← Chapters

အခန်း ၁၈၇၇

Vol. 126 Ch. 1877

အခန်း ၁၈၇၇

Vol. 126 Ch. 1877

အပိုင်း (၁၈၇၇)

လင်းလီမှ လွဲလျှင် ဤပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် ၎င်းတို့၏ စကြဝဠာ ပတ်လမ်းအသီးသီးတွင် ဗိုလ်ဆွဲခဲ့ကြသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ထူးချွန်သည့် သူများ ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်သုံးယောက်နှင့် တွေ့ကြုံရသည့် အချိန်တွင် ရှုံးနိမ့်ခဲ့ရ၏။ ဂုဏ်သိက္ခာတရားဟူ၍ မရှိပေ။ အားလုံးသောသူတို့သည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မျက်နှာကို အိုးမဲသုတ်ခဲ့သည်နှင့်ပင် ဆင်တူလှ၏။

အချက်အလက်အားဖြင့် ကြယ်တာရာပြိုင်ပွဲတွင် ဆက်လက်ကာ ယှဉ်ပြိုင်ရမည် ဆိုလျှင်လည်း လီချင်းယန်နှင့် ရှောင်ကျီတို့သည် ထိုသူများအား လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်မှာ သေချာ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က လင်းလီသည် ပြိုင်စံရှားဂိုဏ်း အတွင်းစည်းတပည့်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ယနေ့အချိန်မှာတော့ အခြေအနေသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။ အတွင်းစည်းတပည့်မဟုတ်သည့် လူများပင်လျှင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားများအား သတ်ဖြတ်နိုင်ခဲ့၏။

မိုးကောင်းကင် အင်ပါယာသည် ကောင်းမွန်လွန်းသည့် အရင်းအမြစ်များကို သူ၏ မွေးစားသားများအား ပေးမှာ သေချာသည်။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် အစဉ်အမြဲ တိုးတက်နေသော ဂိုဏ်းတစ်ခုဖြစ်ပြီး အထောက်အပံ့များနှင့် လျှို့ဝှက်နယ်မြေများ အားလုံးကို ကျွင်းချောင်ရှောင်း ကပေးအပ်ထားခဲ့၏။ ထို့ကြောင့် သိုင်းပညာလေ့ကျင့်သော အခါတွင် အလုံးစုံသော ယုံကြည်မှု ဖြစ်ပေါ်နေ၏။ လီထျန်းထျန်းသည် အတွင်းစည်းတပည့် မဟုတ်သော်လည်း တစ်ဖက်လူကို လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်ခဲ့ခြင်းမှာ အကောင်းဆုံးသော သက်သေပြမှုပင်။

"အံ့အားသင့်စရာ မဟုတ်တော့ဘူး"

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဖြန့်ကားကာဖြင့် ပြောလိုက်၏။ "လုံးဝ အံ့အားသင့်စရာ မဟုတ်တော့ဘူး"

တပည့်များ မိုးကောင်းကင်အင်ပါယာ၏ မွေးစားသားများကို အနိုင်ယူခြင်းနှင့် ပတ်သက်၍ သူသည် အံ့အားသင့်မှု မရှိတော့ချေ။ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုဟုပင် ကုန်းရှန့်က သက်မှတ်ထားခဲ့သည်။ မဟုတ်ပါက ကပ်ဘေးလွန်အဆင့် အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေကို ဝယ်ယူခဲ့လိမ့်မည် မဟုတ်ချေ။

သီးခြားတာဝန်ကို ပြည့်စုံပြီးသည့်နောက် ဆုအဖြစ်ရရှိခဲ့သော သီးခြားနယ်မြေများကို ဝယ်ယူခွင့်သည် ဂိုဏ်းဂုဏ်သိက္ခာမှတ် အကန့်အသတ်ရှိသောကြောင့် တစ်ခုတည်းကိုသာ ဝယ်ယူနိုင်ခဲ့၏။ တခြားနည်းလမ်းလည်း မရှိချေ။ ဤလျို့ဝှက်နယ်မြေ အမျိုးအစားကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကျိန်းသေပေါက် ဝယ်ယူရမည် ဖြစ်၏။

ထင်မှတ်ထားသည့် အတိုင်းပင်။ ကပ်ဘေးလွန်အဆင့် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေကို ဝယ်ယူပြီးသည့်နောက် တပည့်များသည် စိတ်ရှိတိုင်း ဝင်ထွက်သွားလာနိုင်ခဲ့၏။ အချိန်အကန့်အသတ်ဟူ၍ မရှိတော့ချေ။ အပြင်ဖက်သို့ မထွက်ဘဲ အထဲတွင် တစ်သက်လုံးကျင့်ကြံနေလျှင်တောင်မှ ကိစ္စမရှိချေ။

ထို့ကြောင့် တပည့်များ အားလုံးတို့သည် အထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ခြင်းဖြင့် အချိန်ကို လျော့ချနိုင်ခဲ့၏။ ကပ်ဘေးလွန်အဆင့် အချိန်နှင့် တည်နေရာလျို့ဝှက်နယ်မြေသည် အချိန်အကန့်အသတ် မရှိရုံသာမက ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် ပိုမိုကာ အားကောင်းသေး၏။

"ဒီပစ္စည်းနဲ့ဆို "

ကျွင်းချောင်ရှောင်းသည် တစ်ချိန်တုန်းက ထကာ အော်ဟစ်ခဲ့ဖူးသည်။ "ဝက်တောင် ကောင်းကင်ပေါ် ပျံနိုင်လိမ့်မယ်"

လီချင်းယန်နှင့် အခြားသူအားလုံးတို့သည် အထဲသို့ဝင်ရန် မစောင့်နိုင်တော့ချေ။ သူတို့သည် ကောင်းကင်လျို့ဝှက် နယ်မြေထဲသို့ ဝင်လိုက်၊ သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်၊ ကပ်ဘေးလွန်အဆင့် အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်နှင့် အလုပ်များလျက် ရှိနေကြ၏။

ထိုကဲ့သို့ လျှို့ဝှက်နယ်မြေများကို ပိုင်ဆိုင်သည်မို့ မိုးကောင်းကင်အင်ပါယာ၏ မွေးစားသားများသည် ပြိုင်စံရှားဂိုဏ်း တပည့်များကို အဘယ်သို့ ယှဉ်နိုင်တော့မည်နည်း။ တစ်ချက်တည်း သတ်ဖြတ်ခံရခြင်းမှာ အမှန်ပင် ယုတ္တိတန်လွန်းလှသည်။

…..........

အခြားသော တစ်ဖက်မှာတော့ မိုးကောင်းကင် အင်ပါယာသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ မွေးစားသား သုံးယောက်သည် သတ်ဖြတ်ခံခဲ့ရပြီဖြစ်သောကြောင့် သူ၏ ဒေါသတရားများသည် အထွတ်အထိပ်သို့ပင် ရောက်ရှိနေ၏။

"အင်ပါယာ "

နောက်လိုက်တစ်ယောက်သည် တီးတိုးပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက မရိုးရှင်းဘူးလေ။ မွေးစားသားတွေက …”

“လီ"

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် သူ၏ဒေါသကို ဖိနှိပ်ကာ ပြောလိုက်၏။ "လင်းတောင်နဲ့ အခြားသူတွေက ထူးချွန်လှတယ် ဆိုပေမဲ့ ဒီအင်ပါယာ အသိအမှတ်ပြုထားတဲ့ လူတွေမဟုတ်ဘူး။ တကယ်တမ်း အဆုံးအဖြတ်က လင်းထန်၊ လင်းအာနဲ့ ….. "

ပြီးသည့်နောက် သူသည် ခဏရပ်ကာ ပြောလိုက်သည်။ "လင်းလီ"

"လင်းလီက ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွ လက်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးတယ်။ ဒီတော့ ကြီးမားတဲ့ တာဝန်ကို ယူနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်"

"တခြားမွေးစားသားတွေဆိုရင် ဒီလိုအခြေအနေမျိုးမှာ ကြီးမားတဲ့ တာဝန်ကို ဘယ်ယူနိုင်ပါ့မလဲ"

မိုးကောင်းကင် အင်ပါယာသည် တိကျမှန်ကန်စွာ ပြောလိုက်၏။ "လင်းလီကို အဲလိုသတ်မှတ်ဖို့ကတော့ ခက်လိမ့်မယ်"

"……."

နောက်လိုက်သည် မည်သည့်စကားမှ မဆိုတော့ချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် လင်းလီကို မယုံချေ။ သို့ပေမဲ့ အင်ပါယာက ထိုသို့ပြောမှတော့ အကြောင်းရှိပေလိမ့်မည်။

"မွေးစားအဖေ"

ထောင့်တစ်နေရာတွင် ထိုင်လျက်ရှိနေသော လင်းလီသည် လက်သီးကို ဆုပ်ကာဖြင့် ပြုံးလျက် ရှိသည်။

"မွေးစားအဖေရဲ့ အားအကောင်းဆုံး မွေးစားသားဖြစ်တယ်ဆိုတာ လုပ်ရပ်နဲ့ သက်သေပြမယ်။"

သူ၏ မွေးစားအစ်ကို သုံးယောက်တို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ တစ်ချက်ကလေးမှ ဒေါသမထွက်ခဲ့ချေ။ ပျော်ရွှင်၍ စိတ်လှုပ်ရှားလျက်ပင် ရှိနေသေး၏။ တစ်ဖက်လူများ၏ အားကောင်းခြင်းသည် သူ့အနေဖြင့် ညံ့ဖျင်းလွန်းသောကြောင့် ရှုံးနိမ့်ခဲ့ခြင်းမဟုတ်ကြောင်း သက်သေပြနေသောကြောင့်ပင်။

သူသည် မွေးစားအဖေ၏ အဆုံးစွန်သော ယုံကြည်မှုကို ရရန်အတွက် ကြိုးစားပြမည်ဟု တွေးတောထားခဲ့၏။

မည်မျှ တိုက်ဆိုင်လှသနည်း။ တခြာသော မွေးစားသားများသည်လည်း ထိုကဲ့သို့ပင် တွေးတောလျက် ရှိနေကြ၏။ ငယ်ရွယ်စဉ်က ကြီးပြင်းခဲ့ရသော ပတ်ဝန်းကျင်ကြောင့် သူတို့သည် မိသားစုဆိုသည်ကို ဂရုမစိုက်လှချေ။ တိတိကျကျပြောရလျှင် သူတို့၌ မိသားစုဟူ၍လည်း မရှိချေ။ ဝံပုလွေအဖြစ် အသွင်ပြောင်းပြီးနောက် သခင်၏ စိတ်တိုင်းကျအတိုင်း သားကောင်းကို သတ်ဖြတ်ရန်သာ စိတ်ကူးရှိသည်။

လင်းလီသည် ထိုသူများထက်သာ၏။ သူသည် တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်ခဲ့ဖူး၏။ သို့ပေမဲ့ ထိုအမျိုးသမီး သေဆုံးသွားခြင်းသည် သူ၏နှလုံးသားထဲတွင် ရှိနေသော အလင်းရောင်များကို ငြိမ်းသက်ခဲ့ခြင်း နှင့် ဆင်တူလှ၏။ သူသည် ရက်စက်၍ကြမ်းတမ်းလွန်းလှသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်တည်လာခဲ့၏။ ထို့ပြင် ယခင်ကထက်ပင် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။

……....

လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ လုံကျိရန်၊ စုရှောင်မို၊ စုန့်ရွှမ်ကျူးစသည့် တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားကြ၏။ နောက်ထပ် အဆင့်တော်တော်များများ တိုက်ခိုက်ပြီးသည့်နောက် သူတို့သည် မည်သည့်ပြိုင်ဖက်နှင့်တွေ့တွေ့ ကျိန်းသေပေါက် အနိုင်ရရှိခဲ့၏။ ထို့ကြောင့် သူတို့အားလုံးသည် ပရိတ်သတ်များ၏ အာရုံစူးစိုက်မှုကို ရရှိလာခဲ့ကြသည်။

"ပြိုင်စံရှားဂိုဏ်းက မယုံကြည့်နိုင်စရာပဲ။ တိမ်ပြာစကြာဝဠာပတ်လမ်းရဲ့ ပါရမီရှင်တွေက ညံ့ဖျင်းပြီး ပြိုင်စံရှားဂိုဏ်းက အနိုင်ရခဲ့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဒီကောင်တွေက ကြောက်ဖို့ ကောင်းတာပဲ"

"မိုးကောင်းကင် အင်ပါယာရဲ့ မွေးစားသားသုံးယောက် အသတ်ခံလိုက်ရတယ်။ သူတို့က ဒီကိစ္စကို လွှတ်ပေးမှာ မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက် တွေ့ပြီဆိုရင် တကယ့်ကို ပွဲကြီးပွဲကောင်းကြည့်ရမှာ သေချာတယ်"

အားလုံးသည် ဆွေးနွေးလျက် ရှိနေကြ၏။ ယခု စကြဝဠာ နတ်တိုက်ပွဲသည် ယခင် စကြဝဠာ နတ်တိုက်ပွဲ ထက်ပိုမိုကာ ကြည့်ကောင်းလွန်းလှသလို အပြိုင်အဆိုင်လည်း ပိုမိုကာများပြား၏။

ဤနှစ်ဖက် တိုက်ခိုက်ပြီးမှသာလျှင် မည်သူဗိုလ်ဆွဲမည်ကို သေသေချာချာ သိရှိနိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော တိုက်ခိုက်ပွဲများတွင် သေဆုံးခြင်းများလည်း ဖြစ်တည်လာနိုင်၏။ အကယ်၍ စကြာဝဠာ နတ်တိုက်ပွဲ၏ ဗိုလ်ဆွဲသူ ဖြစ်လာခဲ့လျှင်တောင်မှ သမိုင်းတွင် သွေးချောင်းစီးသည့် တိုက်ပွဲကြီးကို ကျော်ဖြတ်ခဲ့ရသူ ဖြစ်လိမ့်မည်။

"စိတ်လှုပ်ရှားစရာပဲ"

တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ သူတို့သည် သာမန်တိုက်ပွဲများကိုသာ မြင်ခဲ့ဖူး၏။ ဤကဲ့သို့ အသေ တိုက်ခိုက်သည့် ပြိုင်ပွဲမျိုးကိုတော့ ယခုမှသာ မြင်ဖူးခြင်းဖြစ်၏။

"လာခဲ့စမ်း ပိုပြီးကြမ်းတမ်းတဲ့ ပြိုင်ပွဲတွေကို စလိုက်ရအောင်"

ဘုန်း ဘုန်း ….။

ပွဲစဉ်တစ်ခုလုံးတွင် ကြမ်းတမ်းသည့် ခံစားချက်များ ဖြစ်ပေါ်နေ၏။ မိုးကောင်းကင်၏ မွေးစားသားမျာသည် သွေးများ၊ ခြေများ၊ လက်ပြန်များသည် နေရာအနှံ့တွင် ပြန့်နှံ့လျက် ရှိနေ၏။ ၎င်းတို့သည် ပျောရွှင်မှုရရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်လျက် ရှိနေကြ၏။ ကျွင်းချောင်ရှောင်းမှာတေည့ လက်ကိုပိုက်ကာဖြင့် ကြည့်ရှုလျက် ရှိ၏။ သူသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို စိတ်ဝိညာဥ္ အာရုံ ဖြန့်ကျန့်ကာဖြင့် စိတ်လှုပ်ရှားနေသည့် တပည့်များကို လိုက်လံကာ ကြည့်ရှုနေမိ၏။ သူသည် ဦးခေါင်းကို ခါရမ်းကာ ပြောလိုက်မိ၏။

"ရက်စက်မှုတွေက ပုံမှန်အဖြစ် ဖြစ်တည်သွားတဲ့ အခါမှာ သာမန်လူတွေက သတ်ဖြတ်မှုဆိုတာကို မေ့သွားကြပြီး ကစားပွဲတစ်ခုလို ပျော်ပျော်ကြီး ကြည့်ရှုနေကြတာပဲ"

"တခြားနည်းလမ်းလည်း မရှိဘူးလေ"

စနစ်က ပြောလိုက်၏။

"ဘာပဲပြောပြော ဒါက သိုင်းကျင့်ကြံခြင်း လောကပဲ မဟုတ်လား"

"ဒီတော့"

ကျွင်းချောင်ရှောင်းသည် ခြေချိတ်ကာ ထိုင်လိုက်၏။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာ မရှိတော့ဘူး ဆိုရင်တောင်မှ အထက်စကြာဝဠာကြီးကို ပြောင်းလဲရလိမ့်မယ်။ "

"ဘယ်သူက ပြောင်းလဲမှာလဲ "

"ငါပေါ့"

ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့သည်။

သတ်ဖြတ်မှုဆိုသည်မှာ သာမန်ပင် ဖြစ်၏။ သို့ပေမဲ့ အနည်းဆုံး အခြေခံအကြောင်းတရား နှင့် စည်းမျဉ်းများတော့ ရှိသင့်၏။ ယခု ပွဲကြည့်သူများ အားလုံးသည် စိတ်လှုပ်ရှားမှုကို ခုံမင်ရုံ သပ်သပ်ဖြင့် ကြည့်ရှုနေကြ၏။ ထိုအရာသည် လူသားများ၏ အခြေခံ စိတ်နှလုံးနှင့် သွေဖယ်လျက် ရှိနေသည်။ လောကကြီးတစ်ခုလုံးကို ပြောင်းလဲချင်သည့် မျိုးစေ့သည် ကုန်းရှန့်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖြစ်တည်လာခဲ့၏။

..........

ဖူး

ဆဌမမြောက် တိုက်ပွဲမှာတော့ လုံကျိရန်၏ လက်ထဲတွင် အေးစက်သော အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ သူ၏လှံသည် ရှေ့ဆီသို့ ထိုးတက်သွားခဲ့ပြီး လေးယောက်မြောက် မွေးစားသားကို သတ်ဖြတ်ပြစ်ခဲ့သည်။

"နောက်တစ်ယောက် သေသွားပြီပဲ"

ဇွိ ….။

မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။ မူဟုန်လင်သည် ငါးယောက်မြောက် မွေးစားသားကို သတ်ဖြတ်ခဲ့၏။

ပါဝင်ယှဉ်ပြိုင်သူအရေအတွက် လျော့နည်းလာသည်နှင့်အမျှ ပြိုင်စံရှားဂိုဏ်းနှင့် မိုးကောင်းကင်အင်ပါယာ၏ မွေးစားသားများ တွေ့ဆုံရမှုသည် ပို၍တိုးလာခဲ့၏။ အနည်းငယ်လောက် တိုက်ခိုက်ပြီးချိန်တွင် မိုးကောင်းကင် အင်ပါယာ၏ မွေးစားသား ရှစ်ဆယ်ကျော်တို့တွင် တစ်ဝက်နီးပါးလောက်သည် အသတ်ခံလိုက်ရပြီ ဖြစ်သည်။

မည်သူက အများဆုံး သတ်ဖြတ်ခဲ့သနည်း။ လီထျန်းထျန်းပင် ဖြစ်၏။ သူသည် ပထမဆုံးတိုက်ပွဲမှ နောက်တိုက်ပွဲများထိ သူရဲကောင်းဝိညာဉ်ဖြစ်သော ကျင်းကော်ကို ဆင့်ခေါ်ကာ တစ်ဖက်လူများကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့၏။

"ပါဝင်ယှဉ်ပြိုင်သူတို့ … ကျေးဇူးပြုပြီး ထွက်ခဲ့ပါ" ဒိုင်လူကြီးသည် ထုံးစံအတိုင်း အော်ဟစ်လိုက်သည်။

ဝှစ် ဝှစ်

ရီရှင်းချန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ တိုက်ပွဲတည်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ ဇွန်ဘီတစ်ကောင်ကဲ့သို့ပင် တုန်ယင်နေသည့် အမူအရာဖြင့် လမ်းလျှောက်လာသော လင်းလီကို မြင်လိုက်ရ၏။

ညအင်ပါယာသည် တစ်ဖက်လူအား ကောင်းကောင်းမရိုက်ခဲ့ရသည့်အတွက် အမြဲတမ်း နောင်တရခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တွေ့ဆုံကြလေပြီ။ သူသည် ပြုံးလိုက်မိ၏။ အလွန်အမင်း စိတ်ကျေနပ်နေသည့် အပြုံးမျိုးပင်။

"ငါမင်းကို နှိပ်စက်ရိုက်နှက်ဖို့ နောက်ကျရင် နောက်ကျလိမ့်မယ်။ ဒါပေမဲ့ ရိုက်ဖို့တော့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး။”

All Chapters