အခန်း ၁၈၃၈
Vol. 123 Ch. 1838
အပိုင်း (၁၈၃၈)
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်း သည် ပြောလိုက်မိ၏။ “ဒါ နည်းနည်းရှုပ်တယ်”
ကောင်းကင် လျှို့ဝှက်နယ်မြေ၏ အသုံးပြုပုံအရဆိုလျှင် လက်နက်ပစ္စည်း နှင့်လေကျင့်ဖော်လေ့ကျင့်ဖက်တို့သာ ဖန်တီးပေး နိုင်သည့် လျှို့ဝှက်နယ်မြေတစ်ခုဖြစ်၏။ အဘယ်ကြောင့် သူရဲကောင်းဝိညာဉ်တစ်ယောက်ကို ဆွဲထုတ်၍ ရနိုင်သနည်း။
“ကြည့်ရတာ ငါတစ်စုံတစ်ခုကို နားလည်သွားသလိုပဲ” စနစ်ကပြောလိုက်သည်။
“ဘာကိုနားလည်တာလဲ” ကျွင်းချောင်ရှောင်း သည် အလောတကြီးဖြင့် ပြန်မေးလိုက်မိ၏။
စနစ်သည် ရှင်းပြလိုက်သည်။ “အထဲမှာရှိတဲ့ သူရဲကောင်းဝိညာဉ်တွေက ဆုလာဘ်အမျိုးအစားတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီဆိုတာနဲ့ တပည့်တွေနဲ့အတူတူ တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မယ်”
“ဒါဆိုရင် ငါကကော ဘယ်လိုဖြစ်တာလဲ”
သူသည် အထဲတွင်ရှိသော သူရဲကောင်းဝိညာဉ်ဖြစ်သည့် မျောက်ဘုရင်ကြီးကို ဆင့်ခေါ်နိုင်စွမ်းရှိနေခဲ့၏။ မဟုတ်သေးပေ။ ဤအရာမှာ ဆင့်ခေါ်ခြင်းမဟုတ်ပေ။ ခန္ဓာကိုယ်ကို ဝင်စီးသွားခြင်းသာဖြစ်၏။ ရီရှင်းချန်၏ လွီပုနှင့် ခြားနားလို့နေခဲ့၏။
“ဘာတွေ ဒီလောက်ဂရုစိုက်နေတာလဲ”
စနစ်က ပြောလိုက်သည်။ “မလိုအပ်တဲ့အရာတွေကို မစဉ်းစားနဲ့အုံး။ နောက်တော့ တဖြည်းဖြည်းနဲ့ သိလာနိုင်တယ် မဟုတ်လား”
“ဒါကတော့ ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် ဉာဏ်အလင်းရသွားမိ၏။ ကောင်းကင်လျှို့ဝှက် နယ်မြေထဲတွင် မည်သည့် လျှို့ချက်များ ရှိသည်ဖြစ်ဖြစ် ကိစ္စမရှိချေ။ တပည့်များအနေနှင့် တိုက်ခိုက်ရာတွင် သူရဲကောင်းဝိညာဉ်များကို ဆင့်ခေါ်နိုင်သည်ဆိုခြင်းအားဖြင့် အားအင်အဆင့်သည် ကျိန်းသေပေါက် တိုးတက် သွားပေလိမ့်မည်။၊ ထိုအရာကို သူအဘယ့်ကြောင့် မနှစ်သက်ဘဲ နေရမည်နည်း။
“ရှင်းချန်”
ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။ “သူက အားကောင်းလား”
တဖက်လူသည် သူရဲကောင်းဝိညာဉ် ပဋိညာဉ်ကို ရေးထိုးထားခဲ့သည် ဖြစ်သောကြောင့် အကူအညီ ရယူနိုင်စွမ်းရှိမှာ သေချာ၏။ ထို့ကြောင့် သူသည် ဂရုတစိုက်နှင့်မေးမြန်းလိုက်၏။
“ကောင်လေး”
ထိုအချိန်မှာတော့ လွီပုသည် သူ၏ ပုဆိန်ကြီးကို မြှောက်ကာ အေးစက်စက် မေးမြန်းလိုက်သည်။ “မင်း ငါ့ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေတာလား”
ပုံပန်းသွင်ပြင်ကို ကြည့်ရှု့ရမည်ဆိုလျှင် ၎င်းသည် တိုက်ခိုက်ချင်စိတ် ရှိပုံပေါ်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာပြောလိုက်၏။ “တိုက်ခိုက်ချင်လို့လား”
“အင်း”
“အဆုံးထိ တိုက်ခိုက်ပေးရမှာပေါ့”
……….
အဓိကတောင်ထွတ်၏ ဟောခန်းအပြင်ဘက်မှာတော့ လွီပုသည် အနီရောင်မြင်းကိုစီးရင်း ရီရှင်းချန် ၏ အနောက်တွင် မတ်တပ်ရပ်လျက်ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်၊ လက်နက် အရာအားလုံးတို့သည် အနီရောင်မီးတောက်များနှင့်လွှမ်းခြုံကာ ကြည့်ကောင်းလွန်းလှချေသည်။
“ချီးတဲ့မှ”
စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး အပြင်ကို ထွက်လာရတာလဲ”
အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လွီပုကိုသိပ်ပြီး မမှတ်မိချေ။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ဟန်ပန်အမူအရာနှင့် အသွင်အပြင်များကို ကြည့်ရှု့ရမည်ဆိုလျှင် မတူညီသည့် လူနှစ်ယောက်ကဲ့သို့ပင် ဖြစ်နေသောကြောင့်ပင်။
“ဂျူနီယာ ညီလေးရီက သူ့ကို အနိုင်ယူနိုင်ခဲ့တယ်လို့ ကျုပ်ကြားခဲ့တယ်” လီဖေးက ပြောလိုက်၏။
“အဲလိုလား” စုရှောင်မိုသည် မျက်လုံးပြူးသွားမိသည်။
လီချင်းယန် သည် လက်ပိုက်ကာဖြင့် လေးလေးနက်နက် အမူအယာဖြင့် ပြောလိုက်၏။ “သူ့ကို စိန်ခေါ်တဲ့ အချိန်တုန်းက ဘာလက်နက်မှ မရှိတာတောင် အရမ်းအားကောင်းနေပြီ။ အခု လက်နက်ပြည့် ဝတ်ဆင်ထားတယ်ဆိုတော့ သူဘယ်လောက်အားကောင်းမလဲ သိချင်လိုက်တာ”
“လာခဲ့”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “မစောင့်နိုင်တော့ဘူး”
ပြောပြီးသည့်နောက်သူသည် ထိုင်ခုံပေါ်အသာမှီချလိုက်၏။
နေဉီး။ သူသည်တစ်ဖက်လူနှင့် တိုက်ခိုက်မည် မဟုတ်လား။ အဘယ့်ကြောင့် ထိုင်ခုံပေါ်တွင် ထိုင်နေရသနည်း။
မြင်ကွင်းကို သေသေချာချာကြည့်ရှု့ရမည် ဆိုလျှင် ကျွန်းချောင်ရှောင်း သည် အဓိက ဟောခန်းကြီးရှေ့ ထိုင်ခုံပေါ်တွင် ဇိမ်ကျကျနှင့် လှဲလျက်ရှိနေ၏။
လွီပုနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည့်သူမှာတော့ ခေါက်ရိုးကျိုးလျက်ရှိနေသည့် ဂိုဏ်းဝတ်စုံကို သေသေချာချာ ချွတ်လျက် ရှိနေသည့် ခရမ်းရောင်ဘုရင်ပင် ဖြစ်လေသည်။
“မဟုတ်သေးဘူး”
ဟောခန်းသခင်ကျိသည် စိတ်ထဲမှာ အော်ဟစ်လိုက်မိ၏။ “တိုက်ခိုက်ဖို့အတွက် တောင်းဆိုတာက ဂိုဏ်းချုပ်လေ။ ဘာလို့ငါက တိုက်ခိုက်နေရတာလဲ”
ဟူး .....။
ရုတ်တရက် ရီရှင်းချန် ၏ အကြည့်များသည် လေးနက်သွားခဲ့၏။ သူ၏နောက်တွင် ရှိနေသော သူရဲကောင်း ဝိညာဉ်လွီပု သည် လက်ခံသူ၏ ဝိညာဉ်နှင့်ပေါင်းစပ်ပြီးသည့်နောက် ချက်ချင်းပဲ မြင်းကို ရှေ့ဆီသို့ လှမ်းကာ ချီတက်လိုက်၏။ လက်ထဲမှာရှိသောပုဆိန်သည် လေဟာနယ်ကြီးကို ထိုးခွင်းသွားခဲ့ပြီး ကြက်သွေးရောင် အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်သည်။
ဟူး… ဟူး…
အော်ရာများသည် အလွန်အားကောင်းလွန်းပြီး အလင်းတန်းများသည် စူးရှလွန်းသောကြောင့် အားလုံးသော သူများမှာ မျက်စိပင်မဖွင့်နိုင်ခဲ့ကြချေ။
“ကောင်းကင်ဘုံ”
စုရှောင်မိုက ထအော်လိုက်၏။ “ဒါအရမ်းကို အားကောင်းတယ်”
ဘုန်း..
ချက်ချင်းပဲ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုသည် လေ့ကျင့်ရေးကွင်းပြင်ဆီမှ ထွက်ပေါ်လာခဲ့၏။ ဖုန်များသည် တိမ်များကဲ့သို့ တလိမ့်လိမ့်နှင့် ဖြစ်တည်လာခဲ့သည်။
လီချင်းယန် နှင့် တခြားသောသူများအားလုံး တို့သည် နောက်သို့ ဆုတ်ခွာလာခဲ့သည်။ ၎င်းတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။
ဝတ်စုံပြည့် ဝတ်ဆင်ထားခဲ့သည့် လွီပုသည် အမှတ်တမဲ့ တိုက်ခိုက်လိုက်သည် ဆိုလျှင်တောင်မှ အလွန် ကြမ်းတမ်းလွန်းသည့် အားအင်များကို ထုတ်ဖော်နိုင်စွမ်းရှိနေသည်။
“ဟောခန်းသခင်ကျိ”
ဝှစ်
ထိုအချိန်မှာတောင် ခရမ်းရောင်အရိပ်တစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး ကွင်းပြင်၏ ရှေ့တွင် မြဲမြဲရပ်လျက်ရှိသည်။ ခရမ်းရောင်ဘုရင်သည် လက်ပိုက်လျက်ရှိနေပြီး သူ၏ ခရမ်းရောင်ဆံနွယ်များမှာတော့ လေထုထဲတွင် လွင့်မျောနေ၏။ မျက်နှာပြင်တစ်ခုလုံးသည် တင်းမာ ခက်ထန်လျက်ရှိ၏။
လက်ရှိအခြေအနေ၌ ဂိုဏ်း၏အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် အဆင့်ချိုးဖျက်လျက် ရှိနေ၏။ ခရမ်းရောင်ဘုရင်သည်လည်း အားအင်အဆင့်၌ အလွန်တရာတိုးတက်လာခဲ့ချေသည်။
သူသည် လက်ရှိအခြေအနေမှာတော့ နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကျိန်းသေပေါက် တိုက်ခိုက်နိုင်သော စွမ်းအင်ကို ပိုင်ဆိုင်နေပြီဖြစ်၏။ သို့ပေမယ့် လွီပု ၏ တိုက်ခိုက်ချက် များကို ထိပ်တိုက်ရင်ဆိုင်သည့်နေရာမှာတော့ သူသည် အနည်းငယ် အံ့အားသင့်လို့နေခဲ့မိ၏။
ဆွစ်
ရီရှင်းချန်သည် လက်ပိုက်ကာဖြင့် အေးစက်စက်ပြောလိုက်သည်။ “ကောင်းကင်ထွင်းဖောက်ခြင်း၊ နေနဲ့လ ထွင်းဖောက်ခြင်းမြား”
ပြောပြီးပြီးခြင်းမှာပဲ မြင်းနီရောင်ကို စီးနင်းထားသော လွီပု သည် လေထုထဲသို့ ခုန်တက်ပြီးသည့်နောက် သူ၏နောက်ကျောလက်တွင် ရှိနေသော နဂါးလျှာ လေးကြီးကို ထုတ်ယူလိုက်၏။ လေးညှို့ကိုဆွဲယူ ပြီးသည့်နောက် အနီရောင်အလင်းတန်းများသည် မြားများအဖြစ် ဖြစ်တည်လာခဲ့၏။
ဝှစ် ….
“မကောင်းတော့ဘူး”
ခရမ်းရောင်ဘုရင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ ဂုဏ်သိက္ခာနှင့် ပုံပန်းသွင်ပြင်ကို ဂရုမစိုက်နိုင်ခဲ့တော့ချေ။ ခွေးတစ်ကောင်ကဲ့သို့ပင် ဘေးတစ်ဖက်သို့လှိမ့်ကာ ရှောင်နေရသည်။
ဘုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ မြားများ ကျဆင်းလာခဲ့၏။ အောက်တွင် ခင်းထားသည့် များပြားလှသော ကျောက်ချပ်များသည် ကွဲကြေကုန်ခဲ့၏။ ပေအနည်းငယ်ကျယ်ဝန်းလှသော တွင်းကြီးများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။
ရှောင်ရှားလိုက်နိုင်ပြီဖြစ်သော ခရမ်းရောင်ဘုရင်သည် လူကို အသာလှည့်ကာဖြင့် ကြည့်ရှု့လိုက်သည်။ သူ၏ နဖူးစပ်တွင် ချွေးစေးများ ပြန်လျက်ရှိသည်။
“နေနဲ့လ ထွင်းဖောက်ခြင်းမြား။ နေနဲ့လ ထွင်းဖောက်ခြင်းမြား”
ရီရှင်းချန် သည် ဆက်တိုက်ဆိုသလိုပဲ လက်စည်း သင်္ကေတများကို ပြုလုပ်နေ၏။
ဝှစ်… ဝှစ်…
လေထုထဲတွင် ရှိနေသည့် လွီပုသည် ဆက်တိုက် ဆိုသလိုပဲ လေးကြိုးကို ဆွဲကာ မြားများ တစ်စင်းပြီး တစ်စင်း ပစ်လွှတ်နေလေ၏။
ဘုန်း…ဘုန်း….
အလွန်များပြားလှသော မြားများ ရောက်ရှိလာသည့်အချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ဆက်တိုက် ဆိုသလိုပဲ ရှောင်ရှားနေရသည်။ သူ၏ လှုပ်ရှားမှု ပုံပန်းသွင်ပြင်သည် ကြည့်မကောင်းလှသော်လည်း အနည်းဆုံးတော့ ရှောင်ရှားနိုင်စွမ်း ရှိနေသည်။
“အင်း.. ဒီကောင် ဒီတိုင်း ဆက်တိုက် အော်နေဦးမှာလား။ ဒါဆို တဖက်လူကလဲ ဆက်တိုက် ပစ်နေတော့ မှာပေါ့”
တစ်ခါတည်း မြားဆယ်ချောင်းကျော် ပစ်လွှတ်ပြီးသည့်နောက် လွီပုသည် လေးကို သိမ်းကာဖြင့် ကောင်းကင် ပုဆိန်ကြီးကို လက်နှစ်ဖက်နှင့်ကိုင်ကာ ရှေ့သို့ တိုးဝင်လာခဲ့၏။ သူသည် အထက်မှနေ၍ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်၏။
“ချီးတဲ့မှ”
ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သော ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်ဆီမှ ခရမ်းရောင်အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ သူသည် ပန်းရောင်လက်ဝှေ့အိတ်ကြီးကို ဝတ်ဆင်ထားခဲ့ပြီး သူ့ဆီသို့ ကျဆင်းလာခဲသည့် စွမ်းအင်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“မင်းအရမ်းလွန်နေပြီ”
ဟောခန်းသခင်ကျိ ဘယ်သူဖြစ်သည်ကို အားလုံးက မေ့ကောင်းမေ့နေနိုင်၏။
မှန်ပေသည်။ ဟောခန်းသခင်ကျိသည် နတ်ဘုရားသားရဲအမျိုးအစားဖြစ်သော ခွန်သားရဲပင် ဖြစ်လေ၏။ ၎င်းသည် ဒေါသထွက်နေသည့်အချိန်တွင် အလွန်ကြီးမားလွန်းလှသော တိုက်ခိုက်ခြင်းစွမ်းအင်များကို ထုတ်ဖော်နိုင်စွမ်းရှိသူလည်းဖြစ်သည်။
ဝှစ်.. ဝှစ်….
ကောင်းကင်ပုဆိန်ကြီးသည် အလွန်ကြမ်းတမ်းလှသော လှိုင်းများနှင့်အတူ ကျဆင်းလာခဲ့၏။ ပန်းရောင် လက်ဝှေ့အိတ်နှင့် တိုက်ရိုက်ထိမှန်သည့် အချိန်မှာတော့ ကျယ်လောင်လှသော အသံကြီးသည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးဆီသို့ ပြန့်နှံ့သွားခဲ့၏။ ပတ်ဝန်းကျင်တွင်ရှိနေသော လေဟာနယ်ကြီးတစ်ခုလုံး သည်လည်း ပြိုလဲကုန်၏။
ဘုန်း…
ကြက်သွေးရောင်နှင့် ခရမ်းရောင် စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံသည့် အချိန်မှာတော့ နျူကလီးယားဗုံးကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ လှိုင်းများ တလိမ့်လိမ့်နှင့် ဖြစ်တည် လာခဲ့သည်။
“မဟုတ်ဘူး” လီချင်းယန် သည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ပျက်လက်ပျက်ကြည့်နေမိသည်။ လက်ရှိအခြေအနေမှာတော့ လွီပုနှင့် ဟောခန်းသခင်ကြီးတို့ မည်သူအနိုင်ရသည်ဖြစ်သည်ကို သူ ဂရုမစိုက် တော့ချေ။ သူ ဂရုစိုက်သည်မှာ သူခင်းထားသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်ရှိ ကျောက်ချပ်များပင်ဖြစ်၏။
“သွားပြီ။ အရာအားလုံးက သွားပြီ”
ပျံ့နှံ့လျက်ရှိနေသော လေလှိုင်းများ တဖြည်းဖြည်းနှင့် အားနည်းလာခဲ့၏။ သူ ကြိုးကြိုးစားစား ဖန်တီးပြုလုပ်ထားခဲ့ရသည့် အဆင့်မြင့်သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကြီးတစ်ခုလုံးတွင် ကြီးမားလှသည့် တွင်းကြီးက အစားထိုးနေရာယူထား၏။ အုတ်ချပ်များအားလုံးသည် အမှုန့်အဖြစ်သို့ပင် ပြောင်းလဲနေသည်။
………..
စုရှောင်မို နှင့် အခြားသောသူများအားလုံးသည် ဆွံ့အလျက်ရှိ၏။ သူတို့သည် ရီရှင်းချန်၊ လွီပု နှင့် ခရမ်းရောင် ဘုရင်တို့ဆီ လှမ်းကာကြည့်ရှု့လိုက်၏။ သုံးယောက်လုံးသည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မတ်မတ်ရပ်နေ၏။ အချိန်တွေ ရပ်တန့်နေသကဲ့သို့ပင်။
“အထင်ကြီးစရာပဲ”
ခဏလောက် ကြာပြီးသည့်နောက် ဟောခန်းသခင်ကျိသည် သူ၏ ပန်းရောင် လက်အိတ်ကြီးကို ချွတ်ကာ လက်မထောင်ပြလိုက်သည်။ ပြီးနောက် ကျယ်လောင်သော ဘန်း ဟုသည့် အသံနှင့်အတူ မြေပေါ်သို့ လဲကျသွားခဲ့သည်။ မျက်လုံးများသည် ချာချာလည်လျက်ရှိနေ၏။ မနက်ခင်းတုန်းက သောက်ထားသည့် ပဲနို့များပင်လျှင် ပါးစပ်ထဲမှ ပြန်ထွက်လျက်ရှိ၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လက်ခုပ်တီးလိုက်သည်။ သူ၏ မျက်နှာပေါ် တွင်တော့ စိတ်ကျေနပ်သည့် အမူအရာများ ပြည့်နှက်လျက်ရှိ၏။ ဟောခန်းသခင်ကျိကို ဤကဲ့သို့သော အခြေအနေမျိုးဖြစ်အောင် ရိုက်နှက်နိုင်သည် ဆိုခြင်းမှာ လွီပု ၏ တိုက်ခိုက်ခြင်းစွမ်းရည်သည် အလွန်အားကောင်းသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်၏။ ထိုကဲ့သို့သောသူမျိုးဖြင့် ပဋိညာဉ်ရေးထိုးနိုင်သည် ဆိုသောကြောင့် ရွှေလက်ချောင်းကြီးတစ်ခု ရရှိသည်နှင့် ဆင်တူပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာတော့ ရှန့်ကွမ်းရှင်းရောင်၏ အသံသည် နားထဲသို့ ပေါ်ပေါက်လာခဲ့၏။ “ဘာမှန်းမသိတဲ့ ပျံသန်းနိုင်တဲ့အရာတစ်ခုက မြေပုံပေါ်မှာ ပေါ်လာတယ်။ တစ်ခုပြီးတစ်ခုပဲ။ ဒီအရာတွေကို ကြည့်ရတာ ကြယ်တာရာစိတ်ဝိညာဉ်လောက က ရွက်သင်္ဘောတွေနဲ့ ဆင်တူနေတယ်”
“ဟမ်..” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထာဝရရွက်သင်္ဘောဆီသို့ ပြန်လာခဲ့လိုက်သည်။
စုရှောင်မိုနှင့် တစ်ခြားသောသူများ အားလုံးသည် ဟောခန်းသခင်ကျိကို ဆေးဟောခန်းဆီသို့ ခေါ်ဆောင် သွားခဲ့ပြီးဖြစ်၏။
လိုက်ပါပို့ဆောင်သည့်သူများ ဆေးဟောခန်းထဲမှ ထွက်ခွာသွားသည့်အချိန်မှာတော့ အိပ်ယာပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် ဟောခန်းသခင်ကျိသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူသည် ကြိတ်ကာ ပျော်ရွှင်လျက်ရှိသည်။
“ကံကောင်းလို့ ငါမေ့ချင်ယောင်ဆောင်နိုင်တာပဲ။ မဟုတ်ရင် ဘယ်လောက်တောင် ကံဆိုးလိုက်မလဲမသိဘူး”