အခန်း ၁၈၇၄+၁၈၇၅
Vol. 126 Ch. 1874+1875
အပိုင်း (၁၈၇၄+၇၅)
မေလ ငါးရက်နေ့၊ ထူးခြားလှသည့် နေ့တစ်နေ့ ....။
အဘယ်ကြောင့် ထူးခြားရသနည်း။ ဆယ့်တစ်ကြိမ်မြောက် စကြဝဠာနတ်တိုက်ပွဲသည် ယနေ့၌ ကျင်းပမှာ ဖြစ်သောကြောင့်ပင်။ စကြဝဠာပတ်လမ်းအသီးသီးရှိ ဂြိုဟ်အသီးသီးတွင် ရှိနေသည့် ပါရမီရှင်များ အားလုံး တို့သည် ဝင်ရောက်ကာ ယှဉ်ပြိုင်တိုက်ခိုက်ရပေလိမ့်မည်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များအနေဖြင့် ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီဖြစ်၏။ သို့ပေမဲ့ များပြားလွန်းလှသော ထိပ်တန်းပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်ကို မြင်ရသည့်အချိန် မှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ သွေးများသည် ဆူပွက်လာခဲ့၏။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်၏။ “ပထမဦးဆုံး ပြိုင်ပွဲတုန်းက ခံစားချက်မျိုးကို ပြန်ရနေတယ်”
“ငါရောပဲ” လီချင်းယန်က ပြောလိုက်သည်။ အောက်နယ်မြေတွင် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့ရပြီး ယခု အချိန်တွင် သူတို့သည် များပြားလွန်းလှသော တိုက်ပွဲကြီး၊ တိုက်ပွဲသေးများကို ယှဉ်ပြိုင်တွေ့ကြုံခဲ့ရ၏။ တစ်ခါတစ်ရံ အသက်ပင် ဆုံးရှုံးလုမတတ်ပင် ဖြစ်ခဲ့သည်။
လက်ရှိအခြေအနေမှာတော့ ပြိုင်ပွဲယှဉ်ပြိုင်သူများသည် ယခင်က သူတို့ယှဉ်ပြိုင်ခဲ့ရသည့် ပြိုင်ဘက်များထက် အမှန်ပင် အားကောင်းလို့နေခဲ့၏။ ငယ်ရွယ်နုပျိုသည့် အခြေအနေတစ်ခုကို ပြန်လည်ရောက်ရှိသွားသလိုပင် ခံစားနေမိကြ၏။
“ဟမ့်”
ရီရှင်းချန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဒီကောင်တွေက ဟန်ထုတ်လွန်းတယ်”
သူ ထိုသို့ပြောလိုက်သည်ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော တိုက်ခိုက်လိုစိတ်များသည် တခြားသူ များထက် မည်သို့မှ အားမနည်းလှချေ။ ညအင်ပါယာသည် တိုက်ခိုက်ရသည်ကို နှစ်သက်၏။ ထိုအရာကို အားလုံး ကလည်း သိရှိပြီးသားဖြစ်၏။
“ဂျူနီယာညီလေးရီ”
စုရှောင်မိုသည် အသာလှမ်းလျှောက်လာပြီးသည့်နောက် တီးတိုးပြောလိုက်၏။ “တိမ်ပင်လယ် စကြဝဠာ ပတ်လမ်းရဲ့ ဗိုလ်စွဲသူက ကျဲ့လင်းရောင်လို့ ခေါ်တယ်နော်။ အဲတာ မင်းစွန့်ပစ်ခဲ့တဲ့ မိန်းမ မဟုတ်လား”
“စွန့်ပစ်ခဲ့တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”
ရီရှင်းချန်က အော်ဟစ်လိုက်သည်။ “သူက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
“အင်း..”
စုရှောင်မိုသည် ထွက်ခွာသွားပြီး တွေးတောလိုက်မိ၏။ ငါ အမှတ်မထင် ပြောလိုက် တာပါပဲ။ ဘယ်လိုဖြစ်ပြီး ဂျူနီယာညီလေးက အဲလောက် စိတ်ဆိုးနေရတာလဲ။
ဤနေရာတွင် ပြဿနာတစ်ခု ရှိနေ၏။ စုရှောင်မိုသည် ပြိုင်ပွဲမစတင်ခင် ပြိုင်ဘက်များကို သေသေချာချာ စောင့်ကြည့်ရမည့်အစား အတင်းအဖျင်း ပြောဆိုရန်အတွက် တခြားသူများကို လိုက်လံကာ ငေးမောလျက်ရှိနေသည်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ဦးဆောင်ကာဖြင့် ပွဲခင်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။ ရုတ်တရက် သုန်မှုန်နေသည့် နတ်ဆိုးစွမ်းအင်များသည် သူ၏အနောက်မှ ပေါ်ပေါက်လာခဲ့၏။ ခန့်မှန်းရန် မလိုအပ်ခဲ့ချေ။ ကျိန်းသေပေါက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသာလျှင် ဖြစ်ရပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင်။ မွေးစားသား ရှစ်ဆယ့်တစ်ယောက်တို့ကို ဦးဆောင်ကာဖြင့် မျက်နှာကို ထင်ထင်ရှားရှား မပြထားသော အဓိကဗီလိန်ကြီးသည် လှမ်းလျှောက်လာခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်း အနေဖြင့် အရည်အချင်းပြည့်မီလှသော တပည့်အနည်းငယ်တို့ကို ဦးဆောင်ကာ ဝင်ရောက် လာခဲ့ခြင်းသည် အားလုံးသောသူများ၏ မျက်စိဆံပင်မွေး စူးစေခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူများနှင့် နှိုင်းယှဉ် ရမည်ဆိုလျှင် သူသည် ဘာမှမဟုတ်လှချေ။
“ဟမ့်”
ကုန်းရှန့်သည် သေသေချာချာ တွေးတောမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် စကြဝဠာပတ်လမ်း၏ အရေအတွက် အကန့်အသတ် တည်ရှိနေသည်ဖြစ်သောကြောင့် သူ့အနေနှင့် သူ၏ တပည့်များကို အရေအတွက်များများ အဆင့်တက် သွားစေရန် ပြုမူဆောင်ရွက်ပေး၍ မရနိုင်ခဲ့ချေ။
“နောက်ထပ် ပြိုင်ပွဲဝင်ဖို့ အခွင့်အရေး ရမယ်ဆိုရင် အဓိကစကြဝဠာပတ်လမ်း အသီးသီးကို စေလွှတ် ပြီးတော့ ပြိုင်ပွဲဝင်ခွင့်ရအောင် ကြိုးစားရမယ်။ ဒါမှ နောက်ဆုံးတိုက်ခိုက်ရမယ့် ပြိုင်ပွဲဝင်တွေ အကုန်လုံးက ပြိုင်စံရှားဂိုဏ်းက လူတွေအကုန်လုံး ဖြစ်လာမယ်။ မင်းတို့အားလုံး စိုးရွံ့သွားစေရမယ်ကွ”
“ဂိုဏ်းချုပ်ကျွင်း”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ဒါ ပြိုင်ပွဲတစ်ခု ဖြစ်တယ်ဆိုပေမဲ့ သေခြင်းရှင်ခြင်းဆိုတာ ကံတရားပေါ် မူတည်တယ်နော်”
သူ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် သူ့မွေးစားသားများ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့ အားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များနှင့် ကြုံဆုံတွေ့ရသည်ဆိုပါက ပြိုင်ပွဲသည် အနိုင်ယူရုံလောက်ဖြင့် ရိုးရှင်းစွာ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။
“သိပ်မှန်တာပေါ့”
ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။ “ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတာ သေခြင်းရှင်ခြင်းစင်မြင့်ကို လှမ်းတက်လိုက်တာနဲ့ တူတူပဲလေ။ အရာအားလုံးက ကံကြမ္မာအတိုင်းပဲပေါ့”
လီချင်းယန်နှင့် တခြားသူများ အားလုံးသည် ပေါ့သေးသေးလူများ မဟုတ်ကြချေ။ ၎င်းတို့အားလုံးသည် ဦးခေါင်းကို ခါယမ်းကာဖြင့် ဆုံတွေ့မည့်လူများကို သေဆုံးသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
“အံ့အားသင့်စရာပဲ။ သူ ဘယ်လိုဖြစ်ပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲရတာလဲ”
“ယောက်ျားပီသတယ်”
ဖြတ်သွားဖြတ်လာလူများသည် ၎င်းတို့၏ အတွေးများကို ထင်ထင်ပေါ်ပေါ်ဖြင့် ထုတ်ဖော် မပြောရဲကြချေ။ ထို့ကြောင့် စိတ်ထဲတွင် ကြိတ်ကာ ချီးကျူးလျက် ရှိနေကြသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဘာစကားကိုမှ မဆိုချေ။ သူသည် ပွဲခင်းထဲသို့ ဝင်ရောက်ရာ လမ်းအတိုင်း တည့်တည့်လျှောက်သွားခဲ့တော့သည်။ အထဲသို့ဝင်ရန် ပြင်လိုက်သည့်အချိန်မှာပဲ သူသည် အသံပို့လွှတ်လိုက်၏။ “ကောင်လေး... မင်း ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးခဲ့ပြီး ငါ့ရဲ့နောက်လိုက်ကို သတ်ခဲ့တယ်လေ။ ဒီထျန်းလော် လောကကြီးထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်လို့ ထင်လို့လား”
ဤစကားစုသည် အမှန်ပင် ရဲတင်းလွန်းလှချေသည်။
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ သူသည် နှလုံးသားထဲမှာတော့ ဆွံ့အလို့ နေလေ၏။ တစ်ဖက်လူသည် ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် သန့်သန့်ရှင်းရှင်း ရောက်ရှိလာခဲ့ခြင်း မဟုတ်ချေ။
“လက်ခံသူအနေနဲ့ စကြဝဠာနတ်တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ လာခဲ့တယ်ဆိုတာ ထောင်ချောက်ထဲကို လှမ်းလျှောက် လာတာနဲ့ တူတူပဲ” စနစ်က ပြောလိုက်၏။
“အင်း.... တော်လိုက်ပါတော့”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ဦးဆောင်ကာဖြင့် ပွဲခင်းထဲသို့ လှမ်းဝင် သွားသည်။ လမ်းတလျှောက်မှာတော့ ပြိုင်ပွဲပြီးဆုံးသွားပြီးသည့်နောက် ထျန်းလော်လောကထဲမှ မည်ကဲ့သို့ ထွက်ပြေးရမည်ဖြစ်ကြောင်း ဆက်တိုက်စဉ်းစားလျက် ရှိနေသည်။
ကျန့်ကွေ့ရှုသည် အနောက်မှ လိုက်ပါမလာခဲ့ချေ။ ပွဲကြည့်စင်၏ အဝင်ဝတည်နေရာတွင် မတ်တပ်ရပ်ကာဖြင့် အိမ်မက်များနှင့် ပြည့်နှက်လျက်ရှိနေသည့် လူငယ်လူရွယ်များကို ကြည့်ရှုကာ အော်ဟစ်လိုက်၏။ “ရှေ့ကို မြန်မြန်သွား၊ ကောင်းမွန်တဲ့ အနာဂတ်က မင်းတို့ကို စောင့်နေတယ်”
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ရပ်တန့်လိုက်၏။ အနောက်မှ လိုက်ပါလာခဲ့ ကြသော လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း ရပ်တန့်သွားခဲ့ကြသည်။
သူတို့ အားလုံးသည် ကျန့်ကွေ့ရှုကို နောက်ကျောပေးထားကြသည်။ သို့ပေမဲ့ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ဖြစ်တည်လာခဲ့ကြသည်။ ညာဘက်လက်ကို မြှောက်ပြီးသည့်နောက် စကြဝဠာနတ်တိုက်ပွဲတွင် အဆုံးစွန် အနိုင်ယူ တိုက်ခိုက်မည်ဆိုသည့် သင်္ကေတများကို ထုတ်ဖော်ပြောဆိုလျက် ရှိနေ၏။
စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲ ပွဲခင်းထဲတွင် ပွဲကြည့်ပရိသတ် သန်းနှင့်ချီ တည်ရှိနေကြ၏။ ၎င်းတို့သည် ပွဲကြည့်စင် အသီးသီးတွင် ခွဲခြားထားသည်။ တချို့သည် ပုံမှန်တန်း၊ တချို့မှာတော့ အဆင့်မြင့်တန်း စသည်ဖြင့် ခွဲခြားထား ခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သည့်လူများ၏ ဂိုဏ်းချုပ်ဖြစ်သည်နှင့်အညီ ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် တည်နေရာတွင် နေရာချထားပေးခြင်းကို ခံရ၏။ ကြည့်ရှုရသည့်နေရာသည် အလွန်ပင် မြင်ကွင်းကောင်း လွန်းလှပြီး တိုက်ပွဲများအားလုံးကို မည်သူမှ မကွယ်ဘဲ လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်စွမ်းရှိသည်။
နှိုင်းယှဉ်ရမည်ဆိုလျှင် သာမန်ပွဲကြည့်စင်ရှိ ကျင့်ကြံသူများနှင့် ခြားနားလွန်းလှ၏။ တည်နေရာအရဆိုလျှင်လည်း ကွာခြားလွန်းလှသည်။ ကံကောင်းစွာဖြင့် ပွဲကို စီစဉ်သည့်လူများသည် ပုံရိပ်ယောင်အစီအရင်ကြီးကို ဖန်တီး ပေးထား၏။ ထို့ကြောင့် ကြီးမားလွန်းလှသော ပုံရိပ်ယောင်မြင်ကွင်းကြီးသည် ကောင်းကင်ယံထက်တွင် ပြသလျက်ရှိနေ၏။
“ဘယ်လောက် ခမ်းနားလိုက်လဲ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် ပွဲခင်းကြီး တစ်ခုလုံးကို ကြည့်ရှုနေ၏။ တည်နေရာတစ်ခုလုံး၏ ဆောက်လုပ်ထားမှုသည် သူ့အား အမှန်ပင် အံ့အားသင့်စေ၏။ အဓိက ပြိုင်ပွဲကြီးဖြစ်သည်နှင့်အညီ ပွဲခင်းကြီးတစ်ခုလုံးအား ဓာတ်ငါးပါးပုံပန်းသွင်ပြင်မျိုး ဖန်တီးထားသည်။
“ပြီးတော့ ဒါက စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲကြီးလေ။ ဒီလောက်တော့ ခမ်းနားကြီးကျယ်ရမှာပေါ့” စနစ်က ပြောလိုက်၏။
ကွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနာဂတ်မှာ ငါ့အနေနဲ့ အဆင့်တန်းမြင့်မြင့် ဂိုဏ်းပြိုင်ပွဲတွေကို ကျင်းပ ချင်တယ်။ စကြဝဠာထဲမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေ အားလုံး လာကြည့်ရလိမ့်မယ်”
“လက်ခံသူ.. မင်းရဲ့တပည့်တွေကို ပိုပြီးစိတ်ပူသင့်တယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပေါ်ပေါ်တင်တင် ပြောဆိုရဲတယ်ဆိုမှတော့ သူ့ရဲ့ မွေးစားသားတွေကိုလည်း မလျော်ညီတဲ့ကိစ္စတွေ ပြုလုပ်ဖို့ ညွှန်ကြားထားမှာ သေချာတယ်” စနစ်က ပြောလိုက်၏။
“အင်း... သူတို့ အရာအားလုံးကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်လေ”
ပြောပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် အမှတ်မထင်ဆိုသလို အဝေးတည်နေရာတွင် ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီ လှမ်းကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို တစ်ဖက်လူကလည်း သူ့ကို လှမ်းကြည့်နေ၏။ ၎င်းတို့ မျက်လုံးများ ဆုံမိသည့်အချိန် တွင် မီးတောက်များ ထွက်ပေါ်လာလုမတတ်ပင်။ ဤကဲ့သို့ ဖြစ်ပျက်လျက်ရှိနေသည့် အတောအတွင်းမှာပဲ အသံကြီးတစ်ခုသည် ပေါ်ပေါက်လာ၏။
“ပါဝင်ယှဉ်ပြိုင်သူတွေကို ကြိုဆိုကြရအောင်”
ဝမ် ဝမ်
အစီအရင် အလင်းတန်းများသည် တိုက်ခိုက်ရေးစင်မြင့် ဆယ့်နှစ်ခုတွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်သူများသည်လည်း စင်မြင့်ပေါ်တွင် ပေါ်ပေါက်လာသည်။
ဝိုး
သာမန်ပွဲကြည့်စင်တွင် ကြည့်ရှုနေသည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
တချို့သည် နာမည်များ ရေးထိုးထားသော အလံတိုင်များကို ကိုင်ဆွဲ ကာဖြင့် အော်ဟစ်ချီးကျူးလျက် ရှိနေကြသည်။ ပွဲကြည့်ရှုသူ တစ်သန်းနီးပါးခန့်သည် မတူညီသည့် စကြဝဠာ ပတ်လမ်းများဆီမှ ရောက်ရှိလာခဲ့သည့်လူများဖြစ်၏။ ထို့ကြောင့် အားပေးသံများနှင့် ဆူညံလျက် ရှိနေသည်။
သို့ပေမဲ့ လုချင်းချင်း ဦးဆောင်သည့် ပြိုင်စံရှားဂိုဏ်းတပည့်များ ဝင်ရောက်လာသည့်အချိန်မှာတော့ ချီးကျူးသူ၊ အားပေးသူ တစ်ယောက်မှ မရှိကြချေ။ ၎င်းတို့သည့် စွန့်ပစ်ခံထားရသည့် သနားစရာ ကလေးသတ္တဝါလေးများ ကဲ့သို့ပင်။
တစ်ချို့ဆိုလျှင် လှောင်ပြောင်လျက်ပင် ရှိနေသေးသည်။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် နားကိုအုပ်ကာ ပြောလိုက်၏။ “နားငြီးလိုက်တာ”
လီချင်းယန် ပြန်မပြောခင်မှာပဲ လုချင်းချင်းသည် ဝင်ကာ ပြောဆိုလိုက်သည်။ “တစ်စုံတစ်ယောက်ကို အနိုင်ယူပြီးရင် ဒီလိုလှောင်ပြောင်နေသူ ပါးစပ်ပိတ်သွားလိမ့်မယ်”
.............
အားလုံးသောသူတို့၏ နှလုံးသားထဲတွင် ကြိတ်ကာ ရေရွတ်လျက် ရှိနေ၏။ အကြီးဆုံးစီနီယာအစ်မကြီးက ရုတ်တရက် စကားတွေ ဘာတွေ ပြောနေပါလား။
“ကောင်းပြီ”
စုရှောင်မိုသည် ခါးထောက်ပြီး စပ်ဖြီးဖြီးဖြင့် ပြောလိုက်၏။ “ဒီလို ပြိုင်ပွဲမျိုးကို အနိုင်ရပြီး ဗိုလ်စွဲလိုက်မယ်ဆိုရင် ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားမှာပဲ”
ကံကောင်းစွာဖြင့် သူ၏ပြောဆိုသံကို တခြားသူများက မကြားရခြင်းပင်။ မဟုတ်ပါက အားလုံးသောသူတို့သည် ကျိန်းသေပေါက် အထင်အမြင်သေး စွာဖြင့် ကဲ့ရဲ့နေပေလိမ့်မည်။
........
အစီအရင်၏ အလင်းတန်းများသည် ဖြစ်တည်လျက်ရှိနေပြီး ပါဝင်ယှဉ်ပြိုင်သူများကလည်း စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းလာခဲ့ကြ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများထဲမှ တစ်ယောက်သည် လက်ပိုက်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ပြိုင်ပွဲမှာ ကျုပ်တို့ တွေ့ဆုံမယ်ဆိုရင် ကျိန်းသေပေါက် သေအောင်သတ်မှာနော်”
“ဟမ့်”
စုရှောင်မိုက ပြောလိုက်သည်။ “မင်းက တော်တော်ကြီး မောက်မာတာပဲ”
သူ၏ နောက်တွင်ရှိသော လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် အော်ဟစ်ရယ်မောလိုက်မိ၏။ အရေအတွက်အရ ပြောရမည်ဆိုလျှင် သူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများနှင့် မယှဉ်နိုင်ပေ။ သို့ပေမဲ့ အစစ်အမှန် တိုက်ခိုက်မည်ဆိုလျှင်တော့ ကြောက်ရွံလိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် မနေ့တုန်းက ဂိုဏ်းချုပ်သည် သူတို့ကို အမိန့်ပေးပြီးသားဖြစ်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများနှင့် ရင်ဆိုင်တွေ့သည်ဆိုပါက သနားညှာတာမှုကို ပြသစရာ မလိုအပ်ချေ။
ဟူး ဟူး
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများနှင့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ပေအနည်းငယ်ကျော် အကွာအဝေးတွင် ရပ်လျက်ရှိ၏။ နှစ်ဖက်သားသည် စူးစိုက်ကြည့်ရှုလျက် ရှိနေကြ၏။ အချင်းချင်း ထကာ တိုက်ခိုက်ကြခြင်း မရှိသည်ဆိုသော်လည်း လေထုထဲတွင် တိုက်ခိုက်လိုခြင်း အော်ရာများနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ ဤအဖွဲ့နှစ်ဖွဲ့ ရင်ဆိုင်တွေ့သည် ဆိုပါက လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်တော့ချေ။
“ဟမ်”
အားလုံး၏အနောက်တွင် ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေသည့် ဟယ်ဝူတီသည် ရုတ်တရက် စူးစိုက်ကြည့် နေသည့် ခံစားချက်ကို ရရှိခဲ့၏။ ထို့ကြောင့် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်ဖက် မွေးစားသား များ အဖွဲ့ဆီမှ လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတရားများနှင့် သူ့ကို ကြည့်ရှုနေ သည်ကို မြင်လိုက်ရ၏။
စုရှောင်မိုကလည်း ဒါကို သတိပြုမိသည်။ ထို့ကြောင့် ပြောလိုက်မိသည်။ “ဒီကောင့်ရဲ့ ဒဏ်ရာတွေက မြန်မြန် ပြန်ပြီးကောင်းသွားတာပဲ”
“အမှိုက်သာသာပါပဲ” ရီရှင်းချန်သည် အထင်အမြင်သေးစွာဖြင့် ဝင်ကာပြောဆိုလိုက်၏။
ခလွပ် ခလွပ်
လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ လက်သည်းများသည် လက်ထဲသို့ပင် စိုက်ဝင်ပြီး သွေးများ ထွက်လာခဲ့၏။ သူသည် စိတ်ထဲ၌ ဒေါသတကြီးဖြင့် ပြောဆိုနေ၏။ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ ဒီပွဲမှာ လုံးဝရှုံးမှာ မဟုတ်ဘူး။
“ဟင်း”
ဘေးတစ်ဖက်တွင် ရှိနေသော မွေးစားသားတစ်ယောက်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလူတွေက ဘာမှ ထူးခြားတာလည်း မရှိဘူး။ ဘယ်လိုဖြစ်ပြီး မင်းက ဆက်တိုက်ရှုံးနေရတာလဲ။ မွေးစားအဖေ ကတော့ အမှိုက်တစ်စကို မွေးမြူခဲ့တာနဲ့ တူတူပဲ။ မျှော်လင့်ချက် ကြီးမားလေ၊ စိတ်ပျက်မှုက ပိုပြီးကြီးမားလေပဲ။ မွေးစားအဖေသာ ငါ့ကို တိမ်ပြာစကြဝဠာပတ်လမ်းထဲပို့ပြီး ပြိုင်ခိုင်းမယ်ဆိုရင် ငါ ကျိန်းသေပေါက် လွယ်လွယ်ကူကူ အနိုင်ရမှာ”
သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များအား အထင်အမြင်သေးစွာဖြင့် ပြောဆိုလျက်ရှိနေသည်ဆိုသော်လည်း နောက်ကွယ်ရှိ အဓိပ္ပာယ်မှာတော့ သူ၏ မွေးစားညီငယ်ဖြစ်သော လင်းလီအား နိမ့်ချ ပြောဆိုနေခြင်းသာ ဖြစ်သည်။
..........
ပါဝင်ယှဉ်ပြိုင်သူများ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် အစီအစဉ် ကြေညာသူသည် ပုံမှန်အတိုင်း အဖွင့်အမှာစကား ကို ပြောကြားလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှေးမှီပြီးသည့်နောက် အနားယူရင်း မျက်လုံးကို မှိတ်ထားမိသည်။ မဲနှိုက်ရန် ကြေညာသည့်အချိန်မှသာ သူသည် မျက်လုံးကို ဖွင့်လိုက်မိ၏။ မဲနှိုက်သည့် လုပ်ငန်းစဉ် သည် ကြယ်တာရာပြိုင်ပွဲမှာတုန်းကကဲ့သို့ပင် မခြားနားလှချေ။ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် ပြိုင်ဘက်ကို ကိုယ်စီ ရွေးချယ်ရမည်ဖြစ်ပြီး အနိုင်ရရှိသူကသာ နောက်တစ်ဆင့်ကို တက်မည်ဖြစ်သည်။ ရှုံးနိမ့်သူ ကတော့ နုတ်ထွက်ရပေလိမ့်မည်။