အခန်း ၁၈၅၇
Vol. 125 Ch. 1857
အပိုင်း (၁၈၅၇)
ရေး…ရေး…
သံမဏိအရိုးမြို့၏ အပြင်ဘက် စစ်တပ်စခန်းထဲမှာတော့ များပြားလှသော စစ်သည်များသည် လေ့ကျင့်လျက်ရှိ နေကြ၏။ ၎င်းတို့၏ လှုပ်ရှားပုံများ။၊ ၎င်းတို့၏ လှုပ်ရှားပြုမူပုံများသည် စံချိန်စံနှုန်းပြည့်မီလွန်းလှပြီး ကောင်းကင်တစ်ခုလုံးကိုပင် ထိုးခွင်းသွားစေနိုင်တဲ့ထိ အော်သံမျိုးဖြင့် ကျားသွင်းလျက်ရှိနေကြ၏။
ဤစစ်သည်များသည် မတူညီသည့် မျိုးနွယ်များမှ ရောက်ရှိလာခဲ့သူများဖြစ်ပြီး လူသားများ၊ ဝိညာဉ်မျိုးနွယ် ကလန်များ၊ နတ်ဆိုးကလန်နှင့် မိုးကြိုးကြံ့မျိုးနွယ်ကလန်မှ သိုင်းကျင့်ကြံသူများလည်း ပါဝင်နေသည်။ ချွင်းချက်မရှိချေ။ ၎င်းတို့အားလုံးသည် သေသေချာချာ ရွေးချယ်ခန့်ထားသော လက်ရွေးစင် စစ်သည်များသာ ဖြစ်သည်။
…..
ကုထျန်းရှင်းသည် စင်မြင့်ပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူသည် ထိုအရာများကို ကြည့်ရှု့ရင်း ပိုပို၍ တုန်လှုပ်လာခဲ့မိ၏။ သူ့အား တုန်လှုပ်စေခဲ့သည့် အရာမှာ နှစ်ခုရှိ၏။ ပထမအနေနှင့် စစ်သည်များ၏ အော်သံကို သုံးသပ်ရမည်ဆိုလျှင် ၎င်းတို့သည် သာမန်အစစ်အမှန်ရှာဖွေခြင်းအလယ်အလတ်နှင့်အထက်အဆင့် ကျင့်ကြံ သူများ ဖြစ်နေခြင်းပင် ထို့အပြင် ၎င်းတို့၏ လက်နက်များသည် အရည်အသွေးအရာ၌ သာမန်ထက်ပိုလွန်းလှ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဦးလေး”
“ အင်း”
“ဒါတွေက ကျုပ်လောကထဲက လက်ရွေးစင် စစ်သည်တွေလေ။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က နည်းနည်း နိမ့်ကျတယ် ဆိုပေမဲ့ နှစ်အနည်းငယ်ကြာလို့ရှိရင် နတ်ဘုရားလျှို့ဝှက်နယ်မြေခြေလှမ်းဝက် အဆင့်ဆီ ချိုးဖျက်နိုင်လိမ့်မယ်”
ဘေးတက်ဖက်တွင် ထိုင်လျက်ရှိနေသည့် ဒု-ခေါင်းဆောင်ဖန်း သည် ရုတ်တရက် မူးနောက်နောက်ပင် ခံစားလိုက်မိ၏။ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် ပါရမီရှင်များနှင့် အားကောင်းသူများကို မြင်ခဲ့ဖူးပြီးဖြစ်၏။ အတိတ်တုန်းကဆိုလျှင် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ဆီမှသည် နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်းဝင်သည့် အဆင့်ကို အဆင့်ချိုးဖျက်နိုင်ရန်အတွက် နှစ်ပေါင်း ထောင်ချီကြာမြင့်ခဲ့၏။ နှစ်အနည်းငယ်အတွင်း အဆင့်ချိုးဖျက်နိုင်ရန် ပြောဆိုနေခြင်းသည် မယုံကြည်နိုင်ဖွယ်ရာပင်။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ဒီလက်နက်တွေက ထပ်ပြီး အဆင့်မြှင့်တင်ရအုံးမှာ။ လက်ရှိ ဝတ်ထားတဲ့ချပ်ဝတ်တွေနဲ့ လက်နက်တွေက နည်းနည်းလေး ခေတ်အောက်နေတယ်။ ပန်းပဲခန်းမဆောင် ရဲ့ဟောခန်းသခင်က ပစ္စည်းအသစ်တွေကို သုတေသနပြုနေတယ်”
“အခု မင်းလုပ်ထားတဲ့အရာတွေအရ ကြည့်မယ်ဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့်တိုက်ခိုက်ဖို့ ဟိုအရင် အချိန်ကတည်းက ကြိုပြီးပြင်ဆင်ခဲ့တာလား”
“မကြာသေးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအကြံအစည်ကိုရခဲ့တာ မကြာသေးဘူး”
ကုန်းရှန့်သည် ဟန်ဆောင်နေခြင်းမဟုတ်ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့် အကြံအစည်သည် မကြာသေးလှချေ။ ထာဝရလောကြီးထဲတွင် များပြားလွန်းလှသော လက်ရွေးစင်တပည့်များ များပြားလွန်းလှသော ပါရမီရှင် ကျင့်ကြံသူများ တည်ရှိနေသည်မှာ အစောတည်းကပင်။
ထိုသူများ အားလုံးကို ဂိုဏ်းထဲတွင် အလကားထားရန် သူက အစီအစဉ်မရှိချေ။ ထို့ကြောင့် ၎င်းတို့၏ စွမ်းရည်များကို ညှစ်ထုတ်ပြီး ထုတ်သုံးရန် စဉ်းစားခဲ့ခြင်းပင်။ ဥပမာအားဖြင့် သားရဲဆေးဟောခန်းတွင် ရှိနေသော ဟောခန်းသခင်ရွှဲ့ယွမ်ကွေ့ ပင်ဖြစ်၏။ ၎င်းသည် များပြားလွန်းလှသော မျိုးနွယ်အသီးသီးဆီမှ လက်ရွေးစင် အဖွဲ့သားများကို ခေါ်ဆောင်ကာဖြင့် စစ်တပ်ကြီး တစ်ခုကဲ့သို့ လေ့ကျင့်ပေးလျက်ရှိနေသည်။
ထို့အပြင် ဖန်ရီကျိ မှာ အနားယူရန် အသက်အရွယ်သို့ ရောက်ရှိလို့နီးပါး ဖြစ်နေသည်ဆိုသော်လည်း အသစ်အသစ်သော ချပ်ဝတ်နှင့်လက်နက်များကိုထုတ်လုပ်ရင်း ပျော်ရွှင်လျက်ရှိနေ၏။ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း သည် မှန်ကန်သည့်လမ်းစဉ်တစ်ခုကို ရောက်ရှိနေခဲ့ခြင်းဖြစ်၏။
သက်ဆိုင်ရာ ဌာနအသီးသီးတို့ကလည်း ၎င်းတို့၏ တာဝန်အတိုင်း ပြုမှုဆောင်ရွက်လျက်ရှိ၏။ ကျွင်းချောင်ရှောင်း သည် ထာဝရလောကကြီးကို ကူညီရန် စီနီယာနှင့် တပည့်များအားလုံးကို အမိန့်ပေးထားခဲ့ကြ၏။ ထို့အပြင် အားသည့်အချိန်မျိုး၌ ကလန်အသီးသီးတို့သည် ဝင်ရောက်ကာ ပူးပေါင်းကူညီမှုကို ပြုလုပ်ကြသောကြောင့် အားလုံးသော သူတို့၏အဆင့်နှင့် တည်နေရာပတ်ဝန်းကျင်၏ အားအင်အဆင့် သည် ပိုမိုကာ တိုးတက်လာခဲ့သည်။
ထာဝရလောကကြီး၏ အားအင်အဆင့်သည် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့် အဆင့်အပေါ် မှီခိုပြုလျက် ရှိနေသည် ဆိုခြင်းမှာ မငြင်းသာချေ။
ဟူး
ဟူး
ရုတ်တရက် ကောင်းကင်ယံအထက်ဆီမှ မိုးခြိမ်းသည့် အသံကြီးက ထွက်ပေါ်လာခဲ့၏။ ကုထျန်းရှင်းနှင့် တခြားသောသူများသည် ခေါင်းမော့ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ အမည်းရောင်ကျွဲရိုင်းစက်ရုပ် များသည် ဖြည်းညင်းစွာ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။ ၎င်းတိုသည် ထူးဆန်းလှသည့် ပုံပန်းသွင်ပြင် အမျိုးမျိုးနှင့် ပျံသန်းလျက်ရှိနေကြသည်။
“ဒါက”
ကုတန်းရှင်းသည် ကြောင်အသွားမိ၏။ ဒုတိယခေါင်းဆောင်ဖန်း နှင့် တခြားသောသူများ၏ အမူအရာကို ကြည့်ရှု့ရမည်ဆိုလျှင် ဤကဲ့သို့ အဆင့်မြင့်ထုတ်ကုန်မျိုးကို တစ်ခါမှ မမြင်ဖူးကြောင်း သိသာ ထင်ရှားလွန်းလှ၏။
“ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ လေးခုမြောက်မျိုးဆက် ကျွဲရိုင်းစက်ရုပ်တွေ” ကျွင်းချောင်ရှောင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ဟုတ်ပေသည်။ ဤအရာသည် ထိုက်ရွှမ် အဖိုးအို ဖန်တီးပြုလုပ်ထားသည့် လေးခုမြောက်မျိုးဆက် ကျွဲရိုင်းစက်ရုပ်များသာလျှင် ဖြစ်သည်။ သို့ပေမဲ့ရှောင်ထျန်း စက်ရုပ်ကြီးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။ အရွယ်အစား အရရော ပုံပန်းသွင်ပြင်နှင့် လုပ်ဆောင်နိုင်မှုအရရော ကွာခြားလျက်ရှိနေသေး၏။
ဆိုးဝါးသည်မှာ နည်းပညာပိုင်းအရ အကန့်အသတ် တည်ရှိနေသောကြောင့်ပင်။ မဟုတ်ပါက ရှောင်ထျန်း စက်ရုပ်ကဲ့သို့ စက်ရုပ်များကို ဖန်တီးတည်ဆောက်မိမှာ သေချာသည်။
“ဦးလေး”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “လေးခုမြောက်မျိုးဆက် ကျွဲရိုင်းစက်ရုပ်တွေရဲ့ အားအင် အဆင့်ကအစစ်အမှန်ရှာဖွေခြင်းအထက်အဆင့်နှင့် နှိုင်းယှဉ်လို့ ရနိုင်တယ်”
ကုထျန်းရှင်း ၊ ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသောသူများသည် ထပ်မံကာ တုန်လှုပ်သွားပြန်၏။ ဤစက်ရုပ်များ ပျံသန်းလာခဲ့သည့်အချိန်တွင် လေတိုးသံများကိုသာ ကြားခဲ့ရပြီး သိုင်းကျင့်ကြံခြင်းနှင့်ပတ်သက်၍ မည်သည့်အော်သံကိုမျှ ထွက်ပေါ်မနေသည်ကို သူတို့က အာရုံခံစားနိုင်၏။ သို့ပေမဲ့ အဘယ့်ကြောင့် အစစ်အမှန် ရှာဖွေခြင်းအထက်အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေသနည်း။
“ကောင်လေး”
ကုထျန်းရှင်းက ဆူငေါက်လိုက်၏။ “မင်းငါတို့ကို လာပြီးတော့ အရူးလုပ်မနေနဲ့”
“အင်း စမ်းပြီးတိုက်ခိုက်ချင်လို့လား”
“ကောင်းပြီ”
ကြယ်ပင်လယ်မဟာမိတ်အဖွဲ့သည် အစစ်အမှန်ရှာဖွေခြင်းအထက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ် လိုက်၏။ သို့ပေမဲ့ ခဏလောက်တိုက်ခိုက်ပြီးသည့်နောက် ၎င်းသည် ဒုတိယမျိုးဆက် ကျွဲရိုင်းစက်ရုပ်၏ ရိုက်နှက်မှုကြောင့် မြေပေါ်တွင် လဲကျလျက်ရှိနေ၏။ အဆုံးသတ်တွင် အလန့်တကြားဖြင့် အော်ဟစ်လျက်ရှိ နေ၏ “ကျုပ် အရှုံးပေးပါတယ် အရှုံးပေးပါတယ်”
“ဟင်း”
စခန်းထဲတွင် ရှိနေသည့် ကျင်းဟီ သည် သူမ၏ ဦးထုပ်ကိုအသာချွတ်ကာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။ “လေးခုမြောက်မျိုးဆက်စက်ရုပ်တွေက တကယ့်ကို အားကောင်းတယ်ဆိုပေမဲ့ ငါ့ရဲ့တန်ဖိုးကြီးကလေးလေး ငါ့ရဲ့ တန်ဖိုးကြီးရှောင်ထျန်းစက်ရုပ်နဲ့ နှိုင်းယှဉ်ဖို့တော့ အဝေးကြီးလိုသေးတာပဲ”
………
၎င်းတို့၏ အဖွဲ့ဝင်တစ်ယောက် ပြာနှမ်းနေအောင် ရိုက်နှက်ခံရပြီး ပြန်လည်၍ တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ သည်ကို မြင်ရသည့်အချိန်မှာတော့ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့မှ အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် ဆွံ့အသွားခဲ့ကြ၏။
တိုက်ခိုက်မှုအတောအတွင်း ဤစက်ရုပ်ကြီးသည် မည်သည့်သိုင်းသံကို အော်သံကိုမျှ မထုတ်ဖော်ခဲ့ချေ။ ဤ အမည်းရောင်အကောင်ကြီးမှာ ကျိန်းသေပေါက် မွန်းစတားကြီးသာလျှင် ဖြစ်ရမည်။
“တကယ်တော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလေးခုမြောက်မျိုးဆက် ကျွဲရိုင်းတွေက ဘာမှမဟုတ်ဘူး။ ပြိုင်စံရှားဂိုဏ်းထဲမှာ နတ်ဘုရားအဆင့်နှင့် ယှဉ်ပြိုင်ပြီးတိုက်ခိုက်လို့ရတဲ့ စက်ရုပ်ကြီး တစ်ခု ရှိသေးတယ် စမ်းပြီးတော့ တိုက်ခိုက်ချင်သေးလား”
ကုထျန်းရှင်းက ပြောလိုက်၏။ “အင်း ထားလိုက်ပါတော့ မလိုတော့ပါဘူး”
“ကောင်းပြီ”
ကျွန်းချောင်ရှောင်းသည် အားလုံးကို အချက်ပေးလိုက်သည်။ “ကျန်တာတွေ ပြလိုက်ပါအုံး”
ပြောပြီးပြီးချင်းမှာပဲ တခြားကျယ်လောင်သောအသံကြီးများ ထပ်မံထွက်ပေါ်လာခဲ့၏။ ဤတစ်ကြိမ်မှာတော့ ကုထျန်းရှင်း ၊ ဒုတိယခေါင်းဆောင်ဖန်း တို့အားလုံးသည် ထိုင်မနေနိုင်တော့ချေ။ ရုတ်တရက် မတ်တပ် ထရပ်ကာဖြင့် အဝေးဆီသို့ လှမ်းကြည့်နေမိ၏။ ၎င်းတို့၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေကြ၏။
သူတို့၏ မြင်ကွင်းရှေ့တွင်တော့ သံမဏိရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ် ရွက်သင်္ဘောနှစ်ရာနီးပါခန့်ပင်ရှိသည်။
မဟုတ်သေးပေ။ ကျွင်းချောင်ရှောင်း အနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ ရရှိလာခြင်းသည် ရွက်သင်္ဘော တစ်ရာလောက်သာရှိ၏။ နောက်ထပ် တစ်ရာသည် မည်သည့်နေရာက ရောက်ရှိလာသနည်း။ မေးမြန်းစရာမလိုအပ်ချေ။ သက်ဆိုင်ရာလူများသည် အကောင်းဆုံးကြိုးစားခဲ့ခြင်းသာပင်။
ဝှစ်
ဝှစ်
ကြီးမားလွန်းလှသော ရွက်သင်္ဘောများသည် ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့၏။ ဤမြင်ကွင်းသည် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ဆီမှ အထက်ပိုင်းအကြီးအကဲများအားလုံးကို တကယ်ပင် အံ့အားသင့် ထိပ်လန့် တုန်လှုပ်စေခဲ့၏။
စစ်ရေးပြမြင်ကွင်းသည် ခဏသာကြာမြင့်ခဲ့၏။ အားလုံးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်ကာဖြင့် ပြုံးကာ ပြောလိုက်သည် “ဦးလေး ပြိုင်စံရှားဂိုဏ်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်းရှိတယ်လို့ ထင်ရဲ့လား”
“………..”
ကုတန်းရှင်းသည် ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက်ပြောလိုက်၏ “အခုတော့ မဟုတ်သေးဘူး”
ထာဝရလောကကြီးကို မဝင်ရောက်ခင်က သူသည် ကျိန်းသေပေါက် လုံးဝယှဉ်ပြိုင်တိုက်ခိုက်၍ မရနိုင်ဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ အထဲသို့ ရောက်ရှိပြီးနောက်မှာတော့ အခုလောလောဆယ်ဟု ပြန်လည် ပြောင်းလဲပြောဆို ခဲ့လေညသည်။
“ဒီတော့”
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ကျုပ် အချိန်လိုအပ်တယ်။ ပြီးတော့ ကြယ်ပင်လယ်မဟာမိတ် အဖွဲ့က ဦးလေးတို့ရဲ့ အကူအညီကိုလဲ လိုအပ်တယ်”
“……..”
ကုထျန်းရှင်း သည် သူအား လှမ်းကြည့်ကာဖြင့် လေးလေးနက်နက်မေးမြန်းလိုက်သည်။ “မင်းတကယ်ပဲ မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့်တိုက်ခိုက်ချင်တာလား”
“အင်း” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသော သူများအားလုံးသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှု့နေ၏။ ကြည့်ရှုရသည်မှာ ၎င်း၏ အဖြေကို စောင့်မျှော်နေ ပုံပင်။ ဤလူငယ်လေးသည် သာမန်ထက် သိုသိုသိပ်သိပ် နေထိုင်ပြီး ကြိုးစားသွားမည်ဆိုလျှင် ကျိန်းသေပေါက် တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်မှာ သေချာသည်။
သို့ပေမဲ့ ယခုမိုးကောင်ကင်အင်ပါယာနှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် မဟာမိတ်အဖွဲ့ကို ထူထောင်လို့ နေခဲ့၏။ ထိုအရာမှာ အသက်ကို အလောင်းအစားပြုလုပ်ခြင်းနှင့်ပင် ဆင်တူနေလေ၏။
“သားလေး”
ကုထျန်းရှင်းသည် ရုတ်တရက်မတ်တပ်ထရပ်ကာဖြင့် ကျွင်းချောင်ရှောင်း၏ ပခုံးကို ပုတ်လိုက်၏။ “ကောင်းကင်ကြီး ပြိုလဲသွားမယ်ဆိုရင်တောင်မှ မင်းရဲ့ရှေ့မှာ မားမားမတ်မတ်နဲ့ ဆွဲမပေးမဲ့ လူတွေရှိနေသေးတယ် ။ ဘယ်လိုဖြစ်ပြီးတော့ မင်းက ပါဝင်ပတ်သက်ချင်ရတာလဲ”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် ထိုင်ခုံပေါ်ကို ခြေတစ်ဖက်ကောက်တင် ကာဖြင့် သူ၏ ဆုံးဖြတ်ချက်ကို သီချင်းသံလေးနှင့်အတူ ဖော်ညွှန်းရန် ပြင်လိုက်သည်။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ကုထျန်းရှင်းသည် ကျွင်းချောင်ရှောင်း ကို အသာဆွဲဖက်လိုက်၏။ ဒုတိယခေါင်းဆောင်ဖန် သည် အလျင်အမြန်နှင့် ပြေးလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ပါးစပ်ကို ပိတ်လိုက်၏။
“ရပြီ ရပြီ”
“နားလည်ပါပြီ နားလည်ပါပြီ”
“ထပ်ပြီးတော့ ပြောနေစရာမလိုတော့ပါဘူး”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းကို စိတ်တည်ငြိမ်အောင် ဖြောင်းဖြပြီးသည့်နောက် ကုထျန်းရှင်းက ပြောလိုက်၏။ “ကြယ်ပင်လယ်မဟာမိတ်အဖွဲ့က မဟာမိတ်ခေါင်းဆောင်ကျွင်း ကို ကူညီပါ့မယ်။”
သူသည်အရင်တုန်းက ကောင်လေး၊ ကလေး၊ သားလေး ဟူ၍ ခေါ်ဆိုခဲ့သည် ဆိုသော်လည်း လက်ရှိအချိန်တွင် မဟာမိတ်ခေါင်းဆောင်ဟု ခေါ်ဆိုလျက်ရှိ၏။ ဆိုလိုသည်မှာ ၎င်းသည် ကျွန်းမဟာမိတ်အဖွဲကို ဝင်ရောက်ချင်စိတ်ရှိကြောင်း ဖော်ပြခဲ့ခြင်းပင်။