← Chapters

အခန်း ၁၈၃၇

Vol. 123 Ch. 1837

အခန်း ၁၈၃၇

Vol. 123 Ch. 1837

အပိုင်း (၁၈၃၇)

ထာဝရရွက်သင်္ဘောကြီးသည် အဆုံးအစမဲ့ စကြဝဠာထဲတွင် လွင့်မျော လျက်ရှိနေသည်။

ဂိုဏ်းသည် လက်ရှိအခြေအနေတွင် လေးနက် လျက်ရှိနေ၏ ။ ယခင်တုန်းကကဲ့သို့ ပျော်ရွှင်စရာများ မရှိတော့ချေ။ တပည့်များအားလုံးသည် ကျင့်ကြံခြင်း အပေါ်၌သာ အချိန်ပေးလျက်ရှိနေပြီး ဇွဲကောင်းကောင်း နှင့် မရပ်မနား ကျင့်ကြံနေကြ၏ ။

“ယောက်ကျားက အရင်တုန်းက ပြောခဲဖူးတယ်ဟုတ်တယ်မလား။”

စာကြည့်ခန်းထဲမှာတော့ ဟွာမင်ကွေ့သည် စားပွဲခုံပေါ်သို့ ရေနွေးခွက်ကို အသာချကာဖြင့် ပြောလိုက်သည်။ “စိတ်ဆုံးဖြတ်ပြီးသား လူတစ်ယောက်အတွက် လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာမရှိဘူးဆို”

“……”

ကျွင်းချောင်ရှောင်း သည် နာနာကျင်ကျင်နှင့်ပြောလိုက်၏ ။ “ဒါ လျှောက်ပြောတဲ့ နှစ်သိမ့်တဲ့ စကားတွေပါပဲ။”

နှစ်သိမ့်စကားဆိုသည်မှာ လွယ်လွယ်ကူကူ ပြောဆိုနိုင်စွမ်းရှိ၏။ သို့ပေမဲ့ တကယ်တမ်း တွေ့ကြုံခံစားနေရသည့် လူတစ်ယောက်အတွက် အဖြစ်အပျက်များသည် အစစ်အမှန် ရက်စက်လွန်းလှ၏ ။ နှစ်သိမ့်စကားမျှလောက်နှင့် အလုပ်မဖြစ်ချေ။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် လက်လျော့အရှုံးပေးလိုက်မည်ဟူ၍ မဆိုချေ။ သူသည် နည်းလမ်းတစ်ခုကို စဉ်းစားလျက်ရှိနေ၏ ။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်လျှင် လုံလောက်သည့် အားအင်အဆင့်ရှိပါက ပြောနေစရာပင်မလိုချေ။ သို့ပေမဲ့ သူသည် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်ပင် စွမ်းဆောင်ရည်မဲ့သလို အခြေအနေသို့ ရောက်ရှိနေသည်။

လက်ရှိအခြေအနေမှာတော့ စနစ်သည် စတိုးထဲသို့ ဝင်ရောက်ပြီး refresh လုပ်ရန် သွေးဆောင် ခဲ့ခြင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကံဆိုးသည်ဆိုပါက ရှိရှိသမျှအရာများအားလုံး မွဲပြာကျ သွားနိုင်သည့်အပြင် ဘာတစ်ခုမှ မရသောကြောင့် ပိုးစိုးပက်စက်ဆဲခြင်းကိုသာ ခံရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောဆိုလိုက်မိ၏ ။ “စွန်းဝူခုံးက နောက်ဆုံးအခေါက်တုန်းကလို ထပ်ပြီးထွက်လာနိုင်သေးတာလား။”

အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် သူ့အစား တိုက်ခိုက်ပေးနိုင်မည့် သူရဲကောင်းဝိညာဉ်စာရင်းကို တွက်ချက်မိနေသည်။ သူသည် ထိုအရာကို အားမကိုးချင်ပေ ။ သို့ပေမဲ့ လက်ရှိအခြေအနေအရ၌ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူ့တွင် ယုံကြည်ချက်ဟူ၍မရှိချေ။ မျောက်မင်းကြီးကို အားကိုးရန်သာရှိသည်။

ရွှီ…………..ရွှီ

ကျွင်းချောင်ရှောင်း သည် စွန်းဝူခုံး ဝတ်စုံကို ထုတ်ယူပြီးသည့်နောက် အသာ ပွတ်သပ်ကာ ပြောလိုက်မိ၏ ။ “အရေးအကြောင်းကြုံလာတဲ့အချိန်ကျရင် ဒါက အားကိုးတကြီးနဲ့ ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိတယ်။ ရလဒ်ကတော့ နည်းနည်းကွာရင် ကွာမှာပေါ့။”

“ကွာခြားချက်ကတော့ အရမ်းကြီးတယ်။”

စနစ်က ပြောလိုက်သည်။ “မတူညီတဲ့လူနှစ်ယောက်လိုပဲ။”

“ဒါဆိုရင် ဒီ စွန်းဝူခုံး ဝတ်စုံ က ဟို စွန်းဝူခုံး နဲ့ မတူဘူးလား။

ကုန်းရှန့် တစ်ယောက် အရေးကြီးအခြေအနေတွင် ပေါ်ပေါက်လာခဲ့သည့် စွန်းဝူခုံး ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှ ပေါ်ပေါက်လာခဲ့သည့် အစ်ကိုကြီး မျောက်မင်းသာလျှင် ဖြစ်၏ ။ ဤစွန်းဝူခုံး ဝတ်စုံဆီမှပေါ်လာသည့် ပုံရိပ်ယောင် စွန်းဝူခုံးမဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် လူစားလဲရန် ရှာဖွေမည်ဆိုပါက ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသော စွန်းဝူခုံးကို ဆင့်ခေါ်ရန်သာ ကြိုးစားရပေလိမ့်မည်။

“ဒါဆိုရင် အစောပိုင်းတုန်းက ပေါ်လာခဲ့တဲ့ စွန်းဝူခုန်းက ကောင်းကင်လျှို့ဝှက် နယ်မြေထဲမှာ ရှိနေတဲ့ SS အဆင့်သူရဲကောင်းဝိညာဉ် ဖြစ်နေတာလား။” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

လီချင်းယန်၏ စကားကို နားထောင်ပြီးနောက် လျှို့ဝှက်နယ်မြေ၏ နံရံပေါ်တွင်ရှိနေသည့် ပုံရိပ်သည် စွန်းဝူခုံး၏ ပုံပန်းသွင်ပြင်ဖြစ်ကြောင်းကို သူသိရှိပြီးဖြစ်၏ ။

“သူရဲ့ လက်နက်ပစ္စည်းတွေကို မေးနေတာ ကြားခဲ့တယ်။” စနစ် က ပြောလိုက်သည်။

ရီရှင်းချန် နှင့် တခြားသူများ ပြောဆိုခဲ့သည်ကို ဆက်စပ်ကာ စဉ်းစားရမည်ဆိုလျှင် ကွမ်ယု နှင့် လွီပု တို့သည်လည်း လက်နက်မဲ့လို့နေ၏။

“ဖြစ်နိုင်တာက”

ကျွင်းချောင်ရှောင်း က ခန့်မှန်းလိုက်မိသည်။ “စွန်းဝူခုံး ဝတ်စုံကလည်း ခိုးလာတာပဲဖြစ်မယ်။”

ဝန်မခံချင်ဘူး ဆိုလျှင်တောင်မှ ဖြစ်နိုင်ဖွယ် အကြောင်းအရာသည် ငြင်းဆို၍မရနိုင်ချေ။ စတိုးထဲမှ ဝယ်ယူထားသည့် ပစ္စည်းဆိုသည်မှာ ၈၀ ရာခိုင်နှုန်းသည် ခိုးယူခဲ့သည့်အရာဖြစ်ပြီး ၂၀ ရာခိုင် နှုန်းသည်သာ ပိုင်ရှင်မဲ့ ဖြစ်၏ ။

“ငါ သွားပြီးတော့ကြည့်ရမယ်။”

ကျွင်းချောင်ရှောင်း သည် တောင်၏ အနောက်ဘက်ဆီသို့သွားပြီး ကောင်းကင်လျှို့ဝှက်နယ်မြေထဲ သို့ဝင်ရောက်ကာ ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့ပေမဲ့ လေဝဲကြီးသည် အထဲသို့ ဝင်ရောက်ခွင့်အား အထပ်ထပ်ငြင်းဆိုလျက်ရှိ၏ ။

သူသည် ခန္ဒာကိုယ်ကို အသုံးပြုပြီး အထဲဝင်ရန်ကြိုးစား၏ ။ သို့ပေမဲ့ အနောက်ဘက်သို့ ပြန်ကန်လာ၏ ။ သူသည် ဦးခေါင်းကို အသုံးပြု၍ လေဝဲထဲသို့ တိုးဝင်ရန်ကြိုးစားခဲ့၏ ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ခေါင်းတစ်ခုလုံး နာကျင်မှုကိုသာ ခံစားရပြီး မြေပေါ်သို့ ဖင်ထိုင်လျက်ပင် ပြုတ်ကျသည်။

စနစ် က ပြောလိုက်၏။ “တပည့်တွေပဲဝင်လို့ရတယ်လို့ ငါပြောသားပဲ။ လက်ခံသူ ဝင်လို့ မရတာ ကျိန်းသေတယ်။”

“အင်း……… မင်းရဲ့ ဒီစကားအတွက် ကျေးဇူးပဲ။”

ကျွင်းချောင်ရှောင်း သည် ပြောင်းပြန် အဓိပ္ပာယ်ဖော်ရသည့် စနစ်၏ စကား အလုပ်ဖြစ်မလား သိချင်သောကြောင့် ထပ်မံကာ ဝင်လိုက်ပြန်၏ ။ အကယ်၍ စွန်းဝူခုံး ပုံရိပ်ယောင်သည်သာ အထဲတွင် ရှိနေသည်ဆိုပါက ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ပေါင်းများစွာ တည်ရှိနေမှာသေချာ၏ ။ ထိုအရာများကို သိရှိကျွမ်းကျင်ပြီဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် အရည်အသွေး မပြည့်ဝသေးဘူးဆိုလျှင်တောင်မှ ဦးလေးကုနှင့် ကောင်းကင်ဖြတ်သန်းခြင်းလောကကို ကာကွယ်နိုင်ရန်တော့ တတ်နိုင်ပေလိမ့်မည်။

ဘုန်း………….ဘုန်း…………

ကျွင်းချောင်ရှောင်း သည် အ‌လျှော့မပေးချေ။ ကောင်းကင်လျှို့ဝှက်နယ်မြေကြီးအား ဆက်တိုက် ဆိုသလိုပဲ ထိုးနှက်လျက်ရှိသည်။

ထိုအခြင်းအရာကို မြင်တော့ ဖြတ်သွားဖြတ်လာ တပည့်များသည် သူတို့ဂိုဏ်းချုပ်ကိုကြည့်၍ စဉ်းစားတွေးတောနေမိ၏။ “ဂိုဏ်းချုပ်၊ ဘာလို့ ဒီလိုမျိုးတွေလုပ်နေတာလဲ။ ထပ်ပြီးရူးသွားပြန်ပြီလား။”

ဒွီ……….ဒွီ………….

ထိုအချိန်မှာတော့ လျှို့ဝှက်နယ်မြေ၏ လေဝဲကြီးသည် တုံံ့ပြန်လာခဲ့၏ ။

ကျွင်းချောင်ရှောင်း သည် ပျော်ရွှင်သွားမိသည်။ သို့ပေမဲ့ ချက်ချင်းပဲ သူသည် စိတ်ပျက်သွားမိ၏ ။ အဘယ့်ကြောင့်ဆိုသော် တုံ့ပြန်မှု ဖြစ်လာခြင်းမှာ တခြားအကြောင်းအရာမဟုတ်ချေ။ ရီရှင်းချန် တစ်ယောက် အထဲမှ လျှောက်ထွက်လာသောကြောင့်ပင်။

“ဂိုဏ်းချုပ်၊ ဘာတွေလုပ်နေတာလဲ။” ညအင်ပါယာက မေးမြန်းလိုက်သည်။

ကျွင်းချောင်ရှောင်း က ပြန်ပြောလိုက်၏ ။ “နံရံကိုထုနေတာပေါ့။”

“………”

ရီရှင်းချန် သည် အနည်းငယ် ငြိမ်သက်တိတ်ဆိတ်သွားခဲ့၏ ။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို ပြောဖို့ သတင်းကောင်း တစ်ခု ရှိသေးတယ်။”

“ငါမအားသေးဘူး။”

ကျွင်းချောင်ရှောင်း က ပြန်ပြောလိုက်၏ ။ “ပြီးတော့ နံရံကို ထုနေတုန်း လာမနှောင့်ယှက်နဲ့။”

ပြောပြီးသည့်နောက် သူသည် အရှိန်ကိုမြင့်ပြီး လေဝဲထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်၏ ။ သို့ပေမဲ့ ရုတ်တရက် သတိရသွားပြီးနောက် ခေါင်းကို လှည့်ကာ မေးမြန်းလိုက်သည် “မင်းပြောချင်တာ သတင်းကောင်းလား။”

“ဟုတ်ပါတယ်။”

ရီရှင်းချန်သည် ခေါင်းညိတ်လိုက်၏ ။ “အဲလို ပြောလို့ရတယ်။”

“ဘယ်လိုသတင်းကောင်းလဲ။”

“လွီပု၏ အသိအမှတ်ပြုမှုကို ကျုပ်ရခဲ့တယ်။”

“သူ့ကို အညံ့ခံအောင် ရိုက်နှက်ခဲ့တာလား။”

“အဲလို ပြောလို့ရပါတယ်။”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ဒါဆိုရင် မင်းအတွက်ကို သတင်းကောင်းပဲ။”

သူ၏ တပည့်သည် ကောင်းကင်နယ်မြေထဲတွင် ရှိနေသည့် လွီပု အား ယခုရက်ပိုင်းအတွင်း စိန်ခေါ်ကာ တိုက်ခိုက်လျက်ရှိကြောင်း သူသိရှိပြီးဖြစ်၏ ။ လုံလောက်သည့် အားအင်အဆင့်ကို သက်သေပြပြီးသည့်နောက် တစ်ဘက်လူ၏အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဆိုသည်မှာ အစစ်အမှန် တိုးတက်မှုပင်ဖြစ်၏။

ယခင်တုန်း ကဆိုလျင် ကုန်းရှန့်သည် အစစ်အမှန် ပျော်ရွှင်မည်မှာဖြစ်၏ ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မည်သည့်ခံစားချက်မရှိချေ။ အသိအမှတ်ပြုမှုကို ရရှိမည်ဆိုလျှင်တောင်မှ ပိုမိုကာ အားကောင်းလာရုံသာရှိ၏ ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်သည့် အားအင်အဆင့် ဖြစ်တည်လာခြင်း မဟုတ်ချေ။

“……”

စနစ် သည် ဆွံ့အသွားမိ၏ ။ “ဒီကောင်ကတော့ ကြာလေပိုဆိုးလေပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဘာမဆို မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်ဖို့အကြောင်းကို နှိုင်းယှဉ်စဉ်းစားနေရတာလဲ။”

“အင်း ……လွီပုက ပြောတယ်။”

ရီရှင်းချန် က ထပ်ပြောလိုက်သည်။ “တကယ်တမ်း တိုက်ခိုက်မည်ဆိုရင် သူ့ကို ဆင့်ခေါ်နိုင်တယ်တဲ့။”

“ဘာ………”

ကျွင်းချောင်ရှောင်း သည် မျက်လုံးပြူးသွား၏ ။

ရီရှင်းချန် သည် အသာလှည့်ပြီးသည့်နောက် ခြေလှမ်းအနည်းငယ် လျှောက်လာ၏။ ပြီးနောက် အလွန်ကျယ်ပြောလှသော တည်နေရာကြီးတစ်ခုတွင် လှမ်းတက်လိုက်၏ ။ ညာဘက်လက်ကိုမြှောက်ကာ အော်ဟစ်လိုက်သည် “ထွက်ခဲ့”

ဝှီ……..ဝှစ်…………ဝှစ်…………..

အသံထွက်ပေါ်လာစဉ်မှာပဲ ရုတ်တရက် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာခဲ့၏ ။

“ဘာတွေဖြစ်ကုန်တာလဲ။”

ကျွင်းချောင်ရှောင်း သည် လက်ကိုမြှောက်ကာဖြင့် တိုက်ခိုက်လာသည့်လေများကို အသာကာဆီးကာ ရှေ့သို့ကြည့်လိုက်၏ ။

လေတိုက်နှုန်းများသည် တဖြည်းဖြည်းလျော့ကျလာခဲ့ပြီးသည့်နောက် ရီရှင်းချန် သည် တည်နေရာတစ်ခုတွင် မတ်တတ်ရပ်လျက်ရှိနေ၏ ။ ၎င်း၏အနောက်ထဲမှ လူတစ်ယောက်ကို သယ်ဆောင် ထားသည့် မြင်းတစ်‌ကောင် က ပေါ်ပေါက်လာခဲ့၏ ။ ဤလူသည် ပေ ၂၀ လောက် အရပ်ရှည်သော လူ တစ်ယောက်ဖြစ်သည်။ သားရဲမျက်နှာတည်ရှိသော ချပ်ဝတ်၊ ခရမ်းရွှေရောင် သရဖူနှင့် အနီရောင်ဝတ်စုံတို့ကို ဆင်မြန်းထား၏ ။ နောက်ကျောဘက်တွင် နဂါးလျှာလေးကြီးကို သယ်ပိုးထားပြီး လက်ထဲမှာတော့ ကောင်းကင်ပုဆိန်ကြီးကို ကိုင်ဆွဲထားခဲ့၏ ။ အကြည့်များသည် ဓားတစ်စင်း ကဲ့သို့ပင် ထက်ရှလွန်းလှ၏ ။

“လွီစစ်သူကြီး” ၊ ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိသည်။ လီချင်းယန်နှင့် တခြားသောသူတို့သည် သုံးပြည်ထောင် ဇာတ်လမ်းကို မဖတ်ဖူးသောကြောင့် လွီပု၏ အကြောင်းကို သေချာသိရှိလိမ့်မည်မဟုတ်ချေ။

ကုန်းရှန့်မှာ တော့ တရုတ်ပြည်မှလာရောက်သူဖြစ်သောကြောင့် လွီပုကို ကောင်းကောင်း သိလို့နေ၏ ။

“မင်းဘယ်သူလဲ။”

ကြက်သွေးရောင်အလင်းတန်းများ လွှမ်းခြုံခြင်းခံလိုက်ရသည့် လွီပုသည် အေးစက်စက် မေးမြန်းလိုက်သည် ။ “မင်း ငါ့၏ဘွဲ့နာမည်ကိုသိတာလား”

“ကျုပ်”

ကျွင်းချောင်ရှောင်း သည် ခဏရပ်တန့်လိုက်၏ ။ နိုင်ငံရပ်ခြားတွင် မိတ်ဆွေဟောင်းကြီး တစ်ယောက်နှင့် တွေ့ဆုံနေရသည်ဆိုသော ခံစားချက်မျိုးသည် သူ၏နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့၏ ။

ထို့ကြောင့် သူက ပြောလိုက်သည်။ “ခင်ဗျားနှင့် မူလအရင်းအမြစ်အတူတူပဲ။ ဒါပေမယ့် မတူညီတဲ့ ဂိုဏ်းက။”

မူလအရင်းအမြစ် တူညီခြင်းဆိုသည်မှာ တူညီသည့်မျိုးရိုးမှ ဆင်းသက်လာခြင်းကို ရည်ညွှန်း၏ ။

“ကောင်လေး”

လွီပု သည် နှာခေါင်းရှုံ့လိုက်၏ ။ “ငါ့ကို ဒီလိုနည်းလမ်းနှင့် အသုံးပြုပြီး မိတ်ဆွေဖြစ်ဖို့ မကြိုးစားနဲ့။ ဘာလို့လည်းဆိုတော့ ငါက အစောကြီးကတည်းက …”

သူသည် ရီရှင်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “သူရဲကောင်းဝိညာဉ်ပဠိညာဉ်ကို သူနဲ့ရေးထိုးပြီးသွားပြီ။”

“သူရဲကောင်းဝိညာဉ်ပဠိညာဉ် ဟုတ်လား။”

ကျွင်းချောင်ရှောင်း က ကြောင်အသွားမိ၏ ။ “ဒါဘယ်လို ဆိုလိုတာလဲ။”

လွီပုက ပြောလိုက်သည်။ “ကျုပ် က သူရဲကောင်းဝိညာဉ်ပဲ ။ သူကတော့ ကျုပ်ရဲ့ လက်ခံသူပဲ။ လက်ခံသူရဲ့ ရန်သူက ကျုပ်ရဲ့ရန်သူပဲ။ တကယ်လို့ လက်ခံသူ က တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ်တိုက်မယ်။”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏ ။

“ချီးထဲမှ……….”

စနစ် သည် မနေနိုင်ဘဲ ထပ်ကာ စောဒကတက်လိုက်မိ၏ ။ “အထဲမှာရှိတဲ့ အတွေ့အကြုံယူဖို့ တိုက်ခိုက်ရတဲ့ ဝိညာဉ်တွေက ဘယ်လိုဖြစ်ပြီးတော့ ဆင့်ခေါ်နိုင်တဲ့ သူရဲကောင်းဝိညာဉ်တွေ ဖြစ်သွားရတာလဲ”

All Chapters