အရွယ်အစား ချိန်ညှိခြင်း၊ နဂါးနဲ့ကျားဖိနှိပ်ခြင်း
Vol. 8 Ch. 109
ချီမင် အသုံးပြုခဲ့တာက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ် အရွယ်အစား ချိန်ညှိခြင်းပဲ။ သူက သူ့ရဲ့ ညာဘက်လက်ကိုအဆအများကြီး ကြီးလိုက်ပြီး အရှည် ၁၀ မီတာရှိတဲ့ ထူထဲတဲ့ ဧရာမလက်မောင်းအဖြစ် ပြောင်းလဲလိုက်တယ်။
"အား!!!"
နဂါးမျိုးနွယ် ဂျူနီယာကသနားစဖွယ်အော်ဟစ်နေသေးတယ်။ ချီမင်ရဲ့ဆုပ်ကိုင်ခြင်းကိုခံရပြီးတော့သူ လုံးဝမလွတ်မြောက်နိုင်ဘူး။အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားက သူ့ကို လုံးဝ ကန့်သတ်ထားတယ်။
သူ့ရဲ့အံ့ဖွယ်စွမ်းအားတွေကိုတောင် မသုံးနိုင်ဘူး။
ဖျန်း! ဖျန်း! ဖျန်း!
သွေးတွေ စီးကျလာတယ်။
နဂါးမျိုးနွယ်ရဲ့ အပေါက်ခုနစ်ပေါက်ကနေ နီရဲတဲ့ သွေးတွေ စီးထွက်လာတယ်။
နတ်ဆိုးစွမ်းအင်တွေမြင့်တက်လာပြီး နဂါးမျိုးနွယ် ဂျူနီယာက နဂါးလူသားအဖြစ် ပြောင်းလဲသွားတယ်။ သူ့မှာရက်စက်တဲ့ မျက်နှာမျိုးရှိပြီး သူ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးနီးပါး ကျိုးကုန်တယ်။ သူကလုံးဝကိုသနားစရာကောင်းနေတယ်။
"အိုးချန်ချင်း"
"ရပ်!"
"ချက်ချင်း ရပ်!"
"..."
လေးပင်လယ် နဂါးနန်းတော်ရဲ့ကျန်တဲ့နဂါးမျိုးနွယ် ငါးယောက် အံ့သြသွားကြတယ်။ အိုးချန်ချင်းရဲ့ ဆိုးရွားတဲ့အခြေအနေကိုမြင်တော့သူတို့အရမ်းကိုဒေါသထွက်တဲ့ အမူအရာတွေကိုဖော်ပြလာကြတယ်။
"ဂျူနီယာ..ဂျူနီယာမောင်လေး..."
ကျန်းဖေးကျွမ်း အံ့သြသွားပြီး သူမရဲ့ လှပတဲ့ မျက်လုံးတွေကအံ့သြမှုတွေနဲ့ ပြည့်နှက်နေတယ်။
"လေးပင်လယ် နဂါးနန်းတော်ရဲ့ နဂါးမျိုးနွယ်တွေ" ချီမင်ရဲ့ အကြည့်ကမထူးမခြားနားဖြစ်နေတယ်၊ "မင်းတို့ တော်တော် ရဲတင်းတာပဲ။ အရှေ့ပိုင်းဒေသမှာ ကောင်းကောင်းမွန်မွန် မနေဘဲ တောင်ပိုင်းဒေသကို ရလာပြီးယုတ်မာရဲတယ်။ ငါ့ရဲ့စီနီယာအစ်မကိုတောင် တိုက်ခိုက်ရဲတယ်"
"မင်းတို့ သေချင်နေတာလား?"
"ကောင်လေး!"
လေးထောင့်မျက်နှာနဲ့ဆံပင်အစိမ်းရောင်ရှိတဲ့ နဂါးမျိုးနွယ်က အော်ဟစ်လိုက်တယ်၊ "အိုးချန်ချင်းကို မြန်မြန် လွှတ်ပေးလိုက်။ မဟုတ်ရင် နောက်နှစ် ဒီနေ့က မင်းရဲ့ သေဆုံးခြင်းနှစ်ပတ်လည်နေ့ ဖြစ်လိမ့်မယ်"
"မင်းတို့ရဲ့ အခြေအနေကို မင်းတို့ လုံးဝသိပုံမရဘူး" ချီမင်က ခေါင်းခါလိုက်တယ်။
"သေလိုက်တော့!"
ဖျန်း!!!
ချီမင်ရဲ့ ဓမ္မစွမ်းအားတွေလိမ့်တက်လာပြီးကြီးမားတဲ့ အင်အားတစ်ခု ပေါက်ကွဲထွက်လာတယ်။ အရွယ်အစားချိန်ညှိခြင်းလျှို့ဝှက်နက်နဲနည်းစနစ်ကနေ ဆင့်ကဲဖြစ်ပေါ်လာတဲ့ ထူထဲတဲ့ ဧရာမလက်မောင်းက အိုးချန်ချင်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးအားလုံးကို အတင်းအကျပ် ချိုးပစ်လိုက်တယ်။
သွေးတွေ စီးကျလာတယ်။
"ကယ်... ကယ်ကြပါဦး..."
အိုးချန်ချင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ နောက်ဆုံးထွက်သက်ကိုရှုလိုက်ရတယ်။
"အား!!!"
"ဖွဲ့စည်းခြင်း!"
လေးထောင့်မျက်နှာနဲ့အစိမ်းရောင်ဆံပင်ရှိတဲ့ နဂါးမျိုးနွယ်က ဟိန်းဟောက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ အစိမ်းရောင်အလင်းတွေ တောက်ပလာပြီး သူက အစိမ်းရောင်နဂါးလူသားအဖြစ် ပြောင်းလဲသွားတယ်။ သူ့ခန္ဓာကိုယ်ကို အစိမ်းရောင်နဂါးဓမ္မရုပ်တုက ဝန်းရံထားတယ်။
"လေးပင်လယ် စစ်မှန်နဂါးဖွဲ့စည်းခြင်း!"
"တိုက်ခိုက်!"
ဝေါင်း! ဝေါင်း! ဝေါင်း!
ကျန်တဲ့ နဂါးမျိုးနွယ် ဂျူနီယာ လေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေလည်း သတ်ဖြတ်လိုတဲ့စိတ်ဆန္ဒနဲ့ ဒေါသတွေ ပြည့်နှက်နေတယ်။ သူတို့ကတစ်ချိန်တည်း ဟိန်းဟောက်ပြီး နောက်ကနေ အမြန်လိုက်လာပြီး ကောင်းကင်ကို တက်သွားကြတယ်။
နဂါးဟိန်းသံတွေ ထွက်ပေါ်လာတယ်။
အရောင်အမျိုးမျိုး ရှိတယ်။
နဂါးမျိုးနွယ် ဂျူနီယာ ငါးယောက်က အစီအရင်တစ်ခုဖွဲ့စည်းပြီးသူတို့ရဲ့ခွန်အားတွေကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်တယ်။ ပြီးတော့ သူတို့က လေးပင်လယ်စစ်မှန်နဂါးဖွဲ့စည်းခြင်းနဲ့ ပေါင်းစည်းပြီး လက်သည်းငါးချောင်းပါတဲ့ အစိမ်းရောင်နဂါးအဖြစ် ပြောင်းလဲသွားတယ်။
မြင်ကွင်းက တကယ်ကို အသက်ဝင်လှသည်။
အဲဒါက အရှည် မီတာ ၃၀၀ ရှိတယ်။
အပေါ်ကနေ အလင်းတွေ တောက်ပပြီးလင်းလက်နေတယ်။
အဲဒါကအရမ်းခမ်းနားထည်ဝါ၏။
အင်အားကြီးမားတဲ့ နဂါးအရှိန်အဝါလည်း ရှိတယ်။
"လေးပင်လယ် နဂါးနန်းတော်ရဲ့ နဂါးမျိုးနွယ်တွေဆိုတဲ့အတိုင်းပဲ"
နွေဦးဆောင်းဦးဂိုဏ်းရဲ့ အမွေခံတပည့်က လှမ်းကြည့်ပြီး သက်ပြင်းချလိုက်တယ်၊ "သူတို့ရဲ့ နဂါးသွေးမျိုးဆက်က ဆက်စပ်နေတယ်။ အထူးအစီအရင်ဖွဲ့စည်းခြင်းနဲ့ ပေါင်းလိုက်တဲ့အခါခွန်အားအရမ်းသန်မာသွားတယ်"
"ဂျူနီယာမောင်လေး၊ သတိထား!" ကျန်းဖေးကျွမ်းက အော်ဟစ်လိုက်တယ်။
"သေစမ်း!"
ချန်ဖုန်းလင်းက ဒေါသတကြီး ကြည့်လိုက်တယ်။
"ဟားဟားဟား..." အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဖြစ်တဲ့ နွေဦးဆောင်းဦးဂိုဏ်းရဲ့ အမွေခံတပည့်က ကျယ်လောင်စွာ ရယ်မောပြီး ပြောတယ်၊ "ငါ အခုလေးတင်လည်း မမျှော်လင့်ထားဘူး။ ငါ တကယ် အံ့သြသွားတယ်။ ရုတ်တရက် ပေါ်လာတဲ့ဒီမင်းတို့ဘက်ကသူက အရမ်းသန်မာတယ်။ သူက လေးပင်လယ် နဂါးနန်းတော်ရဲ့ နဂါးမျိုးနွယ်တစ်ယောက်ကို အတင်းအကျပ် သတ်ပစ်လိုက်တယ်"
"ဒါပေမဲ့ ဒီလိုဆို.."
"မင်းက လေးပင်လယ် နဂါးနန်းတော်ရဲ့ နဂါးမျိုးနွယ်တွေကို လုံးဝ ဒေါသထွက်စေခဲ့ပြီ။ အခုမင်းလွှဲ ပေးလိုက်ရင်တောင် သူတို့ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
"တိုက်ခိုက်!"
ဘုန်း!
ချန်ဖုန်းလင်းက နတ်ဘုရားဝိညာဉ်ဗဂျာရာကို ကိုင်ပြီး နည်းစနစ်တွေကိုသုံးတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်က ရွှေရောင်အလင်းတွေ တောက်ပလာပြီး သူ့ရဲ့ ပြိုင်ဘက်ကိုအကြိမ်ကြိမ်တိုက်ခိုက်လိုက်တယ်။
"မင်းကို အရင်သတ်မယ်ပြီးမှလေးပင်လယ် နဂါးနန်းတော်ရဲ့ ပိုးကောင်တွေကိုသတ်မယ်" ချန်ဖုန်းလင်းက အော်လိုက်တယ်။
"မောက်မာလိုက်တာ" အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကိုရောက်နေပြီဖြစ်တဲ့ နွေဦးဆောင်းဦးဂိုဏ်းရဲ့ အမွေခံတပည့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်တယ်၊ "နွေဦးဆောင်းဦးဂိုဏ်းကို နွေဦး၊ နွေရာသီ၊ ဆောင်းဦးနဲ့ ဆောင်းရာသီဆိုပြီး ရာသီအလိုက် လေးပိုင်း ခွဲထားတယ်။ ရာသီတစ်ခုစီမှာ နေရောင်ခြည်စွမ်းအင်အလိုက် နန်းတော်ခြောက်ခုစီ ရှိတယ်"
"ရာသီလေးခု၊ နန်းတော်နှစ်ဆယ့်လေးခု"
"ငါ ယန်ဟွေကျိက ဆောင်းရာသီရဲ့ ဆီးနှင်းငယ်နန်းတော်ရဲ့ အကြီးဆုံးစီနီယာအစ်ကိုပဲ။ အင်အားပဲဖြစ်ဖြစ် ကျင့်ကြံခြင်းပဲဖြစ်ဖြစ် ငါက ဆောင်းရာသီရဲ့ ဆီးနှင်းငယ်နန်းတော်မှာ နံပါတ်တစ်ပဲ။ မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား?"
"မင်းကိုသတ်လိုက်ရင်ပိုပြီးသင့်တော်မယ်"
ချန်ဖုန်းလင်းနဲ့ ယန်ဟွေကျိတို့ရဲ့ တိုက်ပွဲက ပိုပြီး ပြင်းထန်လာတယ်။
ဒီနေရာက တိုက်ပွဲအခြေအနေကလည်း အဖွဲ့အစည်းတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်လိုက်တယ်။
ပထမဦးဆုံးအနေနဲ့ ပတ်ဝန်းကျင်မှာ ဂိုဏ်းအသီးသီးရဲ့ အမွေခံတပည့်တော်တော်များများက ဒီမှာ ဆူညံသံကို ခံစားမိပေမဲ့ သူတို့ကိုယ်တိုင် မပေါ်လာဘူး။ အဲဒီအစား သူတို့ကပုန်းအောင်းပြီး တိတ်တဆိတ် တိုက်ပွဲကို စောင့်ကြည့်နေကြတယ်။
ဒါ့အပြင်...
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ နွေဦးဆောင်းဦးဂိုဏ်းနဲ့ လေးပင်လယ် နဂါးနန်းတော်ရဲ့ အကြီးအကဲတွေကလည်း ဒီနေရာရဲ့အခြေအနေကို အာရုံစိုက်နေကြတယ်။
အမွေခံတိုကင်တွေမှာအံ့ဖွယ်စွမ်းအင်သိုင်းနည်းစနစ်ပါဝင်တာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ၁၂ ခုက အမွေခံတပည့်တွေတင် မဟုတ်ဘူး၊ နွေဦးဆောင်းဦးဂိုဏ်းနဲ့ လေးပင်လယ် နဂါးနန်းတော်မှာလည်း အလားတူ နည်းလမ်းတွေ ရှိတယ်။
သူတို့ကလူငယ် မျိုးဆက်ရဲ့ အမွေခံတပည့်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်မှုအခြေအနေကိုလည်း စောင့်ကြည့်နိုင်တယ်။
"စစ်မှန်နဂါး?"
ချီမင်က နဂါးမျိုးနွယ်ငါးယောက် ဖွဲ့စည်းထားတဲ့ စစ်မှန်နဂါးအစီအရင်ကို ကြည့်ပြီး သူ့ရဲ့ အမူအရာက အနည်းငယ် မထီမဲ့မြင်ပြုသလို ဖြစ်နေတယ်၊ "ဒါကို စစ်မှန်နဂါးလို့ခေါ်နိုင်သေးတယ်။ရယ်စရာကောင်းလိုက်တာ! တကယ်ကို ရယ်စရာကောင်းလိုက်တယ်!"
"ငါ့အမြင်အရ"
"အဲဒါက နည်းနည်း ပိုကြီးတဲ့ ရွှံ့ငါးတစ်ကောင်ပဲ"
ချီမင်ကအချေခံထားရတဲ့ အိုးချန်ချင်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ပြုံးလိုက်တယ်။
"မောက်မာလိုက်တာ!"
"သေ!"
ဘုန်း!
သူ့ရှေ့က မီတာ ၃၀၀ ရှည်တဲ့အစိမ်းရောင်နဂါးဆီက နဂါးမျိုးနွယ်ငါးယောက်ရဲ့ အသံတွေ ထွက်ပေါ်လာတယ်။ သူတို့ငါးယောက်က သူတို့ရဲ့ အင်အားတွေကို ပေါင်းစည်းပြီး ချီမင်ကို တိုက်ခိုက်လိုက်တယ်။
ကြီးမားတဲ့ နဂါးလက်သည်းတစ်ခု ဆန့်တန်းထွက်လာပြီး ချီမင်ကို ဆုပ်ကိုင်လိုက်တယ်။
"လာစမ်း"
ချီမင်မှာ အနည်းငယ်လေးတောင် ကြောက်ရွံ့မှု မရှိဘူး။ သူက သူတို့ကို တည့်တည့်ကြည့်ပြီး သူ့ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ကမြင့်မားလာတယ်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်၊ "ငါ မင်းတို့ကို သုံးပြီး ဒီလျှို့ဝှက်နက်နဲနည်းစနစ်ရဲ့ တကယ့်စွမ်းအားကို စမ်းသပ်မယ်"
"အရွယ်အစား ချိန်ညှိခြင်း"
ဘုန်း! ဘုန်း!
ချီမင်က သူ့ရဲ့ ဓမ္မစွမ်းအားတွေကို လည်ပတ်စေပြီး သူ့ခန္ဓာကိုယ်ထဲက မွေးရာပါ သန့်စင်တဲ့ မဟာတာအိုရွှေအမြူတေကများပြားတဲ့ဓမ္မစွမ်းအားတွေကိုထုတ်လွှတ်လိုက်တယ်။မဟာတာအိုစစ်မှန်အမှတ်အသားကအဆက်မပြတ်လည်ပတ်လာပြီးသူက အရွယ်အစားချိန်ညှိခြင်းရဲအံ့ဖွယ်စွမ်းအင်ကို သုံးလိုက်တယ်။
သူ့ခန္ဓာကိုယ်က လေနဲ့အတူကြီးမားလာတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲသူက မီတာ ၅၀၀ မြင့်တဲ့ ဧရာမလူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။
ဒါ့အပြင်သူ့ရဲ့အဝတ်အစားတွေလည်းပိုကြီးလာတယ်။
သူက ဧရာမကြီးလူကြီးတစ်ယောက်နဲ့ တူတယ်။
"ဘာ?"
"ဒါ ဘယ်လိုနည်းစနစ်လဲ?"
"ဒါ... ဒါ..."
"ဓမ္မရုပ်တုလား?"
"မဟုတ်ဘူး! မဟုတ်ဘူး!"
"..."
ချက်ချင်းပဲ လူတိုင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ချီမင်ရဲ့ မီတာ ၅၀၀ မြင့်တဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး အံ့သြသွားကြတယ်။ သူတို့ မယုံနိုင်လောက်အောင် အံ့သြသွားပြီး ထပ်ခါထပ်ခါ အော်ဟစ်လိုက်ကြတယ်။
ဘုန်း!
အသံအကျယ်ကြီး ထွက်ပေါ်လာတယ်။
ချီမင်က မီတာ ၃၀၀ ရှည်တဲ့ အစိမ်းရောင်နဂါးကို လက်သီးနဲ့ ထိုးပြီး နောက်ဆုတ်သွားစေတယ်။
"မင်း... မင်း..."
နဂါးမျိုးနွယ် ငါးယောက်ကအရမ်းအံ့သြသွားကြတယ်။
ဒါက အစပဲ ရှိသေးတယ်။
"နဂါးနဲ့ကျားဖိနှိပ်ခြင်း"
ဘုန်း! ဘုန်း!
ချီမင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွားပြီး သူက နောက်ထပ် လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုကို ထပ်ထည့်လိုက်တယ်။
ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့ နဂါးနဲ့ကျားဖိနှိပ်ခြင်း။
အဲဒါက သုံးစွဲသူကို အားဖြည့်ပေးနိုင်ပြီး ကြီးမားတဲ့ နတ်ဆိုးသားရဲတွေကို အနိုင်ယူနိုင်တယ်။ အဲဒါက နတ်ဆိုးသားရဲတွေကို ဖမ်းဆီးဖို့ နည်းလမ်းတစ်ခုဖြစ်ပြီး ကြီးမားတဲ့အင်အားကိုထုတ်လုပ်နိုင်တဲ့အံ့ဖွယ်စွမ်းအားတစ်ခု ပါဝင်တယ်။ အဲဒါကအထွတ်အထိပ်ဓမ္မစွမ်းအားတွေကို ကိုယ်စားပြုတယ်။ ပြီးပြည့်စုံတဲ့အဆင့်ထိကျင့်ကြံနိုင်ရင် ကောင်းကင်ကိုတောင် ထောက်ထားနိုင်တယ်!
ဒီအချိန်မှာ ချီမင်ရဲ့တိုက်ခိုက်နိုင်စွမ်းက အရှိန်အဟုန်နဲ့ တက်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားက အဲဒီမှာရှိတဲ့ လူတိုင်းကို အသက်ရှူလို့ မရတဲ့အထိ ဖိနှိပ်ထားတယ်။ အလင်းတန်းကတောက်ပလာပြီး သူ့ရဲ့ကြီးမားတဲ့ခွန်အားက မြင်ကွင်းတစ်ခုလုံးကို ဖိနှိပ်ထားတယ်။
"ဒါ... ဒါ..."
ဒီအချိန်မှာနဂါးမျိုးနွယ် ငါးယောက်ကနောက်ဆုံးတော့အသက်ရှုကျပ်သလိုခံစားလိုက်ရတယ်။ သေခြင်းတရာရဲ့ အရိပ်က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လွှမ်းခြုံထားပြီး သူတို့ကို တုန်လှုပ်သွားစေတယ်။
"တိုက်ခိုက်!"
ချီမင်က ရှေ့ကို အလျင်အမြန် တိုးဝင်ပြီး အစိမ်းရောင်နဂါးရဲ့ လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်။ သူက နဂါးနဲ့ ကျားကို ဖိနှိပ်နိုင်တဲ့ စွမ်းအားကို ထုတ်လွှတ်ပြီး နဂါးမျိုးနွယ် ငါးယောက်ရဲ့အံ့ဖွယ်စွမ်းအားတွေနဲ့နည်းစနစ်တွေကို တိုက်ရိုက် ချုပ်နှောင်လိုက်တယ်။ ဘယ်နည်းစနစ်ကိုမှ မသုံးနိုင်တော့ဘူး။
အစိမ်းရောင်နဂါးခန္ဓာကိုယ်နဲ့ ချီမင်နဲ့အနီကပ်တိုက်ခိုက်ဖို့ပဲလုပ်နိုင်တော့တယ်။
နဂါးတွေနဲ့ ကျားတွေကို ဖိနှိပ်နိုင်တဲ့ အင်အားရှိတဲ့ ချီမင်ကို သူတို့ ဘယ်လို အနိုင်ယူနိုင်မှာလဲ?အနီးကပ်တိုက်ပွဲအတွင်းမှာသူတို့ကချီမင်ဆီမှာအတင်းအကျပ် အပိုင်းအစတွေအဖြစ်ဆုတ်ဖြဲပစ်ခံလိုက်ရတယ်။
ဘုန်း!
"အား!!!"
အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။
အစိမ်းရောင်နဂါးကပေါက်ကွဲသွားပြီးအလင်းတန်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်တစ်ခုလုံးပြည့်နှက်သွားတယ်။
ဖျန်း! ဖျန်း! ဖျန်း!
နဂါးမျိုးနွယ် ဂျူနီယာ ငါးယောက်ကသနားစဖွယ်အော်သံတွေနဲ့ သွေးအန်လိုက်ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေနဲ့ အရိုးတွေ တဖြည်းဖြည်း ကျိုးပဲ့ကုန်ပြီး အပေါက်ခုနစ်ပေါက်ကနေ သွေးတွေ စိမ့်ထွက်လာတယ်။
"ဘာ?!"
"အိုးဝူလင်နဲ့ တခြားသူတွေတကယ်ကြီး ဒီလောက်တောင် ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားတယ်"
"ဒီလူက ဘယ်သူလဲ? ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ဒီလို အမွေခံတပည့် ဘယ်တုန်းက ပေါ်လာတာလဲ? အိုးဝူလင်နဲ့ တခြားသူတွေ ပူးပေါင်းပြီး လေးပင်လယ် စစ်မှန် နဂါးဖွဲ့စည်းခြင်းကို တည်ဆောက်ပြီးတောင် မနိုင်ခဲ့ဘူး။ ဒါ့အပြင် သူတို့ ချေမှုန်းခံလိုက်ရတယ်"
လေးပင်လယ် နဂါးနန်းတော်ဘက်မှာ နဂါးဘုရင်အကြီးအကဲတွေ ဒီအခြေအနေကို မြင်တော့ သူတို့ရဲ့ မျက်နှာတွေမှာ အံ့သြမှုတွေ ပေါ်လာတယ်။ သူတို့ အိုးဝူလင်နဲ့ တခြားသူတွေ ရှုံးနိမ့်မယ်လို့ မထင်ထားဘူး၊ ဒီလောက်တောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်မယ်လို့လည်း မထင်ထားဘူး။
"သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ချီမင်!!"
"သူက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်ကို ကျင့်ကြံနိုင်ခဲ့တဲ့သူလား?"
"အခုလေးတင်ဒီတိုက်ပွဲမှာ ချီမင်ကသောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို မသုံးခဲ့ဘူး!"
"ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ"
"အရေးကြီးဆုံးအချက်ကိုလည်း မင်းတို့လျစ်လျူရှုထားကြတယ်။ အခုတိုက်ပွဲမှာ ချီမင်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဓမ္မစွမ်းအားတွေကအမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်မှာပဲရှိတယ်။ တနည်းအားဖြင့် ချီမင်ကအမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းနဲ့အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့် နဂါးမျိုးနွယ် ဂျူနီယာတစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဒါ့အပြင် သူက လူငါးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်။ ဒီတိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းတယ်!!"
နွေဦးဆောင်းဦးဂိုဏ်းရဲ့ အကြီးအကဲတွေ သက်ပြင်းရှည်ကြီးချလိုက်ပြီးမြင်းကွင်းထဲက အခြေအနေကို ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေ အံ့သြမှုတွေနဲ့ ပြည့်နှက်နေပြီး သူတို့ရဲ့ တုန်လှုပ်နေတဲ့ နှလုံးသားတွေကအချိန်ကြာကြီးမတည်ငြိမ်နိုင်လိုက်ဘူး။
"ဟားဟားဟား..."
ဖုန်းဇီမုက ထပ်ခါထပ်ခါ ရယ်မောနေတယ်။ သူက အရမ်းကိုလွတ်လပ်ပေါ့ပါးတဲ့ စိတ်အခြေအနေမှာ ရှိတယ်၊ "ငါ့တပည့်ဆိုတဲ့အတိုင်းပဲ ဘယ်လို နဂါးမျိုးနွယ် ဂျူနီယာလဲ? သူတို့က ရွှံ့ငါးတွေနဲ့ တူတူပဲ"
"တော်တယ်"
"ချီမင်! ချီမင်!"
"..."
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ လွင့်မျောနေတဲ့ နန်းတော် ၁၂ ခုက တိုက်ပွဲကို စောင့်ကြည့်နေတဲ့ အကြီးအကဲတွေလည်း ချီမင်ကို အားပေးနေကြတယ်။ ချီမင်က မကြားနိုင်ပေမဲ့ ဒါကအခုချိန်မှာကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အကြီးအကဲတွေရဲ့စိတ်လှုပ်ရှားမှုကို ဖော်ပြနေတယ်။
ဒါ့အပြင်...
အရင်တုန်းက ချီမင်ကို အနည်းငယ် ကန့်ကွက်ခဲ့တဲ့ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေတောင် သူတို့ရဲ့ ရန်ငြိုးတွေကို လွှတ်ချလိုက်ကြတယ်။
ချီမင်ရဲ့ခွန်အားနဲ့ ပါရမီက သူတို့ကို ယုံကြည်သွားစေတယ်။
"ကြာပန်းစိမ်းဓားတာအို"
ဘုန်း!
ချီမင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သူ့လက်ဖဝါးထဲကကြာပန်းစိမ်းဓားတစ်ခု ပေါ်လာတယ်။ ကြာပန်းကဆယ့်နှစ်လွှာရှိပြီး ပွင့်ချပ်တစ်ခုစီက ဓားတာအို အမျိုးအစားတစ်ခုစီကို ကိုယ်စားပြုတယ်။
ဓားချည်မျှင်တွေက ဆံပင်လို ဖြည်းဖြည်းချင်း ပြန့်ကျဲသွားတယ်။
ခဏအတွင်းမှာ အိုးဝူလင်နဲ့ ကျန်တဲ့ နဂါးမျိုးနွယ် ဂျူနီယာ ငါးယောက်ကို ဝန်းရံသွားတယ်။
"မင်း... မင်း..."
အိုးဝူလင်နဲ့ တခြားသူတွေ မျက်လုံးပြူးပြီး ချီမင်ကို စိုက်ကြည့်နေကြတယ်။ သူတို့က သူတို့ခန္ဓာကိုယ်ထဲက အင်အားကို အတင်းအကျပ် လှုံ့ဆော်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြတယ်။ သူတို့ အသည်းအသန် တိုက်ခိုက်ပြီး ချီမင်ဆီကိုပြေးဝင်သွားတယ်။
"တိုက်ခိုက်!"
တိုက်ပွဲအော်သံတွေကကောင်းကင်တစ်ခုလုံး ပြည့်သွားတယ်။
သူတို့ ရုန်းကန်နေရုံပဲ ရှိတယ်။
ချီမင်ရဲ့ ဓားတာအိုကြာပန်းစိမ်းက နဂါးရဲ့ကြီးမားတဲ့ခွန်အားနဲ့အရှိန်အဝါကိုဖြတ်ထုတ်ပြီး နတ်ဆိုးစွမ်းအင်ကို ဆုတ်ဖြဲပစ်လိုက်တယ်။ မရေမတွက်နိုင်တဲ့ ဓားချည်မျှင်တွေက မြူခိုးတွေလိုမျိုးအဆုံးမရှိဘဲ အိုးဝူလင်နဲ့ ကျန်တဲ့ နဂါးမျိုးနွယ် ငါးယောက်ကို ဖျက်ဆီးပစ်လိုက်ပြီး အလောင်းငါးလောင်းအဖြစ် ပြောင်းလဲသွားစေတယ်။
"ပြေး!"
ယန်ဟွေကျိ အံ့သြသွားတယ်။ အိုးဝူလင်နဲ့ ကျန်တဲ့ နဂါးမျိုးနွယ် ဂျူနီယာ ငါးယောက် ရှုံးနိမ့်သွားတဲ့အချိန်မှာ သူက တစ်ခုခု မှားနေပြီဆိုတာသိသွားတယ်။ ချီမင်ရဲ့ အင်အားက အရမ်း ထူးဆန်းလွန်းတယ်၊ ကောင်းကင်ကို ဆန့်ကျင်နေပြီ။
ဘာမှတုန့်ဆိုင်းမနေတော့ဘဲချန်ဖုန်းလင်းကို အင်အားအပြည့်နဲ့ တိုက်ခိုက်ပြီး နောက်ဆုတ်သွားစေတယ်။သူကဓာတ်ငါးပါး လွတ်မြောက်ခြင်း နည်းစနစ်ကို သုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ဒီနေရာကနေ ထွက်ပြေးသွားပြီး ကျန်တဲ့ နွေဦးဆောင်းဦးဂိုဏ်းရဲ့ အမွေခံတပည့် လေးယောက်လည်း နောက်ကနေ အမြန်လိုက်သွားကြတယ်။
(နတ်ဘုရားနည်းစနစ် နတ်ဘုရားစွမ်းအားကို အံ့ဖွယ်စွမ်းအား အံ့ဖွယ်နည်းစနစ်လို့ပြောင်းလိုက်ပါပြီ ပိုအဆင်ပြေမယ့်ဟာကို)