အခန်း ၁၈၆၆
Vol. 125 Ch. 1866
အပိုင်း (၁၈၆၆)
ရှစ်ကျန်းရွမ်သည် အသိပြန်ဝင်ပြီးသည့်နောက် ရက်အနည်းငယ်ကြာသည်အထိ သတိလစ်မေ့မျောနေ၏။ ပြန်လည် နိုးထလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းအား ဓားနှင့်ထိုးနှက်ခဲ့သည့်အကြောင်းကို ပြန်လည်မှတ်မိခဲ့သည်။ ထို့ကြောင့် မထိန်းချုပ်နိုင်ပဲ မျက်ရည်များ ကျဆင်းနေမိ၏။
“ခန်းမသခင်”
သူမ၏ဘေးနားတွင် စောင့်ကြပ်လျက်ရှိနေသည့် ကျန်းစွန်းဖန်းဟွာသည် ပျော်ရွှင်စွာ ပြောလိုက်onf။ “နောက်ဆုံးတော့ နိုးလာပြီပဲ”
“အင်း.. ဂိုဏ်းချုပ်ကျွင်း အဆင်ပြေရဲ့လား”
“သူ အဆင်ပြေပါတယ်။ ဒေါင်ဒေါင်မြည်ပါပဲ”
“ကောင်းတယ်။ တော်သေးတာပေါ့။ ကောင်းတယ်” ရှစ်ကျန်းရွမ်သည် မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်၏။ သူမ၏ စိတ်ထဲတွင် မရင်းနှီးသေးသော မှတ်ဉာဏ်များ ဖြစ်တည်လျက်ရှိ၏။ သူမ၏ ဦးခေါင်းကို ကုတ်ဖဲ့နေသကဲ့ သို့ပင်။ ဤပုံရိပ်များသည် အမှန်ပင် ရှုပ်ထွေးလွန်းလှ၏။ အချိန်အတိုင်းအတာ တစ်ခုအတွင်း သေသေချာချာ ပြန်လည် စီစဉ်ပြီးမှသာလျှင် နားလည်နိုင်မည့်အရာမျိုး ဖြစ်လို့နေခဲ့သည်။
ကျွင်းချောင်ရှောင်းသည်သာ ရှစ်ကျန်းရွမ်၏ စိတ်ထဲသို့ ဝင်ရောက်ကြည့်ရှုခွင့်ရမည်ဆိုပါက ကျိန်းသေပေါက် ဆွံ့အသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယွမ်လောကကြီးကို သူအမွေမဆက်ခံခင်က မြင်ခဲ့ရသည့် ပုံရိပ်ယောင်ထဲမှ မြင်ကွင်းများသည် ထိုမှတ်ဉာဏ်ထဲတွင် ဖြစ်တည်နေခဲ့သောကြောင့်ပင်။ ကွာခြားမှုမှာ အနည်းငယ်တော့ ရှိနေ၏။
ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် ဘေးမှရပ်ကာ ကြည့်ရှုနေသည့် လူတစ်ယောက်ကဲ့သို့ မြင်ရခြင်းဖြစ်ပြီး ရှစ်ကျန်းရွမ်၏ စိတ်ထဲတွင် ပေါ်ပေါက်လျက်ရှိနေသည့် မှတ်ဉာဏ်များမှာတော့ ကိုယ်တိုင်ကြုံတွေ့နေရသကဲ့သို့ပင်။
အချက်အလက်အားဖြင့် မှန်ပေသည်။ ကုရွှမ်ယွမ် ထွက်ပြေးခိုင်းခဲ့သည့် မိန်းကလေး၏ မှတ်ဉာဏ်များပင်ဖြစ်၏။ သူမ သည် ရွှမ်ယွမ်နယ်မြေထဲမှ ထွက်ခွာသွားခဲ့ရပြီးသည့်နောက် စကြဝဠာထဲတွင် တစ်ယောက်တည်း လွင့်မျောနေခဲ့ သည်။ ပြီးနောက် သူမသည် ဓားသူတော်စင်ကွေ့ရှုနှင့် တွေ့ဆုံခဲ့ပြီး ကွေ့ရှုလောကဆီသို့ လိုက်ပါလာခဲ့၏။ လျှို့ဝှက်ခန်းထဲရှိ နံရံထဲတွင် ရွှမ်ယွမ်နတ်ဘုရားဓားကြီးအား သိမ်းဆည်းထားခဲ့၏။
“ဆရာက ပြောခဲ့တယ်။ ရွှမ်ယွမ်နတ်ဘုရားဓားကို ထိန်းချုပ်နိုင်ဖို့အတွက် အရမ်းကို တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိတယ်တဲ့။ ဖြစ်နိုင်တာ လောကကြီးမှာ ဒါကို အမွေဆက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးနဲ့ တူတယ်”
မဲမှောင်လျက် ရှိသည့် လျှို့ဝှက်ခန်းထဲမှာတော့ မိန်းကလေးသည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိပြီး သူမ၏ လက်ချောင်းများကို ကိုက်ကာ သွေးများနှင့်အတူ မျဉ်းကြောင်းများကို ရေးဆွဲလျက်ရှိ၏။
တစ်ရက်၊ နှစ်ရက် စုစုပေါင်း လေးဆယ့်ကိုးရက်တိတိ လျှို့ဝှက်ခန်းနှင့်ထောင့်တစ်နေရာထဲတွင် ကျောက်ချပ်များ စီစဉ်ထားခဲ့ပြီး ထိုကျောက်ချပ်များ၏ အပေါ်၌ သွေးရောင်အစီအရင်များ ဖန်တီးလျက်ရှိသည်။
မိန်းကလေးသည် သူမ၏သွေးများအားလုံးကို အသုံးပြုခဲ့ရပုံပေါ်သည်။ အလယ်ဗဟိုတည်နေရာတွင် အားအင် ကင်းမဲ့စွာဖြင့် လဲလျောင်းလျက်ရှိပြီး သူမ၏လက်သည် တည်နေရာတစ်ခုကို ထိတွေ့ကာဖြင့် အားပျော့စွာ ပြောလိုက်၏။
“ကျွန်မရဲ့ နောက်ဆုံး သွေးအမြူတေနဲ့ ဝိညာဉ်ကို အသုံးပြုပြီးတော့ နောက်ဘဝမှာ ရွှမ်ယွမ်နတ်ဘုရား နယ်မြေကို ဆက်ခံတဲ့ တစ်စုံတစ်ယောက်အဖြစ် ဖြစ်တည်ချင်တယ်”
ဝှစ်
သွေးရောင် အစီအရင်ကြီးသည် အသက်ဝင်သွားခဲ့၏။ မူလအားဖြင့် အလယ်ဗဟိုတွင် ရှိနေသည့် မိန်းကလေးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးသည့်နောက် ရွှမ်ယွမ်နတ်ဘုရားဓားထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုအလင်းတန်း နှင့်အတူ ထူးခြားလွန်းလှသော ဓာတ်သဘာဝတစ်မျိုးလည်း ပါဝင်လို့နေသည်။
ထိုဓာတ်သဘာဝများသည် ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ဓာတ်သဘာဝများပင် ဖြစ်၏။ သူမအား အချိန်တိုင်း ထပ်ကာတလဲလဲဆိုသလို အသိစိတ်ကင်းလွှတ်သွားစေသည့် ဓာတ်ဘဘာဝများလည်း ဖြစ်၏။
အလင်းတန်းနှစ်ခုတွင် တစ်ခုသည် ရေကဲ့သို့ နူးညံ့ကြင်နာလှပြီး တစ်ခုမှတော့ မီးကဲ့သို့ ကြမ်းတမ်းလှ၏။ အစတုန်းက တစ်ခုနှင့်တစ်ခု ခုခံထားခဲ့သည်ဆိုသော်လည်း တဖြည်းဖြည်းချင်း ပေါင်းစပ်ပြီးသည့်နောက် လျှို့ဝှက်ခန်းထဲမှ ပျံသန်းထွက်ခွာကာ စကြဝဠာထဲသို့ လွင့်မျောသွားတော့သည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဓားသူတော်စင်ကွေ့ရှုက သတိမပြုမိခဲ့ချေ။ လျှို့ဝှက်ကျောက်ခန်းထဲသို့ လျှောက်ဝင် လိုက်သည့်အချိန်မှာတော့ မြေပေါ်တွင်ရှိနေသော သွေးရောင်အစီအရင်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ဘာတစ်ခုမှ မဖြစ်ခဲ့သလိုပင်။ တခြားစကားနှင့် ပြောဆိုရမည်ဆိုလျှင် မိန်းကလေးသည် ဤအတိုင်း ထွက်ခွာသွား ခဲ့ခြင်း မဟုတ်ပေ။ သူမ၏အသက်ကို စတေးခဲ့ခြင်းသာလျှင် ဖြစ်၏။
ထို့ကြောင့် ကျန်းကွေ့ရှုတစ်ယောက် ဤနှစ်ပိုင်းအတွင်းတွင် မည်ကဲ့သို့ လိုက်ရှာ၊ လိုက်ရှာ ရှာဖွေမတွေ့ရှိခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လျက် ရှိနေမိခြင်းပင်။
ပေါင်းစပ်သွားသည့် ဓာတ်သဘာဝနှစ်ခုအကြောင်းကို ပြောဆိုရမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏ အက်ကွဲကြောင်းများကို ချိုးဖြတ်ပြီးသည့်နောက် စကြဝဠာထဲတွင် သွားရောက်ကာ လွင့်မျောနေခဲ့သည်။ ထိုအရာသည် အဆုံးအစမဲ့ လေဟာနယ်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် လွင့်မျောနေခဲ့၏။
တစ်ရက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ထိုအရာကို ရှာဖွေတွေ့ရှိပြီးနောက် ပြောလိုက်သည်။ “အင်း… ဒီနှစ်မွှာ စိတ်ဝိညာဉ်က အရမ်းကို ရှားပါးတယ်။ စကြဝဠာထဲမှာ လွင့်မျောနေတယ်ဆိုတာ မကောင်းတဲ့ကိစ္စရပ်ကြီး ဖြစ်သွား နိုင်တယ်။ ဒီတော့ အောက်နယ်မြေကိုသွားတာ အကောင်းဆုံးပဲ”
ဆွစ်
နတ်ဘုရားစွမ်းအင်များ၏ ဖုံးကွယ်မှုအောက်မှာတော့ ထိုနှစ်မွှာဝိညာဉ်တို့သည် အောက်စကြဝဠာထဲသို့ လွင့်မျော သွားခဲ့၏။ ထိုအရာသည် မှန်ကန်သည့်တည်နေရာကို ရောက်ရှိသွားခဲ့ပုံပေါ်၏။ ပြန်လည် မွေးဖွားနိုင်သည့် စွမ်းရည်လည်း တည်ရှိနေပုံပေါ်သည်။ အဆုံးသတ်မှာတော့ ဂြိုဟ်တစ်ခုဆီသို့ ကျဆင်းသွားပြီး သာမန်မိသားစုတစ်ခုဆီ၌ ပြန်လည်ကာ ဝင်စားတော့၏။
“အူဝဲ.. အူဝဲ”
ရွာတစ်ခုထဲတွင်တော့ ကလေးငယ်တစ်ယောက်၏ အော်ဟစ်ငိုယိုသံက ထွက်ပေါ်လာသည်။ “မွေးလာပြီ၊ မွေးလာပြီပဲ”
သားဖွားသူသည် ကလေးတစ်ယောက်ကို ချီလာပြီး ပြုံး၍ ပြောလိုက်၏။ “မိန်းကလေးပဲ”
ဤအရာကို မြင်ရပြီးသည့်နောက် ရှစ်ကျန်းရွမ်၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ သာမန် သက်လတ်ပိုင်းလူသည် ထိုကလေးအား ရှစ်ကျန်းရွမ်ဟု အမည်ပေးခဲ့ပြီး ထိုလူသည် သူမ၏ အဖေပင် ဖြစ်လေတော့သည်။
“ကလေးတွေ အမေ… ကျန်းရွမ်ရဲ့ မျက်လုံးတွေက အရမ်းကို ထူးဆန်းတယ်”
ကလေးမွေးဖွားခဲ့ပြီး ရက်အနည်းငယ် ကြာသည့်နောက်မှာတော့ သူမ၏ အဖေသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဖြစ်ကြောင်း သိရှိလိုက်မိ၏။ ဤကဲ့သို့ မွေးဖွားလာသည့်ကလေးသည် နတ်ဆိုးတစ်ပါး ဖြစ်သည် ဆိုသော သတင်းသည် တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့၏။
ရှစ်မောင်နှံတို့သည် သူတို့၏ နေ့ရက်တိုင်းကို သက်ပြင်းများချကာဖြင့် နေထိုင်ကုန်ဆုံးခဲ့ရသည်။ တစ်လခန့် ကြာမြင့် ပြီးသည့်နောက် ရှစ်ကျန်းရွမ်လေးသည် ရူးသွပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မိဘများသည် သူ့မအား စွန့်ပစ်ရန် ကြိုးစားခဲ့သောကြောင့်ပင်။
မှတ်ဉာဏ်ထဲမှာတော့ ကလေးလေးတစ်ယောက်သာ ရှိသေးသော ရှစ်ကျန်းရွမ်သည် ရက်အနည်းငယ် ကြာပြီးသည့်နောက် တောနက်ထဲတွင် စွန့်ပစ်ခြင်းကို ခံခဲ့ရ၏။ သူမသည် ကြင်နာတက်သည့် အမျိုးသမီးတစ်ယောက်၏ ခေါ်ဆောင်ခြင်းကို ခံရသည်အထိ ငိုယိုနေခဲ့ရသည်။ ထိုကြင်နာတတ် သည့် အမျိုးသမီး သည် မြောင်ဟွာခန်းမဆီသို့ ခေါ်ဆောင်လာပြီးသည့်နောက် သူမကို တပည့်အဖြစ် လက်ခံခဲ့၏။
ရှစ်ကျန်းရွမ်သည် ထိုနေရာတွင် နေထိုင်ခဲ့၏။ အသက်အရွယ်ကြီးပြင်းလာသည့်အချိန်မှာတော့ သူမ၏ မျက်လုံးများ သည် ပိုမိုကာ အမြင်အာရုံ ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လီအာရှိလို့နေခဲ့သည်။ လီအာသည် စီနီယာ ဖြစ်သည့် သူမအား တစ်ချိန်လုံး ကာကွယ်ပေးခဲ့ပြီး ကူညီစောင့်ရှောက်ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။
ကျွင်းချောင်ရှောင်းတစ်ယောက် ရှစ်ကျန်းရွမ်၏အနားသို့ နီးကပ်လာမည်ကို စိုးရိမ်တကြီးနှင့် တားဆီးခဲ့သည့် တပည့် သည် လီအာပင် ဖြစ်လေ၏။ နောက်ပိုင်းမှာတော့ ရှစ်ကျန်းရွမ်သည် တဖြည်းဖြည်း အရွယ်ရောက်လာခဲ့၏။ ပြီးနောက် ခန်းမသခင်ရာထူးကိုပင် ဆက်ခံခဲ့သည်။
အနှစ်ချုပ်ရမည်ဆိုလျှင် ဤအရာသည် ဇာတ်လမ်းရှည်ကြီးတစ်ခုသာလျှင် ဖြစ်တော့၏။ ရေကဲ့သို နူးညံ့ကြင်နာလှသည့် ဝိညာဉ်သည် မမြင်ရသည်ဖြစ်သော်လည်း မီးကဲ့သို့ ကြမ်းတမ်းလှသည့် ဝိညာဉ်မှာတော့ မြင်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ခန်းမသခင်ရှစ်သည် မိစ္ဆာကဲ့သို့ ပြောင်းလဲသွားသည့် အခြေအနေမျိုးတွင် မျက်စိမြင်နေရခြင်းပင်။
လက်ရှိ ရှစ်ကျန်းရွမ် လက်ခံရရှိလိုက်သော မှတ်ဉာဏ်များသည် မိမိကိုယ်ကို စတေးခဲ့သည့် မိန်းကလေးထံမှ ရရှိခဲ့သည့် မှတ်ဉာဏ်အစိတ်အပိုင်းများသာဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် တခြားသော ဓာတ်သဘာဝ ဝိညာဉ်တစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသေးသည်။
“ဒါဆိုရင် ငါက ဘယ်သူလဲ”
ရှစ်ကျန်းရွမ်သည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိ၏။ “ငါက အရင်တုန်းက ရှစ်ကျန်းရွမ်လို့ ခေါ်တယ်။ ငါ့ရဲ့ဆရာက ကုရွှမ်ယွမ်လား။ မဟုတ်သေးဘူး။ ငါ့မှာ တခြားတစ်ခု ရှိသေးတယ်”
သူမသည် ခက်ခက်ခဲခဲဖြင့် လက်ကို မြှောက်လိုက်၏။ လေထုထဲတွင်တော့ ရွှမ်ယွမ်နတ်ဘုရားဓားက ပေါ်ပေါက်လာ ခဲ့သည်။ “ဒီဓားရဲ့ လက်နက်စိတ်ဝိညာဉ်”
မှန်ပေ၏။ သူမ၏ ယခင်ဘဝမှ ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ထူးခြား လှသည့် ဓာတ်သဘာဝများသည် ရွှမ်ယွမ်နတ်ဘုရားဓား၏ လက်နက်စိတ်ဝိညာဉ်ပင် ဖြစ်လို့နေခဲ့၏။ အတိုချုပ် ပြောရမည်ဆိုလျှင် အတိတ်တုန်းက ရှစ်ကျန်းရွမ်သည် လက်နက်စိတ်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်ရန်အလို့ငှာ သူမကိုသူမ စတေးခဲ့ရ၏။
ကျွင်းချောင်ရှောင်းသည် လုံလောက်အောင် အားကောင်းလှလေသည်လား။ မှန်ပေ၏။ သို့ပေမဲ့ သူသည် ရွှမ်ယွမ် နတ်ဘုရားဓားကို ထိန်းချုပ်နိုင်ရန်အတွက် ကံကြမ္မာရေစက် မပါခဲ့ချေ။
ရှစ်ကျန်းရွှမ်မှာတော့ ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်တွယ်နိုင်စွမ်းရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ တခြားသော ဝိညာဉ်သည် လက်နက်စိတ်ဝိညာဉ် ဖြစ်နေသောကြောင့်ပင်။
………
“ခန်းမသခင်ရှစ်”
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် တံခါးကို တွန်းဖွင့်ကာဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့၏။ “ခင်ဗျား သတိရလာခဲ့ပြီ”
ဤကဲ့သို့သော စိတ်ပူနေသည့်အသံမျိုးသည် မိတ်ဆွေတစ်ယောက်ဆီမှ ထွက်ပေါ်လာသည့် အသံမျိုးဖြစ်၏။ တခြားသော အဓိပ္ပာယ်များ မပါဝင်ခဲ့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်က တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်။ အဲတုန်းက ကျွန်မ”
“အင်း.. အတိတ်ကို ထပ်ပြောစရာ မလိုတော့ပါဘူး”
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။ သူသည် ရင်ဘတ်ကို အသာဖိကိုင်ကာဖြင့် ရယ်မောလိုက်၏။ “ကျုပ်ရဲ့ခန္ဓာကိုယ်က အရမ်းအားကောင်းတယ်လေ။ ဘာမှ မဖြစ်ဘူး”
ဇွိ
ပတ်တီးသည် ပြေလျော့သွားပြီးသည့်နောက် သွေးများ ပန်းထွက်လာခဲ့သည်။
“သောက်ခွေး”
…….
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လက်နှင့်အသာဖိကာ ပြောလိုက်၏။ “ဟောခန်းသခင်ရှစ် ရွှမ်ယွမ် နတ်ဘုရားဓားကို အမွေဆက်ခံနိုင်တဲ့အတွက် ကျုပ်က လာပြီး ဂုဏ်ပြုတာပါ။ ပြီးတော့ စီနီယာကုရဲ့ ခုနှစ်စင်ကြယ် ဓားဆန္ဒကိုလည်း အမွေဆက်ခံခဲ့တယ်မလား”
“ကျွန်မ အမွေမဆက်ခံခဲ့ပါဘူး။ ဂိုဏ်းချုပ်ကျွင်း… ကျွန်မ အရင်ဘဝရဲ့တစ်ဝက်က အဲမိန်းကလေးဖြစ်ပြီးတော့ ကျန်တဲ့ တစ်ဝက်က ရွှမ်ယွမ်နတ်ဘုရားဓားရဲ့ လက်နက်စိတ်ဝိညာဉ်ဖြစ်နေတယ်”
“မိန်းကလေး၊ လက်နက်စိတ်ဝိညာဉ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အလို့ နေခဲ့သည်။
ရှစ်ကျန်းရွမ်သည် အိပ်ယာထဲမှ ထပြီးသည့်နောက် ရွှမ်ယွမ်နတ်ဘုရားဓားအား စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် သူမလက်ခံရရှိခဲ့သည် မှတ်ဉာဏ်များအကြောင်းကို ပြန်လည်ကာ ပြောပြလိုက်၏။
“……”
အားလုံး သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည်လည်း ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသည့်သူဖြစ်သလို သူ၏ညီငယ် ကုကျောင်းရှစ်သည်လည်း အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာသည့်သူဖြစ်၏။ ထို့ကြောင့် သူသည် ဤကဲ့သို့သော ကိစ္စရပ်မျိုးနှင့်ပတ်သက်၍ အံ့အားသင့်မှုတော့ မရှိချေ။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက် ပြောလိုက်၏။ “ကျွန်မက ပုံရိပ်ယောင်စိတ်ဝိညာဉ် နည်းစနစ်ကို အသုံးပြုပြီးတော့ ကိုယ့်ကိုယ်ကို စတေးခဲ့တယ်။ ပြီးတော့ ရွှမ်ယွမ် နတ်ဘုရားဓားရဲ့ လက်နက်စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ခဲ့တယ်။ ဒါမှ ဒီနေ့လိုမျိုး အစစ်အမှန် ဆက်ခံသူတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်မှာ ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့”
သူ့အား စူးစိုက်ကြည့်နေသည့် အမျိုးသမီးကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ “ကျုပ်တော့ မဟုတ်နိုင်ဘူးမို့လား”
“ရှင်ပါပဲ .. ရှင်ကလွဲပြီးဘယ်သူရှိလို့လဲ” ရှစ်ကျန်းရွမ်က ခေါင်းညိတ်လိုက်သည်။
ကျွင်းချောင်ရှောင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။
ရွှီး
ထိုအချိန်မှာပဲ ရှစ်ကျန်းရွမ်သည် ရွှမ်ယွမ်နတ်ဘုရားဓားကို အသာမြှောက်ကိုင်ကာဖြင့် ကျွင်းချောင်ရှောင်း၏ လက်ကောက်ဝတ်ကို တခြားလက်တစ်ဖက်ဖြင့် အသာလှမ်းဆုပ်လိုက်၏။ ပြီးနောက် ကျိန်ဆိုနေသည့်လေသံမျိုးဖြင့် ပြောလိုက်သည်။ “ဒီနေ့ကစပြီး လက်နက်စိတ်ဝိညာဉ်တစ်ယောက်အနေနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းနဲ့ သန္ဓေပဋိညာဉ်ကို ရေးထိုးမယ်”
ဝှစ် ဝှစ်
အခန်းထဲ၌ လေများ ပြင်းပြင်းထန်ထန်နှင့် တိုက်ခတ်လာပြီး ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ရှစ်ကျန်းရွမ်သည် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်တော့ ကြင်နာနေသည့် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူမသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီးသည့်နောက် အလင်းမှုန်များအဖြစ် ဖြစ်တည်ကာ ရွှမ်ယွမ်နတ်ဘုရားနှင့် ပေါင်းစပ်သွားခဲ့၏။ ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော သန္ဓေပဋိညာဉ် ရေးထိုးမှုကို စတင်ကာ ပြုလုပ်တော့သည်။
“ဒီမှာပဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ သန္ဓေလက်နက်က ဒါပဲ။ ပြီးတော့ ချီးတဲ့မှ… ပထမဦးဆုံး နှင်းဆီဧကရီနဲ့ ပေါင်းစပ်နိုင်တယ်။ အခု ခန်းမသခင်ရှစ်နဲ့ ပေါင်းစပ်သွားခဲ့ပြန်ပြီ။ မင်းက မိန်းကလေးနှစ်ယောက်နဲ့ ပေါင်းစပ်နိုင်တဲ့ ပထမဦးဆုံးလူသား ဖြစ်လာတာပဲ”