← Chapters

အခန်း ၁၈၄၀

Vol. 123 Ch. 1840

အခန်း ၁၈၄၀

Vol. 123 Ch. 1840

အပိုင်း (၁၈၄၀)

အဘိုးကြီးသည် မိမိဝိညာဉ်ကို ဖောက်ခွဲ ဖျက်စီးပြီးသည့်နောက် ရန်သူတစ်ထောင်ကျော်တို့ကိုပါ တစ်ခါတည်း ခေါ်ဆောင်သွားခဲ့၏။

အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များသည် တိုက်ပွဲတည်နေရာထဲသို့ ရောက်ရှိလာသည် ဆိုလျှင်တောင်မှ အဘိုးကြီးတစ်ယောက် သူ့ကိုယ်သူ စတေးမည့် အကြံအစည်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။

"စီနီယာ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ အနားယူပါ" ကျွင်းချောင်ရှောင်းသည် နဂါးလျှာ လေးကြီးကို ကိုင်ဆွဲရင်း အသာပြောလိုက်၏။

အဘိုးကြီးသည် လက်ရှိအချိန်မှာတော့ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူသည် မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးရန် ရွေးချယ်ခဲ့၏။ သူ၏ ဒဏ်ရာများသည် အလွန်လေးနက်လွန်းလှ၏။ ဆက်လက်ကာ တောင့်ခံနိုင်တော့ချေ။ မည်သို့ပင် ဆိုဆိုသူသည် သေဆုံးရတော့မည့်နည်းတူ မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးပြီး ရန်သူများကို မိမိနှင့် တစ်ခါတည်း ခေါ်ဆောင်သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

ထိုအခြင်းအရာသည် ကြီးမားသည့် အကျိုးသက်ရောက်မှုကို မဖြစ်စေသော်လည်း ကျွင်းချောင်ရှောင်းကိုတော့ လွှမ်းမိုးစေခဲ့တော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤနေရာသို့ လာရောက်ကာ ကျူးကျော်ကြသောသူများကို သူကျိန်းသေပေါက် သတ်ဖြတ်ပစ်ရတော့မည်။

ဟမ်

မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသည် ချက်ချင်းပဲ ကျွင်းချောင်ရှောင်းကို နောက်လှည့်ကာ ကြည့်ရှုလိုက်ကြ၏။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

အဓိကရွက်သင်္ဘောပေါ်ရှိ ခေါင်းဆောင်သည် သူ၏လက်များကို အသာစုစည်းကာဖြင့် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် လူများကို ကြည့်ရှုလိုက်ကြ၏။ သူသည် အေးစက်စက် ပြုံးလိုက်သည်။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာက ဒီလောကကြီးကို ဖျက်စီးပြီးရင် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီ သွားဖို့ အမိန့်ပေးခဲ့တယ်။ ငါတို့ အဲဂိုဏ်းကို သွားဖျက်ဆီးရမှာပဲ မဟုတ်လား။ ဒီမှာလာတွေ့လိမ့်မယ်လို့ မထင်မိဘူး"

ဆွစ်

ကျွင်းချောင်ရှောင်းသည် နဂါးလျှာ လေးကြီးအား ရီရှင်းချန်ဆီသို့ ပြန်လည်ကာ ပေးအပ်ပြီးသည့်နောက် စည်းဓားမော့ကြီးကို ၎င်း၏ သိုလှောင်လက်စွပ်ထဲမှ ပြန်လည်ကာ ထုတ်ယူလိုက်သည်။

အချိန်ကို တွက်ချက်ရလျှင် ဤလက်နက်ကို နောက်ဆုံး အသုံးပြုရသည်မှာ နဂါးလေးတစ်ယောက် နဂါးတိုင်ပေါ်တွင် သံနှင့် အရိုက်ခံထားရသည့် အခြေအနေတွင် ဖြစ်သည်။

အဘယ့်ကြောင့် ထုတ်ဖော် အသုံးမပြုရသနည်း။ စည်းအဆောင် မရှိသောကြောင့်လား။

မဟုတ်ပေ။ သူ့၌ စည်းအဆောင် နှစ်ခု ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို ထုတ်ဖော် အသုံးမပြုခဲ့ချေ။ အထက်နယ်မြေဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် စည်းဓားမော့ကြီးသည် အလွန်ပဲ အားနည်းနေသည်ဟု သူကခံစားမိ၏။

"ကောင်လေး"

ခေါင်းဆောင်သည် အရုပ်ဓားလေးကို ဂရုပင် မစိုက်ချေ။ "ပြိုင်စံရှားဂိုဏ်းမှာ မင်းရဲ့ရာထူးက ဘာလဲ"

"ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"

ကျွင်းချောင်ရှောင်း၏ အဖြေသည် အမှန်ပင် တည်ငြိမ်လျက် ရှိနေ၏။ ဟောင်လွန်းသောခွေးသည် မကိုက်ချေ။ ထို့အတူ ကိုက်လွန်းသော ခွေးသည်လည်း မဟောင်ချေ။ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်လျက် ရှိနေသည့် ကုန်းရှန့်သည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင် ဖြစ်သည်။

"မင်းက ဂိုဏ်းချုပ် ဟုတ်လား"

အဓိကရွက်သင်္ဘောတွင် ထိုင်လျက်ရှိနေသော ခေါင်းဆောင်သည် ကြောင်အသွားခဲ့ကြ၏။ တာဝန်ကျထားသော ဂြိုဟ်ကို ဖျက်ဆီးပြီးသည့်နောက် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ အပြင်ဖက်တွင် စုဝေးရမည်ဟု မိုးကောင်းကင် အင်ပါယာက အမိန့်ပေးထားခဲ့၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းကို သွားရောက်ကာ ဖျက်စီးရမည် ဖြစ်သည်။

ဘာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ ဤဂိုဏ်း၏ အားအင်အဆင့်သည် သာမန်ထက် ပိုသည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်၏။ သူတို့အနေဖြင့် တစ်ဖက်လူများကို အနိုင်ယူချင်ပါက ကြိမ်းသေပေါက် အားအင်အဆင့်များကို စုစည်းထားရန်လည်း လိုအပ်နေ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရိုးရှင်းလှသည့် လူမဟုတ်ကြောင်း သက်သေပြနေ၏။ မဟုတ်ပါက မိုးကောင်းကင် နတ်ဆိုးအင်ပါယာအနေဖြင့် တစ်ဖက်လူကို ဂရုပင် စိုက်နေလိမ့်မည် မဟုတ်ချေ။

"ခေါင်းဆောင်"

ဒုတိယခေါင်းဆောင်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။ "အခြေအနေက သိပ်ပြီးမကောင်းဘူး"

ခေါင်းဆောင်သည် နားလည်လိုက်မိ၏။ ယခုအချိန်မှာတော့ သူ၏မျက်နှာပေါ်တွင် အလွန်လေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ တစ်ဖက်လူသည် ဂိုဏ်းချုပ်ဖြစ်ကြောင်း ကြားလိုက်ရချင်းမှာပဲ သူသည် ချက်ချင်းလေးနက်သွားခဲ့၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာာ၏ ကိုယ်ပွားနှင့် တိုက်ခိုက်နိုင်သောကြောင့် တစ်ဖက်လူသည် အားနည်းလှသည့် လူတစ်ယောက် မဟုတ်ချေ။

"ဒီနေ့မှာ မင်းတို့အားလုံးကို သေမိန့်ပေးမယ်"

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံ့ရင်း လေဟာနယ်ထဲသို့ လျှောက်ထွက်လာခဲ့၏။

ရှလွမ်

ဓားထုတ်သည့် အသံသည် ထွက်ပေါ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓာတ်သဘာဝများနှင့် ဖုံးလွှမ်းသွားခဲ့ပြီး အနက်ရောင် ဝတ်စုံတစ်ခုက သူ၏ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာ၏။ ကြီးမားလွန်းလှသည့် တံစဉ်ကြီးသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာ၏။

ရှင်းပြနေစရာ မလိုချေ။ သူသည် စည်းဓားမော့ကြီးကို စည်းဖွင့်ပြီးသည့်နောက် အားလုံးသောသူတို့၏ သေမင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အလွန်အားကောင်းလှသော စွမ်းအင်များသည် ချုပ်နှောင်ခြင်း စွမ်းရည်အဖြစ် ဖြစ်တည်နေခဲ့၏။ ထိုအရာနှင့် ထိတွေ့မိသည့် စစ်သည်များသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကြသည်။

"မဟုတ်တော့ဘူး"

အားလုံးတို့သည် အလန့်တကြားနှင့် ထာကာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့သည် သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် ချုပ်နှောင်ခြင်းစွမ်းရည်များကို ခုခံရန် ကြိုးစားလိုက်၏။ မကြာခင်မှာပဲ ထိုအရာများကို တွန်းခံနိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

စည်းဓားမော့ကြီး၏ အားနည်းချက်သည် ယခုအချိန်တွင် ပေါ်ပေါက်လာပြီ ဖြစ်၏။ အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော သူများကို ထိန်းချုပ်ထားရန် ဆိုသည်မှာ ခက်ခဲလွန်းသည်။

ဟုတ်ပေသည်။ အားလုံးသောသူတို့မှာ များပြားလွန်းလှ၏။ ကျွင်းချောင်ရှောင်းပင်လျှင် ထိုသူများကို မထိန်းချုပ်ထားနိုင်ချေ။ တည်နေရာတစ်ခုကို ရွေးချယ်ပြီး ထိုသူများကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သွားရုံသာရှိ၏။

သူ၏ ရည်ရွယ်ချက်သည် အမှန်ပင် ရိုးရှင်းလွန်းလှသည်။ တစ်ချို့သော ချုပ်နှောင်ခြင်းကို ပြုလုပ်ထားနိုင်ပါက သူ၏ တပည့်များသည် ရောက်ရှိလာကာ တိုက်ခိုက်နိုင်သေး၏။ စည်းဓားမော့ကြီး၏ စတုတ္ထမြောက် ပုံစံသည် ဤနေရာတွင် အသုံးမဝင်လှသော်လည်း တပည့်များအနေဖြင့် ထိုအရာကို အခွင့်ကောင်းယူကာဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

"သတ်ကြတော့"

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ အသံသည် သူ၏ ရင်ခေါင်းထဲမှ ထွက်ပေါ်လာသကဲ့သို့ပင်။ ပြိုင်စံရှားဂိုဏ်းရှိ တပည့်များနှင့် အထက်ပိုင်း အကြီးအကဲတို့သည် ချက်ချင်းပဲ လှုပ်ရှားခဲ့ကြသည်။ အလင်းတန်းများသည် တစ်ခုပြီးတစ်ခု အပြင်ဖက်သို့ ထွက်ပေါ်လာခဲ့၏။

"သေစမ်း"

ဆွစ်

နတ်ဆိုးချီများသည် ကောင်းကင်ယံထက်၌ ပေါက်ကွဲထွက်လာပြီး ကြီးမားသည့်လက်ကြီးများအသွင်သို့ ပြောင်းလဲကာ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာ၏။ ဤခေါင်းဆောင်၏ အဆင့်သည် သာမန်ထက် ပိုလှ၏။ သူသည် နတ်ဘုရားလျို့ဝှက်နယ်မြေအဆင့်သို့ အစောကြီးကတည်းက ရောက်ရှိနေပြီ ဖြစ်သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် တံစဉ်အား ဝေ့ယမ်းပြီး ကြီးမားလွန်းသည့် လက်ကြီးအား နှစ်ပိုင်းအဖြစ်သို့ ပိုင်းဖြတ်လိုက်၏။ ပြီးနောက် သူသည် ကျန်းချီများကို စုစည်းကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။

နတ်ဘုရားလျို့ဝှက်အဆင့် နှစ်ယောက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း

ဟူး ဟူး ……

ဟီ .....။

ရုတ်တရက် အနီရောင်မြင်းကြီးသည် ထဟီလိုက်၏။ ရီရှင်းချန်သည် ထကာဖြင့် လူအုပ်ကြားထဲသို့ တိုးဝင်သွား၏။ သူ၏ နောက်မှာတော့ သူရဲကောင်းဝိညာဉ်အဖြစ် လွီပုက ပါဝင်လာ၏။

"သွားကြ သတ်ကြ"

ဝှစ် ဝှစ်

ယုစီနန်နှင့် အခြားသောသူများသည် ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွင့်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။

"မင်းကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ"

ခေါင်းဆောင်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အနည်းငယ် ထူးဆန်းလွန်းလှ၏။ ထို့ကြောင့် သူသည် သတိထားလျက် ရှိနေပြီး ရန်သူကို တစက်ကလေးမှ အထင်မသေးခဲ့ချေ။

သူတို့ဖက်တွင် လူထောင်များစွာ တည်ရှိနေ၏။ တစ်ဖက်တွင် လူတစ်ဒါဇင်ကျော်ခန့်သာ ရှိနေ၏။ ယခု ရူးရူးမိုက်မိုက် ဝင်ရောက်ကာ တိုက်ခိုက်နေခြင်းမှာ ကြက်ဥနှင့် ကျောက်တောင်ကို လာပေါက်နေခြင်းပင်။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ နတ်ဆိုးချီများသည် ပေါက်ကွဲထွက်ခဲ့၏။ ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးများသည် အေးခဲသွား၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော စစ်သည်များသည် သားရဲများကိုစီးကာ ထွက်လာသောကြောင့်ပင် ။

တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။

ကျုံးရီသည် သူ၏ဓားကို မြောက်ကာ အော်ဟစ်လိုက်၏။

"သတ်ကြ"

"သတ်မယ်၊ သတ်"

သားရဲစီးခန်းမဆီမှ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အဖွဲ့ဝင်များသည် ၎င်းတို့၏ သားရဲများကို စီးနှင်းကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။

လက်ထဲတွင် ရှိနေသော တိုက်ခိုက်ရေး ဓားများကို အသုံးပြုကာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူကြသည်။ ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသော ထိုက်ရွှမ်အဘိုးအို၏ မျက်နှာပေါ်တွင်တော့ ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ သားရဲစီးခန်းမဆီမှ ကျွမ်းကျင်သူများသည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသော သူများဖြစ်၏။ သို့ပေမဲ့ စကြာဝဠာ၏ စွမ်းအင်ကို လျစ်လျူရှုနိုင်စွမ်း ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့ ရွေ့လျားနိုင်သည့် အစီအရင်များကို ဖန်တီးထားခဲ့သည် မဟုတ်ပါလား။

စနစ်က ပြောလိုက်သည်။ "ထိုက်ရွှမ်အကြီးအကဲရှိနေတာ တကယ့်ကို ဆုလာဘ်ပဲ"

ဤနေရာတွင် သားရဲစီးခန်းမမှ လူများသာ ရှိသည်လား။ မဟုတ်ချေ။ ရောင်မုန့်ယဉ် ဦးဆောင်သော နတ်ဆိုးစစ်သည်များကလည်း ပါဝင်လျက် ရှိ၏။ ၎င်းတို့သည် လူတစ်သောင်းနီးပါးခန့်သာ ရှိသည်ဆိုသော်လည်း အားလုံးသည် သေသေချာချာ ရွေးချယ်ထားသည့် နတ်ဆိုးများသာ ဖြစ်ကြ၏။

ဘုန်း …. ဘုန်း ….။

စကြဝဠာ၏ အထက်ကောင်းကင်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ပထမခေါင်းဆောင်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေ၏။ ၎င်းတို့သည် နတ်ဘုရားလျို့ဝှက်နယ်မြေအဆင့်တွင် ရောက်ရှိနေကြသည့် စွမ်းအားရှင်များ ဖြစ်သောကြောင့် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးပင် ပြိုလဲကုန်လေသည်။

"နတ်ဆိုတစ်သောင်း ကခုန်ခြင်း"

ခေါင်းဆောင်သည် အချိန်မဖြုံးချင်ပုံပေါ်၏။ အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက် သူ၏ ဝှက်ဖဲတိုက်ကွက်များ ကို တိုက်ရိုက် ထုတ်ဖော် အသုံးပြုလေ၏။

ဝှစ်

နက်မှောင်လှသည့် နေရာကြီးတွင်တော့ တည်နေရာကြီးသည် ကွဲအက်လာခဲ့၏။ ပြီးနောက် ထူးဆန်းလွန်းလှသည့် မှင်ကဲ့သို့ ဓာတ်သဘာဝများသည် ဖြစ်တည်လာခဲ့ပြီး ဝိညာဉ်များ၊ တစ္ဆေများကဲ့သို့ပင် ပေါ်လာ၏။ ၎င်းတို့သည် ချွန်ထွက်လျက် ရှိနေသည့် လက်သည်းကြီးများကို ထုတ်ဖော်ကာဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ဝင်ရောက်လာကြသည်။

ဟား ဟား ဟား ဟား

၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ စကြဝဠာ တည်နေရာကြီးသည် ပြိုလဲလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် တည်နေရာမှာပင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ အမဲရောင် ဆံနွယ်များသည် လေမတိုက်ဘဲ လွင့်လျက် ရှိ၏။ သူသည် စည်းဓားမော့ကြီးကို အသာသိမ်းပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ပြီးသည့်နောက် မြန်မြန်ဆန်ဆန်ဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်၏။ တစ္ဆေသရဲပေါင်း တစ်ထောင်ကျော်တို့၏ အော်သံသည် သူ၏နောက်ဆီသို့ လိုက်ပါလာခဲ့၏။ အဝေးမှ ကြည့်ရှုရလျှင် သူ့အား အစအဆုံး အမဲဖြတ်ရန် လိုက်ပါလာခဲ့သည့် ပုံပင်။

"မကောင်းတော့ဘူး"

ခေါင်းဆောင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူသည် အသာလှည့်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အပေါ်သို့ ခုန်တက်သွားသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် သူ၏ လက်ဝါးကြီးနှင့် ရိုက်ချလိုက်တော့၏။

ဝမ် .....။

ရွှေရောင်အလင်းတန်းများသည် ထွန်းတောက်လာခဲ့၏။ ကြီးမားလွန်းလှသော ဗုဒ္ဓပုံရိပ်ယောင်ကြီးသည် လေထဲတွင် ထွက်ပေါ်လာ၏။ ရွှေရောင် လက်ဝါးရိုက်ချက်ကြီးသည် ထူးဆန်းလှသည့် အကျိုးသက်ရောက်မှုများကို ဖြစ်တည်စေခဲ့ပြီး သူ့ဆီသို့ ရောက်ရှိလာသော ဝိညာဉ်၊ သရဲတစ္ဆေပေါင်း တစ်သောင်းကျော်တို့ကို တစ်ခါတည်း သတ်ဖြတ်ပြစ်လိုက်တော့သည်။

All Chapters