← Chapters

ဧည့်သည်လား

Vol. 130 Ch. 1809

ဧည့်သည်လား

Vol. 130 Ch. 1809

ရှီမာယူယူသည် မြို့အပြင်တွင် ဖြစ်ပျက်နေသမျှကို မသိပေ။ သို့‌သော် သုန်းမျိုးနွယ်၏ ကိစ္စသည် မရဏာနှင့် တစ်ခုခုပတ်သက်လိမ့်မည်ဟု ခန့်မှန်းမိ သည်။

သို့သော် ထိုကိစ္စမှာ အဆိုးချည်းတော့မဟုတ်ပေ။ အချိန်တစ်ခုအထိတော့ သူမကို မည်သူမှ ပြဿနာမရှာရဲတော့ပေ။ မုရုန်ဟွေ့သည်လည်း ထိုကိစ္စကို စိတ်မပူဘဲ သတ္တုကြောနှင့် ပြိုင်ပွဲကိစ္စများတွင်သာ အာရုံစိုက်ထားသည်။

ပြီးနောက် သူမသည် အေးအေးဆေးဆေးပင် ကျင့်ကြံကာ ဖြစ်နိုင် သလောက် မြန်မြန် သန်မာအောင်လုပ်ရမည်။

နှစ်ရက်ကြာပြီးနောက်တွင် မုရုန်ဟွေ့ပြန်လာပြီး ရှီမာယူယူ၏ ခြံဝန်းဆီ သို့ တိုက်ရိုက်သွားလေသည်။ ထင်စန်းသည် အမြန်ပင် ရှီမာယူယူကို ခေါ်ပေး လိုက်သည်။

ရှီမာယူယူ ထွက်လာချိန်တွင် သူ၏ ပင်ပန်းနွမ်းလျနေသော ပုံစံကိုမြင် သောအခါ ပြောလိုက်သည် “အဖေ ပြန်လာပြီပဲ သတ္တုကြောက ဘယ်လိုနေလဲ”

“အဲဒီ ကကိစ္စကို ဖြေရှင်းပြီးသွားပြီ” မုရုန်ဟွေ့ ပြောလိုက်သည် “သုန်း မျိုးနွယ်ကိစ္စကို အဖေကြားပြီးသွားပြီ… အဲအတွက်ကိုတော့ သမီး စိတ်ပူဖို့မလို ဘူး… ကျန်တာ အဖေပဲစီစဉ်လိုက်မယ်”

သူပြောသည်မှာ သုန်းမျိုးနွယ်ကိစ္စသက်သက်တင်မဟုတ်ဘဲ ရှုပ်ထွေးလှ သော တခြားအင်အားစုများ ဝင်ပါလာမည့်ကိစ္စပင်ဖြစ်သည်။

“အဖေ သုန်းမျိုးနွယ်ကိစ္စ တော်တော်များများတော့ ဖြေရှင်းပြီးသွားပြီ အဲဒါကြောင့် အရမ်းကြီးစိတ်မပူပါနဲ့ သွားပြီး ကောင်းကောင်းနားလိုက်ပါဦး” ရှီမာယူယူ ပြောလိုက်သည်။

“အကုန် ဖြေရှင်းပြီးပြီဟုတ်လား”

“ဟုတ်ပါတယ် အိမ်တော်ထဲကတပ်သားတွေက လက်ရည်ရှိကြတယ် သုန်းမျိုးနွယ်ပျက်စီးသွားတော့ တခြားမိသားစုတွေလည်း သမီးတို့ကို ကြောက် နေကြပြီ…အဲတော့ ဒီကိစ္စကို မြန်မြန်ပဲရှင်းပြီးသွားပြီ” ရှီမာယူယူ ပြောလိုက် သည် “အဖေမယုံရင် တပ်သားကျန်းကိုခေါ်ပြီး သတင်းပို့ခိုင်းလိုက်ပါ”

“တကယ်ပဲ အကုန်လုံးအဆင်ပြေလား” မုရုန်ဟွေ့သည် သူမကို အလုံးစုံ မယုံသေးပေ။ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ကိစ္စကြီးကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန်မှာ မသေချာပေ။ အဲဒါကို သူမက ဖြေရှင်းပြီးနေပြီလား။

“တကယ်ပဲ အဆင်ပြေပါတယ် အဖေဘယ်လောက် ပင်ပန်းနေလဲကြည့် လိုက်ဦး အဲဒါကိုဘယ်လိုလုပ် အဖေ့ကို ပင်ပန်းအောင်လုပ်ရဦးမှာလဲ” ရှီမာယူယူသည် သူ၏လက်ကိုယူကာ ခြံဝန်းထဲမှခေါ်ထုတ်ပြီး အစောင့်များကို ခန်းမဆီသို့ ဆင့်ခေါ်၍ လက်ရှိအခြေအနေကိုတင်ပြခိုင်းသည်။

ယခုအချိန်တွင် ကျန်းမင်သည် ရှီမာယူယူကို ယုံကြည်နေလေပြီ။ ပထမ အကြိမ်ဖြစ်ပျက်စဉ်က သူတို့သည် မုရုန်ဟွေ့ကြောင့်သာ သူမကို ကာကွယ်ခဲ့ ခြင်းဖြစ်သည်။ သူမသည် အမိန့်များတစ်ခုပြီးတစ်ခုပေးပြီးနောက် မကြာမီတွင် သုန်းမျိုးနွယ်ကို ချေမှုန်းနိုင်ခဲသဖြင့် တစ်ချိန်တည်းမှာပင် နယ်စားအိမ်တော်ကို လူအများ ထောက်ခံခဲ့သည်။ ယခုအချိန်တွင် မြို့ထဲမှလူများသည် နယ်စား အိမ်တော်အား အတော်ပင်နာခံနေပြီဖြစ်သည်။

သူသည် ပြီးခဲ့သည့်ရက်များ၏ အခြေအနေကို တင်ပြရာ သူ့စကားများ တွင် ရှီမာယူယူကို လေးစားသံများပါနေသည်။

ထူးဆန်းမှုတစ်စုံတစ်ရာမတွေ့သည်နှင့် မုရုန်ဟွေ့သည် ကျန်းမင်ကို သွားခိုင်းလိုက်ပြီး ရှီမာယူယူအား ရှုပ်ထွေးသော မျက်လုံးဖြင့်ကြည့်လေသည်။

“ဒီလို အစွမ်းအစရှိတဲ့ သမီးရှိတာကို မင်းသမီးသာသိရင် သူမ ပျော်မှာပဲ” သူ ပြောလိုက်သည်။

“သမီးလည်း အဲလိုထင်ပါတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“ဒါပေမဲ့ သုန်းမျိုးနွယ်ကို ဖျက်ဆီးသွားတဲ့ အင်အားစုကိုရှာမတွေ့ဘူး… ရုတ်တရက်ပေါ်လာတဲ့ အင်အားစုကို ဆက်ပြီးစုံစမ်းရမယ်” မုရုန်ဟွေ့ ပြော လိုက်သည်  “ဒါပေမဲ့ သမီးပြောသလိုဆိုရင် ဟိုဘက်ကလူက မြူခိုးမည်းလွှင့် လိုက်တာနဲ့ သုန်းမျိုးနွယ်တစ်ခုလုံးကိုရှင်းလိုက်တာပဲ… ဘယ်သူမှလည်း ထပ် မမြင်မိကြဘူး အဲဒါကိုစုံစမ်းမယ်ဆို မလွယ်လောက်ဘူး”

“အဖေ ဒီကိစ္စကိုတော့ အချိန်တစ်ခုလောက် စိတ်မပူဘဲနေလို့ရပါတယ်” ရှီမာယူယူသည် စိုးရိမ်စိတ်အနည်းငယ်ဖြင့် ပြောလိုက်သည်။

“ဘယ်သူလုပ်လဲဆိုတာ သမီးသိလား” မုရုန်ဟွေ့ မေးလိုက်သည်။

“မသေချာပေမဲ့ စိတ်ထဲမှာတော့ မှန်းမိပါတယ်” ရှီမာယူယူ ပြောလိုက် သည် “တစ်ဖက်လူက သူတို့သရုပ်မှန်ကို မစုံစမ်းစေချင်ဘူး… သူတို့တွေ သမီး တို့ကိုမခြိမ်းခြောက်သရွေ့တော့ ထပ်ပြီးတော့ မစုံစမ်းသင့်ဘူး”

မုရုန်ဟွေ့သည် သူမ ထိုကဲ့သို့ စိုးရိမ်တကြီးပြောသည်ကို မြင်သောအခါ မတတ်သာဘဲမေးလိုက်သည် “တစ်ဖက်လူက ကိုင်တွယ်ဖို့ခက်လား”

“ပြောဖို့တော့ခက်တယ် သမီးလည်းမသေချာဘူး၊ တစ်ဖက်လူက စဉ်းစား ချင့်ချိန်ပြီး ဖုံးထားမှတော့ သူတို့က မသိစေချင်လို့ပဲ… အဲဒါကို ဘာလို့တူးဆွ နေမှာလဲ အဲတော့မှ ပြဿနာဖြစ်ရင်ဖြစ်သွားမှာ”

“သမီးက အဲလိုထင်မှတော့ အဲလိုပဲထားလိုက်တာပေါ့ အချိန်တစ်ခုထိ တော့ အဲဒါကို ဂရုမစိုက်တော့ဘူး” မုရုန်ဟွေ့သည် သူမ တောင်းဆိုချက်ကို လက်ခံသည်။

“ကျေးဇူးတင်ပါတယ် အဖေ” သူ့စိတ်ထဲတွင် သံသယများရှိသေးသည်ကို ရှီမာယူယူသိသည်။ သူ၏ပိုင်နက်တွင် အမည်မသိအင်အားစုပေါ်လာရာ သူ သည် တစ်ဦးတည်းအတွက်ရော အများသူငှာအတွက်ပါ သူရှင်းရှင်းလင်းလင်း လုပ်ရမည်ဖြစ်သည်။ သို့သော် သူမကြောင့်ပင် သူ လက်လျော့ရန်ရွေးချယ် လိုက်သည်။

“သမီးအဆင်ပြေရင်ပြီးတာပဲ” မုရုန်ဟွေ့ ပြောလိုက်သည် “ဒါပေမဲ့ ဒီကိစ္စကိုတော့ ထပ်ပြီးမလိုက်တော့ဘူး စောင့်တော့စောင့်ကြည့်ထားမယ်”

“ဟုတ်ကဲ့ နားလည်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ရှောင်းမျိုး နွယ်နဲ့ ဒီမတော်တဆမှုတွေပြီးသွားတော့ တစ်ခဏလောက်တော့ ငြိမ်းချမ်းသင့် ပြီထင်တယ် နောက်ရက်တွေကျရင် သမီးတံခါးပိတ်ကျင့်ကြံပြီး အားတိုးအောင် လုပ်လိုက်ဦးမယ်”

“ဟုတ်ပြီ ဒီလိုစဉ်းစားတယ်ဆိုတာ ကောင်းပါတယ်… အခု ဘာကိုမှ စိတ်ပူဖို့မလိုတော့ဘူး ကြိုးကြိုးစားစားသာ ကျင့်ကြံဖို့ပဲလိုတယ်” မုရုန်ဟွေ့ သည် သူမစကားကို သဘောတူသည်။

သူမ၏ သရုပ်မှန်မှာလည်း ထူးခြားသည်။ သူမသည် ရှီအာ၏ အမည်ကို ယူထားသော်လည်း ပေါ်ပေါက်သွားသည်နှင့် ဖြစ်လာမည့် အကျိုးဆက်မှာ ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ သူမသာ တံခါးပိတ်ကျင့်ကြံပါက အပြင်သို့ ထွက်ချိန် နည်းသွားမည်ဖြစ်ပြီး ပို၍လုံခြုံနိုင်သည်။

ထို့နောက် ရှီမာယူယူသည် သတ္တုကြောများအကြောင်း မေးသည်။ နှစ်ယောက်သား အတန်ကြာအောင် စကားပြောပြီးနောက်တွင် သူမ ပြန်သွား သည်။ ထွက်မသွားခင်တွင် ကောင်းကောင်းအနားယူရန် သူ့ကို သူမ ထပ်ခါထပ်ခါမှာသွားသည်။

သူမ ထွက်သွားသည်အထိစောင့်ပြီး မုရုန်ဟွေ့သည် ကုလားထိုင်ပေါ်သို့ ပင်ပန်းနွမ်းနယ်စွာဖြင့် မှီလိုက်သည်။ သူသည် အတန်ကြာအောင် မနားခဲ့ရ သဖြင့် မျက်လုံးအောက်တွင် အညိုမည်းများဖြစ်ပေါ်နေသည်။

မုရုန်လင်းသည် အပြင်မှဝင်လာပြီး မြို့ထဲမှတွေ့လာသမျှကို မုရုန်ဟွေ့ကို ပြောပြရာ ကျန်းမင် ပြောပြသည့်သတင်းနှင့် အတူတူပင်ဖြစ်သည်။

“သခင် သူမက ဒီကိစ္စကို ဒီလိုမျိုး လွယ်လွယ်နဲ့ ရိုးရိုးရှင်းရှင်းပဲ ကိုင်တွယ် နိုင်မယ်လို့ ထင်မထားဘူး… အားလုံးရှေ့မှာ နယ်စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိန်းပေးသလို ကိစ္စတွေကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်တာ ပဲ… သူမက အသက်တစ်ရာမပြည့်သေးတာကို သိနေလို့ပေါ့ မဟုတ်ရင် အသက်ထောင်ချီရှိတဲ့လူက လုပ်တယ်လို့တောင် ထင်နေပြီ” မုရုန်လင်း ပြော လေသည်။

“မင်းသမီးက သမီးကောင်းသမီးလိမ္မာလေးကို မွေးထုတ်ထားတာပဲ” မုရုန်ရှီ ပြောလိုက်သည် “ဒါပေမဲ့ သူမက လူသားလောကမှာ အများကြီးကြုံ တွေ့ခဲ့လို့ ပိုသိတာပဲ… သူမက အရင်တုန်းက အများကြီးခံစားခဲ့ရတာက ဒီ ကလေးအတွက် အရမ်းခက်ခဲခဲ့တယ်”

“ဟုတ်တယ် ကျွန်တော်လည်း အဲဒါကိုတွေးနေတာ” မုရုန်လင်းသည် သက်ပြင်းချပြီးပြောသည် “သခင် သုန်းမျိုးနွယ်ကိစ္စကို ဆက်ပြီးစုံစမ်းဖို့လိုလား”

“အခုတော့ မစုံစမ်းသေးဘူး” မုရုန်ဟွေ့သည် ရှီမာယူယူ၏ ရည်ရွယ်ချက် ကို ပြောပြသည် “တစ်ဖက်လူက ဘယ်သူလဲဆိုတာ သူမ သိတယ်လို့ထင်တယ် ဒါပေမဲ့ ငါတို့ကိုဝင်မပါစေချင်ဘူး အဲဒါကြောင့် ဆက်ပြီးမစုံစမ်းခိုင်းဘူး”

“ဒါပေမဲ့ သုန်းမျိုးနွယ်ကို ရှင်းသွားတဲ့လူက အရမ်းကိုလျှို့ဝှက်ဆန်းကြယ် တယ်လို့ ကြားတယ်…. ဘယ်သူလုပ်သွားလဲဆိုတာကို မစုံစမ်းရင် သခင်မလေး ကိုမထိခိုက်စေဘူးလား”

“တစ်ဖက်လူက အရမ်းလျှို့ဝှက်ဆန်းကြယ်လို့ ထပ်ပြီးမစုံစမ်းစေချင်တာ ထင်တယ်” မုရုန်ဟွေ့သည် ရှီမာယူယူကို နားလည်သည် “တစ်ဖက်လူက သူမကို အနိုင်ကျင့်ပြီးတော့ ဖျက်ဆီးခံလိုက်ရတာ… အဲလူက သူမကို ကာကွယ် နေတဲ့ပုံပဲ…  သူမကို ဘယ်သူမှ ပြစ်မှားခွင့်မပြုဘူးလို့တောင် ပြောလို့ရတယ်”

“မဟုတ်သေးဘူး သူတို့များလား” မုရုန်လင်းသည် လက်တွေ့မဆန်ဟု ခံဏားရသည်။ “စစ်သူကြီးဒိနဲ့ သခင်မိုယွိတို့က ထွက်သွားလိုက်ပြီ ပြီးတော့ သခင်မလေးက နောက်ကနေမလိုက်ဖို့ ပြောလိုက်တာ”

“မဟုတ်သေးဘူး” မုရုန်ဟွေ့သည် စဉ်းစားရင်းနှင့် ခေါင်းကိုက်လိုက် သည် “ဒါဆိုရင် တစ်ဖက်လူက မြူခိုးမည်းသက်သက်ပဲမဟုတ်ဘူးလား… အဲဒါ ကြောင့် ငါတို့တစ္ဆေမျိုးနွယ်ဝင်တွေကို သံသယဝင်တယ်… ဒီကိစ္စက သူမ ပြော သလိုပဲဖြစ်မယ် ဒါပေမဲ့ ပတ်ပတ်လည်ကအခြေအနေကိုတော့ စောင့်ကြည့်ခိုင်း ထားဦး… တစ်ခုခုအပြောင်းအလဲရှိရင် ငါ့ကို သတင်းပေး”

“ဟုတ်ကဲ့ပါ သခင်” မုရုန်လင်းသည် ဖြေပြီးနောက် နောက်ပြန်ဆုတ်သွား လေသည်။

ရှီမာယူယူသည် ခြံဝန်းဆီသို့ပြန်ရောက်ချိန်တွင် ပတ်ပတ်လည်မှ ရောင်ဝါ သည် တစ်ခုခုလွဲမှားနေသည်ဟု ခံစားရသည်။ သူမ အခန်းသို့ပြန်သောအခါ အမည်းလေးသည် အခန်းအလယ်တွင်ရပ်နေပြီး လေထဲတစ်နေရာကို အာရုံ စိုက်ကြည့်နေလေသည်။

***

All Chapters