ်လိုက်သည်။ ရှီရာက ထပ်မထိန်းနိုင်တော့ပဲ တဖြည်းဖြည်း နောက်ပြန်လဲကျသွားခဲ့သည်။ ချန်လွေ့က ရှေ့သို့ကိုင်းပြီး ထိုင်ချလိုက်၏။ ကြီးမားသော ဖိအားအောက်၌ သူက ရှီရာက ပွေ့ဖက်ရုံသာ ဖက်နိုင်ခဲ့သည်။ ရှီရာ၏ အသက်ဓာတ် အလျင်အမြန် ပျောက်ကွယ်လာသည်ကို ခံစားမိသည့်အခါ ချန်လွေ့က စိုးရိမ်မိလာသည်။

တဲရစ်ကို ရှီရာအား ဂရုမစိုက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး လုံးဝ မလှုပ်ရှားခဲ့ပေ။

တဖြည်းဖြည်းနှင့် ဖိအား ပိုများလာပြီး ခန္ဓာကိုယ်မှ စွမ်းအား ကုန်ခမ်းနှုန်းလည်း တဖြည်းဖြည်း တိုးလာကြောင်း ကတ်သရင်းလည်း ခံစားလိုက်မိသည်။ တဲရစ်၏ စကားလုံးများက အလိမ်အညာ မဟုတ်ကြောင်း သူ သိသည်။ တဲရစ် မရူးသွားလျှင်၊ ခုခံမှု လက်လျှော့ပြီး သူ့အနားလာကာ သေစေနိုင်လုနီးပါး တိုက်ခိုက်ခွင့် မပေးခဲ့လျှင် တန်ပြန် တိုက်ခိုက်ရန် မဖြစ်နိုင်တော့လေပြီ။

ကတ်သရင်း၏ စွမ်းအားအကာအကွယ် ဆုံးရှုံးပြီးနောက် လီလစ်ဇ်က သတိလစ် သွားသည်ကို ကြာခဲ့ပြီ ဖြစ်သည်။ မှော်ပစ္စည်းများ၏ အကာအကွယ် ရှိသော်လည်း သူက သွေးမြေကျ အစီအရင်၏စွမ်းအားကို မခုခံနိုင်ခဲ့ပေ။ သူ၏အရေပြားပေါ်မှ သွေးရောင်များ အလျင်အမြန် ပျောက်ကွယ်လာပြီး သူ၏အသက် ယဲ့ယဲ့လေးသာ ကျန်နေသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်က ခြောက်သွေ့လာခဲ့သည်။

အခြားသူများနှင့်ယှဉ်ပါက စူပါစနစ်ကို ပိုင်ဆိုင်ထားသော ချန်လွေ့တွင် ဖိအား နည်းသော်လည်း သွေးမြေကျစက်လုံးက ဥပဒေသအဆောင်ပစ္စည်းတစ်ခု ဖြစ်နေသေးသည်။ စစ်မှန်သော အဆောင်ပစ္စည်း၏စွမ်းအားကို အဆောင်ပစ္စည်းယောင်က လုံးဝ မယှဉ်နိုင်ပေ။ ချန်လွေ့တွင် ကျောက်စိမ်းသစ်တောပင်လယ်မှာကဲ့သို့ [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] အသက်သွင်းထားသော အခြေအနေ ရှိနေသည့်တိုင် အစ်ဇ်ယိုရူးဇ်၏ အစစ်အမှန်မီးတောက် အချုပ်အနှောင်ဖြင့် ထိန်းချုပ်ခံခဲ့ရသေးသည်။ ယခုကိုမူ ပြောစရာပင် မလိုတော့ပေ။

ချန်လွေ့က သူတော်ကောင်းတစ်ယောက် မဟုတ်ပေ။ လောက ကူးပြောင်းပြီးမှ လက်ရှိအထိ သူ အများအပြား ကြုံတွေ့ခဲ့ရသော်လည်း သူ၏အတွင်းစိတ်ထဲ၌ အိုတာခုစိတ် ရှိနေဆဲ ဖြစ်သည်။ ထိုအချိန်၌ သူက နတ်ဆိုးဘုံ၏ ဖရိုဖရဲ အခြေအနေနှင့် အနာဂတ်၌ မည်သို့ဖြစ်လာမည်ကို မစဉ်းစားနေပေ။ သူတွေးနေသည်များက သူအမြဲတမ်း ကာကွယ်ချင်နေခဲ့သော အရာကို ကာကွယ်ရန်သာ ဖြစ်လေသည်။

သူ့အရှေ့မှ ရှီရာနှင့် ကတ်သရင်းတို့သာ မဟုတ်ပေ။

ဇိုလာနှင့် အခြားမိန်းမများအပြင် တန်ဖိုးထားရသော မိတ်ဆွေများလည်း ရှိနေ၏။

ထိုအကြောင်းရင်းကြောင့် သူ လုံးဝ လက်မလျှော့နိုင်ပေ။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ အားစက်ကွင်းက ပြောင်းလဲနေကြောင်း တဲရစ် ရုတ်တရက် ခံစားလိုက်မိသည်။ လေထဲပ ဖောက်ထွင်းမြင်ရသော သင်္ကေတအချို့ ပေါ်ထွက်လာသည်။ နေရာလွတ်တစ်ခုလုံးကို ထူးဆန်းသော စွမ်းအား အလွှာများဖြင့် ခြားထားလိုက်ဟန်တူသည်။ ထိုစွမ်းအားက အလွန်ပင် မတည်မငြိမ်ဖြစ်နေပြီး ရံဖန်ရံခါ ပေါ်ထွက်လာနေခဲ့သည်။

မတည်ငြိမ်သော နေရာလွတ်ထဲ၌ ချန်လွေ့က သတိလစ်နေသော ရှီရာက လက်ထဲမှ ချပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်၌ သွေးမြေကျအစီအရင်က သက်ရောက်မှု မရှိတော့သလို ထင်မှတ်ရသည်။ နေရာလွတ်က အနည်းငယ် တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်မှ သွေးများ ‌ပေါက်ကွဲထွက်သွား၏။ သို့သော်လည်း သူ မခံစားမိပေ။ သူက တဲရစ်ကိုသာ ဓားသွားကဲ့သို့ မျက်လုံးများဖြင့် တည့်တည့် စိုက်ကြည့်နေခဲ့သည်။

တဲရစ်၏ မျက်လုံးထဲ၌ တရွရွ ဖြစ်နေပြီး ရုတ်တရက် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ ထိုအချိန်၌ ချန်လွေ့၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

တဲရစ်က ချက်ချင်းပင် ကပ်ဘေးခံစားချက်တစ်ခု ခံစားလိုက်ရပြီး သူ၏ ထပ်နေသော အရိပ်များက အဝေး၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ကပ်ဘေး ခံစားချက်က အားကောင်းနေဆဲ ဖြစ်သည်။ သူက လေထဲ၌ ကျွမ်းထိုးလိုက်ပြီး ကြောက်မက်ဖွယ်ရာ ထက်လှသော ချီစွမ်းအင်တစ်ခုကို ရှောင်တိမ်းလိုက်သည်။ မြေပြင်ပေါ်သို့ ကျလာသောအခါ သူ၏ပါးနပ်၌ အနီရောင် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။

တဲရစ်က မျက်မှောင်ကြုတ်သွားပြီး သူ့ရှေ့မှလူကို သတိထားလျက် ကြည့်လိုက်သည်။ “အက်ဂ်ယော။ ရိုင်ဇန်နဲ့ ကတ်သရင်းတို့တောင် မခုခံနိုင်တဲ့ ဥပဒေသ စွမ်းအားကို မင်းက တကယ်ပဲ....”

နေရာလွတ်ထဲ၌ နောက်ထပ် ယိုယွင်းမှုနှင့် မငြိမ်သက်မှုတစ်ခု ရှိနေသည်။ ချန်လွေ့၏ မျက်လုံးထောင့်နားက ရုတ်တရက် ပွင့်ထွက်သွားပြီးနောက် သွေးများ ပန်းထွက်လာခဲ့ကာ မျက်နှာက နီရဲသွားခဲ့သည်။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ သူ့ခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်က ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူက သွေးမြေကျ စက်လုံး၏ အစီအရင် သက်ရောက်မှုမှ လုံးဝ လွတ်မြောက်သွားခဲ့သည်။

“အဆောင်ပစ္စည်း။ ဒါက အ‌ဆောင်ပစ္စည်းပဲ ဖြစ်ရမယ်။ ပြီးတော့ အရည်အသွေးးက သွေးမြေကျစက်လုံးထက်အောင် မြင့်တယ်။” တဲရစ်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ “မင်းမှာ ဒီလိုအဆောင်ပစ္စည်းမျိုး ရှိနေမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့... မင်းရဲ့စွမ်းအားနဲ့ဆို လုံးဝ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ သွေးမြေကျစက်လုံးရဲ့ အစီအရင်ကို ကာကွယ်ဖို့အတွက် အသက်ဓာတ်လောင်ကျွမ်းပြီးတော့ အတင်းထိန်းချုပ်တာလိုမျိုး လျို့ဝှက်ပညာရပ် တစ်ခုခုကို သုံးနေတာပဲ ဖြစ်ရမယ်။”

ထိုအချိန်၌ တဲရစ်၏ မျက်လုံးများ အေးစက်သွားခဲ့သည်။ “ဒီအခြေအနေမှာ မင်း အကြာကြီး ခံနိုင်မှာ မဟုတ်ဘူး။ ငါ့ကို အံ့အားစေတာတစ်ခုက မင်းရဲ့ ပထမဆုံး တုံ့ပြန်မှုက မထွက်ပြေးဘဲနဲ့ ငါ့ကို အနိုင်ယူဖို့ လုပ်ခဲ့တာပဲ။ အခုတော့ မင်း ထွက်ပြေးဖို့ နောက်ကျသွားပြီ။ ကံဆိုးချင်တော့ မင်းက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ ရှိသေးတယ်။ ငါက အခြေခံအားဖြင့် နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်သွားပြီ။ ပြီးတော့ တိုင်းပြည်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဆင့်တူချင်းချင်းမှာ ရိုင်ဇန်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။ မင်းရဲ့စွမ်းအားနဲ့ ငါ့ကို အနိုင်ယူချင်တာလား။ မင်းရဲ့ အသက်နဲ့ အဆောင်ပစ္စည်းကို ငါ ယူပစ်မယ်။”

လှုပ်ရှားမှုတိုင်းနှင့် ပြောလိုက်သော စကားလုံးများက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အပေါ်၌ ဝန်ပိသည့်အတွက် ချန်လွေ့ ဘာမှ မပြောခဲ့ပေ။ သူ အသက်သွင်းလိုက်သည်က သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို အနိုင်ယူပြီးနောက် ရရှိခဲ့သော ဒိုင်းဆုဖြစ်သည့် နေရာလွတ် အဆောင်ပစ္စည်း “ကျက်သရေမျှော်စင်” ဖြစ်၏။ ထိုအရာက နတ်ဘုရား‌ယောင်အဆင့် ရာဖယ်ရယ် လိုက်ဖမ်းခြင်းမှ လွတ်မြောက်ရန် ရိုဒရီဂူးဇ် အသုံးပြုခဲ့သော အလွန် အဆင့်မြင့်သော အဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။

ချန်လွေ့က ထိုအဆောင်ပစ္စည်းကို ရရှိသွားပြီးနောက် စူပါစနစ်၏ [ အထူးစိစစ်မှု ] ဖြင့် ၎င်းကို “အဖြေရှာ”ရန် အသုံးပြုနေခဲ့သည်။ သို့သော် ကျက်သရေမျှော်စင်၏ အဆင့်က မြင့်မားလွန်းလှသည်။ [ အထူးစိစစ်မှု ] က အရှိန်အဝါ ကုန်ကျရုံသာမက ယုံကြည်မှု စွမ်းအားလည်း သုံးစွဲရသည်။ ယခုအထိ အပြင်ဘက်ဆုံး အလွှာကိုသာ စစ်ဆေး ကြည့်ရသေးသည်။ ဗဟိုချက်နှင့် သိသိသာသာ ဝေးကွာနေဆဲဖြစ်ပြီး မဖြေမရှာရသေးတဲ့ ဗားရှင်းနှင့် ညီမျှပေသည်။

လက်ရှိ ကျက်သရေမျှော်စင်က ချန်လွေ့နှင့် တဲရစ်တို့ကို နေရာလွတ်တစ်ခုတည်းသို့ သီးခြားထားနိုင်ပြီး သွေးမြေကျစက်လုံး၏ အစီအရင် သက်ရောက်မှုကို တားဆီးပေး၏။ ကတ်သရင်းနှင့် အခြားသူများအတွက် အလုပ်မဖြစ်နိုင်ပေ။ ‌ပေးဆပ်ရသည်က ကြယ်စွမ်းအားနှင့် အသက်ဓာတ်ကို လောင်ကျွမ်းရန် ဖြစ်သည်။ သို့မဟုတ်ပါက တန်ပြန် ခံရနိုင်သည်။ အလေးနက်ဆုံးအရာက အကန့်အသတ် ကျော်လွန်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ပြိုလဲသွားမည် ဖြစ်သည်။

အခု တဲရစ်ရဲ့ ခန္ဓာကိုယ်ကို သန်းခေါင်နေက လွှမ်းမိုးထားတယ်။ သန်းခေါင်နေက နတ်ဆိုးဘုံရဲ့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်။ ထိပ်တန်းဆိုတာကို သာမန်လူတွေက အထူးအစွမ်းထက်ပုဂ္ဂိုလ်အောက်မှာ ပြိုင်ဘက်ကင်းလို့ နားလည်ကြပေမဲ့ ရိုင်ဇန် ပြောတဲ့အတိုင်းဆိုရင် သန်းခေါင်နေမှာက အဆင့်ကိုကျော်ပြီးတော့ စိန်ခေါ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိတယ်။ ဒါဆိုရင် သန်းခေါင်နေက ဘယ်လောက်တောင် အစွမ်းထက်တာလဲ။

ချန်လွေ့က ရင်ဆိုင်ရမည့် တန်ပြန်ခြင်း အပါအဝင် အပိုကိစ္စများကို စဉ်းစား၇န် အချိန်နှင့်အင်အား မရှိပေ။ သူ လုပ်ချင်နေသည့် တစ်ခုတည်းသောအရာက သူ မလဲကျခင် တဲရစ်ကို အနိုင်ယူရန်ပင် ဖြစ်သည်။

ထိုအရာက ရှီရာနှင့် ကတ်သရင်းတို့ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သူက ထိုတိုက်ပွဲ၌ ကျရှုံးသွားလျှင် အရာအားလုံး ဒုက္ခရောက်သွား ပေလိမ့်မည်။ ဧကရီနှစ်ပါးသာမက အခြားမိန်းမများနှင့် မိတ်ဆွေများက အသက်ရှင်နိုင်ချေ ရှိလိမ့်မည် မဟုတ်ကြပေ။

[ ကြယ်စင်စုပိုင်နက် ] နှင့် [ ဆောင်းဦးပိုင်နက် ] တို့ကို တချိန်တည်း အသက်သွင်းလိုက်၏။ ချန်လွေ့၏ ဘယ်လက်တွင် [ အရှိန်အဝါဓားသွား ] ရှိနေပြီး ညာလက်ထဲ၌ မြောက်အဏ္ဏဝါဓား ရှိနေကာ တဲရစ်အား မုန်တိုင်းတစ်ခုသဖွယ် တိုက်ခိုက်တော့သည်။

တဲရစ်က [ အရှိန်အဝါဓားသွား ] စွမ်းအားကို ကြုံတွေ့ခဲ့ဖူးပြီးပြီ ဖြစ်သည့်အတွက် လျှော့မတွက်ရဲတော့ပေ။ သူ၏ခန္ဓာကိုယ်က မယုံနိုင်စရာကောင်းအောင် အဆက်မပြတ် ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပြီး ချန်လွေ့၏ တိုက်ခိုက်မှုများကို အချည်းနှီး ဖြစ်စေခဲ့သည်။ ခဏကြာ ရှောင်တိမ်းပြီးနောက် တဲရစ်က နောက်ဆုံးတွင် တန်ပြန် တိုက်ခိုက်သည်။ သူ၏လက်သီးမှ လက်ခလယ်လက်ဆစ်က ရုတ်တရက် ထိုးထွက်လာပြီး ဇာမဏီမျက်လုံးလက်သီးနှင့် တနည်းတဖုံ ဆင်တူနေခဲ့သည်။ သူက အလျင်အမြန်ပင် ချန်လွေ့၏ ဘယ်လက်ကောက်ဝတ် အဆစ်ကို တန်းတန်းမတ်မတ် တိုက်ခိုက်လိုက်၏။

[ အရှိန်အဝါဓားသွား ] က အလွန်အမင်း ထက်မြက်ပြီး စွမ်းအားကြီးလှသည်။ သူ၏ ချန်လွေ့၏ လက်ဝါးကို ထိသွားမည်ဆိုလျှင် ထက်လှသော ချီစွမ်းအင်ဖြင့် ဒဏ်ရာ ရသွားမည် ဖြစ်သည်။ သို့သော်လည်း ထိုထိချက်က အဓိက ဖြစ်သည်။ ချန်လွေ့က လက်ကောက်ဝတ်တွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး လက်တစ်ခုလုံးက နာ့ဗ်ကြော အဆက်အသွယ်များ ပြန်တောက်သွားပုံရသည်။ သူက [ အရှိန်အဝါဓားသွား ] ကို မထိန်းချုပ် နိုင်တော့ပေ။

သူ၏ လှုပ်ရှားမှု ရပ်တန့်သွားသောအခါ တဲရစ်က အနားသို့ ရောက်နေပြီဖြစ်ပြီး ချန်လွေ့ကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။

တိုက်ခိုက်မှု တစ်ခုကမှ မသေစေနိုင်သော်လည်း တိုက်ခိုက်မှုတိုင်းက “အရေးအကြီးဆုံး” နေရာများကို တိုက်ခိုက်နေသလို ချန်လွေ့ ခံစားနေရသည်။ သူက နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပင် နှောင့်ယှက်ခံနေရ၏။ ချန်လွေ့က စွမ်းအားကို လုံးဝ မထုတ်နိုင်တော့ပေ။ အချို့လှုပ်ရှားမှုများက တဖက်လူကြောင့် ပြောင်းလဲလိုက်ရ၏။ လှုပ်ရှားမှုတိုင်းကို တဲရစ်က ကြိုးဆွဲ ရုပ်သေးရုပ် ကဲ့သို့ပင် လုံးဝ ထိန်းချုပ်နေခဲ့သည်။

ထိုအရာက စွမ်းအားနှင့် အချိန်ကိုက်မှုကို တိတိကျကျ ဆုပ်ကိုင်နိုင်ရန် လိုအပ်ရုံသာမက ရန်သူ၏ လှုပ်ရှားမှုများကိုလည်း ခန့်မှန်းရန် လိုအပ်သည်။ တဲရစ်နှင့် စစ်မြေပြင်၌ ချန်လွေ့နှင့် ရိုင်ဇန်တို့ တိုက်ခိုက်ကြသည်ကို ခဏသာ မြင်ခဲ့ရပြီး ခုနက ရှောင်တိမ်းရင် လေ့လာကြည့်နေသည့်အတွက် အခြေအနေကို တိတိကျကျ ဆုပ်ကိုင်နိုင်လာခဲ့သည်။ ထိုစွမ်းရည်က အတော်လေး ကြောက်စရာ ကောင်းလှ၏။

အတိအကျပြောရလျှင် S+ နှင့် S++ ကြားမှ ခြားနားချက်က စိတ်ကူးထားသလို မကြီးမားလှပေ။ သူတို့အားလုံးက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးအဆင့်များသာ ဖြစ်ကြသည်။ သို့သော်လည်း ဒုတိယတစ်ယောက်က တစ်ဆို့မှုနှင့် ပိုမိုနီးကပ်သည်။ ချန်လွေ့၏ ယခင် မှတ်တမ်းများအရ သူ့အတွင် အဆင့်တူချင်း ပြိုင်ဘက် လုံးဝ မရှိလုနီးပါး ဖြစ်ခဲ့သည်။ ယခုကဲ့သို့ သူ့ကို လုံးဝဖိနှိပ်နိုင်သော ပြိုင်ဘက်တစ်ယောက်နှင့် တွေ့ရသည်မှာ ပထမဆုံး ဖြစ်လေသည်။

ရိုင်ဇန်၏ တိုက်ခိုက်မှုများက ရိုးစင်းပြီး သန့်စင်ကာ ထိရောက်သည်ဆိုလျှင် သန်းခေါင်နေက တိုက်ပွဲတစ်ခုလုံးပေါ်၌ လုံးဝ ထိန်းချုပ်နေနိုင်ခြင်း ဖြစ်သည်။

သူက အတိတ်မှ နတ်ဆိုးဘုံ ထိပ်တန်းပညာရှင် ဖြစ်ခဲ့သည်မှာ သံသယဝင်စရာ မရှိပေ။

နောက်ဆုံး၌ ချန်လွေ့က အဆက်မပြတ် တယ်လီပို့ခုန်ပြီး အဝေးသို့ ဆုတ်သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများ ပို၍ စီးကျလာသည်။ တန်ပြန်မှုကြောင့် ဖြစ်လာသော ထိခိုက်မှုက ပြိုင်ဘက်၏ တိုက်ခိုက်မှုထက်ပင် ပိုနေ၏။

တဲရစ်က သရော်ပြုံး ပြုံးလိုက်သည်။ သူက နောက်လိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ သူက နောက်ကျန်ပုံရိပ်များ အဆက်လိုက်အဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် ရှောင်တိမ်းလိုက်သည်။ နောက်ထပ်ပုံရိပ်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ထိုပုံရိပ်၏ မျက်နှာက “အက်ဂ်ယော”နှင့် အတူတူပင် ဖြစ်သည်။ မျက်လုံးများ၌သာ သွေးရောင် ရေးရေးလေး ရှိနေခြင်းပင်။

အသူရာ!

အရေးကြီးသော အခိုက်အတန့်၌ ချန်လွေ့က နောက်ဆုံးတွင် လူသားလောက၌ မိမိအတွက် ယုံကြည်မှု စုဆောင်းခိုင်းထားခဲ့သော အသူရာကို ဆင့်ခေါ်လိုက်တော့သည်။

All Chapters