← Chapters

အခန်း ၁၈၅၁

Vol. 124 Ch. 1851

အခန်း ၁၈၅၁

Vol. 124 Ch. 1851

အပိုင်း (၁၈၅၁)

ကျွင်းချောင်ရှောင်းသည် ပဉ္စမမြောက် အဆင့်မြှင်တင်ပြီးသားဖြစ်သော စည်းဓားမော့ကြီးကို ကိုင်ဆောင်ထား၏။ အဆုံးမဲ့သော စွမ်းအင်များဖြစ်တည်လျက် ရှိကြောင်းကို ခံစားမိသည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ အတိတ်တုန်းကဆိုလျှင် မည်သည့်ပုံစံပဲဖြစ်ဖြစ် ချုပ်နှောင်သည့် စွမ်းအင်ကိုသာ ထုတ်ဖော်နိုင်၏။ တခြားသော အော်ရာများ မထွက်ပေါ်လာခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ ဘုရင်တစ်ပါး၏ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများ ထွက်ပေါ်လျက်ရှိသည်။

“ဆိုးတာက”

ကျွင်းချောင်ရှောင်းသည် နှမျောတသအပြည့်ဖြင့် ပြောလိုက်၏။ “ဒါက ဓားကျိုးကြီး ဖြစ်နေတာပဲ”

“ဒီလောက်ရရင် တော်ရောပေါ့” စနစ်က ဝင်ကာ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဆဋ္ဌမအဆင့် အဆင့်မြှင့်တင်ပြီးတဲ့အချိန်မှာ ဒီဓားက ပြည့်စုံတဲ့အရာ တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လေ”

“အင်း မင်းကြိုက်သလို တွေးလို့ရပါတယ်” စနစ်က ဝင်ကာပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။ “ဘာပဲပြောပြော ရတာက ရတာပါပဲ”

ရွှီး

ကျွင်းချောင်ရှောင်းသည် ဓားကျိုးကြီးကို အသာမြှောက်ပြီးသည့်နောက် သူရဲကောင်းဆန်ဆန် ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ထပ်ပြီးလာမယ်ဆိုရင် ကြောက်စရာကောင်းတယ်ဆိုတာဘာလဲ သူ့ကို သိစေရမယ်”

အချက်အလက်အားဖြင့် ကုန်းရှန့်၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် အလွန်အားကောင်းလှသည် မဟုတ်သော်လည်း နတ်ဘုရားလျှို့ဝှက်အဆင့် သိုင်းကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ ဖိအားဒဏ် မရှိချေ။ လူအရေအတွက်များများနှင့် တိုက်ခိုက်ရသောကြောင့် ရှုံးနိမ့်သည့် အကြောင်းအရာသာ ရှိပေလိမ့်မည်။ ယခု စည်းဓားမော့ကြီးကို ပဉ္စမအကြိမ် အဆင့်မြှင့်တင်ပြီးသည့်နောက် အားအင်အဆင့်များသည် ပိုမိုကာ တိုးတက်လာခဲ့၏။ သူသည် မည်သည့်အရာကိုမှ ကြောက်စရာ မလိုတော့ချေ။

သူကိုယ်တိုင်ကပင်လျှင် အရှေ့ဆီသို့ ထွက်ကာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များကို ရှာဖွေချင် စိတ်ပင် ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ဤကဲ့သို့သော ကြိးမားလှသည့် စိတ်ဆန္ဒများကို အတင်း ဖိနှိပ်ထားခဲ့ရ၏။

အဆင့်မြှင့်တင်ထားသော စည်းဓားမော့ကြီးသည် ရန်သူနှင့် ရင်ဆိုင်သည့်နေရာတွင် အမှန်ပင် အစွမ်းပြနိုင်မည့်အရာ ဖြစ်မည်ဆိုသော်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်သည့်နေရာမှာတော့ ထိုအရာတစ်ခုတည်းကို အမှီအခိုပြုခြင်းသည် ယုတ္တိမတန်လှချေ။

ထို့အပြင် ယခင်တုန်းက သူသည် များပြားလှသော ရွက်သင်္ဘောများကို ဖျက်ဆီးရန်အတွက် မိုးကြိုးတုတ်အား အသုံးပြုခဲ့ပြီးပြီဖြစ်၏။ တစ်ဖက်လူသည် ဦးနှောက်ရှိသည်ဆိုပါက အချိန်ကာလတစ်ခုအထိ သူ၏နောက်သို့ လိုက်ပါလာရဲမည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်း၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားလျက်ရှိနေသည်။

ဒွီ ဒွီ

ဘုရင့်ဓား၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် အိပ်ကပ်အရွယ် ဓားတစ်ခု အဖြစ်သို့ ပြန်လည်ကာ ပြောင်းလဲသွား၏။

ဖြောက် ဖြောက် ဖြောက်

ပြီးသည့်နောက် စည်းဓားမော့ကြီးသည် စည်းပွင့်သွားပြီး ဓားကျိုးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

“.......”

စနစ်က ပြောလိုက်သည်။ “မင်း... ဒါကို ဆော့စရာများ မှတ်နေလား”

“ဆော့ကစားပဲဖို့လေ။ အခု မပြီးသေးဘူး”

ကျွင်းချောင်ရှောင်း၏ အပြုံးသည် လိုချင်တာကို ရရှိခဲ့သည့် ကလေး တစ်ယောက်၏ အပြုံးမျိုးပင်။

ငါးကြိမ်မြောက် အဆင့်မြှင်တင်ထားပြီးဖြစ်သော စည်းဓားမော့ကြီးသည် မည်မျှ အားကောင်းလှသည် ဖြစ်ကြောင်းကို တကယ်တမ်း တိုက်ခိုက်ပြီးမှသာ သိပေလိမ့်မည်။ အပျော်ရွှင်ဆုံးသောအရာမှာ သီးခြားတာဝန် ပြည့်စုံပြီးသည့်နောက် ရရှိခဲ့သည့် အဆင့်မြှင့်တင်နိုင်သော ဝိညာဉ်ကျောက်ကြောင့် လက်ရှိအခြေအနေတွင် စည်းဓားမော့ကြီးသည့် စည်းဖွင့်ခြင်းအဆောင်ကို မလိုအပ်တော့ချေ။ ယခု မည်သည့် ကန့်သတ်ချက်မှ မရှိတော့သောကြောင့် ကျိန်းသေပေါက် ပျော်ရွှင်စရာပင် ဖြစ်လေသည်။

ဒွီ

ဖြောက် ဖြောက် ဖြောက်

ဓားကျိုးကြီးသည် အိတ်ကပ်အရွယ်အစား ပြန်လည်ဖြစ်တည်သွားပြန်၏။ ပြီးသည့်နောက် ဓားကျိုးအဖြစ်သို့ ပြန်လည်ပြောင်းသွားပြန်သည်။ ကျွင်းချောင်ရှောင်းသည် ကြိမ်ဖန်များစွာ ဆော့ကစားလျက် ရှိနေ၏။

.......

ထျန်းယွမ်အကျဉ်းထောင်စေတီ

အကျဉ်းခန်းထဲသို့ ဝင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မိုးကြိုးတုတ်ကြီးကို အလယ်ဗဟို တည်နေရာတွင် ထားရှိကာ ပြောလိုက်သည်။ “ဒါကို ဆက်ပြီး အားသွင်းထားလိုက်”

မြေပေါ်တွင် လဲလျက်ရှိနေသည့် ဂျိုကိုးခု မိုးကြိုးတိမ်နဂါးသည် ရုတ်တရက်ထကာ အော်ဟစ်ငိုယိုနေမိ၏။ လိုအပ်သည့်အချိန်တွင် သူသည် စီးတော်ယာဉ်အဖြစ် အသုံးတော်ခံရသည်။ မလိုအပ်သည့်အချိန်မျိုးမှာတော့ အကျဉ်းခန်းထဲသို့ ပြန်လည်ပို့ဆောင်ခံရပြီး ဤအရာကို အားဖြည့်သွင်းနေရ၏။ ရက်စက်လွန်းလှချေ၏။

“ခင်ဗျားတို့ သုံးယောက်”

ကျွင်းချောင်ရှောင်းသည် အကျဉ်းခန်းနောက်တစ်ခုဆီသို့ သွားလိုက်ပြီးသည့်နောက် ထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်သည်။ ပြီးနောက် ပြုံးကာပြောလိုက်သည်။ “ဒီမှာနေရတာ အသားကျပြီလား”

“........”

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူ သုံးယောက်တို့သည် တိတ်ဆိတ်ငြိမ်သက်နေမိ၏။

“တကယ်တမ်းတော့ ကျုပ်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ရန်ငြှိုးတွေရှိတယ်။ ကျုပ်တို့က တူညီတဲ့ ရန်သူ ရှိတာကြောင့် မိတ်ဆွေဖွဲ့ရင် မဖြစ်ဘူးလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရီရှင်းချန် အကြောင်းကို ကြားပြီးသည့်နောက် ညဘုရင် မဟာမိတ်အဖွဲ့ဆိုသည်ကို သူအမှန်ပဲ စိတ်ဝင်စားလို့ နေခဲ့၏။ ထို့ကြောင့် မဟာမိတ်ဖွဲ့နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“အမှိုက်”

ကြိုးကြာအိုကြီးသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့လူတွေချည်းပဲ။ လာပြီးဟန်ဆောင်မနေနဲ့”

ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်ခွေးတစ်ကောင်ဖြစ်သည်ဟု သူတို့က ထင်မှတ်ထားခဲ့တုန်းပင်။ မည်မျှရှင်းပြရှင်းပြ ယုံကြည်လိမ့်မည် မဟုတ်ချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ညဘုရင်မဟာမိတ်အဖွဲက ခင်ဗျားလိုလူ တွေကြီးပဲသာ ဆိုလို့ကတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး”

“အမှိုက်ကောင်”

ကြိုးကြာအိုကြီးသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “သတ်ချင်ရင် သတ်လိုက်။ ငါတို့ ညဘုရင် မဟာမိတ်အဖွဲ့ကို လာပြီးအရှက်ခွဲမနေနဲ့”

ပြောနေစရာပင်မလိုခဲ့ချေ။ ဤညီအစ်ကို သုံးယောက်တို့သည် ဦးနှောက်မဲ့လှသည့် ပုံပန်းသွင်ပြင်မျိုး ရှိသည် ဆိုသော်လည်း ၎င်းတို့၏ မဟာမိတ်အဖွဲ့ကိုတော့ အမှန်ပင် တန်ဖိုးထားလှ၏။ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်နှင့် သင်ခန်းစာပေးခြင်း ခံရသည်တောင်မှ ကျွင်းချောင်ရှောင်းကို ပြန်လည်ကာ ပြောဆိုလျက်ရှိ၏။

“ကျုပ် အပြစ်ကင်းစင်တယ်ဆိုတာ အချိန်က သက်သေပြလိမ့်မယ်” ကျွင်းချောင်ရှောင်းသည် ဤသုံးယောက်ကို ဂရုစိုက်ရန် ပျင်းရိလို့နေခဲ့၏။ ထို့ကြောင့် အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

ဟား ဟား ဟား

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် အဘိုးအိုသည် နှာခေါင်းရှုံ့လိုက်၏။ “အမှိုက်ကောင်... ကောင်းကင် နဲ့ မြေကြီးက မင်း ငါတို့ကို ဖမ်းထားတယ်ဆိုတာကို မသိဘဲနေမယ် ထင်နေတာလား”

“ဘာကိုဆိုလိုတာလဲ”

“အမှန်ကို ပြောရမယ်ဆိုရင် ကျုပ်တို့ ညဘုရင်မဟာမိတ်အဖွဲ့က တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ဖို့ ထူးခြားတဲ့ နည်းလမ်းတွေ ရှိတယ်။ တူညီတဲ့စကြဝဠာပတ်လမ်းထဲမှာ ရှိတယ်ဆိုရင် ဘယ်လောက်ပဲ ပုန်းကွယ်၊ ပုန်းကွယ် ကျိန်းသေပေါက် တွေ့အောင်ရှာနိုင်တယ်”

ကြိုးကြာအိုကြီးသည် အေးစက်စက် ပြောလိုက်သည်။ “ဒီတော့ မင်းငါတို့ သတ်မှာလား။ ဒါမှမဟုတ် အသတ်ခံရဖို့ စောင့်နေမလားပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်၏။ အရူးတွေပဲ။ ဘယ်လိုဖြစ်ပြီး ဒီကိစ္စကို ထုတ်ပြောရ တာလဲ။

“သူတို့က ရူးနေတာ မဟုတ်ဘူး”

စနစ်က ပြောလိုက်သည်။ “ဒီလိုပြောရဲတယ်ဆိုမှတော့ ကျိန်းသေပေါက် သူတို့က သေချင်နေလို့ပဲ ဖြစ်ရမယ်”

“..............”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ မူလအားဖြင့် သူသည်လည်း နားလည်မိသည်။ ထိုအဘိုးအို သည် ညဘုရင်မဟာမိတ်အဖွဲ့တွင် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်လို့ရနိုင်သည့် ထူးဆန်းသော နည်းလမ်း ရှိသည်ဟု ပြောဆိုလိုက်သည့်အချိန်မှာတော့ သူ့အား ဒေါသထွက်စေခဲ့၏။ တကယ်ဆို သူ ထ၍ သတ်ဖြတ်ရပေတော့မည်။

ထိုအဘိုးအိုသည် တကယ်ပဲ သေချင်မိ၏။ သူသည် သူ့ကို ဓားစာခံအဖြစ် အသုံးချ၍ ညဘုရင်မဟာမိတ်အဖွဲ့ကို အညံ့ခံအောင် ပြုလုပ်သွားမည်ကို မလိုချင်ပေ။

“အင်း... ယောက်ျားပီသတယ်” ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်မိ၏။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ အသံတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့သည်။ “ကျုပ်တို့ကို အရှေ့မှာ ပိတ်ထားကြပြန်ပြီ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီးဆီသို့ ပြန်သွား၏။ အမှတ်မထင် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တည်နေရာထဲတွင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများ ရှိသည်ကို မတွေ့ရချေ။ ခြေဗလာဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည်သာ မတ်တပ်ရပ် နေ၏။

“တစ်ယောက်တည်းလား” ကုန်းရှန့်သည် မျက်မှောင်ကုတ်လိုက်မိသည်။

ဝှစ်

ရုတ်တရက် ခြေဗလာနှင့်လူသည် ကျယ်ပြောလှသည့် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ဦးခေါင်းကို ငဲ့စောင်းကာဖြင့် တီးတိုးပြောလိုက်၏။ “ဒီရွက်သင်္ဘောကြီးက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ရွက်သင်္ဘော ကြီးနဲ့ တူညီတယ်။ ဘာလို့ အထဲမှာ သူ့ရဲ့နောက်လိုက်တွေ မရှိရတာလဲ”

“မြန်လိုက်တာ”

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ ခုဏကလေးတင် တော်တော်ဝေးဝေးတွင် တည်ရှိနေသေး၏။ သို့ပေမဲ့ ရုတ်တရက် ရွက်သင်္ဘောကြီးအနားသို့ ရောက်ရှိလာခဲ့၏။ အမြန်နှုန်းကို သူပင် လိုက်မမှီနိုင်ခဲ့ချေ။

“ခင်ဗျားက” ကျွင်းချောင်ရှောင်းသည် အသာလှမ်းကာ မေးမြန်းလိုက်သည်။

ဖောက်

ခြေဗလာနှင့်လူသည် ည ဟုရေးသားထားသော ကျောက်စိမ်းပြားကို ထုတ်ယူကာဖြင့် ပြသလိုက်၏။ “ညဘုရင် မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်သူ ဖန်းဝမ်လီ”

“......”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ အကျဉ်းထောင်ထဲတွင် ရှိနေသော ညီအစ်ကို သုံးယောက်တို့သည် စောဏကလေးတင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်သည့် ထူးခြားသော နည်းလမ်းများရှိသည်ဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ချက်ချင်းပဲ ရောက်ရှိလာမည်ဟု သူက မထင်မှတ် ခဲ့ချေ။

“ခင်ဗျားဘာလိုချင်လို့လဲ”

“လူ လာကယ်တာလေ”

.........

တစ်ဖက်လူသည် ၎င်း၏ ညဘုရင် မဟာမိတ်အဖွဲ့သားများကို ဖမ်းချုပ်ထားကြောင်း သိရှိပြီးဖြစ်နေ၏။ ထို့ကြောင့် ခေါင်းကိုခါယမ်းကာ ပြောလိုက် သည်။ “ကျေးဇူးပြုပြီး လာကယ်တယ်ဆိုတဲ့အစား လာရွေးတယ်လို့ ပြောပါ”

“လာရွေးတာ ဟုတ်လား”

ဖန်းဝမ်လီသည် ရယ်မောလိုက်၏။ “အင်း... ကြည့်ရတာ ကျုပ်တို့ ညဘုရင် မဟာမိတ် အဖွဲ့က လူတွေက မင်းရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ပုံပဲ”

“ဖမ်းဆီးခဲ့တယ်ဆိုတာ ရိုင်းပါတယ်။ ကျုပ်က ခဏ‌ စောင့်ရှောက်ထားတာပါ။ သူတို့ သုံးယောက်က ကျုပ်ကို အထင်မှားရုံတင်မကဘူး။ မိုးကောင်ကင်အင်ပါယာရဲ့ အောက်ဆွဲဆိုပြီးတော့လည်း စွပ်စွဲခဲ့သေးတယ်လေ။ ဒီတော့ တန်ကြေးကို ပြန်ပေးရမှာပေါ့”

“အင်း”

ဖန်းဝမ်လီသည် ဦးခေါင်းကို ကုတ်ကာ ပြောလိုက်၏။ “ဒါ အမှန်ပဲဆိုရင် ဒီဖန်းက သူတို့အစား တောင်းပန် ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

“ကျုပ် သူတို့ကို လွှတ်ပေးချင်တယ်။ ဒါပေမဲ့ ခင်ဗျားက ပိုက်ဆံပေးရမယ်”

ညဘုရင်မဟာမိတ်အဖွဲ့ ဆိုသည်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဆန့်ကျင်ပြီး မှန်ကန်သည့်အဖွဲ့အစည်းအဖြစ် ခဏတာ သုံးသပ်မိ ခဲ့သည်။ သို့ပေမဲ့ ဘာဖြစ်ဖြစ် ပေးကိုပေးရမည်။ သူ့အား အောက်ဆွဲဟု သတ်မှတ်ထားသည်ဖြစ်သောကြောင့် သူ၏ ဂုဏ်သိက္ခာတရားသည် ထိခိုက်ခဲ့သည် မဟုတ်ပါလား။

“ကောင်းပြီ”

ဖန်းဝမ်လီသည် သူ၏လက်ကို အသာမြှောက်ပြီးသည့်နောက် လေဝဲတစ်ခုဖြစ်ပေါ်လာခဲ့၏။ ပြီးသည့်နောက် သူ၏ရှေ့တွင်ရှိနေသော လေကာကို တစ်ခါတည်း ရိုက်ခွဲလိုက်၏။

ဖောင်း ဟူသော အသံနှင့်အတူ ချက်ချင်းပဲ ရွက်သင်္ဘော၏ လေကာကြီးသည်ကွဲကြေသွားသည်။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဒေါသတကြီး ပြောလိုက်၏။ “ခင်ဗျား ဒီဂိုဏ်းချုပ်ရဲ့ ရွက်သင်္ဘောကို ဖျက်ဆီးရဲတယ် ဟုတ်လား”

“ခင်ဗျား ပိုက်ဆံမလိုချင်တော့ဘူးလား”

ဖန်းဝမ်လီသည် စပ်ဖြီးဖြီး ပြောလိုက်၏။ “ဒီဖန်းက ခင်ဗျားကို ကိုယ်တိုင် ပေးချင်တယ်လေ”

All Chapters