← Chapters

အခန်း ၁၈၅၂

Vol. 124 Ch. 1852

အခန်း ၁၈၅၂

Vol. 124 Ch. 1852

အပိုင်း (၁၈၅၂)

ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာတွင် ကျောက်ချလျက်ရှိ၏။ အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များ အားလုံးသည် ပဲ့ခန်း၏ရှေ့တွင် ရှိနေသော လေကာကြီးကို ပြန်လည်ကာ ပြင်ဆင်လျက်ရှိ၏။

“အင်း... အစီအရင်တွေနဲ့ အားဖြည့်ထားတဲ့ ဒီလိုမှန်မျိုးကို လက်ဝါးရိုက်ချက် တစ်ခုတည်းနဲ့ ကွဲကြေသွား အောင် ပြုလုပ်လိုက်တာပဲ”

ထိုက်ရွှမ်အဘိုးအိုသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီလူက အရမ်း အားကောင်းလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို အသုံးပြုကာ ဤလေကာကို ခဏခဏ ရိုက်နှက်ခဲ့ဖူး၏။ သို့ပေမဲ့ ပျက်ဆီးလိုသည့် ရည်ရွယ်ချက် မရှိသောကြောင့် အက်ကွဲကြောင်းသည် သေးသေးလေးသာဖြစ်ခဲ့၏။

တခြားလူမှာတော့ လက်ဝါးရိုက်ချက် တစ်ခုတည်းနှင့်တင် ကွဲကြေအောင် ပြုလုပ်နိုင်ခဲ့၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် မည်သူက သာလွန်သည်ဖြစ်ကြောင်းကို မှန်းဆရခက်သည်။ ခံစားချက် - ကုန်းရှန့်၏ မျက်နှာသည် တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို တိုင်းတာရန်အတွက် စံသတ်မှတ်ချက် ဖြစ်နေသည်လား။

“ဂိုဏ်းချုပ် အရမ်းကို ဒေါသထွက်နေတယ်”

ယုစီနန်က ပြောလိုက်၏။ “ဒီလူဆီမှာ စွမ်းဆောင်ရည်သာ မရှိဘူး ဆိုရင် ဒုက္ခရောက်သွားနိုင်တယ်”

“ဒါကတော့ အမှန်ပဲ” အားလုံးတို့သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ သူတို့၏ အမြင်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် အပြင်ဘက် စကြဝဠာထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ဒေါသအပြည့်ဖြင့် ဖြစ်တည်နေသည်။

သူရရှိခဲ့သည့် ပထမဦးဆုံးရွက်သင်္ဘောကြီးသည် ထာဝရရွက်သင်္ဘောကြီးဖြစ်၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာဆီမှ ရရှိထားသည့် ပစ္စည်းများသည် ဤရွက်သင်္ဘောထက် ပိုမိုကာ ကောင်းမွန်လှသည့်အရာမျိုး ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ဤရွက်သင်္ဘောကြီးနှင့် ခံစားချက် ဖြစ်တည်နေပြီဖြစ်သည်။ ယနေ့အချိန် မှာတော့ ထိုရွက်သင်္ဘောကြီး၏ လေကာသည် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် ခွင့်မလွှတ်နိုင်ဖွယ်ရာပင်။ ကျိန်းသေပေါက် ပေးဆပ်ရပေလိမ့်မည်။

“ကောင်လေး”

ဖန်းဝမ်လီသည် သိုလှောင်လက်စွပ်ကို ထုတ်ယူကာ ပြုံးလိုက်၏။ “ဒီထဲမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ အများကြီးရှိတယ်။ မင်းလိုချင်လား။ မင်းလိုချင်တယ်ဆိုရင် ဒါကိုရဖို့အတွက် စွမ်းဆောင်ရည် ရှိဖို့လိုမယ်”

ပြောရမည်ဆိုလျှင် တစ်ဖက်လူသည် ပြန်ပေးငွေကို တစ်ခါတည်း ပေးအပ်လိုက်ရန် ရည်ရွယ်ချက်ရှိသည့်ပုံ မပေါ်ပေ။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို အသာဖွင့်ဟပြီး ခေါင်းကိုခါယမ်းလိုက်မိသည်။

ဝှစ်

ရုတ်တရက် လေပြင်းများ တိုက်ခတ်လာခဲ့၏။ “မကောင်းတော့ဘူး”

ဘုန်း

လေလှိုင်းကြီးတစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားပြီးသည့်နောက် သွေးပူလေ့ကျင့်ခန်း ပြုလုပ်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် မျက်နှာတစ်ခုလုံး ငဲ့စောင်းကာဖြင့် အဝေးဆုံးဆီသို့ လွင့်စင်သွားခဲ့သည်။

“ဒါပေမဲ့”

ဖန်းဝမ်လီသည် ကျွင်းချောင်ရှောင်း ရပ်တန့်သည့်နေရာတွင် ရပ်လျက်ရှိသည်။ သူသည် ခြေထောက် ကို ပြန်ရုတ်ကာ ပြောလိုက်၏။ “မင်းကိုကြည့်ရတာ စွမ်းဆောင်ရည်ရှိပုံ မပေါ်ဘူး”

“.........”

ယုစီနန်နှင့် တခြားသောသူများ အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဂိုဏ်းချုပ်ကို အဝေးဆုံး ရောက်အောင် ကန်ထုတ်ပြီးသည့်နောက် တစ်ဖက်လူ၏ အားအင်အဆင့်သည် အထဲတွင် ဖမ်းချုပ်ခံထားရ သည့် ညဘုရင်မဟာမိတ်အဖွဲ့မှ လူသုံးယောက်တို့ထက် အလွန်အမင်း သာလွန်သည့်လူတစ်ယောက် ဖြစ်ကြောင်း သိရှိသွားကြသည်။

“ထိပ်ဆုံးအဆင့်လား”

ဟယ်ဝူတီ သည် ရွက်သင်္ဘော၏ တံခါးကို အသာမှီကာဖြင့် တွေးလိုက်မိသည်။ တခြား သူများသိရှိနိုင်မည် မဟုတ်သော်လည်း အဆင့်မြင့်ဂြိုဟ်ဆီမှ ရောက်ရှိလာခဲ့သော သူကတော့ ကောင်းကင် လျှို့ဝှက်နယ်မြေတွင် သာမန်နှင့် ထိပ်ဆုံးအဆင့်ကို ခွဲခြားထားသည်ဖြစ်ကြောင်းကို သိရှိ၏။

သာမန် - ဤအရာသည် ကျွင်းချောင်ရှောင်း၏ အဆင့်ဖြစ်သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တပည့် ခေါင်းဆောင်တော်တော်များများတို့သည်လည်း ဤအဆင့်၌ တည်ရှိကြ၏။ ထိပ်ဆုံးအဆင့် ထိုအရာမှာ အမှန်ပင် ကြမ်းတမ်းလှသည့်အရာပင်ဖြစ်သည်။ ဖန်းဝမ်လီကဲ့သို့ပင်ဖြစ်သည်။

ယခု ကန်ချက်တစ်ခုတည်းနှင့်တင် ကျွင်းချောင်ရှောင်းကို အဝေးဆုံးရောက်အောင် တိုက်ခိုက်နိုင်ခဲ့၏။ နှစ်ခု အကြားတွင် ရှင်းလင်းသည့်အရာဖြစ်ကြောင်းကို သိရှိနိုင်စွမ်းရှိသည်။ မိုးကောင်းကင်အင်ပါယာ စေလွှတ် လိုက်သည့် ခေါင်းဆောင်များသည် ညဘုရင်မဟာမိတ်အဖွဲ့မှ ကာကွယ်စောင့်ရှောက်သူနှင့် တိုက်ခိုက် သည်ဆိုပါက ကျိန်းသေပေါက် သုတ်သင်ခြင်းကို ခံရမှာ သေချာ၏။ ယခု ကုန်းရှန့်ပင်လျှင် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်နေ၏။

ဟူး

ကုန်းရှန့်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် အကန်ခံလိုက်ရသည့် သူ၏ပခုံးကို ပွတ်သပ်လိုက်၏။ တစ်ဖက်လူသည် သူ၏ကန်ချက်ကို ခံရပြီးသည့်နောက် ဘာမှ မဖြစ်သလို ဟန်ထုတ်နေ သည်ကို မြင်နေရသော်လည်း ဖန်းဝမ်လီသည် အံ့အားသင့်မှုတော့ မရှိချေ။ သူက ပြောလိုက်၏။ “မင်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာဘက်က မဟုတ်ဘူးဆိုတာကို ငါ အခု အတည်ပြုနိုင်ပြီ”

“ခင်ဗျား ဘာကိုဆိုလိုတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဘာလို့လဲဆိုတော့”

ဖန်းဝမ်လီသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “အရမ်းအားနည်းလို့”

“..........”

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ မဆိုချေ။ သာမန်အားဖြင့် တစ်ဖက်လူ၏ လှောင်ပြောင်ခြင်းကို ခံရပြီးသည့်နောက် သူသည် အမှန်ပင် ဒေါသထွက်လျက်ရှိသည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အစစ်အမှန် တည်ငြိမ်လို့ နေခဲ့၏။ တစ်ဖက်လူ၏ စကားလုံးများအရ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်၌ အမိန့်ပေးနိုင်သော များပြားလှသည့် ကျွမ်းကျင်သူများ တည်ရှိနေသည်ဆိုသည့်အချက်ကို သူက သေချာ သိရှိ ခဲ့၏။

မှန်ပေ၏။ အထက်စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးသိမ်းပိုက်နိုင်ရန် စဉ်းစားရဲသည်အထိ ရည်မှန်းချက် ကြီးကြီး မားမားရှိသော လူတစ်ယောက်အနေနှင့် ၎င်း၏နောက်လိုက်များသည် အမှန်ပင်ကြောက်ခမန်းလိလိလူများ ဖြစ်ရပေလိမ့်မည်။ ထိုမျှမဟုတ်လျှင် လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

စနစ်က ပြောလိုက်သည်။ “သူတို့ရဲ့ မျက်လုံးထဲမှာ တိမ်ပြာစကြဝဠာပတ်လမ်းဆိုတာ တကယ့်ကို နေရာ သေးသေးလေးပဲ။ ဒါကြောင့်မို့ သာမန်လူတွေကိုပဲ စေလွှတ်လိုက်တာပေါ့။ တကယ်တမ်းလေးနက်လာပြီ ဆိုရင် အရာအားလုံး ဖျက်ဆီးပစ်နိုင်တဲ့ နောက်လိုက်တွေကို စေလွှတ်နိုင်တယ်။ ဥပမာအားဖြင့်”

ကျွင်းချောင်ရှောင်းသည် ဖန်းဝမ်လီကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒီလိုလူမျိုးလား”

“အင်း.... ငါ လက်ခံသူကို ရင်နာအောင် လုပ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့”

စနစ်သည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ဒီထက်ပိုပြီး ကြမ်းတဲ့လူတွေ ရှိနိုင်သေးတယ်”

“......”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏အောက်တွင် များပြားလွန်းလှသော အမိန့်ပေးနိုင်သူများ ရှိသည်ဆိုလျှင် သူအနာဂတ် အပြင်ဘက်သို့ ထွက်သည့်အချိန်တွင် ပိုမိုကာ သတိထားရပေလိမ့်မည်။

“သူတို့ကို လွှတ်လိုက်တော့”

ဖန်းဝမ်လီက ပြောလိုက်သည်။ “အရင်ကရှိခဲ့တဲ့ ရန်ငြှိုးရန်စတွေ အားလုံးကို ဖယ်ရှားလိုက်ရအောင်”

“ကျုပ်လည်း ဒီလိုမျိုးတွေးပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါပေမဲ့ အရင် ပိုက်ဆံပေး”

လူကောင်းလား၊ လူဆိုးလားဆိုသည်ကို မည်သူက ဂရုစိုက်မည်နည်း။ သူ့အား ပြဿနာရှာပြီးပြီဆိုလျှင် ကျိန်းသေပေါက် ပေးကိုပေးရပေလိမ့်မည်။ တစ်ဖက်လူ၏ အားအင်အဆင့်ကို သိရှိပြီးသည့်နောက် သူသည် လိုက်လျောပေးရန် မရွေးချယ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ အားကောင်းလွန်းသော ဝှက်ဖဲတစ်ခု တည်ရှိနေသောကြောင့်ပင်။

“ကောင်လေး”

ဖန်းဝမ်လီက ပြောလိုက်သည်။ “မင်းတကယ့်ကို ခေါင်းမာတာပဲ။ ထားလိုက်တော့။ ထားလိုက်တော့”

သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မင်းအနေနဲ့ ပစ္စည်းဥစ္စာတွေကို မက်မောတယ်ဆိုမှတော့ လောကမှာ အရေးကြီးဆုံးအရာက ပိုက်ဆံမဟုတ်ဘူး။ ဒါပေမဲ့ ....”

ဝှစ် ဝှစ် ဝှစ်

ပြောပြီးပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်သည် လေလှိုင်းများ ဖုံးလွှမ်းလာခဲ့၏။ ပြီးနောက် မုန်တိုင်းတစ်ခုကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။ “အသက်ပဲ”

ဖြောက် ဖြောက် ဖြောက်

လေများသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ အရှိန်အဟုန် ပြင်းပြင်းနှင့် ရိုက်ခတ်လျက်ရှိ၏။ တည်နေရာကြီး တစ်ခုလုံးသည်လည်း နှစ်ပိုင်းပြတ်သွားကဲ့သလိုပင်။

“ကျုပ် အထင်အရတော့”

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသာထုတ်ယူကာဖြင့် လက်ချောင်း များနှင့် ဆော့ကစားလျက် ရှိသည်။ “အသက်က အရေးကြီးတယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ ပိုက်ဆံကလည်း အရေးကြီးတာပဲ”

ဟား ဟား ဟား ဟား

လေလှိုင်းများကဲ့သို့ ဖြစ်တည်နေသော ဖန်းဝမ်လီသည် ရယ်မောကာ ပြောလိုက်၏။ “ငါ နှစ်ပေါင်းများစွာ ကြာအောင် စကြဝဠာထဲမှာ လှည့်လည်သွားလာခဲ့တာ။ ဒါပေမဲ့ ပိုက်ဆံကို အသက်ထက်ပိုပြီး လိုချင်နေတဲ့လူ တစ်ယောက်ရှိတာကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ”

ဝှစ်

လေလှိုင်းကြီးသည် ကျွင်းချောင်ရှောင်းဆီသို့ တိုးကပ်လာခဲ့၏။ စကြဝဠာ တစ်ခုလုံးပင်လျှင် အလိပ်လိပ် ဖြစ်တည်လျက်ရှိ၏။ ဤလေလှိုင်း၏ အားအင်အဆင့်သည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ပြိုလဲသွားလု မတတ်ပင် ကြမ်းတမ်းလွန်းလှချေသည်။

“နောက်ကိုဆုတ်”

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ “မြန်မြန်နောက်ကိုဆုတ်တော့”

ဝှစ် ဝှစ်

အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များ အားလုံးတို့သည် ချက်ချင်းပဲ ရွက်သင်္ဘောကြီးထဲသို့ ပြန်ဝင်လာခဲ့ကြ၏။ ရှန့်ကွမ်းရှင်းရောင်သည်လည်း ချက်ချင်းပဲ ရွက်သင်္ဘောကြီးကို တည်နေရာတစ်ခုဆီ ရွေ့လျားမောင်းနှင်လိုက် သည်။

ဖြောက် ဖြောက် ဖြောက်

သူတို့ထွက်ခွာသွားပြီး မကြာခင်မှာပဲ ၎င်းတို့တည်ရှိရာနေရာရှိ လေဟာနယ်ကြီး တစ်ခုလုံးသည် ပြိုကျ ပျက်စီးလျက် ရှိနေတော့၏။ ၎င်းအား ဗဟိုပြုပြီးသည့်နောက် မိုင်တစ်ထောင်အကွာအဝေးတွင် ရှိနေသော လေထုတစ်ခုလုံးသည် စက္ကူအပိုင်းအစများကို စုတ်ဖြဲခံလိုက်ရသလိုပင် တစ်စစီ ဖြစ်ကုန်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

.......

ကျွင်းချောင်ရှောင်းသည် မြင်ကွင်းတွင် တည်ငြိမ်လျက်ရှိသည်ဆိုသော်လည်း စိတ်ထဲတွင် တုန်လှုပ်လျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နယ်မြေချင်း တူညီသည်ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ အော်ရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်။

မုန်တိုင်းကြီးနှင့် တသားတည်း ဖြစ်တည်နေပုံပေါ်သော ဖန်းဝမ်လီသည် ထူးမခြားနားသလို ပြောလိုက်၏။ “ပိုက်ဆံနဲ့ အသက်ရဲ့ ကြားထဲမှာ ရွေးချယ်မှု နောက်တစ်ကြိမ် ထပ်ပေးမယ်”

ဝှစ် ဝှစ်

လေလှိုင်းများသည် နောက်တစ်ကြိမ် တိုက်ခတ်လျက်ရှိနေပြီး ကျွင်းချောင်ရှောင်း၏ ဆံနွယ်များကိုပင် အနောက်ဘက်သို့ လွှင့်စင်သွားစေ၏။ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။

ဖောက်

ပြုံးပြီးသည့်နောက် သူ၏လက်ချောင်းများသည် စည်းဓားမော့ကြီးကို အသာကောက်ကိုင်လိုက်၏။

ချလွမ်

ဓားထုတ်သည့်အသံ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် ကျယ်လောင်လှသည့် အသံကြီး ဖြစ်ပေါ်လာခဲ့သည်။

ဝှစ် ဝှစ်

တချိန်တည်းမှာပဲ မီးနတ်ဘုရားကဲ့သို့သော ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် ဓားကျိုးကြီးကို ကိုင်ဆောင် ကာဖြင့် ဖြည်းဖြည်းချင်းလှမ်းလာခဲ့တော့၏။

“ဟမ်” ဖန်းဝမ်လီက မျက်မှောင်ကုတ်မိသွားသည်။

ဖောက်

မီးတောက်များ ဖုံးလွှမ်းလျက်ရှိနေသည့် တည်နေရာထဲမှ လက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်သည် ဓားကျိုးကြီးကို ဆွဲကိုင်ထား၏။

ကျွင်းချောင်ရှောင်းသည် ထိုနေရာထဲမှာ ဖြည်းညှင်းစွာ ထွက်လျှောက်လာခဲ့သည်။ ၎င်း၏ ဆံပင်၊ မျက်ခုံး၊ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များနှင့် ဖုံးလွှမ်းနေသည်။

“ဂိုဏ်းချုပ်”

လုံခြုံသည့်တည်နေရာတွင် ရှိနေသော ယုစီနန်နှင့် တခြားသောသူများသည် ဆွံ့အလျက်ရှိသည်။ လက်ရှိအခြေအနေ၌ စကြဝဠာတစ်ခုလုံးတွင် ဓားကျိုးကြီးကို ကိုင်တာ မတ်မတ်ရပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းကို သူတို့ မြင်လျက်ရှိ၏။ ဓား၏ကိုယ်ထည် ဘယ်ဘက်နှင့် ညာဘက်ခြမ်း တွင်တော့ ဘုရင်ဆိုသော စာတမ်းကို ရေးထိုးထား၏။

ဝှစ် ဝှစ်

ပဉ္စမမြောက် အဆင့်မြှင့်တင်ပြီးပြီဖြစ်သော စည်းဓားမော့ကြီးကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ထွက်ပေါ်လာခဲ့၏။ မီးတောက်ကဲ့သို့သော ဓာတ်သဘာဝများသည် တည်နေရာအနှံ့တွင် အရှိန်တငြီးငြီးနှင့် တောက်လောင်နေ၏။ လေများ တဖြည်းဖြည်းနှင့် အရှိန်လျော့ကျသွားပြီး ရပ်တန့်၍ပင် သွားခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဖန်းဝမ်လီသည် တုန်လှုပ်သွားမိ၏။ “ဒီကောင့်ရဲ့ အော်ရာတွေက ငါ့ရဲ့ ဘုံကိုးပါး ဆန်းကြယ်လေလှိုင်းတွေကိုတောင်မှ ဖိနှိပ်နိုင်ခဲ့တာလား”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ဘုရင်ဓားအား အသာမြှောက်ကိုင်လိုက်ပြီးသည့်နောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ “ကလေးတွေကပဲ ရွေးချယ်မှု လုပ်တာလေ။ ကျုပ်ကတော့ ပိုက်ဆံကော၊ အသက်ကော နှစ်ခုလုံးကို လိုချင်တယ်”

ဒွီ

ပြောပြီးပြီးချင်းမှာပဲ အနီရောင်အက်ကွဲကြောင်းကြီးသည် ၎င်းအား ဗဟိုပြု၍ ဖြစ်တည်လာခဲ့တော့၏။ ဖန်းဝမ်လီသည် တုန်လှုပ်သွားမိ၏။ “မကောင်းတော့ဘူး”

.............

မုန်တိုင်းကြီးသည် ရပ်တန့်သွားခဲ့၏။ တွန့်လိမ်ပြီး ရှုပ်ထွေးလျက်ရှိနေသည့် လေဟာနယ်ကြီး တစ်ခုလုံးသည် လည်း ပုံမှန်အတို်ငး ပြန်လည်ဖြစ်တည်သွားခဲ့သည်။ ဖန်းဝမ်လီသည် တည်နေရာတစ်ခုတွင် မတ်မတ် ရပ်လျက်ရှိ၏။ သူ၏ မျက်လုံးများထဲတွင် မယုကြည်နိုင်မှု၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ရှေ့တွင် ရပ်တန့်လျက်ရှိ၏။ ကြီးမား လွန်းလှသော ဓားကျိုးကြီးသည် တစ်ဖက်လူ၏ လည်ပင်းပေါ်သို့ ရောက်ရှိနေ၏။

ဘာဖြစ်သွားသနည်း။ ဘာမှ ထူးထူးခြားခြား မရှိလှချေ။ ကျွင်းချောင်ရှောင်းအနေဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်ပြီး တစ်ဖက်လူ၏ ပခုံးပေါ်သို့ ဓားတင်လိုက်ခြင်းသာဖြစ်သည်။

မည်ကဲ့သို့သော အမြန်နှုန်းဖြင့် ဤကဲ့သို့ ပြုလုပ်ခဲ့သည် ဆိုသည်ကို ဖန်းဝမ်လီ မပြောနှင့် ကြည့်ရှုလျက် ရှိနေသည့် ယုစီနန်နှင့် တခြားသူများ အားလုံးပင်လျှင် သတိမပြုမိခဲ့ချေ။ သူတို့အားလုံးသည် တွေဝေ ငေးငိုင်စွာဖြင့် ကြည့်ရှုလျက် ရှိနေကြ၏။

ရွှီ

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ကို လှမ်းယူကာ ပြောလိုက်သည်။ “ကျေးဇူးပါပဲ”

ပြောနေစရာပင် မလိုချေ။ အထဲ၌ စိတ်ဝိညာဉ်ကျောက်တုံး အများအပြား တည်ရှိလို့ နေခဲ့၏။ ထာဝရရွက်သင်္ဘောကြီး၏ လေကာမှန် ကွဲသွားသည့်အတွက် လျော်ကြေးသည် ဤမျှလောက်နှင့် ကျေနပ်သင့်ပေ၏။

All Chapters