ရွှေနဂါးမီးတောက်
Vol. 8 Ch. 116
ချီမင်ရဲ့စကားလုံးတွေကတော်တော်လေးကိုအထက်ဆီးဆန်ပြီးသူ့ရဲ့အရှိန်အဝါကလည်းတော်တော်လေးသန်မာတယ်။
သူသတ်လိုက်သည့်နဂါးမျိုးနွယ်ငါးယောက်ကိုရွှံ့ငါးငါးကောင်းနဲ့နှိုင်းလိုက်တာက လေးပင်လယ်နဂါးနန်းတော်အတွက်အဆိုးရွားဆုံးစော်ကားမှုတစ်ခုဖြစ်သည်။
ဒါကလူတစ်ယောက်ကိုဝက်လို့ပြောလိုက်ခြင်းနဲ့တူတူပဲဖြစ်သည်။
ဒါ့အပြင်ချီမင်ရဲ့လေသံကလေးပင်လယ်နဂါးနန်းတော်ရဲ့နဂါးမျိုးနွယ်တွေကိုအလေးမထားသလိုဖြစ်နေသည်။
"ဒီကောင်ချီမင်ကတော်တော်ဘဝင်မြင့်တာပဲ။"
"ဒီလိုအခြေအနေအောက်မှာတောင် သူကဒီလိုစကားတွေပြောရဲသေးတယ်။"
"ဘယ်လောက်တောင်မောက်မာလိုက်လဲ။"
"ဒီကောင်ချီမင်ကတော်တော်ဆိုးတာပဲ"
"ဒီလိုအခြေအနေမှာတောင် အဲ့လိုစကားမျိုး ပြောရဲတယ်လို့"
"ဘယ်လောက်တောင် မောက်မာလိုက်လဲ"
"သူက'သေ' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲတောင် သိပုံမရဘူး"
"ဟားဟား..."
"..."
တခြားအဖွဲ့အစည်းတွေကအမွေခံအဆင့်တပည့်တွေကဆွေးနွေးနေကြသည်။
"တိတ်စမ်း!"
လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်က ဒေါသထွက်သွားပြီးချီမင်ကိုစိုက်ကြည့်လိုက်သည်။
သူ့ဒေါသက ချီမင်က သူတို့အမျိုးနွယ်ဝင်တွေကို သတ်ခဲ့လို့တင် မဟုတ်တော့ဘဲချီမင်ရဲ့စကားတွေက ပါသူ့ကို တကယ်ဒေါသထွက်သွားစေသည်။
"ပေါ့ပေါ့တန်တန် နင်းခြေပစ်လိုက်တယ်ဟုတ်လား။ သူတို့သေသွားတော့ဘာဖြစ်လဲဟုတ်လား?ငါက မင်းကိုတန််ဖိုးကိုပြန်ပေးခိုင်းနိုင်ခွင့်မရှိဘူးဟုတ်လား? တကယ်ပဲကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ဆိုတဲ့အတိုင်းပဲ"
ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ရောက်နေတဲ့ နဂါးမျိုးနွယ်က စကားတစ်ခွန်းပြောလိုက်တိုင်း သူ့လေသံက ပိုအေးစက်လာပြီး သူ့ခန္ဓာကိုယ်က အရှိန်အဝါက ပိုအားကောင်းလာတယ်။မြင့်တက်လာတဲ့ နဂါးချီတွေအောက်မှာ သူ့ခန္ဓာကိုယ်ပတ်လည်မှာ ကြက်သွေးရွှေရောင်အလင်းတန်းအုပ်ကမြင့်တက်လာတယ်။ "တော်တော် မောက်မာတာပဲ မောက်မာတာကလွန်လွန်းတယ်။"
"ကောင်းတယ်၊ တော်တော်ကောင်းတယ်"
"ငါ လုချူးရန်ထင်က ချီမင်မင်းမှာဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ သိချင်တယ်။ မင်းကအဓိကဂိုဏ်းကြီးတွေရဲ့ အမွေခံတပည့်တွေအလယ်မှာ ဒီလောက် မောက်မောက်မာမာ ပြောရဲတယ်ပေါ့။!"
"လာခဲ့! တိုက်ကြမယ်!"
ဘုန်း!
သူစကားဆုံးတာနဲ့လုချူးရန်ထင်လို့ခေါ်တဲ့ နဂါးမျိုးနွယ်က ရဲရဲရင့်ရင့် တိုက်ခိုက်လိုက်တယ်။ သူ လုံးဝတုံ့ဆိုင်းမနေဘူး။ သူတိုက်ခိုက်တဲ့အချိန်မှာပဲ လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး မယှဉ်နိုင်လောက်အောင်ကြီးမားတဲ့ ကြက်သွေးရွှေရောင် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားတယ်။ ရွှေနဂါးချီက ဝန်းရံထားပြီးချီမင်မလွတ်မြောက်အောင်ဟင်းလင်းပြင်နေရာလပ်ကို ပိတ်ဆို့ထားလိုက်တယ်။
"အရွယ်အစား ချိန်ညှိခြင်း"
ချီမင်က လုံးဝမကြောက်ဘူး။ သူမျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်တယ်။ သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်တဲ့ ကြီးမားတဲ့ လက်မောင်းအဖြစ် ပြောင်းလဲလိုက်တယ်။ သူ လက်သီးဆုပ်ပြီး ရိုက်ချလိုက်တယ်။
ဘုန်း!
နှစ်ဖက် တိုက်မိသွားတယ်။
လက်သီးနဲ့ လက်ဝါး တိုက်မိပြီးနောက်မှာခွန်အားချင်းကတူညီနေတယ်။
"တိုက်ခိုက်!"
လုချူးရန်ထင်ကအော်ဟစ်ပြီးချီမင်ကိုနောက်ထပ်တိုက်ခိုက်တယ်။ ကျရောက်လာတဲ့တိုက်ခိုက်မှုတွေက ကောင်းကင်နဲ့ မြေပြင်ကို ဖုံးလွှမ်းသွားပြီးအားလုံးက မရေမတွက်နိုင်တဲ့ နဂါးလက်သည်းအရိပ်တွေဖြစ်သွားတယ်။
"ရွှေနဂါးခန္ဓာ"
ဝှစ်!
လုချူးရန်ထင်ကအံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အဆပေါင်းများစွာ ကြီးလာပြီး မီတာ ၅၀၀ လောက်မြင့်တဲ့ ကြက်သွေးရွှေရောင် နဂါးလူသားအဖြစ် ပြောင်းလဲသွားတယ်။
သူ့နဂါးစွမ်းအားက ကြီးမားလာတယ်။
ရွှေနဂါးချီတွေကသူ့ကိုအဆက်မပြတ်ဝန်းရံနေတယ်။
"နဂါးနှင့်ကျားကို ဖိနှိပ်ခြင်း"
ဘုန်း! ဘုန်း!
ချီမင်က တစ်ဖက်ကိုတိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ကြီးထွားလာပြီး သူလည်း မီတာ ၅၀၀ လောက်မြင့်တဲ့ ဧရာမလူကြီးအဖြစ် ပြောင်းလဲသွားတယ်။ ပြီးတော့ အံ့ဖွယ်စွမ်းအားလျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့နဂါးနှင့်ကျားကိုဖိနှိပ်ခြင်းကို သုံးပြီး လုချူးရန်ထင်ကို ဖိနှိပ်လိုက်တယ်။
ဘုန်း ဘုန်း ဘုန်း!!!
နှစ်ဖက် အနီးကပ် တိုက်ခိုက်ကြတယ်။
"ရွှေနက်စစ်မှန်ခန္ဓာ"
ဝှစ်!
ချီမင်ကနောက်ထပ်ခန္ဓာကိုယ်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။ ဒါက ယန်လီက သူ့ကို ပေးခဲ့တဲ့သိုင်းနည်းစနစ်တစ်ခုဖြစ်တယ်။ချီမင်ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံပြီးထားတာကြာပြီဖြစ်တယ်။အခုမှ သူ သုံးလိုက်တယ်။
သူ့ရဲ့ အင်အားက အများကြီး တိုးလာတယ်။
ဘုန်း!
အသံကျယ်ကြီး ထွက်လာတယ်။
ချီမင်က အားကုန်သုံးပြီး တိုက်ခိုက်လိုက်တော့ သူ့ရဲ့ ဧရာမ လက်သီးက လုချူးရန်ထင်ရဲ့ မျက်နှာကို ထိသွားတယ်။သန်မာအားကောင်းတဲ့ခွန်အားတစ်ခုပေါက်ကွဲထွက်လာပြီးလွင့်စင်သွားစေတယ်။
"အား!!!"
လုချူးရန်ထင်ကနာကျင်စွာအော်ဟစ်လိုက်ပြီး အဝေးကြီးကို လွင့်စင်သွားကာ တောင်ကုန်းလောက်ကြီးတဲ့ အရိုးတွေတောင်ကြေမွသွားတယ်။ အနီးကပ် တိုက်ခိုက်မှုမှာနဂါးမျိုးနွယ်ရဲ့နဂါးမျိူးဆက်ဖြစ်တဲ့လုချူးရန်ထင်တောင် ရှုံးနိမ့်သွားတယ်။
"အံ့သြစရာပဲ!"
"ဒီချီမင်ကတကယ့်ကိုအားကောင်းတဲ့ခန္ဓာကိုယ် ကျင့်ကြံသူပဲ"
"ဒီလို အင်အားနဲ့ ဒီလိုဓမ္မရုပ်တုနဲ့ဆိုတော့ သူတကယ် အားကောင်းတာပဲ!"
တကယ့်ကိုမယုံနိုင်စရာကောင်းတယ်။
"သူတကယ်ပဲအမြူတေဖွဲ့စည်းခြင်းနှောင်းပ်ိုင်းအဆင့်ပဲရှိတာလား?"
"ငါတော့မဖြစ်နိုင်ဘူး ထင်တယ်"
"တကယ်လို့ချီမင်ကတကယ်ပဲအမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ဆိုရင်သူကသူ့ရဲ့အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်နဲ့ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်လေးပင်လယ်နဂါးနန်းတော်ရဲ့နဂါးမျိုးနွယ်ကိုအနီးကပ်တိုက်ခိုက်ပွဲမှာအနိုင်ရခဲ့တာပေါ့"
ပတ်ဝန်းကျင်မှာရှိတဲ့အမွေခံမျိုးဆက်တွေလည်း အံ့အားသင့်သွားကြတယ်။
နဂါးမျိုးနွယ်လူငယ်မျိုးဆက်ရဲ့ ခန္ဓာကိုယ်က အားကောင်းပြီးများသောအားဖြင့်ကျင့်ကြံသူအများစုထက် သာလွန်တယ်။ ခန္ဓာကိုယ်ကိုကျင့်ကြံတဲ့သူတွေတောင် ခန္ဓာကိုယ်ပိုင်းမှာ နဂါးမျိုးနွယ် လူငယ်မျိုးဆက်နဲ့ မယှဉ်နိုင်ဘူး။
ချီမင်ကမျက်နှာချင်းဆိုင်တိုက်ခိုက်မှုမှာ အနိုင်ရခဲ့တယ်။
သူတို့ ပြောနိုင်တာက
ဒီတိုက်ပွဲအခြေအနေက ရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေတယ်။
မထင်မှတ်ထားတာကတစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ချီမင်အပေါ်ထားတဲ့ အမြင်ကလည်း ပြောင်းလဲသွားကြတယ်။ ချီမင်ရဲ့ခွန်အားကတကယ်အားကောင်းမှန်း သူတို့ နက်နက်ရှိုင်းရှိုင်း နားလည်သွားကြတယ်။ သူကတကယ့်ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်တယ်။ ချီမင်ကိုယ်တိုင် ပြောခဲ့သလိုပဲ သူမှာခွန်အားရှိတယ်။
"အား!!!"
လုချူးရန်ထင်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ထဲက နဂါးသွေးမျိုးဆက်ကိုပေါက်ကွဲထွက်လိုက်တယ်။ သူ့မျက်လုံးတွေကနီရဲလာပြီးသတ်ဖြတ်ချင်စိတ်တွေမြင့်တက်လာကာ ဒေါသတကြီးဟိန်းဟောက်လိုက်တယ် "ချီမင်! ငါမင်းကိုသတ်မယ်!!"
ဒီအချိန်မှာသူ့ရဲ့အားအကောင်းဆုံးသွေးမျိုးဆက်အံ့ဖွယ်စွမ်းအားကိုထုတ်သုံးလိုက်တယ်။
ဝေါင်း! ဝေါင်း! ဝေါင်း!
နဂါးဟိန်းဟောက်သံတွေထွက်လာတယ်။
လုချူးရန်ထင်ကကောင်းကင်ကိုတက်သွားတယ်။ ပတ်ဝန်းကျင်ကသက်ရှိတွေရဲ့မျက်လုံးတွေအောက်မှာသူကကြက်သွေးရွှေရောင်စစ်မှန်နဂါးအဖြစ် ပြောင်းလဲသွားပုံရပေမယ့်အမှန်တော့ပုံရိပ်ယောင်တစ်ခုဖြစ်တယ်။
"ရွှေနဂါးမီးတောက်!"
ဝှစ်!
သူ အစွမ်းအကုန်စုစည်းလိုက်ပြီး နတ်ဆိုးစွမ်းအင်တွေစုစည်းလာကာနဂါးချီတွေသိပ်သည်းလာတယ်။ အတိုင်းအတာတစ်ခုအထိ ရောက်သွားတဲ့အခါ ရွှေရောင်ဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
ဘုန်း!
ချက်ချင်းဆိုသလိုပဲ ဘောလုံးက ပေါက်ကွဲသွားတယ်။
ချက်ချင်းပဲ ကြောက်စရာကောင်းတဲ့ရွှေနဂါးမီးတောက်ကြီးတစ်ခုကချီမင်ဆီကိုပစ်ခတ်လာတယ်။ ပတ်ဝန်းကျင်ကဟင်းလင်းပြင်အာကာသက ကြောက်စရာကောင်းတဲ့အပူရှိန်ကြောင့်ပုံပျက်သွားတယ်။
ဒီလိုစွမ်းအားမျိုး
"သတိထား!" ထန်ပင်ရွှမ်ကအော်ပြောလိုက်တယ်။
တုန်းယွမ်နဲ့ တခြားသူတွေလည်း အံ့အားသင့်သွားကြတယ်။
"ဒါကလေးပင်လယ်နဂါးနန်းတော်ရဲ့သွေးမျိုးဆက်အံ့ဖွယ်စွမ်းအားပဲ။ သူတို့ရဲ့တကယ့်လူသတ်လက်နက်ပဲ"
"သူ့ရဲ့ အင်အားက တကယ် အားကောင်းတယ်"
"ချီမင်က ဒါကို ခံနိုင်ဦးမလား?"
"..."
အမွေခံမျိုးဆက်တွေကပြောနေကြတယ်။
"ဒါက သေးငယ်တဲ့ လှည့်ကွက်တစ်ခုပဲ" ချီမင်က ပြုံးလိုက်တယ်။
မြင့်တက်လာတဲ့ နဂါးမီးတောက်ကို ရင်ဆိုင်ရင်း သူကအရမ်းတည်ငြိမ်နေပြီးဘာကြောက်ရွှံ့မှုမှရှိမနေဘူး။ ဒါ့အပြင်ကြက်သွေးရွှေရောင်မီးတောက်တွေရဲ့ အလင်းရောင်အောက်မှာ ချီမင်ရဲ့ ခန္ဓာကိုယ်က ရွှေရောင်အလွှာတစ်ခုနဲ့ ဖုံးလွှမ်းထားပုံရတယ်။
"လေကို ပြောင်းပြန်လှန်ခြင်း"
ဝှစ်!
အတွေးတစ်ချက်နဲ့ ချီမင်ကအရွယ်အစား ချိန်ညှိခြင်းနဲ့နဂါးနှင့်ကျားကိုဖိနှိပ်ခြင်း ဆိုတဲ့ လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအားတွေကို ပြောင်းလဲလိုက်ပြီး သူ့ရဲ့ မူလအခြေအနေကို ပြန်ရောက်သွားတယ်။ သူ့ရဲ့မွေးရာပါ သန့်စင်တဲ့ မဟာတာအိုရွှေအမြူတေ က တုန်ခါသွားပြီး အဆုံးမရှိတဲ့ဓမ္မစွမ်းအားတွေမြင့်တက်လာကာဒီလျှို့ဝှက်နက်နဲနည်းစနစ်ကို ဖော်ထုတ်လိုက်တယ်။
ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက့်ပညာရပ်ရဲ့ နည်းစနစ်တစ်ခု!
လေကို ပြောင်းပြန်လှန်ခြင်း!
ဒီလျှို့ဝှက်နက်နဲနည်းစနစ်ကိုသုံးတဲ့အခါအရမ်းအားကောင်းပြီး ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ အင်အားရှိတယ်။ အခြေခံအကျိုးသက်ရောက်မှုက လေကို ပြန်တိုက်ခတ်စေပြီး မီးတောက်တွေကို သေးငယ်သွားစေတယ်။
ဒါပေမယ့်အကန့်အသတ်အထိသုံးလိုက်ရင်အချိန်ကို အကျိုးမသက်ရောက်စေဘဲအချိန်တွေနောက်ပြန်သွားနေသလို ဖြစ်ရပ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ ဒါကအထွတ်အထိပ်အံ့ဖွယ်စွမ်းအားတစ်ခုဖြစ်တယ်။
ချီမင်က ဒီလျှို့ဝှက်နက်နဲနည်းစနစ်ကို သူလက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့အကန့်အသတ်အထိလှည့်ပတ်လိုက်တယ်။ မမြင်နိုင်တဲ့ အင်အားတစ်ခုက သူ့လက်ဝါးထဲမှာ စုစည်းလာတယ်။ ချီမင်က သူ့ညာဘက်လက်ကို ဆန့်ထုတ်ပြီး ဖွင့်လိုက်တယ်။
လူတိုင်းရဲ့ မျက်လုံးတွေအောက်မှာ သူ့လက်ဝါးက မြင့်တက်လာတဲ့ကြက်သွေးရွှေရောင် နဂါးမီးတောက်ကို မျက်နှာမူလိုက်တယ်။
ဝှစ်!
မမြင်နိုင်တဲ့ အင်အားတစ်ခု ပျံ့နှံ့သွားတယ်။
ဘုန်း!
ချက်ချင်းပဲလုချူးရန်ထင်ရဲ့ကြက်သွေးရွှေရောင်နဂါးမီးတောက်တွေကချီမင်ရဲ့လက်ဝါးကိုတိုက်မိတဲ့အခါမမြင်နိုင်တဲ့အင်အားတစ်ခုကတားဆီးလိုက်တယ်။
ဘယ်သူမှဒီမမြင်နိုင်တဲ့အားကိုမမြင်ရပေမယ့်အရာအားလုံးကိုပိတ်ဆို့နိုင်တဲ့ကြည်လင်တဲ့အလင်းမျက်နှာပြင်တစ်ခုကိုဖန်တီးလိုက်ပြီး ကြက်သွေးရွှေရောင်နဂါးမီးတောက်ကို ရှေ့ဆက်မသွားနိုင်အောင် တားဆီးလိုက်တယ်။
ဒါပေမယ့် အဲ့ဒါပဲဆိုရင် လူတိုင်း အံ့အားသင့်မှာ မဟုတ်ဘူး။
ဝှစ်!
နောက်တစ်ခဏမှာဒီမမြင်နိုင်တဲ့အင်အားကပျံ့နှံ့သွားပြီး ကြက်သွေးရွှေရောင် နဂါးမီးတောက်အပေါ် သက်ရောက်မှုရှိသွားတယ်။မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်ခံလိုက်ရတဲ့မီးတောက်လိုပဲမြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်။
သူ့ရဲ့ မူလအစကို ပြန်ရောက်သွားသလို ပျောက်ကွယ်သွားတယ်။
ကြက်သွေးရွှေရောင် နဂါးမီးတောက်ရဲ့ အနှစ်သာရက လုချူးရန်ထင်ရဲ့ နဂါးသွေးမျိုးဆက်ကစွမ်းအားဖြစ်တယ်။ဒါက ကြီးမားတဲ့ဓမ္မစွမ်းအားတွေနဲ့တာအိုရဲ့သဏ္ဍာန်တစ်ခုဖြစ်တယ်။ချီမင်လေကိုပြောင်းပြန်လှန်ခြင်းကို တိုက်ရိုက်သုံးပြီး ကြက်သွေးရွှေရောင် နဂါးမီးတောက်ထဲက ကြီးမားတဲ့ဓမ္မစွမ်းအားတွေကို ကမ္ဘာပေါ်ကအခြေခံအကျဆုံးဝိညာဉ်ချီစွမ်းအင်အဖြစ် ပြိုကွဲသွားစေတယ်။
သူ့ကို ထောက်ပံ့ပေးတဲ့ အင်အားတစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားပြီးနောက်မှာ ပျောက်ကွယ်သွားတယ်။
အစအဆုံး ချီမင်က တစ်လှမ်းတောင် နောက်မဆုတ်သွားဘူး။
"ဒါ...ဒါ မဖြစ်နိုင်ဘူး!"
လုချူရန်ထင်ရဲ့ မျက်လုံးတွေက အံ့အားသင့်လွန်းလို့ ပြူးကျယ်သွားတယ်။ ဖြစ်ပျက်သွားတဲ့မြင်ကွင်းကို ကြည့်ပြီးသူအရမ်းတုန်လှုပ်သွားတယ်။ ဒါက သူ့ရဲ့ အားအကောင်းဆုံးသွေးမျိုးဆက်စွမ်းအားဖြစ်တယ်။
ချီမင်ကဒီလောက်လွယ်လွယ်ကူကူ ဖြေရှင်းလိုက်တယ်။
ဒီလိုမြင်ကွင်းက သူ့ကို ကြောက်ရွံ့မှု အနည်းငယ် ခံစားလိုက်ရစေတယ်။
"လျှပ်စီးငါးဖြာ ထိန်းချုပ်ခြင်း"
ဘုန်း!
ချီမင်ကတုန့်ဆိုင်းမနေတော့ဘဲတိုက်ခိုက်လိုက်ပြီး အားကောင်းတဲ့လူသတ်ကွက်တစ်ခုကို တိုက်ရိုက်သုံးလိုက်တယ်။ သူ့လက်ဝါးထဲမှာ လျှပ်စီးငါးချက်ရဲ့ အင်အားတွေကသိပ်သည်းသွားပြီးဒီလက်ဝါးရိုက်ချက်ကိုမိုးကြိုးငါးချက်ပစ်ခြင်းလို့ခေါ်တယ်။
"ရပ်စမ်း!"
ဝှစ်!
ချက်ချင်းဆိုသလိုပဲလေးပင်လယ်နဂါးနန်းတော်က တခြားနဂါးမျိုးနွယ်လူငယ်မျိုးဆက်တွေအလျင်မြန်ထွက်လာကြတယ်။သူတို့ တစ်ပြိုင်နက်တည်းတိုက်ခိုက်ပြီးအားကောင်းတဲ့ ဓမ္မစွမ်းအားတွေကိုပစ်လွှတ်လိုက်ကြပြီးအလင်းတန်းတစ်ခုဖွဲ့စည်းကာချီမင်ရဲ့မိုးကြိုးငါးချက်ပစ်ခြင်းကိုပိတ်ဆို့လိုက်တယ်။
ဒုန်း!!!
ပေါက်ကွဲသံကြီး ထွက်လာတယ်။
ချက်ချင်းပဲ လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တွေ အားလုံး စုပေါင်းပြီး ချီမင်ကို တိုက်ခိုက်လိုက်ကြတယ်။ သူတို့အားလုံးကဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်မှာရှိပြီးသင့်တော်တဲ့ကျင့်ကြံခြင်းအဆင့်ရှိတယ်။သူတို့ရဲ့အင်အားကလုချူးရန်ထင်ထက်မလျော့ဘူး။ သူတို့ကပြောလိုက်တယ်။ "မင်းက လေးပင်လယ်နဂါးနန်းတော်ရဲ့နဂါးမျိုးနွယ် ငါးယောက်ကို သတ်ခဲ့တယ်။ သူတို့အားလုံးကငါတို့ရဲ့အမျိုးနွယ်ဝင်တွေပဲ။ ဒီနေ့မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်စေမယ်"
"မြန်မြန် သေလိုက်တော့"
"တိုက်ခိုက်!"
"..."
ဘုန်း! ဘုန်း! ဘုန်း!!!
စုစုပေါင်းဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ရောက်နေတဲ့နဂါးမျိုးနွယ်ခုနစ်ယောက်ကစုပေါင်းပြီး တိုက်ခိုက်လာကြတယ်။တိုက်ခိုက်မှုတွေကကျရောက် လာပြီး ပတ်ဝန်းကျင်ကိုတုန်လှုပ်သွားစေကာချီမင်ရဲ့ ထွက်ပြေးနိုင်မယ့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်တယ်။
ခဏလေးအတွင်းမှာ ချီမင် အန္တရာယ်နဲ့ ရင်ဆိုင်လိုက်ရတယ်။
"သဲနှင့်ကျောက်ပျံသန်းခြင်း"
ဝှစ်!
ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက့်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်ကို နောက်တစ်ကြိမ် သုံးလိုက်တယ်။ သူ့လက်တွေကို ဝှေ့ယမ်းလိုက်တာနဲ့များပြားတဲ့ရွှေအမြူတေဓမ္မစွမ်းအား တွေမြင့်တက်လာတယ်။
ချက်ချင်းဆိုသလိုသဲတွေမြေတွေလွင့်စင်ကုန်ပြီး ကျောက်တုံးတွေ လိမ့်ဆင်းလာကာ လေတွေ ပြင်းထန်လာတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖုန်မှုန့်တွေတက်လာပြီး ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားကာပတ်ဝန်း ကျင်မြင်ကွင်းကိုပိတ်ဆို့လိုက်တယ်။ ချီမင်ရဲ့ ပုံရိပ်ကလည်း သဲမုန်တိုင်းထဲကို ရောက်သွားပြီး ပျောက်ကွယ်သွားတယ်။
လူငယ်မျိုးဆက်အမွေခံတပည့်တွေရဲ့မျက်လုံးတွေ ခဏတာ ပိတ်ဆို့ခံလိုက်ရတယ်။
"အိုး မဟုတ်ဘူး"
"ချီမင်ထွက်ပြေးတော့မယ်!"
"သူ့ကို ထွက်မပြေးစေနဲ့"
"ယင်းလုံဘုရားကျောင်းရဲ့ ရတနာက သူ့ဆီမှာ သေချာပေါက် ရှိတယ်"
"သူ့ရဲ့ အရှိန်အဝါကိုမှတ်ထား"
"..."
ချက်ချင်းပဲ အမွေခံမျိုးဆက်တွေ အော်ဟစ်လိုက်ကြတယ်။
ချီမင်သုံးတဲ့ 'သဲနှင့်ကျောက်ပျံသန်းခြင်း' က သာမန်သဲမုန်တိုင်းတော့ မဟုတ်ဘူး။ အဲ့ဒီအစား လူတိုင်းရဲ့ အာရုံတွေကို ပိတ်ဆို့နိုင်ပြီး သူ့ရဲ့ တည်နေရာကို ဖုံးကွယ်နိုင်တဲ့ဓမ္မစွမ်းအားတွေနဲ့မဟာတာအိုစစ်မှန်အမှတ်အသားရဲ့အဓိပ္ပါယ်တွေပါဝင်တယ်။
"သေစမ်း"
ချီမင်ကို ခြေရာခံလို့မရတော့တဲ့အတွက် လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တွေအရမ်းဒေါသထွက်သွားကြတယ်။