← Chapters

မင်းဘယ်လိုထင်လဲ

Vol. 130 Ch. 1812

မင်းဘယ်လိုထင်လဲ

Vol. 130 Ch. 1812

မုရုန်ဟွေ့သည် မဟူရာကိုမကြည့်ဘဲ သူမကို ကြည့်နေသည်ကို ရှီမာယူယူကိုမြင်သောအခါ ပြုံးပြလိုက်သည်။

“ဒီကောင်မလေးတော့ ပိရိနေအောင်ကို ဖုံးထားတာပဲ” မုရုန်ဟွေ့သည် သူမ ခေါင်းကိုပုတ်လိုက်သည် “အဆင်ပြေသွားပြီ သမီးကို ကာကွယ်ပေးဖို့ နဂါးနက်ရှိမှတော့ တယွိမြို့တော်ကိုသွားဖို့ စိတ်ချသွားပြီ ဒါပေမဲ့…”

ရှီမာယူယူ သူ့ကိုကြည့်ပြီး မည်သို့အပြစ်တင်မည်ကို သိချင်နေသည်။

“စောစောကသာသိရင် တစ်လမ်းလုံး စိတ်ရှုပ်နေမှာမဟုတ်ဘူး” မုရုန်ဟွေ့သည် စိတ်သက်သာရာရစွာဖြင့် ပြောလေသည် “ဒါပေမဲ့ ကောင်းပါ တယ် စွမ်းအားကို ဘယ်လိုလျှို့ဝှက်ထားရမယ်ဆိုတာကို သိရင် ကိုယ့်ကိုယ် ကိုယ် ပိုပြီးကာကွယ်နိုင်မယ်”

သူမ၏ စာချုပ်သားရဲမှာ ဤမျှအင်အားကြီးကြောင်း ကြင်ယာတော် မင်းသမီး သိပါက ဤအဆင့်လောက်ရှိသော လုပ်ကြံသူများကိုလွှတ်လိုက်မည် မဟုတ်ပေ။

“လင်း ဒီအလောင်းတွေကို ဖျောက်လိုက် ခရီးဆက်ကြမယ်… နောက် ဆက်မယ့်ခရီးက အရင်လိုတော့ အေးအေးလူလူမဖြစ်တော့ဘူးထင်တယ်” မုရုန်ဟွေ့ ပြောလိုက်သည်။

သည်တစ်ကြိမ် ကျရှုံးသွားသဖြင့် ကြင်ယာတော်မင်းသမီးသည် တခြားသူ များကို သေချာပေါက် ထပ်လွှတ်နိုင်သည်။ ထိုသို့ဆိုလျှင် လမ်းတစ်လျှောက် ဤကဲ့သို့ နောက်မှလိုက်မည်မဟုတ်တော့ပေ။

“အဖေ သူမနဲ့ ကစားဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သူမ နောက်တစ်ခါ လွှတ်မယ့်လူတွေက ကိုင်တွယ်ဖို့လွယ်မှာမဟုတ်ဘူး… သူမက သမီးတို့လူတွေကို ထိခိုက်စေမယ့်လူတွေ လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

“သမီး စဉ်းစားတာက…”

“လမ်းကြောင်းပြောင်းမယ် အဲဒါမှ ယွိမြို့တော်ကို အေးအေးဆေးဆေး သွားလို့ရမှာ” ရှီမာယူယူ ပြောလိုက်သည် “နောက်မှာ အမြီးကိုချန်ထားခဲ့လို့ မကောင်းဘူးလေ ဟုတ်တယ်မလား”

မုရုန်ဟွေ့သည် ခေတ္တမျှစဉ်းစားပြီးနောက် သဘောတူခေါင်းညိတ်ပြီး မုရုန်လင်းကို အောက်ဆင်း၍လမ်းကြောင်းပြောင်းရန် ညွှန်ကြားလိုက်သည်။

“သခင် အဲလူတွေ လိုက်မှီတဲ့အထိ ဒီမှာစောင့်မှာလား” မုရုန်လင်း မေး လေသည်။

“သူတို့မမှီပါဘူး” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် သူတို့ ဒီလောက်အကြာကြီး လိုက်နေရမှာမဟုတ်ဘူး အကောင်းဆုံးနည်းလမ်းက လက်ဦးမှုယူဖို့ပဲ”

“ဒါပေမဲ့ သူတို့က ဘယ်မှာလဲ အင်အားဘယ်လောက်ရှိလဲဆိုတာ မသိရဘူးလေ”

“ကျွန်မသိတယ်” ရှီမာယူယူသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ သူမအနောက်မှ ထုံထိုင်းနေသော နှစ်ယောက်ကို ကြည့်ရသည်မှာ တစ်ယောက်ယောက်တော့ ဒုက္ခခံရတော့မည်ဟု ခံစားနေရသည်။

နေ့တစ်ဝက်ကြာပြီးနောက်….

“အာ… ဒီမှာ မြွေတွေအများကြီဂပဲ”

“ဒီမှာ ဒီနေရာက မြွေတွေနေလေ့မရှိဘူးလေ”

“တိုက်တော့ တိုက်ခိုက်ကြ”

“အာ… ငါ့ကိုဘယ်သူရိုက်တာလဲ”

“ငါမရိုက်ဘူး ငါ မြွေတွေကို တိုက်ခိုက်တာပဲ”

“အာ…”

အားလုံးသည် နှုတ်ဆိတ်ပြီး ကြည့်မိကြသည်။ သူတို့သည် အချင်းချင်း သတ်ဖြတ်နေကြသည့် မြင်ကွင်းကို နားမလည်နိုင်ကြပေ။

“ဒါက ထင်ယောင်ထင်မှား တည်ဆောက်မှုပုံစံပဲ”

“ငါ အရင်က ထင်ယောင်ထင်မှားတည်ဆောက်မှုကို မြင်ဖူးပေမဲ့ အဲဒါက ရှောင်မျိုးနွယ်ကို အမှန်ပြောထွက်အောင်လုပ်တဲ့ဟာပဲလေ… ဒီထင်ယောင် ထင်မှားတည်ဆောက်မှုက တိုက်ခိုက်တတ်မယ်လို့ ထင်မထားဘူး”

“ဟုတ်တယ် ဒီတည်ဆောက်မှုက တကယ်ကိုမိုက်တာပဲ”

“တစ္ဆေလောကမှာ ဒီလိုတည်ဆောက်မှုကိုမမြင်ဖူးသေးဘူး”

မုရုန်လင်းသည် တိုက်ခိုက်တတ်သည့် ထင်ယောင်ထင်မှားတည်ဆောက်မှုကို ပထမဆုံးမြင်ဖူးသဖြင့် အံ့အားသင့်နေသည်။

“သခင်မလေး ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ”

“အရမ်းကိုရိုးရှင်းပါတယ် သူတို့အမြင်မှာတော့ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေက မိစ္ဆာတွေဖြစ်နေကြမှာ” ရှီမာယူယူ ရှင်းပြသည် “ဒီလိုမျိုး ထင်ယောင် ထင်မှားက သာမာန်ထင်ယောင်ထင်မှားထက်တော့ နည်းနည်းလေးပိုခက် တယ် ဘာလို့လဲဆိုတာ့ သူတို့ကို သွေးချောက်ချားအောင်လုပ်ရုံတင်မကဘူး ကြောက်အောင် ဒေါသထွက်အောင်စတာတွေကိုပါ လုပ်ရတယ် အဲဒါကြောင့် သူတို့ရှေ့က မိစ္ဆာတွေကို သူတို့တိုက်ခိုက်ကြတာပဲ”

“ပုံမှန်တည်ဆောက်မှုဆိုရင် အဲလိုသက်ရောက်မှုမရှိဘူး… အများဆုံးမှ မိစ္ဆာတချို့ကို အသွင်ပြောင်းနိုင်တာပဲရှိတာ… ဒါပေမဲ့ တိုက်ခိုက်မှုက ဝိညာဉ် စွမ်းအားကိုစားသွားတာ ဒီလိုမျိုးပျက်စီးမှုမဖြစ်စေဘူး” မုရုန်ဟွေ့ ပြောလေ သည် “ဒါက တကယ်ကို အရမ်းအားကောင်းတယ်”

“ဒီအမြီးတွေကို ရှင်းပြီးသွားရင် လမ်းကြောင်းပြောင်းပြီး တယွိမြို့တော် ကိုသွားမယ်” ရှီမာယူယူသည် နောက်ပိုင်းအခြေအနေများကို စိတ်မဝင်စား တော့ပေ။ အဆုံးသတ်မှာ မှန်းမရနိုင်ပေ။

“သခင်မလေး ကျုပ်သိချင်တာ တစ်ခုရှိသေးတယ်” မုရုန်လင်းသည် သူမ ကိုကြည့်ပြီး သူ၏ ရှုပ်ထွေးမှုကို ဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

“အဲဒါက အရမ်းကိုရိုးရှင်းပါတယ်” ရှီမာယူယူ တွေးလိုက်သည်နှင့် ပျားများသည် သူမဆီသို့ပျံလာပြီး သူမ၏ခန္ဓာကိုယ်တွင်နားလေသည်။

“ဒါတွေက…”

“ကျွန်မရဲ့ပျားတွေပါ” ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး နီရဲပျားများကို သူမ၏ လက်ဖမိုးပေါ်တွင်နားရန် ပြောလိုက်သည်။

“ဒီပျားတွေက ဘာအမျိုးအစားလဲ သူတို့ရှိနေတာကို ဘာမှမခံစားမိဘူး” မုရုန်လင်းသည် လက်ဆန့်ထုတ်ပြီး သာမာန်ပျားပုံစံရှိ တစ်ကောင်ဖမ်းလိုက် သည်။

“ဒါက သတင်းတွေစုနိုင်တဲ့ သမီးရဲ့ပျားတွေပဲ… လူသားလောကကနေ ယူလာတာ… အကြောင်းအရင်းတချို့ကြောင့်သာ သူတို့အိပ်ပျော်နေတာ အခု သူတို့နိုးလာပြီလေ” နီရဲပျားများကိုကြည့်ပြီး သူမသည် ခံစားချက်ကောင်းနေ သည်။ ပြီးနောက် ကွေးတက်နေသော သူမ၏ နှုတ်ခမ်းထောင့်မှာ သူမ၏ ခံစားချက်ကို ပြသနေသည်။

ပြီးခဲ့သည့် ၂ နှစ်တာတွင် နီရဲပျားများတင်မကဘဲ တခြားသော ဝိညာဉ် သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် နိုးထလာခဲ့သည်။ အခု နိုးရန်ကျန် နေသူမှာ ကြက်သွေးရောင်မီးတောက်ပင်ဖြစ်သည်။

မုရုန်ဟွေ့နှင့် မုရုန်လင်းတို့နှစ်ယောက်လုံးသည် သူမ၏ သရုပ်မှန်ကို သိကြသဖြင့် လူသားလောကမှ စာချုပ်သားရဲကိုယူလာသည်ဟု ပြောသည်ကို မအံ့ဩတော့ပေ။

“ဒီကောင်လေးတွေနဲ့ဆိုရင် နောက်ကို လုပ်ချင်တာတွေ အကုန် အဆင် ပြေသွားမှာပဲ” လူသာဆိုလျှင် သတင်းထောက်လှမ်းလျှင် ပေါ်ပေါက်နိုင်သည်။ သို့သော် ထိုပျားများကိုတော့ လျစ်လျူရှုထားကြမည်ဖြစ်သည်။

“ဒီလူတွေရဲ့ တည်နေရာကိုသိတာ ဘယ်လိုနေလဲ” ရှီမာယူယူ ပြောလိုက် သည် “ပြီးတော့ တယွိမြို့တော်ကိုလည်း နည်းနည်းလွှတ်ထားလိုက်တယ် အဲဒီ ကိုရောက်တာနဲ့ အဲဒီကသတင်းကိုသိရမှာပဲ… အဲအချိန်ကျရင် ရတဲ့သတင်းကို အဖေ့ကိုလာပြောမယ်… ရန်သူအကြောင်းကိုသိထားရင် မဆင်မခြင်မလုပ်မိ တာပေါ့”

မုရုန်ဟွေ့နှင့် မုရုန်လင်းတို့သည် သူမ၏ အပြုအမူကြောင့် ရင်ထဲထိသွား ကြသည်။ သူတို့သည် အလွန်ကံကောင်းသည်ဟု ခံစားရသည်။ သူတို့၏ ဘဝ သည် ဤကဲ့သို့လူနှင့်တွေ့ရသဖြင့် အလဟဿမဖြစ်တော့ပေ။

အောက်မှ တပ်သားများအားလုံး ဖြေရှင်းပြီးသောအခါ မူလလမ်းကြောင်း ကိုပြောင်းပြီး တယွိမြို့တော်ကို နောက်တစ်မြို့မှဆက်သွားသည်။ သူတို့ကို ထောက်လှမ်းသည့်သူမရှိတော့သဖြင့် လမ်းတစ်လျှောက် အေးအေးဆေးဆေး ပင်လာခဲ့ကြသည်။

သို့သော် သူတို့ အေးဆေးနိုင်သလောက် တစ်ဖက်မှာ မအေးဆေးနိုင် တော့ပေ။

ရှောင်ရော့ပိုင်သည် သူမအခန်းသို့ရောက်လာသော ယွိချီကိုကြည့်ပြီး သူ၏ ရန်လိုမှုကိုဖိနှိပ်ထားပုံကို နားမလည်နိုင်ဖြစ်နေသည်။

“ဘာဖြစ်လို့လဲ” သူမ မေးလိုက်သည်။

သူမသည် သူ့ကို အရင်ဂရုတစိုက်ရှိသည်မှာ တိုးတက်မှုပင်ဖြစ်သည်။

“မုရုန်ဟွေ့နဲ့ မုရုန်ရှီတို့ ထာဝရတောက်ပခြင်းမြို့မှာရှိတုန်းက မင်းလည်း အဲဒီမှာရှိခဲ့တာပဲ” ယွိချိ ပြောလိုက်သည်။

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”

“သူမက ထာဝရတောက်ပခြင်းမြို့ကိုသွားတုန်းက ဘာမှအသုံးမကျတာ ကို မှတ်မိသေးတယ်”

ရှောင်ရော့ပိုင်သည် သူ့ကိုစိုက်ကြည့်ပြီး ပြန်ဖြေသည် “ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”

“ဒါဆို ဘာလို့လဲတော့ မသိဘူး သူမ အဲဒီကိုရောက်ပြီး သုံးလေးနှစ် အတွင်းမှာ ဒီလိုမျိုး တော်လွန်းတဲ့တည်ဆောက်မှုအရည်အချင်းရှိနေတာပဲ”

“ရှင်ပြောတာ ယွဲ့ရှီတောင်ကြားက တည်ဆောက်မှုလား… ကျွန်မ မိုမျိုးနွယ်က သခင်လေးကိုတွေ့လိုက်တယ်… သူလည်း တည်ဆောက်မှုတွေရဲ့ သခင်ပဲ” ရှောင်ရော့ပိုင် ပြောလိုက်သည် “အဲတော့ ရှင်ပြောတာက အဲဒီ တည်ဆောက်မှုကို သူမ စီမံတာပေါ့… ကျွန်မကတော့ အဲဒါကိုသိပ်မယုံချင်ဘူး”

“မင်းက သူမကို ကာကွယ်နေတာပဲ” ယွိချိသည် သူမကို စိုက်ကြည့်သည် “ဘာလို့လဲ သူမက မင်းရဲ့ရန်သူလေ”

“ကျွန်မ သူမကိုကာကွယ်နေတာမဟုတ်ဘူး.. သူမ ဖြစ်မယ်လို့ မထင်လို့” ရှောင်ရော့ပိုင်သည် သူ့ကိုပြန်ကြည့်လိုက်သည် “ရှင် ဘာလို့ ဒေါသထွက်နေလဲ ဆိုတာ မပြောရသေးဘူး ဘာလို့မုရုန်ရှီကိစ္စကိုထပ်ပြီး ဝင်ပါနေတာလဲ”

“မုရုန်ရှီကို စောင့်ကြည့်ဖို့ ကြင်ယာတော်မင်းသမီး လွှတ်လိုက်တဲ့လူတွေ က လမ်းတစ်ဝက်မှာတင်အသတ်ခံလိုက်ရတယ် အဲဒီမှာတည်ဆောက်မှု အကြွင်းအကျန်တွေကို ငါတို့လူရှာတွေ့ခဲ့တယ်” ယွိချီ ပြောလိုက်သည် “ငါတို့ သိသလောက်ဆိုရင် မုရုန်ဟွေ့က တည်ဆောက်မှုသခင်ကိုခေါ်မလာဘူး”

“အဲတော့ အဲဒါကိုမုရုန်ရှီလုပ်တယ်လို့ ရှင် သံသယဝင်တယ်ပေါ့”

“မင်းရော လုံးဝသံသယမဝင်မိဘူးလား” ယွိချီသည် သူမ မျက်နှာနားသို့ ကပ်ပြီး သူမ၏ မျက်နှာထားကိုအနီးကပ်ကြည့်သည် “အတိတ်မေ့သွားပြီးတော့ မုရုန်ရှီက ဘာလို့အဲလောက်တောင် ပြောင်းလဲသွားတာလဲ… အတိတ်မေ့တာ က လူတစ်ယောက်ရဲ့ အကျင့်ကိုပါပြောင်းပြီး ပါရမီရှင်ပါဖြစ်စေတာလား ရော့ပိုင် မင်းဘယ်လိုထင်လဲ”

***

All Chapters