← Chapters

အခန်း ၁၈၂၆

Vol. 123 Ch. 1826

အခန်း ၁၈၂၆

Vol. 123 Ch. 1826

အပိုင်း (၁၈၂၆)

ဟယ်ဝူတီ၏ စကားလုံးများသည် ကျွင်းချောင်ရှောင်း၏ စိတ်ကို လှုပ်ရှားစေခဲ့၏။ သူသည် ရွှမ်ယွမ်နယ်မြေကို အမွေဆက်ခံပြီး ကြယ်တာရာပြိုင်ပွဲကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုသော်လည်း ထိုအကြောင်းအရာများအားလုံးသည် မနှေးနှင့် မမြန်ဆိုသလို မိုးကောင်းကင်အင်ပါယာနှင့် ရင်ဆိုင်တွေ့ရမည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ဆီသို့ အဆင့်ချိုးဖြတ်နိုင်ရန် ကြိုးစားရပေလိမ့်မည်။

အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ဆီသို့ ယခုမှ အဆင့် ချိုးဖြတ်ရောက်ရှိလာခဲ့သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ နောက်ထပ်အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ရန် စဉ်းစားတွေးတောလျက် ရှိနေလေ၏။ ထိုအရာသည် သူ၏ ရည်မှန်းချက်အတွက် မဟုတ်ချေ။ ရန်သူကို ရင်ဆိုင် တိုက်ခိုက်နိုင်ရန် လုံလောက်သည့် အားအင်ကို ပိုင်ဆိုင်ချင်သောကြောင့်ပင်။

“ဒါပေမဲ့”

ဟယ်ဝူတီက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို လက်ကျန်ကျမ်းစာတွေ နားလည်အောင်လုပ်ဖို့ အကြံတော့မပေးချင်ဘူး”

“ဘာလို့လဲ” ကျွင်းချောင်ရှောင်း မေးမြန်းလိုက်၏ ။

“ဘာလို့လဲဆိုတော့”

ဟယ်ဝူတီသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “စီနီယာသက်တန့်ရောင် သူတော်စင် ချန်ခဲ့တဲ့ လက်ကျန် အကြွင်းအကျန်ကျမ်းက သူတော်စင်အဆင့်ဆီကို တက်လှမ်းနိုင်တဲ့ လျှို့ဝှက် နည်းလမ်းတွေ ပါဝင်နေတယ်လေ”

“အန္တိမကုန်းမြေရဲ့ အားအကောင်းဆုံးသော အဆင့်လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“အမှန်ပါပဲ”

“..........”

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ သူသည် အဲလောကကြီးဆီသို့ မရောက်ရှိခဲ့ဖူးချေ။ သို့ပေမဲ့ ထိုလောက ကြီးထဲတွင် အဆင့်များ အမျိုးမျိုး တည်ရှိနေပြီး အားအကောင်းဆုံးသောအဆင့်သည် သူတော်စင်အဆင့် ဖြစ်လို့ နေ၏။ ထိုအရာသည် လူတိုင်း တောင်းတ မျှော်မှန်းနေသည့်အရာလည်း ဖြစ်ပေလိမ့်မည်။

သက်တန့်ရောင်သူတော်စဉ်သည် တော်ဝင်လမ်းနှင့်ပတ်သက်၍ ၎င်း၏ နားလည်မှုများကို စုစည်းပြီး ကျမ်းစာထဲတွင် ထည့်သွင်းထားခဲ့၏။ သူတော်စင်အဆင့်ဆီသို့ လှမ်းဝင်နိုင်မည့် လျှို့ဝှက်ချက်များလည်း ပါဝင်လျက် ရှိနေသေးသည်။ ဤမျှ အားကောင်းလှသည့်လူသည် .... သူ၏ အဖေများ ဖြစ်နေလေသည်လား။

စနစ်က ပြောလိုက်သည်။ “ချီးတဲ့မှ”

“မင်းပြောတာကို ငါနားလည်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့ရဲ့ အားအင်အဆင့်နဲ့ ဒီလက်ကျန် ကျမ်းစာတွေကို နားလည်အောင် လေ့ကျင့်နေမယ့်အစား ဒါကို နားလည်နိုင်ဖို့ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ဆီကို အရင်ရောက်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုလိုတာပေါ့”

“အမှန်ပါပဲ” ဟယ်ဝူတီက ပြောလိုက်၏။

စီနီယာ သက်တန့်ရောင်သူတော်စင် ကျမ်းစာထဲတွင် ချန်ထားခဲ့သော ဆန်းကြယ်မှုများသည် လောကကြီးအတွက် ကြီးမားလွန်းလှသည့်အခွင့်အရေးပင်ဖြစ်သည်။ ထိုအရာကို နားလည်လိုက်သည်ဆိုသည်နှင့် ကျိန်းသေပေါက် ကြီးမားသည့်အရာကို ရရှိပေလိမ့်မည်။

သို့ပေမဲ့ သတ်မှတ်ထားသည့် အချိန်ကာလတော့ လိုအပ်နေပေသေး၏။ သူတော်စင်အဆင့်ဆီသို့ ချိုးဖောက်ရောက်ရှိနိုင်ရန် လိုအပ်သည့် လျှို့ဝှက်ချက်များ ပါရှိနေသည်ဆိုသောကြောင့် သင့်တင့်လျှောက်ပတ်သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်မှလည်း ဖြစ်ပေလိမ့်မည်။

“အင်း... မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆန်းကြယ်မှုတွေကို ငါသာ နားလည်နိုင်မယ် ဆိုရင် သူတော်စင်အဆင့်ဆီကို တစ်ခါတည်း ခုန်ပြီးတော့ ရောက်သွားမှာလား”

“...........”

ဟယ်ဝူတီသည် သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်သွားမိ၏။ ဂိုဏ်းချုပ်သည် အမှန်ပင် စဉ်းစားတွေးတောရဲလျက် ရှိ၏။

..............

ဟယ်ဝူတီ ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ကျန်ကျမ်းစာ ခုနှစ်ခုကို ထုတ်ယူလိုက်၏။ ဤအထဲတွင် ဆန်းကြယ်လွန်းလှသော နိယာမများ ပါဝင်လျက် ရှိနေသည်ကို သူအစောကြီးတကည်းက သိရှိပြီး ဖြစ်၏။ အဆင့်ကြီးတစ်ခုကို ချိုးဖြတ်ပြီးသည့်အချိန်တိုင်း ထိုအရာကို လာရောက်ကာ ကြည့်ရှု၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ မရရှိခဲ့ချေ။

“ငါ နားမလည်သေးဘူး။ ငါ လုံးဝ နားမလည်သေးဘူး” ကျွင်းချောင်ရှောင်းသည် တစ်ညလုံးတိတိ လေ့လာ သုံးသပ် ပြီးသည့်နောက် နှလုံးသားထဲတွင် နာကျင်မှုကိုသာ ခံစားလိုက်ရသည်။

စနစ်က ပြောလိုက်၏။ “ဒီလို ကျမ်းစာမျိုးမှာ အရမ်းကို နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်လေ။ ဒီတော့ မင်းအနေနဲ့ နားလည်နိုင်မှာ မဟုတ်သေးဘူး”

“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် ထိုအရာကို အာရုံစိုက်ပြီး လေ့လာနေရသည်ကို လက်လျော့ အရှုံးပေးလိုက်၏။ သူသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တပည့်များ၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထား မိသည်။

......

ဆွစ် ဆွစ်

ဝါးတောထဲမှာတော့ ဓားအလင်းတစ်ခုသည် အလင်းကဲ့သို့ မြန်ဆန်စွာ သွားလျက်ရှိသည်။ ခဏလောက် ကြာပြီး သည့်နောက် ကျိုးဟုန်သည် သူ၏ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ ခေါင်းကို အသာငုံ့ကာဖြင့် အောက်သို့ ကျဆင်းလာခဲ့သည့် သစ်ရွက်များကြားထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် မျိုးဆက် အဆက်ဆက်၏ ဓားသမား တစ်ယောက်ကဲ့သို့ပင်။

ဖောက် ဖောက် ဖောက်

သစ်ရွက်များသည် တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့သည်။ ၎င်းတို့၏ အရွယ်အစားနှင့် ပိုင်းဖြတ်ထားသည့်ပုံသည် အတူတူပင် ဖြစ်လို့နေခဲ့သည်။ စက်နှင့် တိတိကျကျ ခုတ်ပိုင်းထားသကဲ့သို့ပင်။

ကျန့်ရှောင်ဟုန်သည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေသည်။ သူမ၏ ဘေးတွင်တော့ အဘိုးအို တစ်ယောက်က တည်ရှိနေ၏။ ထိုအဘိုးအိုသည် မျက်လုံးများ ကျဉ်းမြောင်းကာဖြင့် ကျိုးဟုန်ကို ကြည့်ရှုလျက်ရှိသည်။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပါဝင်လျက်ရှိ၏။ ဤလူသည် အနည်းငယ် ကဗျက်ကချော် ဖြစ်လို့နေသည်ဆိုသော်လည်း ကွေ့ရှုဓားသိုင်းကို ဖန်တီးခဲ့သည့် လူတစ်ယောက်လည်း ဖြစ်သည်။ ထို့အပြင် အထက်စကြဝဠာတစ်ခုလုံးတွင် ကျော်ကြားလွန်းသူတစ်ယောက်လည်းဖြစ်၏။ သူသည် ကုထျန်းရှင်း ကပင် လေးစားသမှု ပြုရသည့် ကွေ့ရှုဓားသူတော်စင်ပင်။

ကျန့်ကွေ့ရှု၏ ခန္ဓာကိုယ်အနီးတဝိုက်တွင် မည်သည့် ဓားစွမ်းအင်မှ မရှိချေ။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် သာမန် အဘိုးအိုတစ်ယောက်နှင့်ပင် ဆင်တူသည်။

“ကောင်လေး”

အဘိုးအိုသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “မင်း ဒီလင်းကျန့်ဓားသိုင်းကို ဘယ်ကနေ သင်လာတာလဲ”

ကျိုးဟုန်သည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “စီနီယာ ဒီဓားသိုင်းကို ဘယ်လိုလုပ်ပြီး သိတာလဲ”

“လိုရင်းကိုပြောမယ်”

ကျန့်ကွေ့ရှုက ပြောလိုက်၏။ “ငါမေးတာကိုပဲဖြေ။ မင်းကို ဘယ်သူသင်ပေးတာလဲ”

“ဒီဓားသိုင်းက ပြိုင်စံရှားဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းကျမ်းပါပဲ” ကျိုးဟုန်က ပြောလိုက်သည်။

“ချီးတဲ့မှ”

ကျန့်ကွေ့ရှုသည် သဘောမတူသလို ပြောလိုက်၏။ “ဒီလင်းကျန့်ဓားသိုင်းကို ငါဖန်တီးထားတာပါ”

........

ကျိုးဟုန်သည် ဆွံ့အလျက် ရှိနေသည်။ “ဒါ ငါတို့ဂိုဏ်းက သိုင်းပညာပါ။ ဘယ်လိုဖြစ်ပြီးတော့ သ ူဖန်တီးထားတယ်လို့ လာပြောနေရတာလဲ။ ဒီဓားသမားက နည်းနည်း အရှက်မဲ့တယ်”

ကျန့်ရှောင်ဟုန်က ပြောလိုက်၏။ “ဂိုဏ်းရဲ့ သိုင်းကျမ်းစာအုပ် ပျောက်သွားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ပြိုင်စံရှားဂိုဏ်းက ခိုးသွားခဲ့တာကိုး”

စောနတုန်းက သူမ၏ မျက်နှာပေါ်တွင် ထင်ပေါ်လျက် ရှိနေသည့် အံ့အားသင့်မှုများသည် ကျိုးဟုန်၏ ဓားပညာမှာ အလွန်ကောင်းမွန်သောကြောင့် မဟုတ်ပေ။ သူမ၏ အဘိုး ဖန်တီးထားသည့် သိုင်းပညာဖြစ်ကြောင်း သေချာသိရှိနေသောကြောင့်ပင်။ ပြင်ပမှလူသည် ထိုအရာကို မည်သို့ လေ့လာ သင်ယူနိုင်ခဲ့သနည်း။

“မိန်းကလေးကျန့်”

ကျိုးဟုန်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီးတော့ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့”

ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ဂိုဏ်းအား ဤကဲ့သို့ ပြောဆိုနေသည်ကို ဘယ်တော့မှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ .....။

ထားလိုက်တော့။ ထားလိုက်တော့။ ဒီကိစ္စနှင့်ပတ်သတ်လျှင် ကျွင်းချောင်ရှောင်းသည် စနစ်ကို သုံးရက်နှင့် သုံးညတိုင်တိုင် ဆူဆဲနေရပေလိမ့်မည်။

“မင်း ဒီလင်းကျန့်ဓားသိုင်းကို သင်ယူလေ့လာခဲ့တာ ဘယ်လောက်ကြာပြီလဲ” ကျန့်ကွေ့ရှုက မေးမြန်းလိုက်သည်။

“အင်း... နှစ်သုံးဆယ်လောက်ပါ”

“ဘာ” ကျန့်ကွေ့ရှု၏ မျက်လုံးများသည် ပြူးကျယ်သွား၏။

“မဖြစ်နိုင်ဘူး”

ကျန့်ရှောင်ဟုန်က ပြောလိုက်သည်။ “လင်းကျန့်ဓားသိုင်းက ကျွန်မရဲ့အဘိုး ငယ်ငယ်တုန်းက ဖန်တီးခဲ့တယ်ဆိုပေမဲ့ မပြည့်စုံသေးတဲ့အရာတွေ အများကြီး ရှိသေးတယ်လေ။ ဒါကို ဆယ်စုနှစ်အနည်းငယ်အတွင်း နားလည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ခင်ဗျား မယုံရင်လည်း ပြီးတာပဲ” ကျိုးဟုန်က ခွန်းတုံ့ပြန်လိုက်၏။

“ငါယုံတယ်” ကျန့်ကွေ့ရှုက ပြောလိုက်သည်။ သူ ဓားသိုင်းကျမ်း ပျောက်ဆုံးသွားခဲ့သည့်အချိန်ကို ကြည့်ရမည် ဆိုလျှင် နှစ်သုံးဆယ်နီးပါး တိတိကျကျသာလျှင် ရှိ၏။ ထို့ကြောင့် ကျိုးဟုန်သည် မလိမ်ညာမှန်းကို သူသေချာ သိရှိ နေသည်။

“အဘိုး”

ကျန့်ရှောင်ဟုန်သည် အနည်းငယ် ဇဝေဇဝါဖြစ်လို့နေခဲ့၏။ “ကျွန်မတောင် မသင်ယူ၊ မတတ်မြောက်နိုင်တဲ့ အရာကို သူဘယ်လို သင်ယူခဲ့တာလဲ”

ကျန့်ကွေ့ရှုသည် ပြုံးကာ ပြောလိုက်၏။ “မင်းရဲ့ ဓားတာအိုနဲ့ပတ်သက်တဲ့ ပါရမီက အရမ်းအားကောင်းတယ် ဆိုပေမဲ့ ကိုယ့်ထက်ပိုပြီး အားကောင်းတဲ့လူတွေက ရှိနေသေးတယ်လေ။ ဒီလောကကြီးထဲမှာ မင်းထက်ပိုပြီး အားကောင်းတဲ့လူတွေ မရှိတော့တာမျိုးမှ မဟုတ်တာ”

“...........”

ကျန့်ရှောင်ဟုန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သူမသည် မသိမသာဖြင့် ကျိုးဟုန်ကို လှမ်းကာကြည့်ရှု လိုက်၏။

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ကောင်လေး... မင်း လင်းကျန့်ဓားသိုင်းကို သင်ယူတတ်မြောက်နိုင်တယ် ဆိုမှတော့ မင်းနဲ့ငါက ရေစက်ပါတယ်ဆိုတဲ့ သက်သေပဲ။ ဒီတော့ မင်းငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီး ဓားတာအိုကို လေ့ကျင့်မှာလား”

“မကျင့်ပါဘူး”

ကျိုးဟုန်က ပြောလိုက်သည်။ “ကျုပ် ဂိုဏ်းကိုပဲ ပြန်ချင်တယ်”

“ဂိုဏ်းချုပ်ကျွင်းပြောတာ အမှန်ပဲ။ ဒီကောင်က ဓားပညာကို လေ့ကျင့်တဲ့နေရာမှာ အရူးတစ်ယောက်လိုပဲလို့ ပြောခဲ့တာ။ ကျန်တာတွေ ဘာမှစိတ်မဝင်စားဘူးပဲ” ကျန့်ရှောင်ဟုန်သည် တီးတိုးပြောလိုက်၏။

သူမ၏အဘိုးသည် အထက်စကြဝဠာတွင် ထိပ်တန်းဓားတာအိုကို ကျွမ်းကျင်သူတစ်ယောက်အဖြစ် လူသိများလှ၏။ များပြားလွန်းသောလူများသည် အဘိုး၏ တပည့်ဖြစ်ရန် အိမ်မက်ပင် မက်ခဲ့ကြသည်။ သို့ပေမဲ့ ကျိုးဟုန်ဆိုသည့် အကောင်သည် ဤအရာကို လက်မခံနိုင်ချေ။

“ငါ မင်းကို အတင်းကြီး ဖိအားပေးမှာ မဟုတ်ပါဘူး”

ကျန့်ကွေ့ရှုသည် မြေပေါ်တွင် ရှိနေသည့် သစ်ရွက်တစ်ခုကို ကောက်ယူကာ ပြောလိုက်သည်။ “မင်း အချိန်မရွေး ထွက်သွားလို့ရတယ်”

ဝှစ်

သစ်ရွက်သည် သူ့ကို ဖြတ်သန်းသွားခဲ့သည်။ အနှေးပြကွက်များနှင့် ကြည့်ရှုမည် ဆိုလျှင် သစ်ရွက် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ လေဟာနယ်ကြီးတစ်ခုလုံးသည် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လျက် ရှိနေ၏။

မည်သည့်ထူးခြားဆန်းကြယ်မှုများမှ ပါဝင်နေပုံ မပေါ်ချေ။ ထိုအရာကို မည်သည့် အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူများပင် ပြုလုပ်၍ ရနိုင်သည်။

သို့ပေမဲ့ ကျိုးဟုန်သည် မြေပေါ်တွင် ကျောက်ရုပ်ထုကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်နေခဲ့၏။ စောနတုန်းက ဖြစ်တည် ခဲ့သည့် လှိုင်းများကို သူအာရုံခံမိ၏။ မည်သည့် ဓားစွမ်းအင်မှ ပါဝင်ခြင်းမရှိချေ။ သို့ပေမဲ့ အဘယ်ကြောင့် သစ်ရွက် ထဲတွင် အလွန်အားကောင်းလှသည့် ဓားစွမ်းအင်များ ပါဝင်နေရသနည်း။ ကျွမ်းကျင်သူ..

“ဒီသစ်ရွက်က ဘယ်လိုဖြစ်ပြီးတော့ ဓားစွမ်းအင်တွေ မပါဝင်ဘဲ ဓားဆန္ဒတွေ ပါဝင်နေရတာလဲဆိုတာ စိတ်ဝင်စား သွားပြီ မဟုတ်လား”

ကျန့်ကွေ့ရှုက ပြုံးကာပြောလိုက်၏။ “ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်။ ငါမင်းကို အဖြေပေးမယ်”

“..........”

ကျိုးဟုန်သည် ဝေခွဲမရသည့်ပုံ ပေါ်နေသည်။

“ရှင်က တကယ့်လူပဲ”

ကျန့်ရှောင်ဟုန်သည် ဘေးမှ ရပ်ကာကြည့်မနေနိုင်တော့ချေ။ သူမသည် ဘေးတစ်ဖက်ဆီသို့ လျှောက်လာပြီး မျက်လုံးမှိတ်ပြကာ ပြောလိုက်၏။ “မြန်မြန်... ကွေ့ရှုဓားသူတော်စင်ကို ရှင့်ဆရာအဖြစ် အသိအမှတ်ပြုလိုက်တော့”

ကျိုးဟုန်သည် ဝေခွဲမရ ဖြစ်နေတုန်းပင်။ သူသည် ဂိုဏ်းချုပ်၏ အားတက်သရောဖြစ်နေသည့် အကြည့်များကို မြင်ယောင်ပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာကွေ့ရှုကို ဆရာအဖြစ် အသိအမှတ် ပြုချင်ပါတယ်”

“ဒါဆိုရင် ဒူးထောက်ပြီး ကန်တော့တော့” ကျန့်ရှောင်ဟုန်၏ လေသံသည် ဘေးတစ်ဖက်ဆီမှ ဝင်ရောက်ကာ တိုက်တွန်းနေသည့်ပုံပေါ်၏။

“တောင်းပန်ပါတယ်”

ကျိုးဟုန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က တစ်ခါက ပြောဖူးတယ်။ ပြိုင်စံရှားဂိုဏ်းတပည့်တွေအနေနဲ့ မိဘကလွဲပြီး ဘယ်သူ့ကိုမှ ဒူးမထောက်ရဘူး။”

ကျန့်ရှောင်ဟုန်က ပြောလိုက်၏။ “တစ်နေ့တာဆရာဖြစ်တယ်ဆိုတာ ဘဝတစ်သက်တာအတွက် အဖေ တစ်ယောက် ဖြစ်တာနဲ့တူတူပဲ”

“ဒါက”

“ထားလိုက်တော့၊ ထားလိုက်တော့”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဒီလို လုပ်ရိုးလုပ်စဉ်တွေကို ဂရုစိုက်ဖို့ မလိုဘူး”

“ဟမ်”

ကျန့်ရှောင်ဟုန်သည် နှုတ်ခမ်းထော်ကာဖြင့် ပြောလိုက်၏။ “အဘိုးက တပည့်ခေါ်တာနဲ့ မတူတော့ဘူး။ ဆရာခေါ်တာနဲ့ တူနေပြီ”

“ဝါအရ ပြောရမယ်ဆိုရင်”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “သူက ငါ့ရဲ့တပည့်၊ မင်းအဖေနဲ့ မျိုးဆက်တူတူပဲလေ။ သမီးတစ်ယောက်အနေနဲ့ မင်းက သူ့ကို ဦးလေးလို့ ခေါ်ရမယ်”

“ဟမ်” ကျန့်ရှောင်ဟုန်သည် တွေဝေသွားမိ၏။

“ဒီနေ့ကစပြီး မင်း သူ့ကို ဦးလေးကျိုးလို့ ခေါ်တော့”

“ခုနတုန်းကတော့ လောကဝတ်တွေ၊ လောကနိယာမတွေကို ဂရုစိုက်နေစရာ မလိုဘူးဆို”

“အရာအားလုံးတော့ မဟုတ်ဘူးလေ။ စီနီယာဝါစဉ်အတိုင်း သတ်မှတ်ရမယ်ဆိုရင် အဲတာတွေကို သွားပြီး ရှုပ်လို့ မဖြစ်ဘူး”

..........

ဝှစ် ဝှစ်

လျှို့ဝှက်နယ်မြေအတွင်းမှာတော့ အဆင့်တက်မှုနှုန်းသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်နေ၏။ မှန်ပေ၏။ တစ်စုံတစ်ယောက်သည် ထပ်မံကာ အဆင့်ချိုးဖြတ်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ လက်ရွေးစင်တပည့်များ မဟုတ်ချေ။ ဂိုဏ်း၏အထက်ပိုင်း အကြီးအကဲတစ်ယောက်ဖြစ်သော ယုစီနန်ပင်ဖြစ်၏။

ပြီးသည့်နောက်မှာတော့ နတ်ဘုရားလျှို့ဝှက်အဆင့် ခြေလှမ်းဝက်သို့ တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖြတ်နိုင်ခဲ့တော့သည်။

“ငါ့ကို ရှင်းပြပါအုံး”

စနစ်က ပြောလိုက်သည်။ “လက်ခံသူ အဆင့်တစ်ခုမှာ တစ်နေတဲ့အချိန်တုန်းက တပည့်တွေ အားလုံးကို အဆင့်တစ်ခုမှာ တစ်နေကြတယ်။ လက်ခံသူလည်း အဆင့်ချိုးဖြတ်ရော အားလုံးက ချက်ချင်းနိုးထလာပြီး အဆင့် ချိုးဖြတ်ခဲ့ကြတယ်။ ဒါက ကုန်းရှန့်ရဲ့ အဆင့်တက်ခြင်းနိယာမလား”

All Chapters