← Chapters

အခန်း ၁၈၂၇

Vol. 123 Ch. 1827

အခန်း ၁၈၂၇

Vol. 123 Ch. 1827

အပိုင်း (၁၈၂၇)

“ဆရာ”

ထူးခြားလှိုဏ်ဂူထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “သဘောတူလိုက်ပါ”

“...........”

ကြီးမြတ်သူတုံးကုသည် အနောက်ဘက်ကို လှည့်ကြည့်ပြီးသည့်နောက် မည်သည့်စကားမှ မဆိုချေ။

“ဆရာက လွတ်လပ်မှုကို လိုချင်တယ်ဆိုတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ပြီးသွားရင်လည်း လောကကြီးကို လျစ်လျှူရှု တောင်တစ်ခုထဲမှာ သိုသိုသိပ်သိပ်နဲ့ နေနိုင်စွမ်း ရှိနေတာပဲ”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “အင်း... ထာဝရလောကကြီးကို ရောက်လာတာကိုက ငါ့အတွက် ကြီးမားတဲ့ ကိစ္စကြီး ဖြစ်နေပြီလေ”

“ကျုပ် သိပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့”

“ထပ်ပြီး မပြောနဲ့တော့။ ငါ့စိတ်ကို ပြင်ဆင်ထားခဲ့ပြီးပြီ။ မင်းပြန်တော့”

“ဟင်း..” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွား ခဲ့၏။

ဝှစ် ဝှစ် .....။

လှိုဏ်ဂူ၏အပြင်ဘက်သို့ ထွက်ထွက်ချင်းမှာပဲ ဆန်းကြယ်လှသော အဆင့်တက်သည့်နှုန်းသည် ဂိုဏ်းထဲ၌ ဖြစ်တည်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် အဆင့်ချိုးဖြတ်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

“ကောင်လေး”

မာဆာတိုကီတာနိုက လှမ်းကာ စပ်စုလိုက်၏။ “ဘာလို့ မင်းရဲ့တပည့်တွေက နတ်ဘုရားလျှို့ဝှက် ခြေလှမ်းဝက်အဆင့်ဆီကို တစ်ယောက်ပြီးတစ်ယောက် ထပ်ပြီး အဆင့် ချိုးဖြတ်နေရတာလဲ”

ထပ်ပြီးဆိုသည့် စကားလုံးသည် သာမန်ဖြစ်နေသည်ဟု အဓိပ္ပာယ်ကို ဖော်ညွှန်းလျက်ရှိ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် လအနည်းငယ်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်းတပည့်များသည် မကြာခဏဆိုသလို အဆင့် ချိုးဖြတ်လျက်ရှိသည်။

ပထမတုန်းက မာဆာတိုကီတာနိုသည် အမှန်ပင် တုန်လှုပ်မိ၏။ သို့ပေမဲ့ တဖြည်းဖြည်း ထိုအရာကို အသားကျလာခဲ့၏။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင် သံသယများ တည်ရှိနေသေး၏။ ထို့ကြောင့် အခွင့်အရေးရသည်နှင့်တပြိုင်နက် မေးမြန်းခဲ့ခြင်းပင်။

“ဘာလို့လဲဆိုတော့”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းက နတ်ဘုရား လျှို့ဝှက် ခြေလှမ်းဝက်ဆီကို တက်လှမ်းနိုင်ဖို့အတွက် လှည့်ကွက်တစ်ခုကို ပိုင်ဆိုင်တယ်လေ။ အောင်မြင်နိုင်မှု နှုန်းထားက တစ်ရာရာခိုင်နှုန်းပဲ”

ကုန်းရှန့်သည် ဝံ့ကြွားစွာ ကြွားဝါပြောဆိုနေခြင်း မဟုတ်ပေ။ အစစ်အမှန်ကို ပြောဆိုနေခြင်းသာဖြစ်သည်။ တစ်စုံ တစ်ယောက်၏ ပါရမီသည် လက်သင့်ခံနိုင်ပြီး အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည်ဆိုပါက ထျန်းချီ ထူးခြားလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် အဆင့်ချိုးဖြတ်နိုင်ရန်ဆိုသည်မှာ အချိန် ခဏသာ ယူရပေလိမ့်မည်။

“ဘယ်လိုလှည့်ကွက်မျိုးလဲ” မာဆာတိုကီတာနိုက အံ့အားသင့်သွား၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသော တစ်စုံတစ်ယောက်ဖြစ်သည်မို့ အဆင့်ချိုးဖြတ်နိုင်သော နည်းလမ်းရှိသည်ဆိုလျှင် သူကျိန်းသေပေါက် မေးမြန်းမိမှာ သေချာသည်။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြောလို့မရဘူးလေ။ ဂိုဏ်းထဲကို ဝင်မှရမှာ”

“..........” မာဆာတိုကီတာနိုသည် ဆွံ့အသွားမိသည်။

“စီနီယာ နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားရန် ပြင်လိုက်သည့်အချိန်မှာပဲ လှိုဏ်ဂူအတွင်းဆီမှ ကြီးမြတ်သူတုံးကု၏ အသံက ထွက်ပေါ်လာခဲ့၏။ “နတ်ဘုရား လျှို့ဝှက်အဆင့် ခြေလှမ်းဝက်ဆီကို ချိုးဖြတ်နိုင်တဲ့ လှည့်ကွက်တစ်ခု မင်းဆီမှာရှိတယ်ဆိုတာ သေချာလား”

“တကယ်လို့ အဲတာသာ အတုဆိုရင် ဘာလို့ လူတွေက တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖြတ်နေမှာလဲ” ကုန်းရှန့်က ပြန်လည်မေးမြန်းလိုက်သည်။

ကြီးမြတ်သူတုံးကုသည် လှိုဏ်ဂူထဲမှ လှမ်းလျှောက်ထွက်ပြီးသည့်နောက် ပြောလိုက်၏။ “အင်း... ဒါကို အတည်ပြုတဲ့အနေနဲ့ ငါ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်တယ်”

ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင် ဖြစ်သွားမိသည်။ ပြီးနောက် သူသည် မာဆာတိုကီတာနို ဘက်လှည့်ကာ မေးလိုက်သည်။ “စီနီယာကကော”

“ငါလည်းဝင်မယ်”

မာဆာတိုကီတာနိုသည် တည်ငြိမ်လျက်ရှိသည်ဆိုသော်လည်း ၎င်း၏ နှလုံးသားထဲမှာတော့ အော်ဟစ်လျက်ရှိ၏။ ဒီအဘိုးကြီး နောက်ဆုံးမှာတော့ အဖြေရှာပြီးသွားပြီပဲ။

လတ်တလောတွင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အဆင့်ချိုးဖြတ်လျက် ရှိနေ၏။ ထို့ကြောင့် သူသည် စောင့်၍ မနေချင်တော့ပေ။ သို့ပေမဲ့ ကြီးမြတ်သူတုံးကုသည် တင်းခံလျက် ရှိနေသေး၏။ မျက်နှာအရေထူကာဖြင့် ပြိုင်စံရှား ဂိုဏ်းထဲသို့ ဝင်ရောက်ရမည့် ကိစ္စကို ငြင်းဆိုလျက်ပင် ရှိခဲ့သည်။

ဒင် ဒင်

ဝင်ခွင့်ဖောင်ပေါ်တွင် စည်းတံဆိပ်တုံးကို ထုနှက်ပြီးသည့်နောက် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည် ပြိုင်စံရှားဂိုဏ်းသားများအဖြစ် တရားဝင် ဖြစ်တည်သွားခဲ့၏။

ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ၎င်းတို့နှစ်ယောက်မှာ ဘိုးဘေးအကြီးအကဲကြီးများဖြစ်ကြောင်း တစ်ခါတည်း ကြေညာ ခဲ့တော့သည်။ ၎င်းတို့သည် တောင်ပေါ်တွင် သို့မဟုတ် ဂိုဏ်းထဲတွင် မည်သည့်နေရာတွင်မဆို နေထိုင်နိုင်စွမ်းရှိသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့ကဲ့သို့သော အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူများသည် ဂိုဏ်းထဲတွင် သာမန်ဟုသာ သုံးသပ်၍ ရ၏။ ၎င်းတို့အား အဆင့်မြင့်မြင့် မားမား ထားရှိရန် မလိုချေ။

သို့ပေမဲ့ ကုန်းရှန့်သည် အဘယ့်ကြောင့် ထိုသူတို့အား ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ထပ်တလဲလဲ သွားရောက်ကာ ဖိတ်ခေါ်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ၏ဆရာဖြစ်၏။ သူ့ကို အရင်တုန်းက အများအပြား ကူညီခဲ့သူများလည်း ဖြစ်လို့နေသည်။

ကျွင်းချောင်ရှောင်းသည် အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်နေသည့်အချိန်တွင် ကျိန်းသေပေါက် ကျေးဇူး တရားများကို မေ့လျော့နေမည် မဟုတ်ချေ။ ထို့အပြင် ကြီးမြတ်သူတုံးကုသည် အတိတ်တုန်းက သူ့အတွက် အကြိမ်ပေါင်းများစွာ အပြစ်တင်ခံခဲ့ရ၏။ ထို့ကြောင့် အဆင့်မြင့်အဆင့်သို့ ချိုးဖြတ် နိုင်ရန် ကျိန်းသေပေါက် ကူညီပေးရပေမည်။

ကုန်းရှန့်သည် ဂုဏ်သိက္ခာတရားကို လိုအပ်သလို တခြားသူများအား လုံလောက်သည့် လေးစားမှု ပေးတတ်သည့် လူတစ်ယောက်လည်း ဖြစ်၏။ အောက်နယ်မြေတွင်ဖြစ်ဖြစ်၊ အထက်နယ်မြေတွင် ဖြစ်ဖြစ် သူ့အား အကျိုးကျေးဇူးများ ပေးအပ်သည့် လူများအားလုံးကို တစ်ခါကလေးမှ မျက်နှာလွှဲခဲပစ် မပြုလုပ်ခဲ့ဖူးချေ။

..........

ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေ

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး လောကကြီး အတွင်းတွင် ရှိနေသည့် နက်နဲလှသည့် သဘာဝများကို အာရုံခံလျက် ရှိနေသည်။ ၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသော တုန်လှုပ်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ၎င်းတို့နှစ်ယောက်သည် အဘယ်ကြောင့် ပြိုင်စံရှား ဂိုဏ်းမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖြတ်နေခဲ့ကြသည်ကို အလုံးစုံ နားလည်သွားခဲ့ကြ၏။

ဤလှည့်ကွက်သည် အလုံးစုံကြောက်မက်ဖွယ်ကောင်းလှ၏။ သူတို့၏ ဘဝတစ်သက်တာလုံး နားလည်နိုင်စွမ်း မရှိသည့် နက်နဲသည့်သဘောတရားများကို ရိုးရိုးရှင်းရှင်းနှင့် စုပ်ယူရယူနိုင်စွမ်း ရှိနေသည်။

“ခင်ဗျားတပည့်က ဂိုဏ်းထဲကို ဝင်ဖို့ ထပ်တလဲလဲ လာလာပြီး ပြောခဲ့တယ်။ ခင်ဗျားက လွတ်လပ်မှုကို ခုံမင်ခဲ့တယ်။ ခင်ဗျားအခု နောင်တရနေပြီလား” မာဆာတိုကီတာနိုသည် မေးမြန်းလိုက်မိ၏။

“ဒီခွေးလေး”

ကြီးမြတ်သူတုံးကုသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီလိုကောင်းတဲ့နေရာ ရှိတယ်ဆိုတာ ဘာလို့ အစောကြီးကတည်းက မပြောရတာလဲ”

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည်လည်း သူ၏အကြောင်းအရာများအားလုံးကို ပြောလိုက်ချင်သည်။ သို့ပေမဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်သောကြောင့် ထိုအရာကို ပေါက်ကြား၍ မရချေ။ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ထိုလျှို့ဝှက်ချက်များကို ထုတ်ဖော်ကာ ပြောမည်ဆိုလျှင် သူ၏မှတ်ဉာဏ်၊ ကျင့်ကြံခြင်းအဆင့်များ ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် ကုန်းရှန့်သည် ကျော်ကြားလွန်းလှသော ပါရမီရှင်များကို တပည့်အဖြစ် ခေါ်ယူသည့်အချိန်တွင် ဂိုဏ်းထဲတွင် မည်သည့်အရာများ ရှိသည်။ မည်သည့် ကျင့်ကြံခြင်းစနစ်က ကြောက်ဖို့ ကောင်းသည် ဆိုသည့်အရာ များကို ဘယ်တော့မှ မပြောခဲ့ချေ။ သူသည် အားရာ၏ ကြာပွတ် သို့မဟုတ် လျှိုဝမ်ရှစ်၏ အစားအစာ အသုံးပြုခြင်း ကိုသာ ဆွဲဆောင်ခဲ့၏။

“အဆင်ပြေတယ်။ အဆင်ပြေတယ်”

မာဆာတိုကီတာနိုက ပြောလိုက်သည်။ “အခုလည်း နောက်မကျသေးပါဘူး”

ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေ တည်ရှိနေသည် ဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက် အနေနှင့် အလွန်ပဲ ယုံကြည်ချက် ပြင်းထန်နေ၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ တစ်လကြာမြင့်ပြီးသည့်နောက် ကြီးမြတ်သူတုံးကု နှင့် မာဆာတိုကီတာနိုတို့သည် နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့်သို့ အောင်မြင်စွာဖြင့် ရောက်ရှိသွားခဲ့ ကြ၏။

အလွန်အားကောင်းလှသော စွမ်းအင်များကို ခံစားမိပြီးသည့်နောက် ၎င်းတို့သည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ မျက်ရည်များပင် ကျဆင်းလာမိ၏။ သူတို့သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ နှစ်ပေါင်း တစ်သောင်း ကျော်ကြာ ပိတ်မိနေကြသူများဖြစ်၏။ နောက်ဆုံးမှာတော့ သူတို့ဖြစ်စေချင်သည့်အရာကို ရရှိခဲ့ကြလေသည်။

ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေသာ မရှိပါက ၎င်းတို့နှစ်ယောက်သည် ခန္ဓာကိုယ်မှ အပင်ပေါက်သွားပေလိမ့်မည်။ တစ်သက်လုံး တူညီသည့်အဆင့်မှာသာ ပိတ်မိနေမှာ သေချာ၏။

“အရမ်းကြီး စိတ်မလှုပ်ရှားနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါအစပဲ ရှိသေးတယ်”

“အမှန်ပဲ”

ကြီးမြတ်သူတုံးကုသည် ဆုံးဖြတ်ထားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ငါတို့ ထပ်ပြီး သွားဖို့ နောက်ထပ် အဆင့်တွေ အများကြီး ရှိသေးတယ်”

နတ်ဘုရားလျှို့ဝှက်အဆင့် - ခြေလှမ်းဝက်ကို လှမ်းပြီးသားလူများပင်လျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်ရန် ဆိုသည်မှာ မသေချာလှချေ။ သို့ပေမဲ့ သူတို့အနေနှင့် ထိုအရာကို ရရှိနိုင်ရန် ကြိုးစားခွင့်တော့ တည်ရှိနေ၏။

ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသည့် ခြေလှမ်းဝက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီးသော အထက်ပိုင်းအကြီးအကဲ နှင့်တပည့်များအားလုံးသည်လည်း အနားမယူခဲ့ကြချေ။ ထျန်းချီလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး မရပ်မနား လေ့ကျင့်လျက် ရှိနေကြသည်။

အထူးတာဝန် ပြည့်စုံသည့်အချိန်က အရာကို ကုန်းရှန့်က မှတ်မိလို့ နေခဲ့၏။ သူ့အား လျှို့ဝှက်နယ်မြေတစ်ခုကိုသာ ပေးအပ်ခဲ့၏။ သို့ပေမဲ့ ဤအရာသည် တကယ့်ကို ကောင်းမွန်လွန်းလှသည့် လျှို့ဝှက်နယ်မြေကြီးတစ်ခု ဖြစ်လို့နေ ခဲ့၏။

..........

“ဂိုဏ်းချုပ်... အကြီးအကဲစွန်းက အဆင့်ချိုးဖြတ်ခဲ့ပါပြီ”

“ဂိုဏ်းချုပ်.. အကြီးအကဲကျန့်က အဆင့်ချိုးဖြတ်ခဲ့ပြီ”

“ဂိုဏ်းချုပ်... ဂျူနီယာညီလေးလုံက အဆင့်ချိုးဖြတ်ခဲ့ပြီ”

“ဂိုဏ်းချုပ်... ဆရာကတော် အဆင့်ချိုးဖြတ်သွားပြီ”

နောက်နှစ်ဝက်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ အထက်အကြီးအကဲများနှင့် တပည့်များ အားလုံးသည် အဆင့် ချိုးဖြတ်ခဲ့ကြသည်။ နတ်ဘုရားလျှို့ဝှက် ခြေလှမ်းဝက်ဆီသို့ ရောက်ရှိလာခဲ့သည့် အရေအတွက်သည် တဖြည်းဖြည်း များပြားလာခဲ့သည်။

စနစ်သည် ဂိုဏ်း၏ တိုက်ခိုက်နိုင်မှု စွမ်းရည်ကို ထုတ်ဖော်မပြသနိုင်သည်မှာ ဆိုးရွားလွန်းလှ၏။ မဟုတ်ပါက လွန်ခဲ့သည့်နှစ်ဝက်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် နှစ်ဆပင် ပိုမိုကာ တိုးတက်နေတော့မှာ သေချာ၏။

“ဂိုဏ်းချုပ်”

ယွမ်ဖန်သည် ဝင်ရောက်လာကာ ပြောလိုက်သည်။ “မှတ်တမ်တွေအရဆိုရင် ပြိုင်စံရှားဂိုဏ်းက နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ကို ခြေလှမ်းဝက် ရောက်နေသူ သုံးဆယ်ကျော် ရှိနေပြီ။ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုအရဆိုရင် နောက်နှစ်ဝက်အတွင်း အဆင့်ချိုးဖြတ်နိုင်မယ့်လူ ငါးဆယ်ကျော်ရှိတယ်”

“အင်း... မဆိုးဘူး၊ မဆိုးဘူး” ကုန်းရှန့်က ပြောလိုက်၏။ အထက်စကြဝဠာ၏ အဆင့်အမြင့်ဆုံးဖြစ်သော နတ်ဘုရားလျှို့ဝှက်အဆင့်ဆိုသည်မှာ အလွန်ရှားပါးလွန်းလှ၏။ ထို့ကြောင့် နတ်ဘုရားလျှို့ဝှက်အဆင့် ခြေလှမ်းဝက် ဆိုသည်မှာ လက်ရှိအခြေအနေတွင် အဆင့်မြင့်အဆင့်ဟု သတ်မှတ်နိုင်၏။ ပြိုင်စံရှားဂိုဏ်းတွင် ထိုကဲ့သို့သော ကျင့်ကြံသူ အများအပြား တည်ရှိလို့နေ၏။ ကြောက်မက်ဖွယ်ရာပင်။

လက်ရှိအခြေအနေ၌ ကြယ်တာရာစိတ်ဝိညာဉ်နယ်မြေမှ ပထမရေတပ်ဦးစီးချုပ်သာ အထက်နယ်မြေသို့ လာရောက်သည်ဆိုပါက ် ကျိန်းသေပေါက် စုတ်ပြတ်သတ်အောင် ပြန်ပြေးရမှာ သေချာ၏။

“ဒါပေမဲ့ ငါတို့ အများကြီးလိုသေးတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်တာရာ စိတ်ဝိညာဉ် လောကက ဘယ်လောက် အားကောင်းတယ်ဆိုတာကို ငါတို့မသိဘူး။ ဂိုဏ်းရဲ့ အားအင်အဆင့်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးတိုးအောင် ပြုလုပ်ဖို့လိုတယ်”

ဤအဆင့် ဂြိုဟ်တစ်ခုနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ကုန်းရှန့်သည် တစ်ယောက်ပြီးတစ်ယောက်ကို အဆင်ခြင် မဲ့စွာဖြင့် စိန်ခေါ်ခြင်းကို ပြုလုပ်နိုင်မည် မဟုတ်ချေ။ အရေအတွက်ကို အမှီအခိုပြုပြီး တိုက်ခိုက်မှသာလျှင် ဖြစ်ပေ လိမ့်မည်။

“အချိန်ခဏလောက်ပေးအုံး”

ထိုင်ခုံပေါ်တွင် အသာမှေးထိုင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာလိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်။ “ငါ နတ်ဘုရားလျှို့ဝှက် ခြေလှမ်းဝက်အဆင့် ကျင့်ကြံသူတစ်ထောင်ကို ခေါ်ပြီးတော့ ကြယ်ရာတာစိတ်ဝိညာဉ်နယ်မြေကို အော်မေးမယ်။ မင်းတို့ကြောက်ပြီလားလို့”

ဟား ဟား ဟား

စာကြည့်ခန်းထဲမှ အော်ဟစ်ရယ်မောသံကြီး ထွက်လာခဲ့သည်။ ဤရယ်သံကို ကြားရသည့်တပည့်များသည် ကြက်သီးမွေးညှင်းများပင် ထလျက် ရှိနေကြ၏။

All Chapters