← Chapters

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အပိုင်း (၁၈၆၉)

ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးနှင့်အတူ ထာဝရလောကထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် စကြာဝဠာထဲတွင် ထာဝရလောကကြီးသည် သဲပွင့်တစ်ခုကဲ့သို့ အသွင်ပြောင်းလဲခဲ့၏ ။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ၎င်း၏ ဓားရွက်သင်္ဘောကြီးကို ဖျက်ဆီးခံလိုက်ရသည့်အတွက် ပြန်လည်ကာ လက်စားချေမည်ကို ကျွင်းချောင်ရှောင်းက သိရှိ၏။ ထို့ကြောင့် အားမွေးနေစဉ်တွင် အခြားသောနေရာများကို ပျံသန်းခြင်းမပြုဘဲ စကြာဝဠာထ ပုန်းအောင်နေခြင်းပင်။

သို့ပေမဲ့ တစ်စုံတစ်ယောက် သည် သူတို့အား ရှာဖွေတွေ့ရှိသွားသလိုပင်။

“ထူးဆန်းလိုက်တာ။”

အေးစက်စက်အသံတစ်ခုသည် စကြဝဠာထဲ၌ ထွက်ပေါ်လာ၏။ “ရွက်သင်္ဘောကြီး၏ အော်ရာက ဒီမှာရှိပါတယ်။ ဘယ်လိုဖြစ်ပြီး ငါ မမြင်ရတာလဲ။” ကျောဘက်တွင် လင်းနို့ကဲ့သို့သော အတောင်ပ တစ်စုံတည်ရှိနေသည့် အမဲရောင်လူသည် လေဟာနယ် ထဲတွင် မတ်မတ်ရပ်လျက်ရှိ၏ ။

မှန်ပေသည်။

ဤလူသည် ကောင်းကင်နဂါးစစ်သူကြီး (၈)ဦးထဲမှ ကျင်းလော်ဘုရင်ပင်ဖြစ်လေသည်။ ဤလူ၏ နှာခေါင်းသည် ခွေးထက်ပင်မိုကာ အာရုံခံနို်ငစွမ်းရှိ၏။ ကွေ့ရှုလောကကြီးကို ဖျက်ဆီးပြီးသည့်နောက် သူသည် ထာဝရရွက်သင်္ဘောကြီး၏ အော်ရာများနောက်သို့လိုက်ပါလာခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုကိုမျှ ရှာဖွေမတွေ့ရှိခဲ့ချေ။

“မဖြစ်သေးဘူး။ဒီနားမှာ ရှိကိုရှိရမယ်။”

ကျားလော်ဘုရင်သည် နှာခေါင်းကိုတရှုံ့ရှုံ့နှင့် အနံ့ခံလျက်ရှိ၏။ တစ်ဘက်လူ သည် ထူးခြားလွန်းလှသော အစီအရင် (သို့) ဖုံးကွယ်ထားနိုင်သော အစီရင်များအောက်တွင် ပုန်းကွယ် လျက်ရှိနေမည်ဟု သူကထင်မှတ်သည်။ ထို့ကြောင့်ပင် ခြေချိတ်ကာ ထိုင်စောင့်လျက်ရှိနေခြင်းပင်။ လအနည်းထိုင်စောင့်ပြီးသည့်နောက် သူ၏ စိတ်ရှည်မှုများသည်ကုန်ဆုံးလာခဲ့၏။

ရွှီ………

သူသည် လက်ကိုအသုံးပြုကာ လေဟာနယ်ထဲသို့ ဆွဲခွဲလျက်ရှိနေ၏။ အက်ကွဲကြောင်း များသည် တစ်ခုပြီးတစ်ခုထင်ပေါ်လာခဲ့သည်။ ကျားလော်ဘုရင်သည် ထာဝရလောကကြီးကို ရှာဖွေရန် ကြိုးစားနေခြင်းပင်။

လက်ရှိအခြေအနေမှာတော့ များပြားလှသော တည်နေရာအသီးသီးသို့ အပိုင်းပိုင်းအစိတ်စိတ်ဖြစ်နေခဲ့၏၊ ထူးခြားလွန်းလှသော လေလှိုင်းများသည် ထိုအက်ကွဲကြောင်းဆီမှ ထွက်ပေါ်လျက်ရှိပြီး ဝိညာဉ်များအော်သံကဲ့သို့ပင် တဟီးဟီးနှင့် မြည်လို့နေ၏။

သဲမှုန်တစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော ထာဝရလောကကြီးသည် အနီးအနားတွင် ပုန်းအောင်းလျက်ရှိ၏။ ထိုရန်သူသည် ဆက်လက်ကာ ဖျက်ဆီးနေမည်ဆိုပါက မနှေးနှင့်အမြန်ဆိုသလို သက်ရောက် လာပါလိမ့်မည်။

အမ်…..

ရုတ်တရက် ကျားလော်ဘုရင် သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူနှင့် အနီးအနားတွင်ရှိသော တည်နေရာ တစ်ခုသည် အက်ကွဲလာပြီး တွန့်လိမ့်လာခဲ့တော့၏ ။ ကြီးမားလှသော ရွက်သင်္ဘောကြီးသည် ထိုအရာဆီမှ တဖြည်းဖြည်းချင်းပျံသန်းထွက်ပေါ်လာခဲ့၏ ။

ကျားလော်သည် ကွေ့ရှုလောကနှင့်ဆင်တူသည့် အော်ရာများကို ရရှိပြီးသည့်နောက် ပြုံးလျက်ရှိ၏ ။ လအနည်းငယ်ကြာ စွန့်းစားရှာဖွေပြီးနောက် သူသည် မိုးကောင်းကင်အင်ပါယာကို ပုန်ကန်ကာဖြင့် ရွက်သင်္ဘောတော်တော်များများကိ ဖျက်ဆီးခဲ့သည့် ပြိုင်စံရှားဂိုဏ်းအား ရှာဖွေတွေ့ခဲ့လေသည်။

“ဒါ တူတူပုန်းတမ်း ကစားပွဲတစ်ခုလိုပဲ။”

ကျားလော်သည် ထိုင်လျက်ရှိနေ၏။ သူသည် လက်တစ်ဘက်ဖြင့် မျက်နှာကိုအုပ်ကာဖြင့် အခြားသော လက်တစ်ဘက်အား ပျင်းရိ လေးလံစွာဖြင့် မြှောက်လိုက်၏။

ဝှစ်…………

ချက်ချင်းပဲ ကြမ်းတမ်းလွန်းလှသော အော်ရာများသည် သူ၏ လက်ဝါးဆီမှ ထွက်ပေါ်လာခဲ့ပြီး ထာဝရရွက်သင်္ဘောကြီးဆီသို့ ရောက်ရှိ သွားသည်။

ခရက်……………ခရက်……..

ကျားလော်ဘုရင်၏ လှုပ်ရှားတိုက်ခိုက်မှုသည် စကြာဝဠာကြီးကိုပင် နှစ်ပိုင်း ပိုင်းဖြတ်နိုင်စွမ်းရှိလေ၏။

ဘုန်း……….

ရုတ်တရက် ထာဝရ ရွက်သင်္ဘောကြီးတည်ရှိရာ နေရာသည် ရုတ်တရက် ပေါက်ကွဲ ထွက်သွားသည်။

ဒွီ………….. ဒွီ…………..

စကြာဝဠာ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းနှင့် ရေလှိုင်းကဲ့သို့သော အရာများဖြစ်တည်လာခဲ့ပြီး အနီးအနားရှိ ဥက္ကာခဲငယ်လေးများသည် အမှုန့်အဖြစ်သို့ ပြောင်းလဲပေါက်ကွဲသွား၏။

လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံနှင့် ကောင်းကင်၏လေဟာနယ်တစ်ခုလုံးသည် ချိုင့်ဝင်ပျက်စီးခြင်းသို့ ဖြစ်တည်စေ၏။ မိုးကောင်းကင်အင်ပါယာ၏ အောက်တွင်ရှိနေသော ကောင်းကင်စစ်သူကြီး(၈)ဦးထဲမှ ကျားလော်ဘုရင်သည် အမှန်ပင် အားကောင်းလွန်းလှချေ၏။

သို့ပေမဲ့ ပေါက်ကွဲထွက်သွားသည့် တည်နေရာဆီမှ ထာဝရရွက်သင်္ဘောကြီးသည် လုံလုံခြုံခြုံဖြင့် လွတ်မြောက်သွားခဲ့ပြီးဖြစ်၏ ။ ရွက်သင်္ဘောကြီး၏ အမြန်နှုန်းသည် မြန်ဆန်လွန်းလှသည်မဟုတ်ချေ။ လှေ၏ ပဲ့ဦးထိန်းရှိ ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်လျက်ရှိနေသည့် လူငယ်တစ်ယောက်ကြောင့်ပင်ဖြစ်၏။ ထိုသူသည် တဝီးဝီးနှင့် တိုက်ခိုက်လျက်ရှိနေသည့် လေများထဲတွင် လက်များကိုပိုက် ခြေချိတ်၍ ထိုင်နေလေ၏။ ချောမောလှချေသည်။ ထို့အတူ ကြည့်ကောင်းလွန်းလှချေသည်။

အမ်…..

ကျားလော်ဘုရင်သည် အံ့အားသင့်သွားပုံပေါ်၏။ သူ၏ တိုက်ခိုက်မှုသည် ဂြိုဟ်တစ်ခုကိုပင် ဖျက်နို်ငစွမ်းရှိ၏။ သို့ပေမဲ့ ရွက်သင်္ဘောကြီးသည် ဘာမျှမဖြစ်ခဲ့ချေ။

ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် အပြုံးများ တည်ရှိနေသေး၏။ ထိုအပြုံးသည် ချက်ချင်းထရိုက်ချင်စရာ ကောင်းလွန်းလှသည်။

ထာဝရရွက်သင်္ဘောကြီး …..။

ကျန့်ကွေ့ရှုသည် ကျားလော်၏ အသွင်ပုံသဏ္ဍာန်ကို ကြယ်တာရာမြေပုံဆီမှ မြင်ပြီးသည့်နောက် အသံသည် လေးလေးနက်နက် ဖြစ်တည်လာ၏။ “ဂိုဏ်းချုပ်ကျွင်း၊ အဲတာက ကောင်းကင်စစ်တုရင်(၈)ဦးထဲက တစ်ယောက်ဖြစ်တယ်။ ဘုရင်ကျားလော်ပင်။”

“ဟမ်……..တကယ်လား။”

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်ရှိနေသော အပြုံးများသည် ပိုမိုကာ တောက်ပလာခဲ့၏။ သီးခြားတာဝန် ပေါ်ပေါက်လာခဲ့သည်မှာ လအနည်းငယ်ကြာပြီဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ သူသည် ပစ်မှတ်ကိုရှာဖွေတွေ့ရှိခဲ့လေသည်။

“ကောင်လေး”

ကျားလော်ဘုရင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ငါ မမှားဘူးဆိုလျှင် မင်းက ပြိုင်စံရှား ဂိုဏ်းချုပ်ပဲဖြစ်လိမ့်မယ်။”

“အမှန်ပါပဲ။” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

ဖြောင်း…………ဖြောင်း…..

ကျားလော်ဘုရင်သည် လက်ခုပ်တီးကာပြောလိုက်၏။ “မင်းကတကယ်ကို ရဲရင့်တယ်။ မင်းကို ချီးကျူးမိတယ်၊”

“သိပ်မှန်တာပေါ့။”

ကျွင်းချောင်ရှောင်း သည် ဦးခေါင်းကို ညွတ်ကာဖြင့် အမှတ်မထင် ပြောလိုက်၏။ “ကောင်းကင်ကြီးက ကျုပ်ကို ရန်ပြုလာ တယ်ဆိုလျှင် ကျုပ်က ကောင်းကင်ကြီးကို ဖြိုခွဲပစ်မယ်။”

“………”

ကျားလော်ဘုရင်သည် လက်မထောင်ပြလိုက်၏။ “ကျုပ်သိသမျှ လူတွေအားလုံးထဲမှာ မင်းက အမောက်မာဆုံးထဲက တစ်ယောက်လို့ပြောရမယ်။ တုံ့လဘုရင်လိုပဲ စိတ်တိုစရာကောင်းတယ်။”

“တုံ့လဘုရင်ဟုတ်လား။ ကောင်းကင်စစ်တုရင်(၈)ဦးထဲမှ အခြားတစ်ယောက်လား။”

သို့ပေမဲ့ ကျားလော်ဘုရင်သည် မတ်တတ်ရပ်ကာဖြင့် သူ၏အတောင်အပံ့ကို ဖြန့်ကားလိုက်၏။ အတောင်ပံများကို အသာခတ်ရင်းမှ ပြောလိုက်သည်။ “ငါမင်းကိုချီးကျူးမိတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သေတာက သေမှာပဲလေ။ နောက်ဘဝမှာ ရှိသေးတယ်ဆိုလျှင် မင်းကငါ့နောက်လိုက်ဖြစ်နို်ငတယ်။မဟုတ်သေးဘူး။ အားနာပါတယ်။ ဝိညာဉ်ကိုဖျက်ဆီးခံရမှာဆိုတော့ ပြန်လည်ဝင်စားနိုင်စွမ်းရှိမှာလည်းမဟုတ်ဘူး။”

ကျွင်းချောင်‌ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ခင်ဗျား စကားအရမ်းများနေပြီ။”

သူသည် ရုတ်တရက်မတ်တတ်ထရပ်ပြီးနောက် တည်နေရာဆီမှ ပျောက်ကွယ်သွားခဲ့သည်။

ဘုန်း………

စကြဝဠာထဲတွင် စွမ်းအင်လှိုင်း(၂)ခုသည် ရုတ်တရက်ပေါက်ကွဲထွက်သွားခဲ့၏။ ကြမ်းတမ်းလွန်း လှသော လှိုင်းအဟုန်များသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့ပျောက်ကွယ်သွားခဲ့၏။ မြင်ကွင်းကို အသေအချာ ကြည့်ရှုရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ဓားနှင့်အတူ မတ်မတ်ရပ်လျက်ရှိပြီး ကျားလော်ဘုရင် ၏ လက်သည်းကုတ်ချက်များကို တားဆီးထား၏။

အနှေးပြကွက်များနှင့် ပြန်လည်ကာကြည့်ရှုရမည်ဆိုလျှင် ပြောလျက်ရှိနေ တုန်းမှာပင် ကျားလော်ဘုရင်သည် တည်နေရာကို ဖြတ်သန်းကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်၏။ သို့ပေမဲ့ လာရောက်လမ်းတစ်ဝက်မှာပဲ ရုတ်တရက် တားဆီးခြင်းကို ခံထားရသည်။

“မဆိုးဘူးပဲ။” ကျားလော်ဘုရင်သည် အေးစက်စက်ဖြင့် ပြုံးလိုက်၏။

“အတူတူပဲ။” ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ သူ၏အသံသည် အလွန်ပင်တည်ငြိမ်လျက်ရှိ၏။ ထို့အတူ အော်ရာများသည်လည်း အလွန်အားကောင်းလျက်ရှိသည်။

“မင်းက ဓားသုံးတယ်ဆိုမှတော့ ဓားကျင့်ကြံသူပဲဖြစ်ရမယ်။”

ကျားလော်ဘုရင်က ပြောလိုက်၏။”ငါ့ကို ရှုံးနှိမ့်ခဲ့တဲ့ ကွေ့ရှုဓားသူတော်စင်နှင့် နှိုင်းယှဉ်ခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲ … သိချင်လိုက်တာ။”

ဂျိန်း……..ဂျိန်း……….

ပြောနေတုန်းမှာပဲ စကြာဝဠာအတွင်း၌ နက်မှောင်ပြီး သိပ်သည်းလွန်းသည့် အော်ရာများဖြစ်တည်လာခဲ့ပြီး ကြီးမားလှသည့် လက်သီးတစ်ခုအဖြစ် စုဖွဲ့ကာ ကျွင်းချောင်ရှောင်း ဆီသို့ ထပ်တလဲလဲ ကျဆင်းလာသည်။

ဤလူ၏ အားအင်အဆင့်သည် နတ်ဘုရားလျှို့ဝှက်နယ်မြေထိပ်ဆုံးအဆင့်ဖြစ်သည်။ အားအင်အဆင့်ကို အစွမ်းကုန် ထုတ်ဖော် တိုက်ခိုက်သည့်အချိန်မှာတော့ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။ အချိန်တိုတစ်ခုအတွင်းမှာပဲ စကြာဝဠာ၏ လေဟာနယ်ကြီး တစ်ခုလုံးသည် ချိုင့်ဝင်လျက်ရှိနေလေ၏။

ဝှစ် ….။

ကျွင်းချောင်ရှောင်းသည် ဓားကိုကိုင်ကာ ခုခံလျက်ရှိ၏။ သူ၏ လက်များသည် လည်း ထုံကျဉ်လာခဲ့သည်။ တစ်ဘက်လူသည် အားကောင်းလွန်းသည်ဟု မချင့်မရဲတွေးတောလိုက်မိသည်။

“နတ်ဆိုးငရဲလောင်ချိုင့်။”

ကျားလော်ဘုရင်သည် သူ၏လက်များကို ဆန့်တန်းလိုက်၏။ လက်ငါးချောင်း၌ မည်းနက်လျက်ရှိနေသည့် ဓာတ်သဘာဝများဖြစ်တည်လာခဲ့ပြီး ချိန်းကြိုးများကဲ့သို့ပင် တစ်ဘက်လူကို ရစ်သိုင်းတော့၏။ ဤစွမ်းအင်များသည် ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထိုအစား အနီးအနားတွင်ရှိနေသော စကြာဝဠာကြီး၏ လေဟာနယ်ကို ပစ်မှတ်ထားကာဖြင့် လှောင်ချိုင့်ကြီးတစ်ခုအသွင် ဖြစ်တည်ခဲ့ခြင်းပင်။

“မကောင်းတော့ဘူး။”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံဆီသို့ ချက်ချင်းပဲ ပျံတက်လိုက်သည်။ သို့ပေမဲ့ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုက်နက် အမည်းရောင်ချိန်းကြိုးများသည် သူ့ဆီသို့ ရောက်ရှိလာပြီး ခန္ဓာကိုယ်အား ရစ်ပတ်လေသည်။

စကြာဝဠာကြီး၏ လေဟာနယ်ကြီးနှစ်ခုသည် လက်ဝါးကြီးနှစ်ခုအသွင်ပြောင်းကာ ကျွင်းချောင်ရှောင်းအား ညှပ်ရိုက်ပြန်သည်။

“ငရဲပြည်ကို သွားတော့” ကျားလော်ဘုရင်သည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။

ဂျိန်း……….

လက်ဝါးရိုက်ချက်ကဲ့သို့ ဖြစ်တည်လာသော လေဟာနယ်ကြီးနှစ်ခုသည် ရုတ်တရက် ပူးကပ်သွားသည်။

ကျားလော်သည် သူ၏ အတောင်ပံများကို အသာရုတ်ကာဖြင့် ပ်လှမ်းလှမ်းတည်နေရာသို့ ဆုတ်ခွာကာ မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်၏ “ငါ့ရဲ့ အင်ပါယာက ခေတ်သစ်တစ်ခုကို စတင်တော့မယ်။ ဘယ်သူမှ သူ့ကို တားဆီးလို့မရဘူး။ တားဆီးချင်တဲ့သူမှန်သမျှကို သေခြင်းတရားက စောင့်နေလိမ့်မယ်။”

“ခေတ်သစ်တစ်ခုကို စတင်ဖို့အတွက် သွေးချောင်းစီးစေတဲ့ နည်းလမ်းကိုအသုံးပြုစရာမလိုဘူး။ စကြဝဠာထဲမှာရှိနေတဲ့ သက်ရှိတွေကို ဖျက်ဆီးပစ်တာ ခေတ်သစ်တစ်ခုစတာမှမဟုတ်တာ။”

အနောက်ဘက်ဆီမှ အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

“ဟမ်……….”

ကျားလော်ဘုရင်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မျက်လုံးထဲ၌ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။ ဤကောင်လေးသည် နတ်ဆိုးငရဲလောင်ချိုင့်၏ တိုက်ခိုက်မှုအောက်မှ တကယ်ပဲ ချိုးဖောက်ထွက်လာနိုင်ခဲ့၏။

ကျွင်းချောင်ရှောင်းသည် ပေတစ်ထောင်အကွာအဝေးတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် အင်မော်တယ်ဓားကို ပြန်လည်သိမ်းဆည်းပြီးသည့်နောက် ရွမ်ယွမ်နတ်ဘုရားဓားကို ဆင့်ခေါ်လိုက်သည်။

အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ သူ၏ အေးစက်သည့် မျက်နှာသွင်ပြင် သည် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့၏။ “အညံ့ခံတာထက် ကျုပ်က သေဆုံးသွားတာကို ပိုကြိုက်တယ်။”

ဝှစ်………ဝှစ်………….

ရွှမ်ယွမ်နတ်ဘုရား ဓား၏ ဓားဆန္ဒများသည် ပေါက်ကွဲထွက်လာပြီး သူ၏ အားအင် အဆင့်ကို သန်မာစေခဲ့သည်။

ထိုအချိန်မှာတော့ ကြည့်ကောင်းလွန်းလှသော ပုံရိပ်တစ်ခုသည် ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့၏။ ထိုပုံရိပ်သည် အလင်းတန်းများအဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှမ်ယွမ်နတ်ဘုရားဓား ထဲသို့ဝင်ရောက်သွားလေ၏။

ဓားထိပ်၊ ဓားသွား ၊ဓားနှောင့် ….. အရာအားလုံးတို့သည် အနီရောင်အလင်းတန်းများဖြင့် ရစ်သိုင်းလာခဲ့ပြီး ဓား‌အော်ရာ ၊ ဓားဆန္ဒများသည် တရှိန်ထိုး တိုးတက်သွားခဲ့သည်။

လာပြီ။ ကျွင်းကျန်းရွှမ် လာပြီ။

ကျားလော်ဘုရင်သည် မျက်မှောင်ကုတ်သွား၏။ ခဏကြာပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို တွေးတောမိပုံ ပေါ်၏။ “မင်း ရွှမ်ယွမ်နတ်ဘုရား ဓားကို ကိုင်ထားတာလား။”

ဝှစ်……….

ဓားအလင်းတန်းများသည် ပျံသန်းထွက်ခွာပြီးသည့်နောက် ခဏအတွင်းပျောက်ကွယ်သွားခဲ့သည်။

ကျားလော်ဘုရင်၏ ပြောဆိုရင်းတန်းမှာပင် ပါးစပ်အဟောင်းသား ဖြစ်လို့နေလေ၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်လျက်ရှိ၏။

သူ၏အနောက်ဘက်တွင်တော့ ကျွင်းချောင်ရှောင်း သည် ဓားကိုကိုင်ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ ၎င်း၏အမဲရောင် ဆံနွယ်များသည် လေထဲတွင် လွင့်မျောနေ၏။ ညာဘက်လက်ဖြင့် ကိုင်ဆောင်ထားသော ဓားသည် ကြက်သွေးရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းလို့နေလေသည်။

“ပြီးသွားပြီလား။”

စနစ် သည် လက်ခံရန် ခက်ခဲနေပုံပေါ်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ကောင်းကင်နဂါး စစ်သူကြီး (၈)ယောက်ထဲက တစ်ယောက်က ဒီလိုပဲ သေသွားတာလား။ ရှက်စရာကောင်းလိုက်တာ။”

All Chapters