← Chapters

အခန်း ၁၈၄၃

Vol. 124 Ch. 1843

အခန်း ၁၈၄၃

Vol. 124 Ch. 1843

အပိုင်း(၁၈၄၃)

ပဲ့ခန်းထဲမှာတော့ ….

ကျင်းဟီ၏ မျက်မှာပေါ်၌ မျက်ရည်များမိုးကဲ့သို့ပင် ကျဆင်းလျက်ရှိနေ၏ ။ သူမသည် သူမကိုယ်သူမ အပြစ်တင်လျက်ရှိ၏ ။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ရှောင်ထျန်းနတ်ဆိုးသတ်ဖြတ်ခြင်း စက်ရုပ်ကြီးအား မောင်းနှင်ခွင့်ရရှိခဲ့၏။ သူမ၏စွမ်းရည်ကို နောက်ဆုံးအချိန်မှာတော့ သက်သေပြနိုင်တော့မည်ဖြစ်သည်။

“အံ့အားသင့်စရာပဲ”

စုရှောင်မိုနှင့် တခြားသောသူများသည် လက်မ‌ထောင်ပြလိုက်ကြ၏ ။တကယ်တမ်း သူတို့အား လက်နက်တစ်ခုခုပေးကာ တိုက်ခိုက်ခိုင်းမည်ဆိုလျှင် ပြဿနာမရှိချေ။ သို့ပေမဲ့ ဤကဲ့သို့ စက်ရုပ် ထိန်းကျောင်းမောင်းနှင်ရမည့် အခြေအနေမျိုး၌ သူတို့သည် ဂျူနီယာညီမလေး ကျင်းဟီလောက် မတော်ကြောင်း မိမိကိုယ်ကိုယ် နားလည်ကြ၏။

အားလုံးတို့သည် ကိုယ်ပိုင်အစွမ်းအစ တည်ရှိကြ၏ ။ စက်ရုပ်မောင်းနှင်းသည့်နေရာတွင် ကျင်းဟီသည် တစ်ဂိုဏ်းလုံး၌ အတော်ဆုံးသောလူတစ်ယောက်ဖြစ်ပေလိမ့်မည်။

“ငါ့ကို စိတ်မပျက်စေခဲ့ဘူး။”

ကျွင်းချောင်ရှောင်း သည် ခေါင်းညိတ်လိုက်၏ ။ မကြာခင်မှာပဲ သူသည် ထအော်လိုက်မိသည်‌” နေစမ်းပါအုံး …. ဒင်းက ဘာကိစ္စရွက်သင်္ဘောတွေကို ဖျက်ဆီးနေတာလဲ။”

ဤရွက်သင်္ဘောကြီးများသည် တည်နေရာ ကို ဖြတ်သန်းကာသွားလာနိုင်စွမ်းရှိနေ၏ ။ ထို့ကြောင့် အလွန် တန်ဖိုးတရားကြီးမားလွန်းလှသည့် အရာများပင်။ ဤကဲ့သို့ဖျက်ဆီးနေခြင်းဆိုသည်မှာ ဖြုန်းတီးခြင်းမဟုတ်ပါလား။

ဘုန်း………..

ထိုအချိန်မှပင် နောက်ထပ်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်း သည် တုန်တုန်ရီရီနှင့် ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရှောင်ထျန် စက်ရုပ်ကြီးသည် နောက်ထပ်ရွက်သင်္ဘောတစ်ခုအနားသို့ ရောက်လျက်ရှိနေပြီး အလင်းတန်းများထုတ်ဖော်ကာဖြင့် ပိုင်းဖြတ်လိုက်၏ ။ ချက်ချင်းပဲ ရွက်သင်္ဘောကြီးသည် ပေါက်ကွဲထွက်သွားခဲ့သည်။

ကုန်းရှန့်သည် ထိုင်ခုံပေါ်အသာမှေးမှီကာဖြင့် ရင်ဘတ်ကိုဖိထားရသည်။ “တော်တော်ဆိုးတာပဲ။ … ဒါတွေက ငွေတွေ … ငွေတွေ ….”

လီချင်းယန်နှင့် တခြားသောသူများသည် သူတို့ဂျူနီယာညီမလေးကျင်းဟီ ၏ စွမ်းဆောင်ရည်ကို ဤအတိုင်း ထိုင်ကြည့်ရန် ဆန္ဒမရှိကြချေ။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ ဖြင့် ရှေ့ဆီသို့လှမ်းတက်လိုက်၏ ။

၎င်းတို့ စွမ်းအင်များသည် စကြာဝဠာထဲတွင် စုစည်းကာ လှိုင်းဟုန်အများဖြစ်သို့ ဖြစ်တည်လာခဲ့၏။ ဒုတိယတန်းစား ဂြိုဟ်တစ်ခု၏ အလုံးစုံသော အားအင် အဆင့်သည် မြင့်မားလှသည်မဟုတ်ချေ။ ထို့ကြောင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် သူ၏ အားကောင်းသော နောက်လိုက်များကို မစေလွှတ်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ပြိုင်စံရှားဂိုဏ်းအတွက် တစ်ဘက်လူများသည် အန္တရာယ်ဟူ၍ ပေးနိုင်သူများ မဟုတ်တော့ချေ။

အထူးသဖြင့် ရှောင်ထျန်းစက်ရုပ်ကြီးပင်။ ဤအရာသည် လှပလွန်းသည့်အပြင် စွမ်းဆောင်ရည်ကလည်း ကြောက်မက်ဖွယ်ရာလည်း ကောင်းလှ၏ ။ တည်နေရာ တစ်ခုလုံးကို တုန်ခါအောင် ပြုလုပ်နိုင်သည် သာမက စစ်သည်ပေါင်းများစွာတို့ကို တစ်ချက်တည်း ရိုက်နှက်ကာ သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏ ။ ထို့ကြောင့် နတ်ဘုရားနှင့် နတ်ဆိုး ပေါင်းစပ်ထားသည့်အရာဟုပင် ပြောဆို၍ရနိုင်မည်။

“ငါ တကယ်ကို စိတ်ချမ်း သာတာပဲ။”

ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်လှုပ်ရှားလျက်ရှိနေ၏ ။ ပထမတုန်းက သူသည် မျှော်လင့်ချက် ကြီးကြီးမားမား မရှိချေ။ ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို အသုံးပြုရသည် ဖြစ်သောကြောင့် ကောင်းမွန်သည့်အရာဖြစ်မှန်းသိရှိသည်ဆိုသော်လည်း အလွန်အမင်း မျှော်မှန်းထားတာမျိုးမရှိချေ။

ပထမတုန်းက ကျွဲရိုင်းစက်ရုပ်ထက် အနည်းငယ်သာ အားကောင်းလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘောကြီးကိုများပင် ဖျက်စီးပစ်နိုင်စွမ်းရှိသည့် တိုက်ခိုက် ရေး စွမ်းရည်ကို ပိုင်ဆိုင်သည့် စက်ရုပ်ပင်ဖြစ်လို့နေခဲ့၏ ။

“ငါပြောသားပဲ။”

စနစ် က ပြောလိုက်သည်။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်နဲ့ ဝယ်ယူရတဲ့ ပစ္စည်းတွေက မင်းအတွက် ဆုံးရှုံးမှုမဖြစ်ပါဘူးဆို။”

“သေစမ်း။”

ထိုအချိန်မှာတော့ အမဲရောင်အလင်းတန်းတစ်ခုသည် ရန်သူ၏ အဓိက ရွက်သင်္ဘောဆီမှ ထွက်ပေါ် လာ၏။ ၎င်းသည် ကြမ်းတမ်းလွန်းလှသော နတ်ဆိုးအော်ရာနှင့် သတ်ဖြတ်လိုခြင်းအော်ရာများကို အရှိန်အဟုန်ပြင်းပြင်း ထုတ်လွှတ်နေ၏ ။ ဤလူသည် ရွက်သင်္ဘောနံပါတ်(၉) ခေါင်းဆောင်ပင်ဖြစ်၏။ သူ၏ အားအင်အဆင့် သည် ကျွင်းချောင်ရှောင်း ယခင်က သတ်ဖြတ်ပစ်လိုက်သည့် လူနှင့်နှိုင်းယှဉ်၍ မရနိုင်သော်လည်း နတ်ဘုရားလျှို့ဝှက်အဆင့် ၏ ပါရမီရှင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏ ။ ၎င်း၏ ပစ်မှတ်သည် ရှောင်ထျန်း စက်ရုပ်ကြီးပင်ဖြစ်၏ ။ ထို့အပြင် ရွက်သင်္ဘောများနှင့် စစ်သည်များသည် ဤ စက်ရုပ်ကြီး၏ လက်ထဲတွင် သေဆုံးခဲ့ရသည် မဟုတ်ပါလား။

ဒွီ……….ဒွီ…………..

သတိပေးသည့် အသံသည် ပဲ့ခန်းထဲမှ ထွက်ပေါ်လာ၏ ။ စစ်သည်ပေါင်းများစွာတို့ကို သုတ်သင်လျက် ရှိနေသော ကျင်းဟီ သည် အလွန်အားကောင်းလွန်းလှသော တိုက်ခိုက်ခြင်း စွမ်းအင်တစ်ခု ဖြစ်ပေါ်လာကြောင်းကို မြင်ကွင်းပေါ်တွင် မြင်လိုက်ရ၏။ ချက်ချင်းပဲ ခေါင်းကိုလှည့်ကာဖြင့် ဓားမော့ကြီး ကို မြှောက်ကိုင်ကာ ဟန်ထုတ်လိုက်သည်။

“အင်း …… ငါးအကြီးကြီး ထွက်လာတာပဲ။”

ဆွစ်……….ဆွစ်………

ထိုခေါင်းဆောင်သည် လက်ကို‌ဝှေ့ယမ်းလိုက်၏ ။ နတ်ဆိုးချီများသည် အမြှောက်စံများကဲ့သို့ပင် ဖြစ်တည်လာ၏။ အရှိန်အဟုန်ပြင်းပြင်းနှင့် ရှောင်ထျန်းစက်ရုပ်ဆီသို့ ရောက်ရှိလာ၏ ။

ရှောင်ထျန် စက်ရုပ်ကြီးသည် ၎င်း၏လက်ထဲတွင်ကိုင်ထားသော ဓားမော့ကြီးကိုမြှောက်ကာဖြင့် ထပ်တလဲလဲ ဝှေ့ယမ်းလိုက်၏ ။ ၎င်း၏အရှေ့တွင် အလင်း၏ အကာအရံကြီးတစ်ခုပင် ဖြစ်တည်လာခဲ့သည်။

ဖောင်း………..ဖောင်း…………….ဖောင်း……………

နတ်ဆိုးချီများဖြင့် ဖန်တီးထားသော အလုံးများသည် ရူးရူးမူးမူးတိုက်ခိုက်နေသည်။ သို့ပေမဲ့ ၎င်းအရာ အားလုံးသည် တစ်ခုပြီးတစ်ခု ချိုးဖျက်ခြင်းကို ခံလိုက်ရ၏။

ထိုအခြင်းအရာကို မြင်သည့် အချိန်မှာတော့ စုရှောင်မိုသည် ဦးခေါင်းကိုဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိသည်။ “အင်း … မယုံကြည်နိုင်စရာပဲ။”

သူသာဆိုပါက ဤကဲ့သို့အမြှောက်ဆံများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ချေ။ ဤစက်ရုပ်ကြီးမှာတော့ အလွယ်တကူဖြင့် ဖြေရှင်းလျက်ရှိ၏။ ပဲ့ခန်းထဲတွင် တစ်ခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ပုံရိပ်ယောင်မြင်ကွင်းဆီမှ မြင်ရသော စွမ်းအင်လှိုင်းများသည် ကြောက်ခမန်းလိလိများပြားသည်ကို မြင်သည်နှင့် ခြေမကိုင်မီလက်မကိုင်မီ ဖြစ်မိပေလိမ့်မည်။

သို့ပေမဲ့ ကျင်းဟီ သည် အပြင်ဘက်တိုက်ခိုက်မှုစွမ်းရည်တွင် အားမကောင်းလှသော်လည်း စက်ရုပ်ကြီးကိုထိန်းချုပ်သည့် နည်းပညာပိုင်းဆိုင်ရာတွင် အလွန်ပင် တော်လွန်းလှသူ တစ်ယောက် ဖြစ်၏။ ထို့အပြင် ဤရှောင်ထျန်းစက်ရုပ်ထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းသည် သူမ၏ ပထမဦးဆုံး အတွေ့အကြုံပင်ဖြစ်တော့၏ ။

ထိုကဲ့သို့သော အခြေအနေမျိုးမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနေသည်။

နတ်ဆိုးပိုင်းဖြတ်ခြင်း။ ကြမ်းတမ်းလွန်းလှသော နတ်ဆိုးချီများကို ကာကွယ်ပြီးသည့်နောက် ကျင်းဟီသည် စက်ရုပ်ကြီးကို ထိန်းချုပ်ကာ ရှေ့ဆီသို့ လှမ်းတက်လိုက်၏ ။ ဓားမော့ကြီးကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ လေဟာနယ်ထဲသို့ ရုတ်တရက် ပိုင်းဖြတ်လိုက်၏ ။

ထူထဲလွန်းလှသော ဓားမော့ကြီးသည့် တည်နေရာကို ပိုင်းဖြတ်ခဲ့၏။ ခုတ်ပိုင်းခြင်းစွမ်းရည်သည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ကောင်းကင်နယ်မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်ခဲ့ခြင်းမရှိချေ။

အကြောင်းအရာသည် ရိုးရှင်းလွန်းလှ၏ ။ စက်ရုပ်ကြီး၏ လှုပ်ရှားမှုနှင့် အလုံးစုံသော စွမ်းအင်များအားလုံးသည် ၎င်းကို ဖြည့်သွင်း လိုက်သည့် လောင်စာပေါ်မှာ အမှီပြုပြီးဖြစ်တည်လာခဲ့ခြင်းဖြစ်၏ ။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများကို ထုတ်ဖော်နိုင်စွမ်းမရှိပေ။ အားအင်သီးသန့် ခုတ်ပိုင်းခြင်းမျိုး ကိုသာ ပြုလုပ်နိုင်လေသည်။

“မဖြစ်နိုင်တာ။”

နံပါတ်(၉) ရွက်သင်္ဘောကြီး၏ ခေါင်းဆောင်သည် မျက်လုံးပြူးသွားခဲ့၏။ ကောင်းကင် ဓာတ်သဘာဝများမရှိဘဲ ၊ နက်နဲလွန်းလှသော သိုင်းနည်းစနစ်များမရှိဘဲ ဤလူကြီးသည် တည်နေရာ တစ်ခုလုံးကို ဆွဲခွင်းနိုင်စွမ်းရှိလို့နေ၏ ။ ကြောက်မက်ဖွယ်ရာပင်။

တကယ်တမ်းမှာတော့ သိပ်ပြီးခြားနားလှသည်တော့မဟုတ်ပေ။ ယခင်တုန်းက ကျွင်းချောင်ရှောင်း သည် အဆင့်မြင့်တင်ထားသော စနိုက်ဘာ၊ ရိုင်ဖယ်၊အမြောက်နှင့် တခြားသောပစ္စည်းများကို ဝယ်ယူအသုံးပြုခဲ့ဖူး၏ ၊ ထိုအရာများ၌ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ မရှိချေ။ ထိုအရာများကို ထုတ်ဖော်အသုံးပြုရန်အတွက် စွမ်းအင်များကိုသာ လိုအပ်လေ၏ ။

ဘုန်း……….

ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားမော့အော်ရာများသည် နံပါတ်(၉)ရွက်သင်္ဘော၏ ခေါင်းဆောင်ကို တိုက်ရိုက်ဆိုသလိုပဲ ပိုင်းဖြတ်သွားခဲ့၏။ ကြမ်းတမ်းလွန်းလှသော လေလှိုင်းများ ဖြစ်တည်လာခဲ့ပြီး ထိုလူသည် အနောက်ဘက်သို့ ထိတ်လန့်တကြားဖြင့် ဆုတ်ခွာလိုက်သည်။

တစ်စုံတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားသည်နှင့် ၎င်း၏အရှိန်အဟုန်သည် ပျက်စီးသွားတတ်၏။ တခြားတစ်ဘက်ကကြည့်ရှုမည်ဆိုလျှင် ရှောင်ထျန်းစက်ရုပ်ကြီးနှင့် တစ်သားတည်း ဖြစ်တည်နေသည့် ကျင်းဟီ မှာတော့ သွေးများဆူပွက်လျက်ရှိနေသည်။ ရှေ့ဆီသို့ လှမ်းတက်ရင်း ဓားမော့ကြီးကို မြှောက်ကိုင်ကာ ထပ်ဖန်တလဲလဲ ခုတ်ပိုင်းနေလေ၏။

ဘုန်း………….ဘုန်း…………..

ရန်သူ သည် ချက်ချင်းဆိုသလိုပင် တိုက်ကွက်ပေါင်းများစွာကို တိုက်ခိုက်လိုက်၏။ ထို့ကြောင့် ပိုပိုပြီး ကြောက်လန့်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဘက်လူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နေသည်ဆိုသော်လည်း အစမှအဆုံး အထိ ကောင်းကင်ဓာတ်မြေကြီး၏ ဓာတ်သဘာဝများကို အသုံးမပြုသွားခဲ့ချေ။ ခန္ဓာကိုယ် အားအင်သီးသန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းသာ။

“မဖြစ်သေးဘူး၊ ဒီနေရာမှာ တစ်စုံတစ်ခုက လွှဲမှားနေတာသာ ဖြစ်ရမယ်။”

တစ်ဘက်လူသည် သူ့အား ရည်ရွယ်ချက်ရှိရှိနှင့် ဆော့ကစားနေခြင်းသာဖြစ်မည်။ အစစ်အမှန် အားအင် တွေကို ထုတ်ဖော်ပြီး အသုံးမပြုခဲ့တာလည်း ဖြစ်မည်။

ထိုအခြင်းအရာကို တွေးကြည့်သည့်အချိန်မှာတော့ ရွက်သင်္ဘောကြီး၏ ခေါင်းဆောင်သည် ပိုမိုကာ စိုးရွံ့သွားမိ၏။

ကျွမ်းကျင်သူများကြားတိုက်ပွတွင် စိတ်ပိုင်းဆိုင်ရာနှင့် အခြားသော အသေးစိတ်အချက်အလက်များသည် အရေးကြီးသော ခန်းကဏ္ဍ၌ ပါဝင်လျက်ရှိ၏။ ထို့ကြောင့် တိုက်ခိုက်ရာတွင် မိုမိုကာ ခက်ခဲလာခဲ့၏ ။ ထို့အပြင် ရှောင်ထျန်းစက်ရုပ်ကြီးသည် ရန်သူ၏ ဟာကွက်များအားလုံးကို Reader မှတဆင့် အာရုံခံနိုင်စွမ်းရှိနေသည်။ ထို့ကြောင့် ကျင်းဟီသည် အခွင့်အရေးကို အရယူပြီးသည့်နောက် အားကုန်ထုတ်ကာ ဓားမော့ကြီး နှင့် ခုတ်ပိုင်းလိုက်တော့သည်။

ဆွစ်………

အလင်းတန်းများသည် တည်နေရာမှာတင် ပျောက်ကွက်သွားခဲ့၏။

ဒွီ………ဒွီ………

စွမ်းအင် ၅ ရာခိုင်နှုန်းသာလျှင် ကျန်ရှိသည်။ စွမ်းအင် ၅ ရာခိုင်နှုန်းသာလျှင် ကျန်ရှိသည်။ ပဲ့ခန်း မြေထပ်တွင် သတိပေးသံသည် ဆက်တိုက်ဆိုသလိုပင် မြည်လာ၏။ ကျင်းဟီ သည် သူမ၏ ခေါင်းထက် တွင် ရှိနေသာ ဦးထုပ်ကို ချွတ်ပြီးသည့်နောက် ဘေးတစ်ဘက်တွင်ရှိသော စီးကရက်ကိုယူကာ အသာဖွာရှိုက်လိုက်သည်။

“ ဂိုဏ်းချုပ်ကို သတင်း‌ပေးပါတယ်။ ပစ်မှတ်ကို သတ်ဖြတ်ပြီးပါပြီ။”

မြင်ကွင်းကို ကြည့်ရမည် ဆိုလျှင် ရှောင်ထျန်စက်ရုပ်ကြီးသည် ဓားမော့ကြီးကိုပိုက်ကာဖြင့် စကြာဝဠာတွင် မတ်မတ် ရပ်လျက်ရှိ၏။ ၎င်း၏ အနောက်တွင်မှာတော့ (၉)ခုမြောက် ရွက်သင်္ဘောကြီး၏ခေါင်းဆောင်သည် သေဆုံးလျက်ရှိနေ၏။

ဆွစ်…………

ခဏလောက်ကြာပြီးသည့်နောက် ထိုသူသည် ခေါင်းအစခြေအဆုံး တ‌ဖြည်းဖြည်းချင်းနှင့် ထက်ပိုင်း ပို်ငးဖြတ်သွားခဲ့၏ ။ ထိုအခြင်းအရာကို ကြည့်ပြီးသည့်အချိန်မှာတော့ ရုတ်တရက် ထကာ အော်ဟစ် လိုက်သည်။ “ကောင်းလိုက်တာ။”

ကျင်းယိ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။ ထို့အတူ မျက်ရည်များကလည်း မထိန်းချုပ်နိုင်ဘဲ ကျဆင်းလျက်ရှိ၏။ ဝမ်းနည်းမှုကြောင့် ကျဆင်းသည့် မျက်ရည်များမဟုတ်‌ပေ။ သူမ၏စွမ်းဆောင်ရည်ကို ပြသပြီးသည့်နောက် ကျဆင်းလာခဲ့သည့် ဂုဏ်ယူခြင်းမျက်ရည်များပင်။

လက်ရှိအခြေအနေမှာတော့ သူပဲဖြစ်ဖြစ်၊ တခြားသောတပည့်များပင်ဖြစ်ဖြစ် အားလုံးသော သူတို့သည် လက်ရွေးစင်တပည့်များ၏ အောက်တွင် နေထိုင်ခဲ့ရ၏။ ဤအရာကို ငြင်းပယ်နိုင်စွမ်းမရှိချေ။ ၎င်းတို့၏ စီနီယာအစ်ကို များသည် ထူးချွန်လွန်းလှ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် အနေနှင့် သူမသည်လည်း အစစ်အမှန် အစွမ်းပြခွင့်ရချင်မိသည်။ လက်ရှိမှာတော့ သူမ၏အားအင်အဆင့်ကို ထုတ်ဖော်ပြသပြီး ဂိုဏ်းချုပ်အား ပြန်လည်ပေးဆပ်နိုင်ပြီးဖြစ်၏။

“ဒီနေ့မှာ ငါ ကြေညာလိုက်မယ်။ ကျင်းယိ က စက်ရုပ်ထိန်းကျောင်းနိုင်သူ ဘွဲ့ထူးကို လက်ခံရရှိပြီ။” ကျွင်းချောင်ရှောင်း သည် ကြည်လင် ရှင်းလင်းသည့် အသံဖြင့် ကြေညာလိုက်သည်။

ပဲ့ခန်းထဲတွင် ရှိနေသည့်ထိုင်ခုံကို မှီလျက်ရှိသည့် ကျင်းဟီသည် မျက်ရည်များ အဆမတန် ကျဆင်းလျက်ရှိနေ၏။

……………..

ဘုန်း………..ဘုန်း…………

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် ကြီးကြီးမားမား သတ်ဖြတ် သုတ်သင်လျက်ရှိနေတော့၏ ။ (၂)နာရီမှ(၄)နာရီ ကြာမြင့်သည့်အချိန်မှာတော့ တိုက်ပွဲကပြီးဆုံးသွားခဲ့သည်။

အားလုံးသောသူများသည် တိုက်ပွဲအတွက် အောင်မြင်မှု ရရှိခဲ့သည့် ပစ္စည်းပစ္စယများအားလုံးကို ကျွမ်းကျင်စွာဖြင့် သိမ်းဆည်းကြ၏။ ကျွင်းချောင်ရှောင်းသည်လည်း အရာအားလုံးကို ရယူပြီးသည့်နောက် အားလုံးကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့၏။

“ကျေးဇူးရှင်ကြီး”

ဂြိုဟ်ထဲတွင်ရှိနေသည့် စစ်သည်တော်များ အားလုံး သည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။ ၎င်း၏နှလုံးသားထဲတွင် ပြို်ငစံရှားဂိုဏ်း နာမည်သည် ထာဝရကမ္မည်းထိုးထားသကဲ့သို့ ထာဝရထင်ပေါ်နေတော့မှာ သေချာသည်။

“ဒင်……… လက်ခံသူ သည် လောကတစ်ခုကို ကယ်တင်ခဲ့၏။ သက်ရှိပေါင်းများစွာ၏ ကျေးဇူးတင်မှုကို ရရှိခဲ့ပြီဖြစ်သောကြောင့် စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်ရမည် အဓိက တာဝန် သည် ရာခိုင်နှုန်း တိုးတက်သွားခဲ့၏။ တိုးတက်မှုနှုန်း (၁၀) ရာခိုင်နှုန်း ။”

“ ဘာလို့ (၂) ရာခိုင်နှုန်းပဲ တက်ရတာလဲ။”

ကျွင်းချောင်ရှောင်း သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘော ခေါင်းဆောင် (၃)ယောက်ကို တရပ်စပ်တည်း သတ်ဖြတ်ခဲ့၏။ ပထမတစ်ယောက်သည် (၃) ရာခိုင်နှုန်း ပြီး၏။ ဒုတိယ တစ်ယောက်သည် (၃)ရာခိုင်နှုန်း ပြီး၏။ သို့ပေမဲ့ ဤတစ်ယောက်မှာတော့ (၂) ရာခိုင်နှုန်းသာ ပြီး၏။

“မယုံကြည်နိုင်စရာဘဲ။ ဒါ ဂြိုဟ်ရဲ့ အဆင့်နဲ့ ကွာခြားသွားတာဖြစ်မယ်။” စနစ် က ပြောလိုက်သည်။

“ တကယ်လို့ ရွှမ်ယွမ်နယ်မြေကြီးနှင့် နှိုင်းယှဉ်နိုင်တဲ့ ဂြိုဟ်တစ်ခုကိုသာ ကယ်တင်လိုက်မည်ဆိုလျှင် ဒီထက်ပိုပြီး ရနိုင်တာလား။” ကျွင်းချောင်ရှောင်း က မေးမြန်းလိုက်၏။

“ဖြစ်နိုင်တယ်။” စနစ် သည် ပါးစပ်မှ ပေါက်ပန်းလေးဆယ်များ ထွက်မသွားစေရန် အမှန်ထိန်းသိမ်းလျက် ရှိနေသည်။

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “အင်….ဒါဆိုရင် တာဝန်ပြည့်စုံဖို့အတွက် ဂြိုဟ်တွေကို ရှာဖွေသွားရမယ်လို့ ငါထင်တယ်။”

“ဂိုဏ်းချုပ်၊”

ကျင်းဟီ သည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာ၏။ မခြောက်သေးသော မျက်ရည် များကို အသာသုတ်ကာ ပြုံးလျက်ရှိ၏။ မနေ့တုန်းက ဖြစ်ပေါ်ခဲ့သည့် စိတ်ဓာတ်ကျစရာ အားလုံးသည် ပျောက်ကွယ်သွားခဲ့လေသည်။

“ရှောင်ထျန် စက်ရုပ်ကြီးကို မောင်းနှင်ရတာ ဘယ်လိုနေလဲ။” ကျွင်းချောင်ရှောင်း က မေးလိုက်၏။

“အရမ်းအားကောင်းတယ်။”

ကျင်းဟီသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ပထမဦးဆုံး စမ်းသပ် မောင်းနှင်သူဖြစ်သော်လည်း ဤစက်ရုပ်ကြီး၏ စွမ်းဆောင်ရည်သည် အမှန်ပင် ကောင်းမွန်လွန်းလှ၏။ တကယ်တမ်း ဤစက်ရုပ်ကြီးကို ထပ်မံကာ ထိန်းချုပ်၍ တိုက်ခိုက်ရမည်ဆိုပါက စီနီယာအစ်ကိုရီနှင့်ပင် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမ ကထင်မှတ်မိသည်။

“သွားတော့။”

ကျွင်းချောင်ရှောင်း သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “အိမ်သာသွားဆေးတော့။”

“ကောင်းပါပြီ။”

ကျင်းဟီသည် လှည့်ထွက်သွား၏။ ပြီးနောက် ရုတ်တရက် အနောက်ဘက်သို့ ပြန်လှည့်ကာ မေးလိုက်မိသည်။ “ဂိုဏ်းချုပ် ၊ တပည့်အိမ်သာ ဆေးရအုံးမှာလား။”

“တော်စမ်း။”

ကျွင်းချောင်ရှောင်း ရုတ်တရက် ထအော်လိုက်၏။ “ရွက်သင်္ဘော(၂၀)မှာ (၅)စီးကို ဖျက်ဆီးလိုက်တယ်။ မင်းမှ အိမ်သာမဆေးလျှင် ဘယ်သူက အိမ်သာဆေးမှာလဲ။”

“မဟုတ်သေးဘူး။မလုပ်ပါနဲ့”

တူညီသည့် မြင်ကွင်းသည် ထပ်မံကာပေါ်ပေါက်လာသည့် ဂိုဏ်တူရောင်းရင်းများသည် ကျင်းဟီ အား ဝိုင်းချုပ်ကာဖြင့် အနောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။

ကျင်းဟီသည် အားရပါးရ အော်ဟစ် လျက်ရှိ၏။ “နောက်တစ်ကြိမ်ကျလျှင် ရွက်သင်္ဘောတွေကို မဖျက်ဆီးတော့ပါဘူး။ ဂိုဏ်းချုပ်…… ဂိုဏ်းချုပ် အခွင့်အရေး တစ်ခုတော့ပေးပါအုံး။”

All Chapters