အခန်း ၁၈၇၀
Vol. 126 Ch. 1870
အပိုင်း (၁၈၇၀
ဇွိ ...။
သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး လက်မောင်းတစ်ဘက်သည် အောက်သို့ ပြုတ်ကျသွားခဲ့၏။ ကျားလော်ဘုရင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ သူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
စနစ် သည် အထင်အမြင်သေးစွာ ဝင်ရောက်ကာပြောဆိုခဲ့သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ကျားလော်ဘုရင်သည် မသေဆုံးခဲ့ချေ။ ၎င်း၏ညာဘက်လက်သည်သာ ခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။
သို့ပေမဲ့ ရွှမ်ယွမ်နတ်ဘုရားဓားသည် အစစ်အမှန်ပင် အားကောင်းလို့နေခဲ့၏။ တစ်ချက်လောက် ခုတ်ပိုင်းလိုက်ရုံနှင့် ကျားလော်ဘုရင်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏အောက် ကောင်းကင်နဂါး စစ်သူကြီး ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ ကျားလော် ဘုရင်သည် ဒဏ္ဍာရီဓားသမား ကွေ့ရှုကိုပင် အနိုင်ယူနိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်သည်။
ကျားလော်ဘုရင်၏ အနောက်ဘက်တွင် မတ်တတ်ရပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ငုံ့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။ “ဘာလို့ သူတို့က ရှိရှိသမျှ အားအင်အကုန်လုံးကို ထုတ်ဖော်ပြီး စီနီယာ ကုရွှမ်ယွမ်ကို သတ်ခဲ့ကြတာလဲ ဆိုတာ ကျုပ်နားလည်ပြီ”
“ဘာကြောင့်လဲ။” စနစ် က မေးမြန်းလိုက်သည်။
“ဘာလို့လည်းဆိုတော့ …” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီဓား … ဒီဓားချီတွေက နတ်ဆိုးစွမ်းအင်တွေနဲ့ ရန်သူတွေပဲ။”
သူသည် ကျားလော်ဘုရင်၏ လက်မောင်းကို ခုတ်ဖြတ်လိုက်သည့် ခဏအတွင်း သန့်စင်လွန်းလှသည့် ရွှမ်ယွမ်နတ်ဘုရားဓား၏ စွမ်းအင်များသည် ကြမ်းတမ်းလွန်းလှသည့် နတ်ဆိုးအော်ရာများကို လျစ်လျူရှုကာဖြင့် ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့တော့၏။ ထိုအရာသည် ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်း သွားသကဲ့သို့ပင် ။ လွယ်ကူလွန်းလှချေ၏။ အလွန်အားကောင်းလွန်းလှပြီး အလွန်စိတ်ကျေနပ်စရာလည်း ကောင်းသည်။
“စီနီယာကု၊”
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားရဲ့ စိတ်ခန္ဓာကိုယ်ကို အမွေဆက်ခံရယူခဲ့တယ်။ ဒီတော့ လောကကြီးမှာရှိတဲ့ နတ်ဆိုးတွေ ၊ မိစ္ဆာတွေ အကုန်လုံးကို သတ်ဖြတ်ပစ်မယ်။”
ဝှစ်……….. ဝှစ်………..
ရွှမ်ယွမ် နတ်ဘုရားဓားဆီမှ ကြမ်းတမ်းလွန်းလွန်းလှသော ဓားအော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး လူသားတစ်ယောက်ပုံစံကဲ့သို့ပင် ဖြည်းဖြည်းချင်းပြောင်းလဲလာ၏။ ထိုသူသည် ကြည့်ကောင်း လွန်းလှသော ပုံပန်းသွင်ပြင်နှင့် ကျွင်းချောင်ရှောင်း၏အနောက်တွင် မတ်မတ်ရပ်နေသည်။
ဒွီ….…ဒွီ……….တည်နေရာကြီး တစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ၎င်းအားကောင်းချီးပေးနေသလိုပင်။
အဝေးတွင်ရှိနေသော ကျန့်ကွေ့ရှုသည် ခပ်ဖျော့ဖျော့ ပုံရိပ်ယောင် တစ်ခုကို မြင်လိုက်ရ၏။ သူ၏ အရိုးပေါ်အရေတင်ဖြစ်နေသော လက်များသည် တဆက်ဆက်နှင့် တုန်ယင်လျက်ရှိနေ၏။ သူ၏ မျက်လုံးများ၌ မျက်ရည်များ ရစ်သိုင်းလာ၏။ သူသည် ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်မိ၏။ “စီနီယာကု”
မှန်ပေ၏။
ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ပေါ်ပေါက်လာသည့် ခပ်ဝါးဝါး ပုံရိပ်ယောင်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးနှင့် တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည့် ကုရွှမ်ယွမ် မှ လွဲ၍ တခြားသူမဟုတ်ချေ။
သူသည် သေဆုံးခဲ့သည်ဆိုသော်လည်း သူ၏စိတ်ဝိညာဉ်သည် ဘယ်တုန်းကမှ ပျောက်ကွယ်မသွားခဲ့ချေ။ ယနေ့မှတော့ သူ၏ သံမဏိကဲ့သို့သော စိတ်ဆန္ဒများကို ကျွင်းချောင်ရှောင်းက အမွေဆက်ခံခဲ့လေသည်။ အတိတ်က ဖြစ်ရပ်များကို ပြောနေစရာမလိုချေ၊ လက်ရှိအခြေအနေမှာတော့ ကုန်းရှန့် ဆိုသည်မှာ တရားမျှတမှု၏ ဘက်တော်သားတစ်ယောက်ပင် ကျိန်းသေဖြစ်လေ၏။
အား………အား………
ကျားလော်ဘုရင်သည် ဆိုးဆိုးဝါးဝါးနာကျင်စွာဖြင့် အော်ဟစ်လျက်ရှိနေတုန်းပင်။ သူ၏ ခုတ်ဖြတ်ခံ ထားရသောလက်ကြီးနေရာ၌ အမဲရောင်အငွေ့များ ဖြစ်တည်လာခဲ့ပြီး ပြည့်စုံလှသည့် လက်ကြီးတစ်ခု ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူသည် တင်းမာခက်ထန်သည့် မျက်နှာအသွင်အပြင်ဖြင့် ပြောလိုက်၏။ “မင်းငါ့ရဲ့ နှစ်ပေါင်း တစ်သောင်းကျော် ကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့တယ်။ ဒီတော့ ငါမင်းရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်။”
ထူးခြားလှသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်နှင့်အညီ ၎င်း၏ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ပြန်လည်ပေါက်ရောက်နိုင်သည့် စွမ်းအင်ရှိ၏။ သို့ပေမဲ့ အသွေးအသားကို ခုတ်ဖြတ်ခံလိုက်ရခြင်းသည် စွမ်းအင်များ ဆုံးရှုံးသွားခြင်းပင်။ ဤစွမ်းအင် များသည် တိုက်ခိုက်မှုစွမ်းရည်ကို ကိုယ်စားမပြုသော်လည်း ၎င်း၏ ကျင့်ကြံခြင်းသက်တမ်းကို ကိုယ်စားပြုလို့နေသည်။ လက်တစ်ဖက်ကို ခုတ်ဖြတ်လိုက်ခြင်းသည် နှစ်ပေါင်းတစ်သောင်း နီးပါး ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ခြင်းနှင့် ဆင်တူလှသည်။
“နတ်ဆိုး။” ကျွင်းချောင်ရှောင်းသည် သူ၏ ဓားပေါ် လက်နှစ်ချောင်းတင်လိုက်၏။
ဓား၏ စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မြောလျက်ရှိနေ၏။ “ဒီနေ့မှာ ခင်ဗျားကို လုံးဝသန့်စင်ပစ်မယ်။ နတ်ဆိုးသတ်ဖြတ် ဓားကိုဖွင့်။”
ဒွီ………
လက်နှစ်ချောင်းသည် ဓားအရင်းဆီမှ ဓားဦးထိပ်ဆီသို့ ရွေ့လျားလာ၏။ ဓားပေါ်ရှိနေသော ခုနှစ်စဉ် ကြယ်အစီအရင်သည် တောက်ပလာခဲ့သည်။
ဝှစ်…..
ရွှမ်ယွမ်နတ်ဘုရားဓား၏ ဓားဆန္ဒများသည် ကျွင်းချောင်ရှောင်း၏ အနားတဝိုက်၌ လွှမ်းခြုံလာခဲ့ပြီး ဓားတစ်စင်းအဖြစ်သို့ ဖြစ်တည်လာခဲ့သည်။ ဓားဦးထိပ်သည် ကျားလော်ဘုရင်ဆီသို့ ရောက်ရှိနေ၏။
ဝှစ်……..
ထိုအရာက ဓားနည်းစနစ်တစ်ခုကို ခေါ်ဆိုခြင်းထက် နတ်ဆိုးများသတ်ဖြတ်နိုင်သည့် မန္ဓာန်တစ်ခုဟု ဖော်ညွှန်းရမည်ဆိုလျှင် ပိုမိုကာသင့်တော်ပေလိမ့်မည်။
…………...
ကျားလော်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သူသည် ကျွင်းချောင်ရှောင်းကို မကြောက်လန့်ချေ။ သို့ပေမဲ့ ရွှမ်ယွမ်နတ်ဘုရားဓားကိုတော့ ကြောက်ရွံ့၏။ အထူးသဖြင့် ကုရွှမ်ယွမ်တစ်ယောက် သူ့အား နှိပ်စက်ရိုက်နှက်ခဲ့သော ဖြစ်စဉ်များကို ပြန်လည် စဉ်းစားမိပြီးနောက် အထူးကို ကြောက်လန့်လာခဲ့သည်။
ဆွစ်……ဆွစ်…….
ထိုအချိန်မှာပင် ကောင်းကင်ခုနှစ်စင်ကြယ်ဓားချီများသည် ပေါက်ကွဲထွက်သွားခဲ့ပြီး ဓားချီများသည် လေဟာနယ်ထဲ၌ ဆာဒင်းငါးအုပ်ကြီးကဲ့သို့ပင် ထူးခြားစွာ ဖြစ်တည်လာ၏။
ဆွစ်….ဆွစ်…….
ခုနှစ်စင်ကြယ်ဓားချီများသည် ကျွင်းချောင်ရှောင်း၏ နှစ်ဘက်နှစ်ချက်စီမှ ထွက်ပေါ်လာခဲ့ပြီး ကျွင်းချောင်ရှောင်း အား ပိုမိုကာ ကြည့်၍ကောင်းသွားစေသည်။
ဖြောင်း……ဖြောင်း…………. ဖြောင်း……ဖြောင်း………….
တည်နေရာတစ်ခုလုံး တွန့်လိမ်သွားခဲ့သည့် အသံသည် အားလုံးကို ကြက်သီးများပင်ထစေခဲ့၏။
“ချီးထဲမှ………..”
ပဲ့ခန်းထဲတွင်ရှိနေသော ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်နေကြ၏။ ကျန့်ကွေ့ရှုသည် တိမ်လွှာစကြာဝဠာ ပတ်လမ်းထဲတွင် ဒဏ္ဍာရီအလား ဓားသမား တစ်ယောက်ပင်ဖြစ်၏။ သူ့အား ဓားသူတော်စင်ဟု ခေါ်ညွှန်း၏။ လက်ရှိအခြေအနေမှာတော့ ဓားလှိုင်းများကြား ရောက်ရှိနေသော ၎င်းတို့၏ ဂိုဏ်းချုပ်သည် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဆွစ်……….ဆွစ်……….
များပြားလွန်းလှသော ခုနှစ်စင်ကြယ်ဓားချီများသည် ကျွင်းချောင်ရှောင်းအား မုန်တိုင်း တစ်ခုကဲ့သို့ပင် လွှမ်းခြုံလျက်ရှိ၏။
ကျားလော်ဘုရင်၏ နဖူးစက်တွင် ချွေးသီးများ တပေါက်ပေါက်နှင့် ဖြစ်တည်လာခဲ့ ၏။ သူ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုများအစား စိတ်ပျက်အားငယ်မှုများ ဖြစ်တည်လာခဲ့သည်။
“မဟုတ်သေးဘူး။”
သူသည် ကျားလော်မျိုးနွယ်၏ ဘုရင်တစ်ယောက်ဖြစ်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သူကြီးများထဲတွင် အားကောင်းလွန်းသောသူ တစ်ယောက်လည်း ဖြစ်၏။ ယခု စကြဝဠာကြီး၏ ပြောင်းလဲမှုကို သူ၏မျက်လုံးဖြင့် မမြင်ရသေးပေ။ အဘယ့်ကြောင့် အသေခံရမည်နည်း။
အား………
ကျားလော်ဘုရင်သည် ဦးခေါင်းကိုငုံ့ကာဖြင့် အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများသည် နီရဲ လာခဲ့သည်။
ဘုန်း………
သူ၏ကြွက်သားများသည် ရုတ်တရက် ဖောင်းလာပြီး ခန္ဓာကိုယ်ကြီး တစ်ခုလုံးသည် ကြီးမား လာခဲ့သည်။ အမဲရောင်အတောင်ပံကြီးသည် စကြဝဠာ၏တစ်ခုလုံးကို ဖုံးလွှမ်းလို့မတတ်ပင်။ ထိုအတောင်အပံများပေါ်တွင် ထူးဆန်းလှသည့် အရေးကြောင်းများ ပေါ်ပေါက်လာခဲ့၏။
ထိုနေရာဆီမှ ရှေးဆန်းပြီး ဆန်းကြယ်လွန်းလှသော စွမ်းအင်များထွက်ပေါ်လာခဲ့သည်။ ဤအရာသည် ကျားလော် သာလျှင်ဖြစ်၏။သမိုင်းတွင် အားအကောင်းဆုံးသော မျိုးနွယ်စု၏ ဘုရင်ဖြစ်သော ကျားလော်ဘုရင် သာလျှင် ဖြစ်သည်။
ကျားလော်ဘုရင်သည် ဦးခေါင်းကို ငုံ့ကာဖြင့် အော်ဟစ်လိုက်၏။ သူ၏ အတောင်ပံတွင်ရှိနေသော အရေးအကြောင်းများသည် တလက်လက်တောက်ပလာခဲ့ပြီး စကြာဝဠာထဲ၌ တဖြောင်းဖြောင်း နှင့် အသံများ အော်မြည်လာသည်။
ဘုန်း……….. ဘုန်း………..ဘုန်း……….
မုန်တိုင်းကဲ့သို့ဖြစ်လျက်ရှိနေသည့် ဓားချီများသည် ထိုအသံလှိုင်းများ၏ တိုက်ခိုက်မှု ကိုခံလိုက်ရ၏ ။ ဓားချီများပေါက်ကွဲပြီးသည့်နောက် အသံလှိုင်းနှင့်အတူ ဖြစ်တည်လာသော အလင်းစက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ဟမ့်……
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆွဲကာ ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။
ဆွစ်……………
ဓားအလင်းတန်းများဖြတ်သန်းသွားပြီးသည့်နောက် ကောင်းကင်ကြီးတစ်ခုလုံးကို ပိုင်းဖြတ်သန်းသွားလေ၏။
ဝှစ်……..ဝှစ်……..
ကျားလော်ဘုရင်သည် သူ၏ လက်ကို ယမ်းခါလိုက်၏။ တည်နေရာအက်ကွဲကြောင်းများသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့သည်။
သူသည် ဓားချီများကို တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ထိုအရာများဆီမှ ရှောင်ရှားရန် ပြင်ဆင်ခဲ့ခြင်းသာဖြစ်၏။ ထူးခြားသော ကျားလော်မျိုးနွယ်တို့၏ စွမ်းဆောင်ရည်သည် တည်နေရာ စွမ်းအင်ကို အသုံးပြုရာတွင် ကျွမ်းကျင်ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တည်နေရာစွမ်းအင်အသုံးပြုနိုင်စွမ်းသည် စကြဝဠာတည်နေရာ၏ အဆင့်ပေါ်တွင် မူတည်လျက်ရှိ၏။ ထို့ကြောင့် သူသည် တည်နေရာစွမ်းအင်ကို အကောင်းမွန်ဆုံး အသုံးမပြုနိုင်ခဲ့ချေ။
ဘုန်း…….ဘုန်း…………
ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆောင်ထားသော ကျွင်းချောင်ရှောင်းသည် ဓားချီ တစ်ထောင်ကျော်လောက်ကို ပစ်လွှတ် တိုက်ခိုက်လျက်ရှိနေ၏။
ရှစ်ကျန်းရွှမ်၏ ထောက်ပံ့မှုကို ရယူထားသည်မို့ သူ၏ ဆံပင်၊မျက်လုံး၊နှုတ်ခမ်းမတင်မက လက်သည်းများကအစ နီရဲလို့နေခဲ့၏။ ဓားဆန္ဒ နှင့် ဓားစိတ်ဝိညာဉ်၏ ထောက်ပံ့မှုကိုခံထားရသည့် ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို ပိုင်းဖြတ်နိုင်စွမ်းရှိသော စွမ်းအင်များ ကိုထုတ်ဖော်လျက်ရှိနေသည်။
ကျားလော်ဘုရင်သည် ကြီးမားလွန်းလှသည့် ဖိအားဒဏ်ကို ခံနေရ၏။ သို့ပေမဲ့ သူသည် နောက်မဆုတ်ဘဲ ရှေ့သို့ လှမ်းတက်ပြီး သူ၏ လက်များကို ပြန်ကားလိုက်၏။ သူသည် အော်ဟစ်လိုက်၏။
“အင်ပါယာရဲ့ ကာကွယ်မှုအောက်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ရမယ်။”
“ဒီကောင် ဘာကောင်ပါလိမ့်။” စနစ် သည် ရုတ်တရက် ထအော်လိုက်မိ၏။
ဝှစ်……..
ထိုအချိန်မှာ ကျွင်းချောင်ရှောင်းသည် ဓားအလင်းများအဖြစ် အသွင်ပြောင်းကာ တစ်ဖက်လူ၏ ရှေ့သို့ ရောက်ရှိသွား၏ ။ အားကောင်းလွန်းလှသော ဓားလှိုင်းများသည် တစ်ဘက်လူ ဖန်တီးထားသည့် ထူထည်လွန်းသော အကာအကွယ် အတားအဆီးကြီးကို ဖျက်ဆီးလိုက်တော့၏။ ပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးသည် တဘုန်းဘုန်းနှင့် ပေါက်ကွဲနေ၏။
ခဏလောက်ကြာမြင့်ပြီးသည့်နောက် အရာအားလုံးသည် ပြန်လည်ငြိမ်သက်သွားခဲ့၏။ ရှုပ်ထွေးပြီး ပြိုလဲလျက်ရှိနေသည့် စကြာဝဠာ၏ လေဟာနယ်အတွင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဓားကိုကိုင်ကာဖြင့် မတ်မတ် ရပ်နေ၏။ သူ၏ အနားပတ်ဝန်ကျင်းတွင် အလင်းတန်းများ လွင့်မြောလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်း သည် လက်ကိုမြှောက်ကာဖြင့် ဓားချီအစိတ်အပိုင်းကို အသာဆွဲယူကာ ပြောလိုက်သည် “တကယ့်ကို အောင်မြင်မှုပဲ။”
“ဒင် သီခြားတာဝန်ပြည့်စုံ …. “
“ဒင် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်သောင်းရရှိသည်”
“ဒင် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀၀၀”
“ဒင် သီခြားတာဝန်ကို ပြည့်စုံစေသည့် ဖုံးကွယ်ထားသည့် ဆုလာဒ်ကိုရရှိခဲ့သည်။ ကပ်ဘေးလွန်အဆင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ အပါအဝင် လျှို့ဝှက်နယ်မြေ စုစုပေါင်း သုံးခုံကို ဝယ်ယူခွင့် ရရှိသည်။”
…………………………