← Chapters

လူအားလုံးထက်သာလွန်ခြင်း

Vol. 8 Ch. 117

လူအားလုံးထက်သာလွန်ခြင်း

Vol. 8 Ch. 117

ချီမင် သုံးလိုက်တဲ့ သဲနှင့်ကျောက်ပျံသန်းခြင်းကသဘာဝအားဖြင့်သူ့ကိုအကျိုးမသက်ရောက်ဘူး။ကောင်းကင်မှာ ပြည့်နေတဲ့ သဲမှုန့်တွေ နဲ့ဖုန်တွေက ချီမင်ရဲ့ အမြင်နဲ့ အာရုံခံနိုင်စွမ်းကိုမပိတ်ဆို့ထားဘူး။

တစ်နည်းပြောရရင် လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တွေကိုပဲအကျိုးသက်‌ရောက်တယ်။ သူတို့က ချီမင်ကို အာရုံခံလို့မရပေမဲ့ချီမင်ကသူတို့ကို သေသေချာချာ ပစ်မှတ်ထားလို့ရနေတယ်။သူကသိသိသာသာကိုအသာစီးအကြီးကြီးရထားတယ်။

"ဓားလာစမ်း။"

ချွင်!

ချီမင်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ကမ္ဘာဖျက်ဆီးဓားကပျံထွက်လာပြီးဓားရိုးကို ဆုပ်ကိုင်လိုက်တယ်။ ဓားသွားကရှည်လျားပြီးသွယ်လျနေတယ်။ ဓမ္မစွမ်းအားတွေ ထည့်သွင်းလိုက်တော့ ထက်မြိတဲ့ ဓားချီတွေ ထွက်လာတယ်။

‘‘တိုက်!’’

ရှပ်!

ချီမင်ရဲ့ပုံရိပ်က ရွှေရောင်အလင်းတန်းလို တစ်ချက်လက်သွားပြီး လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တစ်ယောက်ရှေ့ကို ရောက်သွားပြီးကမ္ဘာဖျက်ဆီးဓားနဲ့ ခုတ်ချလိုက်တယ်။

ဓားချီတွေ ပွင့်လန်းလာတယ်။

အစိမ်းရောင်အလင်းတန်းတစ်ခုလင်းလက်သွားတယ်။

တစ်ခဏအတွင်းမှာပဲဒီဓားချက်ကြောင့်လေဟာနယ်က စုတ်ပြဲသွားတယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ ပါဝင်နေတယ်။

ဒီလို အရေးကြီးတဲ့အချိန်မှာ လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တစ်ယောက်က တော်တော်မြန်မြန်တုံ့ပြန်နိုင်လိုက်တယ်။ဒီရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရင်းသူရဲ့အစွမ်းကုန်သုံးပြီးဘေးကိုရှောင်ထွက်လိုက်ပြီး အစိမ်းရင့်ရောင်ဒိုင်းတစ်ခုကို ထုတ်ယူလိုက်တယ်။

ခွမ်း!

ဖောက်!!!

‘‘အား!!!’’နာကျင်စွာအော်ဟစ်သံတစ်ခုထွက်ပေါ်လာတယ်။

သွေးတွေပန်းထွက်ကုန်တယ်။

သူထုတ်လိုက်တဲ့အစိမ်းရင့်ရောင်ဒိုင်းကချီမင်ရဲ့ဓားချက်နဲ့ နှစ်ပိုင်းပြတ်သွားတယ်။အဲ့ဒီအပြင်ဓားချီရဲ့ နောက်ဆက်တွဲအရှိန်က ဆက်ပြီးခုတ်ချလိုက်တော့လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်ရဲ့ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်သွားတယ်။

အသက်အန္တရာယ်ရှိတဲ့နေရာတွေကိုတော့ ရှောင်နိုင်ခဲ့တယ်။

‘‘အိုးချင်း!’’

‘‘ဘာဖြစ်တာလဲ?’’

…

ကျန်တဲ့နဂါးမျိုးနွယ်တွေက အော်လိုက်ကြတယ်။

‘‘သတိထား။’’

အိုးချင်းက သူ့ညာဘက်လက်နဲ့ ပခုံးကိုအကြိမ်အနည်းငယ်ထိလိုက်တော့မှ သွေးတိတ်သွားတယ်။ ကြီးမားတဲ့ နတ်ဆိုးစွမ်းအင်တွေ လှိုက်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲက ဓားချီကို တွန်းထုတ်လိုက်တယ်။

ချွင်! ချွင်!

သူ့ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်လိုက်တဲ့ ဓားချီမှာ သွေးတွေပါနေတယ်။ သွေးစွန်းဓားတစ်လက်နဲ့တူပြီးမြေကြီးပေါ်မှာနက်ရှိုင်းတဲ့ဓားဒဏ်ရာတစ်ခုဖြစ်ပေါ်လာတယ်။

‘‘ခုနက ချီမင်က ငါ့ကို ချောင်းတိုက်သွားတာ။’’

အိုးချင်းရဲ့အကြည့်က အေးစက်နေပြီး သူ့မျက်နှာမှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတယ်။ သူက ပတ်ဝန်းကျင်ကို သတိကြီးကြီးထားရင်း အကျယ်ကြီးအော်ပြောလိုက်တယ်၊ ‘‘ဒီသဲတွေနဲ့ဖုန်တွေက တော်တော်ထူးဆန်းတယ်။ ဓမ္မစွမ်းအားတွေနဲ့ တာအိုအသိမြင်တွေပါနေပြီးငါတို့ရဲ့အာရုံခံနိုင်စွမ်းနဲ့အမြင်အာရုံကို ပိတ်ဆို့ထားနိုင်တယ်။ ဒါပေမဲ့ ချီမင်ကတော့ ဘာမှမဖြစ်သလိုပဲ။ ငါ ခုနကဂရုမစိုက်လိုက်လို့ချီမင်ရဲ့ချောင်းတိုက်မှုကြောင့်ငါ့ဘယ်ဘက်လက်မောင်း ပြတ်သွားတာ။’’

‘‘ဘာ!’’

‘‘‌ သေစမ်း။’’

‘‘ငါတို့ အခုချက်ချင်း ဒီပတ်ဝန်းကျင်က သဲတွေနဲ့ ဖုန်တွေကို ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်။’’

…

ကျန်တဲ့နဂါးမျိုးနွယ်တွေကအော်လိုက်ကြတယ်။

‘‘ပျောက်ကွယ်သွားစမ်း။’’

‘‘ချီမင်က တော်တော်လုပ်နိုင်စွမ်းရှိသားပဲ။’’

‘‘မှားယွင်းမှုဖြိုခွင်းဓမ္မမျက်စိ။’’

…

ပတ်ဝန်းကျင်မှာဂိုဏ်းပေါင်းစုံက အမွေခံမျိုးဆက်တွေက သူတို့ရဲ့ သက်ဆိုင်ရာနည်းလမ်းတွေကို သုံးကြတယ်။ တချို့က ဓမ္မစွမ်းအားတွေ၊ သိုင်းနည်းစနစ်တွေသုံးပြီး ပတ်ဝန်းကျင်က သဲတွေ၊ ကျောက်တုံးတွေကို ဖယ်ရှားကြသလို၊ တချို့ကလည်း သူတို့ရဲ့ အထူးဓမ္မမျက်လုံးတွေကို ဖွင့်ပြီးသက်‌ရောက်မခံရ‌အောင်လုပ်ကြတယ်။

‘‘တကယ်ပဲ ရင်ဆိုင်ရတာ မလွယ်ပါလား။’’

ချီမင်က ဆက်မတိုက်တော့ဘူး။ လွင့်နေတဲ့ သဲတွေ၊ ကျောက်စရစ်တွေ တဖြည်းဖြည်း ပျောက်ကွယ်စပြုနေတာကို သူရှင်းရှင်းလင်းလင်းအာရုံခံမိနေတယ်။ ‘‘အမျိုးမျိူးသောဂိုဏ်းကြီးတွေရဲ့လူငယ်မျိုးဆက်ထဲမှာ အမွေခံတပည့် တစ်ရာကျော်ရှိတယ်။ ဒါ့အပြင် သူတို့တစ်ယောက်ချင်းစီတိုင်းက ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအ‌ဆင့်တောင် ရောက်နေကြပြီ။ ကျင့်ကြံနည်းတွေပဲဖြစ်ဖြစ်၊ သိုင်းနည်းစနစ်တွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရတနာပစ္စည်းတွေပဲဖြစ်ဖြစ်၊ အားလုံးက ထိပ်တန်းအဆင့်တွေချည်းပဲ။’’

‘‘ငါကသူတို့ကို မကြောက်ပေမဲ့ ဒီနေရာမှာ သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်နေဖို့တော့ တကယ်မလိုဘူး။ ဒါ့အပြင် ဒီအမွေခံမျိုးဆက်တွေအပြင် ငါတို့ကို ပစ်မှတ်ထားနေတဲ့ ယင်းလုံကောင်းကင်ဂူရဲ့ ဒေသခံဌာနေနတ်ဆိုးတွေလည်း ရှိသေးတယ်။’’

‘‘ပုံရိပ်ယောင်။’’

‌ဒါကိုတွေးလိုက်ပြီး ချီမင်က အတွေးတစ်ချက်နဲ့ မွေးရာပါသန့်စင်တဲ့ မဟာတာအို ရွှေအမြုတေကို လည်ပတ်စေပြီး ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုကို အလျင်အမြန် အသုံးပြုလိုက်တယ်။

အဲ့ဒါကိုပုံရိပ်ယောင် လို့ခေါ်တယ်။

ဒီနည်းစနစ်သုံးပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အခြေအနေထဲကို ရောက်သွားတယ်။ ကိုယ်ပျောက်နိုင်တဲ့အစွမ်းကိုရသွားပြီးတိုက်ခိုက်မှုတော်တော်များများကိုအသုံးမဝင်အောင်လုပ်နိုင်တယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ချီမင်က အဲ့ဒီလောက်ထိ မလုပ်နိုင်သေးဘူး။ သူက ကိုယ်ပျောက်ရုံလောက်ပဲ လုပ်နိုင်တယ်။

‘‘လေငြိမ်ပုလဲ! လေကို ဖယ်ရှားလိုက်စမ်း!’’

ဒီအချိန်မှာ နွေဦးဆောင်းဦးဂိုဏ်းက အမွေခံတပည့်တစ်ယောက်က တိုက်ခိုက်လာတယ်။ သူက နွေဦးဂိုဏ်းရဲ့ နွေဦးတည်ထောင်ခန်းမက အကြီးဆုံးစီနီယာအစ်ကိုကြီး ချွန်ဖုန်းလိုင် ပဲ။ သူက ရုပ်ရည်ချောမောပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်တယ်။

ဒါက လေငြိမ်ပုလဲဖြစ်တယ်။

ပြီးတော့ သူက အဲ့ဒီထဲကို ဓမ္မစွမ်းအားတွေ ထည့်သွင်းလိုက်တယ်။

လေငြိမ်ပုလဲက တဖျပ်ဖျပ်လက်သွားပြီး အစိမ်းရောင်အလင်းတစ်ခု ပျံ့နှံ့ထွက်လာတယ်။ ပတ်ဝန်းကျင်က သဲတွေအားလုံးကို နှင်းတွေ အရည်ပျော်သွားသလို ပျောက်ကွယ်သွားစေတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပတ်ဝန်းကျင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

သဲမုန်တိုင်း လုံးဝမပျောက်ကွယ်ခင်မှာ ချီမင်က ကိုယ်ပျောက်အခြေအနေထဲကို ဝင်ရောက်သွားတယ်။ သူက လုံးဝပျောက်ကွယ်သွားပြီး ရှိနေတဲ့လူတိုင်းကို ရှောင်ရှားရင်းတိုက်ပွဲပွဲဧရိယာထဲကနေ ထွက်ခွာသွားတယ်။

‘‘ချီမင် ဘယ်မှာလဲ?’’

‘‘သူ ဘယ်မှာလဲ?’’

‘‘ဘယ်လိုဖြစ်နိုင်မှာလဲ? ချီမင် ပျောက်သွားပြီ။’’

‘‘သေစမ်းကွာ!’’

ကွင်းထဲမှာ ဂိုဏ်းကြီးတွေရဲ့ အမွေခံတပည့်တစ်ရာကျော်လောက်က ပတ်ပတ်လည် ကြည့်ရှုကြပေမဲ့ ချီမင်ရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။ သူတို့ အမျိုးမျိုးသော သိုင်းနည်းစနစ်တွေ၊ နည်းလမ်းတွေတောင် သုံးကြည့်သေးတယ်။

ပုံရိပ်ယောင်ဆိုတာက ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုဖြစ်တယ်။ သူက ကောင်းကင်နဲ့မြေကြီးနဲ့ တစ်သားတည်းဖြစ်နေပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ သူ့အရှိန်အဝါကို လုံးဝဖုံးကွယ်ထားတယ်။

ဒါကြောင့်…

ဒီဂိုဏ်းကြီးတွေက အမွေခံတပည့်တွေက တော်တော်အားကောင်းပြီး နည်းလမ်းတွေအများကြီးရှိပေမဲ့ ချီမင်ရဲ့ အရိပ်ယောင်ကို မဖော်ထုတ်နိုင်သလို သူ့ကိုလည်း ရှာမတွေ့နိုင်ကြဘူး။

‘‘ဖြည်းဖြည်းသာ ရှာကြပေတော့။’’

ချီမင်က တိုက်ပွဲဧရိယာထဲကနေ တဖြည်းဖြည်း ထွက်ခွာသွားတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်က အခြေခံအဆင့်ပဲ ရှိသေးတယ်။ ပုံရိပ်ယောင်က တော်တော်စွမ်းပေမဲ့ ချီမင်က ကိုယ်ပျောက်အခြေအနေမှာ သာမန်လူလိုပဲ လမ်းလျှောက်နိုင်ပြီး သူ့ရဲ့ဓမ္မစွမ်းအားတွေကို သုံးလို့မရသေးဘူး။

‘‘ငါတော့ မင်းတို့နဲ့ အဖော်မလုပ်တော့ဘူး။’’ ချီမင်က ပြုံးလိုက်တယ်။ ‘‘ဘိုင်ဘိုင်။’’

‘‘တော်တော်လေး နက်နဲတဲ့ နည်းစနစ်ပဲ။’’

သိပ်မဝေးတဲ့နေရာမှာသဲကန္တာရနဂါးရဲ့မျက်နှာက အေးခဲသွားတယ်။ သူကကောင်းကင်ဂူရဲ့ ဝိညာဉ်၊ ယင်းလုံကောင်းကင်ဂူရဲ့ တာအိုရဲ့သဏ္ဍာန်တစ်ခုဖြစ်တယ်။ ချီမင်ရဲ့ပုံရိပ်ယောင်ကိုသူ့ကလွဲပြီး ရှိနေတဲ့လူတိုင်းဆီကနေ ဖုံးကွယ်ထားနိုင်တယ်။

သူက ကောင်းကင်ဂူရဲ့ဝိညာဉ်ဖြစ်နေတော့ ကောင်းကင်ဂူထဲက လေဟာနယ်နဲ့ တာအိုရဲ့ ပြောင်းလဲမှုတွေကို အာရုံခံနိုင်တယ်။ ဒါကြောင့် သဲကန္တာရနဂါးက ချီမင်ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့နိုင်တာဖြစ်တယ်။

‘‘မင်းကို ဒီအတိုင်း လွှတ်ပေးလို့ ဖြစ်မလား!’’

သဲကန္တာရနဂါးကအသက်ပြင်းပြင်းရှူလိုက်ပြီး အတွေးတစ်ချက်နဲ့ နတ်ဆိုးနန်းတော်နဲ့ လေးပင်လယ်နဂါးနန်းတော်က ဂျူနီယာတွေဆီကို အသံလှိုင်းနဲ့ သတင်းပို့လိုက်တယ်။ သူက ချီမင်ရဲ့ တည်နေရာကို တိုက်ရိုက် အသိပေးလိုက်တယ်။

‘‘သေစမ်း!’’

ဘုန်း!

နတ်ဆိုးနန်းတော်က မင်းသားတစ်ပါးက ချီမင်နဲ့ အနီးဆုံးမှာ ရှိနေတယ်။ သတင်းကြားပြီးတဲ့နောက်မှာ သူက လုံးဝ တုံ့ဆိုင်းမနေဘူး။ သူ့ရဲ့နတ်ဆိုးစွမ်းအင်ကို ထုတ်လွှတ်ပြီး ဒေါသတကြီးအော်ဟစ်ကာ အဲ့ဒီနေရာကနေ ပျောက်ကွယ်သွားတယ်။

နောက်တစ်ခဏမှာပဲ သူက ချီမင်ရဲ့ရှေ့ကို ရောက်နေပြီ။

‘‘ဝိညာဉ်ချုပ်ငြိမ်းလှံတံ။’’

တုန်!

နတ်ဆိုးနန်းတော်က မင်းသားက သူ့ညာလက်ကိုဆုပ်လိုက်တော့ မည်းနက်နေတဲ့ လှံတစ်စင်း သူ့လက်ထဲမှာ ပေါ်လာတယ်။ လှံရဲ့အောက်မှာ မည်းနက်နေတဲ့ မြူခိုးတွေ ရှိနေတယ်။

အဲ့ဒီထဲမှာဆိုးသွမ်းယုတ်မာတဲ့စွမ်းအားတွေပါဝင်နေတယ်။

ဝိညာဉ်တွေကို ချေမှုန်းဖျက်ဆီးပစ်နိုင်တယ်။

ရှပ်!

ဝိညာဉ်ချုပ်ငြိမ်းလှံတံကချီမင်ကိုထိုးစိုက်သွားတယ်။

!!! ချီမင်ရဲ့ မျက်ခုံးတွေတွန့်ချိုးသွားတယ်။

ချွင်!

ဓားလက်ကိုင်ရိုးပုံစံရှိတဲ့ ဓားတောင်က လေကိုခွင်းပြီး ထွက်လာတယ်။ အလင်းတွေတဖျပ်ဖျပ်လက်ပြီး ဓားချီတွေထွက်ပေါ်လာကာနတ်ဆိုးနန်းတော်မင်းသားရဲ့ ဝိညာဉ်ချုပ်ငြိမ်းလှံတံကို တားဆီးလိုက်တယ်။

‘‘မင်း!’’

ချီမင် အံ့ဩသွားတယ်။ သူ ဒီလို ဖော်ထုတ်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူကတစ်ဖက်လူကို တည့်တည့်ကြည့်ပြီး လေးနက်တဲ့အသံနဲ့ မေးလိုက်တယ်၊ ‘‘မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ?’’

‘‘သေစမ်း!’’

ဘုန်း! ဘုန်း! ဘုန်း!!!

တစ်ခဏအတွင်းမှာပဲနတ်ဆိုးနန်းတော်မင်းသားကချီမင်ကိုလွှမ်းခြုံသွားတဲ့ တိုက်ကွက်တွေနဲ့ တိုက်ခိုက်လိုက်တယ်။ ချီမင်ရဲ့ တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားတယ်။ သူ အလျင်အမြန် နောက်ဆုတ်ပြီး တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းလိုက်တယ်။

ဒိုင်း ဒိုင်း ဒိုင်း!!!

မြေကြီးထဲမှာ ကြီးမားတဲ့ ချိုင့်ကြီးတွေ ဖြစ်သွားတယ်။

‘‘ချီမင် ဒီမှာ။’’

‘‘သူ့ကို တားကြ။’’

‘‘သူ့ကို ထွက်ပြေးခွင့် မပေးနိုင်ဘူး။’’

‘‘ချီမင်!’’

‘‘ယင်းလုံဘုရားကျောင်းထဲက ရတနာတွေကို ချက်ချင်း ထုတ်ပေး။’’

‘‘မြန်မြန် ထုတ်ပေးစမ်း။’’

…

ရှပ်! ရှပ်! ရှပ်!!!

ချက်ချင်းပဲ ဂိုဏ်းကြီးအသီးသီးက အမွေခံမျိုးဆက် တစ်ရာကျော်က အပြေးအလွှား ရောက်လာကြတယ်။ သူတို့က သူတို့ရဲ့ဓမ္မစွမ်းအားတွေကိုလည်ပတ်စေပြီး ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ရဲ့အရှိန်အဝါနဲ့ ဖိအားတွေကိုထုတ်လွှတ်ကာချီမင်ကိုအလယ်မှာ ပိတ်မိစေလိုက်တယ်။

ဒီအချိန်မှာချီမင်ကလူတိုင်းရဲ့ပစ်မှတ်ဖြစ်သွားပြီ။

အခြေအနေက အန္တရာယ်များလာပြီ။

‘‘အမိတ္တဘ။’’

ဗုဒ္ဓတစ်သောင်းဂိုဏ်းကဗုဒ္ဓသားတော်တစ်ပါးက ရွတ်ဆိုလိုက်တယ်။ သူက ဝဝဖြိုးဖြိုးနဲ့ မျက်နှာမှာကြင်နာတဲ့အပြုံးကိုဗုဒ္ဓတစ်ပါးလို ဆောင်ထားတယ်။

‘‘ဒကာကြီးချီမင်။’’

ဗုဒ္ဓတစ်ဆူလိုဖြစ်နေတဲ့ဗုဒ္ဓသားတော်ကလက်အုပ်ချီပြီးပြောလိုက်တယ်၊ ‘‘ဒကာကြီးချီမင်မင်းမှာ ထွက်ပြေးစရာနေရာမရှိတော့ပါဘူး။ယင်းလုံဘုရားကျောင်းထဲက ရတနာတွေကိုထုတ်မပေးချင်ဘူးလား။အဲ့ဒီလိုဆိုရင်ကိုယ်တော်တို့ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ရတာပေါ့။’’

‘‘မဟုတ်ကဟုတ်ကတွေ။’’လုချူးရန်ထင်ကလေသံတိုးတိုးနဲ့ကြိမ်ဆဲလိုက်တယ်။‘‘ဘာမှ ဆွေးနွေးစရာမရှိဘူး။ ချီမင်က တကယ်ပဲ အရမ်းသန်မာတယ်၊ ဒါပေမဲ့ ငါတို့ တိုက်ရိုက်တိုက်ခိုက်ပြီး သူ့ကို သတ်ပစ်မယ်။ ပြီးတော့ ယင်းလုံဘုရားကျောင်းက ရတနာတွေကို သူ့အလောင်းကနေ ယူမယ်။’’

‘‘ဟုတ်တယ်။’’အိုးချင်းရဲ့ အကြည့်က အေးစက်နေတယ်။

‘‘ဟီဟီ။’’ ချွန်ဖုန်းလိုင်က ပြုံးလိုက်တယ်။

ပတ်ဝန်းကျင်မှာတော့ တခြားဂိုဏ်းတွေက အမွေခံမျိုးဆက်တွေက ဘာမှမပြောကြဘူး။

ချီမင်ရဲ့ လက်ရှိအခြေအနေက တကယ်ပဲ အရမ်းအန္တရာယ်များနေပြီ။

‘‘ဗုဒ္ဓတစ်သောင်းဂိုဏ်း။’’

ချီမင်က ဗုဒ္ဓသားတော်ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့အပြင် တခြား ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ရောက်နေတဲ့ ဆယ်ယောက်လောက် ရှိသေးတယ်။

သူ ယဲ့တျန်းကို မတွေ့ဘူး။

‘‘ယဲ့တျန်း မလာဘူးလား?’’ ချီမင်က ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။

‘‘ဘာ?’’

ဗုဒ္ဓတစ်သောင်းဂိုဏ်းက ဗုဒ္ဓသားတော်တစ်ချို့ အချင်းချင်း ကြည့်လိုက်ကြတယ်။

ပြီးတော့ အသားဖြူဖြူ၊ မျက်လုံးကျဥ်းကျဥ်းနဲ့ အရပ်ရှည်ရှည် ဗုဒ္ဓသားတော်တစ်ပါး လျှောက်လာပြီး ပြောတယ်၊ ‘‘ဒကာကြီး ချီမင်၊ ဂျူနီယာညီလေး ယဲ့တျန်းကို သိပါသလား?’’

‘‘အင်း။’’ ချီမင်က ခေါင်းညိတ်လိုက်တယ်။

‘‘ဒကာကြီး ချီမင်။’’ အသားဖြူတဲ့ ဗုဒ္ဓသားတော်က ဆက်ပြောတယ်၊ ‘‘ဒါဆိုရင်တော့ ဂျူနီယာညီလေး ယဲ့တျန်းရဲ့မျက်နှာကို ထောက်ထားပြီး ဒကာကြီး ယင်းလုံဘုရားကျောင်းက ရခဲ့တဲ့ ရတနာကိုပဲ ထုတ်ပေးပါ။ ကျွန်ုပ်တို့ ဗုဒ္ဓတစ်သောင်းဂိုဏ်းက ဒကာကြီးကို အခက်မတွေ့စေရပါဘူး။’’

‘‘ဟားဟားဟား…’’

ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှိနေတဲ့လူအားလုံးကို ဝေ့ကြည့်လိုက်တယ်။ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖိုကို ထုတ်ယူပြီး လက်ထဲမှာ ကိုင်ထားလိုက်တယ်။ သူက အော်ဟစ်လိုက်တယ်၊ ‘‘ဒါကငါယင်းလုံဘုရားကျောင်းထဲကနေရခဲ့တဲ့ ရှေးခေတ်ရတနာပဲ။’’

‘‘ဒါက အဲ့ဒီထဲက တစ်ခုပဲ ရှိသေးတယ်။’’

‘‘ဒီပစ္စည်းကို အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖို လို့ခေါ်တယ်။’’

‘‘ဒါက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံရဲ့ ကိုယ်ပိုင်ရတနာပဲ။ ကံမကောင်းစွာနဲ့ပဲ နတ်ဆိုးဧကရာဇ် သေဆုံးပြီးတဲ့နောက်မှာ ဒီရတနာရဲ့ စစ်မှန်ဝိညာဉ်ကပျောက်ကွယ်သွားပြီးသူ့ရဲ့ဝိညာဉ်စွမ်းတွေလည်း လွင့်ပြယ်သွားတယ်။’’

‘‘ဒါပေမဲ့…’’

‘‘ဒါက ရှားပါးရတနာတစ်ခု ဖြစ်နေတုန်းပဲ။’’

‘‘အခုတော့…’’

ချီမင်က ခမ်းနားကြီးကျယ်တဲ့အရှိန်အဝါနဲ့အပေါ်စီးကနေကြည့်လိုက်တယ်။ မဟာတာအိုရဲ့စစ်မှန်တဲ့အနှစ်သာရက သူ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေတယ်။ ရှိနေတဲ့ ဗလာနယ်စွန့်ခွာခြင်းအဆင့် အစောပိုင်း အမွေခံတပည့် တစ်ရာကျော်ကို ရင်ဆိုင်နေရပေမဲ့ သူ့မှာ ကြောက်ရွံ့စိတ် အနည်းငယ်တောင် မရှိဘူး။ သူက လူတိုင်းကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်၊ ‘‘ဒီရတနာက ငါ့လက်ထဲမှာ ရှိနေတယ်။’’

‘‘မင်းတို့ထဲက ဘယ်သူမဆို အရည်အချင်းရှိရင် လာပြီး စမ်းကြည့်ကြစမ်း။’’

‘‘မင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ဒီရတနာကို ငါ့ဆီကနေ လုယူနိုင်သရွေ့ အဲ့ဒီလူ ပိုင်ဆိုင်စေရမယ်။’’

‘‘အရည်အချင်း ရှိသရွေ့ပေါ့!’’

‘‘လာကြ!’’

ချက်ချင်းပဲ တိတ်ဆိတ်သွားတယ်။

လူတိုင်း ငြိမ်သက်သွားကြတယ်။

ရှိနေတဲ့ ဂိုဏ်းပေါင်းစုံက အမွေခံမျိုးဆက်တွေက ချီမင် ဒီလောက်တောင် မောက်မာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြဘူး။ သူက ဗလာနယ်စွန့်ခွာခြင်းအဆင့် ဂျူနီယာမျိုးဆက်တပည့်တစ်ရာကျော်ရဲ့ရှေ့မှာ ဒီလောက် မောက်မာရိုင်းစိုင်းစွာ ပြောရဲတယ်ဆိုတာ မယုံနိုင်စရာပဲ။

အရမ်း မောက်မာလွန်းတယ်။

သူ တော်တော် မောက်မာလွန်းနေပြီ။

‘‘မင်း သေလမ်းရှာနေတာပဲ!’’

ဘုန်း!

နတ်ဆိုးအင်မော်တယ်ဂိုဏ်းရဲ့ အမွေခံတပည့် လီချန်ရှင်းက တိုက်ခိုက်လာတယ်။ သူ့လက်တွေကို ဝှေ့ယမ်းလိုက်တော့ နတ်ဆိုးတိမ်တိုက်တွေက ကောင်းကင်ကို တိုးထွက်သွားပြီး ဧရာမနတ်ဆိုးဓားကြီးအဖြစ် ပြောင်းလဲကာ ချီမင်ကို ခုတ်ချလိုက်တယ်။

‘‘မင်း သေချင်နေတာလား? အရမ်းကောင်းတယ်၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။’’

ဝေါင်း!

နတ်ဘုရားစိတ်ဝိညာဉ်ခံတပ်ရဲ့ နတ်ဘုရားသားတော် ဘိုင်ဝူကျီက အေးစက်စွာ နှာမှုတ်လိုက်တယ်။ မြင့်မြတ်တဲ့အလင်းတန်းတစ်ခုလက်သွားပြီးသူက မြင့်မြတ်မီးလျှံကမ္ဘာဖျက်ခြင်းဆိုတဲ့အံ့ဖွယ်နည်းစနစ်ကို ထုတ်ဖော်လိုက်တယ်။ ကြီးမားတဲ့အံ့ဖွယ်စွမ်းအင်ကရွှေဖြူရောင်မီးလျှံအဖြစ်ပြောင်းလဲသွားပြီးချီမင်ကိုမီးပင်လယ်ကြီးတစ်ခုလို ဝါးမြိုသွားတယ်။

All Chapters