အခန်း ၁၈၆၈
Vol. 125 Ch. 1868
အပိုင်း (၁၈၆၈)
အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ
ကျွင်းချောင်ရှောင်းသည် အားမွေးရန် အထဲသို့ လျှောက်ဝင်သွားခဲ့၏။ အရှိန်အမြန်နှုန်းဖြင့် မြန်မြန်ဆန်ဆန် ပြန်လည်အားပြည့်အောင် ပြုလုပ်နိုင်သည် ဆိုသော်လည်း အရိုးသားဆုံး ပြောရလျှင် လက်ရှိအခြေအနေမှာတော့ ဒဏ်ရာများ ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှု မရှိသေးချေ။
"ကောင်းပြီ"
စနစ်က ပြောလိုက်၏။ "ဘာပဲပြောပြော အဆင်ပြေနေသေးတာပဲ"
ကျွင်းချောင်ရှောင်းအနေဖြင့် အထဲသို့ဝင်ကာ လေ့ကျင့်နေတုန်းမှာပဲ ကျန့်ကွေ့ရှုနှင့် သူ၏ နောက်လိုက်များသည် အနီးအနားရှိ တောင်တွင် နေထိုင်ရန် ရွေးချယ်လိုက်ကြပြီး ဌာနချုပ်တစ်ခုကို တည်ဆောက်နေကြသည်။
သူတို့နှစ်ယောက်သည် အတူတကွ အလုပ်လုပ်ရန် ပြင်ဆင်ခဲ့ကြပြီး ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်မည်ဟူသော အဓိပ္ပာယ်မျိုးတော့ မဟုတ်ချေ။ လီချင်းယန်နှင့် တောဝက်ရိုင်းများသည် အဆောက်အဦ များကို ဆောက်လုပ်ရန် တာဝန်ယူထားကြ၏။ ၎င်းတို့သည် အတွဲညီလှသူမို့ တစ်ညအတွင်းမှာပဲ ကြီးမားလှသည့် အဆောက်အဦကြီးကို တည်ဆောက်ပြီးသွား၏။
"အံ့အားသင့်စရာပဲ" ကျန့်ကွေ့ရှုက ပြောလိုက်သည်။
"စီနီယာ ဓားသူတော်စင်"
ယွမ်သခင်လေးသည် အထဲသို့ လျှောက်ဝင်လာပြီး ပြုံးကာပြောလိုက်၏။ "ဒီ မဟာမိတ်အဖွဲ့တွေရဲ့ အရေအတွက် နဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို သေသေချာချာ သိရှိဖို့လိုတယ်လို့ ဂိုဏ်းချုပ်က အမိန့်ပေးထားပါတယ်"
"ကောင်းပြီ"
ကျန့်ကွေ့ရှုသည် ပူးပေါင်း ပါဝင်လိုက်ရ၏။ တကယ်တမ်းမှတော့ ကျွင်းချောင်ရှောင်း ရွှမ်ယွမ်နတ်ဘုရားဓားကို အမွေဆက်ခံခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့သည် မဟာမိတ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကုရှန်ယွမ်၏ အမွေကို ဆက်ခံသူဖြစ်သောကြောင့် အကောင်းဆုံး ပူးပေါင်းပါဝင်ပေးရမည် ဖြစ်သည်။
ဓားမဟာမိတ်အဖွဲ့
ထိုမဟာမိတ်အဖွဲ့အား လွန်ခဲ့သည် နှစ်ပေါင်းများစွာတည်းက တိတ်တဆိတ် တည်ထောင်ထားခဲ့ခြင်း ဖြစ်၏။ ဓားလမ်းစဉ် ကို လျှောက်လှမ်းသည့် ဓားသမားများနှင့် ဖွဲ့စည်းထားသောကြောင့် ဓားမဟာမိတ်အဖွဲ့ဟု အမည်ပေးထားခြင်း ဖြစ်၏။
ကျန့်ကွေ့ရှုသည် တံခါးပိတ်ကျင့်ကြံနေသည်ဟု အားလုံးက ထင်မှတ်ထားခဲ့၏။ အချက်အလက်အားမှာတော့ သူသည် ဓားမဟာမိတ်အဖွဲ့ကို တိုးတက်အောင် အကောင်းဆုံး ကြိုးစားနေခြင်းသာ ဖြစ်၏။ လက်ရှိအချိန်မှာတော့ တပည့်သုံးထောင်ခန့်ပင် ရရှိနေပြီး အားလုံးသည် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။
ထို့အပြင် ဓားကျင့်ကြံသူများဖြစ်သည်မို့ ၎င်းတို့၏ ပင်ကိုစွမ်းရည်များသည် ပြောနေစရာပင် မလိုအပ်ချေ။ အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် ရှိလို့နေခဲ့၏။ ဓားကျင့်ကြံသူများသည် ဓားကိုသာ ကျင့်ကြံခဲ့ကြ၏။ ၎င်းတို့သည် တစ်ယောက်ခြင်း တိုကိခိုက်နိုင်ရုံသာမက များပြားလှသော ဓားအစီအရင်များကိုလည်း အဖွဲ့လိုက် ဖန်တီးကာ တိုက်ခိုက်နိုင်ကြ၏။ ထို့ကြောင့် ၎င်းတို့၏ အားအင်အဆင့်သည် တစ်အပေါင်းတစ် ညီမျှခြင်း နှစ်ဟု မရိုးရှင်းလှချေ။
ကျန့်ကွေ့ရှုသည် ကျွင်းမဟာမိတ်အဖွဲ့ဆီသို့ ဝင်ရောက်ခဲ့၏။ ထို့အရာသည် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို ပိုမိုကာ တိုးတက်စေခဲ့၏။
"ဘာပဲပြောပြော ယုံကြည်ချက်ရှိလာပြီ" ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာပြောလိုက်မိသည်။
"ဂိုဏ်းချုပ်ကျွင်း"
ကျန့်ကွေ့ရှုသည် ့် အထဲသို့ လျှောက်ဝင်လာပြီး မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုး အင်ပါယာက သူ့ရဲ့စစ်သူကြီးရှစ်ဦးထဲက တစ်ယောက်ကို စေလွှတ်လိုက်မှာ စိုးရိမ်မိတယ်"
"စစ်သူကြီးရှစ်ယောက်အကြောင်း ပြောရမယ်ဆိုရင် "
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ဦးလေးကုဆီက ကြားခဲ့တာက စီနီယာအနေနဲ့ တစ်ဖက်က ကျားလော်ဆိုတဲ့ စစ်သူကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြားခဲ့တယ်"
"အမှန်ပဲ"
"သူ့ရဲ့ အားအင်အဆင့်က ဘယ်လောက်လဲ"
"အရမ်းအားကောင်းတယ်"
ကျန့်ကွေ့ရှု၏ အမူအရာသည် လေးနက်သွားခဲ့သည်။ သူက ပြောလိုက်၏။ "ကျုပ်အနေနဲ့ တန်ပြန်တိုက်ခိုက်ချိန်တောင် မရလိုက်ဘူး"
ရှစ်ကျန်းရွှမ်တစ်ယောက် အသိစိတ်မေ့နေသည့် အချိန်တွင် စီနီယာကွေ့ရှု တစ်ယောက် ဝင်ရောက် မတိုက်ခိုက်ခဲ့သည့်အတွက် ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျနေမိ၏။ သို့ပေမဲ့ သူ မသိရှိထားသည်မှာ စီနီယာကွေ့ရှုသည် ဒဏ်ရာရနေသောကြောင့် တိုက်ခိုက်မှု အားအင်အဆင့်သည် ယခင်ကလောက် မကောင်းမွန်တော့ခြင်းပင်။
ကျန့်ကွေ့ရှုက ပြောလိုက်သည်။
"အဲဒီလူက ကျားလော့မျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ သူက ရက်စက်ပြီး သွေးဆာလောင်တတ်တဲ့ လူတစ်ယောက်ပဲ။ အရမ်းကို အန္တရာယ်ကြီးတဲ့ သတ္တဝါတစ်ကောင်လို့ ပြောရမယ်"
ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ အခွင့်အရေးရရင် ကျုပ်သူနဲ့ လက်ရည်စမ်းနိုင်လိမ့်မယ်။
သူ့အနေဖြင့် ရွှမ်ယွမ်နတ်ဘုရားဓားကို အမွေဆက်ခံခဲ့သည် ဆိုသော်လည်း မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်မှတ်ချေ။ ထို့ကြောင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များ နှင့် စတင်ကာ တိုက်ခိုက်ရပေလိမ့်မည်။
“ဒင် …. သီးခြားတာဝန် အသက်ဝင်"
"တာဝန်ရောက်လာပြီးလား"
ကျွင်းချောင်ရှောင်းသည် စနစ်ကိုဖွင့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်များပင် တုန်ယင်သွားခဲ့၏။
သီးခြားတာဝန်၏ အကြောင်းအရာသည် "ကျေးဇူးပြု၍ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက် စစ်သူကြီး ရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကျားလော်စစ်သူကြီးအား သုတ်သင်ရှင်းလင်းပြစ်ရန်။ ၀ /၁"
ဤအဓိပ္ပာယ်သည် အမှန်ပင် ကြမ်းတမ်းလွန်းလှချေ၏။ အနိုင်ယူရန်သာ မဟုတ်ဘဲ သုတ်သင်ရှင်းလင်းပြစ်ရပေလိမ့်မည်။
ကျန့်ကွေ့ရှု ခန့်မှန်းသည်မှာ မှန်ပေ၏။ မိုးကောင်းကင်အင်ပါယာသည် သူ၏ အောက်ဆွဲ ရှစ်ယောက်ထဲမှ တစ်ယောက်ကို သူ့အား သတ်ဖြတ်ရန် စေလွှတ်ခဲ့လေသည်။
ဟမ့်
စနစ်သည် ပြောလိုက်၏။ "ကြိုပြီးတော့ပြောပြနေပြန်ပြီ …. တာဝန်ဆိုတာက ဒီလိုပြောပြတာ အကျင့်ဖြစ်နေပြီထင်တယ်"
"စီနီယာ …”
ကျွင်းချောင်ရှောင်းသည် မေ့စေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကျားလော်ဘုရင်နဲ့ တိုက်ခိုက်ဖို့ ကျုပ်ဆီမှာ အားအင်ရှိတယ်ထင်လား"
"ဒါက"
ကျန့်ကွေ့ရှုသည် ခနလောက် တိတ်ဆိတ်ပြီးနောက် ပြောလိုက်၏။ "ပြောဖို့တော့ ခက်တယ်"
ရွှမ်ယွမ်နတ်ဘုရားဓားသာ မရှိပါက ကျွင်းချောင်ရှောင်းသည် တစ်စက်ကလေးမှ အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ချေ။ သို့ပေမဲ့ ဓားကို အမွေဆက်ခံခဲ့ပြီး ဓားဆန္ဒနှင့် ဓားနည်းစနစ်ကိုပါ ရရှိခဲ့သည် ဖြစ်သောကြောင့် စောင့်ကြည့်မှသာလျှင် သိနိုင်ပေလိမ့်မည်။
"ကျုပ်"
ကျွင်းချောင်ရှောင်းသည် ထရပ်ကာ ပြောလိုက်၏။ "တစ်ဖက်လူရဲ့ခေါင်းကို ယူပြီးတော့ အထက်နယ်မြေတစ်ခုလုံးကို ကယ်တင်နိုင်တဲ့ သူရဲကောင်းက ဘယ်သူဖြစ်ကြောင်း ပြသမယ်"
"အလျင်မလိုနဲ့"
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "မင်းရဲ့ လက်ရှိအားအင်အရဆိုရင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို တစ်ချက်ကလေးမှ တုန်လှုပ်စေမှာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် ထိုအရာနှင့် ပတ်သက်၍ သဘောတူညီ၏။ သို့ပေမဲ့ ကျားလော်ဘုရင်ကိုတော့ တိုက်ခိုက်ချင်မိ၏။ အဘယ့်ကြောင့်ဆိုသော် သူ့အနေဖြင့် အနိုင်မယူနိုင်လျှင် ထွက်ပြေးနိုင်စွမ်း ရှိနေ၏ သတ်ဖြတ်ပြီးလျှင်လည်း ပုန်းအောင်းနေနိုင်၏။ ဘာပဲပြောပြော မိုးကောင်းကင် အင်ပါယာသည် သူ့အား ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
ကျန့်ကွေ့ရှုသည် တစ်စုံတစ်ခုကို တွေးမိကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ရွှမ်ယွမ်နတ်ဘုရားဓားကို သုံးပြီးတော့ အထက်နယ်မြေတစ်ခုလုံးမှာ ပြန့်နေတဲ့ ဓားကျင့်ကြံသူတွေကို ပြန်ခေါ်လို့ရသေးတယ်"
"ဟမ့် …. ထွက်ပြေးသွားတဲ့ လူတွေလား"
ထိုအချိန်တုန်းက ကုရှန်ဝမ်တစ်ယောက်တည်းလျှင် ဂြိုဟ်တစ်ခုလုံးကို အသက်ပေးကာကွယ်ခဲ့သူ ဖြစ်ပြီး တခြား ကျင့်ကြံသူများမရှိကြချေ။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် ထိုသူများကို အထင်သေးမိသည်။
"သူတို့ကို အပြစ်မတင်နဲ့"
ကျန့်ကွေ့ရှုသည် သူ၏ခံစားချက်ကို နားလည်၏ ထို့ကြောင့် ဖြန့်ဖြေသလိုပြောလိုက်၏ ။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာက အရမ်းကို အားကောင်းတယ်လေ။ ဒီတော့ ဒေသခံ သိုင်းကျင့်ကြံသူတွေက ဆက်မနေရဲတော့ဘူး။ ပြီးတော့ ဂြိုဟ်တစ်ခုလုံးက ဖျက်စီးခံလိုက်ရမှာ မဟုတ်လား။ ထွက်ပြေးသွားကြတာက စီနီယာကုရဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်"
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
စနစ်က ပြောလိုက်သည်။ "လက်ခံသူသာ ကိုယ်မတိုက်ခိုက်နိုင်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်နေရရင် တပည့်တွေကို တိုက်ခိုက်ခိုင်းမှာလား ဒါမှမဟုတ် ထွက်သွားခိုင်းမှာလား"
"ထွက်သွားခိုင်းမှာပေါ့"
"ဒါဆိုရင် ထွက်ခွာသွားတဲ့ သိုင်းကျင့်ကြံသူတွေကို ဘာလို့ မထင်သေးနေရတာလဲ"
"…….."
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ထွက်ခွာသွားသည့် သိုင်းကျင့်ကြံသူများသည် မှန်ပေ၏။ သို့ပေမဲ့ စနစ်သည် ကျွင်းချောင်ရှောင်းကိုသာ မေးမြန်းခဲ့ခြင်း ဖြစ်၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်တစ်ယောက်ချင်းစီကိုသာ လိုက်လံမေးမြန်းပါက အဖြေသည် တစ်ခုတည်းသာလျှင် ဖြစ်ပေလိမ့်မည်။
`ပြိုင်စံရှားဂိုဏ်း တည်ရှိလျှင် လူများ တည်ရှိမည်။ ပြိုင်စရှားဂိုဏ်း သေဆုံးလျှင် လူများ သေဆုံးပေလိမ့်မည်။’
တစ်နေ့တွင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ထာဝရလောကထဲသို့ ရောက်ရှိလာပြီး ရေတွက်၍ မရအောင် များပြားလှသော ရွက်သင်္ဘောများနှင့် ဝိုင်းကာ တိုက်ခိုက်မည် ဆိုပါက ကျွင်းချောင်ရှောင်း တစ်ယောက်တည်းသာ ရင်ဆိုင်ရမည် မဟုတ်ဘဲ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များပင်မက အိမ်သာဆေးခြင်းကို တာဝန်ယူထားရသော တပည့်များပါ ဝင်ရောက်တိုက်ခိုက်မှာ သေချာ၏။
ဟုတ်ပေသည်၊ ဤအရာသည် အကယ်၍သာဖြစ်၏။
လအနည်းငယ် ကြာပြီးနောက် ကျွင်းချောင်ရှောင်းသည် အချိန်နှင့် တည်နေရာလျို့ဝှက်နယ်မြေထဲမှ အပြင်ဖက်သို့ လျှောက်ထွက်လာခဲ့၏။ အဆင့်မြင့်တင်ထားသော စည်းဓားမော့ကြီးကို အသုံးပြုပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ဘေးထွက်ဆိုးကျိုးသည် ဤမျှလောက် ကြီးမားမည်ဟု သူ မထင်ထားခဲ့ချေ။ လူများသည် ပျော်ရွှင်နေသည့် အချိန်တွင် ကိုယ်ရောစိတ်ပါ ကြည်လင်နေတတ်ကြသည်။ အပြင်ဖက်ခြံဝန်းဆီသို့ လှမ်းလျှောက်ရင်း ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် တောက်ပလျက် ရှိနေသည်။
"ဂိုဏ်းချုပ် သတိထားအုံး…..”
ဘောလုံးတစ်ခုသည် မထင်မှတ်ထားသည့် နေရာဆီမှ ပျံသန်းရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည် ဘောလုံးကို ရင်ဘတ်နှင့် အသာ ထိန်းလိုက်ပြီးနောက် သိုင်းလေ့ကျင့်ရေး ကျွင်းပြင်ရှိ တပည့်များကို လိမ်ခေါက်ကာ ဂိုးပါသွင်းလိုက်သေး၏။ ပြီးနောက်သူသည် ဒူးဖြင့် လျှောတိုက်ကာ အောင်ပွဲခံလိုက်သေး၏။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ လီချင်းယန်က အသံပို့လွှတ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ”
“တပည့်တို့ ပုန်းအောင်းတဲ့ တည်နေရာနားမှာ လူတစ်ယောက် စောင့်နေတယ်။ ထွက်မသွားဘဲ ရပ်နေတာ တော်တော်ကြာပြီ"
ဟမ်
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းသို့ မြန်မြန်သွားပြီးနောက် အပြင်ဖက်လောကနှင့် ချိတ်ဆက်လျက် ရှိနေသည့် ကြယ်မြေပုံကို ကြည့်ရှုလိုက်၏။ ထာဝရလောကကြီးသည် ပျောက်ကွယ်နေသည် ဖြစ်သော်လည်း တကယ်တမ်းမှာတော့ အလင်းမှုန်တစ်ခုကဲ့သို့ စကြာဝဠာထဲ လွင့်မျောနေခြင်းသာ။
"ဂိုဏ်းချုပ်ကျွင်း"
ကျန့်ကွေ့ရှုသည် ထမင်းကြော်ပန်းကန်ကို ကိုင်ကာဖြင့် လျှောက်ဝင်လာခဲ့၏။ သူသည် ပလုပ်ပလောင်း စားနေရင်းမှ ပြောလိုက်၏။ "ကျုပ်တို့ကို လာရှာတာပဲ ဖြစ်ရမယ်"
"မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ နောက်လိုက် ကောင်းကင်နဂါး စစ်သူကြီး ဆိုတာလား"
"အမှန်ပဲလေ"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယမ်းခါကာဖြင့် ပြုံးကာပြောလိုက်၏။ "ကျုပ်ရဲ့ဓားကို စမ်းသပ်ဖို့ အချိန်ရောက်လာပြီပဲ"