← Chapters

ကြောက်မက်ဖွယ်ရာ။ မစ်-နတ်မိမယ်နဂါး၏ စွမ်းအားအပြည့်တိုက်ခိုက်မှု

Vol. 47 Ch. 752

ကြောက်မက်ဖွယ်ရာ။ မစ်-နတ်မိမယ်နဂါး၏ စွမ်းအားအပြည့်တိုက်ခိုက်မှု

Vol. 47 Ch. 752

အလင်းတန်းများက အလွန်ကြီးမားသော ရဲတိုက်မှ ထွက်လာပြီး လေသင်္ဘောများ ပစ်ချသော ဗုံးများကို တိတိကျကျ ထိသွားသည်။ လေသင်္ဘောများက လေထဲ၌ ပဲ့ကိုင်နိုင်စွမ်း အားနည်းသည့်အတွက်ကြောင့် လွယ်ကူသော ပစ်မှတ်များ ဖြစ်သွားကြပြီး တစ်စင်းနှင့်တစ်စင်း တိုက်မိသွားကြတော့သည်။

သွေးရောင်အင်ပါယာမှ လေကြောင်းဗိုလ်ခြေက အိပ်မက်မှ နိုးထလာကြဟန်တူပြီး နဂါးစီးနင်းသူများက ကြောက်လန့်နေသော နတ်ဆိုးသားရဲများကို အကောင်းဆုံး ကြိုးစား ထိန်းချုပ်ပြီး ရဲတိုက်ကြီးကို တိုက်ခိုက်ကြသည်။ သို့ရာတွင် ထိုကဲ့သို့ အလွန်ကြီးမားပြီ အကာအရံ အပြည့်အဝ ရှိနေသော မိုးပျံရဲတိုက်ကို ရင်ဆိုင်ရာ၌ နတ်ဆိုးသားရဲများနှင့် လက်ရွေးစင်ဗိုလ်ခြေများကပါ အားကိုးရာ မဲ့နေသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ဝိုင်ဗန်များ၏ အဆိပ်ဖြစ်စေ၊ နဂါးစီးနင်းသူများ၏ သာမန်စွမ်းအင်တိုက်ခိုက်မှုဖြစ်စေ၊ ရဲတိုက်၏ အပြင်ဘက်ဆုံးအကာအရံကို မထိခိုက်စေနိုင်ခဲ့ပေ။ ရဲတိုက်မှ ထွက်လာသော အလင်းရောင်များက နဂါးစီးနင်းသူများအတွက် အိပ်မက်ဆိုးပင်။

စွမ်းအင်အမြောက်များ တစ်ခုပြီးတစ်ခု လက်နေရင်း ရဲတိုက်က တဖြည်းဖြည်း ရွေ့လျားလာသည်။ သွေးရောင်အင်ပါယာမှ နဂါးစီးနင်းသူများနှင့် မိုးပျံနတ်ဆိုးသားရဲများ ရံဖန်ရံခါ ပြုတ်ကျလာကြသည်။ သွေးရောင်အင်ပါယာမှ ဗိုလ်ခြေနှစ်ခုက ရှီရာ၏ အမိန့်အောက်တွင် မြေပြင်သို့ ဆုတ်ခွာလိုက်ကြပြီ ဖြစ်သည်။

သုံးလေးခေါက် တိုက်ခိုက်ပြီးနောက် သွေးရောင်အင်ပါယာမှ လေသင်္ဘောအများစုကို ချေမှုန်းလိုက်နိုင်ပြီး လေကြောင်းဗိုလ်ခြေနှစ်ခုက မရေမတွက်နိုင်သော အသေအကြေများ ရှိခဲ့သည်။ အစပိုင်း၌ လုံးဝ အသာစီးရနေသော အခြေအနေမှ လုံးဝ ဖိနှိပ်ခံလိုက်ရပြီး မြေပြင်ပေါ်မှ စစ်တပ်စိတ်ဓာတ်ရေးရာကို ကြီးကြီးမားမား ထိခိုက်သွားစေသည်။ သို့ရာတွင် မှော်ဆရာခံတပ်၏ စိတ်ဓာတ်ရေးရာကို မြင့်တက်လာခဲ့၏။

ရှီရာရှိနေသော ရှေ့တန်းစစ်ကြောင်းရှိရာ ကျိုးပဲ့နေသော တံတိုင်းပေါ်၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထူးဆန်းစွာပင် ရှီရာဘေးမှာ အင်ပါယာအစောင့် အမျိုးသမီးများက ရန်လိုမှု မပြကြပေ။ ထိုအစား သူတို့က မျက်နှာဖုံးနှင့် ဝတ်ရုံ ဝတ်ထားသော ပုံရိပ်ကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

ရှီရာက ပင့်သက်ရှိုက်လိုက်ပြီး မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို ဖယ်ရှားကာ ခေါင်းညိတ်လိုက်သည်။ “မင်း ရောက်လာပြီပဲ။”

“တောင်းပန်ပါတယ်။ နောက်ကျသွားတယ်။ ဒီအကောင်ကြီးက သွားတဲ့နေရာမှာ အခက်အခဲနည်းနည်း ကြုံခဲ့ရလို့။” ဝတ်ရုံနှင့်လူက အရိပ်နက်အင်ပါယာမှ ပြန်လာသော ချန်လွေ့ ဖြစ်သည်။ သူက မှော်ဆရာခံတပ်သို့ ချက်ချင်း မသွားခဲ့ပေ။ ထိုအစား သူက ငှက်တောင်ဖြူနယ်မြေရှိ လို့ဘ်မိုင်းတွင်းသို့ သွားခဲ့ပြီး ရှေးအဂ္ဂိရတ်အဖွဲ့အစည်း ရဲတိုက်ဖြစ်သော ကြယ်မြို့တော်ကို အသက်သွင်းခဲ့သည်။ ၎င်းက မြေပြင်ပေါ်မှ ပျံတက်ပြီး မှော်ဆရာခံတပ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“အဲဒီက သတင်းအခြေအနေရော ဘယ်လိုရှိလဲ။”

ချန်လွေ့က ရှီရာသည် အရိပ်နက်အင်ပါယာအကြောင်း မေးနေကြောင်း သဘောပေါက်သည်။ သူ သက်ပြင်းချလိုက်၏။ “အရှင်မက ဟိုးအရင်ကတည်းက အခြေအနေကို မြင်ပြီးသားပဲ။ သူက တပ်ဖွဲ့တွေ စေလွှတ်လောက်တယ်။ ဒါပေမဲ့ စေလွှတ်တဲ့ အချိန်က.....တောင်းပန်ပါတယ်။”

“သူက ဒီအခွင့်အရေးကို အသုံးချပြီးတော့ အကျိုးအမြတ်တွေ ပိုလိုချင်တာပဲ။ သွေးရောင်အင်ပါယာနဲ့အတူ အင်အားကုန်ခမ်းသွားတာကလည်း သူ့အတွက် အရေးပါတဲ့ အကျိုးအမြတ်တစ်ခုပဲ။” ရှီရာက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “ဒီအခြေအနေမှာ ငါဆိုရင်လည်း ဒီလိုပဲ လုပ်မှာ။ မင်းလုပ်တာ တော်တယ်။ တောင်းပန်စရာ မလိုပါဘူး။”

“ရှီရာ....” ချန်လွေ့က အမှန်တကယ်၌ တခြားကိစ္စတစ်ခုအတွက် တောင်းပန်နေခြင်း ဖြစ်သည်။ သူက တစ်ခုခု မပြောနိုင်ခင်မှာပင် အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး သူ့ဘေးတွင် နောက်ထပ် အမျိုးသမီးနှစ်ယောက် ပေါ်ထွက်လာသည်။ သူတို့က မစ်-နတ်မိမယ်နဂါးနှင့် မစ်-မြနဂါးတို့ပင်။ မစ်-နတ်မိမယ်နဂါး၌ လက်ထဲ၌ပင် အရည်လဲ့သော ကြက်သွန်နီတစ်ခု ရှိနေသည်။

ယခုတစ်ခေါက် ချန်လွေ့က [ ကြယ်ဂိတ် ] ကို အသုံးပြုပြီး အမှောင်လသို့ ပြန်ကာ ဇိုလာ၊ ဒိုဒိနှင့် ခရိုဘဲလက်စ်တို့ကို ခေါ်ခဲ့ခြင်း ဖြစ်သည်။ နဂါးပြာစုံတွဲက စစ်ပွဲတွင် မပါဝင်ချင်ကြသည့်အတွက် အိုလီဖီးရက်စ်ကို ကာကွယ်ရန်အတွက် အမှောင်လတွင် နေရစ်ခဲ့သည်။ ရိုမန်ကမူ အရိပ်နက်အင်ပါယာ၏ သံတမန်အဖွဲ့က သူ့ကိုထွက်သွားရန် ဆက်သွယ်ခဲ့သည်။

မှင်စာဆိုးများ၏ လပေါင်းများစွာ ကြိုးစားအားထုတ်မှုကြောင့် ကြယ်မြို့တော်၏ ထုတ်လုပ်ရေး ကိရိယာများနှင့် တည်ဆောက်ပုံ အလုံးစုံတို့က ပြန်လည် ဖွဲ့စည်းပြီးသွားပြီ ဖြစ်သည်။ မှင်စာဆိုးများက မိုးပျံဒုံးစက်ကို အလောတကြီး ပြင်ဆင်ပြီး ရဲတိုက်ကို ထိုနေရာသို့ အမြန်မောင်းလာခဲ့လေသည်။ရဲတိုက်၏ လက်နက်များထဲ၌ အနည်းငယ်ကိုသာ ပြင်ဆင်ရသေးပြီး စစ်တပ်ယူနစ် ထုတ်လုပ်ရေးက စတင်ရုံသာ ရှိသေးသည်။ ထို့ကြောင့် အရေအတွက်က လုံးဝ မလောက်ငှပေ။ သို့မဟုတ်ပါက ရဲတိုက်ကို တိုက်ခိုက်နေသော မိုးပျံနတ်ဆိုးသားရဲများကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။

ထို့ကြောင့် လက်ရှိ ကြယ်မြို့တော်က ခံစစ် လုံလောက်သည်ထက် ပိုသော်လည်း တိုက်စစ်စွမ်းအား မလုံလောက်ပေ။ မည်သို့ပင်ဆိုစေကာမူ သွေးရောင်အင်ပါယာ စစ်တပ်အပေါ် ၎င်း၏ ဟန့်တားမှုက အ‌တော်လေး သိသာလှပေသည်။ ထိုကြောက်စရာ အရာကြီးထဲသို့ မည်သို့သော အစွမ်းအား ရှိနေကြောင်း မည်သူမှ မသိနိုင်ကြပေ။

ရှီရာက အနက်‌ရောင်ကောင်းကင်နှင့် သွေးမြူကြားထဲရှိ တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ “ပါ့ဂ်လီအိုက တခြားသူတွေက ပိုက်နက်တိုက်ပွဲမှာ တိုက်ခိုက်နေ ကြတယ်။ ရန်သူက အရေအတွက် ပိုများတယ်။ သူတို့ကို မြန်မြန် သွားကူညီပေးလိုက်။”

“အခုပဲ သွားရအောင်။” ပါ့ဂ်လီအို အန္တရာယ် ကျရောက်နေနိုင်ကြောင်း ကြားသည့်အခါ ခရိုဘဲလက်စ်က စိုးရိမ်‌သောာ အမူအရာတစ်ခု ပြသလိုက်၏။

ချန်လွေ့က ခေါင်းညိတ်လိုက်သောအခါ ချွဲကျိကောင်က အခွင့်ကောင်းယူပြီး မဒမ်၏ လက်သည်းထဲမှ ရုန်းထွက်ကာ သခင်ဖြစ်သူ၏ ပုခုံးပေါ်၌ ဆင်းသက်လိုက်သည်။ ပုံရိပ်သုံးခုက လေထဲသို့ အတူတူ ပျံသန်းသွားကြသည်။ သူတို့က ဖရိုဖရဲဖြစ်နေသော နေရာလွတ်နားသို့ မကပ်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်း အနားမကပ်နိုင်ခဲ့ပေ။

ချန်လွေ့ တွေးလိုက်ပြီးနောက် တစ်ခါတည်း လှုပ်ရှားတော့မည့် ဇိုလာကို တားဆီးလိုက်သည်။ သူ၏မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ရှိနေပြီး နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ [ နတ်ဘုရားစားသုံးသူ ] စွမ်းအားကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် အနီးအနားရှိ စိတ်ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအားအကုန်လုံးက ဝါးမျိုခံလိုက်ရ၏။

ပိုင်နက်နှစ်ခုက မှော်ပညာနှင့် စိတ်ဝိညာဉ်စွမ်းအားဖြင့် လုံးလုံး တည်ဆောက် ထားခြင်း မဟုတ်သော်လည်း သက်ရောက်ခံခဲ့ရသည်မှာ သေချာပေသည်။ အနက်ရောင် ကောင်းကင်မြစ်နဲ့ သွေးမြူတို့၏ မတည်ငြိမ်မှုက ချက်ချင်း တန့်သွားခဲ့ပြီး အရောင်လည်း မှိန်ကျသွားခဲ့ကာ အထဲမှ ပုံရိပ်များကို မြင်နိုင်လာသည်။

ဇိုလာ၏ လက်ထဲ၌ “လျို့ဝှက်အရိပ်” မှော်တုတ်တံ ပေါ်ထွက်လာပြီး စက်ဝိုင်းတစ်ခု ရေးဆွဲကာ ရောနှောနေသော ပိုင်နက်နေရာထဲ၌ အပေါက်ကြီးတစ်ခုကို အလွယ်တကူ ဖန်တီးလိုက်သည်။ ပိုင်နက်စွမ်းအား အလျင်အမြန် အားနည်းသွားကြောင်း ခံစားလိုက်မိသော နတ်ဆိုးအရှင်သခင်အဆင့်များက လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး လူသစ်၃ယောက် (နှင့် အကောင်တစ်ကောင်) ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ရှီရာ စိုးရိမ်နေခဲ့သည့်အတိုင်းပင် ကြယ်ကြွေတမန်အင်ပါယာက အလွန်အမင်း အန္တရာယ်များသော အခြေအနေအထိ ဖိနှိပ်ခံနေခဲ့ရသည်။ ဒီစ်ဂျာရို၊ စတီဘေ နှင့် ဂျော့ခ်ျတို့က ဒဏ်ရာပြင်းထန်သည့်အတွက် တိုက်ခိုက်ရေးစွမ်းအားများ ဆုံးရှုံးသွားပြီး နောက်တွင် ကာကွယ်ပေးထားရသည်။ ကျန်သောသူများလည်း ဒဏ်ရာရနေကြသည်။

ပါ့ဂ်လီအိုက နဂါးအသွင် ပြောင်းထားသည့်အတွက် တောင်ပံ အနည်းငယ် စုတ်ပြဲရုံကလွဲ၍ ဒဏ်ရာအပြင်းအထန် မရခဲ့ပေ။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်၌ နတ်ဆိုးအရှင်သခင်ချပ်ကာက ချိုင့်ခွက်အများအပြား ရှိနေပြီး ထိုတိုက်ပွဲ၏ ပြင်းထန်မှုနှင့် အန္တရာယ်ကို ပြသနေသည်။

ဇိုလာကို မြင်သည့်အခါ စတေလာက စိတ်သက်သာရာရသော အမူအရာတစ်ခု ပြသလိုက်ပြီး ခရိုဘဲလက်စ်က အဆိပ်နဂါးဆီသို့ အမြန်ပြေးသွားခဲ့သည်။

“ဟေး။ နောက်ဆုံးတော့ မင်းတို့တွေ ရောက်လာပြီပဲ။” ပါ့ဂ်လီကို တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။ “မင်း မလာရင် ငါ့ရဲ့ ဘတ်တီလေး မုဆိုးမ ဖြစ်တော့မှာ။”

“ဟမ့်။ ၃ယောက်လေးပဲကို။ ရှင်တို့က အခုအထိ အခြေအနေကို သဘောမပေါက် သေးဘူးလား။” ရှာနာ၏အသံ ထွက်ပေါ်လာသည်။ [ သွေးမြူပိုင်နက် ] စွမ်းအားက အားနည်းသွားပြီး အချိန်တစ်ခုအထိ ပြန်မပြည့်နိုင်သေးသော်လည်း [နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက်] လည်း အတူတူသာ ဖြစ်သည်။ တစ်ဖက်လူက လူပိုများလာလျှင်ပင် အသာစီး ရရှိနိုင်မည် မဟုတ်ပေ။

၁၊ ၂၊ ၃.....

ချန်လွေ့၏ပုခုံးပေါ်မှ ချွဲကျိကောင်က လက်ချောင်းများကို ရေတွက်လိုက်ပြီး တစ်ဖက်လူက တစ်ယောက် ကျန်ခဲ့ကြောင်း တွေ့လိုက်ရသည်။ သူက ချန်လွေ့၏ ပုခုံးပေါ်၌ ခုန်ပေါက်နေပြီး သူ၏တည်ရှိမှုကို ပြသနေသော်လည်း သနားစရာ ကောင်းသည်မှာ ရှာနာက ၎င်းကို လျစ်လျူရှုထားနေခြင်းပင်။ “နောက်ထပ် အလောင်း သုံးလောင်းပါပဲ။ မျက်နှာဖုံးနဲ့လူက မဟာရှီရာရဲ့ အက်ဂ်ယော ဖြစ်လောက်တယ်။ ဧကရီအရှင်မက အင်ပါယာ မကျရှုံးခင် မုဆိုးမ ဖြစ်မှာတော့ စိတ်မကောင်းစရာပဲ...” ထိုကဲ့သို့ ပျစ်ပျစ်နှစ်နှစ် ပြောဆိုမှုကြောင့် ချန်လွေ့က ခဏတာ ကြက်သေသေသွား၏။ “ဒီမောက်မာတဲ့မိန်းမက ဘယ်သူလဲ။”

“ဆာရန်ဒီရဲ့ ရည်စားဟောင်း ဖြစ်လောက်တယ်။ အဲဒီတုန်းက သူက မတင်းတိမ်နိုင်လို့ လမ်းခွဲခဲ့ကြတာ။ ကာမဆန္ဒတွေက မကျေနပ်ချက်တွေအဖြစ် ပြောင်းလဲသွားတာက ‌‌တော်တော် ပြင်းထန်တာပဲ။” ထိုအချိန် အဆိပ်နဂါးက အဆိပ်လျှာ အစွမ်းကို အပြည့်အဝ ပြသတော့သည်။ ထိုအရာက မာယာရှင်မလေး၏ နည်းလမ်းများနှင့် အတော်လေး ဆင်တူပေသည်။

ရှာနာ၏ မျက်လုံးထဲပ အေးစက်သော သတ်ဖြတ်ချင်စိတ်တစ်ခု ဖြတ်သွားခဲ့သည်။ “အရှက်မရှိတဲ့ နဂါးတွေ။ ရှင့်ရဲ့လျှာကို ဖြတ်ပြီးတော့ ခွေးကျွေးပစ်မယ်။”

“ငါပြောတာ ငါမင်းကို ကောင်းကောင်းလေ့ကျင့်ပေးမယ်။ မင်းကို ကိုယ်တုံးလုံး ချွတ်ပြီးတော့.....” စကားပြောနေရင်း ပါ့ဂ်လီအိုက ခါးတွင် ရင်းနှီးသော နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး ထပ်ဖြည့်ပြောလိုက်သည်။ “...ပြီးတော့ မင်းကို မင်းရည်စားဟောင်းရဲ့ ကုတင်ဆီ ပို့ပေးလိုက်မယ်။”

သွေးရောင်အင်ပါယာဖက်မှ စကားဆက်မပြောတော့ပေ။ ထိုအစွမ်းထက် ပုဂ္ဂိုလ်များ၏ အပြန်အလှန်နားလည်မှုက ကြယ်ကြွေတမန်အင်ပါယာထက် သာလွန်၏။ ရှာနာ၏ အအမိန့်အောက်တွင် ပိုင်နက်စွမ်းအားပါဝင်သော တိုက်ခိုက်မှု ဒါဇင်ခန့်က တစ်ချိန်တည်းမှာပင် “ကြင်ရာတော်မင်းသား”ကို ချက်ချင်း သတ်ပစ်ပြီး တစ်ဖက်၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို လုံးဝ အနိုင်ယူရန်အတွက် ချန်လွေ့ကို တိုက်ခိုက်လိုက်ကြ၏။

“ဒိုဒို...” ချန်လွေ့ အော်ခေါ်လိုက်ရာ ချွဲကျိကောင် ထွက်လာပြီး ချက်ချင်းပင် အဆ ဒါဇင်ခန့် အကောင်ကြီးသွားကာ ရှေ့မှနေ၍ ဂျယ်လီတုံးကြီးသဖွယ် ကာကွယ်ပေးလိုက်၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

အသိသာအထင်ရှားဆုံး အရာကတော့ ခန္ဓာကိုယ်ပေါ်၌ မရေမတွက်နိုင်သော ပါးစပ်အများအပြား ပေါ်ထွက်လာပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ခွဲခြားမှုမရှိဘဲ အားလုံး ဝါးမျိုလိုက်ခြင်းပင်။ ထိုအကွက်က ဒိုဒို၏ ခန္ဓာကိုယ်ကို သိဒ္ဓိနဂါး ထိန်းချုပ်ခဲ့စဉ်က အသုံးပြုခဲ့ဖူးသည်။ ယခုတွင် ထိုအရာ ဆာ-အစားကြီးချွဲကျိကောင်၏ အဆုံးသတ်တိုက်ကွက် ဖြစ်သွားလေပြီ။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ မယုံနိုင်နိုင်သော အကြည့်များထဲတွင် အင်အားကြီး ပိုင်နက်တိုက်ခိုက်မှု ဒါဇင်ခန့်ကို ချွဲကျိကောင်က အလျင်အမြန် ဝါးမျိုနေလေသည်။

“ဒါက ခါးလွန်းတယ်။ ဒါက ချဉ်လွန်းတယ်။ အနီရောင်က အရသာ အရှိဆုံးပဲ...” ထိုမှတ်ချက်များက အားလုံးကို ဆွံ့အသွားစေခဲ့သည်။ စားသောက်ပြီးနောက် ချွဲကျိကောင်၏ ဝါးမျိုခြင်း နှေးကွေးသွားခဲ့သည်။ အစားချေးများခြင်းကြောင့် အချိန်မီ မဝါးမျိုလိုက်နိုင်သော ပိုင်နက်စွမ်းအားအချို့က ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အတိုင်းအတာအမျိုးမျိုးဖြင့် ပေါက်ကွဲသွားခဲ့သည်။

“အား။ နာလိုက်တာ။” ဒိုဒိုက သနားစရာကောင်းအောင် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က နောက်ဆုံးတွင် မထိန်းထားနိုင်တော့ပေ။ တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး တိုက်ခိုက်မှုများလည်း ပျောက်ကွယ်သွားကြ၏။

ရှာနာနှင့် အခြားသူများအတွက် ထိတ်လန့်စရာပင် ပေါက်ကွဲသွားသော အပိုင်းအစများက အလျင်အမြန် ပြန်လည်စုစည်းသွားပြီး အငွေ့အသက် လုံးဝ အားနည်းသွားခြင်း မရှိဘဲ ကြက်သွန်နီပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ ၎င်းက အက်ဂ်ယောကို မျက်နှာချိုသွေးကာ ကြည့်လိုက်သည်။ “သခင်....”

ထိုဂုဏ်ပုဒ်က နဂါးသုံးကောင်မှလွဲ၍ ယေက္ခမဖြစ်သူ ဂျော့ချ် အပါအဝင် အားလုံးကို ထိတ်လန့်သော အမူအရာများ ဖြစ်သွားစေသည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအားရှိပြီးတော့ ဝါးမျိုစွမ်းအားနဲ့ မသေနိုင်တဲ့ပါရမီရှိတဲ့ ဒီကြောက်စရာ မကောင်းဆိုးရွားက တကယ်ကြီး ကြင်ရာတော် မင်းသား အက်ဂ်ယောရဲ့ အစေခံ ဖြစ်နေတယ်။

ချန်လွေ့က ဒိုဒိုဆွဲထားပေးသော အချိန်မကို မဖြုန်းတီးခဲ့ပေ။ သူက ပျောက်ကွယ် လာနေသော [ နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက် ] ထဲ၌ လက်ကို ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သော ကြယ်များ ပေါ်ထွက်လာခဲ့သည်။ [ ကြယ်စင်စုပိုင်နက် ] အတွင်း ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက [နတ်မိစ္ဆာကောင်းကင်မြစ် ပိုင်နက်]၏ အလင်းတောင်ပံ တိုးမြှင့်မှုထက်ပိုသော လုံးဝ အစွမ်းတိုးမှုများ ရရှိခဲ့သည်။ ထို့အပြင် သက်ရောက်မှုများက အမှန်တကယ် ထပ်နေသည်။ သို့ရာတွင် သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ စွမ်းအားက ကြီးကြီးမားမား လျော့ကျလာနေခဲ့သည်။

သိပ်မကြာခင် [ ကြယ်စင်စုပိုင်နက် ] ကို အစိမ်းရောင်တစ်မျိုးက ဖုံးလွှမ်းသွား၏။ ထိုအစိမ်းရောင်စွမ်းအားအောက်တွင် ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင် အဆင့်များ၏ ဒဏ်ရာနှင့် စွမ်းအားများ အမြန် ပြန်ကောင်းလာခဲ့သည်။

“နှစ်ထပ်ပိုင်နက်....” သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက ကောင်းစွာသိမြင်တတ်သူများ ဖြစ်ကြပြီး အံ့အားသင့်သွားကြသည်။ တစ်ဖက်က သုံးလိုက်တဲ့ ပိုင်နက်က [ နတ်မိစ္ဆာကောင်းကင်မြစ်ပိုင်နက် ] ကို အနှောင့်အယှက် မဖြစ်စေတဲ့အပြင် သူက တစ်ချိန်တည်းမှာပဲ လုံးဝဂုဏ်သတ္တိမတူတဲ့ နောက်ထပ် ပိုင်နက်စွမ်းအားတစ်ခုကိ အသက်သွင်းလိုက်တယ်။

အသက်ဓာတ်အပြည့်ဖြစ်နေသော ပိုင်နက်က မျက်စိတစ်မှိတ် အတွင်းမှာပင် ညှိမှိုင်းသော ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ‌သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ အခြေအနေက ပိုဆိုးလာခဲ့သည်။ အားနည်းသော နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းနဲ့ ကနဦးပိုင်းတို့အကြား၌ ဖရိုဖရဲ အခြေအနေ တစ်ခု ဖြစ်ပေါ်လာပြီး [ သွေးမြူပိုင်နက် ] က သူ့တို့ကို ဆန့်ကျင်နေသလို ဖြစ်နေ၏။

“အက်ဂ်ယောကို အခုချက်ချင်း အစွမ်းကုန် တိုက်ခိုက်ပြီး သတ်ပစ်။” ရှာနာ၏ ဒေါသသံ ထွက်ပေါ်လာသည်။ အက်ဂ်ယောက ဒီလိုမျိုး အုပ်စုလိုက်တိုက်ပွဲမှာ ပြဿနာ အပေးနိုင်တဲ့ အထောက်အပံ့ ပိုင်နက်တစ်ခု ရှိမယ်လို့ မထင်ထားခဲ့ဘူး။ သူက ထူးဆန်းတဲ့ နည်းလမ်းတွေ အများကြီး ရှိနေတယ်။ သူ့ကို အမြန်ဆုံး မရှင်းနိုင်ဘူးဆိုရင် အဲဒီ မသေနိုင်တဲ့ ကြောက်စရာ နတ်ဆိုးသားရဲနဲ့ အစွမ်းထက် အဆိပ်နဂါးတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်မယ်ဆိုရင် ပြဿနာ တက်သွားနိုင်တယ်။

အကယ်၍ ရှာနာက ခုနက ဒိုဒိုကဲ့သို့ အိမ်မွေးတိရစ္ဆာန်ကို လျစ်လျူရှုခဲ့သော အမှားမျိုး ပြုလုပ်ခဲ့သည်ဆိုလျှင် ယခုတွင်လည်း သူက မျက်မှန်နှင့် မိန်းမလှကို လျစ်လျူရှုသော တူညီသည့်အမှားမျိုး လုပ်လိုက်မိပြန်သည်။ ထိုအမျိုးသမီးက သိပ်ပြီး အစွမ်းမထက်သလို ထင်ရပြီး “အက်ဂ်ယော”ကပင် ကာကွယ်ထားသော်လည်း အမှန်တကယ်၌ သူက အားလုံးထဲ၌ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

“အစွမ်းထက်အဆိပ်နဂါး” နှင့် “မသေနိုင်တဲ့‌ကြောက်စရာနတ်ဆိုးသားရဲ” တို့ကပင် သူ့အရှေ့၌ ကြက်သီးထကြရလေသည်။

ချန်လွေ့၏ ကြိုတင်ညွှန်ကြားထားမှုကြောင့် ဇိုလာက အခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။ ယခုတွင် ရန်သူ၏ စွမ်းအားက အတိုင်းအတာတစ်ခုအထိ အားနည်းသွားပြီ ဖြစ်သည်။ မစ်-နတ်မိမယ်နဂါးက မတုံ့မဆိုင်းဘဲ ချက်ချင်းပင် အစွမ်းကုန် တိုက်ခိုက်လိုက်၏။

သူက ဒဏ္ဍာရီလာယောင်အဆင့်ရှိသော “လျို့ဝှက်အရိပ်” မှော်တုတ်တံကို ရှေ့သို့ ချိန်လိုက်ပြီး အချိန်တော်ကြာ မန္တန်မန်းမှုတ်လိုက်သည်။ ရှည်လျားသော နဂါးထွင်းစာ မှော်ဂါထာကို မစ်-နတ်မိမယ်နဂါး ရိုးရှင်သော မှော်စာ၃ခုအဖြစ် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ “ချီ...ရှောင်...သို..”

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်အဆင့်များက ဖော်ပြ၍မရသော အလွန်ကြီးမားသည့် ဒြပ်စင်နှစ်ခု သူတို့ကို ဝိုင်းရံလာကြောင်း ခံစားလိုက်မိသည်။ တစ်ဖက်တွင် လှိမ့်တက်လာသော ပင်လယ်ကြီးကဲ့သို့ ဖြစ်နေပြီး ထိုအတွင်း မိသွားသော နတ်ဆိုးအရှင်သခင်အဆင့်များက ထိုကဲ့သို့ ကြီးမားလှပြီး သန့်စင်သော ရေဒြပ်စင်မှော်စွမ်းအား မခံနိုင်သကဲ့သို့ပင် ယိမ်းထိုးသွားခဲ့သည်။ အခြားတစ်ဖက်၌ ပေါက်ကွဲနေသော မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး ပြင်းထန်ပြီး ချစ်ချစ်တောက်ပူနေသည့် မီးဒြပ်စင်က လူတစ်ယောက်၏ ဝိညာဉ်ကိုပင် အငွေ့ပျံလုမတတ် ဖြစ်နေစေသည်။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက နဂိုက တိုက်ခိုက်နှင့် ခံစစ် အခင်းအကျင်းကို အာရုံစိုက်ထားကြသည်။ ထိုတိုက်ခိုက်မှုက နတ်ဆိုးအရှင်သခင်အဆင့် ၃၈ယောက်လုံးကို ဖုံးလွှမ်းသွား၏။ ဒြပ်စင်အဆင့် မတူသောကြောင့် သတိလက်လွတ် ဖြစ်သွားပြီး သူတို့ ဒဏ်ရာရသွားကြသော်လည်း အတော်များများက ပြန်လည်တုံ့ပြန်ပြီး စတင်၍ အကာအကွယ်ပြုလုပ်ကာ တန်ပြန်တိုက်ခိုက်ကြတော့သည်။

သို့ရာတွင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသောအရာတစ်ခု ရောက်လာတော့မည် ဖြစ်သည်။ ရေဒြပ်စင်နှင့် မီးဒြပ်စင်တို့က အလွန်ကြီးမားပြီး အနှစ်သာရရှိသော စွမ်းအားက တဖြည်းဖြည်း ထပ်သွားခဲ့သည်။ ကြယ်ကြွေတမန်အင်ငပါယာမှ နတ်ဆိုးအရှင်သခင်များ အပါအဝင် အားလုံးနီးပါးက ချက်ချင်းပင် အလွန်အမင်း ကြီးမားလှသော အန္တရာယ် လက္ခဏာကို ခံစားလိုက်မိသည်။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက ထိုရေနှင့်မီး ဒြပ်စင် ဝိုင်းရံမှုများမှ မရုန်းထွက်နိုင်ခင်မှာပင် လုံးဝကွဲပြားသော ဂုဏ်သတ္တိရှိသည့် အသန့်စင်ဆုံး ဒြပ်စင်စွမ်းအားနှစ်ခုက ပေါင်းစည်းသွားခဲ့လေသည်။ သူတို့က ထင်ထားသလို အချင်းချင်း မဆန့်ကျင်ကြပေ။ ထိုအစား ကြောက်မက်ဖွယ်ရာ ပျက်သုဉ်းအားတစ်ခုကို ဖန်တီးလိုက်၏။

အောက်ဘက်မှ တိုက်ခိုက်ရန် ပြင်ဆင်နေကြသော စစ်သည်များက လောကတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်မိသည်။ မိုးပေါ်မှ တိမ်တိုက်ထဲ၌ တလက်လက် အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။ ထိုအလင်းရောင် လနှစ်စင်း၏ ‌တောက်ပမှုကိုပင် လွှမ်းမိုးသွားခဲ့ပြီး လူသားလောကမှ ဒဏ္ဍာရီလာနေလုံးသဖွယ် ဖြစ်နေ၏။

တလက်လက် အလင်းရောင်က နောက်ဆုံး၌ စတင်ကွယ်ပျောက်လာသည်။ အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် မိုးပေါ်တွင် မည်သည့်တိမ်တိုက်မှ မရှိတော့ပေ။ နဂိုက အနက်ရောင်နှင့် သွေးရောင်များလည်း ပျောက်ကွယ်သွား၏။

သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက ကြိုးပြတ်သွားသော စွန်များသဖွယ် တဖုန်းဖုန်း ပြုတ်ကျကုန်ကြသည်။ အားနည်းသော နတ်ဆိုးအရှင်သခင် အဆင့်များက လမ်းမှာပင် ပြာဖြစ်သွားကြပြီး ကျန်ရှိသောသူများက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များလည်း ထိုအတိုင်းပင် ဖြစ်သည်။ ကံကောင်းစွာပင် သူတို့က နောက်ကျန်စွမ်းအင်များဖြင့်သာ ထိခိုက်ခံခဲ့ရသည်။ ထို့ပြင် သူတို့ကို [ နွေဦးပိုင်နက် ] နှင့် [ ကြယ်စင်စုပိုင်နက် ] တို့ဖြင့် ကာကွယ်ပေးထားသည့်အတွက် မည်သူမှ မသေခဲ့ပေ။ သို့သော်လည်း အားလုံးနီးပါးက တိုက်ခိုက်ရေးစွမ်းအားများ ဆုံးရှုံးသွားခဲ့သည်။

လေထဲ၌ရပ်လျက် ကျန်နေသောသူ ၄ယောက်မှာ မစ်-နတ်မိမယ်နဂါး၊ အဆိပ်နဂါးနှင့် သူ့မိန်းမ အပြင် ချန်လွေ့နှင့် သူ့အစေခံ (ပုခုံးပေါ်မှ ဒိုဒို)တို့သာ ဖြစ်သည်။ ချန်လွေ့၏ ပတ်ပတ်လည်ရှိ ဖောက်ထွင်းမြင်ရသော လိပ်ခုံးက ကွဲကြေသွားခဲ့ပြီး အဆိပ်နဂါးနှင့် သူ့မိန်းမတို့က မြေကြီးများပေကျံနေပြီး ရှက်စရာကောင်းနေ၏။

အဆိပ်နဂါးက အပါးနပ်ဆုံး ဖြစ်သည်။ မစ်-နတ်မိမယ်နဂါးက လျို့ဝှက်အရိပ် တုတ်တံကို ထုတ်ပြီး မန္တန်မန်းမှုန်နေသည်ကို ကြားသည့်အခါ တစ်ခုခု ဖြစ်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ဒီအရူးမက ငါနဲ့ ဒိုဒိုကို အနိုင်ကျင့်တုန်းကတောင် လက်နက်လည်း မသုံးဘူး။ မန္တန်မန်းမှုတ်စရာလည်း မလိုဘူး။ အခု သူက အတည်ကြီး လုပ်နေတယ်။ အန္တရာယ်ကြီးတစ်ခုဖြစ်မှာ စိုးရတယ်။ အန္တရာယ်ကင်းအောင်လို့ ငါ့ကိုယ်ငါနဲ့ ဘတ်တီလေးကို အစွမ်းကုန် ကာကွယ်ခဲ့တယ်။ အသေအချာပဲ။ ဒီတုံ့ပြန်မှုက တကယ့်ကို ပါးနပ်သွားခဲ့တယ်။ မဟုတ်ရင် ခရိုဘဲလက်စ်နဲ့ ငါလည်း ပြုတ်ကျသွားလောက်ပြီ။

ဆရာသခင် အဆိပ်နဂါးက ဇိုလာကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ပြီး “အရူးမ”ဟု လွှတ်ခနဲ ပြောမိလုမတတ် ဖြစ်သွားခဲ့သည်။

ဇိုလာလည်း အံ့အားသင့်သွားသည်။ ထိုတိုက်ခိုက်မှုက အမှန်တကယ်ပင် သူ၏ မှော်စွမ်းအား အကုန်နီးပါးကို ကုန်ခမ်းသွားစေသည်။ ဒြပ်စင်အရင်းအမြစ်စွမ်းအားကို သုံးပြီးတော့ နားလည်ထားတဲ့ ဇစ်မြစ်စွမ်းအားက ဒီလောက်အစွမ်းထက်ပြီးတော့ နှစ်ခုထပ်နေတဲ့ ဒြပ်စင်အရင်းမြစ်စွမ်းအားကြောင့် ဖြစ်တဲ့ ပျက်သုဉ်းစွမ်းအားက စမ်းသပ်တုန်းကထက် ပိုမြင့်နေမယ်လို့ မထင်ထားခဲ့ဘူး။

အကာအကွယ်ဒိုင်း ကွဲကြေသွားခဲ့သော ဇိုလာလည်း ထိတ်လန့်သွားခဲ့သည်။ ဇိုလာရဲ့ တိုက်ခိုက်မှုက ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေတာပဲ။ သူက လူတိုင်းနီးပါးကို မတော်တဆ သတ်မိလုနီးပါး ဖြစ်ခဲ့တယ်။ ချန်လွေ့၏ မျက်ခုံးများ လှုပ်သွားခဲ့သည်။ “ဇိုလာ။ ခုနက မင်း တိုက်ခိုက်ခဲ့တာက.....”

မစ်-နတ်မိမယ်နဂါးက သေချာ မကြားလိုက်သလိုမျိုးပင် ခဏတာ ငေးငိုင်နေခဲ့သည်။ “ဘာပြောတာ...”

All Chapters