← Chapters

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အပိုင်း (၁၈၇၆)

နာမည်ခေါ်သည့်အတိုင်း စင်မြင့်ပေါ်သို့ တက်ပြီးသည့်အနောက် လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက်မဲနှိုက်ခြင်းကို ပြုမူကြ၏။ သူတို့သည် ပထမဦးဆုံးပြိုင်ပွဲတွင် ပထမဦးဆုံး အဆင့်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့် သူတို့၏ ဂိုဏ်းတူရောင်းရင်းအချင်းချင်း ထိပ်တိုက် တိုက်ခိုက်ရသည့်အဖြစ်မျိုးတော့ မရောက်ခဲ့သေးချေ။

“ပထမပါဝင်ယှဉ်ပြိုင်သူ တည်နေရာရွေ့ပြောင်းခြင်း စင်မြင့်ပေါ်သို့ တက်ပါ”

ဟူး ….။

လီထျန်းထျန်းသည် အသက်ကို ပြင်းပြင်းရှုပြီးနောက် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ “စီနီယာအစ်ကိုတို့ … ကျုပ်သွားပါတော့မယ်”

သူသည် ပြိုင်စံရှာဂိုဏ်းတွင် ပထမဦးဆုံး တိုက်ခိုက်ရမည့်သူ ဖြစ်လို့နေခဲ့သည်။

“ဂျူနီယာ ညီလေး”

လီချင်းယန်းနှင့် တခြားသောသူတို့သည့် အားပေးလိုက်ကြ၏။ “ တိုက်ပွဲကို အနိုင်နဲ့ စရအောင်”

ဆွတ်

ဆွတ်

လီထျန်းထျန်းနှင့် တိုက်ခိုက်ရန်အလှည့်ကျသည့်သူမှာ မိုးကောင်းကင်နတ်ဆိုအင်ပါယာ၏ မွေးစားသား တစ်ယောက်ပင် ဖြစ်လေသည်။

“အင်း”

လီထျန်းထျန်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အင်း ငါ့ကံက နည်းနည်းကောင်းတာပဲ”

သူ၏ပြိုင်ဘက်သည် လင်းရှီ ဟု အမည်တွင်သည်။ ၎င်းသည် သူ့ကို အစောတုန်းက လှောင်ပြောင်လျက်ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏မွေးစားသားများထဲမှ တစ်ယောက်လည်း ဖြစ်သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လက်များကို ဖြန့်ကားကာ ပြောလိုက်၏။ “တိုက်ပွဲစပြီဆိုတာနဲ့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ”

“ကောင်လေး”

လင်းရှီ သည် ခေါင်းကို ငဲ့စောင်းကာဖြင့် အေးစက်စက်ရယ်မောလိုက်သည်။ “မွေးစားအဖေက တိမ်ပြာစကြဝဠာပတ်လမ်းထဲ ငါ့ကိုသာ စေလွှတ်လိုက်မယ်ဆိုရင် မင်းနဲ့ မင်းရဲ့ ဂိုဏ်းတူရောင်းရင်းတွေ အကုန်လုံး ဒီလိုနေရာမှာ မတ်တတ်တောင်ရပ်နိုင်မှာ မဟုတ်ဘူး။ ငရဲပြည်ကို သွားပြီး သတင်းပို့နေရ လောက်ပြီ”

………….

လီထျန်းထျန်းသည် နာခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ “တိုက်ခိုက်ချိန်ကျမှ ဘယ်လောက် မောက်မာမလဲ ကြည့်တာပေါ့။”

“တိုက်ပွဲ စလိုက်ကြရအောင်” ထိုအချိန်မှာပဲ ဒိုင်လူကြီးက အော်ဟစ်လိုက်၏။

ဟူး ….။

ဟူး …..။

ချက်ချင်းပဲ ကြမ်းတမ်းလွန်းသည့် အော်ရာများဖြစ်တည်လာခဲ့ပြီး အနီးနားတွင် ရှိနေသည့် ပွဲကြည့်စင်မြင့်များကိုပင် သက်ရောက်စေခဲ့သည်။

ဆွတ်

ဒိုင်လူကြီး၏ အသံပျောက်ကွယ်မသွားခင်မှာပဲ လင်းရှီသည် သူ၏ ခါးကို အသာကွေးညွှတ်ကာဖြင့် လက်သီးနှင့် ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်၏။

“သေဖို့ ပြင်ထား”

……..

လင်းရှီ၏ အသံကို ကြားရသည့်အချိန်မှာတော့ လီထျန်းထျန်းသည် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ မျက်နှာသွင်ပြင်တစ်ခုလုံသည် လေးနက်လာ ခဲ့၏။ ခန္ဓာကိုယ်၌ ထူးခြားလွန်းသော အော်သံများ လွမ်းခြုံလာသည်။

သူ၏အနောက်ဘက်တွင် အရိပ်တစ်ခုဖြစ်တည်လာခဲ့၏။ ထိုအရိပ် ပုံရိပ်ယောင်သည် အသွေးနှင့်အသားနှင့် ခန္ဓာကိုယ်တစ်ခု အဖြစ် အသွင်ဖြစ်တည်လာခဲ့၏။ ထိုသူသည် SS အဆင့် သူရဲကောင်းဝိညာဉ်တစ်ခုဖြစ်သလို လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လည်း ဖြစ်သည်။ ၎င်းသည် ဓားကို လက်နှင့်ပိုက်ကာ ရပ်လျက်ရှိ၏။

မည်သူဖြစ်သနည်း။ ကျင်းကော်ပင်။

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည် “ဝှက်ဖဲကို တစ်ခါတည်း ထုတ်သုံးတော့တာလား”

ရွှမ်

ထိုအချိန်မှာပဲ လီထျန်းထျန်း ၏ ထိန်းချုပ်မှုအောက်တွင် ကျင်းကော်သည် ဓားကို အသာမြောက်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။

“မကောင်းတော့ဘူး”

ဆွတ်

စင်မြင့်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

လင်းရှီ သည် ချက်ချင်းပြေးဝင်ကာ တိုက်ခိုက် လိုက်သည့် ပုံပန်းသွင်ပြင်မျိုးနှင့်ပင် ရှိနေ၏။ ကျင်းကော်သည် ၎င်း၏ နောက်တွင် ရောက်ရှိနေပြီး ၎င်း၏ဓားမှ သွေးများ တစက်စက်နှင့် ကျဆင်းနေ၏။ ၎င်းသည် အေးစက်စက်နှင့် ပြောလိုက်သည်။ “အင်း …. ငါရှင်ဘုရင်ကို မသတ်နိုင်ခဲ့ဘူးဆိုပေမဲ့ မင်းကိုတော့ သတ်နိုင်သေးတယ်”

ဘုတ်

ပြီးသည့်နောက် လင်းရှီသည် မြေပေါ်သို့ ဒူးထောက်ကာ ပြုတ်ကျသွား၏။ ခေါင်းကို ဘေးတဖက်ဆီသို့ ငဲ့စောင်းသွားပြီးနောက် လည်ပင်းထက်တွင် ဓားရာကြီးတစ်ခုက ထင်ထင်ရှားရှားပေါ်ပေါက်လာ၏။

အမြန်နှုန်းသည် အလွန်ပင်မြန်ဆန်လွန်းလှပြီး အလွန်ပင်မြန်ဆန်လွန်းလှသည် တိုက်ပွဲသည် ယခုမှ စတင်ကာသာ ရှိသေး၏။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများထဲမှ တစ်ယောက်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“သေသွားတာလား ….. မိုးကောင်ကင် နတ်ဆိုးအင်ပါယာရဲ့မွေးစားသား အသတ်ခံလိုက်ရတာလား”

ရေတွက်၍ မရအောင် များပြားလှသော မျက်ဝန်းများသည် ပုံရိပ်ရောင်မြင်ကွင်းဆီသို့ စူးစိုက်ကြည့်လျက်ရှိ၏။ ၎င်းတို့၏ မျက်လုံးများသည် ပြူးထွက်နေကြ၏။

မှန်ပေသည်။ လင်းရှီသည် သေဆုံးသွားခဲ့၏။ ဒိုင်လူကြီးက စတင်ပြီဟု အော်ဆိုပြီး တစ်စက္ကန့်အတွင်းမှာပဲ သေဆုံးသွားခဲ့ခြင်းဖြစ်၏။ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းလှချေသည်။

“………….”

ကုထျန်းရှင်း သည် ကြောင်အသွား၏။ အဓိက ကြယ်တာရာတိုက်ပွဲတွင် လင်းလီ၏ နှိက်စက်ရိုက်နှက်ခြင်းကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသော အတွင်းစည်းတပည့်တစ်ယောက်မဟုတ်သည့် လီထျန်းထျန်းသည် လက်ရှိအခြေအနေမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီးဖြစ်၏။

လင်းရှီသည် အားနည်း‌လေသည်လား။ အားမနည်းလှချေ။ အလွန်အမင်းအားကောင်းလွန်းလှ၏။ ကြယ်တာရာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လင်းလီထက်ပင် ပိုမိုကာ အားကောင်းလှ၏။ ဤအဆင့် ပါဝင်ယှဉ်ပြိုင် သူများသည် အမှန်ပင်အရည်အချင်းရှိသူများ ဖြစ်သည်။ သို့ပေမဲ့ လီထျန်းထျန်း၏ တိုက်ခိုက်မှုအောက်တွင်တော့ တစ်ခါတည်းသေဆုံးသွားခဲ့သည်။

ကုထျန်းရှင်း သည် အင်တာနက်ဆိုသည် အကြောင်းအရာကို နားမလည်သောကြောင့်ပင်။ မဟုတ်ပါက ရုတ်တရက်ထကာ အော်ဟစ်ပေလိမ့်မည်။ “ဒီကောင် server ခိုးဆော့နေတာပဲ”

မှန်ပေ၏။ လီထျန်းထျန်းသည် server ခိုးကာ ဆော့နေခြင်းသာ ဖြစ်၏။ သူသည် SS အဆင့် သူရဲကောင်း ဝိညာဉ်ဖြစ်သော ကျင်းကော်ကို တိုက်ရိုက်ဆိုသလိုပဲထုတ်ကာ အသုံးပြုခဲ့၏။

တရုတ်ပြည်၏ ကျွမ်းကျင်လွန်းလှသော လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ ၎င်းသည် လူများကို သတ်ဖြတ်သည့်နေရာမှာ အမှန်ပင် ကျွမ်းကျွင်လွန်းလှ၏။ ပြောရမည်ဆိုလျှင် SS အဆင့် သူရဲကောင်း ဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် လီထျန်းထျန်းသည်လည်း အကြိမ်ပေါင်း မရေတွက်နိုင်အောင် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ယနေ့ လီထျန်းထျန်းသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားကို နင်းတက်ပြီး နောက်တစ်ဆင့်ဆီသို့ တက်လှမ်းသွားနိုင်ခဲ့ခြင်းဆိုသည်မှာ သူကိုယ်သူ အမှီအခိုပြုခြင်းသာလျှင်ဖြစ်၏။ server ခိုးခြင်းဟု အဓိပ္ပာယ်မရောက်ပေ။ အသိအမှတ်ပြုခံရရန် ပိုးစိုပက်ဆက် ကြိုးစားခဲ့ရသောကြောင့်ပင်။

လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသောသူများအားလုံးသည်လည် အတူတူပင် ဖြစ်၏။ ၎င်းတို့အားလုံး တို့သည် လက်ရှိအချိန်အတောအတွင်းတွင် အလွန်အလုပ်ကြိုးစားခဲ့ရ၏။ သူရဲကောင်းဝိညာဉ်များ၏ မျက်နှာသာပေးမှုကို ရရှိရန် ပြင်းပြင်းထန်ထန်နှင့် အားစိုက်ထုတ်ခဲ့ရသည်။

……..

မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ သားသည် သေဆုံးခဲ့ပြီးဖြစ်၏။ ထိုအရာသည် ပွဲခင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။ ရလာဒ်အားဖြင့် တခြားသောတည်နေရာများတွင်ရှိနေသော ပါဝင်ယှဉ်ပြိုင်သူများသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေသည် ဆိုလျှင်တောင်မှ မည်သူမှသည် ၎င်းတို့ကို ကြည့်ရှု့ချင်စိတ် မရှိကြတော့ချေ။

ဝှစ်

ဝှစ်

ထိုအချိန်မှာတော့ ပွဲခင်းကြီးတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးအော်ရာများ ပြန့်နှံ့သွားခဲ့၏။ အားလုံးသောသူတို့သည် ကျောချမ်းသွားခဲ့ကြ၏။ ဤဒေါသတကြီးဖြစ်တည်လာခဲ့သည့် နတ်ဆိုးအော်ရာများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ ထွက်ပေါ်လာသည့်အရာ ဖြစ်ကြောင်း အားလုံးက ချက်ချင်းနားလည်လိုက်ကြ၏။

သေချာပေ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထိုင်ခုံတစ်ခုတွင် ထိုင်လျက်ရှိပြီး အမဲရောင် အော်ရာများသည် ပျံ့နှံ့လျက်ရှိနေ၏။ ၎င်း၏ မျက်နှာကို သေသေချာချာရှင်းရှင်းလင်းလင်း မမြင်ရသည် ဆိုသော်လည်း ဒေါသထွက်နေကြောင်း သိနိုင်သည်။

“အင်း တိုက်ခိုက်ပြီဆိုတာနဲ့ သေခြင်း ရှင်ခြင်း ဆိုတာ ကံတရားပဲ မဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ရယ်မောလိုက်သည်။ “ဒါကို ရှုံးမဲ မဲချင်သေးတာလား”

…………

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ မိုကောင်းကင် နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လျက်ရှိသော နတ်ဆိုးအော်ရာများသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။ သူသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ….. ပြိုင်ပွဲပြီးတဲ့အထိ ပြုံးနေနိုင်ပါစေလို့ မျှော်လင့်မိတယ်”

“ စိတ်မပူပါနဲ့”

ကျွင်းချောင်ရှောင်း သည် သူ၏ နှုတ်ခမ်းများကို လက်ချောင်းများနှင့် အသာဆွဲတင်ကာဖြင့် ပြုံးသည့်ဟန်ပန်အမူအရာမျိုး ပြုလုပ်လိုက်သည်။ “ဒီအတိုင်းပဲ နေမယ်”

“အင်း တကယ့်ကို ရိုက်နှက်ချင်စရာကောင်းတာပဲ” ကုထျန်းရှင်းနှင့် ကျန့်ကွေ့ရှု့ တို့သည် အမှတ်အထင်ဆိုသလို တွေးတောလိုက်မိ၏။

မိုးကောင်းကင်အင်ပါယာသည် ဤသောက်ရူးအား လစ်လျူရှု့ပြီးသည့်နောက် သူ၏ မွေးစားသားများဆီသို့ အသံပို့လွှတ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်း တပည့်တွေနှင့် တွေ့ရင် ကျိန်းသေပေါက် တစစီ ဆုတ်ဖြဲပစ်”

သူသည် ဒေါသထွက်လျက်ရှိ၏။ သို့ပေမဲ့ ဝင်ရောက်တိုက်ခိုက်၍မရနိုင်ချေ။ ထို့ကြောင့် သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် မွေးစားသားများကိုသာ အမှီအခိုပြုရပေလိမ့်မည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည်လည်း သူ၏ တပည့်များဆီသို့ အသံပို့လွှတ်ခဲ့သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ မွေးစားသားတွေနဲ့ တွေ့တယ်ဆိုရင် တခါတည်း ရိုက်သတ်ကြ”

၎င်းတို့နှစ်ယောက်သည် ရန်သူများဖြစ်ကြ၏။ ထို့ကြောင့် ရှင်းပြနေစရာပင်မလိုပေ။ အခွင့်အရေးရှိသည် ဆိုသည်နှင့် ကျိန်းသေပေါက် ခွေးရူးများကဲ့သို့ပင် တစ်ယောက်နှင့်တစ်ယောက် ကိုက်ခဲကြမှာသေချာ၏။

….……

ပထမဦးဆုံးပြိုင်ပွဲ လီထျန်းထျန်း အဆင့်တက်သည်။ ထိုအရာကို ကြေညာလိုက်သည့်အချိန်မှာတော့ လီထျန်းထျန်းသည် စင်မြင့်ပေါ်မှ ခုန်ဆင်းလာခဲ့တော့၏။ လင်းလီ၏ ရိုက်နှက်ခြင်းကို ခံရပြီးသည့် နောက် သူသည် အရမ်းစိတ်ဓာတ်ကျခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းနှင့် ဂိုဏ်းချုပ်တို့၏ အရှက်သိက္ခာ တရားတို့ကိုပြန်လည်ကာ အဖတ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအရာသည် ရူးရူးမူးမူး ကျင့်ကြံခြင်းကြောင့်သာ ဖြစ်၏။ ဂုဏ်သိက္ခာတရားနှင့် အနိုင်ရလဒ်ကို ပြန်လည်ရယူချင် သောကြောင့် ရူးရူးမူးမူး ကြိုးစားခဲ့ခြင်း၏ အကျိုးသာလျှင်ဖြစ်သည်။

ဤတစ်ကြိမ်ပြိုင်ဘက်သည် ကြမ်းတမ်းလှသည်မဟုတ်သော်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားတစ်ယောက်တော့ဖြစ်နေသေး၏။ ချက်ချင်းသတ်ဖြတ်နိုင်ခဲ့ခြင်းသည် အမှန်ပင် သူ့အားစိတ်အား တက်ကြွစေခဲ့၏။

လီထျန်းထျန်း၏ အနိုင်ရရှိမှုကို မြင်ရပြီးနောက် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးတို့သည် ၎င်းတို့ ဂိုဏ်းတူရောင်းရင်းနောက်သို့လိုက်ကာ တစ်ယောက်ပြီးတစ်ယောက် အနိုင်ရလာဒ်များကို ရယူခဲ့ကြ၏။ ခက်ခဲမှုမရှိသလို မည်သည့်စိန်ခေါ်မှုများပင် မရှိကြချေ။

သို့ပေမဲ့ တခြားသော ပြိုင်ဘက်များမှာတော့ ကြောက်မက်ဖွယ်ကောင်းလှစွာဖြင့် အသက်များကို ပေးဆပ်နေရ၏။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများ သည်မည်သူနှင့် ရင်ဆိုင်တွေ့သည်ဖြစ်စေ သတ်ဖြတ်ခြင်းကို ပြုမူနေသောကြောင့်ပင်။

၎င်းတို့၏ ဘက်တော်သား လင်းရှီ တစ်ယောက် ပြိုင်စံရှားဂိုဏ်းတပည့်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် တခြားသောပြိုင်ပွဲဝင်များအားလုံးအား လင်းရှီနှင့်အတူ မြုပ်နှံရန် စဉ်းစားဆုံးဖြတ်ခဲ့ ပုံပေါ်၏။ တွေ့သမျှလူတိုင်းသည် အမဲဖျက်သလို သတ်ဖြတ်နေကြသည်။

“ငါ့သား

သူ့သား၏ ဆိုးဝါးလှသော သေခြင်းတရားကို မြင်နေရသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သည် ဝမ်းနည်းသည့် အမူအရာများကိုသာ ထုတ်ဖော်နိုင်ခဲ့၏။

အမုန်းတရား။ အရိုးထဲထိအောင် မုန်းတီးမိ၏။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည်။ ထို့ကြောင့် ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်ကြည့်ခြင်းကိုသာ ပြုမူနေရ၏။ ထကာမပြောဆိုရဲချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို အကူအညီမဲ့စွာဖြင့် ခါယမ်းလိုက်၏။ မိမိ၏ကလေးသည် အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ သို့ပေမဲ့ မတ်တပ်ပင်ထကာ မပြောဆိုရဲခဲ့ချေ။

…………

ပထမဦးဆုံးအကျော့တိုက်ပွဲများပြီးသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အဆင့်တက်သွား ခဲ့၏။ လွယ်ကူလွန်းလှသည် ဖြစ်သောကြောင့် တော်တော်များများသည် သေသေချာချာပင် မတိုက်ခိုက် ခဲ့ရချေ။

မိုးကောင်းကင်နတ်ဆိုအင်ပါယာ၏ မွေးစားသားရှစ်ဆယ်တို့သည်လည်း အဆင့်တက်ခဲ့၏။ မြင်ကွင်းသည် အမှန်ပင် သွေးသံတရဲရဲနှင့်ပင်။

ထုံးစံအတိုင်းပင် ဒုတိယပြိုင်ပွဲအတွက် မဲနှိုက်ခြင်းကို ပြုမူကြ၏။ ပြိုင်ပွဲဝင်ပေါင်းများစွာ တည်ရှိနေသည်ဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားများတို့သည် တိုက်ရိုက်တွေ့ဆုံခြင်း မရှိကြချေ။

ပြီးသည့်နောက် တတိယအဆင့် စတုတ္ထအဆင့် စင်မြင့်ပေါ်တွင် လူရာကျော်လောက်သာ ကျန်ရှိတော့၏။ မဲနှိုက်ရင်းနှင့် ကျနိုင်မည့် ရာခိုင်နှုန်းသည်လည်း ပိုမိုကာများပြားလာခဲ့၏။ အထူးသဖြင့် ပဉ္စမမြောက်အဆင့် မဲနှိုက်ပြီးသည့်နောက် ဟဲဝူတီ၊ လီချင်းယန်တို့သည် မိုးကောင်းကင်နတ်ဆိုအင်ပါယာ၏ မွေးစားသား နှစ်ယောက်တို့နှင့် ထိပ်တိုက်တွေ့ဆုံလေ၏။

“ပါဝင်ယှဉ်ပြိုင်သူတွေ စင်ပေါ်တက်ကြပါ”

ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။ ဟယ်ဝူတီ သည် ပထမဦးဆုံး စင်မြင့်ပေါ်သို့တက်လိုက်သည်။

ခန္ဓာကိုယ်ကြီးထွားလွန်းသော လင်းယု ဟုခေါ်သော ပြိုင်ဘက်သည် မထီတရီဖြင့် ပြုံးပြလျက်ရှိနေ၏။

သို့ပေမဲ့ တိုက်ပွဲစတင်ပြီးသည့်နောက် ထူးခြားလွန်းသည့် တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြုကာ ဘယ်မှညာ ၊ ညာမှဘယ် ရွေ့လျားပြီး ဟဲဝူတီ ကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးသည် စုရှောင်မိုကဲ့သို့သော သူမျိုးနှင့် တိုက်ခိုက်မှသာ သင့်တော်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်….

ဘုန်း…

ပြောဆိုရှင်းပြ၍ပင် မဆုံးသေးချေ။ ကျယ်လောင်သောအသံကြီးတစ်ခုက ပေါ်ပေါက်လာ၏။

ဖုန်များ လွင့်စင်သွားခဲ့ပြီး ပြန်လည်ငြိမ်သက်သွားချိန်မှာတော့ ဟဲဝူတီသည် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိသေး၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ သားမှာတော့ အပေါ်ပိုင်းအဝတ်အစားများ အားလုံး စုတ်ပြတ်သပ်လျက်ရှိနေပြီး နောက်ကျောဘက်တွင် ကြီးမားလှသည့် အပေါက်ကြီးတစ်ခုက တည်ရှိ နေလေသည်။

“နောက်တစ်ယောက်သေသွားပြန်ပြီလား”

ဘုန်း….

နောက်ထပ်ကျယ်လောင်လှသောအသံကြီးသည် ပုံရိပ်ယောင်မြင်ကွင်းဆီမှ ထွက်ပေါ်လာ၏။ ပွဲကြည့်သူ များသည် လှမ်းကာကြည့်ရှု့လိုက်သည့်အချိန်မှာတော့ လီချင်းယန် ၏ ပြိုင်ဘက်သည်လည်း အောက်တွင် ဆန့်ဆန့်ကြီးနှင့် သေဆုံးလျက်ရှိနေလေ၏။

ဆွတ်..

ဒိုင်လူကြီးသည် သွားရောက်ကာ စစ်ဆေးပြီးသည့်နောက် ဦးခေါင်းကို ခါယမ်းပြလိုက်တော့၏။ တာဝန်ရှိသူများသည် ဝင်ရောက်လာပြီးနောက် အလောင်းများကို သယ်ထုတ်သွားခဲ့ကြသည်။

ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ပဉ္စမမြောက်ပြိုင်ပွဲသာ ရှိနေသေး၏။ ပြိုင်စံရှားဂိုဏ်းတပည့် များသည် အမြန်ဆန်ဆုံးနှုန်းထားဖြင့် မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားနှစ်ယောက်ကို ထပ်မံကာသတ်ဖြတ်ပစ်လိုက်ပြန်၏။

ဤလူများသည် သက်ဆိုင်ရာ စကြဝဠာပတ်လမ်းထဲတွင် ဗိုလ်စွဲခဲ့သည့် လူများသာဖြစ်၏။ ပြိုင်စံရှားဂိုဏ်း တပည့်များအနေနှင့် အနည်းငယ် လေးစားမှုကိုပြသပြီး နည်းနည်းအချိန်ကြာအောင် တိုက်ခိုက်သင့်သည် မဟုတ်ပါလား။ သို့ပေမဲ့ တစ်ခါတည်း ချက်ချင်းသတ်ဖြတ်လျက်ရှိနေ၏။ ဤကဲ့သို့သော အရာကို မည်သူက သည်းခံနိုင်တော့မည်နည်း။

All Chapters