← Chapters

သုန်းမျိုးနွယ်ပျက်စီးခြင်း

Vol. 130 Ch. 1808

သုန်းမျိုးနွယ်ပျက်စီးခြင်း

Vol. 130 Ch. 1808

မရဏာတိုင်းပြည်ကကြိုဆိုပါတယ်… ငါက မရဏာဘုရင် ဟေးဒီးစ်ပါ။

အရာအားလုံးသည် ဤနေရာတွင် ရပ်တန့်သွားပြီးနောက် သူမ နိုးလာ သည်။

သူမ၏ ကြည်လင်သောမျက်လုံးများသည် သံသယများ ဝင်းလက်သွား သည် “မရဏာ… မရဏာဘုရင် သူတို့က တကယ်ပဲရှိလို့လား… ငါ့မှာ ဘာလို့ ဒီမှတ်ဉာဏ်ရှိနေတာလဲ.. ငါ တစ္ဆေလောကကိုရောက်တော့ ပထမဆုံးရောက် သွားတဲ့နေရာက ချောက်ကမ်းပါးမဟုတ်ဘူးလား”

ဒါတွေသာ အမှန်မဟုတ်ဘူးဆိုရင် သူမ အဲဒီကနေထွက်မသွားခင် သူမရဲ့ မှတ်ဉာဏ်ကို တစ်ဖက်လူက ချိပ်ပိတ်လိုက်တာပဲ။ အခု သူက ဒီလိုတွေလုပ်ပြီး တော့ ဘာလို့ ပြန်မှတ်မိအောင်လုပ်နေတာလဲ။

“ငါတို့ လောင်းကြမယ် ဘယ်လိုလဲ”

သူမ ခေါင်းထဲတွင် အသံတစ်သံဝင်လာသည်။ အသံမှာ ဟိုးအဝေးမှ လာသကဲ့သို့ တိုးညင်းလွန်းသည်။ အသံမှာ ဖြတ်ခနဲဖြစ်သွားသဖြင့် သူမ မကြားလိုက်ရပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” သူမသည် စိတ်ထဲမှ သံသယစိတ်ကို အသံထွက်ပြီး လေသံဖြင့် ရေရွတ်လိုက်သည်။

“သခင်မလေး သခင်မလေး မကောင်းတော့ဘူး” ထင်ရွှေသည် အော်ရင်း နှင့် ခြံအပြင်မှပြေးလာသည်။

ရှီမာယူယူသည် နားထင်ကိုပွတ်ပြီး အိပ်ရာပေါ်မှဆင်းကာ လျှောက်ထွက် ခဲ့လိုက်သည်။

“ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ… ဘာလို့ဒီလောက်ပျာနေတာလဲ”

ထင်ရွှေသည် ရင်ဘတ်ကိုပုတ်ပြီး အသက်ရှုမှန်အောင်လုပ်ကာ အလန့် တကြား ပြောလေသည် “သုန်းမျိုးနွယ်… သုန်းမျိုးနွယ် ဖျက်ဆီးခံလိုက်ရပြီ”

“ဘာ” ထင်စန်းသည် ဘေးမှအော်လေသည် “သုန်းမျိုးနွယ်က ဘယ်လို ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတာလဲ”

ရှီမာယူယူသည်လည်း အလွန်အံ့ဩသွားသည်။ ကိစ္စများဖြစ်ပျက်သည် မှာ မကြာလှသေးကာ နယ်စားအိမ်တော်မှလည်း သုန်းမျိုးနွယ်ကို စာရင်းရှင်း ရန် လူမလွှတ်ရသေးပေ။ ဘယ်လိုဖြစ်လို့ ဖျက်ဆီးခံလိုက်ရတာလဲ။

“ဘယ်သူလုပ်လဲဆိုတာ သိလား” သူမ မေးလိုက်သည်။

“မသိဘူး အဲဒီနေ့ကိစ္စပြီးသွားတော့ လူအများကြီးက သုန်းမျိုးနွယ်ကို စောင့်ကြည့်နေကြတာ ဒါပေမဲ့ ဘယ်သူလုပ်တာလဲဆိုတာ ဘယ်သူမှမမြင် လိုက်ကြဘူး” ထင်ရွှေသည် ကြားလာသောသတင်းကို ပြောပြရင်းနှင့် အံ့ဩနေ ဆဲပင်ဖြစ်သည်။

“ဘယ်သူလုပ်လဲဆိုတာ ဘယ်သူမှ မသိလိုက်ဘူးဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ထင်စန်းသည် မယုံနိုင်ပေ။ ဒီလောက် ကြီးတဲ့လှုပ်ရှားမှုကို ဘယ်သူမှ မမြင်လိုက်ဘူးလား။

“တကယ်… မြူခိုးမည်းကြီးတစ်ခုက လူတွေကိုအုပ်မိုးသွားပြီးတော့ အဲဒီ မြူခိုးပျောက်သွားတာနဲ့ သွေးကန်ကျန်ခဲ့တာကိုပဲ မြင်လိုက်ကြတယ်လို့ လူတိုင်း ပြောနေတာ” ထင်ရွှေသည် ထိုအဖြစ်ကို သူမကိုယ်တိုင် မြင်ခဲ့ရသည့် အလား ပြောပြရင်းနှင့် မျက်လုံးများပြူးကျယ်နေသည်။

ထိုစကားကိုကြားသောအခါ ရှီမာယူယူသည် အမည်းလေးကို အလိုအလျောက်ကြည့်မိသည်။ အဲဒီပုံစံက သူမ အမည်းလေးကို ပထမဆုံးမြင် တဲ့အချိန်နဲ့ ဘာလို့တူနေတာလဲ။

ဒါပေမဲ့ ဒီကောင်က ဒီလိုပုံစံနဲ့ ဒီမှာပဲရှိနေတာလေ။ သူ့လက်ချက် မဖြစ် နိုင်ဘူး။ ပြီးတော့ ဒီကောင်ကိုချိပ်ပိတ်ထားတာ ဝိညာဉ်စွမ်းအားသုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပထဆုံးလူသတ်တာကလည်း အမြန်နှုန်းနဲ့ သွားကိုပဲ မှီခိုခဲ့တာ အဲလိုမဖြစ်နိုင်ဘူး။

“တခြား ထူးခြားတဲ့အချက်ရှိလား” ထင်စန်း မေးလိုက်သည်။

“အိုး… သူတို့တွေ ပြောတာကို နားထောင်ရသလောက် အဲဒီမြူခိုးမည်းဆီ က ကြောက်စရာကောင်းတဲ့ ခံစားချက်ရတယ်တဲ့ သာမာန်လူ အသက်ရှုတာနဲ့ မတူဘူးဆိုပဲ” ထင်ရွှေပြောလေသည်။

“မြူခိုးမည်းအဖြစ် ပြောင်းနိုင်တယ်ဆိုတော့ တစ္ဆေနယ်မြေက မဟုတ် တာသေချာတယ် ဝိညာဉ်နယ်မြေကလူများလား” ထင်စန်းသည် သူမ၏ ထင်မြင်ချက်ကို အသံထွက်ပြောသည်။

“အဲဒါလည်းဖြစ်နိုင်တယ် ဒါပေမဲ့ ဒီတစ်ခေါက်ဖြစ်သွားတာက အချိန်က လည်း အရမ်းတိုက်ဆိုင်လွန်းတယ် မဟုတ်ဘူးလား အဲနေ့ကကိစ္စကြောင့်… သုန်းမျိုးနွယ် လက်စားချေခံရတာလို့ ခံစားနေရတယ်၊ အခု ဒီကိစ္စကို ကျွန်မတို့ လူလွှတ်လိုက်တယ်လို့ အပြင်မှာသတင်းတွေပျံ့နေတယ်”

“အဲဒါက ငါတို့ကိုပြဿနာဖြစ်စေလို့လား”

“ဒါက အစပိုင်းကထင်ကြတာပါ… တချို့ကလည်း အဲလိုအင်အားမျိုးက နယ်စားအိမ်တော်မှာမရှိဘူးလို့ ပြောကြတယ်… သခင်မလေးကို တစ်ယောက် ယောက်က ကူညီနေတယ်လို့လည်း ခန့်မှန်းနေကြတာ… ပြီးတော့ သခင်မလေးကအရင်က ဘာမှမဟုတ်ခဲ့ဘူးလေ ဒါပေမဲ့ အခု သူမမှာ နဂါးနက် နဲ့ အသွင်ပြောင်းတဲ့ခွေးရှိနေတာ… သူမက စွန့်စားရင်းနဲ့ မတော်တဆ အခွင့်အရေးတွေရသွားတာဖြစ်မယ်တဲ့… အဲဒါကြောင့် အခု အကုန်လုံးက သခင်မလေးကို ကြောက်နေကြတယ်” ထင်ရွှေသည် ထိုလူများ၏ စကားများ ကို ပြန်ပြောရင်းနှင့် ရှီမာယူယူကို လေးစားသော အကြည့်များဖြင့် ကြည့်လေ သည် “သခင်မလေး သူတို့ပြောတာ အမှန်ပဲလား သခင်မလေးက စွန့်စားခန်း ထွက်ရင်းနဲ့ မတော်တဆအခွင့်အရေးတွေများ တွေ့လာတာလား”

ရှီမာယူယူသည် သူမ၏ ခေါင်းကိုတွန်းပြီး ပြောလိုက်သည် “ငါက ဘယ်တုန်းက စွန့််စားခန်းထွက်လို့ ဘယ်က အခွင့်အရေးရမှာလဲ မဟူရဦက ငါ ယွဲ့ရှီတောင်ကြားမှာတုန်းက စာချုပ်တည်ထောင်ခဲ့တာ”

ထင်စန်းသည် ထင်ရွှေကိုဆွဲပြီး မဟုတ်မဟတ်စကားများ မပြောရန် တားရင်းနှင့် တစ်ချိန်တည်းမှာပင် မေးလိုက်သည် “သခင်မလေး သုန်းမျိုးနွယ် ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ”

“ဘာဖြေရှင်းစရာလိုလို့လဲ အဲဒါငါတို့လုပ်တာမှ မဟုတ်တာ အဲဒီတော့ စိတ်ပူမနေနဲ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မြို့ထဲက အခြေအနေကို အာရုံစိုက်ထားကြဦး အပြောင်းအလဲတွေရှိရင် အချိန်မှီသတင်းလာပို့”

“ဟုတ်ကဲ့ပါ”

“ဟုတ်ပြီ မင်းတို့ သွားကြတော့” ရှီမာယူယူ လက်ကိုဝေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက် နောက်ဆုတ်သွားကြသည်။

သူမသည် ခြံဝန်းထဲတွင် တစ်ယောက်တည်းရပ်ပြီး မီးခိုးရောင် မိုးကောင်းကင်ကို ကြည့်ကာ ရေရွတ်မိသည် “ရှင်လုပ်တာလား ဟေးဒီးစ်…”

သူမကို အဖြေပြန်ပေးသည်မှာ လေတိုးသံမျှသာဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြို့အပြင်တွင် မြူခိုးတိမ်တိုက်တစ်ခုသည် ဖြည်းညင်းစွာ ပုံပေါ်လာပြီး အမျိုးသားတစ်ဦးအသွင်ပြောင်းသွားလေသည်။

ထိုအမျိုးသားသည် လက်ကို သာမာန်ကာလျှံကာဝေ့လိုက်ရာ လေဟာ ပြင်မှာ ဟ,သွားသော်လည်း သူ မဝင်ပေ။

“အရှင် သုန်းမျိုးနွယ်ကို ရှင်းပြီးသွားပါပြီ အဲဒီပစ္စည်းကိုလည်း သူမဆီ ပို့ပြီးသွားပါပြီ” ထိုလူ သတင်းပို့လေသည်။

“သူမ မှတ်မိလား” ကြည်လင်သောအသံသည် ထိုလေဟာနယ်ထဲမှ လွင့်ပျံလာသည်။

“သူမ နည်းနည်းတော့ မှတ်မိတယ်… ဒါပေမဲ့ ချိပ်စည်းမပျက်သေးတော့ အကုန်လုံးကို မမှတ်မိဘူး” ထိုလူပြန်ဖြေလေသည်။

“ဟွမ်… မင်းပြောကြည့်... ဒီအလောင်းအစားမှာ ဘယ်သူနိုင်လဲ သူမ ဖြစ်မလား မဟုတ်ရင် ငါဖြစ်မလား…”

“အရှင်.. ယူယူက ချိပ်စည်းကိုဖျက်နိုင်ပြီး ဒီ ၁၀ နှစ်အတွင်းကကိစ္စတွေကို ပြန်မှတ်မိမယ်လို့ အရှင်နဲ့ ယူယူတို့ အလောင်းအစားလုပ်ထားကြတာ အရှင်က သူမဘဝကို ဝင်မနှောင့်ယှက်ဘူး… ပြီးတော့ သူမကို မရဏာလောကမှာ မနေ စေချင်ဘူး… သူမ မှတ်မိမယ်လို့ထင်ပါတယ်” ဟွမ် ပြောလိုက်သည်။

“ဒီအရှင် ရှုံးမယ်လို့ မင်းထင်တာလား”

“သူမက တစ္ဆေလောကမှာ စိတ်မာတယ်လို့ အခုပဲသိလာတယ် သူမက ကျွန်တော်တို့ကို ယာယီမေ့သွားရင်တောင် မသိစိတ်ကနေ အနိုင်လိုချင်နေ တုန်းပဲလေ မဟုတ်ရင် သူမက အိတ်ဆောင်စကြာဝဠာသေတ္တာကို မြင်တဲ့ အချိန် တစ်ခုခုကိုစဉ်းစားမိမှာမဟုတ်ဘူးလား” ဟွမ်သည် သူ၏ အတွေးကို ပြောသည် “ပြီးတော့ အရှင် အရှင်က သူမကိုအနိုင်လိုစိတ်မရှိဘူးမလား”

“ဒီကလေးတော့ ဒီအရှင်ရဲ့စိတ်ကို ဘယ်သူက မှန်းခိုင်းလို့လဲ” ဟေးဒီးစ် သည် ဒေါသမထွက်ဘဲ သက်ပြင်းချလေသည် “မရဏာလောကမှာ ဘယ်သူမှ မရှိတာ အရမ်းကြာနေပြီ နောက်ဆုံးတော့ ငါသဘောတွေ့တဲ့လူရှိလာပြီ…”

ဟွမ်သည် ခေါင်းငုံ့ထားသည်။ သူသည် ဟေးဒီးစ်၏ ခံစားချက်ကို နားလည်ပြီး ရှီမာယူယူကို အလွန်နှစ်သက်သည်ကို မြင်နေရသည်။ ထိုခံစား ချက်မှာ အမျိုးသားနှင့် အမျိုးသမီးအကြားမှ အချစ်ရေးအချစ်ရာခံစားချက်မျိုး မဟုတ်ဘဲ အမှောင်ထဲတွင် ကြာရှည်စွာနေလာသူမှ မိုးသောက်ချိန် အလင်းကို တွေ့လိုက်ရသူကဲ့သို့ ခံစားချက်ပင်ဖြစ်သည်။

“အရှင် သူမ ပြောတဲ့လူလေ သူကလည်း တစ္ဆေလောကကိုလာတယ်” ဟွမ် ပြောလေသည် “အဲဒီဘက်က အခြေအနေကို အာရုံစိုက်ထားရမလား”

“သူမရဲ့လူ…” ဟေးဒီးစ်၏ အသံမှာအလွန်တိုးညင်းနေသဖြင့် ဒေါသကို ပင် ဖတ်မရပေ။ အတန်ကြာတိတ်ဆိတ်ပြီးနောက် သူ ပြန်ဖြေလိုက်သည် “သူမ ရဲ့လူဆိုမှတော့ သူလည်း အစွမ်းအစတော့ရှိမှာပဲ မင်း သူ့ကိုသွားစမ်းသပ်လိုက် ဒါပေမဲ့ မသတ်နဲ့”

“ဟုတ်ကဲ့ပါ အရှင်” နောက်အသံတစ်သံသည် အထဲမှထွက်လာသည်။

“မရဏာက သူ့ကိုရှင်လျက်လိုချင်တယ် ပြီးတော့ သူ့အသက်ကို ဘယ်သူ မှမယူနိုင်ဘူး မှတ်မိလား” ဟွမ်သည် အထဲမှလူကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မရဏာတမန်တော်” အထဲမှလူသည် ထွက်သွားလေ သည်။

“ဟွမ် မင်းက သူ့ကိုကြင်နာလွန်းတယ်” ဟေးဒီးစ်သည် မပျော်ရွှင်ပေ။

ဟွမ် ပြုံးလိုက်သည် “အရှင် ကျွန်တော်က အရှင်မပြောလိုက်တာကို ပြောလိုက်ရုံတင်ပါ… သူတစ်ခုခုဖြစ်သွားရင် သူမ ဝမ်းနည်းမှာလေ”

“ဟင်း ငါ သူ့အသက်ကို သက်ညှာပေးတယ်ဆိုတာက သူက သူမအတွက် သူ့ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး တစ္ဆေလောကကိုတောင် လာတဲ့အတွက် ပဲ” ဟေးဒီးစ်သည်‌ အေးစက်စွာနှာမှုတ်လိုက်သည် “မဟုတ်ရင်တော့…”

“ဒါဆိုရင် သူမကို ဒီသတင်းပြောပြချင်လား” ဟွမ်သည် ပြုံးပြီးမေးလိုက် သည်။

“သူတို့မတွေ့ခင်အထိတော့ မပြောနဲ့ဦး… သူမကို မပြောရုံတင်မဟုတ် ဘူး သူတို့ကြားကို အတားအဆီးလုပ်ထားလိုက် ဒီကိစ္စကို မင်းကိုအပ်ထားလိုက် မယ်” ဟေးဒီးစ်သည် ကလေးလိုပင် “သူတို့က သူမ ပြောသလို ကံကြမ္မာကို ဝေမျှထားလားဆိုတာ ငါကြည့်ချင်တယ်….”

***

All Chapters