← Chapters

အခန်း ၁၈၇၂

Vol. 126 Ch. 1872

အခန်း ၁၈၇၂

Vol. 126 Ch. 1872

အပိုင်း (၁၈၇၂)

ထျန်းလော်နယ်မြေ၊ အလွန်ကျော်ကြားလှသော ပထမတန်းစားဂြိုဟ်များထဲမှ တစ်ခုဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ ပိုမိုကာ ကျော်ကြားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆယ့်တစ်ကြိမ်မြောက် စကြဝဠာ နတ်တိုက်ပွဲကို ဤနေရာတွင် ကျင်းပမည်ဖြစ်သောကြောင့်ပင်။

လက်ရှိအချိန်တွင် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့သည့် ပါဝင်ယှဉ်ပြိုင်သူများ၏ နှလုံးသားထဲတွင် အောင်မြင်မှုများ ရယူနိုင်ရန်ဆိုသည့် စိတ်ဆန္ဒများ ပြည့်လို့နေ၏။

အဓိကမြို့ထဲသို့ ဝင်ဝင်ချင်းမှာပဲ မြို့၏ အလယ်ခေါင်တည့်တည့်တွင် ဗိုလ်ဆွဲသူဟု ရေးထိုးထားသည့် ကြေးဆေးအိုးကြီးကို မြင်လိုက်ရ၏။ မှန်ပေသည်။ ဤအရာသည် စကြဝဠာနတ်တိုက်ပွဲ၏ ဆုလာဘ်ပင်ဖြစ်သည်။

“စီနီယာအစ်ကို”

ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒီဆေးအိုးကြီးကို မြင်လိုက်ရတဲ့အချိန်မှာ ကျုပ်ရဲ့ သွေးတွေက ဆူဝေလာခဲ့တယ်လေ”

စီနီယာအစ်ကိုဟုခေါ်သောလူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “ငါလည်း ဒါကို ရအောင်ယူဖို့ မျှော်လင့်မိတယ်”

ထျန်းလော်မြို့ထဲသို့ ဝင်ရောက်လာခဲ့သည့် ပါဝင်ယှဉ်ပြိုင်သူ အားလုံးတို့သည် အထဲသို့ ဝင်ရောက်လာခဲ့ပြီး သည့်နောက် တောက်လောက်နေသည့် မျက်လုံးများနှင့်အတူ ဆုဖြစ်သော ကြေးဆေးအိုးကြီးကို ကြည့်ရှုလျက်ရှိ၏။

ဟူး ဟူး ဟူး ဟူး

အားလုံးသောသူတို့သည် ကြေးဆေးအိုးကြီးကို ကြည့်ရှုလျက် ရှိနေတုန်းမှာပဲ ထူးဆန်းလှသည့် အသံတစ်ခုသည် ၎င်းတို့၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် တုန်လှုပ်စွာဖြင့် အနောက်သို့ လှည့်ကြည့် လိုက်သည်။

မြို့၏ဂိတ်တံခါးရှေ့မှာတော့ ရီရှင်းချန်သည် နေကာမျက်မှန်ကြီးကို ဝတ်ဆင်ကာဖြင့် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ကြီးကို ပခုံးပေါ်ထမ်းတင်ကာ လျှောက်လျက်ရှိသည်။

“အရင်တုန်းကကောင်တွေပဲ။ ဘာမှ မပြောင်းလဲသေးဘူး”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် တစ်ယောက်ပြီးတစ်ယောက် အနောက်မှ လျှောက်ဝင်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ဒုတိယမျိုးဆက်အဖြစ် အသစ်ဖန်တီးထားသော ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ပြီး နေကာမျက်မှန်ကိုလည်း တပ်ထားကြ၏။

အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ “ဒီကြောင်တောင်တောင်ကောင်တွေရဲ့ ခေါင်းထဲမှာ ဦးနှောက်ကော ကောင်းသေးရဲ့လား”

ရွှီး ….။

ထိုအချိန်မှာတော့ အားလုံး၏ မြင်ကွင်းထဲသို့ လူတစ်ယောက် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုသူသည် ကျွင်းချောင်ရှောင်းပင်ဖြစ်သည်။ သူသည် တပည့်များ၏ရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် အလယ်ဗဟိုတွင် ရှိနေသည့် ကြေးဆေးအိုးကြီးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒါကို ပြိုင်စံရှားဂိုဏ်း သိမ်းလိုက်ပြီ”

ဟန်အမူအရာ၊ လေသံ …. ထိုအရာများအားလုံးသည် မောက်မာလွန်းလှချေ၏။ ရှိရှိသမျှသော သိုင်းကျင့်ကြံသူများ၊ အဖွဲ့အစည်းများအားလုံးတို့သည် သူ့ကို အထင်အမြင်သေးစွာဖြင့် လှမ်းကြည့်နေခဲ့ကြသည်။

သူတို့ကို အပြစ်တင်၍ လည်းမရပေ။ ကုန်းရှန့်သည် မောက်မာလွန်းလှ၏။ အားလုံးသော သူများကို ဒေါသထွက်စေခဲ့၏။

“..........”

အနောက်မှ လိုက်ပါလာခဲ့သော ကျန့်ကွေ့ရှုသည် မျက်နှာပျက်လျက် ရှိနေသည်။ ယခုမှ ထွက်လာရုံတင် ရှိသေးသည်။ ဤကဲ့သို့ အားလုံးသောသူများ ထကာ ရိုက်နှက်ချင်လောက်သည့် အခြေအနေမျိုးကို ဖန်တီးခဲ့ လေသည်လား။ ဂိုဏ်းချုပ်ကျွင်းသည် သောက်ကျိုးနည်း ဂိုဏ်းချုပ်ကျွင်းပင်။

ကုထျန်းရှင်းမှာတော့ ထိုအရာကို အသားကျလို့ နေခဲ့ပြီးဖြစ်သည်။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

“အင်း.. တပည့်အနည်းငယ်နဲ့ ရောက်လာတဲ့ဂိုဏ်းလား”

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက တိမ်ပြာစကြဝဠာပတ်လမ်းထဲမှာ အဲ့ဂိုဏ်းကို ပစ်မှတ်ထားနေတယ်လို့ ငါကြားတယ်လေ။ သူ့တို့က ပေါ်ပေါ်ထင်ထင်နဲ့ ဒီပွဲကို လာပြီးတော့ ပြိုင်ရဲမယ်လို့ မထင်ထားမိဘူး”

လက်ရှိအခြေအနေကို ရင်းနှီးလျက် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် အချင်းချင်း ပြောဆို ဆွေးနွေးလျက် ရှိနေကြ၏။

အမှန်ကို ပြောရမည်ဆိုလျှင် သူတို့သည်သာ တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ရှိသော ဂိုဏ်းတစ်ခုခုသာ ဖြစ်သည်ဆိုပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပုန်ကန်သည့် အလုပ်မျိုးကို ပြုမူဆောင်ရွက်ရဲလိမ့်မည် မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်းသည် အစစ်အမှန်ပဲ လေးစားသမှုနှင့် ထိုက်တန်လှ၏။

ထို့အပြင် စကြဝဠာနတ်တိုက်ပွဲများတွင် ဂိုဏ်းတစ်ခုအနေနှင့် များပြားလှသော တပည့်များ အဆင့်တက်လာသည်ကို သူတို့ မကြားခဲ့ဖူးချေ။

သို့ပေမဲ့ စကြဝဠာနတ်တိုက်ပွဲကို ရောက်ရှိလာကြသူများသည် ထိတ်ထိတ်ကြဲ နာမည်ကျော်ကြားသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပြိုင်စံရှားဂိုဏ်း မည်မျှ နာမည်ကြီးသည်ဆိုဆို စိတ်ထဲတွင် ထားလိမ့်မည် မဟုတ်ချေ။ အလုံးစုံသော စွမ်းအင်ကို ထုတ်ပြနိုင်မှသာလျှင် လေးစားမှုကို ရရှိမှာဖြစ်၏။ စကြဝဠာပတ်လမ်းထဲတွင် ဂြိုဟ်ပေါင်းများစွာ တည်ရှိနေ၏။ ထို့ကြောင့် အားအင်အဆင့်သည် လုပ်ရပ်နှင့် သက်သေပြမှသာလျှင် ထင်ရှားလာမှာ ဖြစ်၏။

“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် လက်ဖျောက် တီးလိုက်သည်။

တေးဂီတအသံသည် မြို့ထဲတွင် ပျံ့နှံလျက် ရှိနေ၏။

........

ကျွင်းချောင်ရှောင်း မြို့ထဲသို့ ဝင်ရောက်လာခြင်းသည် အနည်းငယ်သော လူများကို စိတ်လှုပ်ရှားစေခဲ့၏။ သို့ပေမဲ့ ဘယ်သူမှသည် စိတ်ထဲတွင် မှတ်မှတ်ရရ မထားခဲ့ကြချေ။ ထိုအစား ၎င်းတို့နေထိုင်ရာ တည်နေရာကိုသာ ရှာဖွေ ကာဖြင့် ပြိုင်ပွဲစတင်မည့်အချိန်ကို ငြိမ်ငြိမ်သက်သက်ဖြင့် စောင့်နေကြသည်။

ပါဝင်ယှဉ်ပြိုင် ကြမည့်လူများအားလုံးသည် ဤအတောအတွင်း ထျန်းလော်မြို့ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့ကြ၏။

ကျန့်ကွေ့ရှုအနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတစ်ယောက် လာရောက်၍ ပြဿနာမရှာနိုင်ဟု ပြောဆိုခဲ့ခြင်း မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအားမြင့် ကျင့်ကြံသူ သန်းချီတို့သည် မြို့ထဲတွင် စုဝေးလျက် ရှိနေ၏။ နတ်ဘုရားလျှို့ဝှက် ခြေတစ်လှမ်းအဆင့်ကို မပြောနှင့် နတ်ဘုရားလျှို့ဝှက်အဆင့် ကျင့်ကြံသူများပင်လျှင် နေရာအနှံ့တွင် တည်ရှိနေကြ၏။ အထက်နယ်မြေ၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ စုဝေး ရောက်ရှိနေသည်ဟုလည်း ပြောရပေမည်။

ဦးနှောက်ကို မြည်းကန်ခံထားရမှသာလျှင် ဤနေရာသို့ လာရောက်ကာ တိုက်ခိုက်ပေလိမ့်မည်။ သို့မဟုတ် အထက် စကြဝဠာတစ်ခုလုံးနှင့် ရန်သူဖြစ်ချင်မှသာလျှင် ဤကဲ့သို့ အပြုအမူမျိုးကို ပြုလုပ်ပေလိမ့်မည်။ မဟုတ်ပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ မည်မျှ ညံ့ဖျင်းသည်ဖြစ်ဖြစ် ဤကဲ့သို့သော အခြေအနေမျိုးတွင် လာရောက်ကာ ပြဿနာ မရှာနိုင်ပေ။

“စီနီယာ”

ကျွင်းချောင်ရှောင်းသည် နားနေခန်းတစ်ခု၏ ပြတင်းပေါက်တွင် အသာမှီကာဖြင့် မြို့၏အလယ်ခေါင်တွင် ရှိနေသော ကြေးဆေးအိုးကြီးကို လှမ်းကာ ကြည့်ရှုနေမိသည်။ သူက မေးလိုက်သည်။ “ဒီဆုလာဘ်က သာမန် အရမ်းကျတယ်”

တပည့်များကို ခေါ်လာပြီး ဤပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည်မှာ ဂုဏ်သိက္ခာတရားက အရေးအကြီးဆုံး ဖြစ်၏။ ဒုတိယအနေနှင့် ဆုလာဘ်ဖြစ်၏။

“အင်း... ပိုပြီးတော့ သာမန်ဆန်လေ။ အထဲမှာ လျှို့ဝှက်ချက်တွေ ပိုပြီးရှိလေပေါ့” ကျန့်ကွေ့ရှုက ပြောလိုက်သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ “ဒီကြေးဆေးအိုးထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတာလား”

ကျန့်ကွေ့ရှုသည် လက်ဖက်ရည်ခွက်ကို အသာငှဲ့ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... နတ်တိုက်ပွဲရဲ့ မူရင်း အခြေအနေကို နားလည်လား”

“နားမလည်ပါဘူး။ သိလည်း မသိဘူး”

ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ဖက်လူ ရှင်းပြတော့မည်ကို နားလည် သွားသောကြောင့် ခန္ဓာကိုယ်ကို ခပ်မတ်မတ်ပြုပြင်ရင်း နားရွက်နှစ်ဖက်ကို ထောင်ထားလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းကျော်လောက်တုန်းကပေါ့”

ကျန့်ကွေ့ရှုသည် လက်ဖက်ရည်ကို အသာငှဲ့သောက်ရင်း ပြောလိုက်ပြန်၏။ “မျိုးဆက် အဆက်ဆက်ရဲ့ ဒဏ္ဍာရီတွေအရ စီနီယာသက်တန့်ရောင် သူတော်စင်က အန္နိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့တယ်”

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကျော် အကြောင်းအရာနှင့် စတင်ကာ အစပျိုးခဲ့သည်ဆိုသော်လည်း စီနီယာ သက်တန့်ရောင် သူတော်စင်ဆိုသည့် အကြောင်းကို ကြားရသည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ လေးနက် သွားမိသည်။

“အဲတော့”

“သူက ဘယ်တော့မှ ပြန်မလာခဲ့ဘူး။ သူ့အနေနဲ့ အန္နိမလမ်းစဉ်ကုန်းမြေထဲကို ဝင်ရောက်သွားခဲ့ပြီလို့ လူပေါင်း များစွာက ခန့်မှန်းခဲ့ကြတယ်”

“ပြီးတော့ကော” ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်၏။

ကျန့်ကွေ့ရှုသည့် လက်ဖက်ရည်ခွက်ကို အသာချပြီးသည့်နောက် ပြောလိုက်သည်။ “နှစ်ပေါင်းများစွာ ကြာမြင့် ပြီးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ထူးဆန်းတဲ့စာလုံးတွေ ရေးထိုးထားတဲ့ ဒီကြေးဆေးအိုးကြီးကို ထုတ်ယူလာ ခဲ့တယ်”

“ဘာတွေ ရေးထားတာလဲ”

“ဒီကြေးဆေးအိုးကြီးက ငါ့ရဲ့ ချွေးတွေ၊ သွေးတွေနဲ့ ဖန်တီးထားတဲ့အရာပဲ။ ဂျူနီယာအနေနဲ့ ဒီထဲမှာရှိတဲ့ ဆန်းကြယ်တဲ့အရာတွေကို မြင်အောင် ကြည့်ရှုနိုင်မယ်ဆိုရင် အန္နိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်။ ပြီးတော့ ငါ့ရဲ့ခြေလှမ်းကိုလိုက်ပြီး အန္နိမကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်”

ကျန့်ကွေ့ရှုသည် ဆက်တိုက် ပြောဆိုနေရင်းမှ ခဏရပ်တန့်လိုက်၏။ “အောက်မှာတော့ သက်တန့်ရောင်သူတော်စင် ဆိုပြီးတော့ လက်မှတ်ရေးထိုးထားတယ်”

“ဒီလိုကိစ္စမျိုး ရှိတာလား” ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားသည်။

ကျန့်ကွေ့ရှုက ပြောလိုက်၏။ “သူ့ကိုယ်သူ စီနီယာသက်တန့်ရောင်သူတော်စင်ရဲ့ ကျေးကျွန်လို့ခေါ်တဲ့ လူတစ်ယောက်က များပြားလှတဲ့ ဂိုဏ်းအသီးသီးနဲ့အတူ စကြဝဠာနတ်တိုက်ပွဲ ဆိုပြီးတော့ ပြိုင်ပွဲတစ်ခုကို ဖန်တီးခဲ့တယ်။ ပထမဦးဆုံး အနိုင်ရတဲ့လူက ဒီကြေးဆေးအိုးထဲမှာရှိတဲ့ ဆန်းကြယ်မှုတွေကို ကြည့်ရှုနိုင်တယ်။ ပြီးတော့ အခု ဆယ်ကြိမ်တိတိ ကျင်းပခဲ့တာပေါ့”

“ဘယ်သူ့မှ ဒါကို ရအောင် မကြိုးစားနိုင်ခဲ့ဘူးလား”

ကြေးဆေးအိုးကြီးတွင် အန္နိမလမ်းစဉ်၏ လျှို့ဝှက်ချက်များ ပါဝင်နေသည်။ ထိုအချင်းအရာသည် အထက်စကြဝဠာရှိ ကျွမ်းကျင်သူများကို ရူးသွပ်သွားစေသည့်အရာပင် ဖြစ်ပေလိမ့်မည်။

“ခိုးယူဖို့ ကြိုးစားခဲ့ကြဖူးတယ်”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဒါပေမဲ့ မအောင်မြင် ခဲ့ဘူး”

“မအောင်မြင်ခဲ့ဘူး ဟုတ်လား။ ဘာကို ဆိုလိုတာလဲ” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်သွားမိ၏။

ကျန့်ကွေ့ရှုသည် ပြတင်းပေါက်မှတဆင့် အလယ်တည်နေရာတွင် ရှိနေသော ကြေးဆေးအိုးကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒီအရာက သတ်မှတ်ထားတဲ့ တည်နေရာမှာပဲ ရှိတယ်။ ဘယ်သူမှ ရွေ့လို့မရဘူး။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့လူကသာ ဒီကြေးဆေးအိုးကို ယူသွားနိုင်တယ်။ နှစ်တစ်ရာ ပြည့်သွားပြီဆိုရင်တော့ သူ့ရဲ့ မူရင်းနေရာကို ပြန်ရောက်သွားလိမ့်မယ်”

“အဲလောက်ဆန်းကြယ်တာလား”

“အင်း... “

“ကြေးဆေးအိုးကြီးကို တစ်စုံတစ်ယောက်က လူယူဖို့ ကြိုးစားနေပြီ”

ရုတ်တရက် ကျယ်လောင်သော အသံကြီးသည် အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်ကျော်တို့သည် ကြေးဆေးအိုးကြီးကို လက်မှကိုင်ကာ ပျံသန်းလျက် ရှိနေကြ၏။

သိုင်းကျင့်ကြံသူများသည် လမ်းဘေးတွင် အော်ဟစ်လျက်ရှိသည်ဆိုသော်လည်း တစ်ယောက်မှ ထိုသူများနောက်သို့ မလိုက်ခဲ့ချေ။ ပွဲတစ်ပွဲကို ကြည့်ရှုနေသကဲ့သို့ပင် သက်တောင့်သက်သာ တည်ရှိနေကြသည်။

“သူတို့က နေ့ခင်းအချိန်ကို ဘယ်လိုဖြစ်ပြီး ခိုးယူကြတာလဲ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထကာ လိုက်သွားရန် ပြင်လိုက်၏။ သို့ပေမဲ့ နောက်ထပ်မြင်လိုက်ရသည့် မြင်ကွင်းသည် သူ့အား အမှန်ပင် နဝေတိမ်တောင် ဖြစ်စေခဲ့၏။

မြို့၏အပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့သည်ဖြစ်သော အမဲရောင်ဝတ်စုံ၊ မျက်နှာဖုံးနှင့် လူတစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် တုန်ခါပြီးသည့်နောက် လေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် အလယ်ဗဟို တည်နေရာတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွားသည်။ “သူ့နေရာကိုသူ ပြန်လာတာလား”

ကျန့်ကွေ့ရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီနှစ်ပိုင်းအတွင်းမှာ ဒါကို မယုံတဲ့လူတွေ အထပ်ထပ် အခါခါ လာပြီး ခိုးယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အားလုံး ကျရှုံးခဲ့ရတာပဲ”

“ဒါကို သိုလှောင်လက်စွပ်ထဲ ထည့်သွားရင်ကော”

“မေးခွန်းကကောင်းတယ်။ ဒါပေမဲ့ မရဘူး။ အစီအစဉ်တစ်ခုနဲ့ စည်းခတ်ထားတယ်။ သိုလှောင်လက်စွပ်ထဲ ထည့်လို့မရနိုင်ဘူး”

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာရေရွတ်လျက်ရှိသည်။ “ကြေးဆေးအိုးကြီးက စနစ်ရဲ့စတိုးထဲမှာ ပေါ်မလာတာ ဆိုးတာပဲ။ မဟုတ်ရင် ငါတော့ နာပြီပဲ”

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရောက်လာပြီ”

ရုတ်တရက် တစ်စုံတစ်ယောက်သည် အသားကုန် အော်ဟစ် လိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ မြို့၏ဂိတ်တံခါးဆီသို့ လှမ်းကြည့်လိုက်၏။ သုန်မှုန်လျက်ရှိပြီး တင်းမာခက်ထန်လွန်းသည့် မျက်နှာဖြင့် သိုင်းကျင့်ကြံသူများသည် အထဲသို့ လျှောက်ဝင်လာခဲ့ ကြသည်။

ကျွင်းချောင်ရှောင်းသည် ကျန့်ကွေ့ရှုကို လှမ်းကြည့်ရင်း မေးမြန်းလိုက်၏။ “စီနီယာ... သူမလာရဲဘူးလို့ ပြောခဲ့သလားလို့”

“.........”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ငါ အဲလို ပြောခဲ့တာလား”

All Chapters