← Chapters

အခန်း ၁၈၃၂

Vol. 123 Ch. 1832

အခန်း ၁၈၃၂

Vol. 123 Ch. 1832

အပိုင်း (၁၈၃၂)

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရှုံးနိမ့်ခဲ့သည်။ သူသည် ဤကဲ့သို့ပင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး တစ်ချက်ကလေး မှပင် ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ချေ။ သို့ပေမဲ့ အခြေအနေကို ကြည့်ရှုရသည်မှာ သူ၏မူလခန္ဓာကိုယ် သေဆုံသွားခဲ့ သည်မဟုတ်ဘဲ ကိုယ်ပွားတစ်ခု သေဆုံးပျောက်ကွယ်သွားခဲ့ခြင်းသာလျှင်။

သို့ပေမဲ့ ကုထျန်းရှင်းနှင့် တခြားသောသူများသည် ပိုမိုကာ တုန်လှုပ်လျက်ရှိ၏။ ကိုယ်ပွားတောင်မှ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုလျှင် မူရင်းခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပါလား။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ”

ဒုတိယခေါင်းဆောင်ဖန်းသည် သူ၏နဖူးစပ်တွင် ရှိနေသော ချွေးစေးများကို သုတ်ကာ ပြောလိုက်သည်။ “သူက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ”

“ကျုပ်လည်း မသိဘူး”

အကြီးအကဲကုသည် တည်ငြိမ်လျက်ရှိ၏။ သူသည် သတိလစ်မေ့မျောလျက်ရှိသော ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ခန့်မှန်းလို့ မရဘူးဆိုတာပဲ ကျုပ်သိတယ်

ဤမှတ်ချက်သည် သာမန်ဆန်လှသည်ဆိုသော်လည်း အားလုံးသောသူတို့က သဘောတူလိုက်ကြ၏။ အထူးသဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကိုယ်ပွားကို တုတ်တစ်ချောင်းနှင့် ရိုက်နှက်ကာ သတ်ဖြတ်ပစ်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် အားလုံး၏ နှလုံးသားထဲတွင်ရှိသော အံ့အားသင့်မှုများသည် ပိုမိုကာ ပြင်းထန်လာခဲ့၏။

ဤအရာသည် လူသားတစ်ယောက် ပြုလုပ်နိုင်သည့်အရာပင် ဖြစ်လေရဲ့လား။ မဟုတ်ပေ။ နတ်ဘုရားများသာ ပြုလုပ်နိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကို ရောက်ရှိလာပြီးနောက် ကုထျန်းရှင်း နှင့် တခြားသောသူများကို အော်ရာသီးသန့်နှင့်ပင် ဖိနှိပ်ထားနိုင်ခဲ့၏။ ထို့ကြောင့် ကိုယ်ပွားပင်လျှင် ကြောက်မက် ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြောင်း လုံလောက်အောင် သက်သေပြခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တုတ်တစ်ချက်တည်းနှင့် ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

တခြားကို မဆိုလျှင် အထက်စကြဝဠာဆီသို့ ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ သေချာသည်။ သို့ပေမဲ့ ဤကဲ့သို့သော စွမ်းအင်များကို ထုတ်ဖော်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွား၏။

ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ခုကို ရရှိရန်အတွက် တစ်စုံတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။ ဤအရာမှာ နိယာမ သဘောတရားပင် ဖြစ်သည်။

“ဘာကိုစောင့်နေတာလဲ”

ကုထျန်းရှင်းက အော်ဟစ်လိုက်၏ “မြန်မြန်.. ဂိုဏ်းချုပ်ကျွင်းကို ပြန်သယ်ခဲ့တော့လေ”

ဆွစ် ဆွစ်

မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသောသူများသည် ကျွင်းချောင်ရှောင်းကို ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ဆီသို့ ပြန်လည်ကာ ခေါ်ဆောင်လာခဲ့၏။

နေရာအနှံ့တွင် အဖြူရောင်အမြှုပ်များ ကျလျက်ရှိ၏။ ကုန်းရှန့်၏ မျက်နှာတစ်ခုလုံးသည်လည်း တွန့်လိမ်လျက်ရှိသည်။

...........

ကျွီ

တံခါးပွင့်သွား၏။ စွန်းပုကုံးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြင်ဘက်သို့ လျှောက်ထွက်လာ၏။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “အားနာပါတယ်။ ကျုပ်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်”

“ဘယ်လိုလဲ” ဟွာမင်ကွေ့ သည် အလျင်အမြန် မေးမြန်းလိုက်သည်။

စွန်းပုကုံးက ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ အခြေအနေက သိပ်မကောင်းဘူး”

“.......”

နှင်းဆီဧကရီသည် စိုးရိမ်ထိတ်လန့်မှုများကို ဖိနှိပ်ကာ မေးလိုက်၏။ “ငါတို့ အထဲဝင်သွားလို့ရလား”

“ရတာပေါ့” စွန်းပုကုံးသည် သူ၏ နှာခေါင်းစည်းကို ချွတ်ကာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ မျက်လုံးများ၌ မျက်ရည်များ ဝိုင်းလျက်ရှိသည်။ သူသည် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ “ငါ့ရဲ့ ဆေးပညာ စွမ်းရည်က လုံလောက်အောင် မကောင်းလို့ပဲ”

ဝူး ဝူး .. အီး ....

ခြံဝန်း၏ အပြင်ဘက်မှာတော့ လျှိုဝမ်ရှစ်သည် မြေပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ငိုယိုလျက်ရှိသည်။ သူမသည် ဤကဲ့သို့ ငိုနေရင်းမှာပဲ ရွှေစက္ကူ၊ ငွေစက္ကူများကို မီးပုံထဲသို့ ထည့်နေ၏။

“ဂိုဏ်းချုပ်... လုံလုံခြုံခြုံ ဖြစ်စေဖို့ အမြဲတမ်း ဆုတောင်းပေးနေပါ့မယ်”

“..........”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူအားလုံးတို့သည် နဝေတိမ်တောင်နှင့် ဖြစ်လျက်ရှိသည်။

ဘုန်း ဘုန်း

ခြံဝန်း၏ အပြင်ဘက်မှာတော့ ရီရှင်းချန်သည် ကြီးမားလွန်းလှသော ပင်စည်ကြီးကို လက်သီးဖြင့် ထိုးလိုက်၏။ သူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ... ခင်ဗျား စောင့်နေလိုက်”

ဂိုဏ်းချုပ်သာ တစ်ခုခုဖြစ်သည်ဆိုပါက ဤအမုန်းတရားသည် ကျိန်းသေပေါက် တစ်ဖက်လူအား သတ်ဖြတ်ပစ်ရန် လုံလောက်သည့်အရာပင် ဖြစ်လာမည်။ ကောင်းကင်တွင် ရှိနေသော ဂိုဏ်းချုပ်၏ ဝိညာဉ်ကို နှစ်သိမ့်နိုင်ရန်အတွက် သူသည် တစ်ဖက်လူဆီသို့ ကိုယ်တိုင်သွားကာ တိုက်ခိုက်ရန် ဆုံးဖြတ်ထား၏။

........

ကျယ်ပြောလွန်းလှသော ဆေးရုံခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဖြူလျော်နေသော မျက်နှာဖြင့် အိပ်ယာပေါ်တွင် လဲလျောင်းနေ၏။ ထ၍ ရိုက်နှက်ချင်စရာကောင်းလှသည့် ပြောင်စပ်စပ် မျက်နှာသွင်ပြင်မျိုး မရှိတော့ချေ။ ကြည့်ရှုရမည်ဆိုလျှင် ဤကဲ့သို့ ငြိမ်ငြိမ်သက်သက်ဖြင့် သတိလစ်မေ့မျောနေသည့်အချိန်တွင် ယောက်ျားဆန်ပြီး ရင့်ကျက်လှသည့် မျက်နှာသွင်ပြင်မျိုး ပေါ်ပေါက်နေသည်။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ရှင့်ဆီကို လာတာမဟုတ်ဘူး။ ဘာလို့ သွားပြီးတော့ ပြဿနာရှာရတာလဲ”

ဟွာမင်ကွေ့သည် ဘေးနားမှာ ထိုင်လျက်ရှိ၏။ သူမသည် သူမယောက်ျား၏ လက်ကို အသာကိုင်ထားရင်းမှ မချင့်မရဲနှင့် အပြစ်တင်နေမိ၏။ “ရှင် ဘာလို့ ဝင်ပြီးတော့ သေလမ်းရှာရတာလဲ”

ကျွင်းချောင်ရှောင်းသည် စဉ့်တီတုံးပေါ်တွင် ရောက်နေသည့် အသားတုံးကြီးတစ်တုံးကဲ့သို့ပင် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် လဲလျောင်းနေ၏။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် အလွန်ဆန်းကြယ်လှသည့် မျောက်ဘုရင်ကြီး၏ ဝင်စီးမှုကို ခံရပြီးသည့်နောက် ဘေးထွက်ဆိုးကျိုးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှ၏။ စည်းဓားမော့ကြီးကို ဝှက်ဖဲအဖြစ် ထုတ်ဖော်အသုံးပြု၍ ဖြစ်တည်လာခဲ့သည့် ဘေးထွက်ဆိုးကျိုးထက် အဆမတန် ပိုမိုကာ ကြီးမားသည်။

ကျွင်းချောင်ရှောင်းသည် လဝက်နီးပါးခန့် အိပ်ယာထဲတွင် လဲလျက်ရှိပြီး ပြန်လည်နိုးထလာမည့် အရိပ်သင်္ကေတ မျိုးလည်း မရှိခဲ့ချေ။ ဤအတောအတွင်း ဟွာမင်ကွေ့သည် သူမ၏ ယောက်ျားကို မျက်စိအောက်မှ အပျောက်မခံ ဂရုစိုက်လျက် ရှိ၏။ တစ်ချိန်ချိန်တွင် မျက်လုံးပွင့်လာမည်လားဟုလည်း မျှော်လင့်တောင့်တနေမိ၏။

.........

အဓိကဟောခန်းထဲမှာတော့ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသော အထက်ပိုင်းအကြီးအကဲများသည် စုဝေးလျက်ရှိ၏။ အားလုံးသောသူတို့သည် မျက်မှောင်ကုတ်လျက်ရှိနေပြီး အခြေအနေတစ်ခုလုံးသည်လည်း လေးနက်နေသည်။

“အားလုံးပဲ”

အကြီးအကဲဝေက ပြောလိုက်၏။ “ဂိုဏ်းချုပ်က ဒဏ်ရာရပြီး သတိလစ်နေတယ်။ ကျုပ်တို့အားလုံး ဂိုဏ်းကို သေသေချာချာ ဂရုစိုက်ဖို့လိုမယ်။ ဘာအမှားအယွင်းမှ ဖြစ်လို့မဖြစ်ဘူး”

“ကောင်းပါပြီ” အားလုံးက ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့ မဟာမိတ်ခေါင်းဆောင်ကုဆီကို ထပ်ပြီး သွားရောက်မေးမြန်းဖို့ လိုသေးလား” ယုစီနန်က မေးလိုက်၏။

“အဖေက ပြောတယ်”

ကုကျောင်းရှစ်သည် လေးလေးနက်နက် ပြောလိုက်သည်။ “သူလုပ်နိုင်တာ မရှိဘူးတဲ့”

ကျွင်းချောင်ရှောင်းအား ကြယ်ပင်လယ် မဟာမိတ်အဖွဲ့ဆီသို့ ပြန်လည်သယ်ဆောင်ပြီးသည့်နောက် ကုထျန်းရှင်း သည် သူကိုယ်တိုင် သေသေချာချာ ကုသပေးခဲ့၏။ ခန္ဓာကိုယ်ထဲတွင် မည်သည့်မှားယွင်းမှုမှမရှိဆိုသော သုံးသပ်ချက်သာ ထွက်ပေါ်ခဲ့သည်။ သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ရှင်းလင်းတိကျသည့် ရောဂါ လက္ခဏာမျိုးလည်း မပြသကြချေ။

အတိအကျ ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် အပြင်းအထန် ထိခိုက်ခဲ့ခြင်း မဟုတ်ပေ။ ဘေးထွက်ဆိုးကျိုးကြောင့် သတိလစ် မေ့မျောနေခြင်းပင်။ ဥပမာအားဖြင့် စည်းဓားမော့ကြီးကို ထုတ်ဖော်အသုံးပြုသည့်အချိန်တွင် တစ်နှစ် သို့မဟုတ် နှစ်နှစ်နီးပါး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်တည်ခဲ့၏။ လောကတွင်ရှိနေသော အတော်ဆုံး သမားတော် တစ်ယောက်ကို ခေါ်ယူ၍ ကုသခိုင်းမည်ဆိုလျှင်တောင် ဤအရာကို ပျောက်ကင်းအောင် ကုသ၍ မရနိုင်ချေ။

.........

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာသည်အထိ မနိုးထခဲ့ချေ။ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော လေထု တစ်ခုလုံးသည်လည်း တည်ကြည်အေးစက်လို့နေ၏။

တပည့်များအားလုံးသည်လည်း ရူးရူးမူးမူး ကျင့်ကြံနေကြ သည်။ ပိုပြီး အားကောင်းလာမှသာလျှင် ဂိုဏ်းချု်ပအတွက် လက်စားချေပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

ပြိုင်စံရှားဂိုဏ်း၌ အလွန်အမင်း ကျင့်ကြံသည့် ဓလေ့ရိုးရာတစ်ခု စတင်ဖြစ်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်း တစ်ယောက် သတိလစ်မေ့မျောနေသည့် အတောအတွင်း အားလုံးသောတပည့်များသည် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား လေ့ကျင့်လျက် ရှိနေကြ၏။

ယခင်တုန်းက ဧကရီလင်းရောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရီရှင်းချန်သည် ပြန်လည်မွေးဖွားပြီးနောက် စိတ်ထဲတွင် အမုန်းတရားအပြည့်နှင့် ကျင့်ကြံခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်း၏တပည့်နှင့် အထက်ပိုင်း အကြီးအကဲများအားလုံးသည် ရီရှင်းချန်ကဲ့သို့ ဖြစ်လို့နေ၏။ အားလုံးသောသူတို့သည် ညအင်ပါယာပင်။

............

အဟွတ် အဟွတ်

ညတစ်ညမှာတော့ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာ၏။ တစ်လကျော်နီးပါး အိပ်ယာထဲတွင် လဲလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် နောက်ဆုံးတော့ မျက်လုံးများ ပွင့်လာ၏။ စူးရှလွန်းသော နာကျင်မှုသည် သူ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာ၏။ သူသည် လက်ကိုမြှောက်လိုက်ချင်သည်။ တစ်စုံတစ်ခုသည် သူ့ကို ဆွဲထားသလိုပင်။

သူ၏ ခေါင်းနားတွင် မှောက်ကာအိပ်လျက် ရှိနေသည့် ဟွာမင်ကွေ့သည် ရုတ်တရက် ခေါင်းကိုမော့ကာ ကြည့်ရှု လိုက်သည့်အချိန်မှာတော့ မျက်ခုံးများ လှုပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။ သူမ၏ အိပ်ချင်စိတ် များသည် ပျောက်ကွယ်သွားခဲ့သည်။

“ယောက်ျား နိုးလာပြီလား” သူမ၏ အသံသည် တိတ်ဆိတ်နေသည့် ခြံဝန်းတစ်ခုလုံးကို ပျံ့နှံ့သွား၏။

အပြင်ဘက်ခြံဝန်းထဲတွင် ရှိနေသော တပည့်များသည် ပျော်ရွှင်စွာဖြင့် ဝိုင်းအုံလာသည်။ “ဂိုဏ်းချုပ် နိုးပြီလား”

“ဂိုဏ်းချုပ်နိုးလာပြီ။ ဂိုဏ်းချုပ် နိုးလာပြီဟေ့”

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် ပျော်ရွှင်စွာ အော်ဟစ်လျက် ရှိနေ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အသုဘဝတ်စုံများကိုတော့ ချွတ်ချထားပြီး ဖြစ်၏။

........

“ငါ ဘယ်သူလဲ၊ ဘယ်နေရာ ရောက်နေတာလဲ။ ငါဘာလုပ်နေတာလဲ”

အိပ်ယာပေါ်တွင် လှဲလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်နေမိသည်။

သေသေချာချာ စမ်းသပ်စစ်ဆေးပြီးနောက် စွန်းပုကုံးသည် သူ၏ ဆေးပစ္စည်းများကို ယူကာဖြင့် ဇဝေဇဝါ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်က အဆင်ပြေပါတယ်။ ဘာမှလည်း မမှားဘူး”

“ဒါဆိုရင် သူ ဘာလို့ တစ်ယောက်တည်း စကားတွေ ပြောနေရတာလဲ” ဟွာမင်ကွေ့က မေးမြန်းလိုက်သည်။

ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့် နာရီအနည်းငယ်ကတည်းက နိုးထလာခဲ့ခြင်းဖြစ်၏။ သူမသည် တစ်ချိန်လုံး ဘေးနားတွင် ရှိနေ၏။ သို့ပေမဲ့ ဆက်တိုက်ဆိုသလိုပဲ ‘ငါ ဘယ်သူလဲ၊ ဘယ်နေရာ ရောက်နေတာလဲ။ ငါဘာလုပ်နေတာလဲ’ ဟူသော စကား သုံးခွန်းကိုသာ ရွတ်ဆိုလျက်ရှိ၏။

“ဖြစ်နိုင်တာက”

စွန်းပုကုံးက ပြောလိုက်သည်။ “ဦးနှောက်ကို သက်ရောက်သွားတာ ဖြစ်လိမ့်မယ်”

“ငါ မှတ်မိပြီ။ ငါ မှတ်မိပြီ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် သူ၏ နဖူးကို ပိတ်ရိုက်လိုက်၏။ “ငါက စွန်းဝူခုံးပဲ။ ငါက အားလိန်တောင်မှာနေတဲ့ မျောက်မင်းကြီးပဲ။ ငါ ကောင်းကင်ပေါ်ကို တက်ပြီး တိုက်ခိုက်ချင်တယ်။ ငါ ကျောက်စိမ်းအင်ပါယာ ဖြစ်ချင်တယ်”

“.........”

တပည့်များသည် ဆွံ့အသွားခဲ့၏။ ထိုလူသည် ပြိုင်စံရှားဂိုဏ်း၏ တည်ထောင်သူ မဟုတ်ပေဘူးလား။ ဂိုဏ်းချုပ်သည် လက်ရှိအခြေအနေမှာတော့ ပါးစပ်မှ ပေါက်ပန်းလေးဆယ်များ လျှောက်ကာ ပြောဆိုနေသည်။

“ကျောက်စိမ်းအင်ပါယာ”

ကျွင်းချောင်ရှောင်းသည် အိပ်ယာပေါ်မှ ခုန်ချလိုက်၏။ “ကျုပ် စစ်သည်တွေကို စုဆောင်းပြီးတော့ ကောင်းကင်ဘုံကို တိုက်ခိုက်တဲ့အထိ စောင့်စမ်း။ ခင်ဗျားရဲ့ လင်းရှောင်နန်းတော်ကို လာပြီး ဖျက်ဆီးပစ်မယ်”

စနစ်က ပြောလိုက်သည်။ “သွားပြီ။ လက်ခံသူကတော့ လုံးဝရူးသွားပြီပဲ”

လက်ခံသူအား မျောက်ဘုရင်ကြီး ဝင်ရောက်ပူးကပ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအင်များ ရရှိလာခဲ့သည်။ သို့ပေမဲ့ ဝိညာဉ်သည် ဤမျှပြင်းထန်လွန်းလှသည့် စွမ်းအားများ၏ ဖိနှိပ်မှုကို မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် သက်ရောက်ခံလိုက်ရ၏။

လက်ခံသူသည် နောက်ဆုံးမှာတော့ သူ့ကိုယ်သူ မျောက်ဘုရင်ကြီးဟု ထင်မှတ်လျက် ရှိနေလေသည်။

All Chapters