← Chapters

အခန်း ၁၈၅၀

Vol. 124 Ch. 1850

အခန်း ၁၈၅၀

Vol. 124 Ch. 1850

အပိုင်း (၁၈၅၀)

ရွက်သင်္ဘော ခေါင်းဆောင် နံပါတ်တစ် - မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏အောက်တွင်ရှိနေသော ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဦးစီးချုပ်တစ်ယောက်လည်းဖြစ်၏။ သူ့အနေနှင့် တခြားသော စကြဝဠာပတ်လမ်း ထဲတွင် တာဝန်သွားရောက်ကာ ထမ်းဆောင်နေခဲ့၏။ သို့ပေမဲ့ ရွက်သင်္ဘောများ ဖျက်ဆီးခံရသည့် သတင်းကို ရရှိပြီးသည့်နောက် သူသည် တိမ်ပြာစကြဝဠာပတ်လမ်းအတွင်းသို့ တာဝန်လွှဲပြောင်း ပေးခြင်းကို ခံခဲ့ရ၏။

ရေတပ်ဦးစီးချုပ် တစ်ယောက်ဖြစ်သည်မို့ သူသည် အမှန်ပင် ကြီးမားလှသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ပြီး အတွေ့အကြုံကလည်း ရင့်ကျက်လွန်း၏။ အချိန်တိုအတွင်းမှာပဲ ထာဝရရွက်သင်္ဘောကြီးကို ခြေရာခံမိစေရန် စီစဉ်စရာရှိသည်များကို သေသေချာချာ နှံ့နှံ့စပ်စပ်ဖြင့် စီစဉ်ခဲ့၏။ သူ့အနေနှင့် ဤလုပ်ငန်းစဉ် တစ်ခုလုံးကို ခွေးဖမ်းပွဲဟုပင် နာမည်ပေးခဲ့သေးသည်။

လေးနက်လှချေသည်။ ထို့အပြင် တစ်ဖက်လူသည် သာမန်ထက်ပိုကာ ပါရမီရှိလို့နေ၏။ တစ်ကြိမ်ဖမ်းဆီးရန် ကျရှုံးခဲ့သည်ဆိုသော်လည်း နောက်တစ်ကြိမ် ထပ်မံကာ ဖမ်းဆီးနိုင်စွမ်းတော့ ရှိနေသေး၏။

ကျွင်းချောင်ရှောင်း အနေဖြင့် ငါးရှဉ့်တစ်ကောင် ဖြစ်နေသည် ဆိုလျှင်တောင်မှ ဤဦးစီးချုပ်နံပါတ်တစ်သည် ငါးရှဉ့်ဖမ်းသည့် နေရာတွင် ကျွမ်းကျင်သူတစ်ယောက်ဟု သတ်မှတ်ရပေမည်။ အထူးသဖြင့် ဒုတိယအကြိမ်မှာတော့ တကယ့်ကို ဖောက်ထွက်၍ မရနိုင်သော လူအင်အား၊ ပုံပန်းသွင်ပြင် အစီအရင်မျိုးကို ဖန်တီး၍ ပိတ်ဆို့ထားခဲ့၏။ ထို့ကြောင့် အစစ်အမှန်ပင် ဦးနှောက် ကောင်းမွန်လှသည့် လူတစ်ယောက်ဖြစ်ကြောင်းသိသာသည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာလည်း ထပ်မံကာ ကျရှုံးခဲ့ပြန်သည်။ အဘယ်ကြောင့်ဆိုသော သူ၏ အစီအစဉ်များသည် ညံ့ဖျင်းလွန်းသောကြောင့် မဟုတ်ချေ။ သူသည် ဂိမ်းဆာဗာခိုးယူထားသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သောကြောင့်ပင်။ ထာဝရရွက်သင်္ဘောကြီး တည်ရှိရာ တည်နေရာတွင်ရှိသော စကြဝဠာ၏ လေဟာနယ် တစ်ခုလုံးသည် ပိုင်းပြတ်လျက်ရှိနေပြီး ထောင်နှင့်ချီသော လေဟာနယ်အက်ကွဲကြောင်းကြီးများ ဖြစ်တည်နေ၏။

ကျွီ ကျွီ

အက်ကွဲကြောင်းကြီး၏ အစပ်တွင်တော့ လျှပ်စီးတန်းများသည် တဖျတ်ဖျတ်နှင့် လင်းလက်လျက်ရှိနေ၏။ ထိုအရာသည် အားပျော့သွားသည်ဆိုလျှင်တောင်မှ အားကောင်းလှသော မိုးကြိုးဓာတ်သဘာဝများ ထွန်းတောက်လျက် ရှိနေသေးသည်။

ဖူး

ကျွင်းချောင်ရှောင်းသည် ဆေးလိပ်ငွေ့ကို အသာမှုတ်ထုတ်လျက်ရှိပြီး သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်နေသည်။ ကြီးမားပြီး ရှည်လျားလွန်းလှသော တည်နေရာအက်ကွဲကြောင်းကြီးကို ကြည့်ရှုပြီးသည့်နောက် သူသည် ခပ်မတ်မတ်ရပ်လို့နေ၏။

မူလအားဖြင့် ဤလမ်းတွင် ပိတ်ဆို့နေသည့် ရွက်သင်္ဘောများသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အစိတ်အပိုင်း သေးသေးလေးမျှပင် မကျန်ခဲ့ချေ။

“ဒင်.... ရန်သူ့ရွက်သင်္ဘောများကို ဖျက်ဆီးခြင်း - တစ်၊ နှစ်၊ သုံး ...”

ဒင် ဒင်

အသိပေးသံများသည် ကျွင်းချောင်ရှောင်း၏ နားထဲတွင် တဒင်ဒင်နှင့် ထွက်ပေါ်လျက်ရှိနေပြီး (၁၀၃) ဆိုသည့်နေရာတွင် ရပ်တန့်သွားခဲ့၏။

“ဒင်... ရန်သူ၏ရွက်သင်္ဘော - ၁၀၃/၅၀”

“ဒင်... သီးခြားတာဝန်ပြည့်စုံ၊ ဆုလာဘ် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်သောင်း”

“ဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၁၂၀၀၀”

“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ ဆုလာဘ် - အဆင့်မြှင့်တင်ခြင်းကျောက်တုံး ကို ရရှိသည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါသည်”

...........

အဆင့်မြှင့်တင်ခြင်းကျောက်တုံးဆိုသည်အရာကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာ တစ်ခုလုံးသည် အေးခဲသွားခဲ့သည်။ သူသည် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာကာ အားရပါးရ ရယ်မောနေမိသည်။

ရွှီး

ထိုအချိန်မှာတော့ ထာဝရရွက်သင်္ဘောကြီးသည် စွမ်းအင်များ ဖြည့်သွင်းပြီး အက်ကွဲကြောင်းကြီးများအတိုင်း ရှေ့ဆီသို့ မြန်ဆန်စွာ ပျံထွက်သွားခဲ့၏။

ဘုန်း

ကျွင်းချောင်ရှောင်းသည် ဟန်ချက်ပျက်ပြီးသည့်နောက် ရွက်သင်္ဘောကြီး၏ နံရံအား မျက်နှာဖြင့် သွားရောက်ကာ ရိုက်မိပြန်၏။ သို့ပေမဲ့ သူသည် ပြုံးရွှင်လျက် ရှိနေတုန်းပင်။

ဟား ဟား ဟား

ဟား ဟား ဟား

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ဘယ်လောက် မာလိုက်တဲ့ မျက်နှာလဲ”

ဆွစ်

လျင်မြန်လွန်းလှသည့် အမြန်နှုန်းဖြင့် ရွေ့လျားလျက် ရှိပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးသည် တိမ်ပြာစကြဝဠာ ပတ်လမ်းထဲတွင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများသည် အဘယ်ကြောင့် သူ့အား နောက်မှ လိုက်ပါကာ မဖမ်းလေရသနည်း။ အဘယ်ကြောင့်ဆိုသော် ပထမရေတပ်ဦးစီးချုပ်သည် ပဲ့ခန်း၏ နံရံတွင် မှေးမှီလျက်ရှိနေပြီး သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက်ရှိနေသောကြောင့်ပင်။

ပဲ့ခန်း၏ ပြတင်းပေါက်ဆီမှ ကြည့်ရှုရမည်ဆိုလျှင် စောဏက ဖြစ်တည်ခဲ့သည့် လျှပ်စီးလှိုင်းကြီးများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူရှိရာ အဓိကရွက်သင်္ဘောကြီး၏ ခြေတစ်လှမ်း အကွာအဝေးဆီသို့ပင် ရောက်ရှိလာ၏။ အနည်းငယ်သာ ထပ်မံကာ နီးကပ်လိုက်မည်ဆိုပါက ဆိုးရွားသည့် သေဆုံးခြင်းနှင့် သေဆုံးသွားမှာ သေချာသည်။

ကုန်းရှန့်အနေဖြင့် သက်ညှာပေးခဲ့လေသည်လား။ အချက်အလက်အားဖြင့် သူသည် အဓိကရွက်သင်္ဘောကြီးကိုပါ ဖျက်ဆီးပစ်ချင်စိတ်ရှိ၏။ သို့ပေမဲ့ စွမ်းအင်လှိုင်းများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည်ဆိုသော်လည်း အကန့်အသတ်ဖြင့် တည်ရှိနေသေးသည်။ ထို့ကြောင့်ပင် အမှတ်မထင် ဆိုသလို အဓိကရွက်သင်္ဘောကြီးများ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။

တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ရွက်သင်္ဘော (၁၀၃) စီးတို့သည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ကုထျန်းရှင်း သည်သာ ရှိသည်ဆိုပါက မျက်လုံးများ ပြူးကျယ်နေမှာ သေချာသည်။

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေသို့ တက်လှမ်းပြီးသည့်နောက် ရရှိခဲ့သည် ဒုတိယတောင်းဆုဖြစ်သော မိုးကြိုးတုတ်နှင့် တိုက်ခိုက်ခဲ့သောကြောင့်သာ ဤကဲ့သို့ အခြေအနေမျိုး ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူ့အနေနှင့် အထက်စကြဝဠာ ပတ်လမ်းထဲ၌ လှည့်လည်သွားလာနေသည့် အချိန်တွင် ဤမိုးကြိုးတုတ်ကို ထုတ်ဖော်ကာ အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လမ်းတလျှောက်လုံး စွမ်းအင်များကို စုစည်းနေခြင်းသာဖြစ်၏။

ဤနေရာ၌ ဖမ်းဆီးရရှိခဲ့သော ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကို ကျေးဇူးတင်ရပေမည်။ ၎င်းသည် ဘာမှလုပ်စရာ မရှိသည့်အခါမျိုးတွင် မိုးကြိုးတုတ်ကြီးအား အားဖြည့်သည့် ဘတ္တရီတစ်ခုအဖြစ် အသုံးဝင်ခဲ့သည်။

“အင်း ဒီအရာသာ မရှိဘူးဆိုရင် သီးခြားတာဝန်ကို ပြည့်စုံစေဖို့အတွက် နည်းနည်းတော့ ခက်ခဲမှာပဲ” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်လျက် ရှိနေ၏။

ဒုတိယအကြိမ်မြောက် အားလုံးသောသူတို့၏ ဝိုင်းရံဖမ်းဆီးခြင်းကို ခံရသည့်အချိန်တွင် သီးခြားတာဝန်က ပေါ်ပေါက်လာခဲ့၏။ ဤဝိုင်းပတ်ထားမှုမှ ချိုးဖောက်ထွက်ခွာသွားရန်သာမကဘဲ ခြောက်ဆယ်စက္ကန့်အတွင်း ရန်သူ့ရွက်သင်္ဘောများအား ဖျက်ဆီးရန် တာဝန်က ပါလို့နေသည်။

တစ်မိနစ် - သီးခြားတာဝန်သည် ဦးနှောက်ထိခိုက်ထားသောကြောင့် တစ်မိနစ်အချိန်အတွင်း များပြားလှသော ရွက်သင်္ဘောများကို ဖျက်ဆီးစေချင်ရသနည်း။

ကျွင်းချောင်ရှောင်းအနေဖြင့် ခြောက်ဆယ်စက္ကန့်အတွင်း များပြားလွန်းလှသော ရွက်သင်္ဘောများကို ဖျက်ဆီးရန် အရည်အချင်း ရှိလိမ့်မည်ဟု မထင်ချေ။ ထို့ကြောင့် လက်လျော့ အရှုံးပေးရန် စီစဉ်ခဲ့၏။ သို့ပေမဲ့ သူ၏ အသက်ရှင်ချင်စိတ်သည် အားကောင်းလွန်းလှ၏။ ထို့ကြောင့်ပင်လျှင် မိုးကြိုးတုတ် တည်ရှိနေကြောင်းကို သတိရမိသွား၏။ ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ဝင်ရောက်ကာဖြင့် မိုးကြိုးတုတ်ကို အလျင်အမြန်ဖြင့် လှမ်းယူခဲ့၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထောင်နံရံထဲမှ လျှောက်ဝင်သွားပြီးသည့်နောက် ထိုလျှပ်စီးတန်းများ ပြည့်နှက်လျက်ရှိနေသည့် မိုးကြိုးတုတ်ကို မြင်ရပြီးသည့်နောက် ကုန်းရှန့်သည် တုန်လှုပ်သွားမိသည်။ သာမန် မျက်စိဖြင့် ကြည့်ရှုရမည်ဆိုလျှင်တောင် ဤမိုးကြိုးတုတ်တွင် စုဝေးလျက်ရှိနေသည့် မိုးကြိုးဓာတ်များသည် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးဆီမှ စုပ်ယူခဲ့သည့် မိုးကြိုးများထက်ပင် ပိုမိုကာ အားကောင်းလျက်ရှိနေသည်ကို အတိုင်းသား မြင်နိုင်သည်။

ဟုတ်ပေသည်။ ကောင်းကင်ကပ်ဘေး မိုးကြိုးအစီအရင်ကြီးသည် အထက်နယ်မြေဟောခန်းဆီမှ ဖန်တီးခဲ့သည် အစီအရင်တစ်ခုသာ ဖြစ်၏။ ထို့ကြောင့် အဆင့်နိမ့်ဟု သုံးသပ်၍ရသည်။ အောက်နယ်မြေမှ ခိုးကာတက်လာသူ များကို အပြစ်ပေးရန်မှအပ တခြားစွမ်းအားမြင့် ကျင့်ကြံသူများကို ဘာတစ်ခုမှ ဖြစ်မြောက်စေလိမ့်မည် မဟုတ်ချေ။

ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးမှာတော့ အဆင့်ကိုးမိုးကြိုးတိမ်နဂါးကြီးဖြစ်သည်။ ၎င်း၏ မိုးကြိုးဓာတ်သဘာဝ များသည် သန့်စင်လွန်းလှသလို အလွန်လည်း အားကောင်း၏။ မိုးကြိုးတုတ်နှင့် ပေါင်းစပ်ပြီးသည့်နောက် စွမ်းအင်လှိုင်းများသည် ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားသည်။

“ပြောရမယ်ဆိုရင်”

စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ စွမ်းအင်အရင်းအမြစ်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ မိုးကြိုးဓာတ်သဘာဝတွေကို ရှာဖွေနိုင်မယ်ဆိုရင် ဒီအရာကြီးကို အသုံးပြုရတာက စည်းဓားမော့ကြီးကို အသုံးပြုရတာထက် ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေကို ရရှိနိုင်လိမ့်မယ်။ အင်း ဒါပေမဲ့ အဲဒီစွမ်းအင် အရင်းအမြစ်တွေကို ရှာနိုင်မလား၊ မရှာနိုင်ဘူးလားဆိုတာတော့ ကိုယ့်ရဲ့စွမ်းအင်ပေါ်မှာပဲ မူတည်လိမ့်မယ်”

...........

၎င်းတို့နှစ်ယောက် ပြောဆိုလျက် ရှိနေတုန်းမှာပဲ မြင်ကွင်းသည် ဖြည်းဖြည်းချင်း ရွေ့လျားသွား၏။ ဂျိုကိုးခု မိုးကြိုးတိမ်နဂါးကြီးသည် မြေပေါ်တွင်လဲလျောင်းလျက်ရှိ၏။ ၎င်းသည် အရိုးနှင့် အရေသာ ကျန်ရှိသည့်အထိ ပိန်လှီနေလေသည်။

...............

နက်မှောင်လျက်ရှိနေသည့် စကြဝဠာအတွင်းမှာတော့ သဲတစ်မှုန်သည် လွင့်မျောလျက် ရှိနေသည်။ မည်သူမှသည် ထိုအရာထဲတွင် ကြီးမားလွန်းလှသော ဂြိုဟ်ကြီးတစ်ခု တည်ရှိနေလိမ့်မည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ချေ။

“စိတ်ကိုအေးအေးထားရမယ်”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေ၏။ ပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် အဆင့်မြှင့်တင်ခြင်း ကျောက်တုံးကို ကိုင်ထား၏။ ထိုအရာဆီမှ နွေးထွေးမှုကိုပင် ခံစားမိနေသည်။

သီးခြားတာဝန်ဆီမှ ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်သောင်းကို ဆုအဖြစ် ရရှိခဲ့သည့်အကြောင်းအား သူဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ စည်းဓားမော့ကြီးကို အဆင့်မြှင့်တင်နိုင်စွမ်း ရှိသော အဆင့်မြှင့်တင်ခြင်း ကျောက်တုံးပင်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် စည်းဓားမော့ကြီးကို လှမ်းယူလိုက်၏။ အဆင့်မြှင့်တင်ခြင်း ကျောက်တုံးနှင့် ထိတွေ့လိုက်သည့်အချိန်မှာတော့ ချက်ချင်းပဲ ထိုကျောက်တုံးသည် အရေပျော်သွားပြီး စည်းဓားမော့ကြီးကို လွှမ်းခြုံသွားခဲ့တော့သည်။

“ထင်ထားတဲ့အတိုင်းပဲကိုး။ တကယ့်ကို အဆင့်မြှင့်တင်လို့ ရတာပဲ”

လက်ရှိအခြေအနေမှာတော့ ပထမဆုံး တောင်းဆုအဖြစ် ရရှိခဲ့သည့် စည်းဓားမော့ကြီးသည့် လေးကြိမ်တိတိ အဆင့်မြှင့်တင်ခဲ့ပြီးပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်လို့နေခဲ့သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ့အား ဖိအားပေါင်းများစွာကို ပေးစွမ်းခဲ့၏။ သူ့အနေနှင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ပိုမိုအားကောင်းသည့် ဝှက်ဖဲများရှိရန် လိုအပ်နေသည်။ လက်ရှိအခြေအနေ၌ လေးကြိမ်မြောက်အဖြစ် အဆင့်မြှင့်တင်ခဲ့သည့် သေမင်း၏ တံစဉ်ကြီးသည် သာမန် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံသူပေါ်တွင်သာ သက်ရောက်နိုင်စွမ်းရှိ၏။ ပဉ္စမအကြိမ်သာ အဆင့်မြှင့်တင်နိုင်မည်ဆိုပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိနေမည်လား။

အဆင့်မြှင့်သည့် လုပ်ငန်းစဉ်သည် အချိန်အနည်းငယ် ယူရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း စည်းဓားမော့ကြီးကိုကိုင်ဆောင်ကာ နတ်ဘုရားများကို သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်ယောင်နေမိ၏။

..................

နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် စည်းဓားမော့ကြီးတွင် ဖုံးလွှမ်းလျက်ရှိနေသည့် အရည်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

“အလုပ်ဖြစ်တာလား” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် မတ်တပ်ထရပ်လိုက်၏။ စည်းဓားမော့ကြီးပေါ်တွင် ထူးခြားလွန်းသည့် ဓာတ်သဘာဝများ စုဝေးနေသည်ကို ရုတ်တရက် ရှာဖွေလိုက်၏။ ထိုအရာများသည် ချက်ချင်းပဲ သူ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည်။

အား အား

ကုန်းရှန့်သည် ခေါင်းကို ဆုပ်ကိုင်ကာဖြင့် သရဲတစ္ဆေအော်သံကဲ့သို့ အော်ဟစ်လျက်ရှိနေသည်။ထို့ရောက်ရှိလာသည့် စွမ်းအင်လှိုင်းများသည် သူ၏စိတ်များကို တိုက်စားလျက်ရှိ၏။ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့် အချိန်မှာတော့ သူသည် ခေါင်းကိုငုံ့ကာဖြင့် တည်နေရာတွင် ရပ်နေမိ၏။

ဘုတ်

ခဏလောက်ကြာပြီးသည့်နောက် စည်းဓားမော့ကြီးကို လှမ်းကာ ကိုင်လိုက်၏။ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ “ပဉ္စမမြောက် စည်းဓားမော့ကြီးကို အဆင့်မြှင့်ပြီးတဲ့နောက် စည်းဖွင့်ခြင်းအဆောင်ကို မလိုတော့ဘူး။ ပိုပြီးတော့ လူသားဆန်လာပြီပဲ။ ဟား ဟား ဟား ဟား”

ဝှစ် ဝှစ်

ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်အား ကြက်သွေးရောင် အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဆိုးတစ်ပါးကဲ့သို့ပင် ပြောင်းလဲသွား၏။

ခလွပ် ခလွပ်

ငရဲခန်းမှ ချိန်းကြိုးများ ပူးတိုက်သည့်အသံ ထွက်ပေါ်နေသကဲ့သို့ပင်။ ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျက်ရှိသည့် မီးတောက်များသည် ပျောက်ကွယ်သွားခဲ့၏။ သူသည် အနီရောင်မီးတောက်များကဲ့သို့ ချပ်ဝတ်၊ ဖိနပ်များကို ဝတ်ဆင်ကာ မတ်မတ်ရပ်လျက် ရှိနေသည်။ သူ၏ ခန္ဓာကိုယ် ထက်တွင် ပိုမိုကာ ကြီးမားလှသော ဓားပြားကြီးသည် တည်ရှိနေသည်။

ထိုဓားပြားကြီး၏ ထိပ်ပိုင်းမှာ ကျိုးလျက်ရှိနေ၏။ ဤအရာသည် ဓားကျိုးကြီးပင် ဖြစ်၏။

ဓားသည် ကျယ်ပြောလွန်းလှ၏။ ထို့အပြင် အရောင်အဆင်းသည် အနီရောင်ဖြစ်သည်။ ဓား၏ထိပ်မှာ ကျိုးလျက်ရှိနေသောကြောင့် မပြည့်စုံသည်ပုံပင်။ သို့ပေမဲ့ ဓား၏ နှစ်ဖက်နှစ်ချက်လုံးတွင် ဝိညာဉ်ဘုရင်ဓားဆိုသည့် စာတမ်းကို ရေးထိုးထားသည်။

All Chapters