← Chapters

အခန်း ၁၈၅၉

Vol. 125 Ch. 1859

အခန်း ၁၈၅၉

Vol. 125 Ch. 1859

အပိုင်း (၁၈၅၉)

ဓားမဟာမိတ်အဖွဲ့ဆိုသည်မှာ ကွေ့ရှုဓားသူတော်စင် ဖန်တီးထားခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ကုထျန်းရှင်းက နားလည်လိုက်မိ၏။ သို့ပေမဲ့ စီနီယာကွေ့ရှုသည် မိုးကောင်ကင် နတ်ဆိုးအင်ပါယာ၏ တပည့်အား ရှုံးနိမ့်ခဲ့၏။

သွားပြီ။ ခေါ်ယူနိုင်ရန် အခွင့်အရေးမရှိတော့ပေ။ ကွေ့ရှု ဓားသူတော်စင်သည်သာ ဓားမဟာမိတ်အဖွဲ့အစည်းထဲသို့ မဝင်ရောက်ရသေးသည်ဆိုပါက မျှော်လင့်ချက်ရှိနိုင်၏။ သို့ပေမယ့် လက်ရှိအခြေအနေမှာတော့ မျှော်လင့်ချက် မရှိတော့ချေ။

“ဒါက…..”

ပေးစုန့်သည် ကျွင်းချောင်ရှောင်းကို လှမ်းကာကြည့်ရှု့လိုက်သည်။ တစ်ယောက်ကို တစ်ယောက် သိရှိနေကြသည် ဖြစ်သောကြောင့် လေသံမှာ နူးညံ့လို့နေသည်။

ဓားမဟာမိတ်အဖွဲ့မှ တပည့်များသည်၎င်းတို့၏ ဓားအော်ရာများကို ပြန်လည်သိမ်းဆည်းလိုက်၏။ အခြေအနေသည် သက်သောင့်သက်သာနှင့်ဖြစ်သွား၏။

“ပြိုင်စံ …”

ထိုအချိန်မှာပဲ ကုထျန်းရှင်း သူ့အား မိတ်ဆက်ပေးရန် ပြင်လျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း က ဖြတ်ပြောလိုက်သည်။ “ကျွင်းမဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင် ကျွင်းချောင်ရှောင်းပါ”

ဤတစ်ကြိမ်မှာတော့ သူသည် ကွေ့ရှု ဓားသူတော်စင်ဆီသို့ လာရောက် လည်ပတ်ခြင်းဖြစ်၏။ သူသည် ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် လာရောက်လည်ပတ်ခဲ့ခြင်း မဟုတ်ပေ။ မဟာမိတ်ခေါင်းဆောင် တစ်ယောက်အနေနှင့် လာရောက်လည်ပတ်ခြင်းဖြစ်၏။ တူညီသည် ဆိုသော်လည်း အနည်းငယ် ကွာခြားချက်တော့ ရှိနေသေး၏။

“ကျွင်းမဟာမိတ်အဖွဲ့ ဟုတ်လား”

ပေးစုန့် သည့် ကုထျန်းရှင်းကို ကြောင်တောင်တောင်နှင့် လှမ်းကြည့်လိုက်၏။ ပြီးနောက် တစ်စုံတစ်ခုကို နားလည် သွားပုံပေါ်သည်။ “ခင်ဗျားက ကွေ့ရှု ဓားသူတော်စင်ကို ပူးပေါင်းစေချင်တာလား”

“မဟုတ်ဘူး”

ကျွန်းချောင်ရှောင်း က ပြောလိုက်သည်။ “ကျုပ်တပည့်က စီနီယာ ကွေ့ရှု ဓားသူတော်စင်ရဲ့ တပည့်တစ်ယောက်လေ။ ဒီတော့ သူ့ဆီကို အဓိကထားပြီး လာလည်တာပါပဲ”

“ဪ”

ပေးစုန့် သည် အံ့အားသင့် သွားမိ၏။ “ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်လား”

စီနီယာကွေ့ရှု ၏ တပည့်သစ် ကျိုးဟုန် သည် ပြိုင်စံရှားဂိုဏ်းဆီမှ ဖြစ်ကြောင်းကို သူတို့က သိရှိထားသည်။

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်း ၏ စကားနှင့် အမူအရာများသည် ထပ်ကာ ရိုက်နှက်ချင်စရာပင် ပေါက်နေ၏။

“တောင်းပန်ပါတယ်

ပေးစုန့် က ပြောလိုက်သည်။ “စီနီယာ ကွေ့ရှုက လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်လေ။ နောက်ရက်မှ လာလည်ကြပါ”

ကုထျန်းရှင်း သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ စိတ်ထဲမှ ကြိတ်ကာရေရွက်လိုက်၏။ ကွေ့ရှု ဓားသူတော်စင် က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ နောက်လိုက်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ဒဏ်ရာ ရသွားတာပဲဖြစ်ရမယ်။

ဝှစ်

ဝှစ်

ထိုအချိန်မှာ ပဲ ကောင်းကင်တစ်ခုလုံး တွန့်လိမ်သွားပြီး သိုင်းကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ပျံသန်းဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့၏ ဝတ်စုံကို ကြည့်ရမည်ဆိုလျှင် ညဘုရင်မဟာမိတ်အဖွဲ့သား များ ဖြစ်ကြောင်း သိသာသည်။

“………..”

ပေးစုန့်၏အမူအရာသည် ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့တော့၏။ ဤနယ်မြေကြီးသည် အဓိက နယ်မြေကြီး တစ်ခုမဟုတ်ဘူးဆိုလျှင်တောင်မှ စီနီယာ ကွန်းရှု့ သူတော်စင်၏ စောင့်ကြပ်မှုကို ခံထားရသည့် နယ်မြေတစ်ခုဖြစ်၏။ လာချင်သလိုလာ သွားချင်သလိုသွား လုပ်လို့ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“မဟာမိတ်ခေါင်းဆောင်ကု”

ပေးစုန့် သည် တည်တံ့တင်းမာသော မျက်နှာဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ လူတွေလား”

“ကျုပ်သူတို့ကို မသိဘူး” ကုတန်းရှင်းက ပြောလိုက်သည်။

သူသည် တစ်ဖက်လူများကို မသိချေ။ သို့ပေမယ့် ကျွင်းချောင်ရှောင်း မှာတော့ သိရှိ၏။ ထို့ကြောင့် တွေးလိုက်မိ၏။ ညဘုရင်မဟာမိတ်အဖွဲ့ထဲက သူတွေ ဘာလို့ ရောက်လာရတာလဲ။

“ထင်ထားတဲ့အတိုင်းပဲကိုး”

ဆံပင်ဖြူနှင့်အဘိုးအိုသည် ထာဝရရွက်သင်္ဘောကြီးဆီသို့ လှမ်းကြည့်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “ဒီကောင်လေးက ကွေ့ရှု ဓားသူတော်စင်နှင့် ပတ်သက်နေတာကိုး”

“ကွေ့ရှု ဓားသူတော်စင် ခင်ဗျားက တကယ့်ကို ကျိုးကြောင်း မဆီလျော်ဘူးပဲ”

……..

ညဘုရင် မဟာမိတ်အဖွဲ့မှ သူများသည် သူ့ကြောင့် ကွေ့ရှုဓားသူတော်စင်အား အထင်အမြင်လွဲမှားသွားခဲ့ပြီ ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက သိရှိလိုက်၏။ သူသည် ရုတ်တရက် ဒေါသတကြီးဖြင့် ထအော်လိုက်သည်။ “ဒါ စီနီယာကွေ့ရှု ကျင့်ကြံတဲ့နေရာပဲ ဒီမှာ လာဟောင်မနေနဲ့”

“ဟောင်တယ်”

ဤအရာသည် ဘာကိုဆိုလိုသနည်း။ ခွေးကို ပြောဆိုခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ အရှေ့တွင် ရှိနေသော အဘိုးအိုသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ဒေါသတရားများကို မထိန်းချုပ်နိုင်တော့ပေ။ “ကျုပ်တို့ ညဘုရင်မဟာမိတ်အဖွဲ့က ကွေ့ရှုဓားသူတော်စင်ကို စီနီယာတစ်ယောက်အဖြစ် လေးစားသမှု ထားရှိတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့လူတွေက ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့သားတွေကို ဖမ်းဆီးခေါ်ဆောင် သွားတယ်။ ဒါယောကျ်ားတစ်ယောက်လုပ်သင့်တဲ့ အလုပ်ရောဟုတ်ရဲ့လား”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ထအော်လိုက်မိ၏။ “ကျုပ်ကို အရင်ဆုံးတိုက်ခိုက်တာ ခင်ဗျားတို့ လူတွေလေ။ အခုမှ အပြစ်လာရှာမနေနဲ့”

“………..”

ကုတန်းရှင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “သောက်တလွဲကျွင်းကတော့ သောက်ပြဿနာရှာထားပြန်ပြီ”

“ကောင်လေး”

ညဘုရင် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူသည် အေးစက်စက် ပြောလိုက်သည်။ “ဒီမှာ မင်းက စကားပြောရေးဆိုခွင့်ရှိတဲ့သူ တစ်ယောက်မဟုတ်ဘူး ….. မြန်မြန် ကွေ့ရှုဓားသူတော်စင်ကို ထွက်လာခိုင်းလိုက် ။ ဒီအဘိုးကြီးက အကြောင်းအရင်းကို ရှင်းပြခိုင်းရလိမ့်မယ်”

“အားနာပါတယ်”

ပေးစုန့် က ပြောလိုက်၏။ “စီနီယာ ဓားသူတော်စင်က တံခါးပိတ်ကျင့်ကြံနေတယ်။ ဧည့်သည်ကို လက်ခံတွေ့ဖို့ အဆင်ပြေမှာ မဟုတ်ဘူ။ ကျေးဇူးပြုပြီး ကွေ့ရှု လောကကြီးကနေ မြန်မြန်ထွက်ခွာ သွားတော့”

သူသည် အမှန်ပင် သည်းခံစိတ်ရှိသူဟု ပြောဆိုရမည်။ အကယ်၍ စိတ်တိုတတ်သည့်လူ တစ်စုံတစ်ယောက်သာ ဖြစ်ပါက ဤကဲ့သို့ အော်ဟစ်ပြောဆိုနေသည်ကို ကြားသည့်နှင့် တပြိုင်နက် ထကာရိုက်နှက်မိမှာ သေချာသည်။

အထူးသဖြင့် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် ….. ၎င်း၏ အသံသည် ကျယ်လောင်လွန်းလှ၏။

“ဒီတော့”

ညဘုရင် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူက အေးစက်စက်ပြောလိုက်သည်။ ကွေ့ရှုဓားသူတော်စင်က အကျိုးအကြောင်းမဆီလျော်ဘဲ သူ့ရဲ့နောက်လိုက်တွေကို ကာကွယ်ပေးချင်တာလား”

“ချီးတဲ့မှ”

“ဘယ်သူက အကျိုးအကြောင်းမဆီလျော်တာလဲ”

ပေးစုန့်သည် နူးညံ့ကြင်နာလှသည့် ပုံပေါ်သည်ဆိုသော်လည်း ကြီးမားသော သည်းခံစိတ်ကို ပိုင်ဆိုင်သူတစ်ယောက်ဟု သတ်မှတ်ထား၍မရချေ။ ထို့ကြောင့် ညဘုရင် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ စကားကို ကြည့်ပြောပါ”

“ဒီအဘိုးကြီးကလည်း အဲလို လက်လွတ်စံပယ်ပြောဆိုတာမျိုးကို အရမ်းမုန်းတယ်။”

“ဒီတော့ ဘာဖြစ်ချင်လို့လဲ …. လာခဲ့စမ်း”

နှစ်ဖက်လုံးသည် ဒေါသထွက်လျက်ရှိ၏။ ၎င်းတို့၏ မျက်နှာနှင့် နှာခေါင်းများပင်လျှင် နီရဲလာခဲ့ကြ၏။

“စိတ်ကို အေးအေးထားကြပါ ကျုပ်တို့က သိုင်းကျင့်ကြံသူတွေပဲလေ။ အချိန်တိုင်း တစ်ယောက် နဲ့ တစ်ယောက် တွေ့နေရမှာပဲဆိုတော့ အရှည့် အရှည်ပြဿနာဖြစ်မယ့်ကိစ္စမျိုးကို ရှောင်ကြရအောင်”

“အင်း ခနလောက် စိတ်ကို တည်တည်ငြမ်ငြိမ်နဲ့ ထိန်းပြီးတော့ ပြန်စဉ်းစားကြည့်ကြပါအုံး”

ကျွင်းချောင်ရှောင်း သည် ညဘုရင် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများကို တစ်မျိုး၊ ဓားမဟာမိတ်အဖွဲ့မှ အကြီးအကဲကို တစ်ဖုံ ပြောဆိုနှစ်သိမ့်လျက်ရှိနေသည်။

“မဟုတ်သေးပါဘူး”

စနစ်သည် အံ့အားသင့်လျက်ရှိ၏။ “ဒီကိစ္စကိုစတာ သူမဟုတ်လား။ အခုဘယ်လိုဖြစ်ပြီး သူကတခြားသူတွေ ရန်ဖြစ်မှာကို ဖြန့်ဖြေနေရတာလဲ”

“ဟမ့်”

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူသည် ဒေါသတရားများကို ဖိနိမ့်ကာဖြင့် အင်္ကျီလက်ကို ယမ်းခါလိုက်၏။ “ဒီအဘိုးကြီးက တိုက်ခိုက်ဖို့အတွက် လာတာမဟုတ်ဘူး ။ ကွေ့ရှု ဓားသူတော်စင်ကို ထွက်ခဲ့ဖို့ပြောလိုက်”

“စီနီယာ ကွေ့ရှုက တံခါးပိတ်ကျင့်ကြံနေတယ်လို့ အစောကြီးထဲက ပြောပြီးသားလေ”

ပေးစုန့် သည် ခံစားချက် ကင်းမဲ့စွာပြောလိုက်သည်။ “နောက်ရက်မှ လာခဲ့တော့”

“ကျုပ်သိပြ။ သူကမှားနေလို့ အပြစ်ကို ဝန်ခံဖို့ ရှက်ရွံ့ပြီးထွက်မလာတာနေမှာပေါ့” ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူက ပြောလိုက်၏။

“အဘိုးကြီး”

ပေးစုန့်သည် သူ၏လက်ကို ထပ်မံကာ မြှောက်လိုက်၏။ သူ၏ ကျောင်းတော်သားကဲ့သို့ ဟန်ပန် အမူအရာများသည် ပိုမိုကာ ထင်ရှားလာခဲ့၏။ အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားစကားပြော ကြည့်ပြော”

“စိတ်ကို အေးအေးထားကြပါ။ စိတ်ကိုအေးအေးထားကြပါ ကျွန်းချောင်ရှောင်းသည် ကြားထဲမှ ဖြန့်ဖြေလျက်ရှိနေပြန်၏ သို့ပေမယ့် သူ့ကြောင့် တစ်ဖက်လူများသည် ပိုမိုကာ ဒေါသထွက်လာသည်ဆိုခြင်းကို သူ မသိရှိခဲ့ချေ။

ဆွစ်

ဆွစ်

ထိုအချိန်မှာပဲ ကောင်းကင်ယံ၏ လေဟာနယ်တစ်ခုလုံးကို ကွဲအက်လာခဲ့တော့၏။ လေပြင်းများတိုက်ခတ်လာ ခဲ့ပြီးသည့်နောက် လောကကြီးတစ်ခုလုံသည် အဆုံးသတ်ကိုရောက်ရှိသွားတော့မည့် သကဲ့သို့ ဖြစ်တည်လာသည်။

ဟူး

ဟူး

အလင်းတန်းများသည် အလွန်မြန်ဆန်သည့်နှုန်းထားဖြင့် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။

တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသည့် ညဘုရင် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူနှင့် ပေးစုန့်တို့သည် ရုတ်တရက်ရပ်တန့်သွားပြီး အပေါ်သို့ မော့ကြည့်လိုက်မိသည်။

များပြားလွန်းလှသော ရွက်သင်္ဘောများသည် ကွေ့ရှုလောကကြီး၏ အပေါ်တွင် လွင့်မြောလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်း၏ အကြည့်များသည်လည်း လေးနက်သွားသည်။ ရွက်သင်္ဘောများ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှု့ရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများဖြစ်ကြောင်း သူက ချက်ချင်း နားလည်၏။ အရွယ်အစားနှင့်စွမ်းအင်ပါဝင်မှုကို ကြည့်ရှု့ရမည်ဆိုလျှင် သူလုယူခဲ့သည့် ရွက်သင်္ဘောများ ထက်ပိုမိုကာ အဆင့်မြင့်မားပုံလည်းပေါ်သည်။

“ကျုပ်က နတ်ဆိုးအင်ပါယာရဲ့ ဓား ရွက်သင်္ဘော ခေါင်းဆောင်ပဲ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ဖို့အတွက် အမိန့်ရလို့ လာခဲ့တာ”

အဓိကရွက်သင်္ဘောထဲမှ အသံတစ်ခုထွက်ပေါ်လာခဲ့၏။

ခရပ်

ခရပ်

တစ်ချိန်တည်းမှာပဲ ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့၏ တံခါးများသည် ပွင့်လာခဲ့၏။ ပြီးသည့်နောက် လေထုထဲတွင် ဆန်းကြယ်လွန်းသည့်စွမ်းအင်များအား စုစည်းလာခဲ့သည်။

“ဟမ် ညဘုရင်မဟာမိတ်အဖွဲ့ကလဲ ရောက်နေတာလား “

“ကောင်းပြီ သူတို့ကိုလည်း တစ်ခါတည်းသတ်လိုက်ကြတော့”

ဘုန်း

ဘုန်း

ပြောပြီးပြီးချင်းမှာပဲ ရွက်သင်္ဘော၏အောက်၌ ပြောင်းတစ်ခု ပြောင်းတစ်ခုထွက်ပေါ်လာပြီး တစ်ခါတည်း ပစ်ခတ်လေ၏။ အလင်းတန်းများသည် တဝီးဝီးနှင့်ဖြစ်တည်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဗုံးများ ပေါက်ကွဲသလိုပင်။

“မဟုတ်သေပါဘူး”

ကျွင်းချောင်ရှောင်းနှင့် ကုထျန်းရှင်းတို့၏ အမူအရာသည်ပြောင်းလဲသွားခဲ့ကြ၏။

ရီရှင်ချန် ၊ ရှောင်ကျီ နှင့် တခြားသောသူများ အားလုံးတို့သည် ၎င်းတို့၏ လင်းယွမ်ခန်းမဆောင် စာသားများကို အသက်သွင်းကာဖြင့် ဂိုဏ်းချုပ်ရှေ့တွင် မတ်မတ်ရပ်ကာ ကာကွယ်ပေးလိုက်ကြသည်။

သို့ပေမဲ့ တစ်ဖက်မှ တိုက်ခိုက်လိုက်သော အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်းကို သူတို့ ကောင်းကောင်းသိကြ၏။

“ရပ်”

ရုတ်တရက် တစ်စုံတစ်ခု ဖြတ်သန်းသွားသည့်အသံသည် ကောင်းကင်ယံဆီမှ ထွက်ပေါ်လာခဲ့၏။ အားလုံး လှမ်းကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ဓားအော်ရာများသည် ဂြိဟ်တစ်ခုလုံးကိုပင် ပိုင်းဖြတ်သွားသကဲ့သို့ ဖြစ်တည်လာခဲ့သည်။

ဘန်း

ဘန်း

ဘန်း

ချက်ချင်းပဲ ကောင်းကင်ယံတွင်ရှိနေသည့် အမြောက်ဆံများအားလုံးသည် အပိုင်းပိုင်းဖြစ်တည်သွားခဲ့၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်း က မျက်လုံးပြူးသွားမိ၏။ သူသည် ခေါင်းကို အသာဖြည်းညင်းစွာပင် လှည့်ကြည့်မိလိုက်၏။ သာမန်ကဲ့သို့ ရိုးရှင်းလှသော အဘိုးအို တစ်ယောက်သည် လူအုပ်ကြားထဲမှ ထွက်လျှောက်လာခဲ့၏။ ၎င်းသည် ဓားကို မြေပြင်ပေါ်သို့ ဒရွက်တိုက်ဆွဲလာပြီးသည့်နောက် အားလုံးရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူ၏ အင်္ကျီစကြီးသည် လေထုထဲတွင် လွင့်မျောလျက်ရှိနေသည်။

“သူ လာပြီ”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။ လက်ရှိအခြေအနေကို ဖော်ညွှန်းရမည်ဆိုလျှင် တိုက်ပွဲကို တိုက်ခိုက်ရန်အတွက် အကယ်အစစ်အမှန်တိုက်ခိုက်ရေးသမားက ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။

“အင်း …. ငါ ဒီရွှေပေါင်ကြီးကိုဖက်မှနဲ့တူတယ်” ကျွင်းချောင်ရှောင်း က ပြောလိုက်မိသည်။

All Chapters