← Chapters

ကာမနတ်ဆိုး တာအို

Vol. 8 Ch. 107

ကာမနတ်ဆိုး တာအို

Vol. 8 Ch. 107

ချီမင်က 'ရွှေရောင်အလင်းစီးခြင်း' နဲ့ လေထဲမှာ အရှိန်အဟုန်နဲ့ ပျံသန်းနေတယ်။ သူ့ရဲ့ အရှိန်က အရမ်းမြန်တယ်။ သူ ကောင်းကင်မှာအမြင့်မှာရှိပြီး ကျယ်ပြောတဲ့ တောအုပ်ကို ငုံ့ကြည့်လိုက်တယ်။ အဲ့မှာကြီးမားပြီး မတူညီတဲ့ နတ်ဆိုးသားရဲတွေ နေရာယူထားတယ်။

ဝေါင်း!

မကြာခင်မှာ ချီမင်က ယင်းလုံကောင်းကင်ဂူထဲမှာ နေထိုင်တဲ့ ပထမဆုံး နတ်ဆိုးသားရဲနဲ့ တွေ့လိုက်တယ်။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အတောင်တွေကိုဖြန့်ကားထားတယ်။ အဲဒါက အမြင့် မီတာ ၁၀၀ လောက် ရှိတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးနက်ရောင်ဖြစ်ပြီး အကြေးခွံတွေနဲ့ ဖုံးလွှမ်းထားတယ်။ အဲဒါကရှေးခေတ်နဂါးတစ်ကောင်ကိုအဆ‌များစွာကြီးထားတာနဲ့ တူတယ်။

ဝှစ်!

ချီမင်က နတ်ဆိုးအတောင်ပံနဂါးရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။

"လူသားတွေ! မင်းတို့အားလုံး သေသင့်တယ်!"

နတ်ဆိုးအတောင်ပံနဂါးရဲ့ စကားလုံးတွေကိုထွက်လာတယ်။ သူ့ရဲ့သတ်ဖြတ်လိုတဲ့စိတ်ကမြင့်တက်လာပြီးပိုပြီးတောင်ဒေါသထွက်လာတယ်။

နောက်တစ်ခဏမှာ နတ်ဆိုးအတောင်ပံနဂါးက သူ့ရဲ့ အတောင်တွေကိုခတ်လိုက်တော့များပြားတဲ့ နတ်ဆိုးစွမ်းအင်တွေ စုစည်းလာပြီးလေဆင်းနှာမောင်းလိုလေဓားသွားတွေအဖြစ်ပြောင်းလဲပြီးချီမင်ကိုတိုက်ခိုက်လိုက်တယ်။

"အသင်္ချေ ပုံစံမုန်တိုင်း"

ဘုန်း! ဘုန်း!

ချီမင်လည်းတန်ပြန်တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ သဏ္ဍာန်မဲ့ရွှေအမြူတေရဲ့ ဓမ္မစွမ်းအားတွေနဲ့ နတ်ဘုရားစွမ်းအားတွေ ထွက်လာတယ်။သဏ္ဍာန်မဲ့ပုံစံမုန်တိုင်းရဲ့စွမ်းအားလှိုင်းတွေက လေဆင်နှာမောင်းလိုမျိုး မရေမတွက်နိုင်တဲ့ အလင်းဓားတွေအဖြစ် ပြောင်းလဲသွားတယ်။

ဘန်း ဘန်း ဘန်း!!!

နှစ်ဖက်သား တိုက်မိကြတယ်။

မုန်တိုင်းက မုန်တိုင်းကို တိုက်ခတ်သွားတယ်။

ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။

ဘုန်း!

အသံကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

သဏ္ဍာန်မဲ့ပုံစံ မုန်တိုင်းနဲ့ နတ်ဆိုးအတောင်ပံနဂါးရဲ့ လေဆင်နှာမောင်း ပျောက်ကွယ်သွားတယ်။ တိုက်ပွဲရဲ့ နောက်ဆက်တွဲအရှိန်အဝါက ပတ်ဝန်းကျင်ကိုလှုပ်ခါသွားပေမဲ့ ချီမင်ကို ဘာမှလှုပ်ခါနိုင်စွမ်းမရှိဘူး။ အဲဒီအစား နတ်ဆိုးအတောင်ပံနဂါးက ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲအရှိန်အဝါကြောင့် နောက်ဆုတ်သွားရတယ်။

"ဓား၊ လာခဲ့"

ချွင်!

ချီမင်က လက်ကို မြှောက်လိုက်ပြီး ကမ္ဘာဖျက်ဆီးဓား ပေါ်လာတယ်။ အဲဒါကအစိမ်းရောင်ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီးချီမင်ရဲ့လက်ထဲကိုကျလာတယ်။ အဲဒါက ထက်ရှတဲ့ ဓားချီကို ထုတ်လွှတ်တယ်၊ "သောင်းပြောင်းကြာပန်းစိမ်းတာအို"

ဘုန်း!

ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းပေါ်လာတယ်။ အင်အားကြီးမားတဲ့စွမ်းအားတစ်မျိုးကပျံ့နှံ့သွားပြီး နတ်ဆိုးအတောင်ပံနဂါးရဲ့ အဆင့်ကို ဖိနှိပ်လိုက်တယ်။ အဲဒါကအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကနေအခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်ကို ကျဆင်းသွားတယ်။

"မင်းတို့ လူသားတွေ! မင်းတို့ တကယ် ယင်းလုံကောင်းကင်ဂူထဲကို ဝင်လာရဲကြတာလား!"

ဘုန်း!

နတ်ဆိုးအတောင်ပံနဂါးက ဟိန်းဟောက်လိုက်တယ်။ သူ့ရဲ့ အရှိန်အဝါက ခမ်းနားထည်ဝါပြီး နဂါးစွမ်းအင်တွေ ပေါက်ကွဲထွက်လာတယ်။ သူက သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်အားလုံးကို စုစည်းပြီးပြင်းထန်တဲ့နဂါးအသက်ရှုသံကိုတိုက်ရိုက်မှုတ်ထုတ်လိုက်တယ်။

"သေလိုက်တော့!"

ချီမင်ရဲ့ ဓားက ခုတ်ပိုင်းသွားတယ်။ ဒီဓားအောက်မှာ ဟင်းလင်းပြင်ကပြိုကွဲသွားပုံရတယ်။ အဲဒါက အင်အားကြီးမားပြီး အရာအားလုံးကို ခွဲထုတ်နိုင်တဲ့ စွမ်းအားပါဝင်ပြီး နတ်ဆိုးအတောင်ပံနဂါးရဲ့ ကြမ်းတမ်းတဲ့ နဂါးအသက်ရှုသံကိုခွဲထုတ်လိုက်တယ်။

ဖျန်း!!!

နောက်တစ်ခဏမှာ ကမ္ဘာဖျက်ဆီးဓားရဲ့ ဓားအလင်းက နတ်ဆိုးအတောင်ပံနဂါးရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားတယ်။

သွေးတွေ စီးကျလာတယ်။

ဒီနတ်ဆိုးအတောင်ပံနဂါးကို ချီမင်သူ့ရဲ့ ဓားနဲ့ သတ်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က နှစ်ပိုင်း ပြတ်သွားပြီး သူ့ရဲ့ အသက်စွမ်းအင်ကပျက်စီးသွားတယ်။ သူ့ရဲ့ အခြေတည်ဝိညာဉ်ကပျောက်ကွယ်သွားပြီး သူ့ရဲ့ ဝိညာဉ်က လောကထဲကို ပြန့်ကျဲသွားတယ်။

နတ်ဆိုးအတောင်ပံနဂါးရဲ့အလောင်းကမြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။

"ရှေးဟောင်းခေတ်ကိစ္စတွေကရှည်လျားတဲ့အချိန်မြစ်ထဲမှာ နစ်မြုပ်သွားခဲ့တာ ကြာပြီ။ အတိတ်က အတိတ်မှာပဲ ရှိတော့တယ်"

ချီမင်က နတ်ဆိုးအတောင်ပံနဂါးရဲ့ အလောင်းကို ကြည့်ပြီး ဂရုမစိုက်သလိုပြောလိုက်တယ်၊ "မင်းတို့ နတ်ဆိုးတွေက ရှေးခေတ်ကပ်ဘေးဒုက္ခထဲမှာ ဆက်ပြီး နစ်မြုပ်နေမယ်ဆိုရင်မင်းတို့ထိုင်စောင့်နေရုံပဲရှိတော့တယ်။"

ဝှစ်!

သူ စကားဆုံးတာနဲ့ချီမင်ကလေထုကိုခွဲပြီးပျောက်ကွယ်သွားတယ်။

မကြာခင်မှာ ချီမင်ကကျယ်ပြောတဲ့ တောအုပ်ရဲ့ အပိုင်းအခြားကို ကျော်သွားတယ်။ လမ်းမှာ နတ်ဆိုးအတောင်ပံနဂါးအပြင် နတ်ဆိုးတွေ အများကြီးနဲ့ တွေ့ပြီး တိုက်ခိုက်လာတယ်။

ဒီနတ်ဆိုးတွေကအရမ်းအင်အားကြီးပေမဲ့ ချီမင်နဲ့ လုံးဝ မယှဉ်နိုင်ဘူး။သူကလမ်းတစ်လျှောက်မှာရှုံးပွဲမရှိနိုင်လာပြီးသူ့ဓားနဲ့ နတ်ဆိုးအားလုံးကိုသတ်ဖြတ်ခဲ့တယ်။

"အရမ်း အင်အားကြီးတယ်"

"ချီမင်ရဲ့ခွန်အားက အရမ်း ကြီးမားတယ်"

"သူ လမ်းမှာ နတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကိုအများကြီး ကြုံခဲ့ပေမဲ့သူလုံးဝအဆင်ပြေနေသေးတယ်။ သူ နတ်ဆိုးအားလုံးကိုတောင် သတ်လိုက်တယ်။ သူကတကယ့်ကိုသန်မာတာပဲ"

"ဟုတ်တယ်!"

"သူကသူ့ရဲ့ လမ်းကို သတ်ဖြတ်ပြီး ဖောက်လာတာပဲ"

"..."

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အကြီးအကဲတွေက ပုံရိပ်ထဲက မြင်ကွင်းနဲ့ တိုက်ပွဲကို ကြည့်နေကြတယ်။ ချီမင်ပြိုင်ဘက်ကင်းဖြစ်‌နေတာကိုကြည့်ပြီးသူတို့အားလုံး စိတ်လှုပ်ရှားစွာ သက်ပြင်းချကြတယ်။ သူတို့ကချီမင်ရဲ့ခွန်အားကအရမ်းအား ကောင်းမှန်း အရင်ကတည်းက သိပြီးသား။

"မဆိုးဘူး" တာအိုဆရာအဇူရာနဂါးက ခေါင်းညိတ်လိုက်ပြီး ကျေနပ်စွာပြောလာတယ်၊ "ချီမင်ရဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းပြီး ထူးချွန်တယ်။ ငါ ထင်တာက သူ့မှာ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ထဲကို ဝင်ဖို့ အရည်အချင်း ရှိတယ်"

"မစိုးရိမ်ပါနဲ့" တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ပြောတယ်၊ "ပြပွဲက အခုမှအစပဲ ရှိသေးတယ်"

"ဟုတ်တယ်"

ဘိုးဘေး ဝူယန်က ပြောတယ်၊ "စောင့်ကြည့်ရအောင်"

"ချင်းယင်"

ယန်လီရဲ့ အကြည့်က စုချင်းယင်ဆီ ရောက်နေတယ်။

စုချင်းယင်က ပျက်စီးနေတဲ့ဘုရားကျောင်းတစ်ခုထဲကို ဝင်ပြီး တော့အန္တရာယ်နဲ့ ကြုံပြီး နတ်ဆိုးတွေ ဝိုင်းရံခံလိုက်ရတယ်။

(နန်းတော်ထဲကထွက်လာတာထင်တယ်။ခုနကeမှာကနန်းတော် ခုကဘုရားကျောင်းတဲ့)(palaceနဲ့templeကိုသုံးထားတာ)

ကျယ်ပြောတဲ့ တောအုပ်အပြင်ဘက်မှာ မိုင်ထောင်ချီ ရှည်လျားတဲ့ ကျယ်ပြောတဲ့ ရေစီးသန်တဲ့ မြစ်တစ်ခု ရှိတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အဆုံးကိုမမြင်နိုင်ဘူး။ အဲဒီတုန်းက ချန်မြစ်က ပါသွားပြီးတော့ဒီရေစီးသန်တဲ့ မြစ်နဲ့ ပေါင်းစည်းသွားတယ်။

ဒီရေစီးသန်တဲ့ မြစ်ကို ယင်းလုံမြစ်လို့ ခေါ်တယ်။

နောက်လုပ်ရမှာက ချီမင်က ဒီယင်းလုံမြစ်အတိုင်း ဒီရှေးခေတ်ကောင်းကင်ဂူရဲ့ အရှေ့ဘက်ကို သွားပြီး အရှေ့ဘက်အစွန်အဖျားကို ရောက်ဖို့ပဲ လိုတယ်။

"သွား!"

ဝှစ်!

ချီမင်ရဲ့ ခန္ဓာကိုယ်က ရွှေရောင်အလင်းအဖြစ် ပြောင်းလဲပြီး အလျင်အမြန် ရှေ့ကို တိုးသွားတယ်။

ဒီအချိန်မှာ ရှေးခေတ်ကောင်းကင်ဂူရဲ့ အပြင်ဘက်မှာ။

ဘုန်း! ဘုန်း! ဘုန်း!!!

မဖိတ်ခေါ်တဲ့ ဧည့်သည်တွေ ရောက်လာတယ်။

ချန်မြစ်အနီးမှာ ဟင်းလင်းပြင်ကပုံပျက်သွားတယ်။

အဲဒါက ကြီးမားတဲ့ ဟင်းလင်းပြင်ဝဲဂယက်ကြီးအဖြစ်ပြောင်းလဲသွားတယ်။

"အမိတဘ"

"ဗုဒ္ဓကကရုဏာရှိတယ်"

"အမိတဘ..."

"ရှေးခေတ်ကောင်းကင်ဂူ ပေါ်လာတယ်။ တစ်ညတည်းနဲ့ ချန်မြစ်က ခန်းခြောက်သွားပြီး ချန်မြစ်ရဲ့မိုင် ထောင်ချီအနီးက လူတွေ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူတို့ကို ပြောင်းရွှေ့ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရတယ်။ ငါတို့ဘုန်ကြီးတွေကကသူတို့ကို ကယ်တင်ဖို့ လာတယ်..."

ဘုန်း!

ရွှေရောင်အလင်း တောက်ပစွာ ထွန်းလင်းလာတယ်။

ဗုဒ္ဓကျမ်းစာသံထွက်ပေါ်လာတယ်။

သံသကရိုက်စာလုံးတွေ ရွတ်ဖတ်လိုက်တယ်။

ဗုဒ္ဓတစ်သောင်းကျောင်း(ဂိုဏ်း)က ပထမဆုံး ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို တည်ဆောက်လိုက်တယ်။ အဲဒါကဗုဒ္ဓတစ်သောင်းကျောင်းကဗုဒ္ဓသားတော်တွေကို ချန်မြစ်ကို တိုက်ရိုက် နေရာရွှေ့ပြောင်းလိုက်တယ်။

"ငါ့ရဲ့ ဗုဒ္ဓဓမ္မအမိန့်ကို လိုက်နာပြီး ချက်ချင်း ရှေးခေတ်ကောင်းကင်ဂူထဲကို ဝင်ပါ"

"ဗုဒ္ဓက မိန့်တော်မူတယ်: ငါ ငရဲကို မဆင်းရင် ဘယ်သူဆင်းမလဲ?"

"ငါတို့ ဒီကပ်ဘေးရဲ့ အရင်းအမြစ်ကို ဖြေရှင်းရမယ်"

"..."

ဝှစ်! ဝှစ်! ဝှစ်!!!

ဗုဒ္ဓသားတော်တွေက အလင်းတန်းတွေအဖြစ် ပြောင်းလဲပြီး ရှေးခေတ်ကောင်းကင်ဂူရဲ့ အပေါက်ကနေ အလျင်အမြန် ဝင်သွားကြတယ်။ ဗုဒ္ဓအလင်း ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်သူမှ မကျန်တော့ဘူး။

မကြာခင်မှာ နွေဦးဆောင်းဦးဂိုဏ်း၊အသင်္ချေ နတ်ဆိုးဂူနဲ့ နတ်ဆိုးနန်းတော်တို့ သုံးဖွဲ့ကလည်း အမွေခံတပည့်တွေကို စေလွှတ်ခဲ့တယ်။

သူတို့အားလုံး ရှေးခေတ်ကောင်းကင်ဂူထဲကို ဝင်သွားကြတယ်။

နောက်ထပ် နာရီဝက်လောက် ကြာတယ်။

လေးပင်လယ်နဂါးနန်းတော်၊နတ်ဘုရားစိတ်ဝိညာဉ်ခံတပ်နဲ့ နတ်ဆိုးအင်မော်တယ်ဂိုဏ်း။

အရှေ့ပိုင်းဒေသရဲ့ အင်အားစုတွေလည်း ဝင်ရောက်လာတယ်။

သူတို့ရဲ့ ရှေးခေတ်ကောင်းကင်ဂူထဲကို စေလွှတ်လိုက်တဲ့အမွေခံတပည့်တွေက မသိမသာနဲ့ ရှေးခေတ်ကောင်းကင်ဂူထဲမှာ စုဝေးလာကြတယ်။

"ဘာ?"

ချီမင်က ခေါင်းကို အနည်းငယ် မော့လိုက်တယ်။ ဒီအချိန်မှာ သူက ယင်းလုံကောင်းကင်ဂူထဲက အပြောင်းအလဲကို ခံစားမိတယ်။ သူက သူ့ရဲ့ ပတ်ဝန်းကျင်ကို ခံစားမိပြီးဟင်းလင်းပြင် အပြောင်းအလဲကအရမ်းသိသာတယ်၊ "ဘာဖြစ်နေတာလဲ? ဒီလောက် အင်အားကြီးတဲ့ ဟင်းလင်းပြင်လှုပ်ခတ်မှုကဘာတုန်း။ သက်ရှိအများကြီးကယင်းလုံကောင်းကင်ဂူထဲကို ဝင်လာကြတယ်။ တာအိုရှာဖွေရေးဂိုဏ်းနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေပဲ ဒီမှာ ရှိတယ်လို့ ပြောထားတာမဟုတ်ဘူးလား?"

"ဖြစ်နိုင်တာက..."

ဘုန်း!

ရှေ့မှာ ချီမင် လှမ်းကြည့်လိုက်တယ်။ ဟင်းလင်းပြင်က ရေလှိုင်းတွေလို တုန်ခါနေတယ်။ လူရိပ်တစ်ခုက လေထဲကနေ ရုတ်တရက် ပေါ်လာပြီးဟင်းလင်းပြင်ကအခုမှတည်ငြိမ်သွားတယ်။

'ဟင်းလင်းပြင်အပေါက်' ကနေ ယင်းလုံကောင်းကင်ဂူထဲကို ဝင်ပြီးတဲ့နောက် သူတို့က အတွင်းပိုင်းက ဘယ်နေရာကိုမဆို ကျပန်း နေရာရွှေ့ပြောင်းခံရလိမ့်မယ်။ ချီမင်က ကျယ်ပြောတဲ့ တောအုပ်ထဲကို ကျပန်း နေရာရွှေ့ပြောင်းခံခဲ့ရပြီး ဒေါင်ကျန်းချန်လည်း အတူတူပဲ။

သူ့ရှေ့က လူက ချီမင်ဆီကို မတော်တဆ နေရာရွှေ့ပြောင်းခဲ့လိုက်ရတယ်။

"ဒါက ရှေးခေတ်ကောင်းကင်ဂူလား?"

ရှုဇီက ခဏ စဉ်းစားလိုက်တယ်။ သူ့ရဲ့ အကြည့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဝိညာဉ်ချီစွမ်းအင်က ကြွယ်ဝပြီး ဒီရှေးခေတ်ကောင်းကင်ဂူက ပြီးပြည့်စုံတဲ့ ကမ္ဘာငယ်တစ်ခုနဲ့ တူတယ်။ ဒါပေမဲ့ သူက အခုမှ ဝင်လာတာဖြစ်ပြီး သတင်းအချက်အလက်တွေ သိပ်မရှိတဲ့အတွက် ဘာမှ မခန့်မှန်းနိုင်ဘူး။

"ဘာ?"

နောက်တစ်ခဏမှာ ရှုဇီက ချီမင်ကို သတိထားမိသွားတယ်။

"တာအိုရောင်းရင်း"

ရှုဇီက ချီမင်ကို ညင်ညင်သာသာ ပြုံးပြလိုက်တယ်။ သူ့ရဲ့ အပြုံးထဲမှာ မသိသာတဲ့ ဆွဲဆောင်မှုတစ်ခု ပါဝင်ပြီး လူတွေကို နွေဦးလေညှင်းကို မြင်လိုက်ရသလို ခံစားရပြီး သူ့ကိုအကောင်းမြင်သွားစေတယ်၊ "ကျွန်တော်က ရှုဇီပါ။ ဘယ်သူလဲ သိချင်ပါတယ်..."

"သောင်းပြောင်းကြာပန်းစိမ်းတာအို"

ချီမင်က ဘာမှ မတွန့်ဆုတ်ဘဲ တိုက်ခိုက်လိုက်တယ်။ သူက လက်ကို ဝှေ့ယမ်းပြီး သောင်းပြောင်းကြာပန်းစိမ်းတာအိုကို ထုတ်လွှတ်လိုက်တယ်။ သောင်းပြောင်းကြာပန်းစိမ်းက တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် ဖိနှိပ်လိုက်တယ်။

"မင်း..."

ရှုဇီက ခေါင်းမော့ပြီး ချီမင်ကို အံ့သြတကြီး ကြည့်တယ်။ သူကမနေနိုင်ဘဲအော်လိုက်တယ်။ "သောင်းပြောင်းကြာပန်းစိမ်းတာအို၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း၊ မင်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်ပဲ!"

"အိုး" ချီမင်က မျက်ခုံးပင့်လိုက်ပြီး "ငါ တော်တော် နာမည်ကြီးပုံရတယ်"

" သေစမ်း!"

ရှုဇီရဲ့ ဦးရေပြားတစ်ခုလုံးထုံကျင်သွားတယ်။

သူကအစကအခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်မှာပဲ ရှိတယ်။ သူ့ရဲ့ အဆင့်ကို သောင်းပြောင်းကြာပန်းစိမ်းတာအိုကဖိနှိပ်ပြီးတဲ့နောက်သူကအခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်သွားတယ်။

သူ့ရဲ့ အင်အား အများကြီး လျော့ကျသွားတယ်။

"သောင်းပြောင်းကြာပန်းစိမ်းဓားတာအို"

ချွင်! ချွင်!

ချီမင်က ညာဘက်လက်ကို မြှောက်လိုက်တယ်။ သူ့လက်ဖဝါးထဲမှာ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက ပေါ်လာတယ်။ ဓားတာအိုကြာပန်းစိမ်း ကပေါ်လာတယ်။ အဲဒါက ပွင့်လန်းလာပြီးလေထုကို ခွဲထွက်သွားတယ်။

ခဏအတွင်းမှာ မရေမတွက်နိုင်တဲ့ ဓားချီစွမ်းအင်တွေက ရှုဇီကို ဝန်းရံသွားတယ်။

"ကာမနတ်ဆိုး တာအို"

ဘုန်း!

ရှုဇီက ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးစွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲက ချက်ချင်း တက်လာတယ်။ အဲဒါက ပန်းရောင်ဖြစ်ပြီး အဆုံးမရှိတဲ့ ကာမတဏှာနဲ့ ပြည့်နှက်နေတယ်။

"အသင်္ချေ ကာမနတ်ဆိုးကျမ်း"

ရှုဇီခကနတ်ဆိုးဘုရားနည်းစနစ်တစ်ခုကိုထုတ်သုံးလိုက်တယ်၊ "အသင်္ချေ ကာမနှလုံး ဖောက်မြှား"

ဘုန်း! ဘုန်း!

ရှုဇီရဲ့ ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာ အဆုံးမရှိတဲ့ ကာမတွေ မွေးဖွားလာတယ်။ သူတို့က နတ်ဆိုးစွမ်းအင်တွေကို စုပ်ယူလိုက်ပြီး မြှားတစ်သောင်းအဖြစ် စုစည်းသွားတယ်။ အဲဒါနဲ့ ထိမှန်ရင် ဒဏ်ရာရရုံတင် မကဘူး၊ မြှားထဲက ကာမဂုဏ်နဲ့လည်း တိုက်စားခံရပြီး ရူးသွပ်သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်။ ကာမမီးတောက်တွေနဲ့တောင် သေဆုံးသွားနိုင်တယ်။

ချီမင်ရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုက ဖိနှိပ်လိုက်ပြီး သူ့ဓားက ကာမတစ်သောင်းကိုပိုင်းဖြတ်လိုက်တယ်။ ဓားချီချည်မျှင်တွေက ပြန့်ကျဲသွားပြီး ကာမမြှားတွေကို အနိုင်ယူပြီးပျောက်ကွယ်သွားတယ်။

"မင်းကတကယ်ပဲအသင်္ချေ နတ်ဆိုးဂူရဲ့ နတ်ဆိုးပဲ"

ချီမင် ပြုံးတယ်၊ "ငါ မမှားဘူး"

"အသင်္ချေ နတ်ဆိုးဂူရဲ့ ခံစားချက်ခုနစ်ပါးနဲ့ အလိုဆန္ဒခြောက်ပါးရဲ့ နတ်ဆိုးတာအို ၁၃မျိုး"

ချီမင် ဆက်ပြောတယ်၊ "ပုံစံအရ မင်းက ခံစားချက်ခုနစ်ပါးထဲက ကာမနတ်ဆိုးတာအိုကို ကျင့်ကြံနေတာ ဖြစ်မယ်ထင်တယ်။ မင်းရဲ့ အင်အားက မဆိုးဘူး။ ကံမကောင်းစွာနဲ့ပဲ မင်းကငါနဲ့လာတွေ့တယ်"

ဘုန်း!!!

သူ စကားဆုံးတာနဲ့ ချက်ချင်းပဲ၊

ချီမင်က ညာဘက်လက်နဲ့ ဖိချလိုက်တယ်။ ဓားတာအိုကြာပန်းစိမ်းက ရှုဇီရဲ့ ခေါင်းပေါ်ကို ရောက်နေပြီ။ ကြာပန်းစိမ်းကပွင့်လန်းလာပြီး မရေမတွက်နိုင်တဲ့ ဓားချီစွမ်းအင်တွေရေတံခွန်လိုကျဆင်းလာပြီးရှုဇီကို ဝန်းရံသွားတယ်။

"အား!!!"

ရှုဇီက ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်။ သူက သူ့ရဲ့ အင်အားအကုန်ကို သုံးပေမဲ့ ဓားတာအိုကြာပန်းစိမ်းရဲ့ ဓားချီစွမ်းအင်ရေတံခွန်ကို မဖောက်ထွက်နိုင်ဘူး။ ကြောက်လန့်တဲ့ အမူအရာတစ်ခု သူ့မျက်နှာပေါ်မှာ ပေါ်လာတယ်၊ "မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူး!!"

"မင်းတို့ရဲ့ အသင်္ချေ နတ်ဆိုးဂူက ဒီနေရာကို ဘယ်လို တွေ့ခဲ့လဲဆိုတာ ငါ သိချင်တယ်"

ချီမင်က တစ်ဖက်လူကို အကဲခတ်လိုက်တယ်။

"ချီမင်!!!"

ရှုဇီက ဟိန်းဟောက်လိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး ပန်းရောင်နတ်ဆိုးချီစွမ်းအင်တွေကလျော့ပါးသွားတယ်၊ "မင်း ငါ့ကို သတ်ရဲရင် ငါတို့ရဲ့ ကာမနတ်ဆိုးတာအိုရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ အသင်္ချေ နတ်ဆိုးဂူရဲ့ ကာမနတ်ဆိုးတာအို အဖွဲ့ကလည်း မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး!"

"ဟားဟားဟား..."

ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ရဲ့ အကြည့်က ဂရုမစိုက်သလို ဖြစ်နေတယ်၊ "မင်းတို့ နတ်ဆိုးကျင့်ကြံသူတွေက မင်းတို့ရဲ့ဂိုဏ်းတူတပည့်တွေအတွက်လက်စားချေတယ်ဆိုတာ ငါ အခုမှ ကြားဖူးတယ်။ ငါ စောင့်ကြည့်နေမယ်"

ဘုန်း!

ဖျန်း!!!

ချီမင်က ညာဘက်လက်ကို ဆုပ်လိုက်ပြီး ဓားတာအိုကြာပန်းစိမ်း ပိတ်သွားတယ်။ မရေမတွက်နိုင်တဲ့ ဓားချီစွမ်းအင်တွေက ရှုဇီကို တိုက်ရိုက် အသားစတွေအဖြစ် ဆုတ်ဖြဲပြီးအသားစတွေက ကောင်းကင်တစ်ခုလုံး ပြည့်သွားပြီး လုံးဝ သေဆုံးသွားတယ်။

ဝှစ်!

ချီမင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်။

ရှုဇီရဲ့ ဓမ္မလက်နက်နဲ့ သိုလှောင်အိတ်က ချီမင်ရဲ့ လက်ထဲကို ရောက်လာတယ်။

All Chapters