အခန်း ၁၈၄၄
Vol. 124 Ch. 1844
အပိုင်း (၁၈၄၄)
ယစ်ပလ္လင်စင်မြင့်ကဲ့သို့သော တည်နေရာ၏ ပတ်ဝန်းကျင်တစ်ခုတွင် အမJရောင် အရိပ်တစ်ခုသည် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ သူ၏ အသားအရေ၊ အရိုးပေါ်အရေတင်လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ကြည့်ရှုရသည်မှာ အလွန်အမင်း ဒေါသထွက်နေပုံပေါ်သည်။
“အင်ပါယာ” ပြိုင်စံရှားဂိုဏ်းက ရွက်သင်္ဘောကြီး (၃)ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ အဝေးတနေရာတွင်ရှိနေသည့် နောက်လိုက်တစ်ယောက်သည် ကြောက်ရွံ့စွာဖြင့် သတင်းပို့လျက်ရှိ၏ ။ “ပြိုင်စံရှားဂိုဏ်းက ဦးဆောင်လာတဲ့ ရွက်သင်္ဘောကြီး (၃)ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။”
“ဟမ့်………..အမှိုက်လိုကောင်တွေ။”
အမဲရောင် အရိပ်သည် လက်ကိုမြှောက်လိုက်၏။ အလင်းတန်းတစ်ခုဖြစ်တည်လာခဲ့သည်။
ဘောင်း………..
သတင်းလာပို့သည့် နောက်လိုက်သည် နံရံဆီသို့ လွင့်စဉ်သွားခဲ့ပြီးသည့်နောက် အောက်ဘက်သို့ ပြုတ်ကျကာ သွေးများအန်ထွက်လျက်ရှိ၏။
“တခြားရွက်သင်္ဘောတွေကို သတင်းပေးလိုက်။” အမဲရောင် အရိပ်ကြီးသည် အေးစက်စွာဖြင့် ပြောလိုက်သည်၊ “တိမ်ပြာစကြာဝဠာတစ်ခုလုံးကို ပြောင်းပြန်လှန်ရမည် ဆိုလျှင်တောင်မှ ပြိုင်စံရှားဂိုဏ်းကို တစစီဖြစ်အောင်လုပ်ရမယ်။”
“ကောင်းပါပြီ။”
နောက်လိုက်သည် ၎င်း၏ ပြင်းပြင်းထန်ထန်ထန် ဒဏ်ရာရရှိသွားသည့် ခန္ဓာကိုယ်ကို ထမ်းပိုးရင်း အနောက်ဘက်သို့ အသာဆုတ်ခွာသွားခဲ့၏။
ထိုသူလျှို့ဝှက်ခန်းဆီမှ လျှောက်ထွက်သွားပြီးသည့်နောက် လူငယ်တစ်ယောက်သည် အပြေးရောက်လာကာဖြင့် မြေပေါ်သို့ ဒူးထောက်ကာ အော်ဟစ်လိုက်သည်။ “ဘာလို့ မူကျင်း ကို သတ်ပစ်လိုက်ရတာလဲ။”
မှန်ပေသည်။
ဤလူသည် လင်းလီ ပင်ဖြစ်၏ ။ သူသည် နတ်ဆိုးတောင်ကြားထဲမှ ထွက်လာခဲ့၏။
“သူက သူ့ရဲ့အသက်ကို မင်းရဲ့ အသက်နဲ့ လဲချင်တယ်တဲ့။ ဒါကြောင့်ပဲ။“ အမဲရောင်အရိပ်သည် တည်ငြိမ်စွာပြောလိုက်သည်။
စနစ် ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ဤလူသည် ကိုယ်ပွားကို ဆုံးရှုံးခဲ့ရပြီးနောက် အဓိက ခန္ဓာကိုယ်ကို သက်ရောက်စေခဲ့၏။ မဟုတ်ပါက လျှို့ဝှက်ခန်းတွင် ခြေချိတ်ထိုင်ကာ ဒဏ်ရာကို ကုသနေလိမ့်မည်မဟုတ်ချေ။
“မဟုတ်သေးဘူး။” လင်းနစ် သည် ရုတ်တရက် အော်ဟစ်လိုက်၏ ။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ချစ်ခြင်းမေတ္တာတွေထဲမှာ ပိတ်လှောင်နေမယ်ဆိုရင် ဘဝတစ်ခုလုံး ကပ်ဘေးကျသွားလိမ့်မယ်။”
“မွေးစားအဖေ။”
“ထပ်ပြီးမပြောနဲ့တော့။ ပြန်ပြီးအနားယူလိုက်တော့။ စကြာဝဠာ နတ်တိုက်ပွဲစပြီဆိုတာနဲ့ မင်းငါ့ကို ဗိုလ်စွဲအောင် လုပ်ပေး”
……………………
လင်းလီ သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူသည် အသက်ဝိညာဉ်တစ်ခုလုံး ဆုံးရှုံး သွားသကဲ့သို့ပင်။ သူသည် ငယ်ရွယ်စဉ်ကတည်းက ရက်စက်လှသော တိုက်ပွဲများကို ကျော်ဖြတ်ရင်း အသက်ရှင်နေထိုင်ခဲ့၏။ သူ၏ ဘဝသည် အတိအမှောင်ဖုံးလျက်ပင်။ အလင်းတန်းတစ်ခုနှင့် စတင် တွေ့ဆုံရသည့် အချိန်သည် သိပ်ပြီးမကြာလှချေ။ သို့ပေမဲ့ ထိုအရာသည် လက်ရှိအခြေအနေ၌ ထာဝရ ပျောက်ကွယ်သွားလေသည်။
“ပြိုင်စံရှားဂိုဏ်း။”
လင်းလီ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “ကျုပ် လင်းလီက မင်းတို့ကို သေတဲ့အထိ တိုက်ခိုက်မယ်။” သူသည် မူကျင်း သေဆုံးမှုအား ပြိုင်စံရှားဂိုဏ်းအပေါ် အပြစ်ပုံချ လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဤဂိုဏ်းသာမရှိပါက သူသည် ကြယ်တာရာပြိုင်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ပြီး မွေးစားအဖေ၏ ချီးကျူးမှုကို ခံယူရပေလိမ့်မည်။ နတ်ဆိုးတောင်ကြားသို့ စေလွှတ်ခံရမည်မဟုတ်သလို သူချစ်ရသည့် လူတစ်ယောက်သည်လည်း အသက်ဆုံးရှုံးလိမ့်မည် မဟုတ်ချေ။
ဒေါသတရား၊ သတ်ဖြတ်လိုခြင်းဆန္ဒ၊ ထိုအရာများအားလုံးသည် သူ၏ခန္ဓာကိုယ်အား အဆိပ် တစ်ခုကဲ့သို့ လွှမ်းခြုံသွား၏။ သူ၏ မျက်လုံးများသည် တဖြည်းဖြည်းနှင့် နီရဲလာခဲ့သည်။
ချစ်ခြင်းတရားက တစ်စုံတစ်ယောက်ကို ပြောင်းလဲနိုင်တယ်။ ပိုပြီးကြိုးစားချင်စိတ်လည်း ဖြစ်စေတယ်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လင်းလီ၏ ပြောင်းလဲမှုကို သေသေချာချာကြည့်ရှုပြီး သည့်နောက် တွေးတောလိုက်မိ၏။ သူက ဒေါသတရားတွေကြားကနေ နတ်တိုက်ပွဲမှာ အကောင်းဆုံး အစွမ်းပြနိုင်ဖို ငါမျှော်လင့်မိတယ်။
“သခင်ကြီး”
ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် ရောက်ရှိလာကာ သတင်းပို့သည်။ “ညဘုရင် မဟာမိတ်အဖွဲ့ဆီက သတင်းရခဲ့တယ်။ သူတို့က တိမ်ပြာစကြဝဠာပတ်လမ်းထဲကို စွမ်းအားမြင့် ကျင့်ကြံသူ အရေအတွက် တော်တော်များများ စေလွှတ်လိုက်ကြပြီ။”
“အင်း….။ သိပြီ။”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အသာပြန်လည်ကာ တုံ့ပြန်လိုက်၏။ ထိုအရာကို သူ မျှော်လင့်ထားပြီးသားဖြစ်သည်။
“သခင်ကြီး”
ဗျူဟာမှူးတစ်ယောက်နှင့် ဆင်တူလှသော အဘိုးအိုသည် အသာလှမ်းလျှောက်လာပြီးနောက် နားဝေတိမ်တောင်နှင့် မေးလိုက်သည်။ “ဒီညဘုရင်တွေက ကျုပ်တို့ကို ဒုက္ခပေးနိုင်တယ်မဟုတ်လား။ သူတို့က တခြားနယ်မြေတွေနဲ့ ညှိနှိုင်းထားသေးတယ်။ ဘယ်လိုဖြစ်ပြီး သူတို့ကို လွှတ်ပေးထားရတာလဲ။”
“အင်း……..ငါ မလုပ်ချင်လို့ မဟုတ်ဘူး။”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်၏။ “ကြောက်လို့ပဲ။”
ဗျူဟာမှူးသည် ကြောင်အသွားမိသည်။ “အထက်စကြာဝဠာ ပတ်လမ်းတစ်ခုလုံးမှာ ကျုပ်တို့သခင်ကြီး ကြောက်ရတဲ့ လူရှိသေးလို့လား။”
“စွမ်းအင်အရဆိုလျှင် ငါ ဘယ်ဂြိုဟ်ကိုမှ မကြောက်ဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်းအရဆိုရင် ညဘုရင်က ငါ့ထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး။” မိုးကောင်းကင် နတ်ဆိုးအင်ပါယာက ပြောလိုက်၏။
“သခင်ကြီး ၊ အရင်တုန်းက သူတို့နဲ့ တိုက်ခိုက်ခဲ့ဖူးလို့လား။” ဗျူဟာမှူးက မေးမြန်းလိုက်သည်။
“မတိုက်ဖူးဘူး။”
“……”
ဗျူဟာမှူးသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ တခါမှလည်း မတိုက်ခိုက်ခဲ့ဖူးနဲ့ ဘာလို့မနိုင်ဘူးလို့ ပြောနေရတာလဲ။
“မင်း ဝေပုကျိကို သိလား။”
“သိပါတယ်။”
“ဝေပုကျိ က မြဘုရင်ရဲ့ ရှေ့ဖြစ်ကို ကံကြမ္မာဖတ်ခဲ့ဖူးတယ်။ အထက်စကြာဝဠာ တစ်ခုလုံးထဲမှာ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့လူက အန္တိမလမ်းစဉ်ပေါ် လျှောက်လှမ်းနို်ငတဲ့လူပဲတဲ့။” မိုးကောင်ကင်နတ်ဆိုး အင်ပါယာ က ပြောလိုက်သည်။
“……”
ဗျူဟာမှုး ၏ အမူအရာသည် တည်ကြည်လေးနက်သွားမိ၏။ သူသိသလောက်ဆိုလျှင် ဝေပုကျိသည် ရှေးဖြစ်ဟောသည့်နေရာတွင် တကယ်ပဲ နာမည်ကြီးသည့် လူတစ်ယောက်ဖြစ်သည်။ ထိုသူ ဤကဲ့သို့ပြောဆိုသည် ဆိုမှတော့ ညဘုရင်မှာ သာမာန်မဟုတ်ကြောင်း သိရှိနိုင်၏။
“နိမ့်ကျလှတဲ့ ဒီနောက်လိုက်ရဲ့ အထင်အရဆိုရင် …”
ဗျူဟာမှုး က ဆက်ပြောလိုက်သည်။ “ဝေပုကျိက သခင်ကြီး ဒီလိုမျိုး တိုးတက်လာမယ်ဆိုတာ ကြိုတင်ပြီး မခန့်မှန်းမိတာဖြစ်နိုင်တယ်။”
“သူသိတယ်။ဂ
မိုးကောင်ကင်နတ်ဆိုးအင်ပါယာ က ပြောလိုက်၏။ “သူတစ်ချိန်တုန်းက ငါ့ကို လာရှာဖူးတယ်။”
ဗျူဟာမှုး သည် တုန်လှုပ်သွားမိ၏ ။ တခြားသောသူများသာဆိုပါက ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်မိမှာ သေချာသည်။
“အမိန့်ပေးလိုက်တော့”
မိုးကောင်ကင်နတ်ဆိုးအင်ပါယာ က ခဏလောက် တွေးတောကာ ပြောလိုက်သည်။ “ညဘုရင် မဟာမိတ်အဖွဲ့က လူတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့။ သူတို့ လှုပ်ရှားမှုတစ်ခုခုလုပ်ပြီဆိုတာနဲ့ ငါ့ဆီ သတင်းပို့။”
“ကောင်းပါပြီ။” ဗျူဟာမှုးသည် ထွက်ခွာသွားခဲ့၏။
မိုးကောင်ကင်နတ်ဆိုးအင်ပါယာသည် သူ၏လျှို့ဝှက်ခန်းထဲတွင် ထိုင်လျက်ရှိနေ၏ ။ သူသည် ဒဏ်ရာများကို ပြန်လည်ကာ ဆက်လက်ကောင်းမွန်ရန် မကြိုးစားတော့ချေ။ ချက်ချင်း ရုတ်တရက် မတ်တတ်ထရပ်ကာဖြင့် ဝေပုကျိ သူ့ဆီ ရုတ်တရက် လာရောက်စဉ်က အကြောင်းအရာများကို စဉ်းစားလိုက်မိသည်။
“အားနာပါတယ်။ ခင်ဗျား အနေနဲ့ နယ်မြေတစ်ခုလုံးကို မစုစည်းနိုင်ရုံသာမက ဒီစကြာဝဠာကြီးရဲ့ လည်ပတ်နေမှု နိယာမကိုလည်း ပြောင်းလဲနိုင်မှာမဟုတ်ဘူး။”
“ဘာလို့မလုပ်နိုင်ရမှာလဲ။”
“ဘာလို့လဲဆိုတော့ ခင်ဗျားကအရည်အချင်းမရှိလို့။”
“ဟာသပဲ ။ ကျုပ်သာ အရည်အချင်းမရှိဘူးဆိုရင် ဒီအထက်စကြာဝဠာမှာ ဘယ်သူက အရည်အသွေး ရှိမှာလဲ။”
“အထက်စကြာဝဠာကို ဘယ်သူက ပြောင်းလဲနိုင်မယ် ဆိုတာ ကျုပ်မသိဘူး။ ကြည့်လို့မရနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားဆီမှာ အဲလို အရည်အချင်းမရှိတာတော့ သေချာတယ်။ ခင်ဗျားက သတ်ဖြတ်လိုစိတ်တွေ အရမ်း အားကောင်းပြီး ကြင်နာတရား ကင်းမဲ့လွန်းတယ်။ ကောင်းကင်ရဲ့ နိယာမတွေ၊ ကောင်းကင်ရဲ့ တာအိုက မင်းကို လက်ခံနို်ငမှာမဟုတ်ဘူး။”
ထိုအရာကို တွေးကြည့်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ “ခင်ဗျားက အနာဂတ်အကြောင်း ပြောဆိုနိုင်တယ်လို့ လူတွေက ပြောကြာတယ်။ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ကျုပ်ရဲ့လုပ်ရပ်နဲ့ သက်သေပြမယ်။ ခင်ဗျားကျုပ်ကို ခန့်မှန်းလို့ ရနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က မိုးကောင်းကင်နတ်ဆိုး အင်ပါယာမို့လို့ပဲ။”
…………….…
ပြိုင်စံရှားဂိုဏ်း၏ အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှေး မှီကာဖြင့် ရင်ဘတ်ကို ဆုပ်ကိုင်ထား၏။ ပုံမှန်အရဆိုလျှင် ရွက်သင်္ဘောများဖျက်ဆီးခံရသည်မှာ သာမာန်သာ ဖြစ်၏။
အဘယ့်ကြောင့် သူသည် ဆိုးဆိုးဝါးဝါး ခံစားနေရသနည်း။ အဘယ့်ကြောင့်ဆိုသော် ယွမ်သခင်လေး၏ နောက်ဆုံးစာရင်းဇယား တွက်ချက်မှုအရဆိုလျှင် ရှောင်ထျန်နတ်ဆိုးစက်ရုပ်ကြီးကို အသက်သွင်းနိုင်ရန်အတွက် စွမ်းအင်ဖြည့်သွင်းရသည့် ပမာဏသည် အဆင်မြင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်နီးပါး ကုန်ကျသောကြောင့်ပင်။
“မဟုတ်သေးဘူး။”
ကျွင်းချောင်ရှောင်းသည် နာကျင်စွာဖြင့် ပြောလိုက်၏ “ငါ့ရင်တွေနာလိုက်တာ”
နတ်ဘုရား လျှို့ဝှက် အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းအားဖြင့် ရှောင်ထျန်းစက်ရုပ်ကြီးသည် တိုက်ခိုက်ရေး စွမ်းရည် ကို သက်သေပြခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ စွမ်းအင်ကုန်ဆုံးမှုသည် ကြောက်မက်ဖွယ်ရာပင်။
ဟုတ်ပေ၏။ ထာဝရလောကကြီးတွင် စိတ်ဝိညာဉ်ကျောက်တုံးများ တော်တော်ရှိ၏။ ထို့အပြင် နယ်မြေသခင် ဆိုသည့် အခွင့်အာဏာကို အသုံးပြု၍ ရှိရှိသမျှသော အရာများအားလုံးကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိနေသေးသည်။
“အင်း……အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး။” ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်မိ၏။ ဤအရာကြီး၏ တိုက်ခိုက်ခြင်းစွမ်းရည်နှင့် ဝယ်ယူရသည့် ဂုဏ်သိက္ခာအမှတ်များသည် လိုက်ဖက်ညီလှသည်ဟု သူက စဉ်းစားမိ၏။ သို့ပေမဲ့ ဤနေရာတွင် တကယ်တမ်း စဉ်းစားကြည့်မည် ဆိုပါက ထိုအရာကို အ သက်သွင်းနိုင်ရန်အတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်နီးပါး ကုန်ဆုံးခဲ့၏။ တိုက်ခိုက်ပွဲ တစ်ရာ၊ တစ်ထောင်လောက်သာတိုက်ခိုက်မည်ဆိုပါက တစ်ခါတည်း မွဲပြာကျသွားနိုင်၏။
“မပူနဲ့။”
စနစ် က နှစ်သိမ့်လိုက်သည်။ “အနာဂတ်မှာ ထပ်ပြီးတော့ အဆင့်မြှင့်ရမှာပဲလေ”
ထိုအချိန်မှာပင် ထိုက်ရွှမ်အကြီးအကဲသည် အထဲသို့လျှောက်ဝင်လာကာ ပြောလိုက်၏။ “အစီအရင် ဟောခန်းဆီ ရှောင်ထျန်စက်ရုပ်ကြီးကို လေ့လာဖို့ အခွင့်အရေးပေးနိုင်မလား။”
ဤကဲ့သို့ အဆင့်မြင့်ပစ္စည်းမျိုးသည် သူကြိုက်နှစ်သက်သည့် အရာမျိုးပင်ဖြစ်၏။ ထိုအရာကို တစ်စစီဖြုတ်ကာ လေ့လာချင်စိတ်သည် မရိုးမရွနှင့် ဖြစ်လို့နေသည်။
“ရတာပေါ့။”
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဆရာကြီးအနေနဲ့ ဒါကို အဆင့်မြှင့်တင်နို်ငဖို့ ကြိုးစားကြည့်။ စွမ်းအင်ကုန်ဆုံးဖို့ကို လျော့ချနိုင်လျှင် ပိုကောင်းမယ်။”
…………….
“မလုပ်ပါနဲ့” အစီရင်ဟောခန်း၏ အပြင်ဘက်မှာတော့ ကျင်းဟီ သည် ရင်နာနာနှင့် အော်ဟစ်လျက်ရှိသည်။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် သူမကို မနည်းပင်ဆွဲထားရ၏။
“အားလုံးပဲ” ထိုက်ရွှမ်အဘိုးအိုသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် နှာခေါင်းစည်းကိုလည်း တပ်ဆင်ထားသေး၏။ သူသည် ဘယ်ဘက်လက်တွင် ကျောက်သင်ပုန်းတစ်ခုကို ကိုင်ဆောင်ကာ ညာဘက်လက်တွင် ပလာရာ တစ်ခုကို ကိုင်ထားရ၏။ သူသည် လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “စကြရအောင်။”
“ကောင်းပါပြီ။” သုတေသနအဖွဲ့ဝင်များအားလုံးသည် ခေါင်းကိုညိတ်ပြီးသည့်နောက် ရှောင်ထျန် စက်ရုပ်ကြီးအား တစ်စစီဖြုတ်လေတော့၏။
ဖြောင်း………..ဖြောင်း……..ကျွီ………..ကျွီ…………ထွီ…………ထွီ.
တစ်စစီဖြုတ်နေသည့် အသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိ၏။
“မလုပ်ကြပါနဲ့။” ကျင်းဟီ သည် ကျယ်လောင်စွာ အော်ဟစ်လျက်ရှိ၏။ သူမသည် ချုပ်နှောင်ခြင်းကို ခံထားရသည်ဖြစ်သောကြောင့် ရှောင်ထျန်းစက်ရုပ်ကြီး တစ်စစီ ဖြုတ်ခြင်းခံနေရသည်ကိုသာ မျက်ရည်အဝိုင်းသားဖြင့် ကြည့်နေရလေသည်။
44