အခန်း ၁၈၄၉
Vol. 124 Ch. 1849
အပိုင်း (၁၈၄၉)
ရောက်သင့်သည်လူက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ စကြဝဠာ၏ ထောင့်တစ်နေရာ၌ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များ တားဆီးခြင်းကို ခံထားရ၏။ သူ့အနေနှင့် ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး ရွက်သင်္ဘောအနည်းငယ်ကို ဖျက်ဆီးခဲ့သည့် အချိန်တုန်းက ဤကဲ့သို့သော မြင်ကွင်းမျိုးသည် မနှေးနှင့် မမြန်ဆိုသလို ရောက်ရှိလာမည်ဆိုသည်ကို နားလည် လက်ခံမိပြီးသားဖြစ်၏။ အချိန်ကာလတစ်ခုသာလျှင် ကွာခြားခဲ့သည်။
“အင်း... ဒါက ပစ္စည်းပို့တဲ့သင်္ဘော ရောက်လာတာပဲ” စနစ်က ပြောလိုက်သည်။
“.........”
ကျွင်းချောင်ရှောင်းသည် သူ၏ခံစားချက်များကို ထိန်းချုပ်ကာ အော်ဟစ်လိုက်၏။ “ဒါ ဘယ်လိုဖြစ်ပြီးတော့ ပစ္စည်းပို့သင်္ဘောဖြစ်ရမှာလဲ”
လက်ရှိအခြေအနေတွင် ထာဝရရွက်သင်္ဘောကြီးကို ဝိုင်းပတ်ထားခဲ့သည့် ရွက်သင်္ဘောထောင်ကျော်က တည်ရှိနေ၏။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေအနေမှန်း သိရှိနိုင်သည်။ ဒါဇင်ကျော် အနည်းငယ်သာဆိုလျှင် ကုန်းရှန့်အနေနှင့် ထိုအရာများအားလုံးကို ဖျက်ဆီးပစ်ရန် ယုံကြည်ချက် ရှိလို့နေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားရခြင်းထက် တခြား ဘာမှမရှိတော့ ဟူ၍ပင် သတ်မှတ်မိသည်။
လက်ရှိအခြေအနေတွင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အမှန်ပင် သတိရှိသွားခဲ့သည်ဟု ဆိုရမည်။ သူသည် သူ၏နောက်လိုက်များကို ရတနာများ သွားရောက်ပေးမို့ရသည့် ပစ္စည်းပို့သမားများအဖြစ် အဖြစ်မခံနိုင်ချေ။ ထို့ကြောင့် တစ်ဖက်လူများကို အလုံးအရင်းများများဖြင့် ဝင်ရောက်တိုက်ခိုက်ရန် စတင်ကာ တွေးတောခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်” ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဘာဆက်လုပ်ကြမလဲ”
“ပြေးရမှာပေါ့” ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် ထိတ်တိုက်ရင်ဆိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လက်ရှိအခြေအနေသည် တိုက်ခိုက်ရန် ကောင်းမွန်လှသည့် အခြေအနေလည်း မဟုတ်ချေ။ ထိုတင်မကသေးချေ။ များပြားလှသော ရွက်သင်္ဘောများ တည်ရှိနေသည်ဖြစ်သောကြောင့် အထဲတွင် ပုန်းအောင်းနေသည့် စစ်သည်များ မည်မျှ များပြားမည်ဆိုသည်ကို မသိရှိနို်ငချေ။ လူသားဒိုင်းများကို အသုံးပြု၍ တိုက်ခိုက်မည်ဆိုလျှင် သွားပြီဖြစ်၏။
ဝှစ်
ရှန်ကွမ်းရှင်းရောင်သည် အတွေ့အကြုံ ရင့်ကျက်လှသော ယာဉ်မောင်းတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့ သည်။ သူမသည် ရွက်သင်္ဘောကို ထိန်းချုပ်ကာဖြင့် တည်နေရာတစ်ခုကို ရွေ့လျားကာ လျင်လျင်မြန်မြန်ပဲ ထိုးဖောက်ရန် ပြင်လိုက်သည်။
ရုတ်တရက်ဆန်လွန်းသောကြောင့် ရွက်သင်္ဘောကြီးသည် ယိမ်းယိုင်သွားခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် မျက်နှာဖြင့် သင်္ဘောနံရံအား သွားရောက်ရိုက်နှက်မိလေ၏။
အားလုံးသောသူတို့၏ မျက်လုံးထဲတွင် နာကျင်မှုများပင် ခံစားလာမိကြတော့၏။ ဂိုဏ်းချုပ်တစ်ယောက် နာကျင်သွားသောကြောင့် ခံစားရခြင်း မဟုတ်ချေ။ သူတို့အားလုံးသည်လည်း နံရံနှင့် ရိုက်မိသောကြောင့်ပင်။
ဝှစ်
တည်နေရာအတွင်းမှာတော့ ရှန့်ကွမ်းရှင်းရောင်၏ ကျွမ်းကျင်လွန်းလှသော ထိန်းချုပ်မှု၏အောက်တွင် ထာဝရ ရွက်သင်္ဘောကြီးသည် အမြန်ဆန်ဆုံးနှုန်းဖြင့် ပျံသန်းပြေးလွှားလျက် ရှိနေ၏။
ပြောနေစရာပင် မလိုချေ။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ပါရမီရှင်ကြီးများပင်ဖြစ်၏။ ကျင်းဟီသည် စက်ရုပ်များကို ထိန်းချုပ်မောင်းနှင်သည့်နေရာတွင် ပါရမီရှင်တစ်ယောက်ဟု ပြောဆိုရမည်ဆိုလျှင် ရှန့်ကွမ်းရှင်းရောင်သည် ရွက်သင်္ဘောကြီးများကို မောင်းနှင်သည့်နေရာတွင် တကယ်ကို ကျွမ်းကျင်လှသူဟု ပြောဆိုရပေမည်။
“ဂိုဏ်းချုပ်ကျွင်း”
သုန်မှုန်လှသည့်အသံတစ်ခုသည် အဓိကရွက်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာ၏။ “ဒီနေ့ လွတ်မှာ မဟုတ်ဘူး”
ဟား ဟား ဟား
ဖြောင်း ဖြောင်း ဖြောင်း
ပြီးသည့်နောက် အမြှောက်ဆံကဲ့သို့ လက်နက်များသည် ရွက်သင်္ဘောတစ်ထောင်ကျော်ဆီမှ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့သည် ပျံသန်းထွက်ခွာသွားခဲ့သော ထာဝရရွက်သင်္ဘောကြီးကို ပစ်မှတ်ထားခဲ့သည်။
“ပစ်ကြတော့”
ဘုန်း ဘုန်း ဘုန်း
များပြားလွန်းလှသော အလင်းတန်းများသည် အမြှောက်ဆံများကဲ့သို့ပင် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာ ခဲ့၏။ အရှိန်အဟုန်သည် ပြင်းထန်လွန်းပြီး တည်နေရာကြီးတစ်ခုလုံးပင်လျှင် လှုပ်ခတ်လျက်ရှိ၏။
ဒွီ ဒွီ
ထောင်နှင့်ချီသော အလင်းတန်းများသည် ကြယ်တာရာမြေပုံတွင် ပေါ်ပေါက်လာခဲ့၏။ ဤအလင်းတန်းများသည် အမြှောက်ဆန်များကို ကိုယ်စားပြု၏။ ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးသည် အမြှောက်ဆန်များဖြင့် ပြည့်နှက်လျက်ရှိသည်။
ရှန့်ကွမ်းရှင်းရောင်သည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ သူမသည် မောင်းနှင်မှုအစီအရင်ပေါ်တွင် လက်တင်ပြီး သည့်နောက် သေသေချာချာ ကြည့်ရှုနေ၏။ ကြယ်တာရာမြင်ကွင်းပေါ်ရှိ ပုံရိပ်များသည် သူမ၏ သိစိတ်ပင်လယ် ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး မည်ကဲ့သို့ လွတ်မြောက်အောင် မောင်းနှင်ရမည်ဖြစ်ကြောင်းကို ကြံဆ တွေးတော နေမိ၏။
ဆွစ်
သူမသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထာဝရရွက်သင်္ဘောကြီးသည် ဘေးတစ်ဖက်သို့ ရွေ့လျားကာဖြင့် တိုက်ခိုက်မှုများကို အောင်မြင်စွာ ရှောင်ရှားလိုက်နိုင်သည်။
ဝှစ် ဝှစ် ဝှစ် ....။
မျက်စိကိုမှိတ်ကာ မောင်းနှင်လျက်ရှိနေသည့် ရှန့်ကွမ်းရှင်းရောင်သည် သူမ၏ဦးနှောက်ထဲတွင်တော့ မည်ကဲ့သို့ မောင်းနှင်ပြီး မည်ကဲ့သို့ ရှောင်ရှားရမည်ဖြစ်ကြောင်းကို သေသေချာချာ တွက်ချက်နှင့်ပြီးသား ဖြစ်လို့နေခဲ့၏။ ထာဝရရွက်သင်္ဘောကြီးသည် ကျည်ဆံများကြားထဲတွင် အချိုးအစားလှပစွာဖြင့် ရှောင်ရှားနေပြီး ကခုန်လျက်ရှိနေသည့် နတ်မိမယ်တစ်ပါးကဲ့သို့ပင်။
“အရမ်းအားကောင်းတယ်” စုရှောင်မိုနှင့် တခြားသူတို့သည် ထကာအော်ဟစ်လိုက်မိ၏။
စနစ်သည် မည်သို့မှ မနေနိုင်ဘဲ ထကာ ပြောလိုက်မိသည်။ “ရှန့်ကွမ်းရှင်းရောင်ကို ပါရမီရှင်လို့ သုံးသပ်လေ ၊ ကျင်းဟီ က မမျှမတ ဆက်ဆံရတယ်လို့ အထင်ခံရလေပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် ပြတင်းပေါက်မှတဆင့် သူတို့ ကျော်ဖြတ်သွားခဲ့သည့် အလင်းတန်းများကို ကြည့်ရှုနေမိ၏။ သူ၏နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ “အစစ်အမှန် နည်းပညာရှင်ပဲ”
အစစ်အမှန် တိုက်ခိုက်မှုများကိုပင် ကြိုတင်တွက်ဆကာ ရှောင်ရှားနိုင်စွမ်း ရှိနေ၏။ ထိုအချိန်မှာပဲ ရွက်သင်္ဘောကြီးသည် ရုတ်တရက် လှုပ်ခါသွားခဲ့၏။ အမှားအယွင်းတစ်ခုကြောင့် ပစ်ခတ်ခြင်းကို ခံလိုက်ရခြင်းပင်။ သို့ပေမဲ့ ပြဿနာတစ်ခုမဟုတ်ပေ။ ချက်ချင်းဆိုသလိုပဲ အတားအဆီး အစီအရင်တစ်ခု၏ ကာကွယ်ခြင်းကို ခံလိုက် ရ၏။
ဖောက်
ထိုအချိန်မှာတော့ ရှန့်ကွမ်းရှင်းရောင်သည် အခြေအနေကို အရယူပြီးသည့်နောက် အရှိန်မြှင့်တင်မည်ကို နှိပ်ချလိုက်၏။ စွမ်းအင်ကုန်ဆုံးမှုသည် ချက်ချင်းပဲ ပိုမိုကာ တိုးတက်သွားခဲ့၏။ အရှိန်ကလည်း ပိုမိုမြင့်တက်လာ ခဲ့၏။ ရွက်သင်္ဘော၏ အမြီးတွင် တလက်လက် တောက်ပသည့်အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။
မျက်စိတမှိတ်အတွင်း ထာဝရရွက်သင်္ဘောကြီးသည် ဝိုင်းပိတ်ထားသည့်ကြားထဲမှ ဖောက်ထွက် သွားခဲ့၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ခေါင်းဆောင်၏ အမူအရာသည် ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့၏။ ထာဝရ ရွက်သင်္ဘောကြီးသည် ပုံစံတူ ရွက်သင်္ဘောများဖြစ်သည်ဆိုသော်လည်း အဆင့်မြှင့်တင်ထားသည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။ သူသည် ဤကဲ့သို့သော ရွက်သင်္ဘောကြီး၏ လုပ်ဆောင်နိုင်မှုနှင့် အမြန်နှုန်းကို ကောင်းကောင်းသိရှိလို့နေ၏။ လက်ရှိမြှင့်တင်သွားသည့် အရှိန်နှုန်းသည် သူနားလည်ထားသည်ထက်ပင် ပိုမိုကာ သာလို့နေသည်။
မည်မျှမြန်သနည်းဟု မေးနေစရာပင် မလိုချေ။ ထိုက်ရွှမ်အဘိုးအို၏ အဆင့်မြှင့်တင်မှုသည် အလုံးစုံ ယုံကြည်ရသည့် အခြေအနေတွင်ရှိကြောင်း အားလုံးက သိရှိပေလိမ့်မည်။ ထို့အပြင် ရွက်သင်္ဘောကြီးနှင့် စက်ရုပ် များသည် နတ်ဘုရားအဆင့် ကောင်းမွန်လှသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနေသည်မှာ ထိုက်ရွှမ်အဘိုးအို ၏ ကြီးမားလှသည့် အလုပ်ကြိုးစားမှုကြောင့်ဖြစ်ကြောင်း သိရှိနိုင်စွမ်းရှိပေမည်။
“လိုက်ကြ... သူတို့ကို မလွတ်စေနဲ့”
ရွှီး ရွှီး
ရွက်သင်္ဘောထောင်ချီတို့သည် ချက်ချင်းပဲ နောက်ဘက်သို့လှည့်ကာလိုက်ကြ၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီး ထာဝရရွက်သင်္ဘောကြီးသည် အဆုံးအစမဲ့ စကြဝဠာထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကြယ်တာရာမြေပုံ ပေါ်တွင်ပင်လျှင် သက်ဆိုင်ရာအလင်းတန်းဟူ၍ မရှိတော့ချေ။
“ခေါင်းဆောင်.. ရွက်သင်္ဘောကြီး မရှိတော့ဘူး”
ဘုန်း
ခေါင်းဆောင်သည် ၎င်း၏ထိုင်ခုံလက်ရန်းကို အသာထုနှက်ပြီးသည့်နောက် ဒေါသတကြီးဖြင့် ဖြစ်လို့နေသည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ထာဝရရွက်သင်္ဘောကြီးကို အစောကြီးကတည်းက တွေ့ရှိပြီးဖြစ်၏။ ရန်သူ သတိမပြုမိစေရန် တစ်ချိန်လုံး ပုန်းအောင်းလျက်ရှိနေပြီး ထောင့်တစ်နေရာဆီသို့ ရောက်သည့်အချိန်မှ ထွက်၍ ဝိုင်းပိတ်ကာ တားဆီးခဲ့ခြင်းဖြစ်သည်။
မူလအားဖြင့် တစ်ဖက်လူများသည် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဟု သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ရန်သူများသည် လွတ်မြောက်သွားခဲ့သေးသည်။ ခေါင်းဆောင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် အမိန့်ပေးလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီကို သတင်းပို့လိုက်တော့။ ပြိုင်စံရှားဂိုဏ်းရဲ့ ရွက်သင်္ဘောက အဆင့်မြှင့်တင်ထားတာ။ ငါတို့ ရွက်သင်္ဘောထက် အများကြီးသာတယ်လို့။ သူကို ဖမ်းဖို့အတွက် အချိန်အတော်ယူရနိုင်တယ်”
“ကောင်းပါပြီ” နောက်လိုက်များသည် ဌာနချုပ်နှင့် စတင်ကာ ဆက်သွယ်လိုက်ကြသည်။
ခေါင်းဆောင်သည် ကြယ်တာရာမြေပုံကို ထုတ်ယူကာဖြင့် စဉ်းစားလိုက်၏။ “အင်း... ရွက်သင်္ဘောတွေက မြန်တယ်ဆိုတာ အဆင်ပြေတယ်။ ဘာလို့ သူတို့တည်ရှိတယ်ဆိုတာကို အချက်မပြနိုင်တာလဲ။ ဘာကြောင့် သူတို့ကို ရှာဖွေမတွေ့ရှိနိုင်ရတာလဲ”
ထာဝရရွက်သင်္ဘောကြီးသည် ဖုံးကွယ်ထားနိုင်သည့် ထူးခြားသည့် နည်းလမ်းတစ်ခုခု တည်ရှိနေလိမ့်မည်ဟု သူက သတ်မှတ်လိုက်မိသည်။
....
ထာဝရလောကကြီး
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေပြီး နဖူးစပ်တွင် ရှိနေသော ချွေးများကို သုတ်လိုက်၏။ “ဒါက အန္တရာယ်များတယ်။ ပြီးတော့ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်”
စောဏတုန်းက ရှန့်ကွမ်းရှင်းရောင်သည် ထူးခြားသည့်လုပ်ဆောင်မှုပုံစံကို အသက်သွင်းပြီး အားလုံး ဝိုင်းပတ်ထား သည့်ဆီမှ ဖောက်ထွက်ခဲ့၏။ သူမအနေနှင့် ရန်သူများ၏ လက်ဆီမှ ဖောက်ထွက်နိုင်ခဲ့သည်ဆိုသော်လည်း သုံးစွဲရ သည့်စွမ်းအင်သည် အမှန်ပင် များပြားလွန်းခဲ့သည်။
ကုန်းရှန့်အနေနှင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး ထာဝရလောကကြီးထဲသို့ ရွက်သင်္ဘောကြီးကို ပြန်လည်ကာ မောင်းနှင်ခဲ့တော့၏။ ထို့ကြောင့် ထာဝရရွက်သင်္ဘောကြီးသည် မိုင်တစ်ထောင် အဝေးသို့ ချက်ချင်းပျောက်ကွယ်သွားခဲ့ကာ ကြယ်တာရာမြေပုံမှ ရှာဖွေ၍ မတွေ့နိုင်ဆိုသည်မှာ ထူးခြားသည့်ကိစ္စ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ထာဝရလောကကြီးထဲသို့ ဝင်ရောက်သွားခဲ့သောကြောင့်ပင်။ နည်းနည်းလေးသာ နွေးကွေးသည်ဆိုပါက ရန်သူများသည် ချက်ချင်းပဲ ဖမ်းမိသွားမှာ သေချာ၏။
“ဂိုဏ်းချုပ်”
ထိုက်ရွှမ်အဘိုးအိုသည် ရောက်ရှိလာကာ ပြောလိုက်၏။ “ရန်သူတွေဆီမှာ ထာဝရရွက်သင်္ဘောကြီးကို ကြည့်ရှုနိုင်တဲ့ ထူးခြားတဲ့နည်းလမ်းတစ်ခုခု ရှိပုံပဲ”
သူ့အနေနှင့် ရွက်သင်္ဘောကြီး၏အော်ရာများကို ဖုံးကွယ်ထား သည့်လုပ်ငန်းစဉ်ကို သေသေချာချာ ကြိုးစားခဲ့၏။ သို့ပေမဲ့ များပြားလှသည့် ရွက်သင်္ဘောများ၏ ဝိုင်းပတ်ခြင်းကို ခံခဲ့ရသေးသည်။ ထို့ကြောင့် ရန်သူသည် ထောက်လှမ်းရှာဖွေသည့် နည်းစနစ်တွင် ပိုမိုကာ အားကောင်းသည် ဆိုသည့် အဓိပ္ပာယ်ပင်။
“ဒါဆိုရင် မြန်မြန် ... ထောက်လှမ်းလို့ မရနိုင်တဲ့ နည်းလမ်းကို ရှာဖွေတော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ထိုက်ရွှမ်အကြီးအကဲသည် ဆွံ့အလျက်ရှိနေ၏။ ဤကဲ့သို့ ပြောဆိုလိုက်ချိန်တိုင်း အစီအရင်ဟောခန်းက လုပ်နိုင်ရ မည်လား။ မည်သည့်ငွေကြေး၊ ပါရမီရှင်၊ နည်းပညာမှ မရှိဘဲနှင့် ပြုလုပ်၍ မရနိုင်ချေ။
...........
ဒွီ
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ စကြဝဠာထဲတွင် ရှိနေသည့် သဲမှုန်တစ်ခုသည် အနည်းငယ် တုန်ခါလာခဲ့၏။ ပြီးနောက် လေထုထဲတွင် ထာဝရရွက်သင်္ဘောကြီး ပေါ်ပေါက်လာခဲ့၏။
“အင်း.. အချိန်အကြာကြီး ပုန်းအောင်းနေလို့ မဖြစ်ဘူးပဲ။ မြန်မြန် သွားကြရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဝှစ်
ထာဝရရွက်သင်္ဘောကြီးသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး စကြဝဠာထဲတွင် မြန်မြန်ဆန်ဆန်ဖြင့် ပြေးလွှားကာနေ၏။ ၎င်းရွက်သင်္ဘောကြီး၏ မျက်နှာပြင်တွင် အလင်းတန်းများ ဖြစ်တည်လျက် ရှိနေ၏။ ထိုအရာသည် ထောက်လှမ်းနိုင်သည့်အရာများကို တားဆီးနိုင်သည့် အတားအဆီး အစီအရင် ဖြစ်ပုံ ပေါ်၏။
အဆုံးသတ်မှာတော့ သူတို့သည် တားဆီးခြင်းကို ခံလိုက်ရပြန်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤတစ်ကြိမ်မှာတော့ ပိုမိုကာ အတွေ့အကြုံရင့်ကျက်လာခဲ့၏။ ရွက်သင်္ဘောတစ်ထောင်ကျော်တို့သည် ပုံပန်း သွင်ပြင်အမျိုးမျိုးဖြင့် ရှုပ်ထွေးစွာ ရပ်တန့်လျက် ရှိနေပြီး ထာဝရရွက်သင်္ဘောကြီး ဖောက်ထွက်သွားနိုင်သည့် တည်နေရာအနှံ့ကို တားဆီးထားခဲ့သည်။
“ဂိုဏ်းချုပ်”
ရှန့်ကွမ်းရှင်းရောင်သည် မျက်လုံးကိုဖွင့်ကာ ပြောလိုက်၏။ “အင်း.. ဒီကနေ ဖောက်ထွက်သွားဖို့ဆိုတာ ခက်ခဲလိမ့်မယ်”
“...........”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ သူသည် မတ်တပ်ထရပ်ကာဖြင့် ထာဝရရွက်သင်္ဘောကြီး ဆီမှ ပျံထွက်လိုက်သည်။ သူသည် ရွက်သင်္ဘောကြီး၏ ပဲ့ဦးတွင် ထိုင်ကာဖြင့် လျှပ်စစ် ဆေးပေါ့လိပ်ကြီးကို ထုတ်ကာ ဖွာလိုက်သည်။
သူ၏အမြင်အရဆိုလျှင် များပြားလှသော ရွက်သင်္ဘောများသည် သူ၏ ရှေ့တွင် တားဆီးထားပြီး ကျွမ်းကျင်သူနှင့် စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်သို့ ထွက်လာခဲ့၏။ အစစ်အမှန်ပင် ထွက်ပြေးရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကျွင်း”
အဓိက ရွက်သင်္ဘောကြီး၏ ခေါင်းဆောင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “သူရဲကောင်း ဝင်လုပ်တဲ့လူတွေက ဆိုးဆိုးရွားရွားနဲ့ သေဆုံးသွားခဲ့ကြတာပဲ”
ပြီးနောက် ခဏရပ်တန့်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားဆိုရင်တောင် ချွင်းချက်မရှိဘူး”
“ဟုတ်ရဲ့လား”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ကုတ်လိုက်၏။ ပြီးနောက် သူ၏လက်ထဲတွင် မိုးကြိုးနှင့် လျှပ်စီးတန်းများ ဖြစ်တည်လာခဲ့သည်။ သူက ပြောလိုက်၏။ “ကျုပ်သွားချင်တဲ့လမ်းကို ဘယ်သူမှ တားဆီးလို့ မရဘူး။ လမ်းမရှိဘူးဆိုရင်တောင်မှ ကျုပ်က ဖောက်ထွက်သွားမှာပဲ”
ရွှီး
သူသည် မတ်တပ်ရပ်ကာဖြင့် ရွက်သင်္ဘောကြီး၏ အရှေ့ဆီသို့ မိုးကြိုးတုတ်ဖြင့် ညွှန်လိုက်၏။ “နတ်အလင်းတွေက ကောင်းကင်ကို လမ်းညွှန်ပေးလိမ့်မယ်”
ဒွီ
ပြီးနောက် မိုးကြိုးနှင့် လျှပ်စီးတန်းများ ဖြစ်တည်လာခဲ့ပြီး ရုတ်တရက် မိုးကြိုးနှင့် လျှပ်စီးတန်းတစ်ထောင်ကျော် တို့သည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကျွီ ကျွီ ကျွီ
ဘုန်း
ကြမ်းတမ်းလွန်းလှသော မိုးကြိုးလှိုင်းများသည် ထာဝရရွက်သင်္ဘောကြီး၏ ပဲ့ဆီမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင် နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
အမ်
တစ်ချိန်တည်းမှာပဲ တိမ်ပြာစကြဝဠာပတ်လမ်း၏ တခြားသော တည်နေရာတွင် ရှိနေသော ကျင့်ကြံသူ အားလုံးသည် သာမန်မဟုတ်ကြောင်း သိရှိလိုက်ကြ၏။ ၎င်းတို့သည် တည်နေရာတစ်ခုဆီသို့ လှမ်းကာ ကြည့်ရှု လိုက်သည့်အချိန်မှာတော့ နက်မှောင်လျက်ရှိနေသည့် တည်နေရာကြီးထဲတွင် မိုးကြိုးနှင့် လျှပ်စီးတန်းများ ပြည့်နှက်လျက်ရှိကြောင်း မြင်လိုက်ရသည်။
“အဘိုး.. ဒါဘယ်လိုစွမ်းအင်တွေလဲ” ကွေ့ရှုနယ်မြေအတွင်းမှာတော့ ကျန့်ရှောင်ဟုန်သည် မျက်လုံးပြူးသွားမိ၏။
ကျန့်ကွေ့ရှု၏ အကြည့်များသည် ပိုမိုကာ လေးနက်လာခဲ့၏။ “သေချာမသိဘူး”
ချလွမ်
ထိုအချိန်မှာတော့ အဝေးတစ်နေရာရှိ ဝါးတောထဲတွင် ရပ်လျက်ရှိသည့် ကျိုးဟုန်သည် သူ၏ဓားအား ဓားအိမ်ထဲသို့ ထည့်သွင်းကာဖြင့် တည်ငြိမ်စွာပြောလိုက်၏။ “ကျုပ် ဂိုဏ်းချုပ်ရဲ့ စွမ်းအင်တွေပေါ့”
“သေချာလို့လား”
“သေချာပါတယ်”
“........”
ကျန့်ကွေ့ရှုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ “ဒီအဘိုးကြီးက ဂိုဏ်းချုပ်ကျွင်းဆိုတဲ့လူကို ပိုပိုပြီး စိတ်ဝင်စားလာပြီ။ အခွင့်အရေးရှိရင် မင်းငါ့ကို မိတ်ဆက်ပေးပါ”
“........”
ကျိုးဟုန်သည် ခေါင်းကိုခါယမ်းလိုက်မိ၏။ “ဂိုဏ်းချုပ်နဲ့ မတွေ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
“ဘာလို့လဲ”
“ဗြဟ္မာကြီးဉီးခေါင်းကို ကိုင်ထားတာထက် ဆိုးလို့ပါ”
“ဟား ဟား ဟား”
ကျန့်ကွေ့ရှုက ရယ်မောကာ ပြောလိုက်သည်။ “ဆရာက ကျင့်ကြံခြင်းလောကကနေ နှစ်ပေါင်း များစွာ အနားယူခဲ့တယ်ဆိုပေမဲ့ အထက်စကြဝဠာတစ်ခုလုံးမှာ စွမ်းအင်တွေတော့ ရှိပါသေးတယ်။ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ ကောင်းကင်ပေါ်တက်ပြီး ပြဿနာရှာထားတယ်ဆိုရင်တောင်မှ ဆရာက မစိုးရိမ်မိပါဘူး”