← Chapters

အခန်း ၁၈၇၈

Vol. 126 Ch. 1878

အခန်း ၁၈၇၈

Vol. 126 Ch. 1878

အပိုင်း (၁၈၇၈)

စကြဝဠာနတ်တိုက်ပွဲ၏ ရှစ်ဆင့်မြောက်တိုက်ပွဲ

ရီရှင်းချန်သည် နောက်ဆုံးအချိန်မှာတော့ လင်းလီနှင့်ရင်ဆိုင်တွေ့ခဲ့ပြီဖြစ်သည်။ သူသည် အဘယ့်ကြောင့် နောက်ဆုံးအချိန်ဟု ထည့်သွင်းကာ ပြောဆိုခဲ့ရသနည်း။ အဘယ့်ကြောင့်ဆိုသော် ညအင်ပါယာသည် ထိုကဲ့သို့ တွေ့ဆုံနိုင်ရန်အတွက် အများကြီးမျှော်လင့်တောင့်တခဲ့ရသောကြောင့်ပင်။

ကြယ်တာရာပြိုင်ပွဲ ကတည်းကလည်း သူသည် လီထျန်းထျန်းအစား လက်စားချေရန်အတွက် လင်းလီကို နှိပ်စက်ရိုက်နှက်ချင် ခဲ့၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ဟယ်ဝူတီသည် တစ်ဖက်လူကိုရိုက်နှက်ကာ ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့၏။

သူသည် မမေ့လျောခဲ့ပေ။ မဖြစ်မနေ ကျိန်းသေပေါက် ကလဲ့စားပြန်ချေရပေလိမ့်မည်။ ယနေ့အချိန်မှာတော့ တစ်ဖက်လူနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အချိန်ကျရောက်ခဲ့ပြီဖြစ်သည်။

“မင်း ငါ့ရဲ့ ဂိုဏ်းတူရောင်းရင်းကို နာကျင်အောင်လုပ်ခဲ့တယ်”

ရီရှင်းချန်သည် အေးစက်စက်ပြောလိုက်၏။ “အင်း... သေခြင်းတရားထက် ဆိုးဝါးတဲ့နာကျင်မှုမျိုးကို အသက်ရှင်လျက်ခံရတာ ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်ဆိုတာ ငါမင်းကိုသိအောင် ပြမယ်”

ဤစကားစုသည် လီချင်းယန်နှင့် အခြားသောသူများ၏ ပါးစပ်ထဲမှ ထွက်လာသည်ဆိုပါက ခြိမ်းခြောက်မှု တစ်ခုသာဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ညအင်ပါယာ၏ ပါးစပ်ထဲမှ ထွက်လာသည့်အချိန်မှာတော့ အမှန်ပင် ပြုလုပ်မည့်အရာဖြစ်လို့လာခဲ့သည်။

“ဟုတ်လား” လင်းလီ၏ ပခုံးများသည် တစ်လှုပ်လှုပ်နှင့် တုန်ယင်လျက်ရှိနေ၏။ သူသည်မျက်နှာ ပေါ်တွင်တော့ ခပ်ထေ့ထေ့အပြုံးတစ်ခုဖြစ်တည်လာ၏။

“ဒီကောင်”

ကျွင်းရှောင်ချောင်းသည် မေးစေ့ကိုပွတ်သပ်ကာပြောလိုက်သည်။ “သူ့ကိုကြည့်ရတာ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကနဲ့ယှဉ်ရင် တော်တော်ကြီး ပြောင်းလဲသွားခဲ့တာပဲ”

စနစ်ကပြောလိုက်၏။ “အင်း ပိုပြီးတော့ ကြမ်းတမ်းပြီး ပိုပြီးတော့ ရက်စက်လာတယ်”

“ဆိုးတာက”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “သူက ဆိုးသွမ်းရက်စက်တဲ့သူနဲ့ သွားတွေ့နေပြီ”

သူ၏ အရင်ဘဝက အသိအမြင်များအရဆိုလျှင် ရီရှင်းချန်သည် အမှန်ပင် ကြမ်းတမ်းရက်စက်လွန်းလှသူ ဖြစ်၏။ သက်ရှိသတ္တဝါများအပေါ် တစ်ချက်ကလေးမှ သနားညှာတာခြင်းမရှိဘဲ အခြားသူများ၏ သေခြင်း ရှင်ခြင်းကိုလည်း ဂရုစိုက်တတ်တဲ့သည့် သူတစ်ယောက်မဟုတ်ပေ။ မိမိကိုယ်ပိုင်စိတ်နှလုံးသားအတိုင်း ပြုမူကာ နေထိုင်တတ်သူတစ်ယောက်လည်း ဖြစ်လို့နေ၏။

“စကြရအောင်”

ကြေညာပြီးသည့်နောက် ဒိုင်လူကြီးသည် ဖြစ်နိုင်သမျှ အမြန်ဆုံးနောက်သို့ဆုတ်ခွာ သွားသည်။ သူထွက်ပြေး နေစဉ်မှာပဲ အနောက်ဘက်ဆီမှ ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာ၏။

လင်းလီသည် ရီရှင်းချန်အား ဝံပုလွေရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် ဝင်ရောက် တိုက်ခိုက်တော့၏။ သူ၏ လှုပ်ရှားမှုသည် အလွန်ပင်ကြမ်းတမ်းလွန်းလှ၏။ ထို့ကြောင့် ကြည့်ရှုရသည်မှာ အားရစရာပင်။

ကျွင်းချောင်ရှောင်းခန့်မှန်းသည်မှာ မှန်ကန်လွန်းလှ၏။ လင်းလီ၏ အားအင်အဆင့်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အတော်တိုးတက်လာခဲ့တော့၏။ လှုပ်ရှား တိုက်ခိုက်မှုများ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလှပြီး နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း ဝင်တဲ့အဆင့်ဆီသို့ လှမ်းတက်ရောက်ရှိနေခဲ့ပြီးပြီ ဖြစ်သည်။

ယခင်တိုက်ခိုက်ခဲ့သည့် အဆင့်များ၌ သူသည် အစစ်အမှန် အားအင်အဆင့်ကို ထုတ်ဖော်အသုံးမပြုခဲ့ချေ။ သူ၏ ပြိုင်ဘက်များကို ရိုးရှင်းကြမ်းတမ်းသည့် တိုက်ကွက်များနှင့် အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ တည်နေရာတစ်ခုလုံးကိုပင် စုတ်ပြတ်သတ်အောင် တိုက်ခိုက်လျက်ရှိနေ၏။

ပွဲကြည့်ပရိတ်သတ်များအားလုံးသည် အမှန်ပင် တုန်လှုပ်နေခဲ့ကြ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားသည် အမှန်ပင်အားကောင်းလွန်းလှချေ၏။ ပြိုင်စံရှားဂိုဏ်း တပည့်သည် တစ်ဖက်လူနှင့် ယှဉ်ပြိုင်နိုင်ပါ့မည်လား။

“မဆိုးဘူးပဲ”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးထဲတွင် တောက်ပသည့်အပြုံးများ ဖြစ်တည်လာ ခဲ့၏။ သူမွေးမြူထားသည့် မွေးစားသားများထဲတွင် လင်းလီထက် ပိုမိုကြီးမားသူ၊ လင်းလီထက် ကျင့်ကြံခြင်း သာလွန်သူများ အများအပြားတည်ရှိ၏။ သို့ပေမဲ့ အဘယ့်ကြောင့် လင်းလီကို ပိုမိုကာ အားကိုးရသနည်း။ အဘယ့်ကြောင့်ဆိုသော ဤပါရမီကြောင့်ပင်ဖြစ်၏။

“အင်ပါယာရဲ့ မျက်လုံးတွေက တကယ့်ကို စူးရှလွန်းတာပဲ” ဘေးတစ်ဖက်တွင်ရှိနေသည့် နောက်လိုက်သည် မူလအားဖြင့် သံသယရှိလို့နေခဲ့၏။ သို့ပေမဲ့ လင်းလီ၏တိုက်ကွက်များမှ ထွက်ပေါ်လျက်ရှိနေသည့် အားအင် အဆင့်ကို မြင်ရသည့်အချိန်မှာတော့ ချက်ခြင်းပဲ ရှက်ရွံ့သွားခဲ့မိသည်။

.......

ပြိုင်စံရှားဂိုဏ်းတပည့်များ၏လက်ချက်ဖြင့် ပြိုင်ပွဲမှ မထွက်ခွာရသေးသော အခြားသော မွေးစားသား အားလုံးတို့သည်လည်း ဆွံ့အလျက်ရှိနေ၏။ သူတို့အားလုံးသည် ကြယ်တာရာပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွက် တစ်ဖက်လူအား အပြင်းအထန် လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြ၏။ သို့ပေမဲ့ သူတို့မသိသည်မှာ တစ်ဖက်လူမှာ အမှန်ပင် အားကောင်းလွန်းနေခြင်းပင်။

ဘုန်း ဘုန်း

လင်းလီသည် ရူးသွပ်လျက်ရှိနေသည့် ဝံပုလွေရိုင်းကြီးကဲ့သို့ပင် အားအင်အဆင့်များကို စုစည်းကာ ရီရှင်းချန်အား တိုက်ခိုက်နေသည်။ သူသည် တိုက်ခိုက်နေခြင်းနှင့်ပင် မတူညီချေ။ ဒေါသတရားများကို ဖြေလျော့နေခြင်းနှင့်ပင် တူနေ၏။

အထူးသဖြင့် မေ့ပျောက်၍ မရနိုင်သည့်မျက်နှာ၊ အပြုအစုအယုအယ၊ ကြင်နာမှုများအကြောင်းကို ပြန်လည်ကာ တွေးတောလိုက်သည့် အချိန် သူ၏နှလုံးသားထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်များအဖြစ် ဖြစ်တည်လာခဲ့သည်။

“မူကျင်း.. ခင်ဗျားကြည့်ထား ကျုပ်က စကြဝဠာနတ်တိုက်ပွဲရဲ့ ဗိုလ်စွဲသူဖြစ်လာရမယ် ရှေ့မှာရှိနေတဲ့ အမှိုက် သရိုက်တွေအကုန်လုံးကို ဖယ်ရှားပစ်ရမယ်”

သူ၏ အားအင်အဆင့်သည် နတ်ဆိုးတောင်ကြားထဲသို့ သွားရောက် လေ့ကျင့်ပြီးသည့်နောက် တိုးတက်လာ ခဲ့သည့် အားအင်အဆင့်ပင်ဖြစ်၏။ ချစ်ခြင်းတရားနှင့် နာကျည်းမှု ဒွန်တွဲတည်ရှိလာသူတစ်ယောက်၏ စိတ်အဟုန်သည် လျော့တွက်၍ရသည့်အရာမျိုး မဟုတ်တော့ချေ။

ဘုန်း ဘုန်း ဘုန်း

တည်နေရာထဲမှာတော့ ကြမ်းတမ်းလွန်းလှသော လက်သီးချက်များသည် တောက်လျှောက်ဆိုသလိုပဲ ဖြစ် တည်နေ၏။ အားကောင်းလွန်းလှသော အော်ရာများသည် ရူးရူးမူးမူးနှင့် ဖြစ်တည်လျက်ရှိနေပြီး စင်မြင့်၏ အောက်တွင်ရှိနေသော ကျောက်အခင်းများသည် မည်သို့မျှ မခံနိုင်တော့ဘဲ ကွဲကြေလျက်ရှိ၏။

“စိတ်လှုပ်ရှားစရာပဲ ဒါကမှ အစစ်အမှန်တိုက်ပွဲဖြစ်မယ်”

ပွဲကြည့်နေသူအားလုံး၏ မျက်လုံးများသည် ပွဲကြည့်စင်ပေါ်သို့စူးစိုက်ကြည့်ရှုနေကြ၏။ သို့ပေမဲ့ သူတို့ဇဝေဇဝါ ဖြစ်နေရသည်မှာ ပြိုင်စံရှားဂိုဏ်းမှ တပည့်သည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်များကို ခုခံလျက်သာရှိပြီး တန်ပြန် တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံ မပေါ်သေးချေ။ ဖြစ်နိုင်ချေ တစ်ခုတည်းသာရှိ၏။ ပြိုင်ဘက်၏ တိုက်ခိုက်မှုအမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းသောကြောင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရရှိခြင်းပင်။

ထိုကဲ့သို့သာဆိုပါက အချိန်အတိုင်းအတာအတွင်း ပြိုင်စံရှားဂိုဏ်း၏တပည့်သည် ရှုံးနိမ့်သွားမှာသေချာ၏။ လီထျန်းထျန်းနှင့် အခြားသောသူများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ သားများနှင့် ရင်ဆိုင် တွေ့ရသည့် အချိန်၌ အားလုံးကိုသတ်ဖြတ်ခဲ့၏။ အလွန်လည်း မြန်ဆန်လွန်းလှချေ၏။ ယခု ပြိုင်စံရှားဂိုဏ်း၏ တပည့်မှာတော့ သာမာန်ပင်ဖြစ်လို့နေခဲ့၏။

ရီရှင်းချန်သည် တိုက်ခိုက်မှုများကို ရှောင်ရှားရင်း အနောက်ဘက်သို့ ဆုတ်ခွာနေ၏။ ထို့ကြောင့် အားလုံးသော သူတို့သည် ဤပြိုင်စံရှားဂိုဏ်း၏တပည့်မှာ အားကောင်းသည့်သူတစ်ယောက်မဟုတ်ဟု နားလည်လိုက်မိသည်။

ဤအရာသည် အားလုံးသောသူတို့၏ သုံးသပ်ချက်တစ်ခုသာဖြစ်သည်။

ဘုန်း ဘုန်း

လင်းလီ၏ တိုက်ခိုက်ချက်များသည် ပိုမိုကာမြန်ဆန်လာ၏။ ၎င်း၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာပြီး အလုံးစုံသောစိတ်များ လွတ်ထွက်သွားသကဲ့ပင်။ ထိုသို့ဆိုလျှင်တောင်မှ သူသည် ပြည့်စုံသည့် တိုက်ခိုက်ချက် များကိုတော့ ထုတ်ဖော်လျက်ရှိနေသေးသည်။ သူသည် လီထျန်းထျန်းကို နှိပ်စက်ရိုက်နှက်ခဲ့သည့် ပုံပန်း သွင်ပြင်မျိုး ရီရှင်းချန်ကို ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိသာထင်ရှားလွန်းလှ၏။

သေဆုံးခြင်း - ထိုအရာသည် ပြိုင်စံရှားဂိုဏ်းသားများအား လွယ်လွယ်ကူကူ မပေးနိုင်ချေ။ အားလုံးသော သူများ၏ရှေ့တွင် ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်ရိုက်နှက်မှုကို ပြုလုပ်ချင်သည်။

ဘုန်း

လင်းလီသည် နောက်ထပ်ကန်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဘုတ် ဘုတ် ဘုတ် ....။

ရီရှင်းချန်သည် အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ သူ၏ ဘယ်ဘက်ပခုံးအား အကန်ခံလိုက်ရခြင်း သာဖြစ်သည်။

“ပြဿနာပဲ”

ကျန့်ကွေ့ရှုသည် မျက်မှောင်ကုပ်လိုက်၏။ “ဒီကောင်လေးက တစ်ဖက်လူရဲ့ ပြိုင်ဘက် မဟုတ်ဘူးနဲ့ တူတယ်”

“........”

ကုထျန်းရှင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏သားသည် တကယ်ပင် ယခင်တိုက်ပွဲများထက် ပိုမိုကာအားကောင်းသောသူ ဖြစ်လာခဲ့၏။ သို့ပေမဲ့ ရီရှင်းချန်သည် ပြန်လည် မတိုက်ခိုက်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါးရိုက်နှက်ခံရသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။

“နတ်ဆိုးမီးတောက်ကန်ချက်”

ထိုအချိန်မှာတော့ လင်းလီသည် လေထုထဲသို့ ခုန်တက်ပြီးသည့်နောက် သူ၏ညာဘက်ခြေထောက်တွင် ဆန်းကြယ်လွန်းလှသော နတ်ဆိုးအော်ရာများကို စုစည်းလိုက်၏။ ပြီးနောက် ချက်ခြင်းပဲ လေထုထဲသို့ လှမ်းတက်ကာဖြင့် ခြေကန်ချက်များကို ထုတ်ဖော်တော့သည်။

ဘန်း ဘန်း ဘန်း ဘန်း

ရီရှင်းချန်သည် ထပ်ကာတလဲလဲ ကန်ကြောက်ခြင်းကိုခံရပြီးသည့်နောက် တည်နေရာစင်မြင့်၏ အစပ်ဆီသို့ ဆုတ်ခွာသွားခဲ့ရ၏။

“သွားပြီပဲ။ တကယ့်ကို မတူညီတဲ့အဆင့်တွေဖြစ်နေတာကိုး။” များပြားလှသော ကျွမ်းကျင်သူများသည် လက်ရှိအခြေအနေကို ကြည့်ရှုကာ သုံးသပ်လိုက်ကြသည်။

ဆွစ်

လင်းလီသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက် အေးစက်စက်ပြောလိုက်၏။ “ဘာလို့ပြန်ပြီး မတိုက်ခိုက် တာလဲ”

သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ဖူးသည်။ တစ်ဖက်လူသည် သူ၏ တိုက်ခိုက်ချက်များကို မရှောင်နိုင်သည့် လူတစ်ယောက်ဟု မထင်ခဲ့ချေ။

“ဘာလို့လဲဆိုတော့”

ရီရှင်းချန်သည် ခေါင်းကိုအသာမော့လိုက်၏။ နတ်ဆိုးကဲ့သို့ မျက်နှာသည် ပေါ်ပေါက် လာခဲ့သည်။ သူကပြောလိုက်၏။ “ငါရဲ့ ဂိုဏ်းတူရောင်းရင်းကို နင်းချေခဲ့တဲ့ ခံစားချက်တွေကို မင်းကို ပြန်ရအောင်လုပ်ဖို့အတွက် လောလောဆယ် အချိန်ပေးထားတာ ....”

“......”

အားလုံးသောသူတို့သည် ဆွံ့အသွားခဲ့၏။ တစ်ဖက်လူသည် မရှောင်နိုင်ခြင်းမဟုတ်ပေ။ တမင်တကာ မရှောင်ဘဲနဲ့ ခုခံနေခြင်းသာဖြစ်သည်။

ရီရှင်းချန်သည် ပခုံးကိုလှုပ်ခါလိုက်သည်။ ပုံပန်း သွင်ပြင် အရဆိုလျှင် ဤကဲ့သို့ပြုမူဆောင်ရွက်ပုံသည် အမှန်ပင် လေးလေးနက်နက်တိုက်ခိုက်မည်ဟူသော သဘောပင်ဖြစ်သည်။ သို့ပေမဲ့ ခေါင်းကို ခါယမ်းလျက်ရှိနေတုန်းမှာပဲ လင်းလီသည် လည်ပင်းကို လာရောက်ကာ ကန်ကြောက်လေ၏။ သူ၏ခေါင်း တစ်ခုလုံးသည် ဘေးတစ်ဖက်ဆီသို့ ရွဲ့စောင်းသွား၏။

“အင်း နည်းနည်းတော့နာတာပေါ့” ရီရှင်းချန်သည် ခန္ဓာကိုယ်ကို ပြန်လည်တည့်မတ်လိုက်၏။ သူ၏မျက်နှာ ပေါ်တွင် နတ်ဆိုးကဲ့သို့ အပြုံးတစ်ခုကဖြစ်တည်လာသည်။

လင်းလီ၏မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လာခဲ့၏။ သူသည် ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး သည့်နောက် လေထုထဲသို့ ခုန်တက်လိုက်ပြန်၏။ ပြီးသည့် နောက် သုံးရာ့ခြောက်ဆယ် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ကန်ကြောက်လိုက်ပြန်၏။

အဆုံးမဲ့သောဒေါသတရား၊ အဆုံးမဲ့သော သတ်ဖြတ်ခြင်း၊ နတ်ဆိုး ချီများသည် သူ၏ ခန္ဓာကိုယ်ကိုဖုံးလွှမ်းနေသည်။

“ကောင်းကင်နတ်ဆိုးစည်း”

တခြားသောမွေးစားသားများ အားလုံးတို့သည် တုန်လှုပ်သွားခဲ့၏။ ဤအရာသည် သူတို့မွေးစားအဖေ၏ အားအကောင်းဆုံးသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များထဲမှ တစ်ခုဖြစ်ပြီး တစ်ဖက်လူသည် ထိုအရာကိုနားလည်ထားနိုင်ခဲ့၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဘေးတွင် မတ်တပ်ရပ်လျက်ရှိသည့် နောက်လိုက်များ အားလုံးသည် လည်း တုန်လှုပ်သွားခဲ့ကြ၏။ သူတို့သည် စိတ်ထဲတွင် ကြိတ်ကာပြောလိုက်ကြ၏။ အင်ပါယာ သူ့ကို ကြီးကြီးမားမား မျှော်လင့်ထားတာ အံ့အားသင့်စရာမဟုတ်ဘူးပဲ။

“မဆိုးဘူး မဆိုးဘူး”

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် စိတ်သက်သာရာရသလို ခေါင်းညိတ်လိုက်၏။

ဆွစ် ဆွစ်

လင်းလီသည် လေထုထဲတွင် ပြင်းပြင်းထန်ထန် ကန်ကြောက်နေ၏။ ရီရှင်းချန်သည် တည်နေရာမှာပင် မတ်တပ်ရပ်လျက်ရှိ၏။ သူ၏ ဆံပင်များသည် ပွစာကြဲလျက်ရှိသည်။

“သေစမ်း”

ထိုအချိန်မှာတော့ လင်းလီ၏ခန္ဓာကိုယ်ကို ရစ်သိုင်းလျက်ရှိနေသည့် နတ်ဆိုးချီများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့၏။ ကောင်းကင်ပေါ်မှတဆင့် လင်းလီ၏ ညာဘက်ခြေထောက်ကြီးသည် အောက်သို့ ကျဆင်းလာခဲ့၏။ ထို‌ခြေကန်ချက်တွင် တည်နေရာကိုပင် စုတ်ဖြဲနိုင်စွမ်းရှိသော စွမ်းအားများပါဝင်လျက် ရှိနေ၏။

မိုးကောင်းကင်နတ်ဆိုးစည်းသည် ခြေကန်ချက်နည်းစနစ်တစ်ခု သပ်သပ်မဟုတ်ချေ။ ၎င်း၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလွန်းလှ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်ကို မြေပေါ်သို့ နင်းခြေပြီးသည့်နောက် အားလုံး၏အရှေ့တွင် အရှက်သိက္ခာ ကွဲစေခြင်းသာ။

ဝှစ် ဝှစ်

ထူးဆန်းလွန်းလှသည့် စွမ်းအင်များသည် နောက်ဆုံး၌ အသက်ဝင်လာခဲ့၏။ ပေါက်ကွဲမှုအား ကောင်းမွန် လှသော ညာဘက်‌ခြေထောက်ကြီးသည် နတ်ဆိုးချီများကို ဖုံးလွှမ်းကာဖြင့် အောက်သို့ကျဆင်းလာခဲ့၏။ သို့ပေမဲ့ ပေအနည်းငယ်ကွာဝေးသည့် တည်နေရာသို့ ရောက်သည့်အချိန်မှာတော့ ရုတ်တရက် လက်တစ်ဖက် ၏ဆွဲယူခြင်းကို ခံလိုက်ရသည်။

မည်သူနည်း။ ရီရှင်းချန်၏ လက်ပင်ဖြစ်တော့သည်။ သူသည် လင်းလီ၏ ခြေချင်းဝတ်ကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်ပြီးသည့်နောက် ပြောဆိုလိုက်၏။ “မင်းရဲ့ တိုက်ကွက်တွေက ဒီမှာပြီးသွားပြီ”

“ချီးထဲမှ” လင်းလီသည် ဒေါသထွက်သွား၏။ ချက်ခြင်းပဲ သူ၏ ကျန်ခြေထောက်တစ်ဖက်ဆီသို့ စွမ်းအင်များကို ထည့်သွင်းပြီး ခန္ဓာကိုယ်ကို လှည့်၍ ကန်ကြောက်လိုက်သည်။

ရီရှင်းချန်သည် နောက်ထပ်ဘယ်ဘက်လက်ကို လှမ်းမြှောက်ကာ ခြေချင်းဝတ်ကို လှမ်းဆွဲလိုက် ပြန်၏။

လက်ရှိအခြေအနေမှာတော့ သူသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေပြီး လင်းလီ၏ ခြေထောက်များကို ဘယ်ညာလက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ လေထုထဲ၌ ဝှေ့ယမ်းလျက်ရှိ၏။ မြင်ကွင်းသည် ကြောင်တောင်တောင် နိုင်လွန်းလှသည်။

“မင်း”

လင်းလီ၏ မျက်လုံးထဲတွင် ဒေါသတရားများ၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေ၏။ သူသည် သူ၏ မွေးစား အဖေသင်ပြပေးခဲ့သော သိုင်းနည်းစနစ်ကို အသုံးပြုခဲ့ပြီး တစ်ဖက်လူအား တစ်ခါတည်း အပြီးရှင်းခဲ့၏။ သို့ပေမဲ့ အဘယ့်ကြောင့် လွယ်လွယ်ကူကူ ဖမ်းဆီးခံလိုက်ရသနည်း။

ဝှစ်

ချက်ချင်းပဲ တစ်ဖက်လူ၏အော်ရာများသည် ပြောင်းလဲသွားခဲ့ပြီးသည့်နောက် မြင့်မားလှသည့် မြင်းကြီး တစ်ကောင်ကို စီးနင်းထားသည့် လူတစ်ယောက်သည် အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့၏။ ရီရှင်းချန်သည် လင်းလီ၏ ခြေထောက်ကို အသာဆွဲမပြီးသည့်နောက် လေပေါ်သို့ ပစ်တင်လိုက်၏။

ဘုန်း

ငလျင်လှုပ်သံကဲ့သို့ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာခဲ့၏။ ပွဲကြည့်စင်ပေါ်တွင် ကြည့်နေသော လူများသည် ကြောက်လန့်တကြားဖြင့် တုန်လှုပ်သွားခဲ့ကြ၏။ ပွဲကြည့်စင်ကြီး တုန်လှုပ်နေသည်သာမက ပွဲခင်းကြီး တစ်ခုလုံးသည်လည်း တုန်လှုပ်နေခဲ့၏။ မြို့ကြီးတစ်ခုလုံး တုန်လှုပ်နေသည်။ ဂြိုဟ်ကြီးတစ်ခုလုံး တုန်လှုပ်နေသလိုပင်။

All Chapters