← Chapters

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အပိုင်း (၁၈၄၈)

ဖောက် ဖောက်

စာကြည့်ခန်းအတွင်းမှာတော့ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများ အားလုံးတို့သည် ရီရှင်းချန်၏ ပုံပြင်ကို နားထောင်ရင်း နေကြာစေ့စားကာ ဇိမ်ကျလျက် ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့၏ အမူအရာများသည် လေးနက်လျက်ရှိသည်။

“ပြီးသွားပြီလား”

“ပြီးသွားပြီ”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏တပည့်အား ကောင်းကင်စက္ကူစလောကကြီးဆီသို့ စေလွှတ်လိုက်သည့်အချိန်တွင် ကျဲ့လင်းရောင် ဟုခေါ်သော မိန်းကလေးနှင့် ပတ်သက်ဆက်နွယ်ခဲ့သည်သာမက ပုံရိပ်ယောင်မြင်ကွင်းမှတဆင့် လျှို့ဝှက်ချက်တစ်ခုကိုလည်း သိရှိခဲ့၏။

ဘုတ်

ယုစီနန်သည် နေကြာစေ့များကို အသာဖမ်းဆုပ်ကာဖြင့် အခွံများကိုပါ ဝါးစားလျက်ရှိသည်။ “ဂိုဏ်းချုပ်... ဒီကိစ္စက ထူးခြားနေတယ်”

“ဘာလဲ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ “ဒါ ပုံရိပ်ယောင်တစ်ခုပဲ မဟုတ်လား”

“တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဒါက အစစ်အမှန်တစ်ခုလည်း ဖြစ်လာနိုင်တယ်” ကုန်းစွန်းဟုန့်က ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး”

ယုစီနန် ပြောလိုက်သည်။ “ကျိန်းသေပေါက် အဲလို မရိုးရှင်းနိုင်ဘူး”

သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “အထက်စကြဝဠာတစ်ခုလုံးမှာ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာက အနာဂတ်ရဲ့ အကြွင်းအကျန် အစိတ်အပိုင်းကို ပုံရိပ်ယောင်အဖြစ် ချန်ထားခဲ့တာ။ ရီရှင်းချန်က အနာဂတ်မှာ ညဘုရင်မဟာမိတ်အဖွဲ့ကို အမွေဆက်ခံပြီးတော့ မဟာမိတ် ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”

“ကျုပ်လည်း အဲလိုထင်တယ်” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။ တကယ်တမ်းမှာတော့ ရီရှင်းချန် တစ်ယောက် ညဘုရင်မဟာမိတ်အဖွဲ့ကို အနာဂတ်၌ ဆက်ခံရယူနိုင်မည်လား၊ မရယူနိုင်ဘူးလား ဆိုသည်ကို သူ ဂရုမစိုက်လှချေ။ သူသိရှိလိုသည်မှာ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် မှတ်ဉာဏ်အစိတ်အပိုင်းများကို မည်သူ ချန်ထားခဲ့သနည်း ဆိုသည်ပင်။ ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်သူသည် ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ ရီရှင်းချန်သည် စကားစဖြတ်ကာ ပြောလိုက်၏။ “ကျုပ် မပြောရသေးတဲ့ အရာတစ်ခု ရှိသေးတယ်”

“ပြော” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“.........”

ရီရှင်းချန်သည် ခဏလောက် တွန့်ဆုတ်ကာဖြင့် ပြောလိုက်၏။ “ပုံရိပ်ယောင်မှတ်တမ်းတွေအရဆိုရင် ကျုပ်က ပြိုင်စံရှားဂိုဏ်းထဲက ထွက်ခွာသွားခဲ့သေးတယ်”

ဝုန်း

ရုတ်တရက် အပြင်ဘက်ဆီမှ ကျယ်လောင်လှသည့် မိုးကြိုးပစ်ချသံကြီး ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သို့ပေမဲ့ အပြင်ဘက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကျယ်လောင်လှသည့်အသံကြီးကြောင့် တုန်ယင်သွားမိကြသည်။

“အမ်”

တစ်စုံတစ်ခုကို စားလျက်ရှိသည့် စုရှောင်မိုသည် အစာပင် သီးလျက်ရှိ၏။ “ဘာတွေဖြစ်နေတာလဲ”

ကုန်းစွန်းဟုန့်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။ “ဒီလို သာယာတဲ့နေ့မှာ ဘယ်လိုဖြစ်ပြီး မိုးကြိုးက ပစ်ရတာလဲ”

ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာနှင့်ပတ်သက်၍ အံ့အားသင့်လျက်ရှိသည်။ ထာဝရလောကကြီး၏ အုပ်စိုးသူ တစ်ယောက်ဖြစ်သည်နှင့်အညီ လေများ၊ မိုးများ၊ မိုးကြိုးများ .... အားလုံးကို သူက ဆင့်ခေါ်နိုင်၏။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် မိုးကြိုးဓာတ်သဘာဝသည် ရာသီဥတု၏ သဘာဝတရားများကို ကျော်လွန်ကာ ဖြစ်တည်လာခဲ့၏။ မည်သည့်နေရာက ပေါ်လာမှန်းလည်း မသိချေ။

“ဖြစ်နိုင်တာက”

ယုစီနန်သည် နေကြာစေ့ကို အသာကောက်စားကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ရီရှင်းချန်က ကောင်းကင်ရဲ့လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြီး ပြောလိုက်ခဲ့လို့လား”

“ကောင်းကင်ရဲ့လျှို့ဝှက်ချက် ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့၏။ ပြောနေစရာပင် မလိုအပ်တော့ချေ။ သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် တီဗီစီးရီးများထဲမှ အဖြစ်အပျက်များ နှင့် တူညီလွန်းလှ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်တစ်ခုခု ပေါက်ကြားသည်ဆိုလျှင် မိုးကြိုးပစ်ခံရသည်။

“ပြီးတော့ကော” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

“တပည့်... တပည့်က လက်ထပ်ပြီး ကလေးတစ်ယောက်” ရီရှင်းချန်သည် အားတင်းကာဖြင့် စကားလုံးများကို ဆက်လက်ကာ ပြောဆိုလိုက်သည်။ သို့ပေမဲ့ ထိုအရာကို ကြည့်ရှုမည်ဆိုလျှင် သူသည် ဂိုဏ်းချုပ်နှင့် တခြားသူများ အားလုံးကို မိသားစုအဖြစ် သတ်မှတ်ထားကြောင်း သိရှိနိုင်သည်။

“အမှန်ပဲ”

ကုန်းစွန်းဟုန့်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဒါအဓိပ္ပာယ်မရှိဘူး။ သူ့ရဲ့အမူအကျင့်အရဆိုရင် ဘယ်လိုဖြစ်ပြီး လက်ထပ်ပြီး ကလေးရရမှာလဲ”

ဤစကားလုံးများသည် တည့်တိုးဆန်လှသည် ဆိုသော်လည်း အားလုံးသောသူများသည် ထိုအရာကို သဘောတူညီမိ၏။ ဂိုဏ်းတွင် ခံစားချက်နှင့် ပတ်သက်လျှင် သာမန်မဟုတ်သည့် လူနှစ်ယောက်ရှိ၏။ တစ်ယောက်မှာ ရီရှင်းချန်ဖြစ်ပြီး တစ်ယောက်မှာ.... မဟုတ်သေးပေ။ ဂိုဏ်းချုပ်ကို ကြည့်ရှုရသည်မှာ လတ်တလောတွင် အများကြီးပြောင်းလဲသွားခဲ့သည်။ ဆရာကတော်၏ နှင်းဆီပန်းခင်းထဲသို့သွားရောက်၍ နှင်းဆီပန်းခူးသည့်အလုပ်ကို ပြုလုပ်သည့် အကြိမ်အရေအတွက်သည် တော်တော်တိုးတက်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဤအရာကို ရိုးရှင်းလှသည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် မေးလိုက်၏။ “မင်း ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ”

ရီရှင်းချန်သည် တချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ပြီးနောက် ပြောလိုက်သည်။ “ကျဲ့လင်းရောင်နဲ့”

ဝုန်း ....။

အသံကြီးသည် ထပ်မံထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်မှာတော့ အသံကြီးသည် ယခင်ကထက် ပိုမို ကျယ်လောင်၏။ အားလုံးသောသူတို့၏ နားများသည် အူလျက်ရှိနေသည်။ ဘာတစ်ခုမှ စားသောက်ထားခြင်း မရှိသည်ဆိုလျှင်တောင်မှ ပါးစပ်ထဲမှ တစ်စုံတစ်ခု ပျို့အန်လာလုမတတ်ပင်။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်လျက် ရှိနေ၏။ ဤမိုးကြိုး၏အသံသည် ထာဝရလောကကြီး၏ သဘာဝစနစ်ဆီမှ ထွက်ပေါ်လာသည့်အသံ မဟုတ်ကြောင်း သူ့က သေသေချာချာသိရှိ၏။ အပြင်ဘက်လောကကြီး ၏ တည်နေရာအတားအဆီးကို ထွင်းဖောက်ကာ ရောက်ရှိလာပုံပေါ်၏။ ရှင်းပြရမည်ဆိုလျှင် ဖြစ်နိုင်သည်မှာ...

“ဟုတ်တယ်”

စနစ်က ပြောလိုက်၏။ “ကောင်းကင်နိယာမရဲ့ စွမ်းအင်တွေပဲ”

“ဒါဆို”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “ရှင်းချန်ပြောတာ အမှန်ပဲပေါ့”

“ပြောဖို့ခက်တယ်”

စနစ်က ပြောလိုက်၏။ “စကြဝဠာထဲမှာ များပြားလှတဲ့ အရာတွေရှိတယ်။ မတူညီတဲ့ တိုက်ဆိုင်မှုတွေကလည်း ရှိတယ်။ ညဘုရင်က ညဘုရင်လည်း မဟုတ်နိုင်ဘူး”

“ငါယုံကြည်တယ်”

စနစ်၏ စကားကို ပြောင်းပြန်လှန်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ကို ယုံကြည်ရန် ရွေးချယ်လိုက်မိတော့၏။ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြင်ကွင်းများကို သူသည် ယုံကြည်လိုက်မိ၏။

“ဂိုဏ်းချုပ်”

ရီရှင်းချန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် တိကျခိုင်မာစွာဖြင့် ပြောလိုက်၏သည် “ဒီနေ့ အကြီးအကဲနဲ့ တခြားဂိုဏ်းတူရောင်းရင်းတွေရဲ့ရှေ့မှာ ကျုပ် ကျိန်ဆိုပါတယ်။ ပြိုင်စံရှားဂိုဏ်းကနေ သေတာပဲ ဖြစ်ဖြစ်၊ ရှင်တာပဲဖြစ်ဖြစ် ဘယ်တော့မှ ထွက်ခွာမသွားပါဘူး။ ဒီကတိကို ချိုးဖြတ်ခဲ့ရင် ကျုပ်..”

“ပြောနေစရာမလိုဘူး”

ကျွင်းချောင်ရှောင်းသည် ဝိုင်ပုလင်းများအကုန်လုံးကို ရှေ့ဆီသို့ တွန်းပို့ကာ ပြောလိုက်၏။ “ဒီဝိုင်တွေအကုန်လုံးကို မင်းသောက်လိုက်”

“လာ... ရပ်မနေကြနဲ့။ စားချင်တဲ့လူကစား၊ သောက်ချင်တဲ့လူက သောက်ကြ”

“ကောင်းပါပြီ”

အားလုံးသောသူတို့သည် အားနာမနေကြချေ။ စတင်ကာ စားသောက်ခြင်းကို ပြုလုပ်ကြတော့သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ လီထျန်းထျန်းသည် အလောတကြီး ပြေးဝင်လာကာ ပြောလိုက်၏။ “ဟောခန်းသခင်ကျိ က ခြံဝန်းထဲမှာ အဝတ်လှန်းနေတာ။ အခု နှစ်ကြိမ်တိတိ မိုးကြိုးအပစ်ခံလိုက်ရတယ်။ သူ့ကို ဆေးဟောခန်းဆီ ပို့လိုက်ပြီ”

အားလုံးတို့သည့် အစားအစာများ နင်လုမတတ်ပင် ဖြစ်သွား၏။ ရီရှင်းချန်က ကျိန်ဆိုခြင်းဖြစ်သည်။ အဘယ်ကြောင့် ဟောခန်းသခင်ကျိက မိုးကြိုးပစ်ခံရသနည်း။

.......

ညသို့ရောက်ရှိလာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း ဟွာမင်ကွေ့၏ ခြံဝန်းထဲရှိ ပန်းပင်များကို သွားရောက်ကာ အကိုင်းသတ်ပေးလျက်ရှိ၏။ ပြောနေစရာပင် မလိုပင်။ ဤအရာနှင့် ပတ်သက်၍ တခြားသော သူများ မနာလိုဖြစ်ရအောင် သူသည် ကျွမ်းကျင်နေလေသည်။

“ရှင်းချန် ဘာဖြစ်တာလဲ”

ဟွာမင်ကွေ့သည် သူမ၏ ခြံဝန်းထဲမှ လျှောက်ထွက်လာကာဖြင့် ကျောက်ခန်းမထဲ ဝင်ထိုင်လိုက်၏။

“ခင်ဗျား သိသွားပြီလား”

“အင်း...”

“ပြောနေစရာ မလိုဘူး။ ဒါ ဟိုစုမျိုးရိုးနဲ့ကောင်ပဲ ဖြစ်ရမယ်”

ကျွင်းချောင်ရှောင်းသည် သစ်ကိုင်းတစ်ခုကို အသာ ဆွဲယူကာဖြင့် ကတ်ကြေးနှင့် ညှပ်လိုက်၏။ ပြီးနောက် ကျောက်ခန်းမဆောင်၏ ထိုင်ခုံပေါ်တွင် အသာထိုင်ချ လိုက်သည်။ သူသည် ကောင်းကင်ယံထက်ဆီသို့ မော့ကြည့်ကာ ပြောလိုက်၏။ “လောကကြီးမှာ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ စွမ်းအားမြင့် လူတစ်ယောက်ယောက် ရှိနေတာလား”

“အင်း... ရှင်ယုံတယ်ဆိုရင် ရှိတာပေါ့။ မယုံဘူးဆိုရင် မရှိဘူး” ဟွာမင်ကွေ့က ပြောလိုက်သည်။

“ရှင်းချန်က ဒါကိုယုံတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “မဟုတ်ရင် အလောတကြီးနဲ့ ကျမ်းသစ္စာကျိန်ဆိုမှုတွေ လုပ်မှာ မဟုတ်ဘူး”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တခြားသူတွေကို တွန်းအားမပေးတတ်တဲ့ အလေ့အကျင့် ရှိတယ်မလား။ တပည့်တွေအနေနဲ့ ဂိုဏ်းထဲမှာ မိသားစုတစ်ခုလို နေထိုင်ရတာ ဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ ဂိုဏ်းထဲက ထွက်ခွာသွားတာမျိုးကို လက်သင့်မခံနိုင်ဘူး ဖြစ်နေတာ မဟုတ်လား”

“အင်း... ကျုပ်က တပည့်တွေ ထွက်ခွာသွားတာကို မြင်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ကလေးတွေ အရွယ်ရောက်သွားရင် မိသားစုတွေ ရှိလာမယ်။ မိဘတစ်ယောက် အနေနဲ့ သူတို့တွေ ထွက်ခွာသွားဖို့ ခွင့်ပြုပေးရတော့မှာပဲ”

ရီရှင်းချန်သည်သာ တနေ့နေ့၌ ထွက်ခွာသွားမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤမှာပဲ နေထိုင်ရန်အတွက် တောင်းဆိုလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသောသူတို့သည် ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းရန် လိုအပ်၏။ သူ၏ အနီးအနားတဝိုက်တွင် တခြားသောသူများကို အစဉ်အမြဲ ခေါ်ဆောင်ထား၍ ဘယ်ဖြစ်မည်နည်း။

ဥပမာအားဖြင့် စုရှောင်မိုပင်ဖြစ်သည်။ ရှရွှေယွင်ကို ခေါ်ဆောင်ကာဖြင့် တည်ငြိမ်အေးချမ်းသည့်ဘဝကို သွားရောက်ထူထောင်သည့်အချိန်တွင် သူသည် ဤတည်နေရာ၌ နေထိုင်ရန်အတွက် တွန်းအားမပေးခဲ့ချေ။ ထိုအစား အပြည့်အဝ ထောက်ခံပေးခဲ့သေး၏။ သူ၏တပည့်များသည် သူ့အား အစဉ်အမြဲ မှီခိုနေသည့် ကိစ္စရပ်များကို မဖြစ်စေချင်ပေ။ အရွယ်ရောက်သည်ဆိုသည်နှင့် မိမိ၏ကိုယ်ပိုင်ဘဝများကို လျှောက်လှမ်းနိုင်စေရန် သူကပင် တွန်းအားပေးမှာ သေချာ၏။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် အေးစက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “တစ်စုံတစ်ယောက် က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကျုပ်တပည့်တွေ ထွက်ခွာသွားအောင် ပြုလုပ်တယ်ဆိုရင်တော့ ကောင်းကင်ကြီးနဲ့ လောကရဲ့ ကံကြမ္မာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မယ်”

ဟွာမင်ကွေ့က ပြောလိုက်၏။ “အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိစ္စမရှိဘူး။ ကျွန်မ ရှင့်ဘေးနားမှာ နေပြီး ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ဘူး”

“ဒီလိုမိန်းမမျိုး ရှိနေတယ်ဆိုမှတော့ ဘာကို ထပ်ပြီးတောင်းဆိုရမှာလဲ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဟွာမင်ကွေ့ဆီသို့ တစ်လှမ်းချင်းဆီ လျှောက်လှမ်းသွားသည်။ ၎င်းတို့၏ မျက်နှာများသည် တဖြည်းဖြည်း ပူးကပ်သွားတော့မည့် အချိန်မျိုးမှာတော့ ထာဝရလောကကြီးသည် ရုတ်တရက် တုန်ခါသွားသည်။

“ဂိုဏ်းချုပ်”

ရှန့်ကွမ်းရှင်းရောင်က ရုတ်တရက် အသံပို့လွှတ်လိုက်သည်။ “ထာဝရ ရွက်သင်္ဘောကြီးက ဘာမှန်မသိတဲ့ အရာတစ်ခုရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ပထမဆုံး သူသည် ကြယ်တာရာမြေပုံကို လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မည်သည့်အလင်းစက်ကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။

ဘုန်း ဘုန်း

ထိုအချိန်မှာတော့ ထာဝရလောကကြီးထဲတွင် ရှိနေသည့် ရွက်သင်္ဘောများသည် မုန်တိုင်းများ ထန်လျက်ရှိနေသည့် ပင်လယ်ပြင်ထဲတွင် ရှိနေသည့် ရွက်သင်္ဘောများကဲ့သို့ပင် လှုပ်ယမ်းလျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်သည်။

ထာဝရရွက်သင်္ဘောကြီး၏ အနီးနားတွင် အလင်းလွှာများ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာကြောင်း မြင်လိုက်၏။ အနည်းဆုံး ရွက်သင်္ဘော တစ်သိန်းနီးပါးခန့်ရှိ၏။ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘော များနှင့် ဆင်တူလှ၏။

“ဂိုဏ်းချုပ်ကျွင်း”

အေးစက်စက်အသံတစ်ခုသည် ကြီးမားလှသည့် ရွက်သင်္ဘောကြီးတစ်ခုဆီမှ ပေါ်ပေါက်လာသည်။ “တူတူပုန်းတိုင်း ကစားတာ ပြီးသွားပြီ”

All Chapters