← Chapters

အခန်း ၁၈၄၂

Vol. 124 Ch. 1842

အခန်း ၁၈၄၂

Vol. 124 Ch. 1842

အပိုင်း (၁၈၄၂)

ကျင်းဟီသည် ဦးခေါင်းကို ငိုက်ငိုက်စိုက်ပြီး သူမအိပ်ရာပေါ်တွင် ထိုင်လျက်ရှိနေ၏။ အခန်းတစ်ခုလုံးတွင် စိတ်ဓာတ်ကျသော အရိပ်အာဝါသများနှင့် ပြည့်နှက်လျက်ရှိနေတော့၏။ သူမသည် ကျွမ်းကျင်လွန်းလှသည့် စက်ရုပ်ထိန်းကျောင်းသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျရှုံးခဲ့ရ၏။

သူမကိုအပြစ်တင် ရမည်လား။ မဟုတ်ပေ။ သူမသည် အကောင်းဆုံးကြိုးစားပြီး ထိန်းချုပ်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ ကျွဲရိုင်းစက်ရုပ်အား ထိန်းသိမ်းစောင့်ရှောက်ထားမှုတွင် ပြဿနာတစ်ချို့ တည်ရှိနေသောကြောင့် စက်၏ အလုပ်လုပ်ပုံများသည် ပုံမှန်မဟုတ်ခဲ့ချေ။

ဤအခြေအနေကို ပြောင်းလဲပစ်ရန် နည်းလမ်းလည်းမရှိသောကြောင့် သူမသည် သူမ၏ အနားသို့ ချဉ်းကပ်လာသော ရန်သူများကို ဖြေရှင်းနိုင်ရန်အတွက် စက်ရုပ်ကြီးကို ဖောက်ခွဲနိုင်ရန် နည်းလမ်းကိုသာ အသုံးပြုခဲ့ရ၏။ တကယ်တမ်း ပြောရမည်ဆိုလျှင် ကျင်းဟီသည် အခက်ခဲဆုံးသော အခြေအနေမျိုးတွင် အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်ကာ ပြုလုပ်ခဲ့ခြင်းပင်ဖြစ်၏။

“ဟင်း”

မြောင်ရှောင်တောင်သည် အသာလျှောက်လှမ်းလာပြီးသည်နောက် ကျင်းဟီ၏ ပခုံးကို အသာ ပုတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်နားလည်ပါတယ် စီနီယာအစ်မ”

“မဟုတ်ဘူး”

ကျင်းဟီသည် သူမ၏ဦးခေါင်းကို မော့လိုက်၏။ မျက်ရည်များသည် မိုးလိုပဲကျဆင်းလျက်ရှိ၏။ သူမက အော်ဟစ်လိုက်၏။ “မင်းတို့ ဘယ်သူမှ ငါ့ကို နားမလည်ကြဘူး။ ဘယ်သူမှ နားလည်မှာမဟုတ်ဘူး”

လက်ရှိအခြေအနေမှာတော့ သူမသည် ကလေးတစ်ယောက်ကဲ့သို့ပင် ငိုယိုလျက်ရှိသည်။

ကျွင်းချောင်ရှောင်း သည် ဤမတော်တဆမှုကိစ္စအတွက် သူမအား အပြစ်မတင်ခဲ့ချေ။ သို့ပေမဲ့ ကျင်းဟီသည် သူမကိုယ်သူမ အပြစ်တင်လျက်ရှိ၏။ ဂိုဏ်းချုပ်သည် အခွင့်အလမ်း ပေးအပ်ခဲ့၏။ သို့ပေမဲ့ သူမသည် မတော်တဆမှုကို ပြုလုပ်ကာဖြင့် ပြန်လည်ပေးဆပ်ခဲ့၏။ ထိုအရာကို သူမလုံးဝလက်သင့်မခံနိုင်ချေ။

ဂိုဏ်းတစ်ခုလုံးတွင် ကျင်းဟီ သည် နံပါတ်တစ် စက်ရုပ်ထိန်းကျောင်းနိုင်သူ တစ်ယောက်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ဤကဲ့သို့ ကိစ္စရပ်မျိုး ဖြစ်ပေါ်သွားပြီးသည့်နောက် ကြီးကြီးမားမား တန်ပြန် ထိခိုက်မှုကို ခံစားရ၏။ စိတ်တစ်ခုလုံးသည် နာကျင်လျက်ရှိနေသည်။ သူမကိုယ်သူမ ထိုအရာနှင့်ပတ်သက်၍ အမြဲတမ်း ဂုဏ်ယူဝံ့ကြွားလျက်ရှိနေသူ တစ်ယောက်ဖြစ်သောကြောင့် ဖြစ်ပေါ်လာခဲ့သည့်အမှားအယွင်းကို လုံးဝ လက်သင့်မခံနိုင်သလို ဖြစ်လို့နေ၏။

ဂိုဏ်းချုပ် ခွင့်လွှတ်ပေးသည် ဖြစ်ဖြစ်၊ ခွင့်မလွှတ်ပေးသည်ဖြစ်ဖြစ် ဂရုမစိုက်လှချေ။ အဓိကအားဖြင့် သူမကိုယ်သူမ ခွင့်မလွှတ်နိုင်ခြင်းပင်။

ပြီးသည့်နောက်မှာတော့ ကျင်းဟီသည် စိတ်ဓာတ်ကျနေသည့် အခြေအနေဖြင့် အိမ်သာများကို ဆက်လက်ကာ ဆေးကြောနေလေ၏။ ယခင်တုန်းကသာဆိုလျှင် အိမ်သာဆေးနေရင်း တန်းလန်းနှင့်တောင်မှ ကျွဲရိုင်းစက်ရုပ်များကို မည်သို့မောင်းနှင်ရမည်ဆိုခြင်းကို စဉ်းစားတွေးတောလျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ မိမိကိုယ်ကို အပြစ်တင်စိတ်၊ နောင်တတရားများနှင့်အတူ အိမ်သာ ဆေးလျက်ရှိနေသည်။

ဂိုဏ်းတူရောင်းရင်းကောင်းတစ်ယောက်ဖြစ်သော မြောင်ရှောင်တောင်မှာတော့ သူမကို ထပ်လဲလဲ နှစ်သိမ့် ပေးရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် ခပ်ဝေးဝေးတည်နေရာတွင် မတ်တပ်ရပ်ပြီး အကူအညီမဲ့စွာဖြင့် ဦးခေါင်းကိုခါယမ်းခြင်းသာ ပြုလုပ်နိုင်၏။

ကျွင်းချောင်ရှောင်းသည် ထိုအဖြစ်အပျက်များအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်ဆိုသော်လည်း လာရောက်ကာ နှစ်သိမ့်ဆွေးနွေးမှုကို မပြုလုပ်ချေ။ သူအနေနှင့် အဘယ့်ကြောင့် ကျင်းဟီကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤတပည့်၏ စက်ရုပ်များအပေါ် ချစ်ခင်မြတ်နိုးစိတ်များသည် အလွန်အားကောင်း လွန်းလှသည်ဟု သူကအစောကြီးထဲကသိရှိပြီး ဖြစ်နေသောကြောင့်ပင်။ ကြီးမားသော အရာများကို ရရှိရန်အတွက် တစ်စုံတစ်ယောက်၏ စိတ်နှင့်အရိုး၊ ခန္ဓာကိုယ်အားလုံးတို့သည် နာနာကျင်ကျင်နှင် လေ့ကျင့်ရမည်ဟု သူကသတ်မှတ်ထားသည်။

“ဒင်.. တပည့်များသည် သက်ဆိုင်ရာတာဝန်များကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် ဂိုဏ်းဂုဏ်သိက္ခာ အမှတ် တစ်ရာကို ရရှိသည်။

“ဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၂၀၀၀၀”

စာကြည့်ခန်းထဲသို့ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ တာဝန် ပြည့်စုံသွားခဲ့သည့် သတိပေးသံကို ကြားလိုက်ရသည်။ သူသည် စနစ်၏ စတိုးကို လျှင်လျှင်မြန်မြန်ဖြင့် ဖွင့်လိုက်သည်။

“ဒီတော့”

စနစ်သည် အခွင့်အရေးကို အရယူကာဖြင့် ပြောလိုက်၏။ “လက်ခံသူအနေနဲ့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို တိုက်ခိုက်နိုင်မလာ၊ မတိုက်ခိုက်နိုင်ဘူးလားဆိုတာ စတိုးကို အမှီပြုရတော့မှာပဲ”

“.......”

ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် ချာချာလည်သွား၏။ သူသည် စတင်ကာ Refresh လုပ်လိုက်၏။

“ဟမ်”

ပထမဦးဆုံးအကြိမ် Refresh လုပ်ပြီးသည့်နောက်မှာတော့ “ရှောင်ထျန်းစက်ရုပ်” ဆိုသည့် စာတန်းအား ဒုတိယမြောက်အတန်း၏ တတိယနေရာ၌ မြင်လိုက်ရ၏။ သူသည် မိတ်ဆက်ကို နှိပ်ကာ ကြည့်ရှုလိုက်သည်။

“ပစ္စည်း - ရှောင်ထျန်းနတ်ဆိုးသတ်ဖြတ်ခြင်းဓား

မိတ်ဆက် - ရှောင်ထျန်းစက်ရုပ်။

အားအင်အဆင့် - တိုက်ခိုက်မှုစွမ်းရည်နှင့် ခုခံနိုင်မှုစွမ်းရည်တို့သည် ထိပ်တန်းဖြစ်သည်။

အားနည်းချက် - စွမ်းအင် အလွန်အကျွံ ကုန်ခမ်းခြင်း။

ဈေးနှုန်း - ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်း။

အဆင့် - အသုံးပြုသည့်သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင်မူတည်၍ ရှောင်ထျန်းစက်ရုပ်၏ စွမ်းရည်သည် အမျိုးမျိုး ကွဲပြားနေပေလိမ့်မည်”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ဈေးကွက်ထဲမှာ ဒါမျိုးတွေလည်းရှိတာပေါ့”

“အမှန်ပဲ”

စနစ်ကပြောလိုက်သည်။ “လက်ခံသူ တွေးမထားနိုင်တဲ့ အရာတွေလည်း ရှိတယ်”

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဝယ်ချင်စိတ်မရှိပေ။

“ဘာပဲပြောပြောဝယ်လိုက်”

စနစ်ကရှင်းပြလိုက်သည်။ “လက်ခံသူအနေနဲ့ နတ်ဘုရားလျှို့ဝှက်အဆင့်ကို ရောက်ရှိနေပြီဆိုကတည်းက ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေနဲ့ ဝယ်ယူလို့ရတဲ့ပစ္စည်းတွေက အရမ်းကောင်းတယ်ဆိုတာ သိရှိပြီးနေလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် တွေဝေလျက်ရှိနေ၏။ ထိုအချိန်မှာပဲ သူသည် ကျင်းဟီတစ်ယောက် ဂေါ်ပြားကို ပခုံးပေါ်တွင် ထမ်းတင်ကာ အသက်ဝိညာဉ်ကင်းမဲ့သလို လှမ်းလျှောက်ထွက်သွားသည်ကို မြင်လိုက်ရ၏။ သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ ဤတပည့်အတွက် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို သုံးလိုက်မယ်ဆိုလျှင်ရော ......။

ဘုတ်

ကျင်းဟီသည် သူမ၏အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် အိပ်ရာပေါ်သို့အားပြတ်စွာ လဲလျောင်းလိုက်၏။ မည်သို့မျှမတတ်နိုင်ဘဲ ကျွဲရိုင်းစက်ရုပ်ကြီးကို ဖောက်ခွဲခဲ့ရသည့်ခံစားချက်သည် သူမ၏နှလုံးသားတွင် ပြန်လည်ဖြစ်တည်လာ၏။ မျက်လုံးများသည် မျက်ရည်များဝိုင်းလာခဲ့ပြန်သည်။

“ငါအသုံးမကျဘူး။ ငါလုံးဝ အသုံးမကျဘူး။ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူရောင်းရင်းတွေကို စိတ်ပျက်စေခဲ့တယ်”

“စီနီယာ”

သူမအနေနှင့် သူမကိုယ်သူမအပြစ်တင်လျက်ရှိနေတုန်းမှာပဲ မြောင်ရှောင်တောင်သည် အခန်းရှေ့သို့ ရောက်ရှိလာကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်က အဓိကဟောခန်းထဲကို လာခဲ့ဖို့ပြောတယ်။ ကျုပ် စိုးရိမ်တာက...”

“အင်း”

ကျင်းဟီသည် သူမ၏ ဂိုဏ်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပြီးနောက်ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ်သွားတာက သွားရမှာပဲလေ”

သူမသည် အပြစ်ပေးခံရမည့် အပြစ်သားတစ်ယောက် လူသတ်ကုန်းဆီသို့ သွားရောက်ရသကဲ့သို့ပင် ခံစားနေမိ၏။

ဘုတ်

ခဏလောက်ကြာပြီးသည့်နောက် ကျင်းဟီသည် ပျက်ယွင်းနေသောမျက်နှာနှင့်အတူ အဓိကဟောခန်းရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်။

“ကျွန်မသိပါပြီ။ ကျွန်မမှားပါတယ်။ အပြစ်ကို ကျေကျေနပ်နပ်နဲ့လက်ခံပါမယ်”

ကျွင်းချောင်ရှောင်းတစ်ယောက် စကားပြောရန်ပြင်ဆင်လိုက်သည့်အချိန်မှာပဲ ကျင်းဟီသည် ချက်ခြင်းပဲ သူမ၏ အမှားကို ဝန်ခံခဲ့၏။ “ကျွန်မ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူရောင်းရင်းတွေကို စိတ်ပျက်စေခဲ့ပါတယ်။ ဒီတော့ အပြစ်ပေးမှုကို လက်ခံပါ တယ်”

“တကယ်တော့ .....”

“ကျွန်မသိပါတယ်”

ဘန်း

ကျွင်းချောင်ရှောင်းသည် ကျင်းဟီအား လက်သီးနှင့်ထိုးနှက်ကာ ဒေါသတကြီး အော်လိုက်၏။ “ငါစကားပြော နေတာကို ဖြတ်မပြောလို့မရဘူးလား”

ဝေါ့

မြေပေါ်တွင် လဲလျောင်းလျက်ရှိနေပြီး ပါးစပ်ထဲမှ အမြှုပ်တွေ ထွက်လျက်ရှိနေသည့် ကျင်းဟီသည် သွေးတလုတ် အန်ထုတ်ကာဖြင့် ခက်ခက်ခဲခဲပြောလိုက်သည်။ “ရ ... ရ ... ရပါတယ်”

.....

ဒွီး ဒွီး

ထာဝရရွက်သင်္ဘောကြီးတွင် သတိပေးသည့် အသံများထွက်ပေါ်လာခဲ့၏။ ကြယ်တာရာမြေပုံပေါ်တွင် အလင်းစက်များ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည်။

“ဂိုဏ်းချုပ်”

ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘော တွေကို ထပ်ပြီးတွေ့ပြန်ပြီ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းထဲတွင် ပေါ်ပေါက်လာ၏။ ပြီးနောက် သူသည် ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ကာ လက်များကို ယှက်ကာပြောလိုက်၏။ “ဒါဆိုရင် ဒီကောင်တွေဆီက လုရတာပေါ့”

ဂြိုဟ်တစ်ခု၏ အပြင်ဘက်တည်နေရာတွင်တော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ရွက်သင်္ဘော နှစ်ဆယ် စင်းတို့သည် လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသည် နောက်ဆုံး သတင်းအချက်အလက်များကို ရယူခဲ့ခြင်းမရှိချေ။ နံပါတ်ခြောက် နှင့် နံပါတ်ခုနှစ် ရွက်သင်္ဘောများသည် အလုံးစုံ သုတ်သင်ခံလိုက်ရပြီး ၎င်းတို့အား ပေးအပ်ခဲ့သည့် တာဝန်များ မကျေပွန်ခဲ့ကြောင်း မသိရှိခဲ့ကြချေ။

“ခင်ဗျားတို့အနေနဲ့ အညံ့မခံတာသေချာလား”

ခေါင်းဆောင်၏အသံသည် စကြဝဠာကောင်းကင်ယံထဲတွင် ပဲ့တင်ထပ်လျက် ရှိ၏။

“မိုးကောင်းကင်နတ်ဆိုး အင်ပါယာက စကြဝဠာတစ်ခုလုံးကို ဘေးဒုက္ခတွေယူခဲ့တယ်။ မကြာခင်မှာ မနှေးနဲ့ မမြန်ဆိုသလို ပြန်ပြီးတော့ ဝဋ်လည်လိမ့်မယ်”

၎င်း၏အိမ်ကို စောင့်ကြပ်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံနေသူတစ်ယောက်သည် လှမ်းကာ အော်ဟစ်လိုက်၏။ ၎င်းကာကွယ်ပေးသည့်ဂြိုဟ်သည် ဒုတိယ တန်းစားဂြိုလ်တစ်ခုသာဖြစ်၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ရှေ့တွင် ဤအရာသည် တန်ဖိုးကြီးမား လှသည်မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူတို့ကဲ့သို့သောဂြိုဟ်ကိုပင် လက်လွတ်မပေးခဲ့ချေ။

ပြောရမည်ဆိုလျှင် ဒုတိအဆင့်ဂြိုဟ်ဆီမှ စွမ်းအားမြင့်ကျင့်ကြံသူသည် အနိုင်မယူနိုင်ဘူးဆိုလျှင် အဘယ့် ကြောင့် အရှုံးပေးခြင်းကို မရွေးချယ်ရသနည်း။ အဘယ့်ကြောင့်ဆိုသော် အညံ့ခံဖို့ရွေးချယ်လိုက်သည် ဆိုလျှင်တောင်မှ အားလုံးသောသူတို့သည် သုတ်သင်ရှင်းလင်းခြင်းကို ခံရမှာသေချာ၏။ ထို့ပြင် ဂုဏ်သိက္ခာ တရားနှင့် သတ္တိ။ ထိုအရာများအားလုံးသည် ပျောက်ဆုံးသွား၍မဖြစ်ချေ။ ၎င်းတို့အနေဖြင့် မိမိဘာသာ ထိုအရာကို ခုခံကာကွယ်ရန်လိုအပ်နေ၏။

ကျယ်ပြောလှသော စကြဝဠာတည်နေရာထဲတွင် ကျေးကျွန်ဖြစ်ချင်စိတ်မရှိသူ၊ သူတပါးတို့၏ ကျူးကျော်မှုကို မခံနိုင်သောသူ စသည့်စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးတို့သည် ၎င်းတို့၏ အသက်ကိုပေးအပ်ကာ ကာကွယ်ရန်အတွက် ကောင်းကင်ယံထက်သို့ရောက်ရှိလာခဲ့ကြသည်။

“ဝဋ်လည်မယ်ဟုတ်လား”

ခေါင်းဆောင်သည် ရယ်မောကာဖြင့်ပြောလိုက်၏။ “မိုးကောင်ကင်နတ်ဆိုး အင်ပါယာရဲ့လုပ်ရပ်တွေက စကြဝဠာတစ်ခုလုံးကို အကျိုးကျေးဇူးရရှိစေဖို့လေ၊ သူ့ရဲ့ အောင်မြင်မှုက ခေတ်အဆက်ဆက်မှာ ထင်ရှားကျော်ကြားနေလိမ့်မယ်”

“တက်ကြ”

ဝှစ် ဝှစ် ဝှစ်

ဝတ်စုံပြည့်ဝတ်ဆင်ထားသော မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များသည် ရှေ့ဆီသို့လှမ်းတက် လိုက်ကြ၏။ ၎င်းတို့သည် အရေအတွက် များပြားလွန်းလှသောကြောင့် တစ်ဖက်လူများကို ကျိန်းသေ သတ်ဖြတ်နိုင်မှာ သေချာသည်။

ဝှစ်

ရုတ်တရက်တည်နေရာတစ်ခုလုံး ကြမ်းကြမ်းတမ်းတမ်း ယမ်းခါသွားပြီးနောက် စကြဝဠာထဲတွင် လေလှိုင်းများ တဝုန်းဝုန်းနှင့် ဖြစ်တည်လာခဲ့၏။ ရွက်သင်္ဘောကြီးတစ်စီးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ထိုရွက်သင်္ဘောကြီးပေါ်၌ ထာဝရရွက်သင်္ဘောကြီးဟု ရေးထိုးထား၏။

ကျွီ

ရွက်သင်္ဘော၏ တံခါးကပွင့်သွား၏။ ကျွင်းချောင်ရှောင်းသည် ဖြည်းညင်းစွာဖြင့် ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ပြီးသည့်နောက် ခြေချိတ်ကာပြောလိုက်သည်။ “ဒီ သူရဲကောင်းတွေရဲ့ လောကကို ကျုပ်ကာကွယ်ပေးမယ်”

ဝှစ် ဝှစ်

ပြောပြောပြီးချင်းမှာပဲ ယုစိနန်သည် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးကို ဦးဆောင်ကာ အပြင် ဘက်သို့ ထွက်လာ၏။ ၎င်းတို့သည် သူရဲကောင်းလောကကြီးအရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းတို့၏ နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်းအဆင့် စွမ်းအားမြင့်ကျင့်ကြံခြင်းများအား အလုံးစုံထုတ်ဖော်လျက် ရှိနေ၏။

“အင်း ဒီဘက်ခေတ်ကြီးထဲမှာ သူရဲကောင်း လုပ်ချင်တဲ့သူတွေရှိနေတာပဲ”

ခေါင်းဆောင်သည် နှာခေါင်းရှုံ့ လိုက်သည်။ “ဒါ သေလမ်းရှာတာနဲ့တူတူပဲ”

“သတ်ကြ၊ သတ်ကြတော့”

မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်ပေါင်းတစ်သောင်းကျော်တို့သည် ရှေ့ဆီသို့လှမ်းတက်လိုက်ကြ ၏။ သို့ပေမဲ့ မကြာခင်မှာပဲ ၎င်းတို့သည် လာရာလမ်းတွင်ရပ်တန့်သွားခဲ့ကြ၏။ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများနှင့်ပြည့်နှက်သွား၏။

“ဒါက”

ခေါင်းဆောင်သည် ဖြည်းညင်းစွာရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ “ဒါ ဒါဘာကြီးလဲ”

သူ၏မြင်ကွင်းထဲတွင် သံမဏိဖြင့်ပြုလုပ်ထားသော အလွန်ကြီးမားလှသည့် စက်ရုပ်ကြီးတစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။ ထိုအရာသည် ထာဝရရွက်သင်္ဘောကြီး၏အောက်မှ ပေါလာ ခဲ့ခြင်းပင်။ ဤအရာသည် ပေဒါဇင်ချီ ကြီးမားလွန်းလှပြီး တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်လို့နေ၏။

ဤအရာသည် ရှောင်ထျန်း စက်ရုပ်ကြီးပင်ဖြစ်လေသည်။ အလွန်အရည်အသွေး မြင့်မားလှသော ကျောက်ရိုင်းတုံးနှင့် ပြုလုပ်ထားသည်ဆိုသော်လည်း ပုံပန်းသွင်ပြင်မှာမူ ရှေးဆန်လျက် ရှိနေ၏။ ဤစက်ရုပ်ကြီး ဖြည်းညင်းစွာပေါ်ပေါက်လာသည့်အချိန်မှာတော့ ရှေးဆန်လှသည်ဆိုသော်လည်း အလွန်အဆင့်မြင့်လှသည့် နည်းပညာများဖြင့် ဖန်တီးပြုလုပ်ထားသည်ဆိုသော ခံစားချက်မျိုးကို ပေးစွမ်း နေသည်။

ရင်ဘတ်တွင် ပါးစပ်ကြီးဟလျက်ရှိနေသည့် ခြင်္သေ့ကြီးတစ်ကောင်၏ ပုံပန်းသွင်ပြင်ကို ထွင်းထုထားပြီး နောက်ကျောဘက်တွင်တော့ ကြီးမားလွန်းလှသော ဓားအိမ်ကြီးတစ်ခုကို လွယ်ပိုးထားသည်။

“စွမ်းအင်စုစည်းခြင်း နှစ်ဆယ် ရာခိုင်နှုန်း၊ သုံးဆယ် ရာခိုင်နှုန်း၊ လေးဆယ် ရာခိုင်နှုန်း၊ တစ်ရာ ရာခိုင်နှုန်း”

ချိုသာလှသော မိန်းကလေးတစ်ယောက်၏ အသံသည် ပဲ့ခန်းထဲမှ ထွက်ပေါ်လျက်ရှိ၏။ ကျင်းဟီသည် စက်ရုပ်ကို အသက်သွင်းပြီးသည့်နောက် များပြားလွန်းလှသော ခလုတ်များကို တစ်တောက်တောက်နှင့် နှိပ်လို့နေ၏။

ဘုတ် ဘုတ်

ကျင်းဟီသည် လေးလေးနက်နက် အမူအရာဖြင့်ပြောလိုက်သည်။ “နတ်ဆိုးသတ်ဖြတ်ခြင်းမောင်းနှင်သူ ကျင်းဟီ... တိုက်ခိုက်ဖို့ ခွင့်တောင်းပါတယ်”

“အတည်ပြုတယ်” ကျွင်းချောင်ရှောင်းကပြောလိုက်၏။

ဝှစ်

သူ့စကားမပြီးဆုံးသေးခင်မှာပဲ ကြမ်းတမ်းလွန်းလှသောစွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး သူ၏ အမဲရောင် ဆံနွယ်များပင်လျှင် အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။

လီချင်းယန်နှင့် အခြားသောသူများအားလုံးသည် အလန့်တကြားဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ရှောင်ထျန်နတ်ဆိုးသတ်ဖြတ်ခြင်း စက်ရုပ်ကြီးသည် လက်နှစ်ဖက်ကို ပိုက်ကာဖြင့် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်တန့်လျက် ရှိနေလေ၏။

All Chapters