← Chapters

အခန်း ၁၈၃၆

Vol. 123 Ch. 1836

အခန်း ၁၈၃၆

Vol. 123 Ch. 1836

အပိုင်း (၁၈၃၆)

ပြိုင်စံရှားဂိုဏ်း၏ အထပ်တွင် တည်ရှိလျက်ရှိနေသော လေးနက်သည့် အော်ရာများအားလုံးသည် နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏ ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ရူးသွပ်နေရာမှ ပြန်လည်ကောင်းမွန်းသွားခဲ့သောကြောင့်ပင်။ ကုသမှုဖြစ်စဉ်သည် ဟွာမင်ကွေ့၏ ကြိုးစားမှုနှင့်အတူ တခြားသော အလွှာအသီးသီးသီးမှ ရှိနေသည့်တပည့်များအားလုံး၏ ကြိုးစားဆောင်ရွက်မှုများပါဝင်ခဲ့သည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အားလုံးသောသူတို့ကို ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့၏။ ပြီးနောက် သူသည် သူ့ကိုယ်သူ ပြန်လည်ကာ သုံးသပ်ခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက မည်သည့် ပြင်ဆင်မှုမျှမရှိဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့၏ ။ မျောက်ဘုရင်ကြီးသာ မရှိဘူးဆိုပါက သူသည် သေဆုံးနေမည်မှာ ကြာပြီ ဖြစ်၏။

စနစ်က ပြောလိုက်သည် ။ “ဒီကောင်ကိုကြည့်ရတာ လက်ခံသူကို သတ်ချင်တဲ့ပုံပဲ။”

“ငါလည်း ဒီလိုပဲ ထင်တယ်။”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ ကုထျန်းရှင်းကို လာရောက်စိန်ခေါ်ခြင်းဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်ဆိုသော်လည်း သူ့အား ကြားဖြတ်ဝင်ရောက်ကာ စကားပြောဆိုသောကြောင့် တခါတည်းတိုက်ခိုက်သတ်ဖြတ်ခြင်းဆိုသည် မှာတော့ မလျော်ညီလှချေ။

“မင်းကြောင့်လာတာမျိုးတော့မဖြစ်ဘူး။ ဒါပေမယ့် သူ၏နှလုံးသားထဲမှာ မင်းက ချက်ချင်း စိတ်ရှိသလို သတ်ဖြတ်ပစ်လို့ရနိုင်တဲ့ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုတာလည်း ဖြစ်နိုင်တယ်။” စနစ်က ပြောလိုက်သည်။

ဤစကားစုသည် ကျွင်းချောင်ရှောင်း ၏ နှလုံးသားကို အမှန်ပင် နာကျင်စေခဲ့၏ ။ သို့ပေမဲ့ ငြင်းပယ်၍လည်းမရချေ။ မျောက်ဘုရင်ကြီးသာ ထွက်ပေါ်မလာပါက သူသည် တစ်ဘက်သူ၏ ရှေ့တွင် အစစ်အမှန် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင်။ အထူးသဖြင့် တစ်ဘက် လူသည် ကိုယ်ပွားသာဖြစ်၏။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီးနောက် အဆင့်နိမ့်နယ်မြေ၊ အထက်နယ်မြေ၊ မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် ကျွင်းချောင်ရှောင်းသည် များပြားလွန်းလှသော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရ၏ ။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ့အား ပြိုင်ဘက်ကင်း ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏ ။

“ငါသူ့ကို မျှမျှတတ ယှဉ်ပြိုင်ပြီး သတ်ဖြတ်ချင်တယ်။”

“အခွင့်အလမ်းမရှိဘူး ။” စနစ် က တိုက်ရိုက် ပိုမိုကျလွန်းလှ၏ ။

အစစ်အမှန်အားဖြင့် ကျွင်းချောင်ရှောင်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို လုံးဝယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ဂိမ်းဆာဗာ ခိုးယူခြင်း(သို့) တစ်စုံတစ်ယောက် ကို သူ့အစားတိုက်ခိုက်ခြင်းမှလွဲလျှင် တခြားနည်းလမ်းမရှိချေ။ ထို့အပြင် ဂိမ်းဆာဗာခိုးယူခြင်းနှင့် တခြား အစားထိုးခြင်းဆိုသည်မှာလည်း အချိန်ကာလက ကန့်သတ်လို့ရှိနေ၏ ။

နောက်ဆုံးအကြိမ် မျောက်ဘုရင်ကြီး ဝင်ရောက်လာပြီး ဖြေရှင်းပေးခဲ့လျှင်ဆိုရင်တောင်မှ နောက်တစ်ကြိမ် ထပ်မံကာ တိုက်ခိုက်မည်ဆိုပါက ဤကဲ့သို့ ကံကောင်းလိမ့်မည်မဟုတ်ချေ။

“လက်ခံသူ လုပ်နိုင်တာက ဘာလဲ။”

စနစ် က အကြံပြုလိုက်သည်။ “သိုသိုသိပ်သိပ်နှင့် နေပြီးတော့ ပြဿနာ မဖြစ်အောင် ရှောင်ရှားတဲ့ နည်းလမ်းပဲ။”

အင်း………

ကျွင်းချောင်ရှောင်း သည် သူ၏ ပေါင်ကို ပွတ်သပ်ကာ ပြောလိုက်၏ ။ “ဒီလူက ငါ့ကို အဲလို အခွင့်အရးမျိုး မပေးမှာ စိုးရိမ်ရတယ်။”

ကိုယ်ပွားအား တုတ်တစ်ချောင်းနှင့် ရိုက်နှက်ကာ သတ်ဖြတ် ပစ်ခြင်းဆိုသည်မှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို အစစ်အမှန်ပင် ထိခိုက်စေခဲ့လိမ့်မည်။ တစ်ဘက်လူသည် သူ့အား သတ်ဖြတ်ချင်သည်ဆိုမှတော့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်လုံးဝ ပေးလိမ့် မည်မဟုတ်ပေ။ ကိုယ်ပွားဖျက်ဆီးခံရပြီးသည့်နောက်မှာ အဓိက ခန္ဓာကိုယ် ကလည်း ထိခိုက်ဒဏ်ရာရသွားမှာပဲ။

“လက်ခံသူ အနေနဲ့ အသက်ရှူဖို့ အခွင့်အရေး ရနိုင်သေးတယ်။” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း က ပြောလိုက်၏ ။ “သူ့ဆီမှာ နောက်လိုက်တွေ မရှိလို့လား။”

“………” စနစ် သည် ဆွံ့အသွားမိသည်။

ကောင်းကင်ဖြတ်သန်းခြင်းလောကကို ပါဝင်မပတ်သက်စေဖို့ ကျွင်းချောင်ရှောင်း သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ပြောလိုက်၏ ။ “ဖြစ်နိုင်သမျှ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာသွားမှဖြစ်မယ်။”

သူသည် ထာဝရလောကကြီးတွင် ပုန်းအောင်နေနိုင်စွမ်းရှိ၏ ။ ထို့ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရန်ပြုခဲ့သည်ဆိုလျှင်တောင်မှ သိပ်ပြီးစိုးရိမ်ပူပန်ခြင်းမရှိချေ။ သို့ပေမဲ့ ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးမှာတော့ ခြားနားလွန်းလှချေ၏။ ထို့အပြင် ဤအရာသည် တိမ်ပြာ စကြာဝဠာ ပတ်လမ်းကြီးတွင် တည်ရှိနေသည့် အရာလည်းဖြစ်လို့နေသည်။

………………

“တူလေး၊ မင်းသတိရလာပြီလား။”

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့တွင် ရှိနေသည့် ကုထျန်းရှင်း သည် ကျွင်းချောင်ရှောင်း ကို မြင်သည့်အချန်မှာတော့ အံ့အားသင့်လို့နေ၏။

“သတိရလာပါပြီ။”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ဦးလေးကို စိတ်ပူစေခဲ့မိပြီ။”

သူ့အနေနှင့် အာလာပသလ္လာပများကို များများစားစား ပြောဆိုမနေတော့ချေ။ ဤနေရာမှ ထွက်ခွာ သွားတော့မည်ဖြစ်ကြောင်း တစ်ခါတည်း ပြောဆိုခဲ့၏ ။

ကုထျန်းရှင်း သည် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးကို ပါဝင်မပတ်သက်စေချင်သောကြောင့်ပင် ထွက်ခွာသွားခြင်းဖြစ်ကြောင်း ကောင်းကောင်းနားလည်၏ ။ သို့ပေမဲ့ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “တကယ်တော့ မင်းထွက်သွားသွား ၊ ထွက်မသွားသွား ကောင်းကင်ဖြတ်သန်းခြင်း လောကကြီး က အစောကြီးကတည်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီ။ အနည်းဆုံး တိမ်ပြာစကြာဝဠာပတ်လမ်းထဲမှာ ရှိနေတဲ့ ဂြိုဟ်ပေါင်း (၂၀) ကျော်တို့က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ စိန်ခေါ်မှုကို တစ်ပြိုင်နက်တည်း လက်ခံရရှိခဲ့တယ်။”

“သူက တိမ်လွှာစကြဝဠာပတ်လမ်းထဲကို လွှမ်းမိုး သိမ်းပိုက်ချင်နေတာလား။ အင်း ……….”

ကျွင်းချောင်ရှောင်း က ပြောလိုက်၏ ။ “တကယ့်ကို စကြဝဠာ တစ်ခုလုံးကို ပြောင်းလဲပစ်ချင်တဲ့ လူတစ်ယောက် ၊ ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ပီသပါပေတယ်။”

“မင်းရူးနေတဲ့အချိန်မှာ…”

ကုထျန်းရှင် က ပြောလိုက်သည်။ “ပထမတန်းစား ဂြိုဟ်ကြီး(၄)ခုက အလုံးစုံ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ် ။ တစ်ဘက်လူရဲ့ ရည်မှန်းချက်အရဆိုလျှင် ကောင်းကင်ဖြတ်သန်းခြင်း လောကကြီးကလည်း မကြာခင်မှာ နေဝင်တော့မယ်။”

ကျွင်းချောင်ရှောင်း သည် မျက်မှောင်ကုတ်လိုက်၏။ မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးချင်သည့်စိတ်နှင့်ပတ်သက်၍ သူသည် အစာကြေလှသည်မဟုတ်ချေ။ လူများ အားလုံးသည် လောကကြီးထဲတွင် မိမိ စိတ်သဘောနှင့့်် မိမိ နေထိုင်နိုင်စွမ်းရှိ၏ ။ သို့ပေမဲ့ တစ်ဘက်လူ သည် အဘယ့်ကြောင့် လွှမ်းမိုးချုပ်ကိုင်နေချင်ရသနည်း။

“ ဦးလေး”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “အတူတူသွားကြရအောင်။”

သူ့အနေနှင့် ယခင်တုန်းက လောကကြီးကို ကယ်တင်ရန် အလုပ်ပေါင်းများစွာကို ပြုလုပ်ခဲ့ဖူး၏ ။ တော်တော်များများသည်လည်း အောင်မြင်ခဲ့ဖူးသည်။ သို့ပေမဲ့ ဤတစ်ကြိမ်မှာ တော့ စကြဝဠာကြီးကို ကယ်တင်ချင် သည်ဆိုလျှင်တောင်မှ သူ၏အားအင်အဆင့်သည် ထိုအရာကို ပြုလုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ငကြောက် တစ်ယောက်ကဲ့သို့ ထွက်ပြေးရှောင်ခွာခြင်းသည်သာလျှင် သူ၏ ရွေးချယ်ရာ ဖြစ်၏ ။

လက်ရှိအခြေ အနေမှာတော့ သူ ကျွင်ချောင်းရှောင်း သည် အနိုင်မယူနိုင်သည်ကို ဝန်ခံရပေလိမ့်မည်။ အနာဂတ်တွင်ရော ….. ။

လူငယ်တစ်ယောက်ကို အနိုင်ကျင့်၍မရသော သဘောထားကို သူကောင်းကောင်း လက်ခံပြီး တစ်ချိန်ချိန် တွင် သူနှင့် ပြန်လည်တွေ့ဆုံရပေလိမ့်မည်။

“သွားရမယ်။ ဟုတ်လား။”

ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏ ။ “ဘယ်နေရာကို သွားရမှာလဲ။”

“ဦးလေး သွားချင်တယ်ဆိုရင် ….”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ဦးလေးနဲ့ အဒေါ်ကို လုံခြုံတဲ့ တည်နေရာတစ်ခုဆီ ကျုပ်ခေါ်ဆောင်သွားနိုင်မယ်လို့ အာမခံတယ်။”

တိမ်လွှာစကြာဝဠာ ပတ်လမ်း၏ ပထမဆုံး ဂြိုဟ်တစ်ခုဖြစ်သည့် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးတွင် များပြားလှသော သက်ရှိသတ္တဝါများ တည်ရှိ၏ ။ ကောင်းကင်ဖြတ်သန်းခြင်းလောကသည် ထာဝရလောကကြီးထက် ပိုမိုကာ ကြီးမားပြီးနေထိုင်သည့် သက်ရှိသတ္တဝါများလည်း များပြားလွန်းလှ၏ ။ အားလုံးကို ခေါ်ဆောင်သွားရန် မဖြစ်နိုင်သည်ဆိုသော်လည်း ကုမောင်နှံ ကို ခေါ်ဆောင်သွားရန်တော့ ပြဿနာမရှိချေ။ သို့ပေမဲ့ …..

“သားလေး”

ကုထျန်းရှင်း သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဖြင့် တံခါးဆီသို့ လျှောက်သွား၏ ။ သူသည် ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကာ ပြောလိုက်၏။ “ကုရွှမ်ယွမ် အကြောင်းကို ငါအရင်တုန်းက ပြောဖူးတယ်မလား။”

“ပြောဖူးပါတယ်။”

“သူက ရွှမ်ယွမ်နယ်မြေကြီးရဲ့ နယ်မြေသခင်တစ်ယောက်ပဲလေ။ ရွှမ်ယွမ်နယ်မြေကြီး ဆီမှာပဲ သေတဲ့အထိ နေထိုင်သွားခဲ့တယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူက ထွက်ပြေးခွင့်ရှိတယ် ဆိုပေမဲ့ အဲလိုလုပ်ဖို့ မစဉ်းစားခဲ့ဘူး။ အဲဒီအစား သူရဲ့အိမ်ကို သူရဲ့ အသက်လိုသဘောထားပြီး ခုခံခဲ့တယ်။”

“ဒီလို သူရဲကောင်းမျိုး ….”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “လောကကြီးရဲ့ လေးစားမှုနှင့်ထိုက်တန်တဲ့ လူတစ်ယောက် ပါပဲ။ ဒါပေမဲ့ မျှော်လင့်ချက်မရှိတဲ့ အခြေအနေမျိုးမှာ ရင်ဆိုင်နေရတာထက် နောက်ကို တစ်လှမ်း ဆုတ်ပြီးတော့ ပိုမိုတိုးတက်‌အောင် ပြင်ဆင်ဖို့လိုအပ်တယ်လို့ ကျုပ်ထင်တယ်။ ပြီးတော့ အသက်ရှိနေသေးရင် မျှော်လင့်ချက်ဆိုတာ ရှိနေသေးတာပဲ။”

“မဖြစ်ဘူး။”

ကုထျန်းရှင်းသည် နောက်ကိုလှည့်ကြည့်ကာဖြင့် ပြောလိုက်၏။ “ဒါ ငါ့ရဲ့အိမ်ပဲ။”

…………………….

ကျွင်းချောင်ရှောင်း သည် တိတ်ဆိတ်ငြိမ်သက်သွား၏ ။ သူ့အနေနှင့် ထပ်မံကာ ဆွဲဆောင် ခြင်းမပြုလုပ်ခဲ့ချေ။ သို့ပေမဲ့ ဦးလေး ကု ၏ မျက်လုံးထဲရှိ သဘောတရားများသည် ကုရွှမ်ယွမ်၏ မျက်လုံးထဲတွင် ရှိသော အရိပ်အယောင်များနှင့် ထပ်တူညီလို့နေသည်။ လူတချို့သည် ကျွင်းချောင်ရှောင်း က အိမ်ဆိုသည့် အဓိပ္ပာယ်ကို နားလည်နိုင်စွမ်းမရှိဟု ပြောဆိုနေပေလိမ့်မည်။ အချက်အလက်အားဖြင့် သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် သူ၏မျက်စိရှေ့တွင် ပြိုလဲပျက်စီးသွားခဲ့ပြီးသည့်နောက် အိမ်ဆိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်းမွန်မွန် နားလည်ခဲ့ပြီးသားဖြစ်၏ ။ မိမိအိမ် ပျက်စီးယိုယွင်းရခြင်းအတွက် နာကျင်ရသည့် ခံစားချက်မျိုးသည် စကားလုံးနှင့် ဖော်ညွှန်းပြ၍ပင် မရခဲ့ချေ။ ထို့ကြောင့် သူသည် ဆက်လက်ကာ မပြောနိုင်တော့ပေ။

“သား ….”

ကုထျန်းရှင်း က ပြောလိုက်၏ ။ “ကျောင်းရှစ်ရဲ့ မင်္ဂလာပွဲကို အချိန်ကာလတစ်ခုစီ နောက်ဆုတ်လိုက်မယ်။ မင်းသူတို့ကိုခေါ်ပြီးတော့ ထွက်သွားတော့ ။”

“ကျွန်မ ထွက်သွားမယ်လို့ ရှင်ထင်လို့လား။” ကုမေမေ သည် ရုတ်တရက် ဟောခန်း၏ အပြင်ဘက် တွင် ပေါ်ပေါက်လာသည် ။

ထိုအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် မသိသာနှင့် ထွက်ခွာသွားခဲ့၏ ။ ဦးလေးကုတို့ဘာတွေပြောနေသည်ကို သူမကြားတော့ချေ။ သို့ပေမဲ့ တောင်‌အောက်သို့ရောက်ပြီး အနောက်သို့ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်မှီကာ ရပ်လျက်ရှိနေသည့် စုံတွဲကို ဟောခန်း၏ အပြင်ဘက်ရှေ့တွင် မြင်လိုက်ရ၏ ။ ၎င်းတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လျက်ရှိနေပြီး မျက်နှာပေါ်တွင်တော့ အပြုံးများတည်ရှိနေ၏ ။

ဘုန်း……..

ပြိုင်စံရှားဂိုဏ်း၏ လေ့ကျင့်ရေးအခန်းမှာတော့ …..

ကျွင်းချောင်ရှောင်းသည် အားအင်စမ်းသပ်ခြင်းစက်ကို လက်သီးနှင့် ထိုးနှက်လျက်ရှိ၏ သူ၏ မျက်လုံးထဲတွင် ဒေါသတရားနှင့် နာကျင်မှုများ ပြည့်နက်နေသည်။ သူသည် ဦးလေးကုကို ကူညီပေးချင်မိ၏ ။ သူသည် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးကို ကူညီပေးချင်မိ၏ ။ သို့ပေမဲ့ ဘာတစ်ခုမျှမလုပ်နိုင်ခဲ့သောကြောင့် ခြေထောက်ကြားထဲသို့ အမြီးကိုထည့်ကာ ထွက်ပြေးခဲ့ရ၏ ။ “ငါ ဒါကို လက်မခံနိုင်ခဲ့ဘူး။ ဒါကို လုံးဝ လက်ခံနိုင်ဘူး။”

ဘုန်း……..ဘုန်း………… ဘုန်း…………

အခန်းထဲတွင် ကြမ်းတမ်းလွန်းလှသော စွမ်းအင်များသည် ပေါက်ကွဲနေ၏။ ထိုအသံကြီးသည် ဂိုဏ်းတစ်ခုလုံးအနှံ့ ပြန့်နှံ့လျက်ရှိပြီး သစ်ပင်တစ်ခု၏ အောက်တွင် ထိုင်လျက်ရှိနေသည့် ရီရှင်းချန် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏ ။ တပည့်တစ်ယောက်နှင့် သူသည် ဂိုဏ်းချုပ်၏ ဒေါသတရားနှင့် နာကျင်မှုများကို ကောင်းကောင်းခံစားခဲ့မိ၏ ။ သို့ပေမဲ့ သူသည် ဘာတစ်ခုမျှ မလုပ်ပေးနိုင်ချေ။

ရှောင်ကျီသည် ရုတ်တရက် မတ်တတ်ထရပ်ပြီးသည့်နောက် အနောက်ဘက်ဆီသို့ လျှောက်သွား၏ ။ ပိုမို အားကောင်းအောင် ကျင့်ကြံရမည်။

“ဟင်း…….”

ဟယ်ဝူတီ သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ပျော်စရာကောင်းတဲ့ ဂိုဏ်းတစ်ခု ဟာ ပျောက်ကွယ်သွားခဲ့ပြီ။ လူတွေရဲ့ငယ်ရွယ်မှုမှာ ရှိတဲ့ ပျော်ရွှင်မှုတွေက အကုန်လုံး ပျောက်ကွယ်သွားရတော့မှာပဲ။”

ဂိုဏ်းချုပ်၏ နာကျင်မှုကို ကောင်းကောင်းနားလည်ခဲ့၏ ။ သို့ပေမဲ့ သူ မကူညီပေးနိုင်ချေ။ သူ ဘယ်လောက်ပဲ အားလုံး၏မျက်စိရှေ့တွင် ထင်ပေါ်ပြီးတော့ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို သူ၏ အားအင်အဆင့်ဖြင့် အနိုင်ယူနိုင်စွမ်းမရှိချေ။ ဟယ်ဝူတီ ၏ အားအင်အဆင့်ဆိုသည်မှာ သူ၏ ကျင့်ကြံခြင်း အဆင့်ပေါ်တွင် မှီခိုခြင်းမဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီး၏ ပိုမိုကောင်းမွန်လာခဲ့သော ဓာတ်သဘာဝများပေါ်တွင် မှီခိုခြင်းဖြစ်၏။

အကယ်၍ ကောင်းကင်နှင့်မြေကြီး၏ အားကောင်းသော ဓာတ်သဘာဝများတည်ရှိရာ အဆင့်မြင့်ဂြိုဟ်တစ်ခု ကို ရောက်ရှိသွားမည်ဆိုပါက သူသည် အရမ်းကြမ်းတမ်းသည်ဟု ထုတ်ဖော်မပြောရဲလျှင်တောင်မှ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ကို လက်တစ်ချောင်းတည်းနှင့် ချေမွနိုင်စွမ်းရှိသည်။

……………

နောက်တစ်ရက်မှာတော့ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အပြင်ဘက်တွင် ရွက်သင်္ဘောကြီးသည် ကျောက်ချထား၏။ ကျွင်းချောင်ရှောင်း သည် ကုထျန်းရှင်း တို့ကို နှုတ်ဆက်ခြင်းမပြုဘဲ ပဲ့ခန်းထဲသို့ ဝင်လိုက်၏ ။

“အစ်ကိုကြီး …… ကျုပ် ဒီမှာနေခဲ့ချင်တယ်။ ကျုပ်ကို မတားကြနဲ့။”

ကုကျောင်းရှစ် အား ယူစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများက ချုပ်နှောင်ထားကြ၏ ။ ကုကျောင်းရှစ် သည် ပဲ့တံခါးကြီး တဖြည်းဖြည်းပိတ်သွားသည်ကိုသာ ကြည့်ရှုနိုင်၏။

ဝှစ်………

ထာဝရရွက်သင်္ဘောကြီးသည် လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက် တည်နေရာအတားအဆီးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏ ။

“ကလေးတွေအမေ။”

ဟောခန်း ၏ အရှေ့ဘက်တွင်ရပ်လျက်ရှိနေသည့် ကုထျန်းရှင်း သည် ပြုံးကာပြောလိုက်၏ ။ “ငါတို့သားက ကျိန်းသေပေါက် တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်လိမ့်မယ်။”

မေမေကု သည် သူမ ယောက်ကျား၏ လက်မောင်းကို အသာတွဲခိုကာ ပြောလိုက်သည်။ “သူ့ဆီမှာ တောက်ပတဲ့ အနာဂတ်တွေ ရှိတာမရှိတာကို ကျွန်မမသိချင်ဘူး။ ကျွန်မလိုချင်တာ တစ်ခုပဲရှိတယ်။ မိသားစုတစ်ခု ကလေးတွေနဲ့ ပျော်ရွှင်ရတဲ့ မိသားစုတစ်ခုပဲ။”

ကုထျန်းရှင်း က ပြောလိုက်၏ ။ “ကလေးတွေက အရွယ်ရောက်လာမှာပဲလေ။ သူတို့မိဘတွေရဲ့ ဆန္ဒကို ကောင်းကောင်း နားလည်ပါလိမ့်မယ်။”

ဟောခန်း၏ အပြင်ဘက်မှာတော့ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အထက်ပိုင်း အကြီးအကဲများသည် ခေါင်းကိုမော့၊ ရင်ကိုကော့ကာဖြင့် ရပ်လို့နေသည်။

ကောင်းကင်ဖြတ်သန်းခြင်း လောကကြီးသည် သူတို့၏ အိမ်ပင်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အသက်သည် အဆုံးသတ်သွားရမည်ဆိုလျှင်တောင်မှ ဤလောကကြီးကို ကယ်တင်နိုင်ရန်၊ တခြားသောလူလက်ထဲ ပါမသွားစေရန်အတွက် အကောင်းဆုံးခုခံရပေလိမ့်မည်။

…………

ဟင်း…………

စကြဝဠာအတွင်းမှာတော့ ထာဝရရွက်သင်္ဘောကြီး ပျောက်ကွယ်သွားသည့်အချိန် အမည်းရောင် ပုံရိပ်တစ်ခုသည် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် ရှိနေသည့် ကုထျန်းရှင်းနှင့် တခြားသူများကို ကြည့်ကာ ခေါင်းကိုခါယမ်းလိုက်၏ ။

“ပထမတန်းစား တခြားဂြိုဟ် တစ်ခုကတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပုန်ကန်ဖို့ ရွေးချယ်လိုက်ပြီပဲ။ စကြဝဠာကြီးကို ပြောင်းလဲပေးမယ့်လူက ဘယ်အချိန်များမှ ပေါ်လာမှာပါလိမ့်။”

All Chapters