နဂါး၏နှာလေ
Vol. 130 Ch. 1811
ရှီမာယူယူနှင့် မုရုန်ဟွေ့တို့အဖွဲ့သည် သားရဲပျံပေါ်ထိုင်ပြီး ယွိမြို့တော် ကြီးဆီသို့ အမြန်ပင် ဦးတည်လာခဲ့ကြသည်။
မုရုန်ဟွေ့သည် ရှီမာယူယူကို ကြည့်နေသည်။ သူသည် စကားပြောတော့ မည်အလုပ်တွင် အကြိမ်ပေါင်းများစွာ တန့်သွားသည်ပုံပေါ်သည်။
ရှီမာယူယူသည် သူ၏ ကသိကအောင့်အပြုအမူကို မြင်သောအခါ တိတ်တဆိတ် စာမဖတ်နိုင်တော့ဘဲ ခေါင်းမော့ကာ မေးလိုက်သည် “အဖေ ပြောစရာရှိလို့လား”
“သမီး တကယ်ပဲ တယွိမြို့တော်ကို သွားမလို့လား” မုရုန်ဟွေ့ မေးလိုက် သည်။
ရှီမာယူယူသည် စာအုပ်ကို ချထားလိုက်သည် “ဒီကိစ္စကို ထွက်မလာခင် ကတည်းက ဆွေးနွေးပြီးပြီမလား”
“ဒါပေမဲ့ တယွိမြို့တော်အကို နီးလာလေလေ ပိုပြီးစိတ်မအေးလေလေပဲ” မုရုန်ဟွေ့သည် စိုးရိမ်တကြီး ပြောသည် “သမီး လျောင်မြို့ကိုပြန်သွားလိုက်တာ ကောင်းမယ်ထင်တယ်… ကြင်ယာတော်မင်းသမီးက အရင်က သတင်းပို့လာဖူး တယ် သူမက မိုမျိုးနွယ်ကို သဘောတူလိုက်ပေမဲ့ အဲဒါက လျောင်မြို့မှာပဲ မလုပ်ပါဘူးဆိုတဲ့ကတိပဲ… ဒါပေမဲ့ သမီးကလျောင်မြို့ကနေ ထွက်လာခဲ့ပြီ ဒါက သဘောတူထားတာထက် ကျော်သွားပြီလေ… ကြင်ယာတော်မင်းသမီးရဲ့ နောက်ခံကိုလည်း သိရဲ့သားနဲ့… မင်းသားတောင် သူမကို ထိန်းချုပ်လို့မရဘူး”
“သမီး သိပါတယ် အဖေ… သမီးသွားလိုက်ရင် ကြင်ယာတော်မင်းသမီးက လက်တုံ့ပြန်မှာကို အဖေစိတ်ပူနေတာ… ဒါပေမဲ့ အတူတူပဲလေ သမီးလည်း အဖေ့ကိုစိတ်ပူတယ်” ရှီမာယူယူ ပြောလိုက်သည် “သမီးမသွားရင် အဖေက ကြင်ယာတော်မင်းသမီးရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်… အဖေ သမီးလည်း အဖေ့ ကို ပြဿနာမဖြစ်စေချင်ဘူး”
မုရုန်ဟွေ့သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူတို့သည် ထွက် မလာခင်ကလည်း စကားပြောခဲ့ကြသည်။ သို့သော် ရှီမာယူယူ ထိုစကားကို မပြောခဲ့ပေ။ သူမဘာသာ ကာကွယ်နိုင်သည့် အစွမ်းအစရှိသည်ဟုသာ သူမ ပြောခဲ့သည်။
“အဖေ ကြင်ယာတော်မင်းသမီးက သမီးကိုအမှောင်ထဲကနေ စောင့်ကြည့်နေမှာပဲ… သမီးကို အခုပြန်ခိုင်းလို့မရတော့ဘူး အခုပြန်လိုက်ရင် အလိုက်ခံရမှာပဲ” ရှီမာယူယူ မျက်တောင်ခတ်လေသည် “ဒီအကြောင်းကို ဆက် ပြီးဆွေးနွေးချင်တာ သေချာရဲ့လား”
မုရုန်ဟွေ့၏ စကားများကို သူမ ပိတ်ပြောလိုက်သည်။ သူမ ခေါင်းခါပြီး သူမကို ပြန်ပို့မည့်အကြောင်း ဖျောင်းဖျသည်ကို ရပ်တန့်လိုက်သည်။
အမှန်တကယ်တော့ သူမ ပြောသည်မှာ မှန်သည်။ သူတို့၏ အခြေအနေ ကို စောင့်ကြည့်နေသည့်လူများ ရှိသည်။ သူမ အဖွဲ့မှခွဲထွက်သည်နှင့် သူမသည် ထိုလူများ၏ တိုက်ခိုက်ခြင်းကိုခံရလိမ့်မည်။
“အဖေ စိတ်မပူပါနဲ့ သမီးတို့မသွားခင်ကို ယွမ်ယွမ် ဆက်သွယ်လာတယ် နှစ်ရက်အတွင်းကို မိုကျိကလည်း တယွိမြို့တော်ကိုသွားလိမ့်မယ်… သူ သမီး ကိုကာကွယ်တဲ့အချိန်ဆိုရင်တော့ အဖေ ပြိုင်ပွဲကို အာရုံစိုက်လို့ရပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သမီးက လွန်ခဲ့တဲ့ ၂ နှစ်ကလိုမျိုး အနိုင် ကျင့်ခံတော့မယ့်လူမဟုတ်ဘူး… သမီးရဲ့ အားကိုပြရရင်တောင် ပစ်မှတ်ထားခံ ရမှာကို မကြောက်တော့ဘူး”
“ပြောရင်းနဲ့ အဖေမသိလို့ သမီးရဲ့လက်ရှိ စွမ်းအားဘယ်လောက်ရောက် ပြီလဲ” မုရုန်ဟွေ့သည် ရှီမာယူယူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ရောင်ဝါမှာ ပို၍ အားကောင်းလာသည်ကို မြင်ရသော်လည်း တိကျသော စွမ်းအားအမှန်ကိုတော့ မမြင်ရပေ။ သူမ၏ စွမ်းအားကို ဖုံးကွယ်ရန် မည်သည့် နည်းလမ်းသုံးထားသည်ကို သူ မသိတော့ပေ။
“အင်း… အချိန်တန်ရင်တော့ သိလာမှာပါ” ရှီမာယူယူသည် သူ၏ စွမ်းအားအကြောင်းကို သူ့ကိုပြောရန် ရည်ရွယ်ချက်မရှိပေ။ သူမ သူ့ကို မယုံ ခြင်းကြောင့်မဟုတ်ဘဲ ပြောလိုက်လျှင် ခြောက်လှန့်သလိုဖြစ်မည်စိုး သောကြောင့်ဖြစ်သည်။ ဒါက သူ့အတွက် ယုံကြည်ရခက်သွားစေနိုင်တယ်လေ။
သို့သော် သူမ လျှို့ဝှက်နေလေလေ မုရုန်ဟွေ့သိချင်လေလေဖြစ်သည်။ သူသည် စိတ်ထဲမှာ ယားကျိယားကျိဖြစ်လာသည်။
ထိုအချိန်တွင် အပြင်မှမုရုန်လင်းသည် သူတို့နှစ်ယောက်ကို အလေး အနက်ထား ကြည့်လေသည် “သခင်မလေး သခင် အခြေအနေတစ်ခုရှိ တယ်”
ရှီမာယူယူနှင့် မုရုန်ဟွေ့တို့နှစ်ယောက်လုံး ထရပ်လိုက်ကြသည် “ဘာ ကိစ္စလဲ”
“ကျွန်တော်တို့ အဝိုင်းခံနေရပြီ” မုရုန်လင်း ပြောလိုက်သည် “ကြင်ယာ တော်မင်းသမီးက မစောင့်နိုင်ဘဲ လုပ်ချလိုက်ပြီ”
“သူမက မင်းသားကို ရင်ဆိုင်ချင်လို့လား” ရှီမာယူယူ တအံ့တဩ ပြော လိုက်သည် “သူမ အခုလုပ်လိုက်ရင် တစ်ဖွဲ့လုံးပါသွားမှာ… ပြည်နယ်ပြိုင်ပွဲမှာ တစ်ခုခုဖြစ်သသွားရင် မင်းသားကို သူမ ဘယ်လိုရှင်းပြမှာလဲ”
တိုင်းပြည်၏ စည်းမျဉ်းများအရ ပြည်နယ်ပြိုင်ပွဲမတိုင်ခင်တွင် ပြိုင်ပွဲဝင် များအားလုံးကို ကာကွယ်ရမည်။ ပြိုင်ပွဲကို အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စ လုပ်လိုက်ပါက တိုင်းပြည်က အပြစ်ပေးခြင်းကိုခံရမည်။
“ကြည့်ရတာ ကြင်ယာတော်မင်းသမီးရဲ့အားက တော်တော်လေး တိုးလာ တာပဲ အဲဒါကြောင့် သူမက တိုင်းပြည်ရဲ့စည်းမျဉ်းတွေတောင် လျစ်လျူရှုနိုင် တာပဲ” မုရုန်ဟွေ့ ပြောလိုက်သည်။
“နောက်တစ်မျိုးပြောရရင် ကျွန်မကိုမုန်းတဲ့အမုန်းကို သူမ မအောင့်နိုင် တာပဲ… ကျွန်မ လျောင်မြို့ကထွက်လာပြီဆိုတာကို သူမ သိတာနဲ့ သတ်ဖို့ကို မစောင့်နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အမိန့်ကိုပြောလိုက် မင်းတို့အားလုံး သူတို့ကိုသတ်လို့ရတယ်… ငါတို့က သူမကို ကြောက်နေတယ်လို့ မထင်လိုက်နဲ့… ဒီနေ့ကိစ္စကို မင်းသားရှေ့မှာ ရှင်းမယ်ဆိုရင်တောင် ငါတို့က အကျိုးအကြောင်းသင့်တယ်” မုရုန်ဟွေ့ အမိန့် ပေးသည်။
“ဟုတ်ကဲ့ပါ သခင်” မုရုန်ဟွေ့သည် အမိန့်ကိုလက်ခံပြီး အပြင်ထွက်ကာ တပ်သားများကို ပြောလိုက်သည်။
မကြာမီတွင် လုပ်ကြံသူများပေါ်လာပြီး တပ်သားများလည်း စကား အပို မပြောတော့ဘဲ တိုက်ခိုက်လေတော့သည်။
ရှီမာယူယူနှင့် မုရုန်ဟွေ့တို့သည် ရထားလုံးပေါ်တွင် ထိုင်မနေတော့ဘဲ တံခါးကိုဖွင့်ကာ ထွက်ခဲ့လိုက်ကြသည်။
ထိုအချိန်တွင် သူတို့သည် လေပေါ်တွင်ရှိနေကာ သားရဲနှစ်ကောင်ပေါ်မှ အခန်းများ ပျက်စီးသွားသည်မှာ တိုက်ပွဲပြင်းထန်ပုံကိုပြသနေသည်။
ရှီမာယူယူသည် လက်ကောက်ဝတ်မှ အကောင်လေး၏ အကြံကို အာရုံခံ မိသဖြင့် သူ့ခေါင်းကိုထိပြီး မေးလိုက်သည် “မင်း ကစားချင်လို့လား”
မဟူရာသည် အမြီးလှုပ်ယမ်းလေသည်။
“သွား ဘယ်သူမှ မထိခိုက်အောင် သတိထား”
မည်သို့ပင်ဖြစ်စေကာမူ ထိုလူများသည် မဟူရာ၏တည်ရှိမှုကို သိသဖြင့် သူမ ဖုံးကွယ်နေရန်မလိုပေ။
မဟူရာသည် အမိန့်ရပြီးနောက် သူမ၏လက်ကောက်ဝတ်မှ ပျော်ရွှင်စွာ ထွက်သွားကာ မူလခန္ဓာကိုယ်အဖြစ်ပြောင်းလိုက်ရာ အားလုံးကိုအံ့ဩသွားစေ သည်။ ကြီးမားသော နဂါးနက်သည် ကောင်းကင်တစ်ဝက်လုံးကို မည်းနက်သွား စေသည်။
“သူမမှာ တကယ်ပဲ နဂါးနက်ရှိနေတာပဲ” လုပ်ကြံသူများသည် မဟူရာကို မြင်ရသည်ကို မအံ့ဩတော့ပေ။ သို့သော် သူတို့လူများသည် မဟူရာ၏ နှာလေ ကြောင့်နှင့် ရှုံးနှိမ့်သွားသည်ကိုမြင်သောအခါ သူ၏အင်အားကို အံ့ဩကြသည်။
“နဂါးပေါက်လေးပဲမဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက် အားကောင်း တဲ့နဂါးနှာလေရှိရတာလဲ သတင်းတွေက အတုလား”
“မဟုတ်ဘူး ငါတို့သတင်းက အတုမဟုတ်ဘူး”
“မဟုတ်..မှလွဲရော… ဒီ ၂ နှစ်အတွင်းကို ဒီလောက်အားကောင်းလာ တယ်လို့တော့ မပြောနဲ့နော်”
“မဟုတ်ဘူး မဖြစ်နိုင်တာ…”
မဟူရာသည် ကြောက်လန့်နေသောလူများကို အောင်ပွဲခံသော အကြည့်ဖြင့် ကြည့်ပြီး အော်ဟစ်လိုက်သည် “ပုရွက်ဆိတ်တစ်အုပ်လောက်က များ ငါ့သခင်ကို သတ်ချင်နေတာလား… ရယ်ဖို့တော့ကောင်းတယ် အခုပဲ မင်း တို့ကို ငရဲပို့ပေးမယ်”
နဂါးနက်သည် နှာလေကို လုပ်ကြံသူများဆီသို့ အကြိမ်ပေါင်းများစွာ မှုတ်ထုတ်ရာ မည်သူမှ မလွတ်မြောက်တော့ပေ။ ကြီးမားသော ခန္ဓာကိုယ်ကြီး သည် လူပေါင်းများစွာကို ရစ်ပတ်ပြီး ပြန်လွှတ်လိုက်သောအခါ ထိုလူများသည် ခြေလက်များပင်မစုံတော့ပေ။ သူ၏ ထက်ရှလှသော လက်သည်းများဖြင့် အဖမ်းခံရသောလူများသည် တစ်ပိုင်းစီဆုတ်ဖြဲခံလိုက်ရသည်။
နယ်စားအိမ်တော်၏ တပ်သားများသည် နောက်ဆုတ်ကာ မဟူရာ လုပ်ကြံသူများကို ကိုယ်တိုင်ရှင်းလင်းနေသည်ကို ကြည့်ပြီး ထိတ်လန့်နေကြ သည်။
“ဒါက.. ဒါက အရမ်းကိုအားကောင်းတာပဲ..”
“သခင်မလေး… အရမ်းကိုမိုက်တာပဲ”
“သခင်မလေးမဟုတ်ဘူး အဲဒါက သခင်မလေးရဲ့ စာချုပ်သားရဲပဲ”
သူအားကောင်းသည်ကို ရှီမာယူယူ အမြဲတစေသိခဲ့သည်။ သို့သော် သူ၏ တိုက်ပွဲစွမ်းရည်နှင့် ဖျက်ဆီးတတ်သော အစွမ်းအစကို ကိုယ်တိုင်မြင်လိုက်ရ သောအခါ သူမကိုပါ လန့်သွားစေသည်။
“သမီးရဲ့နဂါးနက်က အရွယ်ရောက်နေပြီလား ၂ နှစ်ပဲရှိသေးတာလေ” မုရုန်ဟွေ့လည်း အံ့အားသင့်နေသည်။
အဲဒါကြောင့် ရှီမာယူယူက သူမ စွမ်းအားအကြောင်းကို သူ့ကိုမပြောတာ ကိုး။ ဒီနဂါးနက်ရဲ့ တိုက်ခိုက်မှုစွမ်းအားက အရမ်းကိုကောင်းနေတယ်။
သူမရဲ့ စာချုပ်သားရဲတောင် ဒီလိုဖြစ်နေတာဆိုတော့ သူမကရော။ သူမ ဘယ်လောက်တောင် အဆင့်တက်သွားတာလဲ။
***