← Chapters

အခန်း ၁၈၄၆

Vol. 124 Ch. 1846

အခန်း ၁၈၄၆

Vol. 124 Ch. 1846

အပိုင်း (၁၈၄၆)

တည်နေရာတစ်ခုလုံးကွဲအက်ပြီး လေများသည် တစ်ဝုန်းဝုန်းနှင့်တိုက်ခိုက်နေ၏။ ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများသည် လျှပ်စီးကြောင်းများကဲ့သို့ပင် လေထုထဲတွင် ပြည့်နှက်လျက်ရှိ၏။ လူသုံးယောက်တို့ သည် တြိဂံပုံစံမျိုး မတ်မတ်ရပ်လျက်ရှိပြီး ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးသည် အားကောင်းလွန်းလှသော အော်ရာများနှင့်ပြည့်နှက်နေ၏။ ၎င်းတို့၏ အနီးတစ်ဝိုက်တွင်ရှိနေသော တည်နေရာကြီးတစ်ခုလုံးပင်လျှင် တုန်ခါနေ၏။ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး ပြိုလဲလုမတတ် ဖြစ်နေသည့်မြင်ကွင်းကို ကြည့်ရှုမည်ဆိုလျှင် ဤတည်နေရာတွင် ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်တော့သေချာ၏။

“စိတ်ကျေနပ်စရာပဲ” ကျွင်းချောင်ရှောင်းသည် ရယ်မောလိုက်၏။ လက်ရှိအခြေအနေမှာတော့ သူသည် ကျိုးပဲ့လျက် ရှိနေသော ဥက္ကာခဲတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် သုံးယောက် တစ်ယောက် တိုက်ခိုက်ရန်အတွက် အားနည်းလိမ့်မည်မဟုတ်ချေ။

........

ညဘုရင် မဟာမိတ်အဖွဲ့မှ တိုက်ခိုက်သူ သုံးယောက်တို့၏ အမူအရာများသည် တင်းမာခက်ထန်သွားခဲ့ကြ၏။ ဤမိစ္ဆာဆိုသူကို ရှင်းလင်းပစ်ရန်အတွက် သူတို့သည် သူတို့၏ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ အရေအတွက်အရ အသာစီးယူကာ တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ အထက်စီးမှ တိုက်ခိုက်နိုင်စွမ်းမရှိချေ။

“ခင်ဗျားတို့ ကျုပ်ကိုနိုင်မှာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက အကြံပေးလိုက်၏။ “ဒီတော့ အခု ထွက်သွားလိုက်တော့”

“အမှိုက်.. မင်း မောက်မာလှချည်လား”

ဓားကိုင်ထားသောကျင့်ကြံသူသည် ရုတ်တရက်သူ၏ဓားကို ပစ်လွှတ်လိုက်၏။ တဆက်တည်းမှာပဲ လက်သည် လျှင်လျှင်မြန်မြန်ဖြင့် များပြားလွန်းသော လက်စည်းသင်္ကေတများကို ဖန်တီး၏။ ၎င်း၏ ဆံနွယ်ရှည်များနှင့် ဝတ်စုံများသည် တဟူးဟူးနှင့် လှုပ်ခါနေ၏။ သူက အော်ဟစ်လိုက်သည်။ “ဘုံးကိုးပါး ဓားတောင်သို့ပြောင်းလဲခြင်း”

ဝှစ် ဝှစ်

လေထုတစ်ခုလုံး ပြိုလဲလျက်ရှိနေသည့် ပုံပန်းသွင်ပြင်ကဲ့သို့ပင် ဓားဆီမှထွက်ပေါ်လာသည့် အော်ရာများသည် ‌တောင်နှင့်ချောင်းများကိုပင် ဝါးမြိုနိုင်စွမ်းရှိသည့် အရာများဖြစ်လို့နေခဲ့၏။ ထိုဓားစွမ်းအင်များသည် လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး တည်နေရာကြီးတစ်ခုလုံးကို ပိုင်းဖြတ်နေ၏။

“အင်း.. ကြိုးကြာအိုကြီးကတော့ သူ့ရဲ့ သတ်ဖြတ်ခြင်းအကွက်ကိုသုံးလိမ့်မယ်”

“ဒီတိုက်ကွက်က အရင်ကထက်ပိုပြီးတော့ အားကောင်းလာခဲ့တာပဲ”

ဘေးတစ်ဖက်တွင်ရှိသော လူနှစ်ယောက်တို့သည် တုန်လှုပ်သွား၏။ မိတ်ဆွေရင်းများ၊ လုပ်ဖော်ကိုင်ဖက်ရင်း များ ဖြစ်သည်မို့ ယခင်တုန်းက ဤဓားသိုင်းကွက်သည် အားကောင်းသလား၊ အားမကောင်းလား ဆိုတာကို ပြောနေစရာပင်မလိုအပ်ချေ။ သူတို့က သိရှိပြီးသားဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်၏။ သူသည် ဤကဲ့သို့သော ဓားတိုက်ကွက် များကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ကာ အသုံးပြုဖူးသူ မဟုတ်ပါလား။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းက မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက် အင်မော်တယ်ဓားကို ဆင့်ခေါ်လိုက်၏။

“ဒီနေ့မှာ ဓားတိုက်ကွက်ဆိုတာ ဘာလဲဆိုတာ ဒီဂိုဏ်းချုပ်က ခင်ဗျားတို့ကို ပြမယ်”

ရွှီ

သူသည် ကောင်းကင်ပေါ်သို့ပျံတက်လိုက်ပြီး လေဟာနယ်ထဲတွင် မတ်မတ်ရပ်နေသည်။

ဝှစ်

အားကောင်းလွန်းလှသော ဓား၏အော်ရာများသည် ကျွင်းချောင်ရှောင်းကို ဖုံးလွှမ်းလျက်ရှိနေ၏။ ထိုဓားအော်ရာများသည် အင်မော်တယ်ဓားဆီမှ ထွက်ပေါ်နေခြင်းပင်။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်ကပ်ဘေး၊ ကောင်းကင်ပြိုလဲခြင်းရွှေတူ”

“သွားပြီ”

စနစ်ကပြောလိုက်၏။ “လုပ်လိုက်ပြန်ပြီ”

အဘယ်ကြောင့် သူပြောနိုင်သနည်း။ လက်ခံသူသည် ပါးစပ်မှ ပေါက်ပန်းလေးဆယ်များကို အော်ဟစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိခြင်းဖြစ်သည်။

သို့ပေမဲ့ လက်ရှိအခြေအနေများက အလုပ်မဖြစ်ချေ။ ကျွင်းချောင်ရှောင်း၏ အသံသေးအသံညောင်သည် ညဘုရင်မဟာမိတ်အဖွဲ့မှ သိုင်းကျင့်ကြံသူသုံးယောက်တို့အား တစ်ချက်ကလေးမှ အာရုံမပျက်ပြားစေခဲ့ချေ။ “ထင်ထားတဲ့အတိုင်းပဲ။ ဟာသလာလုပ်နေတာပဲ”

“တကယ့်ထိပ်တန်းကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့စိတ်ကို အာရုံ ပျက်ပြားအောင် လုပ်ဖို့ဆိုတာမလွယ်ဘူးပဲ” စနစ်၏တွေးခေါ်ယူဆချက်သည် ချက်ခြင်းပဲ ပြောင်းလဲသွား၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ၏အသံကိုအသုံးပြု၍ ရန်သူများကို အာရုံပျက်ပြားစေရန် ပြုလုပ်ခဲ့ခြင်းမဟုတ်ချေ။ သူ၏မူလရည်ရွယ်ချက်သည် သူ၏ ဓားတာအိုကို အသုံးပြုပြီး တစ်ဖက်လူများအား ဖိနှိပ်ရန်ပင်ဖြစ်၏။

ဟူး ဟူး ဟူး

တူကဲ့သို့ အရိပ်ပုံသဏ္ဍာန်ရှိသော ဓားချီများသည် ကျယ်လောင်လှသော အသံနှင့်အတူ ရောက်ရှိသွား၏။ လမ်းတစ်လျှောက်တွင် ဖျက်ဆီးမှု အားကောင်းကောင်းနှင့်ဖြတ်သန်းသွားသည်။

ရွှီး ရွှီး ရွှီး .....။

ဖူး

ညဘုရင်မဟာမိတ်အဖွဲ့မှ ဓားကျင့်ကြံသူသည် သွေးများအန်ထွက်သွားခဲ့၏။ ၎င်းတို့သည် ကြိုးပြတ်သွားသော စွန် ကဲ့သို့ပင် လွင့်စင်သွားခဲ့၏။

“ကြိုးကြာအိုကြီး”

ဆွစ်

ဓားအလင်းသည် ဖြတ်သန်းသွားခဲ့၏။ မိုင်တစ်ထောင် အကွာအဝေးတွင်ရှိနေသော လေဟာနယ်ကြီးကိုပင် ပိုင်းဖြတ်လေသည်။

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူနှစ်ယောက်တို့သည် အသာမော့ကြည့်လိုက်၏။ ကျွင်းချောင်ရှောင်းသည် ဓားကျင့်ကြံသူ၏ရှေ့တွင် ရုတ်တရက် ရောက်ရှိနေသည်ဖြစ်ကြောင်းကို သူတို့က မြင်လိုက်ရ၏။ အင်မော်တယ်ဓားသည် တစ်ဖက်လူ၏ လည်ကုပ်ပေါ်တွင် ရောက်ရှိလျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းက အေးစက်စက်ပြောလိုက်၏။ “ခင်ဗျားတို့ အညံ့ခံပြီလား”

ဓားကျင့်ကြံသူသည် ဘာစကားမှမဆိုချေ။ အဘယ့်ကြောင့်ဆိုသော သူ၏ ဓားနည်းစနစ် ဖျက်ဆီးခံလိုက်ရ ပြီးသည့်နောက် တန်ပြန်မှုကို ခံစားကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိနေသောကြောင့်ပင်။

“ခင်ဗျားတို့တွေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မသေချင်ဘူးဆိုရင် မြန်မြန်ဆန်ဆန် လက်နက်တွေ ချပြီး အညံ့ခံလိုက်”

ညဘုရင်မဟာမိတ်အဖွဲ့မှ ထိပ်တန်းကျွမ်းကျင်သူနှစ်ယောက်တို့၏ မျက်နှာပေါ်ရှိ အမူအရာများသည် ပျက်ယွင်းသွားခဲ့ကြ၏။ သို့ပေမဲ့ သူတို့သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။

.....

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာတော့ ဆွံ့အလျက်ရှိ၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့တောင် ရင်ဆိုင်တိုက်ခိုက်မယ့် အမှန်တရားဘက်တော်သားသုံးယောက် ..... ငါ ဒီလူတွေကို ခြိမ်းခြောက်ပြီး အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့တယ်။ ဒီလူတွေကိုကြည့်ရတာ ငကြောက်တွေလိုပဲ။ သူတို့ကို အားကိုးပြီးတော့ စကြဝဠာ တစ်ခုလုံးကို ကယ်တင်ဖို့လား”

စနစ်သည် သုံးသပ်လိုက်သည်။ “ဒီလူတွေရဲ့အရည်အချင်းမျိုးနဲ့ဆို အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းအနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တစ်ခါသာတွေ့ဆုံခဲ့ဖူးသည်ဆိုသော်လည်း ထိုအရာသည် ကိုယ်ပွားသာဖြစ်၏။ သို့သော်ငြား ထိုလူသည် သာမာန်ဗီလိန် တစ်ယောက်မဟုတ်ကြောင်းကို ကောင်းကောင်းသိ၏။

အမှန်တရားဘက်တော်သား လူများသည် သာမာန်ထက်ပိုသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုပါက ကိစ္စမရှိလှသော်လည်း ဤကဲ့သို့ သတ္တိ၊ ဗျတ္တိမျိုးနှင့် သွားရောက်တိုက်ခိုက်မည်ဆိုပါက သေလမ်းရှာခြင်း နှင့်ပင် ဆင်တူနေလိမ့်မည်။ ဆိုလိုသည်မှာ ညဘုရင်မဟာမိတ်အဖွဲ့သည် ကျိန်းသေပေါက် ထိုကဲ့သို့သော တာဝန်များကို ပြုလုပ်နိုင်မည့် လူများမဟုတ်ကြချေ။

“ဒီတော့”

စနစ်ကပြောလိုက်သည်။ “စကြဝဠာကြီးကိုကယ်တင်ဖို့ဆိုတာက တကယ့်ကိုခက်ခဲတဲ့တာဝန် တစ်ခုပဲ။ ဒါပေမဲ့ လက်ခံသူ ပြည့်စုံအောင် လုပ်နိုင်တဲ့ အတိုင်းအတာ အကွာအဝေးအတွင်းမှာရှိတယ်။ ဂုဏ်သိက္ခာအမှတ် တွေကို အသုံးပြုပြီး စနစ်ကိုသာ Refresh လုပ်တော့”

“ချီးတဲ့မှ”

..........

ထျန်းယွမ်အကျဉ်းထောင်စေတီ

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူသုံးယောက်တို့သည် ချုပ်နှောင်ခြင်းကို ခံထားရ၏။ အားရာ၊ ကျိုးတူတူနှင့် တိုင်လုတို့သည် မိမိတို့ လုပ်ဆောင်နေကျ လုပ်ငန်းစဉ်များကို အားတက်သရောနှင့် ပြုလုပ်လျက်ရှိနေကြ၏။ ၎င်းတို့သည် လက်နက်ပစ္စည်းပေါင်း များစွာတို့ကို လျှင်လျှင်မြန်မြန် ပြင်ဆင်လျက် ရှိနေ၏။

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း၏ သတိပေးခြင်းကိုခံလိုက်ရ၏။ “ဒီ သုံးယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြ”

“............”

အကျဉ်းထောင် အုပ်ချုပ်ရေးမှူး သုံးယောက်တို့သည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၊ ဖယောင်းတိုင်နှင့် ချိန်းကြိုးများကို မသိမသာနှင့် ပြန်လည်ကာ သိမ်းဆည်းလိုက်ရသည်။

တကယ်တမ်းမှာတော့ နားလည်မှုလွဲခြင်း တစ်ခုသာဖြစ်သည်။ သူသည် မိစ္ဆာကဲ့သို့လူတစ်ယောက် မဟုတ်မှန်းသိရှိသည်ဆိုပါက တစ်ဖက်လူများကို ပြန်လွှတ်ပေးမည်ဟု ကျွင်းချောင်ရှောင်းက စဉ်းစားထား၏။

“အမှိုက်”

ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ညဘုရင်တွေက ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ မင်းကို လက်လွှတ်ပေးမှာမဟုတ်ဘူး”

“ညဘုရင်ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်စားသွား၏။ သူသည် ထိုင်ခုံပေါ်တွင် ထိုင်ချကာဖြင့် ပြုံးကာမေးလိုက်၏။ “ဘယ်သူတွေလဲ”

“ညဘုရင်မဟာမိတ်အဖွဲ့ခေါင်းဆောင်”

အခြားသောလူတစ်ယောက်သည် ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ “အထက်စကြဝဠာ တစ်ခုလုံးထဲမှာ ကျုပ်တို့ရဲ့ ဆရာကြီးတစ်ယောက်တည်းကပဲ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရဲတယ်”

“အင်း... သေသေချာချာ ထပ်ပြီး ရှင်းရှင်းလင်းလင်းပြောပြပါလား”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ကျုပ်က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ နောက်လိုက်မဟုတ်ဘူး” သူ့ရဲ့ ရန်သူပဲ”

“ဟမ့်”

ဒဏ်ရာရရှိထားသည့် ဓားကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်သည်။ “မင်း... မိုးကောင်းကင်နတ်ဆိုး အင်ပါယာမှာပဲရှိတဲ့ ရွက်သင်္ဘောကိုမောင်းလာတယ်။ ပြီးတော့ သူ့ရဲ့နောက်လိုက် မဟုတ်ဘူးပြောနေတယ် ဆိုတော့ ငါတို့ကို အရူးလို့ ထင်နေတာလား”

တစ်ဖက်လူများကို အရူးဟု အပြစ်တင်၍မဖြစ်ချေ။ အဓိကအားဖြင့် ထာဝရရွက်သင်္ဘောကြီးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောနှင့် ဆင်တူလျက်ရှိနေ၏။ ထို့ကြောင့် အပြစ်ကင်းစင်လွန်း လှသော သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့သော ရွက်သင်္ဘောကို စီးနင်းလိမ့်မည်မဟုတ်ချေ။

.....

ကျွင်းချောင်ရှောင်းသည် ရှင်းပြရန် ပျင်းရိလို့နေခဲ့၏။ ထို့ကြောင့် မေးမြန်းလိုက်၏။ “ညဘုရင်မဟာမိတ် အဖွဲ့က ဘယ်မှာလဲ”

ညဘုရင်မဟာမိတ်အဖွဲ့ခေါင်းဆောင်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်သည်ဟု သူပထမဦးဆုံး ကြားရှိပြီးဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူသည် ကြွားဝါ ပြောဆိုနေခြင်း ဟုတ်မဟုတ်ကိစ္စမရှိချေ။ ရန်သူ၏ ရန်သူဖြစ်သည်ဆိုမှတော့ မိတ်ဆွေသာဖြစ်ပေလိမ့်မည်။ အခွင့်အရေးရှိသည်ဆိုပါက တစ်ဖက်လူနှင့် မိတ်ဖွဲ့ရန်စဉ်းစားထားသည်။

သူ့အနေနှင့် ဤအကျဉ်းသား သုံးယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရသည့် အကြောင်းအရင်း ကလည်း ဤအချက်ပင်ဖြစ်၏။ မဟုတ်ပါက မိတ်ဆွေအဖြစ်ပြုလုပ်ခြင်းထက် တစ်ခါတည်း ရန်သူအဖြစ် သတ်မှတ်လိုက်မှာသေချာ၏။

“သတင်းအချက်အလက်တွေရချင်တာလား”

ခေါင်းဆောင်သည် နှာခေါင်းရှုံလိုက်သည်။ “ဟမ့် ..... အိမ်မက်မက် နေလိုက်”

“ ..........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ကြည့်ရတာ ခင်ဗျားတို့မျက်လုံးထဲမှာ ကျုပ်က မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ တူတူပဲလို့ထင်တယ်။ ထားလိုက်တော့။ ထားလိုက်တော့”

ခေါင်းကိုခါယမ်းပြီးနောက် သူက ပြောလိုက်သည်။ “ခင်ဗျားတို့သုံးယောက်က အခုအကျဉ်းသားတွေ ဖြစ်လာပြီ။ အသက်ရှင် ချင်တယ်ဆိုရင် ခင်ဗျားတို့ မဟာမိတ်ခေါင်းဆောင်ကို ငွေနဲ့လာရွေးဖို့ မြန်မြန်ဆန်ဆန် အကြောင်းကြားလိုက်တော့”

“အမှိုက်”

ခေါင်းဆောင်သည် အေးစက်စက်ပြောလိုက်၏။ “မင်းလို အောက်ဆွဲတစ်ယောက်က ငါတို့ မဟာမိတ်ခေါင်းဆောင်နဲ့တွေ့ဖို့အတွက် အရည်အချင်းမပြည့်မီဘူး”

“..........”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် အားရာဆီမှ ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကို လှမ်းယူကာဖြင့် အကျဉ်းထောင်တံခါးကို ကန်ဖွင့်လိုက်သည်။ ဒေါသတကြီးနှင့် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် အော်ဟစ်လိုက်သည်။ “ဒီနေ့ ခင်ဗျားကို မနှိပ်စက်ရဘူးဆိုရင် လောကကြီးက ဘယ်လောက်ရက်စက်တယ် ကြမ်းတမ်းတယ်ဆိုတာကို သိမှာမဟုတ်ဘူး”

ဖြောင်း ဖြောင်း ဖြောင်း

အား အား အား အို အိုး အိုး

ကြာပွတ်ရိုက်နှက်သံနှင့် တစ်ဖက်လူ၏အော်ဟစ်သံသည် အကျဉ်းထောင်ခန်းထဲတွင် ထွက်ပေါ်လျက်ရှိ၏။ ကျိုးတူတူနှင့် တိုင်လုတို့သည် အပြင်ဘက်တွင် ထိုင်လျက်ရှိ၏။ တစ်ယောက်သည် ကွာစေ့ကိုစားလျက်ရှိ၏။ တစ်ယောက်သည် မြေပဲကိုခွာစားလျက်ရှိ၏။

ကျိုးတူတူကပြောလိုက်သည်။ “အင်း ဒီသုံးယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်လို့ သူပဲ ပြောခဲ့တာမဟုတ်ဘူးလား။ အခု ဂိုဏ်းချုပ်က ဘာလို့ သူ့ဘာသာထရိုက်နေတာလဲ”

..... .......

စာကြည့်ခန်းထဲမှာတော့ ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူသုံးယောက်ကို နှိပ်စက်ရိုက်နှက် ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ဇိမ်ကျကျနှင့် လှဲလျက်ရှိသည်။ သူ၏မျက်နှာပြင် တစ်ခုလုံးသည် အမှန်ပင် လေးနက်နေ၏။

ပြောဆိုခဲ့သည့် စကားလုံးများအရဆိုလျှင် ပြဿနာကြီးနှစ်ခု ရှိကြောင်း သူသိရှိခဲ့၏။ ပထမဦးဆုံးအနေနှင့် သူ၏ ထာဝရရွက်သင်္ဘောကြီးသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ရွက်သင်္ဘောကြီးနှင့် တူညီလျက်ရှိ၏။ အဓိက အကြောင်းအရာအားဖြင့် ဤရွက်သင်္ဘောကြီးသည် ကြယ်တာရာ စိတ်ဝိညာဉ်လောက ဆီမှ လုယူခဲ့သောအရာဖြစ်သောကြောင့်ပင်။

“တွေးနေစရာမလိုဘူး”

စနစ်ကပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ကြယ်တာရာစိတ်ဝိညာဉ် လောကဆိုတာ ပူးပေါင်းထားတဲ့အရာပဲဖြစ်ရမယ်”

ဒုတိယအားဖြင့် ဤညဘုရင်မဟာမိတ်အဖွဲ့သည် အမှန်တရား ဘက်တော်သားများဖြစ်ပုံပေါ်၏။ ထို့ကြောင့် အထက်စကြဝဠာ၌ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပုန်ကန်နေသည့်ထဲတွင် သူ့အပြင်အခြားအဖွဲ့အစည်း များလည်း တည်ရှိနေသည်ဆိုသည့်သဘောပင်။

“မြန်မြန် သူတို့ကို ဆက်သွယ်လိုက်”

စနစ်က ပြောလိုက်သည်။ “အားအင်တစ်ခုတည်းနဲ့စာရင် အားအင် အများကြီးနဲ့ပေါင်းပြီး တိုက်ခိုက်တော့ ယုံကြည်ချက်ပိုရှိလာမှာပေါ့”

“ညဘုရင်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့်ပြောလိုက်၏။ “နောက်ဆုံးမှာတော့ သူက ဘုရင်တစ်ယောက်ပဲရှိတယ်။ ငါတို့ပြိုင်စံရှားဂိုဏ်းမှာ အင်ပါယာရှိတယ်ကွ။ ဂုဏ်ပုဒ်အရဆိုလျှင် ငါတို့က သူတို့ထက်ပိုသာတယ်မလား”

“အင်ပါယာ ဟုတ်လား .... ဘယ်သူလဲ”

ညအင်ပါယာ။

ရီရှင်းချန်ဟူသော အမည်နာမရှိသည့် ညအင်ပါယာပင် ဖြစ်လေတော့သည်။

All Chapters