အခန်း ၁၈၅၈
Vol. 125 Ch. 1858
အပိုင်း (၁၈၅၈)
ကျွင်းချောင်ရှောင်းသည် တောက်ပစွာ ပြုံးလိုက်မိ၏။ ကျွန်းမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့စဉ်ကတည်းက ဤလူများမှာ ပထမဆုံး မဟာမိတ်အဖွဲ့ထဲဆီသို့ ဝင်ရောက်လာသည့် သူများပင်ဖြစ်၏။
“ဒါပေမဲ့”
ကုထျန်းရှင်းက ဇဝေဇဝါ ဖြင့် မေးလိုက်သည်။ “ဒီလောကကြီးက ဘယ်ကနေရတာလဲ”
သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားခဲ့သည့် စစ်သည်ပေါင်းသန်းချီနှင့် စက်ရုပ်များ၊ သင်္ဘောများကို ထာဝရ လောကကြီးထဲတွင် တွေ့ခဲ့ရ၏။ သူ့အနေနှင့် ဇဝေဇဝါဖြစ်ရသည်မှာ ဤလောကကြီးကို မည်သည့်အချိန်က ကျွင်းချောင်ရှောင်း က ပိုင်ဆိုင်ခဲ့ရသနည်း။
ကျွန်းမဟာမိတ်အဖွဲ့ဆီကို တစ်ဖက်လူများ ဝင်ရောက်ရန်သဘောတူညီ ပြီးပြီဖြစ်သောကြောင့် သူ့အနေနှင့် အမှန် တရားကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း က ပြောပြလိုက်သည်။
“ဘာ”
နားထောင်ပြီးသည့်နောက် ကုတန်းရှင်း သည် ရုတ်တရက်မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။ “ဒါကရွှမ်ယွမနယ်မြေပေါ့”
“ဟုတ်တယ်”
“မယုံကြည်နိုင်စရာပါလား”
ကုထျန်းရှင်း သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “တကယ့်ကို မယုံကြည်နိုင်စရာပဲ”
“ဒါနဲ့မင်း ကုရွှမ်ယွမ်ဆီကနေပြီး ရွှမ်ယွမ်နယ်မြေကြီးကို အမွေဆက်ခံရရှိခဲ့တယ်ဆိုတော့ သူ့ရဲ့ရွှမ်ယွမ် ဓားကိုရော ရခဲ့သေးလား” ကုထျန်းရှင်းက ထပ်မေးလိုက်၏။
“ရွှမ်ယွမ်နတ်ဘုရားဓားလား”
ကုရွှမ်ယွမ်သည် မသေဆုံးခင်က ကလေးငယ်တစ်ယောက်အား သူ့၏ ဓားကို ပေးကာ အပြင်ဘက်သို့ စေလွှတ်ခဲ့ကြောင်း ပြန်လည်သတိရလိုက်သည် ဆိုသော်လည်း သူသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်မိသည်။ “အင်း …. မရခဲ့ဘူး”
“ဆိုးတာပဲ”
ကုထျန်းရှင်းက ပြောလိုက်သည်။ “ရွှမ်ယွမ်နတ်ဘုရားဓားက တကယ့်ကို အထက်စကြဝဠာထဲမှာ အားကောင်းလွန်းတဲ့ဓားပဲ။ ဒါကိုသာ ရမည်ဆိုရင် ကျားကိုတောင်ပံတပ် သလိုဖြစ်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် သဘောတူညီမိ၏။ အနည်းဆုံးအနေနှင့် သူသည် ဤလက်နက်ကို ကိုင်ဆောင်ရသည် ဆိုပါက ကျိန်းသေပေါက်ပိုမိုအားကောင်းလှသည့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြောက်ရွံ့တော့မည် မဟုတ်ချေ။ သို့ပေမဲ့ ဓားသည် မည်သည့်နေရာကို ရောက်ရှိနေရသနည်း။
“တူလေး”
ကုထျန်းရှင်းက ပြောလိုက်သည်။ “ရွှမ်ယွမ် နယ်မြေကြီးကို အမွေဆက်ခံပြီးပြီ ဆိုမှတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အလျင်ဆိုတိုက်ခိုက်မဲ့အစား ကိုယ့်ရဲ့ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ထား သင့်တယ်”
“အင်း ကျုပ်လဲလုပ်ချင်ပါတယ်”
ကျွင်းချောင်ရှောင်း သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ဒါပေမဲ့ တစ်ဖက်လူက ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်နေတာဆိုတော့ ကျင့်ကြံဖို့ အချိန် မရဘူးဖြစ်နေတယ်”
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့်တိုက်ခိုက်တဲ့အချိန်မှာ ဒီရွှမ်ယွမ်နယ်မြေကြီးကို မင်းရဲ့ဌာနချုပ်အဖြစ် အသုံးပြုဖို့ စီစဉ်ထားတာလား”
“အင်း ဟုတ်တယ်။ ကျုပ်တို့က အားကောင်းပြီဆိုပေမဲ့ တကယ့်ထိပ်တန်းကျွမ်းကျင်သူတွေကိုတော့ မလုံလောက်သေးဘူး။ ရနိုင်မယ်ဆိုရင် ပိုပြီးတော့ လူတွေခေါ်ဖို့ လိုအပ်သေးတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဦးလေး ဦးလေးက တိမ်ပြာစကြဝဠာ ပတ်လမ်းထဲမှာ တကယ့်ကို ဂုဏ်သိက္ခာနဲ့ပြည့်ဝတဲ့ လူတစ်ယောက်ပဲ ။ တခြားသူတွေကို ကျွန်းမဟာမိတ်အဖွဲ့ထဲသို့ ခေါ်ယူပေးနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
“………..”
ကုထျန်းရှင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူ့အား ကျွင်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ခေါ်ဆောင်ခဲ့ သည့်အပြင် တခြားသူများကို ထပ်မံခေါ်ဆောင်ရန်ပါ သူ့အား အကူအညီတောင်းနေပြန်၏။
“ကောင်းပြီ” ကုထျန်းရှင်း က သဘောတူညီလိုက်၏။ ဤနေရာသို့ ရောက်ရှိပြီဆိုမှတော့ ကျွန်းမဟာမိတ် အဖွဲ့အား ပိုမိုအားကောင်းစေရန် အကောင်းဆုံးကြိုးစားရုံသာ ရှိတော့သည်။
“ကျေးဇူးပါပဲ ဦးလေး”
ကုထျန်းရှင်းသည် ချက်ချင်းဆိုသလိုပဲ တခြားသောဂြိုဟ်များဆီသို့ သွားရောက်ကာ စွမ်းအားမြင့် ကျင့်ကြံသူ များကို သွေးဆောင်လျက်ရှိနေ၏။ တိမ်ပြာစကြဝဠာပတ်လမ်း၏ ကျော်ကြားလှသော အမှန်တရား ဘက်တော်သား တစ်ယောက်ဖြစ်သည်နှင့်အညီ သူ၏ စကားကိုတော်တော်များများက နားထောင်ကြ၏။
ထို့ကြောင့်ပင်လျှင် ကျွင်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်သည့်လူများသည် တဖြည်းဖြည်းနှင့် များပြားလာခဲ့၏။ သို့ပေမဲ့ တိမ်ပြာစကြဝဠာပတ်လမ်းဆိုသည်မှာ တကယ့်ကိုထူးချွန်းလှသည့်သူများ မွေးဖွားနေထိုင်ရာ ပတ်လမ်းကြီးတစ်ခုမဟုတ်ချေ။
ကျမ်းကျင်သူ တော်တော်များများကို ခေါ်ဆောင်ခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်နှင့် နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်းအဆင့်တို့သာ တည်ရှိကြ၏။ နတ်ဘုရားလျှို့ဝှက်အဆင့်ဆိုလျှင် လူနှစ်ယောက်ထဲသာလျှင် ရှိသည်။
“ဦးလေး”
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ကျုပ်တို့ ထိပ်တန်းကျွမ်းကျင်သူတွေ လိုအပ်နေသေးတယ်”
“အင်း.. ငါလဲ ရှာလို့မတွေ့တော့ဘူး” ကုတန်းရှင်းသည် အကူအညီကင်းမဲ့သလို ခံစားနေမိသည်။
“ဒီလို လုပ်ရအောင် “
ခဏလောက်ကြာပြီးနောက် သူက ပြောလိုက်၏။ “ကျုပ်တို့ ကွေ့ရှု ဓားသူတော်စင်ကို သွားတွေ့ကြရအောင်”
“ကောင်းပြီ ဒီနည်းလမ်းပဲ ရှိတော့တယ်”
ထာဝရလောကကြီးသည် ကွေ့ရှု လောကဆီသို့ ဦးတည်ကာ ပျံသန်းလျက်ရှိသည်။ ကျွင်းချောင်ရှောင်း တို့ ထွက်ခွာ သွားသွားချင်းမှာပဲ ညဘုရင်ဟူသည့်စာတမ်းကို ရင်ဘတ်၌ရေးထိုးထားခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ဖွဲ့က ပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ နည်းလမ်းများကို အသုံးပြုပြီးသည့်နောက့် ကျွင်းချောင်ရှောင်းတို့ အနောက်ဆီသို့ အသာလိုက်ပါသွားခဲ့ကြသည်။
“ကောင်လေး”
………
ထျန်းယွမ် အကျဉ်းထောင်စေတီကြီးထဲမှာတော့ ဖန်းဝမ်လီ သည် အမှတ်တမဲ့ လှမ်းကာပြောလိုက်၏။ မင်းတို့ ဘယ်သူတွေလဲဆိုတာကို ငါတို့ အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ။ တကယ်လို့ ကိစ္စရပ်တွေ ပိုပြီးတော့ မဆိုးဝါးချင်ရင် ငါတို့ကို လွှတ်ပေးလိုက်ရင် ပိုကောင်းမယ်”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ကျုပ်က ဘယ်သူလဲ”
“အင်း … ထူးခြားတဲ့ဓားနဲ့ဓားအော်ရာတွေရှိတာ တိပ်ပြာစကြစဠာပတ်လမ်းကြောင်းထဲမှာ ကွေ့ရှု ဓားသူတော်စင်ပဲ ရှိတာမို့လား။ မင်းက သူနဲ့ပတ်သက် ဆက်နွယ်နေတာပဲ” ဖန်းဝမ်လီ က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “အမှန်ပါပဲ ကျုပ်က ကွေ့ရှုဓားသူတော်စင်နှင့် နီးစပ်ပါတယ်”
သူ့အနေနှင့် ထိုကဲ့သို့ ပြောပြီးသည့်နောက် စိတ်ထဲမှာ တခိခိနှင့်ကြိတ်ကာရယ်မောနေမိသည်။
………
ဝှစ်
ဝှစ်
ဒါဇင်နှင့်ချီသော အမဲရောင်အရိပ်များသည် အမြန်ဆုံးနှုန်းနှင့် ပျံသန်းသွားခဲ့ကြ၏။ ဦးဆောင်လာသည့်သူသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ “ကွေ့ရှုလောကဆီကို သွားဖို့ ပြင်နေကြတာနဲ့တူတယ်”
“ကာကွယ်စောင့်ရှောက်သူဖန်း နှင့် တခြားသူတွေအားလုံးက ကွေ့ရှု ဓားသူတော်စင်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတာလဲဖြစ်နိုင်တယ်”
“ကာကွယ်စောင့်ရှောက်သူ ဖန်းကို ကျန့်ကွေ့ရှုဆီ ဝင်လည်ဖို့ ညဘုရင် အမိန့်ပေးလိုက်တာ မဟုတ်ဘူးလား”
“ဒါပေမဲ့ ဘာသတင်းမှ မကြားရတော့ဘူးဆိုတော့ သူတို့ ပဋိပက္ခဖြစ်သွားတာ နေလိမ့်မယ် တစ်စုံတစ်ယောက်က သုံးသပ်လိုက်သည်။
“သွားကြရအောင်”
“ကွေ့ရှု ဓားသူတော်စင်ကို သွားရှာကြမယ်”
ဝှစ်..
ဝှစ်….
အားလုံးတို့သည် အရှိန်မြှင့်ကာဖြင့် လိုက်ပါသွားခဲ့ကြ၏။ သူတို့ထွက်ခွာသွားပြီး မကြာခင်မှာပဲ မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများသည်ပေါ်ပေါက်လာခဲ့ကြ၏။ အဓိက ရွက်သင်္ဘောထဲတွင် ထိုင်လျက်ရှိနေသည့် ခေါင်းဆောင်က အေးစက်စက်ဖြင့် ပြောလိုက်၏ “အင်း… ပြိုင်စံရှားဂိုဏ်းက ကွေ့ရှု ဓားသူတော်စင်နောက်ခံ ရှိထားတာပဲ ဖြစ်ရမယ်”
“ဌာနချုပ်ဆီက သတင်းရထားတယ်။ ကွေ့ရှု ဓားသူတော်စင်က ဓားမဟာမိတ်အဖွဲ့ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားတယ်တဲ့။ ပြိုင်စံရှားဂိုဏ်းက အဲအဖွဲ့ထဲက တစ်ခုဖြစ်လိမ့်မယ်”
“ဟမ့်”
ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်၏။ “ကျုပ်တို့ သခင်ကြီးက ဒီအဘိုးကြီးကို တိမ်ပြာစကြဝဠာပတ်လမ်းရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်သဘောဖြစ်တာကြောင့် အသာလေးလွှတ်ပေးထားတာ။ ဒါပေမဲ့ ဘာကကောင်းတယ်ဆိုတာကို နားမလည်ဘဲ ရှုပ်ချင်နေတာပဲ”
“ဒီတော့ ကွေ့ရှု လောကကြီးတစ်ခုလုံး ပြာကျ သွားအောင်လုပ်ရမယ်”
အတိတ်တုန်းကဆိုလျှင် သူသည်ထိုစကားကို ပြောဆိုရဲလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ မိုးကောင်ကင်နတ်ဆိုး အင်ပါယာ၏ စစ်သူကြီးများထဲမှ တစ်ယောက်သည် ကျန့်ကွေ့ရှုအား အနိုင်ယူခဲ့၏။ ထို့ကြောင့် ကျန့်ကွေ့ရှုသည် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရနေနိုင်၏။ ထိုသူ့ကို တစ်ခါတည်း သုတ်သင်ရှင်လင်းပစ်ရန် အကောင်းဆုံးသော အခွင့်အရေးသာလျှင်ဖြစ်ပေလိမ့်မည်။
ကွေ့ရှု လောကကြီးသည် မည်သည့်နေရာတွင်ရှိသည်ဖြစ်ကြောင်းကို ကုထျန်းရှင်းက ကောင်းကောင်းသိ၏။ ထိုကြောင့် သူ၏ဦးဆောင်လမ်းပြမှုနှင့်အတူ ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာဆီသို့ ရောက်ရှိလာခဲ့၏။
“ဘယ်လောက်အားကောင်းလှတဲ့ ဓားအော်ရာတွေလဲ”
ဂြိုဟ်ထဲသို့ ဝင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်သည် ပေါကြယ်လွန်းလှသော ဓားအော်ရာများကို ခံစားမိ၏။
ကွေ့ရှု ဓားသူတော်စင်အပေါ် သူ၏ အထင်ကြီးစိတ်များသည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။ အထူးအဖြင့် သူ့တပည့် ကျိုးဟုန် သည် (၂)နှစ်တိတိ ဤနေရာ၌ ကျင့်ကြံနေသည်ကို တွေးကြည့်လိုက်သည့်အချိန်မှာတော့ လက်ရှိအခြေအနေ၌ မည်သို့သော အောင်မြင်မှုမျိုးကို ရရှိနေသနည်းဆိုသည်ကို သိချင်လာမိသည်။
ဆွစ်..
ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာအတားအဆီးကို ဖြတ်သန်းပြီးသည့်နောက် ကွေ့ရှု ောကဆီသို့ ဝင်ရောက်ခဲ့၏။ ဓားသူတော်စင်တစ်ယောက် သီးသန့်နေထိုင်ခဲ့သည်ဖြစ်သောကြောင့် ဤဂြိဟ်ကြီးတွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် အလွန်ပင်အားနည်းနေ၏။
သို့ပေမယ့် ဓားအော်ရာနှင့် ဓားဆန္ဒများမှာတော့ အလွန်အားကောင်းချေ၏။ ဓားကျင့်ကြံသူများအတွက်တော့ နတ်ဘုံ နတ်နန်းတစ်ခုကဲ့သို့ပင်။
ဆွတ်..
ဆွတ်..
ထာဝရ ရွက်သင်္ဘောကြီးသည် အဆင်ပြေချောချောမွေ့မွေ့ဖြင့် အထဲသို့ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းတို့ ရွက်သင်္ဘော၏ တံခါးဆီမှ ထွက်ကာ အပြင်ဘက်သို့ လျှောက်လိုက်သည့်အချိန်မှာပဲ ဓားကိုင်ထားသော ကျင့်ကြံသူများ တစ်ထောင်ကျော်တို့သည် သူတို့နားသို့ စုဝေးလာခဲ့ကြ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် ဓားအော်ရာများကို အာရုံခံကြည့်ရမည်ဆိုလျှင် သူတို့အား မကြိုဆိုသည့် ဟန်ပန် အမူအရာမျိုးပင်။
“အားလုံးပဲ”
ကုထျန်းရှင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က ကုထျန်းရှင်းပါ။ ကြယ်ပင်လယ်မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်”
“စီနီယာ ဓားသူတော်စင်ဆီကို ဒီနေ့ လာလည်ကြတာပါ”
ဟား ဟား ဟား …..။
ထိုအချိန်မှာတော့ အားရပါးရ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ ကျောင်းတော်ဆောင်ကဲ့သို့ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်သည် ၎င်း၏ မုတ်ဆိတ်ကြီးကို အသာပွတ်သပ်ကာဖြင့် လှမ်းလျှောက်လာသည် “ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ခေါင်းဆောင်ကု”
ဤလူ၏ အော်ရာများသည် အားကောင်းလွန်းလှချေ၏။ သာမန်ရိုးရှင်းလှသည့် လူတစ်ယောက်ဟုတ်ပုံ မပေါ်ချေ။
“ဟမ် … ပေးစုန့်”
ကုထျန်းရှင်းသည် အနည်းငယ် အံ့အားသင့်သွား၏ “ခင်ဗျား ဘယ်လိုလုပ် ကွေ့ရှုလောကထဲ ရောက်နေရတာလဲ”
“ကျုပ်က စီနီယာဓားသူတော်စင်ဆီမှာ ကျေးဇူးကျွေးရှိနေတယ်လေ”
ပေးစုန့် ဟု ခေါ်သော သက်လတ်ပိုင်းလူသည် ပြုံးကာပြောလိုက်သည်။ “ဒါကြောင့် ဓားအဟာမိတ်အဖွဲ့နဲ့ အကြီးအကဲအဖြစ် လာပြီးတော့ ပူးပေါင်းနေရတာပေါ့”
……….