← Chapters

အခန်း ၁၈၄၇

Vol. 124 Ch. 1847

အခန်း ၁၈၄၇

Vol. 124 Ch. 1847

အပိုင်း (၁၈၄၇)

စကြဝဠာပတ်လမ်းတစ်ခုအတွင်းရှိ လောကတစ်ခုအတွင်းတွင် တိမ်များဖုံးလွှမ်းလျက်ရှိသည့် တောင်တစ်ခုရှိပြီး မြူများသည် ထိုတောင်ကြီးအား ဖြည်းဖြည်းချင်း ရစ်သိုင်းနေ၏။ အဆောက်အဦနှင့် ခန်းဆောင်များသည် ထိုအပေါ်တွင် တည်ရှိလျက် ရှိနေပြီး ကြည့်ရှုလိုက်သည်နှင့် အလွန် ကြည့်ရှု၍ ကောင်းလှသည့် မြင်ကွင်းမျိုးကို မြင်ရမှာ သေချာသည်။

တောင်ကြီးသည် ရွေ့လျားနေသကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ဤတောင်ကြီးအား ကြီးမားလွန်းလှသည့် လိပ်သားရဲကြီးက ထမ်းပိုးကာ သွားလာနေသောကြောင့်ပင်။ ဤအရာသည် တောင်ရွေ့လျားခြင်း လိပ်သူတော်စင် ဖြစ်ကြောင်းကို အမြင်အာရုံကောင်းသူတိုင်းက သိရှိနိုင်၏။ အထက်စကြဝဠာတွင် အလွန်ရှားပါးလွန်းလှပြီး ခွန်သားရဲကြီးကဲ့သို့ပင် မြင်ရခဲလွန်းလှ၏။

ဘုန်း ဘုန်း ဘုန်း ....။

တောင်ရွေ့လျားခြင်း လိပ်သူတော်စင်သည် ဖြည်းညှင်းစွာ လှုပ်ရှားလျက်ရှိ၏။ ၎င်းတစ်ချက်လှုပ်ရှားလိုက်တိုင်း တောင်ကြီးတစ်ခုလုံး ပြိုလဲလုမတတ်ပင် ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်နေ၏။ ဤသားရဲကြီးသည် သေမျိုးလောကတွင် ပေါ်ပေါက်လာခြင်း မရှိပေ။ အလွန်ကြမ်းတမ်းလှသော သဘောသဘာဝ တည်ရှိပြီး အရှိန်အဟုန် ပြင်းပြင်းနှင့် လှုပ်ရှားတတ်သည်ဖြစ်သောကြောင့် သက်ရှိသတ္တဝါများကို သေဆုံးနိုင်စေသည်။

လူတချို့ဆိုရင် တောင်ရွေ့လျားခြင်း လိပ်သူတော်စင်ကို အခွင့်အရေးရ၍ တွေ့ဆုံသည်ဆိုပါက ချက်ချင်း ထိုအရာကို သက်ရောက်မှုမှ လွတ်ကင်းရန် မျှော်လင့်မိသည်။

မဟုတ်သေးပေ။ တိတိကျကျ ပြောရမည်ဆိုလျှင် သူတို့ အနေနှင့် တောင်ကြီး၏ ကာကွယ်ပေးမှုကို ပိုမိုကာ မျှော်လင့်နေမိခြင်းပင်။ တောင်ကြီး၏ ဂိတ်တံခါးရှေ့တွင် ဆိုင်းဘုတ်ကြီးတစ်ခုက တည်ရှိလို့နေသည်။ ထိုနေရာပေါ်တွင် ညဘုရင်မဟာမိတ်အဖွဲ့ဟု ရေးထိုးထား၏။

မှန်ကန်ပေသည်။ ဤတောင်ရွေ့လျားခြင်း လိပ်သူတော်စင် သယ်ပိုးလာခဲ့သည့် ရွေ့လျားနေသည့် တောင်ကြီးသည် ညဘုရင်မဟာမိတ်အဖွဲ့၏ အခြေချနေထိုင်ရာ တည်နေရာပင် ဖြစ်တော့သည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အထက်စကြဝဠာတွင် ပြဿနာရှာလျက် ရှိသည်ဆိုလျှင်တောင်မှ ဤမဟာမိတ်အဖွဲ့ ပေါ်ပေါက်လာပြီးသည့်နောက် အထက်စကြဝဠာတစ်ခုလုံး၏ ကယ်တင်ရှင်အဖြစ် အားလုံးက သတ်မှတ်လိုက်ကြ၏။

ပြိုင်စံရှားဂိုဏ်းသည်လည်း ကယ်တင်ရှင်ပင်ဖြစ်သည်။ သို့ပေမဲ့ တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းအတွင် အကန့်အသတ်အဖြစ်သာ တည်ရှိပြီး တခြားစကြဝဠာ ပတ်လမ်းကြောင်းတွင် သတင်းပျံ့နှံ့ခြင်း မရှိသောကြောင့် ပြိုင်စံရှားဂိုဏ်းသည် လူသိမများလှချေ။

တောင်ရွေ့လျားခြင်း လိပ်သူတော်စင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေ၏။

“ညဘုရင်တွေအနေနဲ့ မြေနက်လောကကြီးကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာလက်ကနေ ကာကွယ်ပေးနိုင်ပါစေ” အဘိုးအိုတစ်ယောက်သည် လက်အုပ်ချီကာဖြင့် ဆုတောင်းလျက်ရှိသည်။ သူသည် တခြားသောဂြိုဟ်ဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ညဘုရင် မဟာမိတ်အဖွဲ့၏ ကာကွယ်ပေးခြင်းကို လာရောက်ကာ တောင်းဆိုနေခြင်းဖြစ်သည်။

အူး အူး

ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ ပင်ကွင်းတစ်ကောင်၏ အော်သံထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခု သည် ကောင်းကင်ယံထက်တွင် ပျံသန်းလာပြီးသည့်နောက် ရွေလျားလျက်ရှိနေသည့် တောင်ကြီးထဲရှိ ကြည့်ကောင်းလှသည့် ဝါးတောထဲတွင် ရပ်တန့်လိုက်၏။ ဤအရာသည် ရွှေရောင်ပင်ကွင်းငှက်တစ်ကောင်ဖြစ်ပြီး အသိဉာဏ်လည်း ရင့်ကျက်လှပုံပေါ်၏။

“နားငြီးလိုက်တာ”

ကဗျက်ကချော်ပုံစံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ဝါးတောထဲမှ ခြေဗလာဖြင့် ထွက်လျှောက်လာ၏။ သူခြေတစ်လှမ်း လှမ်းတိုင်း၊ လှမ်းတိုင်းတွင် မုန်တိုင်းကြီး တိုက်ခတ်သကဲ့သို့ပင် တဝုန်းဝုန်းနှင့် မြည်နေလေသည်။

ဝှစ်

အပင်တစ်ခု၏ အောက်တွင် မတ်တပ်ရပ်ပြီးသည့်နောက် ရွှေရောင်ပင်ကွင်းကို အသာလှမ်းခေါ်လိုက်၏။ သူသည် တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “မြန်မြန်ပြောစမ်း။ ငါအိပ်ချင်တယ်”

အု အု အု

ရွှေရောင်ပင်ကွင်းကြီးသည် ငှက်ဘာသာစကားဖြင့် ပြောဆိုလျက်ရှိသည်။ သက်လတ်ပိုင်းလူ၏ ပုံပန်းသွင်ပြင်သည် အိပ်ချင်နေသည့် ပုံပန်းသွင်ပြင်မှ လေးနက်သွားခဲ့တော့၏။ ပြီးနောက် သူသည် အသာခုန်တက်ပြီး ဆန်းကြယ်လှသော ဟောခန်းကြီးဆီသို့ ပျံသန်းသွားခဲ့သည်။

သူသည် အလောတကြီးဖြင့် လျှောက်ဝင်သွားခဲ့ပြီးသည့်နောက် ပြောလိုက်၏။ “မဟာမိတ်ခေါင်းဆောင်... အဘိုးကြီးလီနဲ့ အဘိုးကြီးဟီတို့က ဒုက္ခရောက်နေပြီ”

ဝှစ် ဝှစ်

ပြောပြီးပြီးချင်းမှာပဲ များပြားလှသော အလင်းတန်းများသည် တခြားသောတောင်ထွတ်များဆီမှ ရောက်ရှိလာခဲ့ကြ ၏။ ထိုသူများသည် ကြည့်ကောင်းချောမောလွန်းလှသော အမျိုးသမီးများ၊ သပ်ရပ်စွာဝတ်စားထားခဲ့သည့် ကျောင်းတော်သားများ၊ မီးတုတ်လို ထင်းလင်းလှသည့် မျက်လုံးများနှင့် အဘိုးအိုများ ပါဝင်လျက်ရှိသည်။ ၎င်းတို့ အမူအရာနှင့် အဝတ်အစားများမှာ မတူညီသည်ဆိုသော်လည်း အလုံးစုံ အားကောင်းလှသည့် အော်ရာများ မှာတော့ တူညီနေ၏။ အားအင်အဆင့်သည် သာမန်ထက်ပိုသည့်လူများဖြစ်ကြောင်း သိသာထင်ရှားလှသည်။

“ဘယ်သူလုပ်ခဲ့တာလဲ”

“ခန့်မှန်းနေစရာ လိုသေးလား။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာပဲ ဖြစ်ရမှာပေါ့”

“ဒီလူက ငါတို့ ညဘုရင် မဟာမိတ်အဖွဲ့ကို တစ်စစီ ဆွဲစုတ်ချင်နေတဲ့ပုံပဲ”

“ထားလိုက်တော့။ ငါတို့က ဒီလူကို တော်တော် ဒုက္ခရောက်အောင်လုပ်ခဲ့တာဆိုတော့ ဒီလိုပဲ ဖြစ်ရမှာပေါ့”

“ညဘုရင်က အမိန့်သာ ပေးလိုက်မယ်ဆိုရင် ချက်ချင်း သူ့နေရာကို သွားပြီးတော့ သတ်ဖြတ်ပစ်မယ်”

“ခင်ဗျား မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူနိုင်လို့လား”

“အင်း အနိုင်မယူနိုင်ဘူးဆိုရင်တောင်မှ တိုက်ခိုက်ရမယ်လေ။ စကြဝဠာကြီးကြီးမှာ သူ့ကို အရမ်း အားကောင်းသွားအောင် လွှတ်ပေးထားလို့ မဖြစ်ဘူး”

လူများသည် အဓိကဟောခန်းရှေ့တွင် မတ်မတ်ရပ်လိုက်ပြီး ဆွေးနွေးလျက်ရှိ၏။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ သူတို့သည် ၎င်းတို့၏ အဖော်များ ဒုက္ခရောက်ခြင်းနှင့်ပတ်သက်၍ မိုးကောင်းကင် နတ်ဆိုး အင်ပါယာကို အပြစ်တင်လျက်ရှိနေ၏။ ဟုတ်ပေသည်။ အားလုံးသောသူတို့သည် မဟာမိတ်ခေါင်းဆောင် ၏ ပြောစကားကို နားထောင်ရပေလိမ့်မည်။

“နှုတ်ဆက်ပါတယ် ညဘုရင်” အားလုံးသောသူတို့သည် လက်သီးကိုဆုပ်ကာ အော်ဟစ်လိုက်၏။

ရွှီး ....။

အမဲရောင်အရိပ်တစ်ခုသည် ရုတ်တရက် ရောက်ရှိလာကာ ထိုင်ချလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အား အမဲရောင် ဓာတ်သဘာဝများနှင့် လွှမ်းခြုံလျက် ရှိနေသည်ဖြစ်သောကြောင့် အသွင်အပြင် အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေမဲ့ ဆန်းကြယ်လွန်းလှသော ခံစားချက်များကို ပေးစွမ်းနေ၏။ ထိုသူသည် မိုးကောင်ကင်နတ်ဆိုး အင်ပါယာကဲ့သို့ပင် အားကောင်းလွန်းပုံပေါ်၏၊ အလုံးစုံသော စွမ်းအင်များကို ပိုင်ဆိုင်သည်ဆိုသည်နှင့် တစ်စုံတစ်ယောက်၏ အနေအထိုင်၊ အပြုအမူများ အားလုံးတို့သည် ဆန်းကြယ်သည်ဟု ခံစားရပေလိမ့်မည်။

“ကွေ့”

ညဘုရင်က ပြောလိုက်သည်။ “တိမ်ပြာစကြဝဠာပတ်လမ်းထဲကို သွားပြီး စုံစမ်းလိုက်”

၎င်း၏ အသံသည် သာမန်သာဖြစ်၏။ အေးစက်မနေသလို၊ ခြောက်ကပ်နေခြင်းလည်း မရှိချေ။ သာမန် လေယူလေသိမ်းနှင့် ပြောဆိုလိုက်ခြင်းသာဖြစ်၏။

“ကျုပ်လား” ခြေဗလာနှင့်လူသည် ဆွံ့အလျက်ရှိနေသည်။

“တတိယအစ်ကိုက တစ်လျှောက်လုံး ခြေဗလာနဲ့ နေခဲ့တာလေ။ သူက အထက်စကြဝဠာတစ်ခုလုံးမှာ လျှပ်စီးလို မြန်ဆန်တယ်လို့ သတင်းကျော်ကြားတယ် မဟုတ်လား။ သူ မသွားဘူးဆို ဘယ်သူက သွားမှာလဲ” လှပလွန်းသော အမျိုးသမီးသည် ပြုံးလိုက်၏။ သူမသည် အလွန်အမင်း ချောမောလွန်းသည်ဟု သတ်မှတ်နိုင်၏။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက လက်ရှိအခြေအနေမှာ တိမ်ပြာစကြဝဠာပတ်လမ်းရဲ့ ဂြိုဟ်တော်တော်များများ ကို သိမ်းပိုက်ထားတယ်။ သူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ” ကွေ့က မေးလိုက်သည်။

“တိုက်ခိုက်ကြတာပေါ့” အမဲရောင်ဆံနွယ်နှင့် ရင်ဘတ်ဗလာကျင်းလူက ပြောလိုက်၏။

“.........”

ကွေ့သည် ဆွံ့အသွားမိ၏။ “ကျုပ်ရဲ့ အရေပြားက ခင်ဗျားလောက် မထူဘူးလေ။ ဒီတော့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ ကျိန်းသေပေါက် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

“သွားတော့”

ညဘုရင်သည် ထိုနှစ်ယောက်ကို စကားဖြတ်ကာ ပြောလိုက်သည်။ “အချိန်မဖြုန်းနေနဲ့”

“ကောင်းပါပြီ”

ကွေ့က ပြောလိုက်၏။ “ကျုပ် အခုသွားတော့မယ်” ပြီးနောက် သူသည် အသာလှည့်ကာ ထွက်ခွာ သွားတော့သည်။

“နေအုံး”

ညဘုရင်က လှမ်းတားလိုက်သည်။ “လမ်းမှာ ကျုပ်နာမည်ကို အသုံးပြုပြီးတော့ ကွေ့ရှုဓားသူတော်စင်ဆီ ဝင်လည်လိုက်။ သူ့အနေနဲ့ လောကကြီးတစ်ခုလုံးကို ကယ်တင်ချင်တဲ့စိတ်ရှိရင် ညဘုရင်မဟာမိတ်အဖွဲ့ကို ဝင်ဖို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်”

“မျှော်လင့်ချက် မရှိပါဘူး”

ကြည့်ကောင်းလွန်းလှသည့် ကျောင်းတော်သားတစ်ယောက်သည် ခေါင်းကို ခါယမ်း လိုက်၏။ “ကွေ့ရှုသူတော်စင်က နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတာလေ။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာက သူ့ကို လာပြီး ပြဿနာ မရှာမချင်း သူထွက်လာမှာ မဟုတ်ဘူး”

“ဒီအဘိုးကြီးတွေက တကယ့်ကို ပြောရဆိုရ လက်ပေါက်ကပ်တယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက စကြဝဠာ တစ်ခုလုံးမှာ မကောင်းမှုတွေ ပြုလုပ်ထားတယ်။ ဒါပေမဲ့ သူက ကြည့်ရုံပဲ ကြည့်နေကြတယ်” လှပလွန်းလှသော အမျိုးသမီးက ဒေါသတကြီးဖြင့် ဝင်ကာ ပြောလိုက်သည်။

“ဟင်း”

ကျောင်းတော်သားသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “လောကကြီးထဲမှာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ့်ရဲ့ခေါင်မိုးကို ဂရုမစိုက်ကြတဲ့လူတွေ အများကြီး ရှိနေသေးတယ်လေ။ တကယ့် ဘေးဒုက္ခကြီးတွေ ရောက်လာတဲ့အချိန်မှာ အဲဒီခေါင်မိုးက သူတို့ကို ကာကွယ်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတာကို သိလာကြလိမ့်မယ်”

“ဒီတော့”

လှပလွန်းလှသော အမျိုးသမီးသည် ညဘုရင်ကို ချီးကျူးသလို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ဒီလို အရေးအကြောင်းအခြေအနေမျိုးမှာ မဟာမိတ်ခေါင်းဆောင် ပေါ်လာတယ်။ ကျွန်မတို့ကို ဦးဆောင်ပြီးတော့ စကြဝဠာကြီး တစ်ခုလုံးကို ပြန်လည်ကယ်တင်နိုင်မယ့် အခြေအနေမျိုးကို ရောက်အောင် ဉီးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်”

အားလုံးသောသူတို့သည် သဘောတူညီသလို ခေါင်းညိတ်လိုက်ကြ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ညဘုရင် သည် အထက်စကြဝဠာတစ်ခုလုံးတွင် တကယ့်ကို ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူဖြစ်ပြီး သာမန်ထက်ပိုသည့်လူ တစ်ယောက်ဖြစ်သည်ဟု သူတို့က ရှင်းရှင်းလင်းလင်း သိရှိထား၏။

ဝှစ်

ကွေ့သည် ရွေ့လျားနေသည့်တောင်ဆီမှ တစ်ယောက်တည်း ပျံသန်းထွက်ခွာသွားခဲ့ပြီး တိမ်ပြာစကြဝဠာ ပတ်လမ်း ဆီသို့ ဦးတည်လိုက်သည်။

ညဘုရင်သည် ဟောခန်းထဲတွင် မတ်မတ်ရပ်ကာ တည်ရှိနေ၏။ အမဲရောင်အရိပ်အငွေ့များ ဖုံးလွှမ်းလျက် ရှိနေသည့် ၎င်း၏မျက်နှာပေါ်တွင် ထူးဆန်းလှသည့် မျက်လုံးတစ်စုံက ပေါ်ပေါက်လာ၏။ ကြည့်ရှုရသည်မှာ တစ်စုံတစ်ခု တွေးတောနေသည့်ပုံပေါ်ပြီး တစ်စုံတစ်ခုကို ဝေခွဲမရ ဖြစ်နေသည့်ပုံလည်းပေါ်၏။

........

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေ၏။ သူသည် ဟယ်ဝူတီ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို သေသေချာချာ လေ့လာလျက် ရှိနေတုန်းမှာပဲ ရီရှင်းချန်သည် လေးလေးနက်နက် အမူအရာဖြင့် လျှောက်ဝင်လာ၏။

“ဘာဖြစ်လို့လဲ”

“ဂိုဏ်းချုပ်.. ဒီ အခုဖမ်းဆီးထားတဲ့ လူသုံးယောက်က ညဘုရင်အဖွဲ့အစည်းကလို့ ကျုပ်ကြားခဲ့လို့”

“အင်း”

ရီရှင်းချန်၏ အမူအရာသည် ပိုမိုကာ လေးနက်လာခဲ့၏။ “မင်း ဒီအဖွဲ့အကြောင်းကို ကြားဖူးလို့လား”

ညအင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် ညဘုရင်မဟာမိတ်အဖွဲ့ဆိုသည်ကို တစ်ခါမှ မကြားခဲ့ဖူးချေ။ သို့ပေမဲ့ ကောင်းကင်စက္ကူစလောကကြီး၏ ပုံရိပ်ယောင်မြင်ကွင်းထဲမှာတော့ သူ့ကို ညဘုရင်ဟု ခေါ်ဆိုကြသည်ဖြစ်ကြောင်း သိထား၏။ ညဘုရင်နှင့် ညဘုရင်မဟာမိတ်အဖွဲ့ဆိုသည်မှာ ကျိန်းသေပေါက် သက်ဆိုင်သည့်အရာများဖြစ်ကြောင်း အရူးပင်လျှင် သိရှိနိုင်ပေလိမ့်မည်။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားတော့ကြောင့် မေးလိုက်၏။ “မင်းစိတ်ထဲမှာ တစ်ခုခုရှိလား”

“ဂိုဏ်းချုပ်.. ကျုပ်”

“နေအုံး”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် တားဆီးလိုက်၏။ ပြီးသည့်နောက် လျှိုဝမ်ရှစ်အား ဟင်းပွဲနှင့် အရက်များကို ပြင်ဆင်ပေးရန် မှာကြားလိုက်၏။ ပြီးနောက် သူသည် လက်ကို ခါယမ်းလိုက်သည်။ “ကဲ... မင်းရဲ့ ဇာတ်ကြောင်းကို ပြောစမ်း”

ရီရှင်းချန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ လက်ရှိအခြေအနေတွင် သူသည် ဂိုဏ်းချုပ်၏ စာကြည့်ခန်း ထဲတွင် ရောက်ရှိနေပြီး ဂိုဏ်းချုပ်တင်သာမက အကြီးအကဲ ယုစီနန်၊ ကုန်းစွန်းဟုန့်၊ ဟောခန်းသခင် အကြီးအကဲဝေ၊ လီလိုရှု၊ စီနီယာအစ်ကို လီချင်းယန်နှင့် စုရှောင်မိုတို့ပင် ပါဝင်လျက်ရှိသည်။

အားလုံးသောသူတို့သည် သူတို့၏ရှေ့တွင် ခွက်များ၊ တူများကို ကိုင်ဆောင်ကာဖြင့် အဆင့်သင့် စောင့်ဆိုင်းနေကြ၏။

“ဂျူနီယာညီလေး”

ရှောင်မိုက ပြောလိုက်သည်။ “ငါတို့ မင်းကို စိတ်ပူနေတာ ကြာလှပြီ။ ရဲရဲဝံ့ဝံ့နဲ့ ထုတ်ပြော လိုက်စမ်းကွာ”

All Chapters