← Chapters

အရေးပေါ်ပွဲများ

Vol. 47 Ch. 762

အရေးပေါ်ပွဲများ

Vol. 47 Ch. 762

တဲရစ်၏ မျက်လုံးများက အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။ အက်ဂ်ယောက ခုနက ဖိနှိပ်ခံနေရပေမဲ့ ကြွက်သား၊ တိုက်ခိုက်ရေး တုံ့ပြန်မှုနဲ့ ပြန်ကောင်းတဲ့ စွမ်းရည်တွေက ငါမှန်းဆထားတာထက် ကျော်လွန်နေတယ်။ ငါက မရေမတွက်နိုင်တဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်ခဲ့ဖူးပြီးတော့ တိုက်ခိုက်ရေး အတွေ့အကြုံ အတော်လေး ကြွယ်ဝတယ်။ အက်ဂ်ယောက အဆောင်ပစ္စည်းကို အတင်းသုံးနေရတဲ့ အခြေအနေမှာတောင် ဒီလိုအရည်အသွေးများကို ပြသနိုင်တယ်။ သူက သေချာ‌ပေါက် လျှော့တွက်လို့မရတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ လျို့ဝှက်ဆန်းကြယ်တဲ့ပုံရိပ် ရုတ်တရက် ပေါ်ထွက်လာတာက “အက်ဂ်ယော”နဲ့ ဆက်နွှယ်နေလောက်တယ်။ ပြီးတော့ သူက အကောင်းမွန်ဆုံး အခြေအနေမှာ ရှိနေတာ။ ဒီအရာက တဲရစ်အား ပိုမိုအန္တရာယ်များသလို ခံစားမိသွားစေသည်။

သို့သော်လည်း တဲရစ်က ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။ ယခုတွင် သူက တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ နတ်ဆိုးအရှင်သခင် ထိပ်သီးပိုင်း ၂ယောက်မပြောနှင့်၊ အယောက်၂၀ဆိုလျှင်ပင် အနိုင်ရရှိရန် ယုံကြည်ချက် ရှိသည်။ အကြောင်းရင်းကတော့ သူက တဲရစ်သာမက သန်းခေါင်နေလည်း ဖြစ်နေခြင်းကြောင့်ပင်။

အထူးအစွမ်းထက်ပုဂ္ဂိုလ်အောက်မှာရှိတဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်။

အသူရာ လှုပ်ရှားလိုက်၏။ သူက ခြေထောက်ကို တော့လိုက်ရာ တဲရစ် အရှေ့၌ လျှပ်တပြက်အတွင်း ရောက်ရှိလာသည်။ သူ၏ လက်က ဖျက်ဆီးခြင်းအငွေ့အသက်ဖြင့် တဲရစ်ကို ကုတ်လိုက်၏။ တဲရစ်က တုံ့ပြန်တော့မည့်အချိန်တွင် သူက ရုတ်တရက် နောက်ကျန် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲ၌ ပေါ်ထွက်လာခဲ့သည်။ ရှေ့မှ အသူရာက နိမိတ်ပုံရိပ်တစ်ခု ဖြစ်နေပြီး တကယ့် အသူရာက တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်တိတ်လေး အနောက်သို့ ရွေ့လျားသွားလိုက်ခြင်း ဖြစ်သည်။ တဲရစ်၏ အလျင်အမြန် တုံ့ပြန်မှုကြောင့်သာ မဟုတ်လျှင် အလစ်တိုက်ခိုက်မှုက အောင်မြင်သွားပေလိမ့်မည်။

တဲရစ်၏ အသူရာ၏ အလစ်တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသွားစဉ်မှာပင် ဓားချီစွမ်းအင်များ ပြည့်နှက်နေသော ကောင်းကင်က သူ၏ ထွက်ပြေးလမ်းကြောင်းကို အပေါ်အောက်၊ ဘယ်ညာ ချိပ်ပိတ်ထားလိုက်သည်။ တဲရစ်က နှာမှုတ်လိုက်ပြီး လက်ငါးချောင်းကို ဖြန့်ကာ လက်ဆန့်ထုတ်ပြီး ခန္ဓာကိုယ် ပတ်ပတ်လည်၌ စက်ဝိုင်းကြီးတစ်ခု ရေးဆွဲလိုက်သည်။ ရုတ်တရက် မရေမတွက်နိုင်သော သလင်းကျောက် အလင်းရောင်များက ကြေးမုံများကဲ့သို့ ထွက်ပေါ်လာသည်။ [အရှိန်အဝါဓားသွား] ၏ ဖျက်ဆီး၍မရသော ဓားချီစွမ်းအင်က ကြေးမုံကဲ့သို့ သလင်းကျောက် အလင်း‌ရောင်များကြောင့် အမှန်တကယ် ယိုင်သွားခဲ့သည်။ အချို့က ချန်လွေ့ထံသို့ပင် တန်ပြန်ရောက်ရှိလာသည်။

ချန်လွေ့တွင် ရှောင်တိမ်းရန် အချိန်မရှိပေ။ သူ့ပေါ်တွင် ဖောက်ထွင်းမြင်ရသော ဒိုင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ ဒိုင်းကာပေါ်၌ အက်ကြောင်းများ ပေါ်လာပြီးနောက် တန်ပြန်လာသော ဓားချီစွမ်းအင်ကို အချိန်မီ ခုခံနိုင်ရုံသာ ဖြစ်သည်။

ကြေးမုံပေါ်သို့ သလင်းကျောက် အလင်းရောင် ပတ်ပတ်လည်၌ အငွေ့တစ်ခု ရှိနေပြီး အလျင်အမြန် လှည့်ပတ်နေခဲ့သည်။ သလင်းကျောက်အလင်းရောင် တောက်ပမှုက တစ်ခုခု၏ ဝါးမျိုခြင်းကို ခံနေရသကဲ့သို့ပင် မှိန်လာဟန်တူသည်။ တဲရစ်၏လက် လှုပ်ရမ်းလိုက်သောအခါ သလင်းကျောက်အလင်းရောင်က ကွဲကြေပြီး ပေါက်ကွဲထွက်သွားသည်။ အငွေ့များက ပြန့်ကျဲသွားပြီး အသူရာ၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစပ်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ အက်ကြောင်းများ ရှိနေသော်လည်း သွေးမထွက်ပေ။ အက်ကြောင်းများက အလိုလို ပြန်ကောင်းလာခဲ့သည်။

ခုနက ရုတ်တရက် ပြောင်းလဲမှုက အမှန်တကယ်၌ ဆက်တိုက်ဖြစ်နေခြင်း ဖြစ်သည်။ နှစ်ဖက်လုံး၏ တုံ့ပြန်မှုနှင့် အမြန်နှုန်းတို့က အလွန်အမင်း မြန်ဆန်လှသည်။ အချင်းချင်း မြားနှင့် ပစ်နေသကဲ့သို့ပင်။ တစ်ယောက်က မြားကို ရှောင်ပြီး မြားကိုယူကာ ပြန်ပစ်လိုက်ခြင်းမျိုး ဖြစ်သည်။ အနည်းငယ် မှားယွင်းသွားခြင်းက ဆိုးရွားသော ရလာဒ် တစ်ခုကို ဖြစ်စေလိမ့်မည်။

သွေးမြေကျအစီအရင်ထဲ၌ နေရာလွတ်က အဆက်ပြတ် တွန့်လိမ်ပြီး ပြောင်းလဲ နေခဲ့သည်။ လှုပ်ရှား၍မရသော ကတ်သရင်းနှင့် ရိုင်ဇန်တို့က နေရာလွတ်ထဲက တိုက်ခိုက်နေကြသော ပုံရိပ်၃ခုကိုသာ ရေးရေးလေး မြင်နိုင်ကြသည်။

တစ်နေ့တွင် နတ်ဆိုးဘုံ၏ အုပ်ချုပ်သူ၃ဦး (တိုင်းပြည်အဆင့် နှစ်ယောက် အပါအဝင်) နှင့် အင်ပါယာသုံးခု၏ သေရေးရှင်ရေးကို နတ်ဆိုးအရှင်သခင်လေး တစ်ယောက် အပေါ်၌ မှီခိုနေရမည်ဟု သူတို့ လုံးဝ တွေးထားခဲ့မိကြမည် မဟုတ်ပေ။

တဲရစ်၏အကြည့်က အနည်းငယ် ပို၍ လေးနက်လာသည်။ ဒီပြိုင်ဘက် နှစ်ယောက်က တစ်ယောက်မှ အလွယ်လေး အနိုင်ယူလို့ မရဘူး။ ငါ နည်းနည်းလေး သတိလွတ်သွားတာနဲ့ ငါ့ရဲ့ တစ်ခုခုဖြစ်ရင်အောင် ဘေးကော်ငးအောင် လုပ်ထားတဲ့ အစီအစဉ်က လုံးဝ ပျက်စီးသွားမှာပဲ။ သူတို့ကို သေချာ အလေးအနက်ထားပြီး တိုက်ခိုက်ရမယ့်ပုံပဲ။

ထိုသို့ တွေးပြီးနောက် တဲရစ်၏အဟုန်က ရုတ်တရက် ပြောင်းလဲသွားပြီး လွှမ်းမိုးသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်‌၌ ချပ်ကာ နိမိတ်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုချပ်ကာက ခုနက ရိုင်ဇန်၏ တိုက်ခိုက်မှုကို ခုခံခဲ့သည်။ ရိုင်ဇန်၏ တိုက်ခိုက်မှုက အားအင်ကုန်ခမ်းနေသော်လည်း တိုင်းပြည်အဆင့် စွမ်းအား ဖြစ်နေဆဲ ဖြစ်သည်။ ချပ်ကာ ဖြစ်ပေါ်လာသောအခါ အက်ကြောင်းများ ရှိနေဆဲ ဖြစ်သည်။ ထိုအရာက အစွမ်းလား၊ ပစ္စည်းလား ဆိုသည်ကို မသိနိုင်ပေ။

ချပ်ကာနိမိတ်ပုံရိပ်က ခဏသာဖြစ်ပြီးနောက် အနီးအနားရှိ အလင်းရောင်များ တောက်ပကုန်သည်။ နေရာလွတ်က ချက်ချင်းပင် ရှေးဟောင်းအငွေ့အသက်များဖြင့် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။ တဲရစ်၏ခြေထောက်အောက်တွင် ရှည်လျားပြီး တောက်ပသော ကြယ်အလင်းမြစ်တစ်စင်း ပေါ်ထွက်လာပြီး ထူးဆန်းသော စည်းချက် တစ်ခုဖြင့် စီးဆင်းနေခဲ့သည်။ ထိုအရာက နတ်ဆိုးဘုံ၌ သန်းခေါင်နေအရှင်၏ နာမည်ကျော် [ အိပ်မက်ကြယ်စင်စုပိုင်နက် ] ပင်။

ထိုမြစ်ရှည်ကြီး ပေါ်ထွက်လာသည်နှင့် [ ကြယ်စင်စုပိုင်နက် ] ၏ တိုးမြှင့်မှု ရှိနေဆဲ ဖြစ်သော်လည်း အားလျော့သော သက်ရောက်မှုက သိသိသာသာ လျော့ကျသွားခဲ့သည်။ [ ဆောင်းဦးပိုင်နက် ] ၏ အားလျော့သက်ရောက်မှုများကို ကြယ်အလင်းလေးများက အမှန်တကယ် ဖြေရှင်းခဲ့လေသည်။

ထိုအချိန် အလွန်ကြီးမားသော အဖြူရောင်အလင်းစက်လုံးများက ချန်လွေ့၏ လက်ထဲမှ ထွက်လာပြီး တဲရစ်ထံ အမြန်ရောက်ရှိလာသည်။ တချိန်တည်းမှာပင် အသူရာကလည်း အစစ်အမှန်ဟု ထင်ရသော နိမိတ်ပုံရိပ် ၈ခုအဖြစ် ပြောင်းလဲကာ တဲရစ်ကို အဘက်ဘက်မှ ဝိုင်းရံလိုက်သည်။

တဲရစ်က လက်ကို ဝှေ့ရမ်းလိုက်ရာ နေရာလွတ်တစ်ခုလုံး ပြောင်းပြန်ဖြစ်သွားပုံ ရသည်။ တောက်ပနေသော ကြယ်စင်စုက ကောင်းကင်ပေါ်၌ ပြောင်းပြန်ဖြစ်နေပြီး အိပ်မက်ဆန်ကာ ဝေဝါးနေခဲ့သည်။ ထိုဖြစ်စဉ်က ရိုးရှင်းသလို ထင်ရသော်လည်း အမှန်တကယ် ဖြစ်သွားခဲ့သည်မှာ ချန်လွေ့၏ [ အရုဏ်ဦးပစ်ချက် ] များက ကြယ်စင်စု၏ ထူးဆန်းသော စည်းချက်ကြောင့် အသူရာ၏ နိမိတ်ပုံရိပ်များထံ ရောက်ရှိသွားခြင်းပင်။

[ အရုဏ်ဦးပစ်ချက် ] များက ထူးခြားသော ဖျက်ဆီးခြင်းစွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ထိလိုက်သည်နှင့် အသူရာ၏ နိမိတ်ပုံရိပ်များက ချက်ချင်းပင် ချေမှုန်းခံလိုက်၏။ တကယ့် ခန္ဓာကိုယ်က ပွေ့ဖက်သော အနေအထား ပြုလုပ်လိုက်ရာ ဖျက်ဆီးခြင်းစွမ်းအားရှိသော [ အရုဏ်ဦးပစ်ချက် ] များက အလျင်အမြန် ကျုံ့သွားပြီး တစ်ခုခု၏ ဝါးမျိုခြင်း ခံလိုက်ရသကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။

တဲရစ်က ချန်လွေ့ကို လက်ညှိုးထိုးလိုက်ရာ ကြယ်စင်စုထဲမှ အလွန်ကြီးမားသော လှိုင်းက အမြန်ဆင်းချလာပြီး ရေတံခွန်နှစ်ခုအဖြစ် ကွဲထွက်ကာ ချန်လွေ့နှင့် အသူရာတို့ထံ လောင်းချလိုက်၏။

ထိုအရာက ရိုးရှင်းသော “ရေ” မဟုတ်ဘဲ ရပ်တန့်၍မရသော စွမ်းအားများ ပါရှိသည့် မရေမတွက်နိုင်သော ကြယ်ပွင့်များ ဖြစ်ကြသည်။ ကြယ်ပွင့်များ၏ အမြန်နှုန်းက သိပ်မမြန်လှသော်လည်း ဥပဒေသနှင့် အတော်လေး နီးစပ်သော အငွေ့အသက်တစ်ခုကို ရေးရေးလေး သယ်ဆောင်ထားသည်။ ချန်လွေ့က မရှောင်တိမ်းနိုင်သည့်အတွက် ခုခံ၍သာ လုပ်နိုင်လေသည်။

“ရေတံခွန်”က ချန်လွေ့ဆီ မ‌ရောက်ခင်မှာပင် ပတ်ဝန်းကျင်လေထဲက အစိုင်အခဲ အဖြစ် ပြောင်းလဲသွားပြီး သူ့ကို လှုပ်ရှားရန် ခက်ခဲနေစေကာ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားနေရစေပြီ ဖြစ်သည်။ ချန်လွေ့၏ လက်ထဲ၌ မြောက်အဏ္ဏဝါဓား ပေါ်ထွက်လာပြီးနောက် နူးညံ့သော ရေပုံစံကွက် စက်ဝိုင်းပုံ လှိုင်းတွန့်များဖြင့် ရေတံခွန် ဆီသို့ တည့်တည့်သွားလိုက်သည်။

မတည်ငြိမ်သောလှိုင်းက နူးညံ့သော စီးဆင်းမှုနှင့် ကြုံတွေ့ရလိုက်ပြီး “ရေ” နှစ်ခု၏ စွမ်းအားက ချက်ချင်းပင် ရောယှက်သွားခဲ့သည်။ စိတ်ကူးထားသကဲ့သို့ ထိခိုက်မှုများ၊ တွန်းကန်ခြင်းများ ရှိမနေဘဲ အံ့အားသင့်စွာပင် တိုးမရဆုတ်မရ အခြေအနေ၌ ရောယှက်‌နေလေသည်။

အသူရာက ဖျတ်ခနဲ ပျောက်သွားပြီး ခန္ဓာကိုယ်က အနက်ရောင် အငွေ့အဖြစ် ပြောင်းလဲသွားကာ လေပွေကဲ့သို့ လှည့်ပတ်နေလိုက်သည်။ မတည်ငြိမ်သော အနက်ရောင် အငွေ့က ကြယ်စင်စုရေတံခွန်ကို ဝိုင်းရံလိုက်သည်။ ထို့နောက် ရေတံခွန်က အထူးစွမ်းအား တစ်ခုကြောင့် ခုနှိမ်ခံရပြီး မြန်နှုန်းမြင့် ဝါးမျိုခံနေရသည်။

“ဝုန်း!” ကြယ်စင်စုကို တိုက်ခိုက်ရန် ရေဓားပညာကို အသုံးပြုခဲ့သော ချန်လွေ့က ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်၌ ပေါက်ကွဲသံတစ်ခု ထွက်လာပြီး သူ့မျက်နှာက မူးနေသကဲ့သို့ပင် နီရဲသွားခဲ့သည်။ ကြယ်စင်စုရေတံခွန်၏ အလွန်ကြီးမားသော ဖိအားကို ရင်ဆိုင်ရသည့်အချိန်၌ ကျက်သရေမျှော်စင် အသုံးပြုခြင်း၏ တန်ပြန်မှုက ထိုအချိန် အသက်ဝင်လာခဲ့လေသည်။ ချန်လွေ့၏မျက်နှာက နီသထက် နီလာပြီးနောက် ပြိုလဲကျလုမတတ် ဖြစ်နေခဲ့သည်။ သူ သွေးတစ်လုပ် အန်လိုက်၏။ ရေဓားပညာ ရပ်တန့်သွားသည့်အတွက် လွှမ်းမိုးနေသော ကြယ်စင်စုက ရေလှိုင်းတွန့်များကို ဖြတ်ကျော်လာပြီး သူ့ဆီသို့ အမြန်ရောက်ရှိလာခဲ့သည်။

ကြယ်စင်စု၏ စွမ်းအားက အလွန်ကြီးမားပြီး ကျယ်ပြန့်လှသည်။ ဖောက်ထွင်း မြင်နရသော ဒိုင်းပြာက စက္ကန့်အနည်းငယ်သာခံပြီး ကွဲကြေသွားခဲ့သည်။ အလယ်မှ ပုံရိပ်က မျက်စိတစ်မှိတ် အတွင်းမှာပင် လှိမ့်တက်လာသော ကြယ်စင်စု၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ထိုမြင်ကွင်းက မတည်ငြိမ်သော နေရာလွတ်ထဲ၌ ထင်ရှားနေပုံပေါ်သည်။ ကတ်သရင်း၏ နှလုံးသားက တနုံ့နုံ့ ဖြစ်သွားခဲ့ပြီး သူ့အကြည့်မှ တည်ငြိမ်မှုကို တစ်ခုခုက ရုတ်တရက် စုတ်ဖြဲလိုက်လေသည်။

တဲရစ်က [ အိပ်မက်ကြယ်စင်စုပိုင်နက် ] စွမ်းအားကို အလွန် ယုံကြည်မှု ရှိသည့်အတွက် ချက်ချင်းင် အသူရာထံ အာရုံပြောင်းလိုက်သည်။ အတွေးတစ်ချက်ဖြင့် အသူရာထံ အမြန်ရောက်လာသော ကြယ်စင်စုက ချက်ချင်းပင် မဟာဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ချက် ဝှေ့ရမ်းလိုက်ရာ ၎င်းက အနက်ရောင်အငွေ့ကို အစိတ်ပိုင်းများ အဖြစ်သို့ ပြတ်တောက်သွားစေခဲ့သည်။ အနက်ရောင်အငွေ့က ဒြပ်မရှိသည့်အတွက် အလျင်အမြန် ပြန်လည်စုစည်းသွားသော်လည်း အတွင်းထဲ၌ ကြယ်အလင်းစက်များ ရှိနေကာ အနက်ရောင်အငွေ့ကို ပို၍ပို၍ နှေးကွေးသွားစေသည်။ ၎င်းက အငွေ့ပုံစံ မထိန်းထားနိုင်တော့ဘဲ အသူရာ၏ခန္ဓာကိုယ်အဖြစ်သို့ စုစည်းသွားခဲ့သည်။

တဲရစ်၏ နောက်ကျန်ပုံရိပ်များက မျက်စိတစ်မှိတ် အတွင်းမှာပင် အသူရာ အရှေ့၌ ပေါ်ထွက်လာသည်။ အသူရာက မြန်နှုန်းဖြင့် တိုက်ခိုက်မှုများ ကြားထဲ၌ တဖြည်းဖြည်း နောက်ဆုတ်နေခဲ့သည်။ သူက နိမ့်ကျသော အခြေအနေဖြစ်နေဟန်တူပြီး ဒဏ်ရာများ တဖြည်းဖြည်း ပိုတိုးလာသည်။ တဲရစ်၏ တိုက်ပွဲကို ထိန်းချုပ်နိုင်သော စွမ်းရည်က အသူရာကို ကျော်လွန်ပြီး အရေးနိမ့်သော အခြေအနေသို့ ရောက်သွားစေခဲ့သည်မှာ အသေအချာပင်။

ချန်လွေ့ကို ဝါးမျိုလိုက်သော ကြယ်စင်စုက ရုတ်တရက် ထူးထူးဆန်းဆန်း တွန့်ရှုံ့သွားပြီးနောက် ထူးဆန်းသော အသက်ဓာတ်နှင့် အားကောင်းပြီး ပြင်းထန်သော အငွေ့အသက်များကို ခဏခဏ ပြသနေသည်။ ကြယ်စင်စုက ပေါက်ကွဲထွက်သွားပြီး မြူများအဖြစ်သို့ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ရာ အပူချိန်အမြင့်၌ အငွေ့ပျံ သွားခဲ့ကြသည်။ ထက်မြက်လှသော ချီစွမ်းအင်လှိုင်းများနှင့်အတူ ပုံရိပ်တစ်ခုက ပေါက်ကွဲထွက်လာသည်။

တဲရစ်က ယခင်ပညာရပ်ကိုပင် ပြန်သုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ လင်းလက်နေသော သလင်းကျောက် ကြေးမုံများ မရေတွက်နိုင်အောင် ပေါ်လာခဲ့ပြီး [အရှိန်အဝါဓားသွား]ကို တန်ပြန်စေလိုက်သည်။ ရုတ်တရက် တဲရစ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သလင်းကျောက်ကြေးမုံ မျက်နှာပြင်ပေါ်၌ အက်ကြောင်းတစ်ခု အမှန်တကယ် ပေါ်ထွက်လာခဲ့လေသည်။ ဖောက်ဝင်လာခဲ့သည့် အလွန်လျင်မြန်လှ‌သော ဓားချီစွမ်းအင်က သူ၏ လက်ဖမိုးကို ဒဏ်ရာတစ်ခု ရသွားစေခဲ့သည်။ ထို့နောက် နောက်ထပ် ၁ခု၊ ၂ခု၊ ၃ခု....

ယခုတစ်ခေါက်၌ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့သော ကြေးမုံအကာအကွယ်က အမှန်တကယ် ချိုးဖျက်ခံလိုက်ရလေပြီ။

တဲရစ်က ချက်ချင်းပင် အစွမ်းကို ရုတ်သိမ်းပြီး ထပ်နေသော နောက်ကျန်ပုံရိပ်များက လေထဲရှိ ကြယ်စင်စုထဲသို့ လျှပ်တပြက် ပြန်ရောက်သွားသည်။ သူက သောင်းကြမ်းသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ချန်လွေ့ကို သတိထားကာ ကြည့်နေပြီး သူ့စိတ်ထဲ၌ အလွန်အမင်း ပြင်းထန်သော ကပ်ဘေးတစ်ခုကို ခံစားမိလာသည်။ ရန်သူက နောက်ထပ် လျို့ဝှက်ပညာရပ်တစ်ခုကို သုံးလိုက်တာ အသေအချာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ငါနဲ့ အဆင့်တူအထိကို ကြီးကြီးမားမား တိုးတက်သွားခဲ့တယ်။

ဒါပေမဲ့ အဆောင်ပစ္စည်းကို အတင်းသုံးနေရင်းနဲ့ ဒီလိုမျိုး လျို့ဝှက်ပညာရပ်ကို အသုံးပြုတာက စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်အင်အား အများကြီး ကုန်မှာပဲ။ ဒါကလည်း သူ့ရဲ့ နိုင်ချင်စိတ်ကို ပြသနေတယ်။

တဲရစ်၏ အတွေးများ ပြောင်းလဲသွားခဲ့သည်။ နောက်ကျန်ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီးနောက် သူက လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ အသူရာ ပတ်ပတ်လည်မှ ကြယ်စင်စုက လျို့ဝှက်ဆန်းကြယ်သော ဥပဒေသတစ်ခု ပါဝင်သည့် ပင့်ကူမျှင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ခဏအကြာတွင် ပင့်ကူမျှင်များက အလွန်ကြီးမားသော ကြယ်အလင်း ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အသူရာကို လွှမ်းမိုးသွားတော့သည်။

အသူရာ၏ တိုက်ခိုက်မှုကြောင့် ပိုးအိမ်က ရံဖန်ရံခါ ထိုးထွက်လာနေသော်လည်း သူက ပိုးအိမ်၏ ခုခံမှုကို မဖောက်ထွင်းနိုင်သေးပေ။

ထိုအချိန် ချန်လွေ့က တစ်ခါတည်း တယ်လီပို့ သုံးလေးငါးခါ ခုန်ခဲ့ပြီး နောက်ကျန်ပုံရိပ်များ ဖြစ်စေကာ ထိမ်းမရသိမ်းမရ တိုက်ခိုက်လိုက်သည်။ တဲရစ်က အလွန်ပင် တည်ငြိမ်နေပုံရသည်။ သူက နောက်ဆုတ်ရင်း တိုက်ခိုက်နေပြီး တိုက်ပွဲအား ထိန်းချုပ်သည့် ပါရမီကို အပြည့်အဝ အသုံးချနေခဲ့သည်။ ထိုအရာက ချန်လွေ့အား ထိမ်းမရသိမ်းမရ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်အောင် ဖြစ်စေသည်။

တဲရစ်က ချန်လွေ့ကို မကြောက်ပေ။ သို့သော်လည်း တိုက်ပွဲကို ဆွဲဆန့်ခြင်းက ယခုတွင် အကောင်းဆုံး နည်းဗျူဟာ ဖြစ်သည်။ လျို့ဝှက်ဆန်းကြယ်သောသူ၏ တိုက်ခိုက်‌ရေးစွမ်းအားကို ချုပ်ထိန်းနိုင်ပြီး အက်ဂ်ယော၏ လောင်ကျွမ်းနေသော အသက်ဓာတ် ကုန်ခမ်းသွားပါက သူ မတိုက်ခိုက်ဘဲ အနိုင်ရရှိမည် ဖြစ်သည်။

အခြားအချိန်၊ အခြားနေရာတစ်ခု၌ဖြစ်လျှင် တဲရစ်က ရန်သူအား လုံးဝ တိုက်ခိုက် အနိုင်ယူလိုက်မည် ဖြစ်သည်။ သို့သော်လည်း သူက အင်ပါယာသုံးခု ပျက်စီးခြင်းအတွက် နှစ်ပေါင်း၃၀၀ကျော် အပတ်တကုန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးအချိန်၌ သူ၏ သတိလက်လွတ်မှုကြောင့် မတော်တဆ ဖြစ်မှုကို ရှောင်တိမ်းရပေမည်။

ချန်လွေ့က ခုခံမှုကို လက်လျှော့လိုက်ပြီး အပြင်းအထန် အစွမ်းကုန် စတင် တိုက်ခိုက်တော့သည်။ သူ၏ အချိန်က အမှန်တကယ် ကုန်နေပြီ ဖြစ်သည်။ သူ၏ဝန်က အရေးကြီးသော အမှတ်တစ်ခုကို ကျော်လွန်သွားသည်နှင့် သူရော အသူရာပါ ချေမှုန်းခံရပေလိမ့်မည်။

ရုတ်တရက် တဲရစ်၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီး တစ်ခုခုကို အာရုံခံလိုက်မိသည်။ မဟုတ်ဘူး!

ဘယ်လိုဖြစ်ပြီးတော့ သွေးမြေကျစက်လုံးရဲ့စွမ်းအားက လျော့ကျသွားတာလဲ။

ယုံကြည်မှုစွမ်းအား! တစ်ခုခုက ငါ အပတ်တကုန် စုဆောင်းထားခဲ့တဲ့ ယုံကြည်မှု စွမ်းအားကို အားနည်းအောင် လုပ်နေတာလား။

တဲရစ် တုန်လှုပ်သွားခဲ့သည်။ သွေးမြေကျစက်လုံး၏ သက်ရောက်မှု မရှိတော့သည်နှင့် ကတ်သရင်းနှင့် ရိုင်ဇန်တို့က ပြဿနာထဲမှ ထွက်လာမည် ဖြစ်သည်။ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သူတို့နှစ်ယောက်က အားအင်ကုန်ခမ်းနေသည့်တိုင် သူ ယှဉ်နိုင်မည် မဟုတ်ချေ။

ဒီလိုဆိုရင် အားလုံး ပြီးဆုံးသွားပြီ။

၎င်းကို သဘောပေါက်လိုက်ပြီးနောက် တဲရစ်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူ၏ မျက်လုံးများက အသူရာကို ရစ်ပတ်ထာသော ပိုးအိမ်ထံသို့ ရောက်ရှိသွားသည်။ အရင်းအမြစ်က ဒီလျို့ဝှက်ဆန်းကြယ်တဲ့သူ ဆီကနေပဲ။

လက်စသတ်တော့ သူ့မှာ ဒီလိုကြောက်စရာကောင်းတဲ့ အစီအစဉ်တစ်ခု တကယ် ရှိနေတာကိုး။

“သေစမ်း!”

တဲရစ် အော်ပြောလိုက်ပြီးနောက် နောက်မဆုတ်တော့ပေ။ ကြယ်စင်စုက ရုတ်တရက် တောက်ပသွားခဲ့ပြီး ချန်လွေ့ထံ အစွမ်းကုန် ပြေးဝင်သွားလိုက်သည်။ အဲဒီ လျို့ဝှက် ဆန်းကြယ်တဲ့သူက အက်ဂ်ယောရဲ့ အဆင့်ခေါ်ခံ ဒါမှမဟုတ် လက်အောက်ငယ်သား ဖြစ်ရမယ်။ ဒါကြောင့် အက်ဂ်ယောကို အမြန်ဆုံး သတ်ပစ်မှ ဖြစ်မယ်။

All Chapters