← Chapters

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အပိုင်း (၁၈၅၅)

စည်းဓားမော့ကြီးအနေနှင့် မည်မျှကြာအောင် သူ့အား အားနည်းအောင်ပြုလုပ်ထားမည်ဆိုသည်ကို သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ အချိန်ကာလတစ်ခုအထိ ရွက်သင်္ဘောကြီးဆီသို့ မပြန်လာရုံသာ ရှိ၏။ သူသည် ထာဝရလောကကြီးထဲတွင် ပုန်းအောင်းရင်း အားမွေးလျက်ရှိနေတော့၏။ ဘာမှလုပ်စရာမရှိသည့် အချိန်မျိုးတွင် အပြင်ဘက်သို့ ထွက်ကာဖြင့် ကြည့်ရှုတတ်သည်မှလွှဲလျှင် တခြားထူးထူးခြားခြား လုပ်နိုင်သည်လည်း မရှိချေ။

တချို့သော ထိပ်တန်းကျွမ်းကျင်သူများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရင်ဆိုင်ယှဉ်ပြိုင်ချင်စိတ် ရှိနေသည်ဆိုသည့် သတင်းကို ရရှိခဲ့၏။

အထက်စကြဝဠာတစ်ခုလုံးရဲ့အခြေအနေသည် အသားကျပြီးသားဖြစ်၏။ အားလုံးသော သူတို့သည် ကိုယ့်ကိစ္စကိုသာ ဂရုစိုက်တတ်ကြပြီး အခြားသောသူများ၏ ကိစ္စရပ်ကို စိတ်မဝင်စားလှချေ။ ဤအရာသည် လူသားတို့၏ သဘောသဘာဝပင် ဖြစ်ခဲ့သည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အချို့သောသူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရင်ဆိုင် တိုက်ခိုက်မည်ဟူသည့် အခြေအနေမျိုး ဖြစ်တည်လာသည်ဟု သူကသတင်းသဲ့သဲ့လည်း ကြားခဲ့၏။ သို့ပေမဲ့ စကားအပြောသာရှိသည်။ မည်သူမျှ မလှုပ်ရှားကြချေ။

တချို့သော စိတ်တိုတတ်သည့် ထိပ်တန်း ကျွမ်းကျင်သူများသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များနှင့် သွားရောက်ကာ တိုက်ခိုက်ခဲ့သေး၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံးသည် ရှုံးနိမ့်ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တွန်းလှန်ကြမည့် ဂိုဏ်းအသီးသီးနှင့် ဂြိုဟ် အသီးသီးတို့သည် ပိုမိုကာများပြားလာခဲ့၏။

လူတော်တော်များများသည် ဇဝေဇဝါ ဖြစ်မိနေကြသည်။

မိုးကောင်းကင်အင်ပါယာသည် ၎င်း၏ အဖွဲ့များကို ဉီးဆောင်ကာ ဂြိုဟ်အသီးသီးတို့ကို ဖျက်ဆီးနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ ထိုစဉ်က ကျွမ်းကျင်သူများသည် မိမိကိစ္စမဟုတ်သကဲ့သို့ တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ကြချေ။ ယခု ရုတ်တရက်ကြီး မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို တိုက်ခိုက်မည့်သူများ များပြားလာခဲ့သည်။ အံ့အားသင့်စရာပင်

“နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်။ နောက်ဆုံးတော့ ငါ့တို့ကို ကူညီပေးမဲ့ တစ်စုံတစ်ယောက်ပေါ်လာပြီ”

များပြားလှသော ဂြိုဟ်အသီးသီး ရှိသတ္တဝါများအားလုံးသည် ထူးခြားသည့်အခြေအနေဖြစ်ပေါ်နေသည်ကို သတိမပြုမိကြသော်လည်း ထိပ်တန်းကျွမ်းကျင်သူများ ပေါ်ပေါက်လာသည်ဖြစ်သောကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာအား ပုန်ကန်ကြမည့် အဖွဲ့အစည်းများအား ကျေးဇူးတင်လျက်ရှိနေ၏။ သူရဲကောင်းများဟုပင် သတ်မှတ်လျက်ရှိနေသည်။ ထိပ်တန်းကျွမ်းကျင်သူအရေအတွက်များများတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေးအင်အားစုများဆီ လာရောက်ပူးပေါင်းခဲ့ကြ၏။

“ခေါင်းဆောင်”

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အဓိကဟောခန်းထဲမှာတော့ ဒုတိယခေါင်းဆောင်ဖန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့လုံခြုံပြီ”

သူ့အနေနှင့် များပြားလှသော ကျွမ်းကျင်သူများ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့ကြောင်းကို သတင်းရရှိခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေဖြင့် ကောင်းကင်ဖြတ်သန်းကြီးလောကကြီးကို ဝင်ရောက်ကျူးကျော်ရန်အတွက် အချိန်ရှိလိမ့်မည်ဟု မထင်တော့ချေ။

“အင်း”

ကုထျန်းရှင်းသည် သက်ပြင်းချကာဖြင့်ပြောလိုက်၏။ “ဒါ ခဏတာပဲဖြစ်လိမ့်မယ်။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို သူတို့ မယှဉ်ပြိုင်နိုင်မှာသေချာတယ်။ ဒီတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ဖျက်ဆီးခြင်း ကို ခံရမှာ အမှန်ပဲ”

“..........”

ဒုတိယခေါင်းဆောင်ဖန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ပြီးတော့”

ကုထျန်းရှင်းက ထပ်ပြောလိုက်၏။ “အခု ထွက်လာတဲ့ ကျွမ်းကျင်သူတွေအကုန်လုံးက လောကကြီးရဲ့ကောင်းကျိုးအတွက် ထွက်လာတာ မဟုတ်ဘူး”

“ဒါဆိုရင် ဘာကြောင့်လဲ” ဒုတိယခေါင်းဆောင်ဖန်းက မေးမြန်းလိုက်သည်။

“ကျုပ်လည်းမသိဘူး”

ကုထျန်းရှင်းသည် အထက်စကြဝဠာထဲတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ကျန့်ကွေ့ရှု၏ အဆင့်ဆီသို့ မရောက်ရှိသေးချေ။ ထို့ကြောင့် တချို့သောအရာများကို သူမသိနိုင်ပေ။

.......

မိုးကောင်းကင်နတ်ဆိုးအင်ပါယာအား တွန်းလှန်မည့်ဂိုဏ်းနှင့် ဂြိုဟ်အသီးသီးမှ လူများသည် ပိုမိုကာများပြားလာခဲ့၏။ ထို့ကြောင့် တိုက်ပွဲများသည်လည်း တဖြည်းဖြည်းနှင့် ပိုမိုများပြားစွာ ဖြစ်ပွားလာခဲ့၏။

လွန်ခဲ့သည့် လေးရက်တုန်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စတုတ္ထမြောက် ရေတပ်ဦးစီးသည် စွမ်းအားမြင့်ကျင့်ကြံသူတစ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့၏။ နှစ်ဖက်သားသည် စကြဝဠာထဲတွင် ရက်အနည်းငယ် ကြာမြင့်သည်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး တည်နေရာတစ်ခုလုံးသည် ပျက်ဆီးပြီး သွေးများနှင့် ပြည့်နှက်သွားခဲ့သည်။

အခြေအနေတစ်ခုလုံးသည် ပိုမိုကာလေးနက်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများမှာ ပိုမိုကာ ခုခံလေ ၊ တစ်ဖက်လူများမှာ ပိုမိုကာရက်စက်လာလေ ဖြစ်သောကြောင့်ပင်။

ဒုတိယခေါင်းဆောင်ဖန်း ရရှိခဲ့သည့်‌ နောက်ဆုံးသတင်းများအရဆိုလျှင် တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ရှိနေသော ဂြိုဟ်တစ်ခုသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်ဆိုသလိုပဲ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ အထဲ၌ ရှိနေသည့် သက်ရှိ သတ္တဝါ အားလုံးတို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။

“မဟာမိတ်ခေါင်းဆောင်”

အကြီးအကဲကြီးသည် တွေးတွေးဆဆပင်ပြောလိုက်သည်။ “ကျုပ်တို့ ကောင်းကင် ဖြတ်သန်းခြင်း လောကက သူတို့ခြေလှမ်းနောက်ကို လိုက်တော့မှာလား မသိဘူး”

“အဲလိုဆိုရင်တောင်မှ”

ကုထျန်းရှင်း၏မျက်လုံးများသည် အေးစက်သွားမိ၏။ “ကျုပ်တို့ အဆုံးသတ်ထိ ခုခံရမယ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပိုမိုကာ ကြမ်းတမ်းရက်စက်လေ ဂြိုဟ်အသီးသီးတွင် ရှိနေသောသူ များ၏ ခုခံလိုစိတ်များသည် ပိုမိုကာတိုးတက်လာလေဖြစ်သည်။

ကြီးမားလှသောတိုက်ပွဲ၊ ကြမ်းတမ်းရက်စက်လွန်းလှသောတိုက်ပွဲ၊ ကြီးကြီးသေးသေး တိုက်ပွဲအကုန်လုံး တို့သည် အထက်စကြဝဠာတစ်ခုလုံးတွင် ဖြစ်ပျက်လျက်ရှိနေပြီး အခြေအနေမှာလည်း ရုန်းရင်းဆန်ခတ် ကဲ့သို့ပင်။ သို့ပေမဲ့ အမှောင်ဆုံးတည်နေရာတစ်ခုမှာတော့ အလင်းတန်းတစ်ခုက တောက်ပလာပေလိမ့်မည်။

ဆွစ် ဆွစ်

ကျူးကျော်ခြင်းကို ခံရသည့်ဂြိုဟ်တစ်ခုအတွင်းမှာတော့ ဓားအလင်းတန်း တစ်ထောင်ကျော်တို့သည် ကောင်းကင်ယံ၌ ဖြတ်သန်းနေခဲ့၏။ ပြီးနောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များ အားလုံးကို တစ်ခါတည်းသတ်ဖြတ်သွားခဲ့၏။

ရောက်ရှိလာခဲ့သည့်လူများသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားကြပြီး ဓားပျံကို စီးနင်းလာသည့်သူများ ဖြစ်၏။ ၎င်းတို့အားလုံးသည် ဓားမဟာမိတ်အဖွဲ့ဆိုသော စာတန်းပါသောဝတ်စုံများကို ဝတ်ဆင်ထား ကြသည်။

“ဓားမဟာမိတ်ခေါင်းဆောင် ကွေ့ရှုဓားသူတော်စင်ရဲ့အမိန့်အရ ကျုပ်တို့က မိစ္ဆာတွေကို အပြစ်ပေးရမယ်”

ကျယ်လောင်သောအသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးတွင် ထွင်းဖောက်ထွက်ပေါ်လာပြီး လူသားအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်လျှက်ရှိနေ၏။

လောကကြီးတစ်ခု ဖျက်ဆီးခံရတော့မည့်အချိန်တွင် ရုတ်တရက် ကောင်းကင်ဆီမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး လာရောက်ကူညီကယ်တင်သကဲ့သို့ပင် အားလုံးသောသူတို့က ခံစားမိလိုက်ကြ၏။ အန္တရာယ် တွေ့ကြုံနေရသည့်အခြေအနေတွင် ဤကဲ့သို့သော ဓားမဟာမိတ်အဖွဲ့သည် ရောက်ရှိလာပြီး ကူညီကယ်တင်ပေးနေလေသည်။

“ဂိုဏ်းချုပ်”

ဒုတိယခေါင်းဆောင်ဖန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “စီနီယာကွေ့ရှုက ထွက်လာပြီ။ ကျုပ်တို့ ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးက လုံခြုံပြီလို့ပြောရမယ်”

“အဲလို မျှော်လင့်ရတာပဲ” ကုထျန်းရှင်းသည် အနည်းငယ်စိုးရိမ်ပူပင်လျက်တော့ ရှိနေ၏။ စီနီယာကွေ့ရှုသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်လား။

သို့ပေမဲ့ မကြာမီမှာပဲ သတင်းတစ်ခုသည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ တိမ်ပြာစကြဝဠာ ပတ်လမ်းတစ်ခုလုံးအား ကြီးမားစွာထိခိုက်စေသည့် သတင်းပင်။

ကျန့်ကွေ့ရှုသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်တွင်ရှိသော နဂါးဘုရင် ရှစ်ပါးထဲမှ တစ်ယောက်ဖြစ်သော ဘုရင်ကျားလော်အား ရှုံးနိမ့်ခဲ့သည်ဆိုသည့်သတင်းပင်။

မျှော်လင့်ချက်များနှင့် တောက်ပလျက်ရှိနေသည့် လောကအသီးသီးရှိ လူများအားလုံးသည် စိတ်ပျက်ဝမ်းနည်းမှု ကို ခံစားလိုက်ကြ၏။

သို့ပေမဲ့ ထပ်မံကာ စိတ်ပျက်စရာများဖြစ်တည်လာခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာအား ခုခံလျက်ရှိနေသည့် များပြားလွန်းလှသော ကျွမ်းကျင်သူနှင့် ဂိုဏ်းအသီးသီးတို့သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခြင်း (သို့မဟုတ်) သတ်ဖြတ်ခြင်းကို တရပ်စပ် ခံနေရခြင်းပင်။

လောကကြီးရှိ လူများအားလုံးတို့သည် ကယ်တယ်ရှင်အစစ်အမှန်တစ်ယောက် ပေါ်ပေါက်လာမည့်အချိန်ကို တိတ်တဆိတ် ကြိတ်ကာမျှော်လင့်တောင့်တနေကြ၏။

တစ်ရက်မှာတော့ ကုထျန်းရှင်းသည် တောင်ထွတ်တစ်ခုပေါ်တွင် ထိုင်လျက် ရှိ၏။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်၏။ မျက်လုံးများကို အသာဖွင့်ပြီးသည့်နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်၏။ “လောကကြီးကို ကယ်တင်မဲ့ သူရဲကောင်းတော့ ပေါ်ပေါက်လာတော့မယ်”

ကျန့်ကွေ့ရှုသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ညာလက်ရုံးကို ရှုံးနိမ့်ခဲ့ကြောင်း သိရှိပြီးသည့်နောက် သူ အလွန်စိတ်ပျက်မိခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်သွားလာသည် ဆိုပါက ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးနှင့် အတူ သေဆုံးရန်ပင် စိတ်ပိုင်းဖြတ်ထားသည်။

သို့ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူ၏ စိတ်ပျက်အားငယ်မှုများနေရာတွင် မျှော်လင့်ချက်များ ဖြစ်တည်လာခဲ့၏။

.....

ပြိုင်စံရှားဂိုဏ်း၊ အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေ

ဘုတ်

အချိန်ကြာမြင့်စွာပျောက်ကွယ်နေသည့် ပုံရိပ်တစ်ခုသည် အတွင်းဘက်ဆီမှ လျှောက်ထွက်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်သွားပြီးသည့်နောက် လက်နှစ်ဖက်ကိုနောက်ပစ်ကာ အသာ မတ်တပ်ရပ်လျက်ရှိ၏။ ကုန်းရှန့်အနေနှင့် အကျင့်မကောင်းလှသည် ဆိုလျှင်တောင်မှ အသွင်အပြင်၊ အမူအရာမှာတော့မဆိုးလှချေ။

“ဂိုဏ်းချုပ်”

ယုစီနမ်က ပြောလိုက်သည်။ “နောက်ဆုံးတော့ထွက်လာပြီပဲ”

“အင်း.. ကျုပ်မရှိတုန်း တစ်ခုခုဖြစ်သေးလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

ယုစီနမ်က ဆွံ့အသွားမိသည်။ “အဲတာတွေထက် စကြဝဠာနတ်တိုက်ပွဲကျင်းပဖို့ သုံးလပဲ ကျန်တော့တယ်။ မေ့နေပြီလား”

ဘတ်

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို အသာပိတ်ရိုက်ကာပြောလိုက်၏။ “ကျုပ် တကယ်မေ့နေတာပဲ”

ဤအတောအတွင်းသူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်မည့် အကြောင်းအရာများကိုသာ စဉ်းစားခဲ့၏။ ထို့ကြောင့် စကြဝဠာနတ်တိုက်ပွဲအကြောင်းကို မေ့လျော့လို့နေသည်။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကောင်းကင်ဖြတ်သန်းခြင်းလောကဆီကို ပြန်ကြမယ်”

ရွှီ

ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာကိုဖြတ်သန်းကာပျံသန်းနေ၏။ ပထမတုန်းက ကျွင်းချောင်ရှောင်း အနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏လူများ လာရောက်တားဆီးပြီး တိုက်ခိုက်မည်ကို စိုးရိမ်နေမိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သည် ဘာတစ်ခုကိုမှ မတွေ့ခဲ့ရချေ။

ကုန်းရှန့်သည် ဂုဏ်ယူ ဝံ့ကြွားစွာ ပြောလိုက်၏။ “မိုးကြိုးတုတ်ရဲ့စွမ်းအင်က သူတို့ကို သေးထွက်အောင် ကြောက်လန့် သွားစေတယ်နဲ့တူတယ်”

“ဂိုဏ်းချုပ် ကြည့်အုံး” ထိုအချိန်မှာပဲ ရှန့်ကွမ်းရှင်းရောင်သည် ကြယ်မြေပုံကို အသာချဲ့ကာပြလိုက်သည်။

သူတို့အရှေ့ရှိနေသော စကြဝဠာ၏တည်နေရာအသီးသီးတို့သည် ပြိုလဲလျက်ရှိနေပြီး အလောင်းများ၊ အပျက်အစီးများ၊ ခြေပြတ်လက်ပြတ်များအားလုံးသည် စကြဝဠာထဲတွင် လွင့်မျောနေခဲ့၏။ ကြမ်းတမ်း လွန်းလှသော တိုက်ပွဲကြီး မကြာသေးခင်က ဖြစ်ပွားခဲ့ပုံပင်။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ ဤအလောင်းနှင့် အပျက်အစီးများကို ကြည့်ရှုရမည် ဆိုလျှင် အချို့သောလူများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များထဲလူများ ဖြစ်ကြောင်းကို သူကောင်းကောင်းသိရှိ၏။

“ဖြစ်နိုင်တာ ကျုပ်အထဲမှာ ပြန်ပြီးအားမွေးနေတုန်း တစ်စုံတစ်ယောက်က မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို တိုက်ခိုက်ခဲ့တာပဲ”

တည်နေရာတစ်ခုလုံးပြိုလဲလျက်ရှိနေ၏။ ထို့ပြင် အလောင်းများလည်း များပြားလို့နေ၏။ ကြည့်ရှုရသည်မှာ ရန်ငြိုးရန်စရှိသော အဖွဲ့အစည်းနှစ်ခု အပြင်းအထန်တိုက်ခိုက်ခဲ့ပုံပေါက်၏။

ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ လာရောက်ရာလမ်းမှာတော့ ထာဝရရွက်သင်္ဘောကြီးသည် တိုက်ပွဲ ဖြစ်ပွားသည့် တည်နေရာတော်တော်များများကို ကျော်ဖြတ်ခဲ့ရ၏။ ဆိုလိုသည်မှာ တိုက်ပွဲသည် တစ်ခုထက် ပိုနေခြင်းပင်။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် တဖြည်းဖြည်းနှင့် လေးနက်လာခဲ့၏။ လက်ရှိ အခြေအနေမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တိမ်ပြာစကြဝဠာပတ်လမ်း တစ်ခုတည်းကို သိမ်းပိုက်ချင်သည်မှာ တကယ်ရောဟုတ်ပေရဲ့လား။ အထက်စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ချင်စိတ် ပင် ရှိနေမှာသေချာ၏။

“ရှင်းရောင်”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အရှိန်ကိုမြှင့်တော့”

ကုန်းရှန့်အနေနှင့် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကျူးကျော်မှုကို ခံလိုက်ရမှာကို စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ သူ အမြန်သွားချင်၏။

ကံကောင်းစွာဖြင့် ထာဝရရွက်သင်္ဘောကြီးရောက်ရှိလာသည့်နောက် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီး သည် စကြဝဠာထဲတွင် တည်ရှိလို့နေ၏။ တောက်ပသည့်အလင်းတန်းများကို မြင်ရသည့်မှာတော့ မည်သူမျှ မကျူးကျော်ထားကြောင်း သိသာလှသည်။

ဟူး

ကျွင်းချောင်ရှောင်း၊ ကုချောင်းရှစ်တို့သည် စိတ်သက်သာရာရသလိုသက်ပြင်းချလိုက်မိ၏။

“အမ်”

ထိုအချိန်မှာပဲ များပြားလှသော ရွက်သင်္ဘောများသည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ အပြင်ဘက် စကြဝဠာထဲတွင် လွင့်မျောလျက်ရှိနေသည်ကို သူက မြင်လိုက်ရ၏။ သွင်ပြင်အား ကြည့်ရှု ရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ရွက်သင်္ဘောများနှင့် မတူညီလှကြချေ။

“မဟာမိတ်ခေါင်းဆောင်ကု”

ကောင်းကင်ဖြတ်သန်းခြင်းလောကရဲ့အပြင်ဘက်မှာတော့ အမဲရောင်ဆံပင်နှင့် အကြီးအကဲတစ်ယောက် သည် လေးနက်တည်ကြည်စွာ မေးလိုက်၏။ “ခင်ဗျား မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ တိုက်ခိုက်မဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းမဟာမိတ်အဖွဲ့ထဲကို ဝင်ဖို့အတွက် စဉ်းစား ပြီးပြီလား”

ကုထျန်းရှင်းကို ကြည့်ရသည်မှာ ပြန်လည် ဖြေကြားရမည့် အဖြေအတွက် အနည်းငယ် ဒုက္ခရောက်နေပုံပေါ်သည်။

“အားနာပါတယ်”

ထိုအချိန်မှာပဲ အဝေးဆီမှ အသံတစ်ခုထွက်ပေါ်လာ၏။ “စီနီယာကုက ကျွင်းမဟာမိတ် အဖွဲ့ကလေ။ နတ်ဆိုးသတ်ဖြတ်ခြင်းမဟာမိတ်အဖွဲ့ကတော့ အေးအေးဆေးဆေးသွားပြီးတော့ အနားယူလို့ ရပါပြီ”

ဟူး ....။

ထာဝရရွက်သင်္ဘောကြီးသည် ပျံသန်းရောက်ရှိလာပြီး ၎င်းတို့၏အထက်တွင် လွင့်မျောနေသည်။

ကုထျန်းရှင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ အဆုံးသတ်မှာတော့ သူသည် မည်သို့မျှမနေနိုင်ဘဲ အော်ဟစ်လိုက်မိ၏။ “ခွေးကောင်လေး …. ဘာလို့ပြန်လာရတာလဲ”

All Chapters