← Chapters

အခန်း ၁၈၆၀

Vol. 125 Ch. 1860

အခန်း ၁၈၆၀

Vol. 125 Ch. 1860

အားနည်းနေပုံသည့် ကွေ့ရှုဓားသူတော်စင်သည် အားလုံးရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် တိမ်ပြာစကြဝဠာ ပတ်လမ်း၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တပါးဟူသော ဂုဏ်ရှိန်ဂုဏ်ဝါးမျိုကို ထုတ်ဖော်ပြသလျက်ရှိ၏ ။ ကျွင်းချောင်‌ရှောင်း သည် အံ့အားသင့်နေရင်းမှာပဲ သူနှင့်သက်တမ်း မတူညီသော ဤစီနီယာအား မိတ်ဆွေအဖြစ် ဖွဲ့နိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

“အမ်.…… ခင်ဗျား ဒဏ်ရာရမထားဘူးလား။”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရွက်သင်္ဘော၏ ခေါင်းဆောင်သည် အံ့အားသင့် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ အထက်ပိုင်း အကြီးအကဲများမှ ပေးပို့လိုက်သော သတင်းအချက်အလက်များအရဆိုလျှင် ကွေ့ရှုဓားတော်စင်သည် မိုးကောင်းကင်အင်ပါယာ၏ နောက်လိုက်များကို ရှုံးနှိမ့်ခဲ့ရုံသာမက ပြင်းပြင်းထန်ထန် လည်း ဒဏ်ရာရရှိခဲ့၏။ သို့ပေမဲ့ ယခု အဘယ့်ကြောင့် အားလုံး အဆင်ပြေရသနည်း။

ပြောရမည်ဆိုလျှင် သည် ပေ့စုန့်သည်လည်း ဇဝေဇဝါ နှင့်ဖြစ်လို့နေ၏။ ဓားသူတော်စင်သည် ပြန်လည်ရောက်ရှိခဲ့ပြီးသည့်နောက် မျက်နှာတစ်ခုလုံး ဖြူရော်လို့နေသည်။ ဤသည်မှာ ပြင်းပြင်ထန်ထန် ဒဏ်ရာ ရရှိထားခြင်းသာဖြစ်ပေလိမ့်မည်။

“အင်း ….. ကျုပ်ကဒဏ်ရာရှိတယ်ဆိုပေမဲ့ ….”

ကွေ့ရှုဓားသူတော်စင်၏ လက်သည် ၎င်း၏ဓားပေါ်၌ တည်ရှိနေတုန်းပင်။ သူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ “ဒါပေမဲ့ မင်းတို့လို ယင်ကောင်အ‌သေးအမွှား လေးတွေတော့ ရင်ဆိုင်နိုင်သေးတယ်။”

သူ၏အသံသည် တည်ငြိမ်လျက်ရှိပြီး ဓားအော်ရာများမှာလည်း အလွန်အားကောင်းလှ၏။

“စီနီယာ တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့လူပဲ” ကျွင်းချောင်ရှောင်း သည် အခွင့်အရေးကို အရယူကာဖြင့် ဝင်ပြောလိုက်သည်။

ကွေ့ရှုဓားသူတော်စင်က ပြောလိုက်သည်။ “မင်းက ငါ့တပည့်ကျိုးဟုန်ရဲ့ ဂိုဏ်းချုပ်လား။”

ဝှစ်……….

ကျွင်ချောင်ရှောင်း သည် လက်သီးကိုဆုပ်ကာဖြင့် ကျယ်လောင်စွာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှား ဂိုဏ်းနဲ့ ကျွင်းမဟာမိတ်အဖွဲ့တို့၏ ခေါင်းဆောင် ကျွင်းချောင်ရှောင်း က စီနီယာကို နှုတ်ခွန်းဆက်သပါတယ်။။”

ဘာပဲဖြစ်ဖြစ် သူ သည် ဂျူနီယာတစ်ယောက်ဖြစ်၏။ ထို့ကြောင့် နှုတ်ခွန်းဆက်သလိုသည်ဟူသော စကားလုံးကို အသုံးပြုခြင်းမှာ မှားယွင်းလှသည်မဟုတ်ချေ။

ကွေ့ရှုဓားသူတော်စင် သည် ဦးခေါင်းကို ညိတ်ကာဖြင့် ချီးကျူးလိုက်မိ၏။ “မင်းကဒီလို အသက် ငယ်ငယ်နဲ့ ဂိုဏ်းကိုဦးဆောင်နိုင်တယ်ဆိုတော့ တကယ့်သူရဲကောင်းလေးပဲ။”

“စီနီယာ …. စီနီယာ က ကြင်နာလွန်း နေပြီ။” ကျွင်းချောင်ရှောင်းသည် နှိမ့်ချမှုကို ဦးစားပေးလျက် ရှိ၏။ ။ အခြားတစ်ဘက်မှာတော့ သူသည် ဝင့်ကြွားကာပြုမှုနေရမည့်အခြေအနေမျိုးတွင် အလွန်အမင်းဝင့်ကြွား ကာ ပြုမှုတတ်သူတစ်ယောက်ဖြစ်၏။ လူသားဆိုသည့် အတွေးအခေါ်အဆင့်အတန်းထက်ပင် ပိုမို သာလွန်သည့် လုပ်ရပ်မျိုးကို ပြုလုပ်တတ်သည်။

“ဂိုဏ်းချုပ်ကျွင်း၊ အဝေးကြီးကနေပြီးတော့ ကွေ့ရှုနယ်မြေဆီ ဘာကြောင့်ရောက်လာရတာလဲ။”

ကွေ့ရှုဓားသူတော်စင် သည် ၎င်း၏ခန္ဓာကိုယ်တွင် ဆန်းကြယ်လှသော အော်ရာများ ကို ထုတ်ဖော်လျက်ရှိ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား ပိုမိုကာ အထင်ကြီးစေခဲ့၏။ ထို့ကြောင့် လိုရင်းကို ကွေ့ဝိုက်မနေတော့ဘဲ တည့်တည့်ပြောဆိုလိုက်၏။

“မိုးကောင်း ကင်နတ်ဆိုး အင်ပါယာက စကြဝဠာကြီးရဲ့ ဆူးငြောင့့််ခလုတ်ပဲ။ စီနီယာ ကျေးဇူးပြုပြီး ကျုပ်ရဲ့ ကျွင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းပေးပါ။ ကျုပ်တို့ အတူတူပူးပေါင်းပြီးတော့ လောကကြီးရဲ့ ငြိမ်းချမ်းရေး အတွက် မိစ္ဆာတွေကို သတ်ဖြတ်ပစ်ကြတာပေါ့”

သူ၏ စကားလုံးများသည် ရှင်လင်းပြီး တိကျသေချာလွန်း လှသည်။

“………”

ကုထျန်းရှင်း သည် ဆွံ့အသွားမိ၏။ ဤအကောင်သည် ရန်သူများရှေ့တွင် ထိုရန်သူများ၏ မကောင်းကြောင်းကိုပြောကာ တစ်ဖက်လူအား စည်းရုံးသိမ်းသွင်းလျက်ရှိ၏ ။

“ဂိုဏ်းချုပ် ကျွင်းပြောတာအမှန်ပဲ။” ကွေ့ရှုဓားသူတော်စင်သည် သဘောတူညီလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ က အထက်စကြာဝဠာကို ဖျက်ဆီးချင်နေတဲ့လူဆိုတာကို အားလုံးသိရှိတယ်လေ။ ကျုပ်တို့အတူတူပူးပေါင်း ပြီးတော့ သူ့ကို တိုက်ခိုက်ရမယ်။ ဒါမှ လောကကြီးရဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်မှာ။”

ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိသည်။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တပါးသည် ဒဏ္ဍာရီလား ပုဂ္ဂိုလ်ပင်ဖြစ်တော့၏။ အဓိက ပြဿနာကြီးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ တစ်ချက်ကလေးမျှ ဂရုမစိုက်ခဲ့ချေ။

“ဒီလိုဆိုမှတော့ …”

ကွေ့ရှုဓားသူတော်စင်က ဆက်ပြောလိုက်သည်။ “ဂိုဏ်းချုပ် ကျွင်း ….. ဘာလို့ ခင်ဗျားရဲ့ တပည့်တွေကို ကျုပ်ရဲ့ဓားမဟာမိတ်အဖွဲ့ဆီ ခေါ်မလာရတာလဲ။”

“………”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ကျုပ်က ခင်ဗျားကို လာပြီးခေါ်တာလေ။ဘယ်လိုဖြစ်ပြီး ကျုပ်ကို ပြန်ခေါ်နေရတာလဲ။

“ခင်ဗျားတို့နှစ်ယောက် …”

ထိုအချိန်မှာပဲ အဓိက ရွက်သင်္ဘော၏ ခေါင်းဆောင်သည် ၎င်းတို့၏စကားကို ဖြတ်ကာဖြင့် အေးစက်စက် ပြောလိုက်သည် “ဒီမှာပြောပြောဆိုဆို ရယ်ရယ်မောမော လုပ်နေတာ ကျုပ်ကို အထင်သေးတာလား။”

ဟမ့်…………..

ကျွင်းချောင်ရှောင်းသည် နှာခေါင်း့ရှုံကာ ပြောလိုက်၏။ “စီနီယာ ဒီယင်ကောင်အသေးအမွှားလေး ကို ကျုပ်ကိစ္စ ထားလိုက်ပါ။ ကျေးဇူးပြုပြီး၊ အနောက်ဆုတ်လိုက်ပါ။”

“ကောင်းပြီ။”

ကျန့်ကွေ့ရှု သည် ချက်ခြင်းပဲ ‌နောက်ဆုတ်လိုက်၏။ သူသည် ကျွင်းချောင်ရှောင်း ကို အခွင့် အရေးပေးခဲ့ခြင်း ဖြစ်သည်။

“………”

ကျွင်းချောင်ရှောင်း သည် ဆွံ့အသွားမိသည်။ စီနီယာ နည်းနည်းလောက် ငြင်းပါအုံးလား။

သို့ပေမဲ့ တခြား နည်းလမ်းမရှိ‌ချေ။ ပြောဆိုပြီးသည်ဆိုမှတော့ အံကိုကြိတ်ကာဖြင့် ရှေ့သို့ တက်လှမ်းကာ တိုက်ခိုက်ရပေတော့မည်။

ထားလိုက်တော့။ တကယ့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို မဟာမိတ်အဖွဲ့ထဲ ခေါ်ချင်သည်ဆိုမှတော့ သူ အထင်ကြီးအောင် ငါ့ရဲ့ အားအင်အဆင့်ကိုပြသရမှာပေါ့။

“လမ်းကဖယ်။”

ကျွင်းချောင်ရှောင်း က အော်ဟစ်လိုက်သည်။ “ကျုပ်တကယ်ပဲ လေးလေးနက်နက် တိုက်ခိုက်တော့မယ်။”

ကုထျန်းရှင်နှင့် အခြားသူများသည် အလျင်အမြန်ပဲ ဘေးတစ်ဘက် တစ်ချက်ဆီသို့လှမ်းဆုတ်လိုက်ကြ၏။ ထိုအချိန်မှာတော့ ကွေ့ရှုဓားသူတော်စင် ထွက်ပေါ်လာစဉ်က ထုတ်ဖော်ခဲ့သည် အရှိန်အဝါတွေထက် မည်သို့မှအားမနည်းလှသော အခြေအနေကို ကျွင်းချောင်ရှောင်း က ထုတ်ဖော်လျက်ရှိနေ၏။

ဝှစ်………

ချက်ချင်းပဲ သူ၏လက်ချောင်းများကြားတွင် အိတ်ကပ်တစ်ခု အရွယ်အစားရှိသော ဓားမော့လေးက ပေါ်ပေါက်လာ၏။ ၎င်း၏ဆံပင်များသည် လေထုထဲတွင်ရှိနေပြီး ဓားကဲ့သိုပင် ထက်ရှလွန်းသော မျက်နှာတစ်ခုက အားလုံး၏ အမြင်တွင် ပေါ်ပေါက်လာခဲ့သည်။

“ဓားမော့ကျင့်ကြံသူလား။”

ကွေ့ရှုဓားသူတော်စင် က ပြောလိုက်မိသည်။ အတွေ့အကြုံရင့်ကျက်လွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်မို့ သူသည် လူများကို သုံးသပ်သည့်နေရာတွင် အမှန်ပဲ လေးနက်ခိုင်မာလွန်းသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို ကြည့်ရှုလိုက်မည်ဆိုလျှင် အနည်းငယ် ဇောင်းကြွားကြွားနှင့် အချိုး မပြေသည့် ပုံပန်းသွင်ပြင်မျိုးရှိသည်ထက် တခြားဘာကိုမျှ ကြာကြာကြည့်ရှုနိုင်ခြင်းမရှိချေ။ ဤကဲ့သို့သော လူသည် အမှန်ပင် ဒေါက်မကျိုးလှသည်ဆိုသော်လည်း တခြားသူများနှင့် ခြားနားလျက်ရှိနေပြီး အလွန်ထူးခြားသည့် ပါရမီမျိုး ကိုပိုင်ဆိုင်သူမျိူးဖြစ်ကြောင်း ကျန့်‌ကွေ့ရှု က ကောင်းကောင်းနားလည်ထား၏။

ခရက်……….. ခရက်……………

ရွက်သင်္ဘော တစ်ဒါဇင်ကျော်၏ တံခါးများသည် ပွင့်လာခဲ့၏။ များပြားလွန်းလှသော အမြောက် ကဲ့သို့သော အရာများ ထွက်ပေါ်လာခဲ့၏။ ထိုအရာများအားလုံးသည် ကျွင်းချောင်ရှောင်းကို ပစ်မှတ် ထားကာ ချိန်တွယ်ထား၏။ ၎င်းပြောင်းများ၏ရှေ့တွင် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ ဖြည်းဖြည်းချင်း စုဝေးလာခဲ့သည်။

ကျွင်းချောင်ရှောင်းအနေနှင့် မိုးကောင်းကင် နတ်ဆိုး အင်ပါယာ၏ နောက်လိုက်များနှင့် တိုက်ခိုက်သည်မှာ ပထမဦးဆုံးအကြိမ်မဟုတ်ချေ။ အချိန်အတော်များများ သူ၏တပည့်များကို စေလွှတ်ကာ တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် ယခုလက်ရှိအရာများသည် သူ့အတွက်တော့ သိပ်ပြီးတော့ ကြောက်ရွံ့စရာ မဟုတ်ချေ။

သို့သော်ငြား အရင်ကြုံတွေ့ခဲ့ရသည့် ရွက်သင်္ဘောများသည် သာမာန်တိုက်ခိုက်ရေးစွမ်းရည် ကိုသာ ပိုင်ဆိုင်သည်ဆိုသော်လည်း ဤရွက်သင်္ဘောကြီးမှာတော့ လက်ရွေးစင်သင်္ဘောကြီးဖြစ်လို့နေ၏။ ထို့ကြောင့် ထိုနေရာဆီမှ ထွက်ပေါ်လာသည့် အမြောက်ဆံများ သည် ထူးခြားသည့်အစီအရင်များနှင့် ပြုလုပ်ထားသည့် အားကောင်းလှသည့် အရာများ ပါဝင်လာမည်မှာ သေချာ၏။

“အင်ပါယာကို ပုန်ကန်တဲ့အတွက်”

ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်းတို့အားလုံးသေရမယ်။”

ဟူး……..ဟူး………

ချက်ချင်းပဲ ရွက်သင်္ဘောတစ်ဒါဇင်ရှေ့မှ အမြောက်ပြောင်းဝများ၌ စုစည်းလျက်ရှိနေသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် အမြောက်ဆံများကဲ့သို့ပင် ရှေ့တွင်ဖြစ်တည်လာခဲ့၏။ ပြီးနောက် ပစ်မှတ်ကို ပစ်ခတ်တော့၏။

ဝှစ်……..ဝှစ်………..

အားလုံးသော သူတို့၏ အမူအရာများသည် တည်ကြည်လေးနက်သွားခဲ့၏။ ၎င်းတို့၏ နဖူးစပ်တွင် ချွေးစီးများပင် ပျံလာခဲ့၏။ ကောင်းကင်ယံတွင် စုဝေးလျက်ရှိနေသည့် တလက်လက် လင်းလက် တောက်ပနေသော အလင်းတန်းများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး ၎င်းတို့ကိုပင် ကြီးကြီးမားမား အန္တရာယ် ပေးနိုင်စွမ်းရှိနေသည်။

“တူလေး” ကုထျန်းရှင် က လှမ်းအော်လိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏အရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်မတ်ရပ်လျက်ရှိနေပြီး သံမဏိကဲ့သို့ ခိုင်ကြည်လှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

ထို့ကြောင့် သူသည် သူ၏စကားလုံးများကို ပြန်လည်မြိုသိပ်လိုက်မိ၏။ သူ၏ အလိုလိုသိစိတ်အရ ဆိုလျှင် ကျွင်းချောင်ရှောင်းအနေနှင့် များပြားလွန်းလှသော ရွက်သင်္ဘောများကို ရင်ဆိုင်ရဲခြင်းဆိုသည်မှာ အလုံးစုံသော ယုံကြည်ချက်ရှိ၍သာ ဖြစ်ပေလိမ့်မည်။

“ဦးလေး၊ စီနီယာ ဓားသူတော်စင် …”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုလှည့်ကာ ပြောလိုက်၏။ “ဒီ ကျွင်းက ဘဝမှာ ကြီးမားတဲ့ ရည်ရွယ်ချက်မျိုးတော့မရှိဘူး။ သူရဲကောင်းလည်း မဖြစ်ချင်ဘူး။ ကျုပ်က ငြိမ်ငြိမ်သက်သက်တည်တည်ငြိမ်ငြိမ်နှင့် ဂိုဏ်းတစ်ခုကိုပဲ ဖွံ့ဖြိုး တိုးတက်အောင်လုပ်သွားချင်တာ။ ကျုပ်ရဲ့ တပည့်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင့်ကြံလို့ရတဲ့ အိမ်တစ်ခုကို တည်ဆောက်ပေးချင်ရုံပဲ”

မရယ်ကြနှင့်။ ကုန်းရှန့်သည် ထိုကဲ့သို့သောအရာကို ‌အစဉ်သဖြင့် တွေးတောနေသူဖြစ်သည်။

“ဒါပေမဲ့ …”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ရုတ်တရက် လေးနက်သွားခဲ့၏။ သူသည် ရှင်းလင်းပြတ်သားစွာဖြင့် ပြောလိုက်၏။ “အားလုံးက စကြာဝဠာကြီးရဲ့ ကျဆုံးခြင်း မြင့်တက်ခြင်းအပေါ်မှာ တာဝန်ရှိတဲ့လူတွေပဲ။ ဒီနေ့မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ က သာမန်လူတွေအကုန်လုံးကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်။ ဒီလိုလုပ်တဲ့သူရဲ့ နောက်လိုက်တွေကို ဒီကျွင်းက ကျိန်းသေပါက် တိုက်ခိုက်သွားရလိမ့်မယ်။ ကျုပ် သေဆုံးသွားရမယ်ဆိုရင်တောင်မှ အားလုံးကို ချမ်းသာမပေးဘူး”

ထိုစကားကိုကြားရသည့် အချိန်မှာတော့ ကွေ့ရှုဓားသူတော်စင်၏ မျက်လုံးထဲတွင် ထောက်ခံသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လာခဲ့၏။

“ဒါဆိုရင် ဒီလောကကကြီးနဲ့အတူ မင်းလည်းသေလိုက်တော့။” အဓိက ရွက်သင်္ဘောပေါ်မှမှ ခေါင်းဆောင်သည် အေးစက်စက်နှင့်ပြောလိုက်သည်။

ဘုန်း………… ဘုန်း………… ဘုန်း…………

ချက်ချင်းပဲ များပြားလွန်းလှသော ရွက်သင်္ဘောများမှ အမြောက်ဆံများသည် ကျဆင်းလာခဲ့၏။

ကျွင်းချောင်ရှောင်း၏ အမြင်အရ ကြည့်ရှုမည်ဆိုလျှင် ကောင်းကင်ယံတစ်ခုလုံး အလင်းတန်းများ နှင့် ပြည်နှက်လျက် ရှိပြီး မတူညီသည့် တည်နေရာအသီးသီးဆီမှ အမြောက်ဆံများသည် သူ့ဆီသို့ကျဆင်းလာခဲ့၏။

……………………

အားလုံးသောသူတို့၏ မျက်နှာများသည်လည်း ကြောက်လန့်တကြားနှင့် ဖြူရော်သွားခဲ့ကြသည်။ ဤရွက်သင်္ဘောများသည် မည်ကဲ့သို့သော အစီအရင်များဖြင့် ဖန်တီးတည်ဆောက်ထားသောကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်နိုင်ရသနည်း။

“ဝေးသေးတယ်။”

ထာဝရရွက်သင်္ဘောကြီးထဲမှ ထိုက်ရွှမ်အဘိုးသည် ဦးခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ငါ့ရဲ့ လုပ်နိုင်စွမ်းက တစ်ဘက်လူတွေနှင့်ယှဉ်ရင် ဝေးသေးတာပဲ။”

သူသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်မို့ ပြိုင်စံရှားဂိုဏ်း၏ တခြားသော အထက်ပိုင်းအကြီးအကဲ တပည့်များ နှင့်မတူဘဲ အလင်းတန်းများသည် အရာအားလုံးကို ထိုးခွင်းသွားနိုင်သည့် အရာမျိုး ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်၏။ ထို့အတူ ဤကဲ့သို့သော အရာမျိုးကို ဖန်တီး တည်ဆောက်ချင်သော လူတစ်ယောက်လည်း ဖြစ်ချင်မိသည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ် တို့၏ မျက်လုံးများသည် နီရဲသွားခဲ့၏။ ၎င်းတို့ နှစ်ယောက်သည် အစောကြီးကတည်းက အသုဘဝတ်စုံများကို ကြိုတင်ဝတ်ဆင်ထားခဲ့ပြီးဖြစ်၏။

ချွမ်………….

သို့ပေမဲ့ အလင်းတန်းများရုတ်တရက် ပြည့်နှက်လာခဲ့သည့်အချိန်တွင် ဓားဆွဲထုတ်သည့် အသံ တစ်ခုက ထွက်ပေါ်လာခဲ့ပြီး တည်နေရာကို ထိုးခွင်းသွား၏။ ရောက်ရှိလာခဲ့သည့် အလင်းတန်းများနှင့် တဝှီဝှီ ကျဆင်းနေသည့် အသံများပင်လျှင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဟူး ….ဟူး ….။

ဓားအော်ရာများသည် မုန်တိုင်းကဲ့သို့ပင် ဖြစ်တည်နေ၏။ ကွေ့ရှုဓားသူတော်စင် သည် ကြောင်အအ အမူအရာဖြင့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလျက်ရှိ၏။ အိတ်ကပ်အရွယ်အစားတစ်ခုရှိသော ဓားသည် ချက်ချင်းပဲ ကြီးမားလွန်းလှသော ဓားကျိုးကြီးတစ်ခုသို့ ပြောင်းလဲသွားခဲ့၏။

ဆွစ်………ဆွစ်…….

ဟူး,…….ဟူး……..

တစ်ချိန်တည်းမှာပင် အနီရောင်မီးတောက်များနှင့်တူညီသော ဓာတ်သဘာဝများသည် ကျွင်းချောင်ရှောင်း ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာခဲ့၏။ သူ၏ မျက်လုံးများသည် ထက်ရှလာခဲ့ပြီး ဓား၏ မျက်နှာပေါ်တွင် “ဝိညာဉ်ဘုရင်”ဆိုသည့် စာတန်းသည် ဘယ်တခြမ်း၊ ညာတခြမ်း၌ ပေါ်လာခဲ့၏။

သူသည် ရုတ်တရက် ဓားကြီးကို မြှောက်လိုက်၏။ ဤဓားကျိုးကြီးဆီမှ ဓားအလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ ပြန့်လွှင့်သွားသည်။

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည် စွမ်းအင် အလင်းတန်းများသည် ရုတ်တရက် တဖြည်းဖြည်းနှင့် အရှိန်လျော့ကျလာ၏။ ၎င်းအလင်းတန်းများတွင် ပါဝင်လျက်ရှိနေသ့ည့် ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် တဖြည်းဖြည်းခြင်း အားနည်းလာခဲ့၏။ လက်ရှိအခြေအနေကို ဖော်ညွှန်းရမည်ဆိုလျှင် တဖြည်းဖြည်းနှင့်လေလျော့သွားခဲ့သည့် ဘောလုံးများကဲ့သို့ပင်။ ဓာတ်သဘာဝ များသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာလျော့ပါသွားခဲ့သည်။

အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် ဆိုသော် စည်းဓားမော့ကြီး၏ ပဉ္စမမြောက်ပုံစံကို အသက်သွင်းလိုက်သောကြောင့်ပင်။ ထိုအရာသည် အမြောက်ဆံများကို ထိန်းချုပ်နိုင်သော စွမ်းအင်တစ်ခုတည်း တည်ရှိသည်လား။

မဟုတ်ချေ။ ပွဲသည် အခုမှ စခြင်းဖြစ်၏။ အနီရောင်အလင်းတန်းများနှင့် လွှမ်းခြုံလျက်ရှိသည့် ကျွင်းချောင်ရှောင်း သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြန်၏။ ကြီးမားလှသည့် ဓားကျိုးကြီးကို သည် အထက်အောက် ပိုင်းဖြတ်သွားသည်။

ဘုန်း………….ဘုန်း……………

ဓားအော်ရာ၊ ဓား၏အရှိန်အဟုန်သည် တည်နေရာထဲတွင်ရှိနေသည့် အမြောက်ဆံ ကဲ့သို့သော ဓာတ်သဘာဝများကို တဘုန်းဘုန်း နှင့် ပေါက်ကွဲစေ၏။ မီးပန်းများဖောက်ခွဲလိုက်သကဲ့သို့ပင်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။”

အဓိကရွက်သင်္ဘောတွင်ရှိနေသော ခေါင်းဆောင်သည် တုန်လှုပ်စွာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းလှည့်ကြည့်လိုက်ချိန်မှာတော့ ပြတင်းပေါက်၏အပြင်ဘက်တွင် မီးတောက်များနှင့် လွှမ်းခြုံလျက်ရှိနေသည့် ကျွင်းချောင်ရှောင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ ၎င်းသည်ကြီးမားလှသော ဓားကြီးကို ပုခုံးပေါ်ထမ်းကာ မတ်မတ်ရပ်လျက်ရှိ၏။

ဒွီ………..ဒွီ……။

ထိန်းချုပ်သည့် စက်ခုံပေါ်မှ အသံများသည် တရပ်စပ် ထွက်ပေါ်လာသည်။

“ခေါင်းဆောင်”

ရွက်သင်္ဘောထဲမှ လူသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒီ သင်္ဘောကြီး၏ မောင်းနှင်နိုင်မှု စနစ်က ပျက်စီးသွားခဲ့ပြီ။”

သို့ပေမဲ့ ပြောရင်း လှမ်းကာကြည့်ရှုလိုက်ချိန်မှာတော့ ခေါင်းဆောင်၏နဖူးထက်တွင် ဒေါင်လိုက် အက်ကွဲကြောင်းကြီး ပေါ်လျက်ရှိပြီး တဖြည်းဖြည်း ခေါင်းဆောင်၏ နှာခေါင်း၊ ပါးစပ် ၊ လည်ပင်း … ခန္ဓာကိုယ် တစ်ခုလုံးသည် ထက်ပိုင်းပိုင်းခံလိုက်ရသည်။

ဘန်း……………

ထိုအချိန်မှာတော့ ဓားမော့ အော်ရာများသည် တည်နေရာတစ်ခုလုံး၌ ပေါက်ကွဲထွက်သွားခဲ့၏။ ခေါင်းဆောင်၏ အသားအရေ နှင့် အသွေးအသားများသည် တစ်ခါတည်း ပေါက်ကွဲလွင့်စင်သွား၏။ ထိုမျှနှင့် မပြီးသေးချေ။ ဓားမော့ချီများသည် ရွက်သင်္ဘောကြီးကိုပါ ထက်ပိုင်းဖြတ်တောက်သွားလေ၏။

ဘုန်း……………ဘုန်း……………..

ရွက်သင်္ဘောကြီး၏ အစိတ်အပိုင်းနှစ်ခုသည် မြေပေါ်သို့ကျဆင်းလာခဲ့သည်။

“အင်း …. နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်။” ထိုက်ရွှမ်အကြီးအကဲသည် စိတ်သက်သာရသလို ပြောလိုက်၏။ ထိုအရာများမပျက်စီးသည်ကို ကြည့်ရှုပြီးသည့်နောက် သူက ပျော်ရွှင်သွားမိသည်။ သူ ထိုအပျက်အဆီးများကို လေ့လာနိုင်သေး၏။

ဝှစ်…………ဝှစ်…………….

ထိုအချိန်မှာတော့ ပဉ္စမမြောက် အဆင့်မြင့်တင်ထားသော စည်းဓားမော့ကြီးကို ကိုင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်းမှာတော့ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲကာဖြင့် ဓားကြီးအား ဝှေ့ယမ်းလျက်ရှိနေ၏။

သူ၏ အနောက်ဘက်တွင်ရှိနေသာ ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ပြိုလဲကာဖြင့် အောက်သို့ ပြုတ်ကျလေသည်။ လက်ရှိအခြေအနေမှာတော့ ရွက်သင်္ဘော တစ်ဒါဇင်ကျော်တို့သည် ပိုင်းဖြတ် ဖျက်စီးခြင်းကို ခံလိုက်ရသည်။

ထိုအခြင်းအရာကိုမြင်သည့်အချိန်မှာတော့ ထိုက်ရွှမ်အကြီးအကဲသည် ရင်ဘတ်ကိုအုပ်ကိုင်ကာ အော်ဟစ်လျက် ရှိနေသည်။ “တစ်ခုလောက်တော့ ငါ့အတွက် ချန်ထားပါအုံး။”

ဝမ်းနည်းအရဆုံးလူမှာ ကျင်းဟီ သာလျှင်ဖြစ်၏။ သူမသည် ရှောင်ထျန်းစက်ရုက်ကြီးကို အသုံးပြုပြီး ရွက်သင်္ဘောတော်တော်များများကို ဖျက်ဆီးခဲ့သည့်အတွက် အိမ်သာဆေးသည့် တာဝန်ကို ယူခဲ့ရ၏။ ယခု ဂိုဏ်းချုပ်သည် ရွက်သင်္ဘောတော်တော်များများကို ဖျက်စီးနေ၏။ ယခု သူမ ဘာပြောရမည်နည်း။

“ဂိုဏ်းချုပ်က ကွေ့ရှုသူတော်စင် နဲ့ ညဘုရင်မဟာမိတ်အဖွဲ့ကို ထိတ်လန့်စေချင်တယ်။ ဒါကြောင့် ဒီလိုကြမ်းတမ်းတဲ့ နည်းလမ်းကို အသုံးပြုပြီး ရွက်သင်္ဘောတွေကို ဖျက်ဆီး ပစ်တာပဲ။” သခင်လေးယန်သည် အစစ်အမှန်ပင် လေးလေးစားစားနှင့် ပြောဆိုလိုက်မိ၏။

“………”

ဟောခန်းသခင်ကျိသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ ဝတ်ဆင်ထားသည့် ဂိုဏ်းဝတ်စုံကို ဖောက်ခွဲပစ်ရခြင်း၏ ရည်ရွယ်ချက်သည် တစ်ဖက်ရန်သူများကို ထိတ်လန့်တုပ်လှုပ်စေရန်ဖြစ်သည်။ ရည်ရွယ်ချက်ချင်း တူညီသည် ဆိုသော်လည်း ယွမ်ဖန်ဆိုသည့်အကောင်သည့် အဘယ့်ကြောင့် သူကျတော့ မချီးကျူးဘဲနှင့် အပြစ်ပေးရသနည်း။

…………..

ကွေ့ရှုလောကထဲ၌ ဓားအော်ရာများသည် ပြင်းပြင်ထန်ထန်နှင့် ဖြစ်တည်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်း သည် ကောင်းကင်ယံထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေသည်။ သူ၏ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော အော်ရာများသည် လောကကြီးတစ်ခုလုံးကို ပျံ့နှံ့နေ၏။ အချက်အလက်အားဖြင့် သူသည် စည်းဓားမော့ကြီးကို စည်းဖြည့်ပြီး ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူ ဖြစ်သည့် ဖန်းဝမ်လီ အား အကျဉ်းထောင်ဆီသို့ ပို့ဆောင်ခဲ့ပြီးပြီဖြစ်၏။

ဘေးထွက်ဆိုးကျိုးရှိမည်ကို သိသည်ဆိုသော်လည်း အဘယ့်ကြောင့် အလွန်အားကောင်းသည့် အော်ရာ များကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ရသနည်း။

ရိုးရှင်းလှပေသည်။ ပွဲကြည့်ပရိတ်သတ်များ ရှိနေသောကြောင့်ပင်။ ပွဲကြည့်ပရိတ်သတ်များရှိသော အိမ်ကွင်းနှင့် ကန်ရပါက အလွန်ကောင်းမွန်လှသည့် ခြေစွမ်းကို ထုတ်ဖော်ပြသနိုင်သော မြန်မာဘောလုံးသမားများ ကဲ့သို့ပင်။

ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးနှုန်းထားဖြင့် ရွက်သင်္ဘောများကို ဖျက်စီးပစ်ခဲ့သည်။ ထိုအရာသည် ကုထျန်းရှင်နှင့် တခြားသော သူများကို အစစ်အမှန်ပင် တုန်လှုပ်စေခဲ့၏။ ၎င်းတို့အနေနှင့် ဤကဲ့သို့သောအရာများကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ကုန်းရှန့်အပေါ် သတ်မှတ်ထားသည့် ၎င်းတို့၏ အမြင်နှင့် သုံးသပ်ချက်များသည်လည်း ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။

အထူးသဖြင့် ကွေ့ရှုဓားသူတော်စင် ဖြစ်သည်။ ၎င်း၏ မှုန်ဝါးရီဝေလျက်ရှိသည့် မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်လျက်ရှိနေ၏။ အရိုးပေါ်အရေတင် ဖြစ်နေသည့် လက်ချောင်းများသည်လည်း မထိန်းချုပ်နို်ငဘဲ တုန်ယင်လျက်ရှိနေသည်။

“စီနီယာ”

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို ပြန်ရုတ်သိမ်းကာဖြင့် လက်သီးကိုဆုပ်လိုက်၏။ “စီနီယာရဲ့ ရှေ့မှာ ဓားစွမ်းရည်ကို ထုတ်ပြရတာ နည်းနည်း ရှက်မိပါတယ်။

“……”

အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏ ။ အချိန်တိုတွင်းမှာပဲ ဟိတ်ဟန်ကြီးကြီးဖြင့် များပြားလွန်းလှသော ရွက်သင်္ဘောများကို ဖျက်ဆီးခဲ့ပြီးသည့်နောက် အားနာသလို၊ ရှက်ရွံ့သလိုမျိုး ပြောဆိုလျက်ရှိသည်။ သောက်ကျိုးနည်းလှချေသည်တကား။

“ဟမ့် …”

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူသည် အေးစက်စက် ပြောလိုက်သည်။ “သွားကြရအောင်။”

ကျွင်းချောင်ရှောင်းသည် အားအင်အဆင့်ကို ထုတ်ဖော်ပြသလိုက်ချိန်မှာတော့ သူ အမှန်ပင် အံ့အားသင့်မိခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ပြဿနာဆက်ရှာရန် မစဉ်းစားတော့ဘဲ ကွေ့ရှု လောကဆီမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားချင်ခြင်းပင်။

ဝှစ်………..ဝှစ်…….

ညဘုရင်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ သည်။ သို့ပေမဲ့ ၎င်းတို့သည် တည်နေရာအတားအဆီးသို့ ရောက်ရှိသည့်အချိန်၌ ကျွင်းချောင်ရှောင်း၏ အော်ဟစ်ပြောဆိုသံကို ကြားလိုက်ရ၏။

“ခင်ဗျားတို့၏ ညဘုရင်ကိုပြောလိုက်။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို ဖျက်ဆီးချင်တယ်ဆိုလျှင် ညဘုရင်မဟာမိတ်အဖွဲ့အနေနဲ့ ကျုပ်တို့ ကျွင်းမဟာမိတ်အဖွဲ့ဆီကို လာရောက်ပူးပေါင်းလိုက်တာ အကောင်းဆုံးနည်းလမ်းပဲ။”

“ဟမ့်………..”

ညဘုရင်မဟာမိတ်အဖွဲ့က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် တခြားသောသူများထက် မြန်ဆန်စွာပင် ထွက်ပြေးသွားခဲ့ကြသည်။ ၎င်းတို့သည် အနည်းငယ် နှေးကွေးသည်ဆိုပါက ဓားကြီးနှင့် ပိုင်းဖြတ်ခံရမည် ကို စိုးရိမ်နေမိသည်။

…….……

ဝါးတောအတွင်းမှာတော့ ကျိုးဟုန်သည် သူ၏ ဂိုဏ်းတူရောင်းရင်းများနှင့် ရှေ့၌ မတ်မတ် ရပ်လျက်ရှိ၏။ မျက်မှာပေါ်မှာတော့ ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်တည်လို့နေသည်။ သူသည် ကွေ့ရှု လောကကြီးတွင် (၂)နှစ်ကြာလေ့ကျင့်ခဲ့၏။ ဂိုဏ်းကိုလွှမ်းဆွတ်လို့နေခဲ့၏။

ယခု ဂိုဏ်းတူရောင်းရင်းများရောက်ရှိလာခဲ့သောကြောင့် ပျော်ရွှင်နေသည်မှာ သဘာဝပင်။

“ဂျူနီယာ ညီလေးကျိုး”

စုရှောင်မိုသည် သူ့ဘေးတွင် အသာထိုင်ကာ ပြောလိုက်၏။ “မင်းရဲ့ ဓားက ဘယ်လိုလဲ။”

“မဆိုးပါဘူး။ နည်းနည်းတော့ တိုးတက်ပါတယ်” ကျိုးဟုန်က ပြောလိုက်သည်။

စုရှောင်မိုသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ဖင်ကိုပုတ်လိုက်၏။ “ငါတို့ တစ်ပွဲလောက် နွှဲလိုက် ကြအုံးမလား။”

“မလုပ်နဲ့။”

ကျိုးဟုန်က ပြောလိုက်သည်။ “ခင်ဗျား အံအားသင့်မှာစိုးရတယ်။”

“အားယား……”

စုရှောင်မိုက ပြောလိုက်၏။ “နည်းနည်းမောက်မာလာပြီပဲ။”

“အင်း ….. ကျုပ်နဲ့တိုက်ခိုက်ကြမလား။” ရီရှင်းချန် က ဆော်ဩလိုက်သည်။

“………”

စုရှောင်မိုသည် ပြုံးလိုက်၏။ “အင်း …. ကျုပ်ဆီမှာ အချိန်မရှိသေးပါဘူး။ ဂျူနီယာညီလေးရီ စမ်းချင်ရင် ကျိုးဟုန်နဲ့စမ်းလေ။”

ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များထဲတွင် ကျိုးဟုန်သည် အားလုံး၏ရှေ့သို့ များများစားစား ပေါ်လာတတ်သူတစ်ယောက်မဟုတ်ချေ။ သူသည် ဓားတာအိုကိုသာ အထူးလေ့ကျင့့််နေသည်ဖြစ်သောကြောင့် ခန့်မှန်း၍မရနိုင်သည့် ခံစားချက်မျိုး အားလုံးကိုပေးစွမ်း၏။

“စိတ်မဝင်စားဘူး။” ရီရှင်းချန် သည် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

အားလုံးသော သူတို့သည် ရယ်မောလိုက်မိ၏။

ဂျူနီယာ ညီလေးရီ တကယ်တမ်း စိတ်မဝင်စားဘူးဆိုသည်မှာ ယုံကြည်ချက်မရှိဘူး ဆိုလိုခြင်းဖြစ်သည်။

“ထူးဆန်းတယ်။”

စုရှောင်မိုသည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်ကာဖြင့် စကားလမ်းကြောင်းပြောင်းလိုက်၏။ “ဂိုဏ်းချုပ် ထွက်သွားတာ နှစ်နာရီတိတိရှိပြီ။ ဘာလို့ ပြန်မလာသေးတာလဲ။”

“စီနီယာကွေ့ရှု နဲ့ ဓားအကြောင်း ပြောဆိုနေမှာပေါ့။’’ လီချင်းယန်ကပြောလိုက်သည်။

………………..

ဝါးတောလေးသည် အမှန်ပင်ရိုးရှင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် စားပွဲ၏ရှေ့တွင် ခြေချိတ်ထိုင်ကာဖြင့် ရေနွေးသောက်လျက်ရှိ၏။ “တကယ်ကိုကောင်းတာပဲ။”

“ဂိုဏ်းချုပ်ကျွင်း”

သူ၏ရှေ့၌ ရှိနေသော ကျန့်ကွေ့ရှုသည် ရေနွေးခွက်ကို အသာဖြည့်ပေးလိုက်၏။ မျိုးဆက်အားလုံး၏ ဒဏ္ဍာရီလာ ဓားသူတော်စင်သည် ဂျူနီယာလေးတစ်ယောက်အတွက် ရေနွေးငှဲ့ပေးနေ၏။ ဤသတင်းသာ ပြန့်သွားပါက စကြဝဠာပတ်လမ်းတစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားမှာ သေချာ၏။

“စီနီယာ” ကျွင်းချောင်ရှောင်းသည် အားနာသလိုပြောလိုက်မိသည် “ကျုပ်ခွက်ပေါင်း တစ်ဒါဇင်ကျော် သောက်ပြီးပြီလေ။ လိုရင်းကို ပြောလို့မရသေးဘူးလား။”

“ကောင်းပြီ။”

ကျန့်ကွေ့ရှုသည် လက်ထဲမှ ရေနွေးအိုးကို အသာချကာဖြင့် လေးလေးနက်နက်‌ အမူအရာဖြင့် ကြည့်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ဆရာက ဘယ်သူလဲသိပါရစေ။”

ကျွင်းချောင်ရှောင်း၏ အားကောင်းလွန်း လှသောဟိတ်ဟန်နှင့် စွမ်းဆောင်ရည်သည် အပြင်လူများအတွက် အပျော်တမ်း ကြည့်ရှုရန် တစ်ခုသာ ဖြစ်သည်ဆိုသော်လည်း သူ့ကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်အတွက် တံခါးသစ်တစ်ခုကိုဖွင့်လှစ်လိုက်သကဲ့သို့ပင်။

“အင်း…”

ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “စီနီယာ သက်တန့်ရောင်သူတော်စင်ပေါ့။

“ဘာ……”

ကွေ့ရှုဓားသူတော်စင်သည် ရုတ်တရက် မတ်တတ်ထရပ်ကာအော်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ဆရာက ကျင့်ကြံခြင်းလောကရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်လား။”

“အမှန်ပါပဲ။”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် သူ့အနေနှင့် ထိုအရာကို ဖုံးကွယ်ထားချင်သော်လည်း ဖုံးကွယ်၍မရနိုင်တော့သောကြောင့် ထုတ်ဖော်ပြောနေရသလိုပင်။

“………”

ကွေ့ရှုဓားတော်သူတော်စင်၏ အမူအရာသည် ထပ်ဖန်တလဲလဲ ပြောင်းလဲသွားခဲ့၏။ ဒဏ္ဍာရီလာ ကျွမ်းကျင်သူတစ်ယောက် အနေဖြင့် သူ၏ ခံစားချက်အပေါ် ထိန်းချုပ်နိုင်သည့် စွမ်းရည်သည် အလွန် အားကောင်းလွန်း၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏နှလုံးခုန်သံများသည် မြန်ဆန်လျက်ရှိနေပြီး အသက်ရှုနှုန်းများသည်လည်း မြန်ဆန်နေသည်။

စီနီယာ သက်‌တန့်ရောင်သူတော်စင်။

ထိုသူသည် အထက်စကြဝဠာ တစ်ခုလုံးတွင် ကျင်းကြံခြင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပင်။

“ဂိုဏ်းချုပ်ကျွင်း၊”

ကျန့်ကွေ့ရှုသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏ “ခင်ဗျား၏ ဓားကျိုးက ……”

“စီနီယာသက်တန့်ရောင်သူတော်စင်ရဲ့ ဓားပါပဲ။” ကျွင်းချောင်ရှောင်းက ချက်ချင်းပဲ နာမည်ပေးလိုက်သည်။

ထိုအခြင်းအရာကို ကြားလိုက်သည့်အချိန်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်းက စီနီယာ သက်တန့်ရောင်သူတော်စင်ရဲ့ ဓားကိုတောင်မှ အမွေဆက်ခံနိုင်ပြီဆိုတော့ ….”

ခဏလောက်ရပ်တန့်ပြီးသည့်နောက် သူကပြောသည် ။ “ရွှမ်ယွမ်နတ်ဘုရားဓားကိုလည်း အမွေ ဆက်ခံနိုင်လောက်မှာပေါ့။”

All Chapters