← Chapters

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အပိုင်း (၁၈၆၅)

ရန်သူများနှင့်တိုက်ခိုက်သည့်အချိန်က ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကိုထုတ်ဖော်ကာအသုံးပြု ခဲ့ရသည်။ ထို့ကြောင့် သူသည် အားနည်းသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ လက်ရှိအခြေအနေတွင် ရှစ်ကျန်းရွမ်ကို အဘယ်သို့ တိုက်ခိုက်နေနိုင်သနည်း။

မေးနေစရာပင်မလိုပေ။ ကျွင်းချောင်ရှောင်းအနေနှင့် လက်ရှိအခြေအနေတွင် ယောက်ျားတစ်ယောက်ကဲ့သို့ မတ်မတ်ရပ်နေနိုင်သည့် ရလဒ်သည် စနစ်၏အမှတ်သုံးခုကို ပြောင်ရှင်းနေအောင် အသုံးပြုလိုက်သောကြောင့်ပင်။

အချက်အလက် အားဖြင့် ရှစ်ကျန်းရွမ်တစ်ယောက် စိတ်ဖောက်သွားခဲ့ပြီး သူမ၏ဓားကြီးကို ရုတ်တရက် မြှောက်ကိုင်လိုက်သည့်အချိန်တည်းက ကုန်းရှန့်သာ လုံလုံလောက်လောက်သာ မြန်ဆန်အောင် လှုပ်ရှားနိုင်ခြင်း မရှိသည်ဆိုပါက အစိတ်စိတ်အပိုင်းပိုင်း ပိုင်းဖြတ်ခြင်းကိုခံရမှာသေချာသည်။

ကံဆိုးစွာဖြင့် သူ့၌ ဂုဏ်သိက္ခာအမှတ် များများစားစား မရှိလှချေ။ ဂုဏ်စုဆောင်းအမှတ်များမှာတော့ ပေါများလို့ နေခဲ့၏။ အမှတ်သုံးမှတ်ကို အကုန်လုံး ပြောင်ရှင်းအောင် အသုံးပြုပြီးနောက် သူ၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တိုးတက်သွားခဲ့သည် ဆိုလျှင်တောင်မှ ထိပ်ဆုံးအဆင့်တော့ မရောက်ရှိခဲ့ချေ။ မဟုတ်ပါက သူသည် တစ်ဖက်အမျိုးသမီးအား လက်သီးနှင့်ထိုးနှက်ကာ တစ်ခါတည်း သတိလစ် မေ့မြောအောင် ပြုလုပ်လိုက်မှာ သေချာ၏။

လက်ရှိအခြေအနေ၌ ရှစ်ကျန်းရွမ်၏ ရူးသွပ်နေမှုအား တားဆီးနိုင်မည့် တစ်ဦးတည်းသောသူသည် ကျန့်ကွေ့ရှုတစ်ယောက်သာရှိတော့၏။ သို့ပေမဲ့ တစ်ဖက်လူသည် လာရောက်ကယ်တင်ခြင်းမဟုတ်ဘဲ ၎င်း၏ ဓားစွမ်းရည်များကိုပင် ငှားရမ်းပေးခဲ့သေး၏။ မီးလောင်ရာကို ဆီလာလောင်းသည်နှင့်ပင် ဆင်တူလှသည်။

တခြားနည်းလမ်းလည်း မရှိလှချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနဲ့ သူ၏ ဝှက်ဖဲကိုထုတ်ဖော်ကာ အသုံးပြုရတော့မည်ဖြစ်၏။

သူသည် စိတ်ဖောက်သွားခဲ့ပြီဖြစ်သော ရှစ်ကျန်းရွမ်ကို အသိတရား ပြန်ရအောင် ကြိုးစားပေးရင်း သေဆုံးသွားရမည်ဆိုလျှင်တောင်မှ စမ်းကြည့်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်း၏ လက်နှင့်ခေါင်း ပျော့ခွေသွားခဲ့ပြီးသည့်နောက် ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သိစိတ်အနည်းငယ်တို့သည် ပြန်လည်ကာ သတိဝင်လာခဲ့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများအားလုံးသည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ သရုပ်ဆောင်မှုသည် အမှန်ပင် စစ်မှန်လွန်းသည်ဖြစ်သောကြောင့် တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် ဝမ်းနည်းနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“မင်း… မင်း ငါ့တူလေးကို သတ်ခဲ့တယ်”

ကုထျန်းရှင်းသည် မည်သို့မျှမခံနိုင်တော့ချေ။ သူ၏ လက်ဝါးတွင် စွမ်းအင်များကို စုစည်းပြီးသည့်နောက် အော်ဟစ်လိုက်၏။

“သေစမ်း”

“အဖေ”

ကုကျောင်းရှစ်သည် ရုတ်တရက် သူ့အဖေကို အနောက်မှ သိုင်းဖက်ကာဖြင့်ပြောလိုက်မိ၏။ “စိတ်ကို အေးအေးထားပါ။ အလျင်မလိုပါနဲ့အုံး”

တစ်ဖက်လူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ မည်ကဲ့သို့သော စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ရမည်နည်း။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်၏ ဆံပင်နှင့်မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့၏။ သူမသည် ကိုင်ထားသည့် ဓားကိုအသာမြှောက်ပြီးသည့်နောက် သူမ၏ ဇက်ပေါ်သို့တင်လိုက်၏။ “ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့မယ်”

ဘုတ်

ဓားသည် လည်မြိုနားသို့ ရောက်ခါနီးသည့်အချိန်မှာတော့ လက်တစ်ဖက်သည် ဓားရိုးကို လာကာဆုပ်ကိုင် သည်။ “ကျုပ် အသက်ရှင်နေသေးတယ်”

ဘုတ်

ရှစ်ကျန်းရွမ်သည် ချက်ခြင်းပဲ ကျွင်းရှောင်ချောင်းကို တွေဝေငေးငိုင်စွာ ကြည့်ရှုလိုက်၏။

သူ့သား၏ တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ခြင်းကို ခံထားရသည့် ကုထျန်းရှင်းသည် ရုန်းကန်နေရင်းမှ ရုတ်တရက် ကြောင်အသွားခဲ့တော့၏။ တစ်ဖက်လူ၏ အသက်ဓာတ်များ လုံးဝကုန်ဆုံးသွားခဲ့သည် ဖြစ်ကြောင်းကို သူကရှင်းရှင်းလင်းလင်း သိရှိသည်။ အဘယ့်ကြောင့် ရုတ်တရက်ကြီး အသက်ပြန်ဝင် လာရသနည်း။

လက်ရှိအခြေအနေမှာတော့ ကုထျန်းရှင်းသည် သူ၏ မျက်စိထောင့်မှတဆင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များကို လှမ်းကာကြည့်ရှုလိုက်ကြ၏။ ၎င်းတို့အားလုံးသည် သူတို့၏ မူလတည်နေရာကို ပြန်လည်ရောက်ရှိသွားပြီး စောနတုန်းက ဘာတစ်ခုမှမဖြစ်ခဲ့သည့် ပုံပန်းသွင်ပြင်မျိုးပင်။

“ဂျူနီယာညီလေးကျိုးရဲ့ဓားပညာက တကယ့်ကို သပ်ရပ်ပြီးကောင်းမွန်လွန်းတယ်”

“အင်း... စကြဝဠာနတ်တိုက်ပွဲမှာတော့ တကယ့်ကို အမှတ်ကောင်းကောင်း ရနိုင်လိမ့်ထင်တယ်။ အခွင့်အရေး သာရမယ်ဆိုလို့ရင် ကျုပ် ဂျူနီယာညီလေးကျိုးနဲ့ လက်ရည်စမ်းလိုက်ချင်သေးတယ်”

အားလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုလျက်ရှိနေကြ၏။

ကုထျန်းရှင်းသည် ကြောင်တောင်တောင်နှင့် ခံစားနေမိကြသည်။ ကျွင်းချောင်ရှောင်းတစ်ယောက် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်းကို တပည့်များအားလုံးက သိရှိ၏။ ထို့ကြောင့်ပင်လျှင် ဝိုင်းဝန်းကာ ဇာတ်ပို့ ပေးခဲ့ခြင်းဖြစ်၏။ အကယ်၍ အကယ်ဒမီပေးပွဲသာလျှင်ရှိသည်ဆိုပါက ပြိုင်စံရှားဂိုဏ်းမှ တပည့်များ အားလုံးသည် ကျိန်းသေပေါက် အကယ်ဒမီရုပ်ထု ကိုရရှိရန် ထိုက်တန်ပေလိမ့်မည်။

......

ရှစ်ကျန်းရွမ်သည် သတိပြန်လည်ဝင်လာခဲ့၏။ ဓားနှင့်ထိုးခြင်းကိုခံလိုက်ရသည့် ကျွင်းချောင်ရှောင်းအား စွန်းပုကုံးသည် ပတ်တီးများ စည်းပေးနေ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဒဏ်ရာဆီမှ နာကျင်မှုကို တခါတရံ ရရှိနေ၏။ သူသည် အဆင်ပြေသည်ဆိုသော်လည်း ကျိန်းသေပေါက် နာကျင်မှုကိုတော့ ခံစားရ၏။ အထူးသဖြင့် အမှတ်သုံးခုကို အသုံးပြုပြီးသည့်နောက် အားနည်းလျက်ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပျော့ခွေလျက်ရှိနေသည်။

“အင်း ဒီအမျိုးသမီးကြောင့် ကိုယ့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား” ဟွာမင်ဟွေ့သည် အပြင်ဘက်မှ လျှောက်ဝင်လာကာမေးမြန်းလိုက်၏။

“.........”

ကျွင်းချောင်ရှောင်း၏စိတ်ထဲမှာအော်ဟစ်လိုက်မိ၏။ “ဟို စုမျိုးရိုးနဲ့ကောင်ကတော့ သတင်းဖြန့်လိုက်ပြန်ပြီနဲ့ တူတယ်”

လူတစ်ယောက် - ဤလူတစ်ယောက်၏ သတင်းဖြန့်လိုက်မှုကြောင့် သူသည် အထင်အမြင်လွဲမှားမှုမျိုးစုံကို ခံစားရပေတော့မည်။ လက်ရှိအခြေအနေမှာတော့ သူသည် စုရှောင်မိုကို အပြစ်တင်ရန်မှ လွဲ၍ တခြားလည်း မရှိချေ။ တစ်ဖက်လူသာ သတင်းမဖြန့်သည်ဆိုပါက သူ အေးအေးသက်သက်ဖြင့် နေထိုင်နိုင်စွမ်းရှိနေဦးမည်။

ယခု ဂိုဏ်းချုပ်သည် ရှစ်ကျန်းရွမ်အတွက် အသက်ကိုစတေးကာ ဓားနှင့်အထိုးခံလိုက်ရသည်ဆိုသော သတင်းက တစ်ဂိုဏ်းလုံးပျံ့နှံ့နေလောက်ပြီဖြစ်သည်။

“ဒါ ကျုပ်” ကျွင်းချောင်ရှောင်းသည် ပြောဆိုရန် တွန့်ဆုတ်လို့နေခဲ့၏။

“ရှင် ရှင်းပြစရာမလိုဘူး” ဟွာမင်ဟွေ့ကပြောလိုက်သည်။

“ရှင်က ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တာကို သတိရဖို့လိုအပ်တယ်။ ရှင်ထောက်ပံ့ပေးဖို့ လိုနေတဲ့ တပည့်တွေ အကုန်လုံး ဒီမှာရှိတယ်။ ဒီတော့ ကိစ္စတစ်ခုခုကို ပြုလုပ်တဲ့အချိန်မှာ သေသေချာချာ စဉ်းစား တွေးတောသင့်တယ်”

“.......”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် အခြေအနေကို အစောကြီးကတည်းက တွက်ချက် ခဲ့ပြီးသားဖြစ်၏။ ဤကဲ့သို့ အမှတ်မထင် ကိစ္စရပ်မျိုးသား မဖြစ်ပေါ်လာသည်ဆိုပါက သူ့အနေနှင့် သေသေချာချာ ကိုင်တွယ်နိုင်စွမ်းရှိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဟွာမင်ဟွေ့၏ အပြစ်တင်ခြင်းကို ကျိန်းသေပေါက် ခံရပေတော့မည်။

ဟွာမင်ဟွေ့သည် သူ့ကိုဆက်လက်ကာ မပြောဆိုခဲ့တော့ချေ။ ဒဏ်ရာအကြောင်း မေးမြန်းပြီးသည့်နောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

တရွေ့ရွေ့ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း ၏ ရင်ဘတ်သည် ပိုမိုကာနာကျင်လာခဲ့၏။

“ဂိုဏ်းချုပ်”

စွန်းပုကုံးသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ “ဆရာကတော် သဝန်တိုသွားပြီနဲ့တူတယ်”

“တော်စမ်း”

“ကောင်းပါပြီ”

..........

ည

နှင်းဆီဧကရီသည် အခန်းထဲတွင် တစ်ယောက်တည်းထိုင်လျက်ရှိနေပြီး ကောင်းကင်ယံထိ တစ်လက်လက် တောက်ပလျက်ရှိနေသည့် ကြယ်စုများကိုကြည့်နေ၏။ အချက်အလက်အားဖြင့် သူမသည် ပြိုင်စံရှားဂိုဏ်း တွင်း၌ နှစ်အတော်ကြာနေထိုင်ပြီးသည့်နောက် တပည့်များ ကျွင်းရှောင်ချောင်းနှင့် ရှစ်ကျန်းရွှမ်တို့အကြောင်း တီးတိုးပြောဆိုသည်ကို ကြားခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင်ထားခဲ့၏။

သူမ၏ ယောက်ျားသည် တခြားမိန်းကလေးတစ်ယောက်နှင့် ပတ်သက်ဆက်နွယ်နေသည်နှင့်ပတ်သက်၍ ဟွာမင်ဟွေ့မှာ ဘယ်တော့မှ သဝန်တိုလိမ့်မည်မဟုတ်ချေ။ ထို့ပြင် နားလည်လက်ခံပုံအရဆိုလျှင် သူမသည် နောက်မှ ရောက်ရှိလာသည့် လူတစ်ယောက်ဖြစ်၏။

သူမ မှတ်မိနေသေး၏။ ယခင် ကျွင်းချောင်ရှောင်းနှင့် လက်ထပ်ခဲ့စဉ်တုန်းတည်းက ကျွင်းချောင်ရှောင်းတွင် မိန်းမဘယ်လောက်ရှိရှိ ဂရုမစိုက်ဘူး သူမကိုယ်တိုင် ပြောဆိုခဲ့ဖူးသည်မဟုတ်ပါလား။ ထို့ပြင် ဟွာမင်ဟွေ့ သည် ဝိညာဉ်မျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် တွေးခေါ်ပြုမူပုံများ သည် လူသားများ နှင့် ခြားနားလို့နေ၏။ သို့ပေမဲ့ သူမသည် မိန်းမတစ်ယောက်သာလျှင် ဖြစ်သည်။

ဘုတ်

ထိုစဉ်မှာပဲ တစ်စုံတစ်ခု ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာ၏။ နှင်းဆီဧကရီသည် သတိပြန်ဝင်သွားခဲ့၏။ ထို့ကြောင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ နံရံ၏အောက်တွင် ရွံ့ကဲ့ သို့ပင် ခွေခွေလေးလဲနေသော ကျွင်းချောင်ရှောင်းကို တွေ့လိုက်ရ၏။ ထို့ကြောင့် အခန်းထဲမှ လျှောက်ထွက် ကာမေးမြန်းလိုက်၏။ “ရှင် ဘာလုပ်နေတာလဲ”

“ကျုပ်... ကျုပ် မတ်မတ်မရပ်နိုင်တော့လို့” ကျွင်းချောင်ရှောင်းသည် နာကျင်စွာဖြင့် ပြောလိုက်မိသည်။

ဟွာမင်ဟွေ့သည် ဆွံ့အသွားမိ၏။ “ဘယ်လိုဖြစ်ပြီးတော့ ဒီနံရံပေါ်ကို တက်လာရတာလဲ”

“အရင်ဆုံး မမေးပါအုံး” ကျွင်းချောင်ရှောင်းသည် မောပန်းစွာဖြင့် ပြောလိုက်မိ၏။ သူသည် ခန္ဓာကိုယ် တစ်ခုလုံးတွင်ရှိနေသော အားအင်များ တစ်စက်တလေပင်မရှိတော့သလို အားနည်းလျက်ရှိနေသည်။

......

နှင်းဆီဧကရီသည် ရှေ့ဆီသို့ လျှောက်ထွက်လာပြီးသည့်နောက် လက်နှစ်ဖက်နှင့် သိုင်းမလိုက်၏။ ပြီးနောက် ကျောက်ခန်းမထဲတွင်ရှိနေသော ကျောက်ခုံလေးပေါ်သို့ အသာတင်လိုက်သည်။ ပြီးနောက် သူမသည် သူ၏ ဘေးနားတွင် အသာထိုင်ချကာပြောလိုက်၏။ “ဘာလို့ လာရှာတာလဲ ပြောပါအုံး”

“ဒါက”

ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ “မင်း စိတ်ဆိုးနေတာလား”

“အင်း စိတ်ဆိုးတယ်”

“တကယ်တော့ ခန်းမသခင်ရှစ်နဲ့ ကိုယ်က မင်းတွေးထားသလိုမဟုတ်ပါဘူး။ မိတ်ဆွေရောင်းရင်းတွေပါပဲ”

“...........”

“မိတ်ဆွေတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီးတော့ ရပ်ကြည့်နေနိုင်မှာလဲ”

“.........”

“ဒီနေရာမှာ အသိစိတ်ပျောက်သွားတဲ့သူက မင်းဖြစ်နေမယ်ဆိုရင်လည်း နှောင့်နှေးခြင်းတစ်ချက်မရှိဘဲနဲ့ အသက်ကိုပေးပြီးတော့ သတိဝင်အောင် ပြုလုပ်ပေးမှာပဲ”

များပြားလှသော စကားလုံးများသည် ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲမှထွက်လျက်ရှိသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။

ခစ် ခစ်

နှင်းဆီဧကရီသည် ပါးစပ်ကိုအုပ်ကာကာ ရယ်မောလိုက်၏။

“ဟေး”

ကျွင်းချောင်ရှောင်းသည် ခပ်မာမာပြောလိုက်၏။ “ကိုယ် ဒီကိုလာပြီးတော့ တောင်းပန်တာလေ။ ဒီထက်ပိုပြီး မင်းလေးနက်ပေးလို့မရဘူးလား”

“ကျွန်မယောက်ျားက ကိစ္စတွေကိုစဉ်းစားတဲ့အချိန်မှာ သေသေချာချာမစဉ်းစားဘဲ ပြုမူဆောင်ရွက်တဲ့အတွက် နည်းနည်းလေး ဒေါသထွက်ရုံပါပဲ။ ဘယ်လိုဖြစ်ပြီးတော့ ခန်းမသခင်ရှစ်နှင့်ပတ်သက်တဲ့ အကြောင်းအရာတွေ လာပြီးရှင်းပြနေရတာလဲ” ဟွာမင်ဟွေ့ကပြောလိုက်သည်။

“........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

ဟွာမင်ဟွေ့သည် သူ၏ လက်မောင်းကို အသာမှေးမှီကာဖြင့် မေးလိုက်သည်။ “ယောကျ်ား... ကျွန်မ သဝန်တိုနေတယ်လို့ ထင်လို့လား”

“အင်း” ကျွင်းချောင်ရှောင်းသည် ဝန်ခံလိုက်မိ၏။

“ကျွန်မက အမြင်ကျဉ်းတဲ့လူတစ်ယောက်မဟုတ်ပါဘူး”

ဟွာမင်ဟွေ့ကပြောလိုက်သည်။ ပြီးတော့ “ကျွန်မ ယောက်ျားက မိန်းမတွေကို ခုံမင်တတ်တဲ့လူတစ်ယောက်မှ မဟုတ်တာ”

“ဒါတော့အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ကိုယ်က တခါတလေ အရှက်မဲ့ပြီးတော့ လုပ်ချင်ရာကို လုပ်တတ်တဲ့လူတစ်ယောက်ဆိုပေမဲ့ အထူးသဖြင့် ချောမောတယ်လေ။ ပြီးတော့ စိတ်ထားကောင်းလွန်းတယ်။ ပြီးတော့ ချစ်ခြင်မေတ္တာနဲ့ ပတ်သက်ရင် သစ္စာလည်း ရှိတယ်”

“အင်း ဒါကို ကျွန်မယုံကြည်ပါတယ်”

စနစ်ကပြောလိုက်သည်။ “အင်း... မင်းက ခံစားချက်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနေတယ်။ ဒီထက်လည်း ပိုပြီးတော့ တခြားသူကို ချစ်ခင်နှစ်သက်လို့ ရမှာမဟုတ်ပါဘူး”

“ဟွာမင်ဟွေ့”

ကျွင်းချောင်ရှောင်းသည် စားပွဲခုံကို အသာလက်နှင့်ထောက်ကာဖြင့် မတ်တပ်ထရပ် လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “ရှင်းရှင်းလင်းလင်းပြောပြမယ်။ နားထောင်ထား။ “ကိုယ်က သာမာန်လူ တစ်ယောက်ဖြစ်ပြီးတော့ ချိုသာတဲ့စကားလုံးတွေကို မပြောတတ်ဘူးဆိုပေမဲ့ ကိုယ့်ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတစ်ယောက်တည်းရှိတယ်။ တခြားမိန်းမအတွက် အခန်းလွတ်မရှိဘူး”

“ချီးထဲမှ” အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် စုရှောင်မိုသည် ရုတ်တရက် မျက်လုံးပြူးသွားမိ၏။

၎င်း၏ဘေးနားတွင် မတ်တပ်ရပ်လျက်ရှိနေသည့် အကြီးအကဲဝေသည် စိတ်ထဲမှာကြိတ်ကာ ရေရွတ်လျက် ရှိသည်။ ဒီစကားတွေကို ငါသင်ပေးထားတာမဟုတ်ပါဘူး။

All Chapters