← Chapters

အဆုံးသတ်၊ အစွမ်းထက်ဆုံး၏ ရှုံးနိမ့်မှု

Vol. 47 Ch. 763

အဆုံးသတ်၊ အစွမ်းထက်ဆုံး၏ ရှုံးနိမ့်မှု

Vol. 47 Ch. 763

ကြီးကျယ်ခမ်းနားသော ကြယ်စင်စုနှင့် ပြင်းထန်သော အနီရောင် အလင်းတို့က ထိမ်ချန်ထားခြင်းမရှိဘဲ တည့်တည့် တိုက်မိသွားကြပြီး အလွန်ကြီးမားသော လှိုင်းဒဏ်က နေရာလွတ်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ မီးတောက်နီနှင့် ကြယ်အလင်းရောင်ထဲ၌ ပုံရိပ်နှစ်ခုက ရောယှက်ပြီး အလျင်အမြန် ခွဲခွာသွားခဲ့ကြသည်။ နတ်ဆိုးအရှင်သခင် အဆင့် တစ်ယောက်သာဆိုလျှင် မြန်နှုန်းမြင့် လှုပ်ရှားမှုများကို မြင်နိုင်မည် မဟုတ်ပေ။ ခြေလက်များက နိမိတ်ပုံများဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

နှစ်ယောက်လုံးက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေကြသည်။ [ မီးသင့်နဂါး ဝင်စီးခြင်း ] ကို အသက်သွင်းသွားပြီး အစွမ်းကုန် တိုက်ခိုက်နေသော ချန်လွေ့က သန်းခေါင်နေအရှင် ဝိညာဉ်ရှိသော တဲရစ်သည် စွမ်းအားကြီးလွန်းသောကြောင့် ဖိနှိပ် ခံနေရဆဲ ဖြစ်သည်။

[ အိပ်မက်ကြယ်စင်စုပိုင်နက် ] က [ ကြယ်စင်စုပိုင်နက် ] နှင့်ဆင်တူသော တိုးမြှင့်မှုနှင့် အားလျှော့မှု စွမ်းရည်များ ရှိသော်လည်း မည်သည့် တိုက်ခိုက်မှုပုံစံ မဆိုသို့ စိတ်ရှိသလို ပြောင်းလဲနိုင်ပေသည်။ ကြောက်စရာအကောင်းဆုံး ရန်သူ၏ လှုပ်ရှားမှုများကို အရင်ဆုံး ခန့်မှန်းနိုင်ပြီး တိုက်ပွဲအခြေအနေကို ထိန်းချုပ်သော စွမ်းရည်ပင် ဖြစ်၏။ ရိုင်ဇန်၏ စွမ်းအားက ယခုတွင် S++ အဆင့်ဆိုလျှင် သေချာပေါက် တဲရစ်၏ပြိုင်ဘက် မဟုတ်ပေ။

တဲရစ်ကို အံ့အားသင့်သွားစေသည်က တခါတရံ၌ သူ့ခန္ဓာကိုယ်က ထူးဆန်းသော ဒဏ်ရာများ ရသွားခြင်းပင်။ “အက်ဂ်ယော”ကို ထိသွားသော ထိခိုက်မှု တစိတ်တပိုင်းက တန်ပြန်လာပုံရသည်။ တိုက်ပွဲဆက်ဖြစ်နေရင်း သူ၏ ထိန်းချုပ်စွမ်းရည်က ပို၍ အားနည်းလာခဲ့သည်။ “အက်ဂ်ယော”က အချိန်အများစု၌ တိတိကျကျနှင့် အချိန်ကိုက် တုံ့ပြန်နိုင်လာပြီး တန်ပြန်တိုက်ခိုက်လာသည်။ တဲရစ်က အင်အားအများအပြား ကုန်ခမ်းလာရုံသာမက ဒဏ်ရာများလည်း ပြင်းထန်လာခဲ့သည်။

ထိုတိုက်ပွဲက စစ်တုရင်ကစားပွဲဆိုလျှင် ယခု “အက်ဂ်ယော”၌ သူ့ကို ယှဉ်ကစားရန် စွမ်းရည် ရှိနေပြီ ဖြစ်သည်။ ဒါက မယုံနိုင်စရာကောင်းတဲ့ အပြောင်းအလဲပဲ။ ဒီဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်မှာ ငါ့လို ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ကို ကျော်လွန်နိုင်တဲ့ တိုက်ခိုက်ရေး ပါရမီတစ်ခု ရှိနေတယ်။

ချန်လွေ့၏ မျက်လုံးထဲ၌ တဲရစ်၏ပုံရိပ်က ဖောက်ထွင်းမြင်ရသော လူသားခန္ဓာကိုယ် တစ်ခု ဖြစ်သွားပြီး လှုပ်ရှားမှုတိုင်း၏ လမ်းကြောင်းများ ထူးဆန်းသော အရောင်များ ရှိနေသည်။ နိမိတ်ပုံရိပ်များက ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများကို ကိုယ်စားပြုပြီး အရောင်နက်နဲမှုက တိုက်ခိုက်မှုပြင်းအားကို ကိုယ်စားပြုသည်။ ထိုအရာက ဂိမ်းတစ်ခု၏ တိုက်ခိုက်ရေးဗီဒီယိုကို လေ့လာနေသကဲ့သို့ ဖြစ်နေပြီး အသုံးများဆုံး လှုပ်ရှားမှုများကို ခန့်မှန်းကာ ထိထိရောက်ရောက် တုံ့ပြန်နိုင်စေသည်။ ထိုလေ့လာဆန်းစစ်မှုများကို ခဏချင်းမှာပင် ချန်လွေ့၏ တုံ့ပြန်မှုနှင့်အတူ ပြီးမြောက်သွားခြင်း ဖြစ်သည်။ ထိုအရာက [အထူးစိစစ်မှု]၏ အစွမ်းသတ္တိပင်။

တိုက်ခိုက်ရေးမဟုတ်သော စွမ်းရည်ဖြစ်သည့် [ အထူးစိစစ်မှု ] ကို တကယ့် တိုက်ပွဲ၌ သုံးသည်မှာ ချန်လွေ့အတွက် ပထမဆုံး ဖြစ်နေပြီး အမှန်တကယ်ပင် အံ့သြဖွယ်ရာ သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့သည်။

ထိုလေ့လာဆန်းစစ်မှုက ၁၀၀% မတိကျသော်လည်း ချန်လွေ့၏ ကိုယ်ပိုင် တိုက်ခိုက်ရေးအသိစိတ်နှင့် စိတ်ဝိညာဉ်အာရုံခံတို့ဖြင့် ပေါင်းလိုက်သောအခါ “အံ့သြဖွယ်ရာ ခန့်မှန်းခြင်း” ဟူသည့် လျို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားခြင်းနှင့် ညီမျှသော အမှားအနည်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက်များ ချနိုင်လာခဲ့သည်။ တိုက်ပွဲ အခြေအနေကို လေ့လာဆန်းစစ်ရသည်က သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးလည်း ရှိပေသည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်အပေါ် ဝန်ထုတ်ဝန်ပိုးက အတော်လေး ကြီးမားလာပြီး အထူးသဖြင့် ယခုတွင် သူက အပြင်းအထန် ပင်ပန်းနေပြီ ဖြစ်လေသည်။ သို့သော်လည်း သူက ဂရုမစိုက်နိုင်သေးပေ။

ပြိုင်ဘက်က တိုက်ပွဲအခြေအနေကို မယုံနိုင်စရာ ကောင်းလောက်အောင် တဖြည်းဖြည်း ပြောင်းလဲလာနေကြောင်း မြင်သည့်အခါ တဲရစ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်၏။ သူက အနီးကပ် တိုက်ခိုက်မှုကို လက်လျှော့ပြီး လေထဲသို့ ရောက်ရှိသွားကာ ကြယ်စင်စုပေါ်သို့ ခြေချလိုက်ပြီး လက်များကို ဆန့်ထုတ်ကာ ၎င်းကို အင်အားကြီး စွမ်းအားဖြင့် မရေမတွက်နိုင်သော အလင်းစက်လုံးများအဖြစ် ပြောင်းလဲလိုက်သည်။ အလင်းစက်လုံးများက နေရာလွတ်တစ်ခုလုံးကို ပြည့်နှက်သွား၏။ ချန်လွေ့အတွက် ပြေးပေါက်အားလုံး ပိတ်သွားတော့သည်။

“[ကြယ်စုစည်းပေါက်ကွဲမှု]!!” တဲရစ်က လက်ကို ဝှေ့ရမ်းလိုက်ရာ အလင်းစက်လုံးများက ချန်လွေ့ထံသို့ ခန့်မှန်းရန် မဖြစ်နိုင်အောင် သေချာလေ့ကျင့် ထားသကဲ့သို့ အရှိန်အမျိုးမျိုးဖြင့် အဘက်ဘက်မှ ကျလာတော့သည်။

ထိုအရာက ပိုင်နက်စွမ်းအား အများစုကို ကုန်ဆုံးစေနိုင်သည့် နားလည်ရန် မဖြစ်နိုင်လုနီးပါးဖြစ်သော အစွမ်းတစ်ခု ဖြစ်သည်။ ထိုတိုက်ကွက်က ရန်သူကို အဆုံးသတ်စေနိုင်မည်ဖြစ်ကြောင်း တဲရစ်က ယုံကြည်နေခဲ့သည်။

ချန်လွေ့က အလျင်အမြန်ပင် နေရာရွှေ့ပြောင်းပြီး လေထဲ၌ ရှောင်တိမ်းလိုက်၏။ သူက မြောက်အဏ္ဏဝါးကို လေဓားပညာဖြင့် ခုခံကာ ဝှေ့ရမ်းနေသော်လည်း အခြေအနေက ဆိုးသထက် ဆိုးလာသည်။ ထိုအလင်းစက်လုံးများ၏ ကြောက်မက်ဖွယ်ရာအချက်က တစ်ခုတည်းတွင် ပေါက်ကွဲမှုစွမ်းအား ပါရှိရုံသာမက အဆုံးမဲ့သော စက်လုံးများထဲ၌ ပိုများနေခြင်းပင်။ တစ်ကွက် နှေးသွားသည်နှင့် တိုက်ခိုက်မှုများ ပို၍ပို၍ ရောက်လာမည် ဖြစ်သည်။

ချန်လွေ့က အကောင်းဆုံး ကြိုးစားပြီး ရှောင်တိမ်း ခုခံနေသော်လည်း မည်မျှပင် ပျံသန်း၊ တယ်လီပို့ခုန်စေကာမူ ပတ်ပတ်လည်၌ အမြဲပင် မရေမတွက်နိုင်သော အလင်းစက်လုံးများ ရှိနေခဲ့သည်။ မြောက်အဏ္ဏဝါဓားပေါ်မှ ဖိအားများက တဖြည်းဖြည်း အားကောင်းသထက် အားကောင်းလာပြီး တောင်တစ်တောင် ဖိထားသလို ဖြစ်လာသည်။ ရေဓားပညာကို သုံး၍မရတော့သော အခိုက်အတန့်၌ လမ်းကြောင်းပြောင်းမရသော အလင်းစက်လုံးတစ်ခု ပေါက်ကွဲသွားတော့သည်။ ထို့နောက် ကောင်းကင်မှ ပျံသန်းနေသော အလင်းစက်လုံးများက တနေရာတည်းကို စုစည်းသွားကာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေခဲ့သည်။

ဘုန်း.....ဘုန်း...ဘုန်း....

နေရာလွတ်က အလွန်ကြီးမားသော တုန်လှုပ်မှုနှင့် ပျက်ယွင်းမှုများ ဖြစ်သွားသည်။ ကတ်သရင်းနှင့် ရိုင်ဇန်တို့က အမြင်များ ဝေဝါးသွားသလို ခံစားလိုက်ကြရပြီး အက်ဂ်ယော၏ အဆောင်ပစ္စည်းက တဖြည်းဖြည်း ကွယ်ပျောက်လာနေသကဲ့သို့ပင် သီးခြားနေရာလွတ်က ဗလာနတ္ထိ ဖြစ်လာသည်။ ချွမ်းခနဲ အသံနှင့် ဓားတစ်လက်က လွင့်ထွက်ပြီး မြေပေါ်သို့ ကျသွားခဲ့သည်။ ထိုအရာက မြောက်အဏ္ဏဝါဓားပင်။

တဲရစ်က ကြယ်စင်စုကို တက်နင်းထားပြီး လေဟုန်စီးကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့သည်။ သူက ချုံးချုံးကျ ဖြစ်နေသော်လည်း ကတ်သရင်းနှင့် ရိုင်ဇန်တို့ကို ငုံ့ကြည့်နေကာ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ကွဲကြေသွားသည်ကို ဟားတိုက်သကဲ့သို့ ဖြစ်နေပြီး သူ့မျက်နှာက အောင်နိုင်သူတစ်ယောက်၏ ဂုဏ်ယူမှုမျိုး ဖြစ်နေခဲ့သည်။

တဲရစ်၏ မောက်မာမှုက ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး သလင်းကျောက် တစ်ခုကြောင့် သူ့ပုံရိပ်က အလင်းယိုင်သွားခဲ့သည်။ ခွဲခြားထားသော နေရာလွတ်တစ်ခုက ဒြပ်ဝတ္ထု ဖြစ်တည်လာခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် အသူရာကို အကျဉ်းချထားသော အလင်းပိုးအိမ်က ရုတ်တရက် ပေါ်ကွဲထွက်သွားကာ လေထဲ၌ ရုတ်တရက် သုံးကိုယ် ခွဲလိုက်၏။ သူတို့က တဲရစ်ကို တြိဂံပုံစံဖြင့် ဝိုင်းရံထားလိုက်ကြသည်။

ထပ်ပြီးတော့ ပုံရိပ်ယောင်ပဲလား။ တဲရစ်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ပုံစံတည်း တူနေသော အသူရာ သုံးယောက်ကို ကြည့်နေလိုက်သည်။ အကြောင်းရင်းအချို့ကြောင့် သူတို့သုံးယောက်လုံးက အစစ်အမှန်ကဲ့သို့ ခံစားနေရပြီး တဲရစ်၏ စိတ်ထဲ၌ အန္တရာယ် အငွေ့အသက်တစ်ခုက ပိုမို၍ ပြင်းထန်လာခဲ့သည်။ ငါ အရင်ဆုံး လှုပ်ရှားရမယ်။

တဲရစ်က ကြယ်စင်စုစွမ်းအားကို အသက်သွင်းတော့မည့် အချိန်၌ ရုတ်တရက် ချဉ်းကပ်လာသော အေးစက်မှုကို ခံစားလိုက်မိပြီး ကြက်သီးထမိသွားသည်။ နောက်ထပ် စက္ကန့်တွင် သန့်စင်သော ပိုင်နက်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ကြယ်စင်စုက ထိုထူးခြားသော အေးစက်မှုကြောင့် အမှန်တကယ် အေးခဲသွားသည်ကို တွေ့လိုက်ရာ အံ့သြသွားခဲ့သည်။ ထိုအေးစက်မှုက သာမန်ရေဒြပ်စင် မှော်စွမ်းအား မဟုတ်ဘဲ ဝိညာဉ်ထဲ ဖောက်ဝင်နိုင်သည့် ဖျက်ဆီးခြင်းပိုင်နက်စွမ်းအား တစ်မျိုး ဖြစ်သည်။ ဒါက အောက်မှာရှိတဲ့ “အက်ဂ်ယော”ဆီကနေ လာနေတာပဲ။

[ အိပ်မက်ကြယ်စင်စုပိုင်နက် ] နဲ့ [ ကြယ်စုစည်းပေါက်ကွဲမှု ] ရဲ့ အစွမ်း အပြည့်အဝ ထိပြီးသွားတာတောင် သူက မတ်တပ်ရပ်ပြီးတော့ ဒီလိုထူးဆန်းတဲ့ အစွမ်းမျိုးကို သုံးနိုင်နေသေးတယ်။

ထိုအရာက ချန်လွေ့၏ နောက်ဆုံးအင်အားလည်းဖြစ်သော [ ဆောင်းပိုင်နက် ] ဖြစ်၏။ သူက[ကြယ်လမ်းလွှဲ]၊ [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] နှင့် နတ်ဆိုးဒိုင်းတို့ကို ဆက်တိုက်သုံးခဲ့သော်လည်း [ကြယ်စုစည်းပေါက်ကွဲမှု]ကို ခုခံနိုင်ရုံသာ ဖြစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။

တိုးလာသော တန်ပြန်မှုနှင့် ယှဉ်ပါက ထိုဒဏ်ရာများက ဘာမှမဟုတ်ပေ။ အဆိုးရွားဆုံး အရာမှာ [ မီးသင့်နဂါးဝင်စီးခြင်း ] အခြေအနေက သိသိသာသာ ကျဆင်းပြီး ပျောက်ကွယ်တော့မည် ဖြစ်နေခြင်းပင်။ ချန်လွေ့၌ ထိုနောက်ဆုံး အားအင်သာ ကျန်တော့သည်။

[မီးသင့်နဂါးဝင်စီးခြင်း] က ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို တိုးမြှင့်ပေးရုံသာမက ထိခိုက်မှုကို ခံနိုင်သော စွမ်းရည်လည်း ရှိသည်။ အားတိုးဆေး ထိုးလိုက်သမျိုး ဖြစ်သည်။ အရှိန်ကုန်သွားသည်နှင့် ယခင် တန်ပြန်မှုနှင့်ဝန်က ဆက်တိုက် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ သူက ပြိုလဲပြီး မပျောက်ကွယ်သွားလျှင်ပင် တိုက်ခိုက်ရေး စွမ်းအား လုံးဝ ဆုံးရှုံးသွားမည် ဖြစ်သည့်အတွက် ထိုမတိုင်ခင် တဲရစ်ကို ရှင်းပစ်ရပေမည်။

တဲရစ်က ကြယ်စင်စုကို စွမ်းအားအကုန်ဖြင့် ထိန်းချုပ်နေခဲ့သည်။ အေးခဲနေသော ဧရာမမြစ်ပေါ်၌ သလင်းကျောက် မီးတောက်ဖြူများ လွင့်ပျံလာသည်။ သူတို့က အေးခဲမှတ်ကို အရည်ပျော်စေတော့မည့် အချိန်၌ သတိပေးသော နိမိတစ်ခုက ရုတ်တရက် လှိမ့်တက်လာသည်။ အသူရာသုံးယောက်၏ ခန္ဓာကိုယ်ပေါ်၌ အားကောင်းသော တောက်ပမှုတစ်ခု ရှိနေသည်။ ထိုကဲ့သို့ တောက်ပမှုမျိုးက ကြယ်အလင်းတစ်မျိုးကဲ့သို့ ဖြစ်နေပြီး [ အိပ်မက်ကြယ်စင်စုပိုင်နက် ] ထက် အဆပေါင်းသန်းနှင့်ချီ တောက်ပနေ၏။

“[ စူပါနိုဗာပေါက်ကွဲမှု ]!!”

အသံ၃သံက တချိန်တည်း ထွက်ပေါ်လာခဲ့သည်။ တဲရစ်တွင် ခံစားချက်တစ်ခု ကျန်ရစ်ခဲ့ပြီး ကြယ်စင်စု ပေါက်ကွဲထွက်သွားသည်။

ကြယ်စင်စုသာမက တကယ့်ကြယ်များလည်း ပေါက်ကွဲထွက်သွားပြီး ဖော်ပြ၍ မရနိုင်သော တောက်ပမှုနှင့် လင်းလက်မှုများ ပြည့်နေသော ဖျက်ဆီးခြင်းတစ်မျိုး ဖြစ်၏။

ထိုအရာက ချက်ချင်းပင် တဲရစ်ကို လွှမ်းမိုးသွားလိုက်သည်။

သီးခြားနေရာလွတ် အပြင်ဘက်မှ ရိုင်ဇန်နှင့် ကတ်သရင်းတို့က တည့်တည့်ပင် မကြည့်နိုင်သော တလက်လက် တောက်ပမှုတစ်ခုကိုသာ မြင်လိုက်ကြရ၏။

အပြင်းအထန် တုန်ခါမှုကြားထဲ၌ ရောယှက်နေသော နေရာလွတ်က အပြင်းအထန် တုန်ခါသွားခဲ့ပြီး နောက်ဆုံးတွင် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျက်သရေမျှော်စင်၏စွမ်းအား ပျောက်ကွယ်သွားလေပြီ။

တလက်လက် အလင်းရောင် ကွယ်ပျောက်ပြီးနောက် ကြယ်စင်စု၊ သွေးအလင်းရောင် နှင့် ပေါက်ကွဲမှုတို့လည်း ပျောက်ကွယ်သွားကာ ရပ်နေသော အသူရာနှင့် တဲရစ်တို့၏ ပုံရိပ်နှစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

အသူရာ၏ခန္ဓာကိုယ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး သူ၏ အငွေ့အသက်က ကြီးကြီးမားမား အားနည်းလာခဲ့သည်။ တဲရစ်၏ မျက်နှာကလည်း သွေးများပြည့်နေပြီး ယခင်က တောက်ပနေသော နိမိတ်ပုံရိပ် ချပ်ကာလည်း သူ၏ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ၎င်းက အလျင်အမြန်ပင် အမှုန့်ဖြစ်သွားကာ ပျောက်ကွယ်သွားခဲ့သည်။

သူတို့နှစ်ယောက်၏ စွမ်းအားက အနိမ့်ဆုံး အဆင့်အထိ အသေအချာပင် ကျဆင်းသွား၏။ အထူးသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ဝေဝါးနေပြီး ပျောက်ကွယ်လုမတတ် ဖြစ်နေသော အသူရာပင်။

ချန်လွေ့က မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အကြောဆွဲနေပြီး ရံဖန်ရံခါ အက်ကွဲသံများ ပေါ်ထွက်လာသည်။ သို့ရာတွင် သူက မလှုပ်ရှားနိုင်တော့ဘဲ တိုက်ခိုက်ရေးစွမ်းအား လုံးဝ ဆုံးရှုံးသွားခဲ့လေပြီ။

“မင်းက ငါ့ကို ဒီလောက်အထိ တွန်းပို့နိုင်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။ အမျက်ဘုရင်က ပေးထားတဲ့ ချပ်ကာ အကာအကွယ်ကြောင့်သာ မဟုတ်ရင် ခုနက တိုက်ကွက်ရဲ့စွမ်းအားကြောင်း ငါ သေသွားလောက်ပြီ။” တဲရစ်က အပြင်းအထန် မောဟိုက်နေ၏။ ထိုစကားများက ဘေးနားတွင် လဲကျနေသော ချန်လွေ့ကို ဦးတည် ပြောနေခြင်း ဖြစ်သည်။ “ကံဆိုးချင်တော့ ဒီလောက်ထိတောင် မလုံ‌လောက်သေးဘူး။ မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်‌ယောက်ဆိုတာ ငါ ဝန်ခံတယ်။ မင်းက အဲဒီတုန်းက ဂလော်ဖင်းထက် အများကြီးသာတယ်။ ဒါပေမဲ့ ငါက မင်းထက်ပိုပြီးတော့ အစွမ်းထက်တယ်။ ပိုဇွဲကောင်းတယ်။ အဲဒါကြောင့် ငါက အောင်နိုင်သူပဲ။ အခု မင်းရဲ့ အသက်ကို ကုန်ခမ်းစေနေတဲ့ လျို့ဝှက်ပညာရပ်က အပြည့်အဝ တန်ပြန်နေပြီ။ ငါ မင်းကို သတ်လိုက်တာနဲ့ မင်းဆင့်ခေါ်ထားတဲ့ လက်အောက်ငယ်သားနဲ့ မင်းသေသွားတာနဲ့အတူ ပျောက်ကွယ်သွားမှာပဲ။”

တဲရစ်ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ချန်လွေ့၏ ခန္ဓာကိုယ်က ဝန်ပိနေပြီး မောပန်းနေကာ နောက်ဆုံး၌ တန်ပြန်မှုက ထိန်းချုပ်မရဘဲ ပေါက်ထွက်လာခဲ့သည်။ သူ၏ ကြွက်သားတစ်ခုချင်းစီတိုင်းက တွန့်လိမ်နေပြီး ဝိညာဉ်ကို နည်းနည်းချင်း ဆုတ်ဖြဲနေသလို ခံစားနေရသည်။ အချိန်မရွေး လုံးဝ ပြိုလဲသွားနိုင်သော အန္တရာယ်တစ်ခု ရှိနေ၏။ “နာကျင်မှု”ဟူသော စကားလုံးက သူ၏ခံစားချက်များကို မဖော်ပြနိုင်တော့ပေ။

တဲရစ်၏ ညာလက်က တလက်လက် ကြယ်အလင်းရောင်များ ထွက်ပေါ်လာပြီး ဓားတစ်လက်အဖြစ် စုစည်းလိုက်သည်။ ချန်လွေ့တွင် ရှောင်တိမ်းရန်၊ ခုခံရန်မပြောနှင့်၊ လက်တစ်ချောင်းကိုပင် မနိုင်ရန် အားမရှိတော့ပေ။

သူက အကုန်ပုံအောခဲ့ပြီးလေပြီ။

အသူရာ၏ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ခန္ဓာကိုယ်က သူ့နောက်တွင် ပေါ်ထွက်လာသည်။ တဲရစ်က အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သည်။ သူက အသူရာဘက်သို့ လှုပ်ရှားနေရင်း နောက်ကျန်ပုံရိပ်များ ပေါ်ထွက်လာခဲ့ကာ ကြယ်အလင်းဓားဖြင့် ထိုးစိုက်လိုက်၏။ တဲရစ်အတွက် အံ့အားသင့်စွာပင် အသူရာက မရှောင်တိမ်းခဲ့ဘဲ ဓားကို ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်စေလိုက်သည်။

ဓားက ထူးဆန်းစွာပင် ရုတ်တရက် ပျောက်ကွယ်သွား၏။ တချိန်တည်း နီးပါးမှာပင် အသူရာ၏ ညာလက်၌ တူညီသော ဓားတစ်လက် ထွက်ပေါ်လာသည်။ တဲရစ် ထိတ်လန့်သွား၏။ သူက ရှောင်တိမ်းရန် ခြေတစ်လှမ်း နောက်ကျသွားသည့်အတွက် ဓားဖြင့် ထိုးစိုက်ခံလိုက်ရသော်လည်း ကြယ်အလင်းဓား ပေါက်ကွဲသွားသောအခါ သူ၏ သွေးများက နေရာအနှံ့သို့ လွင့်စင်သွားခဲ့သည်။

ထိုအရာက အသူရာ၏ အစွမ်းတစ်ခုဖြစ်သော ကိုယ့်အစွမ်းနှင့်ကိုယ်ပြန်ထိခြင်းပင်။

တဲရစ်က မသဲမကွဲ အသံတစ်ခု ထွက်လာပြီးနောက် အံကြိတ်ကာ ချက်ချင်းပင် အသူရာ၏ ပုခုံးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်၏။ ကြယ်အလင်းပွင့်များက အသူရာကို ချိန်းကြိုးတစ်ခုသဖွယ် အလျင်အမြန် ရစ်ပတ်သွားခဲ့သည်။ တဲရစ်က လက်ချောင်းပေါ်၌ အားစိုက်ထုတ်လိုက်၏။

“ဘုန်း!!!”

နောက်ဆုံး၌ အသူရာ တောင့်မခံနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်လှသော အလင်းရောင်ထဲ၌ ချေမှုန်းခံလိုက်ရတော့သည်။

အလင်းရောင်များက ချန်လွေ့၏ ပိတ်လုနီးပါး မျက်လုံးထဲသို့ ကျရောက်သွား၏။ သူ၏ နှုတ်ခမ်းက အနည်းငယ် လှုပ်သွားခဲ့သည်။ တစ်ယောက်ယောက်က အနားတွင် ရှိနေလျှင် တစ်စုံတစ်ယောက်၏ နာမည်ကို ရေးရေးလေး ကြားနိုင်မည် ဖြစ်သည်။

တဲရစ်က ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူ ယိမ်းထိုးသွားပြီး လဲကျတော့မလို ဖြစ်သွားသော်လည်း နောက်ဆုံး၌ ဟန်ချက်ညီအောင် ပြုလုပ်လိုက်နိုင်သည်။ အသူရာ ပျောက်ကွယ်သွားပြီးနောက် သွေးမြေကျစက်လုံး၏ မှော်အစီအရင်မှ ယုံကြည်မှုစွမ်းအား အားနည်းလာခြင်း ရပ်တန့်သွားကြောင်း တဲရစ် သေသေချာချာ ခံစားလိုက်မိသည်။ သွေးမြေကျစက်လုံး အစီအရင်က အတိုင်းအတာ တစ်ခုအထိ ထိခိုက်သွားသော်လည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ပေသေးသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါက နောက်ဆုံး အောင်နိုင်သူပဲ။ ငါ ရှုံးနိမ့်မှာ မဟုတ်....” သူ စကား မဆုံးသေးခင်မှာပင် ရုတ်တရက် မယုံနိုင်သော အမူအရာတစ်ခု ပြသလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး နှလုံးသားကို စိုက်ဝင်သွားသော ဓားကို ကြည့်လိုက်မိသည်။ ဓားသွားက ကြည်လင်နေပြီး ဒဏ်ရာနှင့် တင်းတင်းကြပ်ကြပ် ချိတ်ဆက်ထားသော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ထုတ်လွှတ်နေ၏။ ခန္ဓာကိုယ်စွမ်းအား အလျင်အမြန် ဝါးမျိုခံရရုံသာမက ဝိညာဉ်သည်ပင် စတင်၍ ကွဲကြေလာသည်။

“ဒါက...[ ဝိညာဉ်ဖြတ်တောက်ခြင်း ] ပဲ။” တဲရစ်က အလန့်တကြား အော်ပြောလိုက်သည်။ သူ၏လည်ပင်းကို လက်တစ်ဖက်က တင်းတင်းကြပ်ကြပ် ဖက်ထားနေ၏။ သူက ဟန်ချက်မရှိတော့ဘဲ နောက်သို့ လဲကျသွားတော့သည်။ “ကြယ်ကြွေတမန်ဓား!!”

သူ့နောက်မှ ဓားနှင့်လူက နောက်ဆုံးအားအင်ကို အသုံးပြုလိုက်ပြီးနောက် မတောင့်ထားနိုင်ဘဲ တဲရစ်၏ တွန်းလှဲခြင်းကို ခံလိုက်ရသည်။ သို့သော်လည်း ထိုသူက တဲရစ်၏ လည်ပင်းကို အတင်းအကြပ် ဖက်ထားနေခဲ့သေးသည်။

“အက်ဂ်ယော။ မင်း....” တဲရစ်က စကားအနည်းငယ်သာ ပြောလိုက်နိုင်၏။ သူ၏ မျက်နှာက နီလာပြီးနောက် အချုပ်အနှောင်မှ မဖောက်ထွက်နိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်နှစ်ခု ရှိနေပြီး တိုက်ခိုက်ရာတွင် တာဝန်ယူထားသော သန်းခေါင်နေအရှင်က အလွန် အင်အားကြီးပေသည်။ သို့ရာတွင် ရန်သူ၏ ဝိညာဉ်စွမ်းအားကို ပိုင်းဖြတ်ပြီး တခါတည်း သတ်ပစ်နိုင်သော ကြယ်ကြွေတမန်ဓား၏ [ ဝိညာဉ်ဖြတ်တောက်ခြင်း ] စွမ်းရည်က သူ၏ ဝိပါက် အတိအကျ ဖြစ်နေခဲ့သည်။

ဖြစ်ချင်တော့ ကြယ်ကြွေတမန်ဓားမှာ သန်းခေါင်နေအရှင် ပိုင်ဆိုင်ခဲ့ဖူးသော အဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ အဆောင်ပစ္စည်းကို ပိုင်ဆိုင်ထားခဲ့ဖူးသော သူ့အတွက် အဆောင်ပစ္စည်း၏ သတ်ဖြတ်ချင်စိတ်ကို တားဆီးရန် နည်းလမ်းမရှိခဲ့ပေ။

ဧကန္တ.....ငါ လူစီဖာတော်ဝင်မိသားစုဆိုတဲ့ သရုပ်နဲ့ အတိတ်ကို စွန့်ပစ်ခဲ့တဲ့အချိန်က ငါ့ကို အဆောင်ပစ္စည်းကလည်း စွန့်ပစ်သွားတာများလား။

ရုတ်တရက် တဲရစ်က ပို၍ပင် ထိတ်လန့်စရာ အရာတစ်ခုကို တွေးမိသွားသည်။ ဘာလို့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အက်ဂ်ယောက လူစီဖာ‌တော်ဝင်မိသားစုရဲ့ ကြယ်ကြွေတမန်ဓားကို သုံးနိုင်နေရတာလဲ။ ကြယ်ကြွေတမန်ဓားရဲ့ [ ဓားထိန်းချုပ်မှု ] နဲ့ အဝေးကနေ ထိန်းချုပ်နိုင်ပေမဲ့ အခု ရှီရာက သတိလစ်နေတယ်။ ဒါက သွေးကောင်းချီးရဲ့ အထူးလျို့ဝှက်ပညာရပ် တစ်ခုလား။ အဲဒါကြောင့် သူက ဒါကို ယာယီ သုံးနိုင်တာလား။ ငါက ကြယ်ကြွေတမန်ဓားကို နှစ်ရာပေါင်းများစွာ ကိုင်ခဲ့ပေမဲ့ ဒီလိုမျိုးရှိတာကို မသိခဲ့ဘူး။

တဲရစ်၏ ဝိညာဉ်စွမ်းအား အလျင်အမြန် အားနည်းလာသည်နှင့်အမျှ သွေးမြေကျ စက်လုံး၏ အစီအရင်က နောက်ဆုံးတွင် စတင်၍ တဖြည်းဖြည်း ပြိုကွဲလာခဲ့သည်။ သူ မည်မျှပင် ကြိုးစားစေကာမူ ဝိညာဉ်စွမ်းအား အလျင်အမြန် ဆုံးရှုံးမှုကို မတားဆီးနိုင်ပေ။ သူ၏ စွမ်းအားအကုန်ကို ကြယ်ကြွေတမန်ဓားကို စုပ်ယူနေသည်ကိုသာ ခံစားမိသည်။

“ခင်ဗျား ရှုံးသွားပြီ....” ချန်လွေ့၏ အားနည်းသော အသံက နောက်မှ ထွက်လာသည်။ တဲရစ်၏လည်ပင်းကို ဖက်ထားသော သူ၏လက်က အားမရှိတော့ဘဲ ခန္ဓာကိုယ်က ဆက်လက်၍ ပေါက်ကွဲနေသော်လည်း လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။

“မင်းမှာ ဘာလို့ ဒီလိုအင်အားမျိုး ရှိနေရသေးတာလဲ...” တဲရစ်၏ ဝိညာဉ်က အလွန်အမင်း အားနည်းနေပြီဖြစ်ကာ သူ၏လေသံက ပြင်းပြသော မခံမရပ်နိုင်မှုများ ဖော်ပြနေဆဲ ဖြစ်သည်။ ကြယ်ကြွေတမန်ဓားနှင့်ယှဉ်လျှင် ထိုအဖြစ်အပျက်က သူ့ကို ပို၍ပင် စိတ်ရှုပ်သွားစေသည်။ အက်ဂ်ယောက အဆောင်ပစ္စည်းကို အသက်သွင်းဖို့နဲ့ တိုက်ပွဲမှာ လျို့ဝှက်ပညာရပ် သုံးဖို့အတွက် အသက်ဓာတ်ကို လောင်ကျွမ်းခဲ့ရတယ်။ နောက်တော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တန်ပြန်မှုကြောင့် လုံးဝ ဆုံးရှုံးသွားခဲ့တယ်။ သူက ထပ်ပြီးတော့ မတ်တပ်ရပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုတော့ သူက အဆောင်ပစ္စည်းရဲ့ အထောက်အပံ့ ဆုံးရှုံးသွားတာတောင် နောက်ဆုံး အဆုံးသတ် တိုက်ခိုက်ဖို့အတွက် သွေးမြေကျစက်လုံးရဲ့ အစီအရင်ကို တကယ်ကြီး ခုခံခဲ့တယ်။

“ခင်ဗျားက ကျုပ်ထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ပိုပြီးတော့ အကြမ်းခံနိုင်တယ်။ ပိုပြီးတော့ ဇွဲကောင်းတယ်...” ချန်လွေ့က ပင့်သက်ရှိုက်လိုက်၏။ “ခင်ဗျားက ကိုယ်ပိုင် စွမ်းအားအတွက် အသက်ပေါင်း သန်းနဲ့ချီကို စတေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားမှာက ကိုယ့်ကိုယ်ကိုယ် စတေးနိုင်လောက်အောင် ကာကွယ်ချင်တဲ့ အရာ မရှိဘူး.....”

“ဒါပေမဲ့ ကျုပ်မှာတော့....” ချန်လွေ့က ခေါင်းကို နောက်လှည့်ကြည့်ရန် အားမရှိတော့ပေ။ ထို့ကြောင့် သူက အကြည့်ကို ကတ်သရင်းနှင့် ရှီရာတို့ ရှိနိုင်သည့် ဘက်သို့သာ စောင်းကြည့်လိုက်ရသည်။ “....ရှိတယ်။”

“အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ပဲ....” တဲရစ်၏ အမြင်ကလည်း စတင်၍ မှိန်ကျလာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ပုံရိပ်က ဖြည်းဖြည်းချင်း ထလာသည်ကို ရေးရေးလေးသာ မြင်နိုင်တော့သည်။ “ရိုင်ဇန်....”

“သန်းခေါင်နေ....” ရိုင်ဇန်က တဲရစ်ထံသို့ တစ်လှမ်းချင်း လျှောက်လာပြီးနောက် တဲရစ်၏ လက်ရှိအခြေအနေက အခြားသူများ တစ်ခုခုလုပ်ရန် မလိုတော့သည်ကို မြင်နေရသည့်အတွက် မလှုပ်ရှားခဲ့ပေ။

“မင်း....ငါ့ကို မနိုင်ခဲ့ဘူး....”

“ငါမင်းကို မနိုင်ဘူး။ ငါက မင်းနောက်ကို တဘဝလုံး လိုက်နေခဲ့တာ။” ရိုင်ဇန်၏ နက်ရှိုင်းသော မျက်လုံးများက ထူးဆန်းသော ခံစားချက်တစ်ခု ပြသလိုက်သည်။ “ငါက တိုင်းပြည်အဆင့်ကို ရောက်ခဲ့တာတောင် မင်းရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ရသေးတယ်။ ငါက မင်းကို မယှဉ်နိုင်ဘူး။”

ရိုင်ဇန်က ခဏရပ်ပြီး ထပ်ပြောသည်။ “ငါမင်းကို အနိုင်ရခဲ့တဲ့ တစ်ခုတည်းသော အရာက မင်းရဲ့သားထက် ငါ့သားကို ပိုတော်တာပဲ....”

တဲရစ်၏ ကွဲပြားသွားသော အကြည့်က ရုတ်တ်ရက် တောက်ပသွားခဲ့ပြီး တစ်ခုခုကို ပြောချင်နေပုံရသည်။ သူ၏ အမူအရာက တဖြည်းဖြည်း အေးခဲသွားပြး မျက်လုံးထောင့်မှ မျက်ရည်တစ်စက် တဖြည်းဖြည်း စီးကျလာခဲ့သည်။

သွေးမြေကျစက်လုံး တစ်ခုလုံး၏ မှော်အစီအရင်စွမ်းအား ပျောက်ကွယ် သွားပြီးနောက်တွင် တဲရစ်၏ခန္ဓာကိုယ်မှ ထူးဆန်းသော ပုတီးနီစေ့တစ်လုံး မြင့်တက်လာကာ ကောင်းကင်ထဲ၌ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး တဲရစ်၏ ခန္ဓာကိုယ်က ရိုင်ဇန်၏ လက်ထဲသို့ ကျရောက်သွားသည်။ သွေးရောင်အလင်း လက်ခနဲ ဖြစ်သွားပြီးနောက် ရိုင်ဇန်လည်း ပျောက်ကွယ်သွား၏။

မျက်နှာလွှားနှင့် မျက်နှာတစ်ခုက သူ၏အမြင်ထဲ၌ ပေါ်ထွက်လာသည်။ နက်ရှိုင်းသော မျက်လုံးများက သလင်းကျောက်အရောင်များ တောက်နေပြီး ဝေဝါးနေပုံ ပေါ်သည်။

ချန်လွေ့က လုံးဝ စိတ်အေးသွားသလို ခံစားလိုက်ရသည်။ အရာအားလုံးက အလွန်အမင်း တိတ်ဆိတ်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများကိုပင် မကြားရတော့ပေ။ ထို့နောက် သူ၏အသိစိတ်က အမှောင်ထုထဲ ကျရောက်သွားတော့သည်။

All Chapters