← Chapters

အခန်း ၁၈၃၁

Vol. 123 Ch. 1831

အခန်း ၁၈၃၁

Vol. 123 Ch. 1831

အပိုင်း (၁၈၃၁)

ကျွင်းချောင်ရှောင်းက ဝင်ကာ ဖြတ်ပြောလိုက်၏။

ထို့ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက် တိုက်ခိုက်လိုက်၏။ ဖြစ်စဉ်တစ်ခုလုံးသည် အချိန်တိုအတွင်း၌ ဖြစ်တည်ခဲ့ခြင်းဖြစ်၏။ ကျွင်းချောင်ရှောင်းအနေနှင့် ရှောင်ရှားရန် အချိန်ပင် မရခဲ့ချေ။

“ပြီးသွားပြီ”

ဤအရာသည် ကုန်းရှန့်၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည့် ပထမဦးဆုံးအတွေးသာဖြစ်သည်။ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီးသည့်နောက် သူသည် များပြားလွန်းလှသော မုန်တိုင်းနှင့်လှိုင်းများကို ရင်ဆိုင်ခဲ့ရ၏။ သို့ပေမဲ့ သေခြင်းတရားနှင့် အနီးစပ်ဆုံးသော အခြေအနေသို့ ရောက်ရှိခဲ့ခြင်းမှာ ဤတစ်ကြိမ် သာလျှင် ရှိ၏။

သူ၏ အဓိကတာဝန်သည် မပြည့်စုံသေးချေ။ ထို့အတူ သူ၏ သားအတွက် ကောင်းမွန်လှသည့် အခြေခံ တစ်ခုကိုလည်း မတည်ဆောက်နိုင်သေးချေ။

ဤကဲ့သို့ သေဆုံးရတော့မည်လား။ တခြားသော နောင်တရစရာနှင့် ပြုလုပ်စရာများ ကျန်ရှိနေသေး၏။ ထို့အပြင် အသက်ရှင်သန်နိုင်ရန် စိတ်ဆန္ဒကလည်း တည်ရှိလို့ နေသေး၏။

သို့ပေမဲ့ အမှောင်စွမ်းအင်များသည် တည်နေရာကို ဖြိုခွင်းပြီး သူ့ကို တိုက်ခိုက်ရန် ရောက်ရှိလာသည့်အချိန် မှာတော့ ကျွင်းချောင်ရှောင်းသည် မသိစိတ်က အော်ဟစ်လိုက်မိသည်။ “အစ်ကိုမျောက်ကြီး .... ကျုပ်ကို ကယ်ပါအုံး”

ဘုန်း

ရုတ်တရက် တောင်ထွတ်တစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် မွန်းစတား စွမ်းအင်များ ဖြစ်တည်လာပြီး တောင်ကြီးတစ်ခုလုံးပြိုလဲကာ မြေပြင်တစ်ခုလုံး ချိုင့်ဝင်သွား၏။ ကြီးမားသည့် တွင်းကြီးတစ်ခုသည် ဖြစ်တည်လာ၏။

“ဂိုဏ်းချုပ်ကျွင်း”

ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသော အထက်ပိုင်းအကြီးအကဲများသည် သံပြိုင် အော်ဟစ်လိုက်ကြသည်။

၎င်းတို့သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များကို ခံစားမိကြ၏။ နှလုံးသားထဲတွင် ဝမ်းနည်းမှုများ ဖြစ်တည်လာခဲ့သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကြောက်မက်ဖွယ်ရာကောင်းလွန်း လှချေ၏။

“.............”

ကုထျန်းရှင်းသည် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ကျွင်းချောင်ရှောင်းသည် သူ့ဆီက ပစ္စည်းပေါင်းများစွာကို ခိုးယူခဲ့သော လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ကုန်းဝ၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၏။ ထို့အပြင် လူကောင်းတစ်ယောက်လည်းဖြစ်သည်။

သူ၏ ရှေ့တွင် သူ၏ တူကဲ့သို့ သဘောထားရသောလူတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်ရချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်လျက်ရှိ၏။

“တောင်းပန်ပါတယ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ကျုပ်ရဲ့စွမ်းအင်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးလေ။ ခင်ဗျားတို့လောကကြီးရဲ့ တည်နေရာ လေဟာနယ်စနစ်ကို ဖျက်ဆီးခဲ့မိပြီ”

သူသည် လေးလေးနက်နက် တောင်းပန်ခြင်းမဟုတ်ရုံသာမက သူ၏ အားအင်အဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမျိုးတွင် တည်ရှိနေကြောင်း ဝံ့ကြွားကာ ပြောဆိုနေခြင်းပင်ဖြစ်၏။

ကုထျန်းရှင်းသည်သာ ပူးပေါင်းမှုကို မပြုလုပ်ပါက ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကဲ့သို့ပင် အဆုံးသတ်လိမ့်မည်ဟု တစ်ဖက်လှည့်နှင့် ခြိမ်းခြောက်ခြင်းပင်။

“ခင်ဗျားလွန်သွားပြီ” ကုထျန်းရှင်းသည် သူ၏ဒေါသတရားများကို မည်သို့မှ မထိန်းသိမ်းနိုင်ခဲ့တော့ချေ။

“ဒီတစ်ကြိမ်မှာတော့ ကျုပ်က တိုက်ခိုက်ဖို့ လာခဲ့တာပဲ။ ဒီတော့ ခေါင်းဆောင်ကုကို စဉ်းစားတွေးတောဖို့အတွက် တစ်လတိတိ အချိန်ပေးမယ်။ တစ်လပြည့်ရင်တော့ ခင်ဗျားနဲ့ ကောင်းကင်ဖြတ်သန်းခြင်းလောက က သတ္တဝါတွေ အကုန်လုံး ကျုပ်ကို စိတ်ကျေနပ်စရာ အဖြေတစ်ခုပေးမယ်လို့ မျှော်လင့်မိတယ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အားအင်အဆင့်အရဆိုလျှင် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီး တစ်ခုလုံးကို လွယ်လွယ်ကူကူဖြင့် ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ သူသည် အကြင်နာဆုံးသောနည်းလမ်းဖြင့် ရွေးချယ်ခွင့်ကို ပေးအပ်ခဲ့၏။ ထို့အပြင် သူ၏ရည်ရွယ်ချက်သည် အထက်စကြဝဠာတစ်ခုလုံးကို အုပ်စိုးနိုင်ရန်ပင် ဖြစ်၏။ သွေးချောင်းစီးစေသည့် နည်းလမ်းများဖြင့် ဖိနှိပ်မည်ဆိုပါက တစ်ဖက်လူများ အားလုံးသည် ရွှမ်ယွမ် နယ်မြေကြီးကဲ့သို့ပင် ပျောက်ဆုံးပျက်စီးသွားမှာဖြစ်သည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စကားပြောဆို ပြီးပြီးခြင်းမှာပဲ လှည့်ကာပြန်ရန် ပြင်လိုက်၏။

“ပြောပြီး ထွက်သွားတော့မှာလား”

ရုတ်တရက် အေးစက်စက် အသံတစ်ခုသည် အမဲရောင်တွင်းနက်ကြီးဆီမှ ထွက်ပေါ်လာသည်။ ဤစကားလုံးတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။

စကားလုံးတစ်ခုနှင့်ပင် အားကြီးလွန်းလှသော အခြေအနေတစ်ခုကို ထုတ်ဖော်နေသည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ရပ်တန့်ကာဖြင့် အံ့အားတသင့် လှမ်းကြည့်လိုက်၏။ ကြည့်ရသည်မှာ ဤကဲ့သို့ အသံမျိုး ကြားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပုံပင်။

ကုထျန်းရှင်း၊ ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်းနှင့် တခြားသောသူများ အားလုံးသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်၏။ သူတို့က တွေးလိုက်မိသည်။ သူ မသေ သေးဘူးလား။

မှန်ပေ၏။ ကျွင်းချောင်ရှောင်းသည် မသေသေးချေ။ သူသည် ဦးခေါင်းကို မော့ကာဖြင့် အမဲရောင်တွင်းကြီးထဲမှ တစ်လှမ်းချင်းစီ လျှောက်ထွက်လာ၏။ တောက်ပနေသည့် အဝါရောင်ကျားအရေခွံ အင်္ကျီကို ဝတ်ဆင်ထားပြီး အမဲရောင်ဆံနွယ်များသည် အနောက်ဘက်သို့ စင်းကျနေ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သတိအပြည့်နှင့်ဖြစ်သွား၏။ တစ်ဖက်လူသည် ဆိုးဆိုးရွားရွား ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်နေသည့်ပုံပေါ်သော်လည်း ထုတ်ဖော်နေသည့် အော်ရာများမှာတော့ အရမ်းထူးဆန်း လွန်းနေ၏။ မတူညီသည့်လူသားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပုံပင်။

ရွှီး

မိုးကောင်းကင်နတ်ဆိုအင်ပါယာသည် လက်ကို အသာမြှောက်လိုက်၏။ အမဲရောင်စွမ်းအင်များသည် စကြဝဠာ အတွင်းပိုင်းဆီမှ ရောက်ရှိလာပြီး သူ၏လက်တွင် စုဝေးသည်။ “ကျုပ် လက်စပြင်းသွားလို့လား”

ဝှစ်

အားကောင်းလွန်းလှသော အမဲရောင်စွမ်းအင်များသည် ပေါက်ကွဲထွက်သွားသည်။ ထိုတိုက်ခိုက်ချက်တွင် ပါဝင်သည့် စွမ်းအင်များသည် ပထမတစ်ကြိမ်ကထက် ပိုမိုကာ အားကောင်း၏။ အပြီးသတ် သတ်ဖြတ်ချင်ကြောင်း သိသာလှ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကျွင်းချောင်ရှောင်းကြောင့် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ရောက်ရှိလာခြင်း မဟုတ်ပေ။ သူ၏ မျက်လုံးထဲတွင် ဤလူနှင့် ပြိုင်စံရှားဂိုဏ်းဆိုသည်မှာ စဉ်းစားတွေးတောရန် ပင် ထိုက်တန်လှသည် မဟုတ်ပေ။

စကြဝဠာနတ်တိုက်ပွဲ စတင်သည်ဆိုသည်နှင့် သူ၏မွေးစားသား ရှစ်ဆယ်ကျော်တို့သည် တစ်ဖက်လူများအား လုံလောက်အောင် ရင်ဆိုင်တိုက်ခိုက်ကြပေလိမ့်မည်။

သို့ပေမဲ့ ယခု ကံကြမ္မာရေစက်ကြောင့် တွေ့ဆုံရသည်ဆိုမှတော့ ဤလူကို တစ်ခါတည်း သုတ်သင်ပစ်ရပေတော့ မည်။

ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော အရေးအကြောင်းအခြေအနေမျိုးတွင် သူ၏ ဒုတိယမြောက် ဝှက်ဖဲကို အသက်မသွင်းခဲ့သည်ဆိုပါက အစောကြီးကတည်းက သေဆုံးနှင့်နေမှာ သေချာသည်။

သူ၏ ဒုတိယမြောက် ဝှက်ဖဲ ဆိုသည်မှာ ဘာဖြစ်သနည်း။ တစ်စုံတစ်ယောက်ကို သူ့အတွက် တိုက်ခိုက်စေခြင်းပင်။ ကြီးမားသည့် တိုက်ခိုက်ချက်ကြီးကျဆင်းလာကြောင်း ခံစားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သွင်ပြင်မှာ မပြောင်းလဲသွားခဲ့ချေ။ သို့ပေမဲ့ ဝိညာဉ်မှာတော့ ပြောင်းလဲသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို လက်ရှိထိန်းချုပ်နေသူသည် မျောက်ဘုရင်ကြီးပင် ဖြစ်၏။

ဤမျောက်ဘုရင်ကြီးသည် ၎င်း၏ မူရင်းဝတ်စုံဖြစ်သော ကျားဝါစင်းကြား ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းကင်လျှို့ဝှက် နယ်မြေထဲတွင်ရှိသော SSS အဆင့် သူရဲကောင်းဝိညာဉ်ပင် ဖြစ်လေသည်။

နာမည်အပြည့်အစုံသည် စွန်းဝူခုံး ဖြစ်ပြီး ကောင်းကင်ဘုံသို့ပင်တက်ကာ မွှေနောက်သောင်းကျန်းခဲ့သည့် မျောက်တစ်ကောင်လည်း ဖြစ်၏။

ကျွင်းချောင်ရှောင်း သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အရာအားလုံး ဤကဲ့သို့ ဖြစ်ပျက်ခဲ့၏။ သူသည် စိုးရွံ့စွာနှင့် စိတ်ထဲမှ မျောက်ဘုရင်ကြီးကို တမ်းတလိုက်သည်နှင့်တပြိုင်နက် မျောက်ဘုရင်ကြီးသည် အလင်းတန်း တစ်ခုအသွင်ပြောင်းလဲကာ လျှို့ဝှက်နယ်မြေထဲမှတဆင့် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ဤတစ်ကြိမ် ရောက်ရှိလာခဲ့သည့်သူမှာ ဤကဲ့သို့သောအခြေအနေမျိုးတွင် လာရောက်ကာ ကယ်တင်သည့် စွန်းဝူခုံးဝတ်စုံမှ မျောက်မင်းစွန်းဝူခုံး မဟုတ်ဘဲ ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် ဆန်းကြယ်လှ သည့် SSS အဆင့် သူရဲကောင်းဝိညာဉ်ပင် ဖြစ်လေ၏။

ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် သူရဲကောင်းဝိညာဉ်သည် အဘယ့်ကြောင့် အပြင်ဘက်သို့ ထွက်လာရသနည်း။

မသိနိုင်ချေ။

ဝှစ်

အမဲရောင်စွမ်းအင်များ ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီး တစ်ခုလုံးသည် အလွန်ကြမ်းတမ်းစွာဖြင့် ပြိုလဲကုန်၏။

ကျွင်းဝူခုန်းသည် ဦးခေါင်းကို ငုံ့ကာ မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်၌ ကြမ်းတမ်းလှသည့် အော်ရာများ စုဝေးလျက်ရှိသည်။ သူသည် တစ်ယောက်တည်း ရေရွတ်လျက်ရှိသည်။ “ငါ့ရဲ့ ဖီးနစ်အတောင်ပံ သရဖူနဲ့ ရွှေချပ်ဝတ် ဘယ်ရောက်သွားလဲ။ ငါ့ရဲ့ဖိနပ်ကော ....”

ကျွင်းချောင်ရှောင်း၏ ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသေး၏။ သို့ပေမဲ့ သူသည် ခပ်မဆိတ်သာ ငြိမ်ငြိမ်သက်သက် နေထိုင်ရန် ရွေးချယ်လိုက်မိ၏။ “ငလူးမ စနစ် ခိုးခဲ့တာပဲ”

“ထားလိုက်တော့”

မျောက်ဘုရင်ကြီးသည် ရုတ်တရက် ဦးခေါင်းကို မော့လိုက်၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံပြီးသည့်နောက် သူ့ဆီသို့ လာရောက်ကာ စုဝေး၏။ ချက်ချင်းပဲ သူသည် လက်ဖြင့် နားထဲရှိ တစ်စုံတစ်ခုကိုဆွဲယူလိုက်သည်။

ရွှေရောင်တုတ်တစ်ချောင်း ထွက်ပေါ်လာ၏။

ဝှစ် ဝှစ်

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါပြီး နေနှင့်လပင် အလင်းရောင် ပျောက်ကွယ်ကုန်သည်။

ဘုန်း

ဝေါ့ ဝေါ့

ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသောလူများသည် ရုတ်တရက် ကြမ်းတမ်းလှသော အော်ရာများ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့သည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ သွေးများ အန်ထွက်လာခဲ့ကြ၏။ အားလုံးသောသူတို့သည် နောက်သို့ ခြေဆယ်လှမ်းလောက် ဆုတ်ခွာခဲ့ကြပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့၏။

ကုထျန်းရှင်းသည် တည်နေရာတွင် မတ်မတ်ရပ်နိုင်သေး၏။ သို့ပေမဲ့ သူ၏မျက်နှာသည် ပျက်ယွင်းလို့နေသည်။

ကောင်းကင်၏ အထက်မှာတော့ ကြီးမားလွန်းလှသော အက်ကွဲကြောင်းကြီးတစ်ခုက ပေါ်ပေါက်နေ၏။ ကောင်းကင်ယံတစ်ခုလုံးအား လွှမ်းမိုးလျက်ရှိနေသည့် နတ်ဆိုးချီများသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားပြီဖြစ်၏။

ကုထျန်းရှင်းနှင့် တခြားသောသူများသည် တည်ငြိမ်လျက်ရှိနေသေးသည်ဆိုသော်လည်း မျက်လုံးထဲတွင် ရှိသော ကြောက်လန့်ခြင်း အရိပ်အယောင်များမှာတော့ ပိုမိုကာ ပြင်းထန်လာသည်။ ဂိုဏ်းချုပ်ကျွင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်း၏လက်ထဲတွင်ရှိနေသည့် ရွှေရောင်အလင်းတန်းကြီးသည် နတ်ဆိုးအင်ပါယာ၏ နဖူးစပ်ဆီသို့ ရောက်ရှိသွားသည်။

အလင်းတန်းများ လျော့ကျသွားသည့်အချိန်တွင် နတ်ဆိုးအင်ပါယာ၏ နဖူးပေါ်၌ အရိပ်ကြီးတစ်ခုက ပေါ်ပေါက်လာ၏။ ထိုအရာသည် တုတ်တစ်ချောင်းသာလျှင် ဖြစ်၏။

ရွှေရောင်အနားကွပ်နှစ်ခု ထိပ်တစ်ဖက်တစ်ချက်တွင် ရှိနေသည့် အမဲရောင်တုတ်ကြီးတစ်ချောင်းပင်။ နဂါးနှင့် ဖီးနစ်တို့၏ ပုံပန်းသွင်ပြင်များသည် တုတ်ပေါ်၌ ရေးသားထားသည်။

နဖူးစပ်ဆီသို့ ကျဆင်းလာသည့် တုတ်ကြီးကို ကြည့်ရှုပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တွေဝေငေးငိုင်စွာဖြင့် ရပ်လျက်ရှိသည်။ သူသည် အေးစက်လွန်းသည့်အော်ရာများကို ခံစားမိပြီးသည့်နောက် မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်လာ၏။

“မင်း ငရဲပြည်ကို သွားတော့”

ကျွင်းဝူခုန်းသည် လက်နက်ကြီးနှင့် ရိုက်ချလိုက်၏။ တုတ်ကြီးသည် တည်နေရာထဲတွင် ရှိနေသော စွမ်းအင်လှိုင်းများ စုစည်းပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နဖူးစပ်ဆီသို့ ကျဆင်းလာသည်။

ဘန်း

ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နဖူးတစ်ခုလုံးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ တော့၏။ သို့ပေမဲ့ မည်သည့် အသွေး၊ အသား၊ အရိုးမှ မကျန်ခဲ့ချေ။ ကောင်းကင်ယံတွင် အမဲရောင်ဓာတ်သဘာဝများ အဖြစ် အသွင်ပြောင်းပြီး ပျောက်ကွယ်သွားခဲ့၏။

“ကောင်လေး... ငါ မင်းကို မှတ်ထားမယ်”

ခက်ထန်လှသည့် အသံကျယ်ကြီးသည် ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားသည်။ ပြီးနောက် တဖြည်းဖြည်းနှင့် အားပျော့ကာ ပျောက်ကွယ်သွားလေသည်။

...........

ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ရောက်ရှိလာခဲ့သည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အစစ်အမှန် ခန္ဓာကိုယ်နှင့်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း ကုထျန်းရှင်းနှင့် တခြားသူများက နားလည်လိုက်မိကြ၏။

ဘုတ်

ရုတ်တရက် တစ်စုံတစ်ခု ကျဆင်းသွားသည့်အသံ ကြားလိုက်ရသည်။ အလွန်ဆန်းကြယ်ပြီး သာမန်ထက်ပိုလှသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ရှိနေသောကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်မှာတော့ ရွံ့ကဲ့သို့ မြေပေါ်တွင် လဲကျလျက်ရှိသည်။

၎င်း၏ မျက်လုံးများသည် ချာချာလည်လျက်ရှိပြီး နှုတ်ခမ်းထောင့်ဆီမှ အဖြူရောင်အမြှုပ်များပင် ထွက်ပေါ်လျက် ရှိသည်။ လက်များသည် လိမ်ကောက်ကာဖြင့် တဆတ်ဆတ် တုန်ယင်နေ၏။

ပိုမိုကြမ်းတမ်းအားကောင်းလွန်းသည့် စွမ်းအင်များကို ဆက်ခံမည်ဆိုလျှင် ပိုမိုကြမ်းတမ်းလွန်းသည့် ဘေးထွက်ဆိုးကျိုးကို ခံစားရမှာ သဘာဝပင်။

All Chapters