ဆက်တိုက်အဆင့်ချိုးဖြတ်မှုများ၊ ယင်းလုံဘုရားကျောင်း
Vol. 8 Ch. 112
သဲကန္တာရနဂါးက လုံးဝရွှေရောင်တောက်ပနေတယ်။ မီတာတစ်ရာလောက်ရှည်ပြီး ကျောမှာ အတောင်နှစ်ဖက်ပါတယ်။ နဂါးတစ်ကောင်ရဲ့ ကိုယ်ပွားတစ်ခုလိုပဲအသက်ဝင်နေတယ်။
ဒါ့အပြင်၊ သူကအရမ်းစွမ်းအားကြီးတယ်။
ဖိအားတစ်ခု သက်ရောက်လာတယ်။
"ယင်းလုံကောင်းကင်ဂူရဲ့ အစောင့်အရှောက်ပဲ။"
ချီမင်ရဲ့အကြည့်က သူ့ရှေ့က သဲကန္တာရနဂါးကို အကဲခတ်လိုက်ပြီး သူ့ရဲ့ တကယ့်အထောက်အထားကို ဖော်ထုတ်လိုက်တယ်၊ "ဒါမှမဟုတ်၊ မင်းကို ယင်းလုံဘုရားကျောင်းရဲ့ အစောင့်အရှောက်ဝိညာဉ်လို့ ခေါ်ရမလားပဲ။"
"မင်း..." သဲကန္တာရနဂါးက မှင်သက်သွားတယ်၊ "မင်းဒါကို ဘယ်လိုသိတာလဲ။ ဒါက လျှို့ဝှက်ချက်လေ! မင်းဘယ်သူလဲ?"
တကယ်တော့၊ ယင်းလုံကောင်းကင်ဂူက ချီမင်အတွက် အခြေခံအားဖြင့် လျှို့ဝှက်ချက်ဆိုပြီးမရှိတော့ဘူး။ အကြောင်းကတော့ သမိုင်းကြောင်းကို ပြန်ခြေရာခံပြီး အနာဂတ်ကို ကြည့်ရှုတဲ့အခြေအနေအောက်မှာ သူက အခြေခံအားဖြင့် အရာအားလုံးကို သိနေပြီ။
သူ့ရှေ့က သဲကန္တာရနဂါးက ရှေးခေတ်နတ်ဆိုးဧကရာဇ်က တန်ဖိုးကြီးကြီးပေးပြီး မွေးမြူထားတဲ့ ယင်းလုံကောင်းကင်ဂူရဲ့ အစောင့်အရှောက်ပဲ။
တစ်ချိန်တည်းမှာပဲ၊ သူက ယင်းလုံဘုရားကျောင်းကိုလည်း စောင့်ရှောက်နေတယ်။
"ဘေးဖယ်။" ချီမင်က ပြောလိုက်တယ်။
"လူသား။" သဲကန္တာရနဂါးက စိတ်ငြိမ်အောင်ထိန်းလိုက်တယ်၊ "မင်းဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကနေဒါကိုသိသိ၊ ဒါက မင်းခြေချလို့ရတဲ့နေရာမဟုတ်ဘူး။"
"ကျေးဇူးပြုပြီး ချက်ချင်းထွက်သွားပါ။"
ဝုန်း!
"ထွက်သွားစမ်း!" နောက်တစ်ခဏမှာ ချီမင်က မဟာရွှေအမြူတေတာအိုကျမ်းလှည့်ပတ်ပြီးဟိန်းဟောက်လိုက်တယ်။သူ့ရဲ့ဒန်ထျန်းထဲကမွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေကကြီးမားတဲ့တာအိုစွမ်းအင်ကို ထုတ်လွှတ်ပြီး ဓမ္မစွမ်းအားတွေကမြင့်တက်လာတယ်။
ချီမင်ရဲ့ပတ်လည်မှာမဟာတာအိုစစ်မှန်အမှတ်သားတွေ ပျံ့နှံ့သွားတယ်။ အဲ့ဒါတွေက မမြင်နိုင်၊ မထိတွေ့နိုင်ပေမယ့် ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစွမ်းအားတွေ ပါဝင်နေပြီး နဂါးရဲ့စွမ်းအားကို တိုက်ရိုက်ဖိနှိပ်လိုက်တယ်။
"မင်း... မင်း..."
သဲကန္တာရနဂါးက တုန်လှုပ်ပြီး ကြောက်ရွံ့သွားတယ်။
သူက ယင်းလုံကောင်းကင်ဂူက မွေးမြူထားတဲ့ကောင်းကင်ဂူ ရဲ့ဝိညာဉ်ပဲ။ သူကကောင်းကင် ဂူရဲ့စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ဒီနေရာမှာအရမ်းကိုရှိန်လောက်ရတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။
ကောင်းကင်ဂူဆိုတာက အစကတည်းက မပြည့်စုံတဲ့ကမ္ဘာတစ်ခုပဲ။ ဒါကြောင့် ကောင်းကင်ဂူရဲ့ဝိညာဉ်က မပြည့်စုံတဲ့ကမ္ဘာတစ်ခုရဲ့ တာအိုကနေ ဖွဲ့စည်းထားတယ်။
တစ်ချိန်တည်းမှာပဲ ချီမင်က ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို နားလည်သဘောပေါက်ပြီး မဟာတာအိုစစ်မှန်အမှတ်အသားတွေနဲ့ ထွင်းထုထားတယ်၊ ကောင်းကင်ဂူဝိညာဉ်ကမပြည့်စုံတဲ့ကမ္ဘာတစ်ခုရဲသဏ္ဍာန်တစ်ခုသာဖြစ်တယ်။
ချီမင်ကျွမ်းကျင်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုက သဲကန္တာရနဂါးရဲ့စွမ်းအားကို အဆင့်အတန်းကွာခြားမှုကြောင့်ပဲ ဖိနှိပ်နိုင်တယ်။
ဝုန်း!
ချီမင်က လက်မြှောက်လိုက်တော့ သူ့ရဲ့ဓမ္မစွမ်းအားတွေ စုစည်းလာပြီး မယုံနိုင်လောက်အောင်ကြီးမားတဲ့ လက်ချိတ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ပြီးတော့ အဲ့ဒါကို သဲကန္တာရနဂါးပေါ် တိုက်ရိုက်ရိုက်ချလိုက်တယ်။
ကျယ်လောင်တဲ့အသံတစ်သံ ထွက်ပေါ်လာတယ်။
သဲကန္တာရနဂါးက တိုက်ရိုက်ပေါက်ကွဲထွက်သွားတယ်။
သဲတွေကကောင်းကင်ကိုပြည့်သွားပြီး ပျောက်ကွယ်သွားတယ်။
သေချာတာက ကောင်းကင်ဂူဝိညာဉ်က ဒီလောက်လွယ်လွယ်နဲ့ မသေနိုင်ဘူး။ သူက တာအိုရဲ့သဏ္ဍာန်တစ်ခုပေမယ့် သူစုစည်းထားတဲ့ခန္ဓာကိုယ်ကတော့ ချီမင်ကြောင့် ပြန့်ကျဲသွားပြီ။
ဒါပေမဲ့ သဲကန္တာရနဂါးက ထပ်မပေါ်လာတော့ဘူး၊ ဘာလို့လဲဆိုတော့ သူက ချီမင်ရဲ့ပြိုင်ဘက်မဟုတ်မှန်း သိလို့ဖြစ်တယ်။
ဆက်တိုက်ခိုက်နေရင် တခြားတစ်ဖက်ရဲ့ တာအိုကြောင့် သူပျက်စီးသွားနိုင်တယ်။
ဝှစ်!
ချီမင်ရဲ့ပုံရိပ်က လေကိုထိုးခွင်းပြီး အရှေ့အစွန်ဖျားကို ဦးတည်သွားတယ်။
မကြာခင်မှာပဲ သဲကန္တာရနဂါးက ထပ်ပေါ်လာတယ်။
ဒါပေမဲ့ သူက အရမ်းသေးငယ်နေပြီး အဝါရောင်သဲတွေထဲမှာ ပုန်းနေတယ်။
"ဒါက ခန္ဓာနဲ့တာအို ပေါင်းစပ်ခြင်းပဲ။"
သဲကန္တာရနဂါးက ချီမင်ထွက်ခွာသွားတဲ့ဘက်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲက တုန်လှုပ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေကမငြိမ်သက် သေးဘူး၊ "လူသားမျိုးနွယ်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ ဂျူနီယာတစ်ယောက် ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။ သူကအမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတာသိသာနေတာကို၊ ဒါပေမဲ့ သူက သူ့ခန္ဓာနဲ့တာအိုကို ပေါင်းစပ်နိုင်နေပြီ။ အရမ်းနက်ရှိုင်းတာမျိုးမဟုတ်သေးပေမယ့် ဒါက တာအိုပေါင်းစည်းခြင်းအဆင့်ရောက်မှ လုပ်နိုင်တဲ့အရာမျိုးလေ။"
အရမ်းစွမ်းအားကြီးလွန်းတယ်။
"သူက ယင်းလုံဘုရားကျောင်းဘက်ကို သွားနေတာ။ သူ့ကို အောင်မြင်ခွင့်မပေးနိုင်ဘူး။ သူ့ကို တားရမယ်။ လက်ရှိအခြေအနေအရတော့ သတင်းဖြန့်တာပဲ လုပ်နိုင်တော့တယ်။"
ယင်းလုံကောင်းကင်ဂူရဲ့ အစောင့်အရှောက်က ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
သူက ယင်းလုံဘုရားကျောင်းရဲ့သတင်းကို ယင်းလုံ ကောင်းကင်ဂူတစ်ခုလုံးမှာ ဖြန့်ချင်တယ်။ သူကယင်းလုံ ကောင်းကင်ဂူက နတ်ဆိုးတွေကို ဆွဲဆောင်ဖို့တင်မဟုတ်ဘဲဝင်ရောက်လာတဲ့ ဂိုဏ်းပေါင်းစုံက အမွေခံမျိုးဆက်အားလုံးကိုပါ ဆွဲဆောင်ချင်တယ်။
သူကသူတို့အချင်းချင်းတိုက်ခိုက်ပြီးချီမင်ကိုဟန့်တားတာကိုလိုချင်တယ်။
ယင်းလုံကောင်းကင်ဂူရဲ့ကန့်သတ်ချက်ကြောင့် ဗလာနယ်စွန့်ခွာခြင်းအဆင့်အောက်က ကျင့်ကြံသူတွေပဲ 'အပေါက်' ကနေ ဝင်ရောက်နိုင်တယ်၊ ဒါပေမဲ့ နတ်ဆိုးတွေမှာတော့ ဒီကန့်သတ်ချက်မရှိဘူး။
ဒါပေမဲ့ နတ်ဆိုးနန်းတော်နဲ့ လေးပင်လယ်နဂါးနန်းတော်က ဒါကို မသိကြဘူး။
ဒါ့အပြင်...
သူတို့က လူကြီးမျိုးဆက်ရဲ့ကျွမ်းကျင်သူတွေကို လွှတ်ရဲရင်တောင်အဖွဲ့အစည်းအသီးသီးက စီနီယာတွေရဲ့ ပစ်မှတ်ထားတာကို ခံရမှာဖြစ်ပြီး ကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပွားလာလိမ့်မယ်။
ဂိုဏ်းပေါင်းစုံက အမွေခံမျိုးဆက်တွေကိုပဲ လွှတ်နိုင်တယ်။
ဒါက တိတ်တဆိတ်သဘောတူညီချက်ပဲ။
လောလောဆယ်တော့ ဘယ်သူမှ အလွယ်တကူဖောက်ဖျက်မရဲကြဘူး။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက ဝါရင့်စီနီယာအမွေခံတပည့်တွေထဲမှာ ထန်ပင်ရွှမ်အပါအဝင်၊ သူတို့က ယင်းလုံကောင်းကင်ဂူထဲဝင်ရောက်ပြီးနောက်မှာ အခွင့်အလမ်းတွေရှာဖွေတာနဲ့ ယင်းလုံကောင်းကင်ဂူရဲ့အခြေအနေကို ချက်ချင်းစုံစမ်းစစ်ဆေးတာမျိုး မလုပ်ကြဘူး။
သူတို့က လုံခြုံပြီး ဆိတ်ငြိမ်တဲ့နေရာတစ်ခုရှာပြီး သက်ဆိုင်ရာကာကွယ်ရေးအစီအရင်တွေ တပ်ဆင်လိုက်ကြတယ်။ သူတို့က အဆင့်ချိုးဖြတ်ဖို့အတွက် အမြန်ဆုံးတံခါးပိတ်ကျင့်ကြံမှုထဲဝင်သွားကြတယ်။
သူတို့က အမွေခံတပည့်ပြိုင်ပွဲအတွက် အချိန်အကြာကြီးပြင်ဆင်ထားကြတယ်။သူတို့ကသူတို့ရဲ့အခြေတည်ဝိညာဉ်ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားပြီး အဆင့်မတက်ကြဘူး။ ဒီအချိန်ရောက်မှပဲသူတို့က ဒီအဆင့်ချိုးဖြတ်မှုအတွက် လုံးဝအသင့်ပြင်လိုက်တယ်။
အရာအားလုံးကချောချောမွေ့မွေ့ဖြစ်ပျက်သွားတယ်။
နေ့တစ်ဝက် ကျော်လွန်သွားပြီ။
ဝုန်း! ဝုန်း! ဝုန်း!!!
တစ်ခုပြီးတစ်ခု၊ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ အရှိန်အဝါတွေက ကောင်းကင်ပေါ် တစ်ခုပြီးတစ်ခု တက်လာကြတယ်။တာအိုအခြေတည်ဝိညာဉ်က ဗလာနယ်ကိုစွန့်ခွာပြီးနောက်တစ်ဆင့်ကို တက်လှမ်းသွားတယ်။ သူတို့ရဲ့ဓမ္မစွမ်းအားတွေက သိသိသာသာတိုးတက်လာပြီး သူတို့ရဲ့ခွန်အားကကြီးကြီးမားမားတိုးမြင့်သွားတယ်။
ထန်ပင်ရွှမ်၊ ချူးလီချန်း၊ တုန်းယွမ်၊ ချူဝမ်ရှီ...
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုမှာ အမွေခံတပည့် တစ်ထောင်ကျော်ရှိတယ်။
ဝါရင့်စီနီယာအမွေခံတပည့်တွေထဲမှာ စုစုပေါင်း ၂၈ ယောက် အဆင့်ချိုးဖြတ်မှုလုပ်နိုင်ခဲ့ပြီ။
သူတို့ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ရောက်ရှိသွားတယ်။
သူတို့ရဲ့ခွန်အားက တဟုန်ထိုးတိုးတက်သွားတယ်။
ဒါ့အပြင်၊ ကြီးမားတဲ့ဂိုဏ်းအသီးသီးက အမွေခံမျိုးဆက်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘက်က အခြေအနေကို သိပြီးတော့သူတို့လည်း ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတာကြောင့် သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကို မဖိနှိပ်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက်အဆင့်ချိုးဖြတ်မှုလုပ်ဖို့ ကြိုးစားကြတော့တယ်။
(ဒီမှာမျိုးဆက်လို့သုံးတာက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းကအနေအထားချင်းတူပေမယ့်အခေါ်အဝေါ်မတူပါဘူး။ဗုဒ္ဓတစ်သောင်းဂိူဏ်းဆိုဗုဒ္ဓသားတော်ဆိုပြီးခေါ်ကြတယ် mc,ဂိုဏ်းမှာဆိုတစ်မျိုး သတိမထားမိတဲ့သူတွေအတွက်ပါ သိတဲ့လူကသိကြမှာပါ)
ဒီလိုနဲ့...
ဂိုဏ်းအသီးသီးမှာ ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်အမွေခံတပည့်တွေ အများကြီးပေါ်ပေါက်လာတယ်။
ယင်းလုံကောင်းကင်ဂူရဲ့ အစောင့်အရှောက်ဦးဆောင်မှုအောက်မှာ ယင်းလုံဘုရားကျောင်းနဲ့ပတ်သက်တဲ့သတင်းတွေကတိတ်တဆိတ်ပျံ့နှံ့သွားပြီးတဖြည်းဖြည်းပေါက်ကြားလာတယ်။
ဂိုဏ်းပေါင်းစုံက အမွေခံမျိုးဆက်တွေက အရှေ့အစွန်ဖျားကို အလျင်အမြန်ဦးတည်သွားကြတယ်။
မျက်စိတစ်မှိတ်အတွင်းမှာ၊
နာရီအနည်းငယ်ကြာတော့ချီမင်က အရှေ့အစွန်ဖျားရဲ့နက်ရှိုင်းတဲ့နေရာမှာ ယင်းလုံဘုရားကျောင်းကို ရှာတွေ့သွားတယ် ။ သူက သဲကန္တာရမှာအထက်မှာရပ်ပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။
ဒါက သဲကန္တာရထဲက အိုအေစစ်တစ်ခုပဲ။
ဒီအိုအေစစ်ထဲမှာ သက်ရှိသတ္တဝါတွေ အများကြီးရှိနေသေးတယ်။
ယင်းလုံဘုရားကျောင်းက ဒီအိုအေစစ်ရဲ့အောက်ခြေနက်ရှိုင်းတဲ့နေရာမှာ ရှိနေတယ်။
"တောင်နဲ့မြေကိုလှုပ်ခါခြင်း။"
ဝုန်း!
ချီမင်က တိုက်ခိုက်လိုက်တယ်။ သူ့လက်ဝှေ့ယမ်းလိုက်ပြီးကြီးမားတဲ့ရွှေအမြူတေဓမ္မစွမ်းအားတွေ မြင့်တက်လာပြီး ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ထဲကလျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့ တောင်နဲ့မြေကိုလှုပ်ခါခြင်းအဖြစ် ပြောင်းလဲသွားတယ်။
ဒီနည်းစနစ်က မြေကြီးကိုထိန်းချုပ်နိုင်ပြီး ပြင်းထန်တဲ့ငလျင်တွေ လှုပ်ခတ်စေနိုင်တယ်။ မြေကြီးကိုတုန်ခါစေပြီး တောင်တန်းတွေနဲ့မြစ်တွေကို လှုပ်ခါနိုင်တယ်။ စွမ်းအားအမျိုးမျိုးရှိတယ်။
ချီမင်သုံးလိုက်ပြီးတော့သူ့ခြေထောက်အောက်က အိုအေစစ်က ပြင်းထန်စွာတုန်ခါလာပြီး အဆက်မပြတ်ကွဲအက်လာတယ်။ ကြီးမားတဲ့အက်ကြောင်းကြီးတွေ ပေါ်လာပြီး အိုအေစစ်ထဲမှာနေထိုင်တဲ့ နတ်ဆိုးသားရဲတွေ ထိတ်လန့်သွားကြတယ်။
ဝေါင်း! ဝေါင်း!
အိုအေစစ်ထဲက နတ်ဆိုးသားရဲတွေက ကောင်းကင်ပေါ်ပြေးတက်လာပြီး ဒေါသတကြီးဟိန်းဟောက်ကြတယ်။ သူတို့က ချီမင်ကိုဝိုင်းပြီး အရပ်မျက်နှာတိုင်းကနေ တိုက်ခိုက်ကြတယ်။
ချီမင်ရဲ့လုပ်ရပ်တွေက သူတို့ရဲ့နေရပ်ကို ဖျက်ဆီးနေတာဖြစ်တယ်။
"ဖျက်ဆီး။"
ဝုန်း!
ချီမင်က သူ့ဘယ်ဘက်လက်နဲ့ညွှန်လိုက်တော့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကပေါ်ထွက်လာတယ်။ အဲ့ဒါက လေကိုထိုးခွင်းပြီးပွင့်လန်းလာတယ်။ ဆံချည်မျှင်လောက်ထူတဲ့ မရေမတွက်နိုင်တဲ့ဓားချီစွမ်းအင်တွေနဲ့ ဓားမျှင်တွေကအရပ်မျက်နှာတိုင်းကို ပျံဝဲသွားတယ်။
ဖောက်! ဖောက်! ဖောက်!
ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်လာတဲ့ နတ်ဆိုးသားရဲအားလုံးက ဒီဓားချီစွမ်းအင်မျှင်တွေကြောင့် အစိတ်စိတ်ပိုင်းပိုင်းဖြစ်သွားတယ်။သွေးတွေပက်ဖြန်းလာပြီးကောင်းကင်မှာပွင့်လန်းနေတဲ့ လှပတဲ့သွေးရောင်မီးပန်းတွေလိုဖြစ်သွားတယ်။
အားလုံးသေကုန်တယ်။
ဒီနတ်ဆိုးသားရဲတွေက ချီမင်နဲ့ မီတာတစ်ရာအကွာအဝေးကိုတောင် မရောက်နိုင်ကြဘူး။
သူ့ခြေထောက်အောက်က အိုအေစစ်က လုံးဝကွဲအက်သွားပြီး မယုံနိုင်လောက်အောင်ကြီးမားတဲ့ အက်ကြောင်းကြီးတစ်ခု ပေါ်လာတယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ အဆုံးမရှိသလိုမျိုး မည်းနက်နေတယ်။
မရေမတွက်နိုင်တဲ့အဝါရောင်သဲတွေက ရေတံခွန်တစ်ခုလိုဖြစ်ပြီး အောက်ကအက်ကြောင်းထဲကိုဝင်နေတယ်။
တဖြည်းဖြည်းနဲ့...
ချီမင်က သူ့ရဲ့လျှို့ဝှက်နက်နဲတဲ့နည်းစနစ်ကို ရုပ်သိမ်းလိုက်တာနဲ့ တုန်ခါမှုကရပ်တန့်သွားတယ်။
အဲ့တာကပြန်တည်ငြိမ်သွားတယ်။
ဒီအိုအေစစ်က ချီမင်ကြောင့် အခြေခံအားဖြင့် ပျက်စီးသွားပြီ။ အက်ကြောင်းထဲကျသွားတဲ့အဝါရောင်သဲတွေက တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာပြီး လှုပ်ရှားမှုကပြန်တည်ငြိမ်သွားတယ်။
"ဒီကောင်..."
အဝေးမှာ သဲကန္တာရနဂါးက ချီမင်ကိုစိုက်ကြည့်နေပြီး သူ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တွေ ပေါ်လာတယ်၊ "သူက ယင်းလုံဘုရားကျောင်းကို ဒီလောက်မြန်မြန်ရှာတွေ့သွားတာပဲ။ ပြီးတော့အိုအေစစ်ကို ဘာမှမတုံ့ဆိုင်းဘဲ ဖျက်ဆီးပစ်လိုက်တယ်။"
"တကယ်ပဲ ဒီမှာရှိနေတာပဲ။"
ချီမင်က ကျေနပ်စွာခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့အပြုံးတစ်ခု ပေါ်လာတယ်။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲပြီး အောက်ကကြီးမားတဲ့အက်ကြောင်းရဲ့ အနက်ရှိုင်းဆုံးအပိုင်းထဲကို ဝင်ရောက်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီမင်က အောက်ခြေကိုရောက်သွားတယ်။
ဒီနေရာမှာ နောက်ထပ်ဂူတစ်ခုရှိနေတယ်။
အဲ့ဒါက ကြီးမားပြီး သီးခြားတည်ရှိနေတဲ့ မြေအောက်နေရာတစ်ခုပဲ။
မည်းမှောင်နေတယ်။
မြေကြီးပေါ်မှာ အလောင်းတွေရှိနေတယ်။ တချို့က တောင်တန်းတွေလောက်ကြီးမားပြီးအခုထိရာသီတိုက်စားမှုဒဏ်ကိုမခံရသေးဘူး။တချို့အလောင်းတွေကတော့ လေပြေတစ်ချက်တိုက်တာနဲ့ ပြာကျသွားတယ်။
တောင်တန်းတွေလောက်ကြီးမားတဲ့နတ်ဆိုးသားရဲအလောင်းတွေအပြင် ချီမင်က လူသားအလောင်းတွေနဲ့ အရိုးစုတွေအများကြီးကိုလည်းမြေကြီးပေါ်မှာ လဲနေတာကို တွေ့လိုက်ရတယ်။
ချီမင်သူ့လက်ကိုနောက်ပစ်ပြီးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ရှေးခေတ်က ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ တိုက်ပွဲကြီးတစ်ခုကက သူ့စိတ်ထဲမှာ ပေါ်လာသလိုမျိုးဖြစ်သွားတယ်။
သူရှေ့ဆက်သွားတယ်။
ချီမင်က ခမ်းနားထည်ဝါတဲ့ခန်းမကြီးတစ်ခုရှေ့မှာ ရပ်လိုက်တယ်။ ဒီခန်းမက မပြည့်စုံတော့ဘူး။သိသိသာသာကိုအဲ့ဒါက တိုက်ပွဲရဲ့နောက်ဆက်တွဲဂယက်ကြောင့် ထိခိုက်ပြီး တော်တော်လေးပျက်စီးနေပြီ။
ဒီခန်းမက မပြည့်စုံတော့ရင်တောင် ချီမင်က အဲ့ဒါကိုကြည့်ပြီးဒီခန်းမရဲ့ခမ်းနားထည်ဝါမှုနဲ့ အချိန်ရဲ့မြင်သာတဲ့အကြွင်းအကျန်ခြေရာတွေကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"ယင်းလုံဘုရားကျောင်း။"
ချီမင်က နှစ်ပိုင်းကွဲနေပြီဖြစ်တဲ့ ဆိုင်းဘုတ်ကိုကြည့်လိုက်တယ်၊ "တွေ့ပြီ။"
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာလွင့်မျောနေတဲ့နန်းတော်ဆယ့်နှစ်ခုက အကြီးအကဲတွေ၊မဟာအကြီးအကဲတွေ၊ ဂိုဏ်းချုပ်နဲ့ တခြားသူတွေအားလုံး ချီမင်ကို သတိပြုမိသွားကြတယ်။
"ချီမင် ဘာရှာတွေ့သွားတာလဲ။"
"ယင်းလုံဘုရားကျောင်းလား? ရှေးခေတ်က အပျက်အစီးတစ်ခုလား?"
"အထင်ကြီးဖို့ ကောင်းတယ်။"
"ချီမင်က ဒီလိုအပျက်အစီးဘုရားကျောင်းတစ်ခုကို တကယ်ပဲရှာတွေ့ခဲ့တာပဲ။"
"ဒါဆိုရင် ဒီရှေးခေတ်ကောင်းကင်ဂူက ရှေးခေတ်နတ်ဆိုးမျိုးနွယ်က တည်ထောင်ခဲ့တဲ့ ကောင်းကင်ဂူတစ်ခုလား?"
"..."
အကြီးအကဲတွေ ဆွေးနွေးကြတယ်။
ဝုန်း!
ရုတ်တရက် ချီမင်ရဲ့ပုံရိပ်က မှောင်သွားတယ်။
ချီမင်က အမွေတိုကင်ရဲ့ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီး ဒီနေရာကမြင်ကွင်းကို ဆက်မလွှင့်တော့ဘူး။ အကြီးအကဲတွေလည်း မှင်သက်သွားကြပြီး ယင်းလုံဘုရားကျောင်းရဲ့အခြေအနေကို အရမ်းသိချင်သွားတယ်။
"ဒီယင်းလုံဘုရားကျောင်းကို စူးစမ်းလေ့လာဖို့ အချိန်တန်ပြီ။"
ချီမင်က ယင်းလုံဘုရားကျောင်းထဲကို ဖြည်းဖြည်းချင်းလျှောက်ဝင်သွားတယ်။ သူဝင်ရောက်ပြီးကြည့်လိုက်တော့အတွင်းကပတ်ဝန်းကျင်ကပျက်စီးယိုယွင်းပြီး ရှေးကျနေတယ်။ အချိန်ရဲ့အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေပြီး ရှေးခေတ်ရဲ့အငွေ့အသက်တွေ ရှိနေတယ်။
သူယင်းလုံဘုရားကျောင်းထဲကို ခြေချလိုက်တဲ့အခိုက်အတန့်မှာပဲ။
ဝုန်း! ဝုန်း!
သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ အစီအရင်က အသက်ဝင်လာတယ်။
ဒါ့အပြင်...
အဲ့ဒါက ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ဖြစ်နေတယ်။
ဒါက ယင်းလုံဘုရားကျောင်း၊ ရှေးခေတ်နတ်ဆိုးဧကရာဇ်တစ်ပါးရဲ့ နန်းတော်ပဲ။ အချိန်တွေကုန်လွန်ပြီး နတ်ဆိုးဧကရာဇ်မရှိတော့ရင်တောင် မပြည့်စုံတဲ့ဘုရားကျောင်းက ရှေးခေတ်ရဲ့စွမ်းအားတွေကျန်နေသေးတယ်။
ဒါ့အပြင်...
ချီမင်က လူသားတစ်ယောက်ဖြစ်ပြီး နတ်ဆိုးမဟုတ်ဘူး။
ဒီယင်းလုံဘုရားကျောင်းထဲကို မဆင်မခြင်ခြေချလိုက်တာနဲ့ သူက ရှေးခေတ်နတ်ဆိုးဧကရာဇ်ကို စော်ကားမိသွားတယ်။ သဘာဝအတိုင်းပဲ သူက ယင်းလုံဘုရားကျောင်းထဲမှာ ကျန်ရှိနေတဲ့ ရှေးခေတ်စွမ်းအားကို လှုံ့ဆော်မိပြီး ချီမင်ကိုထောင်ချောက်ဆင်ပြီး သတ်ဖြတ်မဲ့သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာတယ်။