အခန်း ၁၈၈၃
Vol. 126 Ch. 1883
အပိုင်း (၁၈၈၃)
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ဒါကျိန်းသေပေါက် ပြဿနာရှိနေပြီ။”
ရီရှင်းချန် မြင်ခဲ့ရသည့် အနာဂတ်အကြောင်းနှင့်ပတ်သက်၍ သူက သိရှိပြီးဖြစ်၏။ လက်ရှိအခြေအနေတွင် ကြယ်လင်းရောင် သည် ကိုယ်ဝန်ရှိလို့နေခဲ့၏။ ထိုအရာမှာ သူ၏ တပည့်တစ်ယောက် ဂိုဏ်းမှ ထွက်ခွာသွားသည့် အခြေအနေမျိုးဖြစ်လာနိုင်စွမ်းရှိ၏။
ဆိုရမည်ဆိုလျှင် ကျောက်ခန်းထဲတွင် ဖော်ပြခဲ့သည့် အနာဂတ်မှဖြစ်ရပ်များသည် အမှန်ပင်ဖြစ်လာမည့် အရာများလား။ ရီရှင်းချန်အနေနှင့် တစ်နေ့တွင် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွား မည်ဟု ဖော်ညွှန်းပြသခဲ့၏။ ထိုကဲ့သို့သော ပုံရိပ်ယောင်မျိုးကို မည်သူက ချန်ထားခဲ့သနည်း။ အနာဂတ်ကို ကြိုတင်ကာမြင်နိုင်သည့် အတွက်ကြောင့်မို့ ဤသူသည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ပတ်ဝန်းကျင်တစ်ခုလုံကို ကြည့်ရှု့လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး တွင်ရှိနေသည့် အရာအားလုံး၏ လှုပ်ရှားမှုများကို သေသေချာချာအာရုံခံကာ ကြည့်ရှု့နေ၏။
“မင်းအတွေးလွန်နေပြီ”
စနစ်ကပြောလိုက်သည်။ “အနာဂတ်မှာ ဖြစ်လာမဲ့ပြဿနာတွေဆိုတာ ရီရှင်းချန်နှင့် ပတ်သက်နေတာလေ။ ဘယ်လိုဖြစ်ပြီးတော့ အားအားယားယား မင်းကို လာကြည့်နေမှာလဲ”
“……..” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“လက်ခံသူအနေနှင့် ပိုပြီးစိုးရိမ်ရမှာက ရီရှင်းချန် ကလေးအတွက်နဲ့ ပြိုင်စံရှားဂိုဏ်းထဲကနေ ထွက်ခွာသွားမလားဆိုတဲ့ အကြောင်းပဲ စနစ်က ပြောလိုက်သည်။
“အင်း”
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ သူထွက်သွားမှာလား”
“ပုံရိပ်ယောင်မြင်ကွင်းထဲမှ ပြနေတဲ့ အနာဂတ်ပုံရိပ်ယောင်တွေအရဆိုရင် သူထွက်သွားနိုင်တယ်” စနစ်က ပြောလိုက်သည်။
“ရှင်းချန်ရဲ့ လက်ထဲမှာ ရွေးချယ်ခွင့် ရှိနေတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တကယ်လို့ သူနေမယ်ဆိုရင်လဲနေပေါ့။ ထွက်ခွာသွားချင်တယ်ဆိုရင် ငါသူ့ကို ဖိအားပေးပြီး ထိန်းသိမ်းထားမှာ မဟုတ်ဘူး”
ဤအရာကို ငြင်းပယ်၍ မရနိုင်ချေ။ ရီရှင်းချန်သည် လက်ရွေးစင်တပည့်များထဲမှ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်းထဲတွင် နေထိုင်ရင်း သူ၏ အင်ပါယာကို တည်ဆောက်ရာ၌ အကောင်းမွန်ဆုံးအကူအညီရလိမ့်မည်ဟု သဘာဝအားဖြင့် မျှော်လင့်မိသည်။
သို့ပေမဲ့ မိန်းမ၊ ကလေးတို့နှင့်အတူ ထွက်ခွာသွားချင်သည်ဆိုပါက သူ့အနေနှင့် ဂိုဏ်းထဲမှာသာ နေထိုင်ရန် တောင်းဆိုနေလိမ့်မည် မဟုတ်ချေ။ သူကိုယ်တိုင်ပင် တစ်ဖက်လူ၏ ရွေးချယ်မှုကို လေးလေးစားစားဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကာ ပို့ဆောင်ပေးရပေဦးမည်။
ဟုတ်ပေ၏။ ဤကဲ့သို့သော ထွက်ခွာသွားမှုဆိုသည်မှာ ဂိုဏ်းထဲမှ အပြီးတိုင် ထွက်ခွာသွားခြင်းမဟုတ်ပေ။ ကျွင်းချောင်ရှောင်းအနေနှင့် ရီရှင်းချန်အား တပည့်အဖြစ် တသက်လုံး ထိန်းသိမ်းထားချင်သေး၏။ ဥပမာအားဖြင့် စုရှောင်မို နှင့် ရှရွှေယွင် တို့အား ၎င်းတို့နေချင်သလို သွားရောက်ကာ နေထိုင်စေခြင်းပင်။
ဘုန်း
ဘုန်း
တိုက်ခိုက်ရေးတည်နေရာတွင်တော့ ကြမ်းတမ်းလွန်းလှသည့် တိုက်ပွဲကြီးသည် ဖြစ်တည်လျက်ရှိနေ၏။ လုချင်းချင်းနှင့် တခြားသောသူများသည် တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူခဲ့၏။
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မွေးစားသားအားလုံးတို့သည် ပြိုင်စံရှားဂိုဏ်းအဖွဲ့ဝင်များနှင် တွေ့သည့် အချိန်တိုင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိနေကြသည်။
အဘယ့်ကြောင့် အားလုံးသောသူတို့သည် မသေဆုံးရသနည်း။ အဘယ့်ကြောင့်ဆိုသော် လင်းလီ ရှုံးနိမ့်ခဲ့ပြီး သည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏ မွေးစားသားများအား ပြိုင်စံရှားဂိုဏ်း တပည့်များနှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင် အသက်ရှင်သန်နိုင်ရန် အကောင်းဆုံးကြိုးစားဟု အမိန့်ပေး ခဲ့သောကြောင့်ပင်။
………
အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် သူတို့သည် ဤပွဲတွင် ဗိုလ်စွဲရန် မမျော်လင့်တော့ချေ။ အသက်ရှင်သန်ရေး ကိုသာ အရင်ဆုံး စဉ်းစားလျက်ရှိနေမိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် သေသေချာချာ ရွေးချယ် ခံထားရသည့်သူများဖြစ်၏။ ၎င်းတို့ ကြီးထွားလာစေရန်အတွက် အလွန်အမင်းလည်း ကုန်ကျခဲ့ရသေး၏။ ဤစကြဝဠာနတ်တိုက်ပွဲပြိုင်ပွဲတွင် အားလုံးသေဆုံးသွားခဲ့သည်ဆိုပါက ကြီးမားသည့် ဆုံးရှုံးမှုပင် ဖြစ်ပေလိမ့်မည်။
ဘုန်း
စင်မြင့်ပေါ်မှာတော့ ဟယ်ဝူတီ သည် လက်သီးချက် တစ်ခုကို ထုတ်ဖော်လိုက်၏။
ဘုတ် …
ဘုတ် …။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျှော်လင့်ချက်များကို အလုံးစုံ ရရှိထားသော လင်းထန် သည် စင်မြင့်၏ နောက်ဘက်ဆီသို့ ပြုတ်ကျသွား၏။ ဆိုးဆိုးဝါးဝါးပုံပန်းသွင်ပြင်မျိုးဖြင့် ပြုတ်ကျသွားခဲ့ခြင်းလည်း ဖြစ်သည်။
ဟယ်ဝူတီ သည်ဆွံ့အလျက်ရှိနေ၏။ “ငါအားတောင်သိပ်သုံးလိုက်တာမဟုတ်ဘူး ဘယ်လိုဖြစ်လို့ ခွေးကျဝက်ကျ ကျရတာလဲ”
“ပြိုင်စံရှားဂိုဏ်းရဲ့တပည့် ဟယ်ဝူတီအနိုင်ရရှိပြီ” ဒိုင်လူကြီးသည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။
“……”
ကြည့်ရှု့နေသူများအားလုံးတို့သည် ဦးခေါင်းကိုသာ ခါယမ်းလိုက်မိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားဖြစ်သော လင်းထန်သည်ရည်ရွက်ချက်ရှိရှိနှင့် စင်မြင့်အောက်သို့ ခုန်ဆင်းသွားခြင်းဖြစ်ကြောင်း သူတို့က သေသေချာချာသိရှိနေ၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် အရှုံးပေးလျက် ရှိနေလေ၏။ ထိုအရာမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေနှင့် အရှုံးပေးလျက်ရှိသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။
ကျွင်းချောင်ရှောင်သည် ဦးခေါင်းကို ခါယမ်းလိုက်၏။ ဤဗီလိန်၏ မွေးစားသားများသည် မည်ကဲ့သို့ သရုပ်ဆောင်ရမည်ကို အခုမှ စတင်ကာလေ့လာကာစသာဖြစ်၏။ ထို့ကြောင့် စိတ်ဝင်စားစရာ မကောင်း တော့ချေ။
“အင်း ဗိုလ်စွဲသူနေရာကတော့ ငါ့အိတ်ထဲကိုရောက်လာပြီပဲ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်အသာမှီကာဖြင့် တောက်ပသည့်မျက်လုံးများနှင့်အတူ ကြည့်ရှု့လျက်ရှိ၏။ “အဓိက တာဝန်ပြည့်စုံ စေဖို့အတွက် စောင့်ဖို့ပဲကျန်တော့တယ်”
စကြဝဠာနတ်တိုက်ပွဲသည် အထက်စကြဝဠာထဲတွင် အဆင့်မြင့်ဆုံးသော ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်၏။ ထို့ကြောင့် တပည့်အားလုံးတို့သည် ၎င်းတို့၏ အားအင်အဆင့်ကို စုစည်းပြီး စကြဝဠာ အသီးသီး တွင်ရှိနေသော ပါရမီရှင်များကို အနိုင်ယူကာ ဗိုလ်စွဲခဲ့လေ၏။ ဤသင်္ကေတသည် အနည်းဆုံး တာဝန်ပြည့်စုံမှုနှုန်း တစ်ထောင်ရာခိုင်နှုန်းလောက် ရှိသင့်သည့်အရာ ဖြစ်သည်မဟုတ်ပါလား။
ထွီ
စနစ်သည် မနေနိုင်ပဲ ထကာရယ်မိလိုက်သည် “ဟား ဟား …”
“တစ်ထောင်ရာခိုင်နှုန်းဟုတ်လား။ အိပ်မက်မက်နေတာပဲ”
“မရယ်နဲ့ … ငါပြောပြမယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ မွေးစားသားတွေက ငါ့တပည့်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လေ။ ဒီတော့ သူကငါ့ကို လွယ်လွယ်ကူကူနဲ့ လက်လွတ်ပေးမယ်လို့ မင်း ထင်လား”
“သူလွှတ်ပေးမှာ မဟုတ်ဘူးလေ”
စနစ်က ပြောလိုက်၏။ “ပြိုင်ပွဲပြီးပြီဆိုတာနဲ့ ရောက်လာနိုင်သေးတယ်”
“ ဒီတော့ ငါသူ့ကို တိုက်ခိုက်လို့ရနိုင်လား”
“မရနိုင်ဘူး”
“ကဲ ငါသူ့ကို တိုက်ခိုက်လို့ မရနိုင်ဘူးဆိုမှတော့ ဘယ်လိုဆက်ပြီး လုပ်ရတော့မလဲ”
စနစ်ကပြောလိုက်သည်။ “မင်း ဘာလုပ်ချင်လို့လဲ”
“အရမ်းရိုးရှင်းတယ်လေ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် မှီကာဖြင့် ပြောလိုက်၏။ “ဒီတစ်ကြိမ် ငါ့ရဲ့တစ်ပည့်တစ်ယောက်က ဗိုလ်စွဲလိမ့်မယ်။ ဒါဆို အဓိကတာဝန်ကို ပြည့်စုံသွားမယ်။ ငါ့ရဲ့အဆင့်ကလည်း မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို စိန်ခေါ်နိုင်တဲ့ အရည်အချင်း အဆင့်မျိုးကို ရောက်ရှိလာလိမ့်မယ်။ ဒါဆို တကယ်မိုက်ပြီပဲ”
စနစ်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောသည်။ “အဲလိုမျိုးလည်း ဖြစ်နိုင်ပါတယ်”
……………
စားသောက်ခန်းတစ်ခု
ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများ ခဏတာလာရောက်တည်းခိုသည့် တည်နေရာသာ ဖြစ်၏။
ကျွီ
ဧည့်ခန်းတံခါးပွင့်သွားပြီးသည့်နောက် ရီရှင်းချန် သည် ကျဲ့လင်းရောင်ကို ချီပိုးကာဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ခန္ဓာကိုယ်မှသွေးများသည် ကြမ်းပြင်ပေါ်သို့ ကျဆင်းလျက်ရှိ၏။ သို့ပေမဲ့ သူသည် လျစ်လျူရှု့ထားခဲ့၏။
“ဧည့်သည်ကြီး”
စားပွဲထိုးသည် တံခါး၏ အပြင်ဘက်တွင် ရုတ်တရက် ရပ်တန့်ကာဖြင့် မြေပေါ်တွင် ရှိနေသောသွေးများကို ကြည့်ကာ မေးလိုက်သည်။ “အင်း ပတ်တီးလေးဘာလေး စည်းဖို့လိုသေးလား”
“ထွက်သွားစမ်း”
“ကောင်းပါပြီ”
စားပွဲထိုးသည် လျင်လျင်မြန်မြန်ပဲ ထွက်ခွာသွားခဲ့၏။ ရီရှင်းချန်သည် အိပ်ရာဆီသို့ လှမ်းလျှောက်ပြီး သည့်နောက် သတိလစ်မေ့မြောနေသော ကျဲ့လင်းရောင်အား အိပ်ယာပေါ်သို့အသာတင်လိုက်၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးလျက်ရှိသည့်အမူအရာများ ပေါ်ပေါက်လာခဲ့၏။
ဤအမျိုးသမီးသည် သူ၏စိတ်ကို ထပ်ကာတလဲလဲနှောက်ယှက်ခဲ့၏။ ယခု အခွင့်အရေးကောင်းပင်ဖြစ်သည်။ ဘာကြောင့်သူမကို မသတ်ရမည်နည်း။ တွေးတောပြီးသည့်နောက် ရီရှင်းချန် သည် သူ၏ လက်ကို မြှောက်လိုက်၏။ ကျန်းချီများသည် လက်ထဲတွင် စုဝေးလာခဲ့သည်။
သို့ပေမဲ့ ရိုက်နှက်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် နူးညံ့သည့် ခံစားချက်များ ဖြစ်တည်လာခဲ့ပြန်၏။ ထို့ကြောင့် သူမကို မရိုက်သတ်ခဲ့တော့ချေ။ ထိုအစား ဝမ်းဗိုက်နားဆီသို့ ကပ်ကာဖြင့် အထဲတွင် ရှိနေသော သန္ဓေသား၏ အခြေအနေများကို အာရုံခံလျက်ရှိနေ၏။
ဘုတ်
ဘုတ်
နှလုံးခုန်သံသည် ဖြေးညင်းစွာ ခုန်လျက်ရှိ၏။ သန္ဓေသားချီများကို ပိုမိုနီးကပ်စွာခံစားရလေ ရီရှင်းချန် ၏ မောက်မာမှုများသည် အရည်ပျော်ကျလေပင်ဖြစ်၏။ သူ၏ ကြမ်းတမ်းလွန်းလှသော မျက်လုံးထဲတွင် ကြင်နာသည့် ဖြစ်တည်လာခဲ့သည်။
“မဟုတ်သေးဘူး”
ဤအရာသည် ကြင်နာမှု မဟုတ်ချေ။ အဖေတစ်ယောက်၏ ဝင့်ကြွားသည့် ခံစားချက်များပင်ဖြစ်လေ၏။ ရီရှင်းချန်သည် ဤနေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ လက်ဝါးသည် ကြယ်လင်းရောင်၏ ဝမ်းဗိုက်ပေါ်တွင် တင်ထားခဲ့ပြီး တဒုတ်ဒုတ်နှင့် ခုန်လျက်ရှိနေသည့် သန္ဓေသားချီများကို အာရုံခံလျက်ရှိ၏။ သူသည် စိုးရွံ့မှုလည်း ရှိနေသေး၏။
ဘုတ်
ဘုတ်
သန္ဓေသားချီများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ ရီရှင်းချန် သည် ရုတ်တရက် ကြောက်လန့်သွားမိ၏။ ဘာလုပ်ရမှန်း သူမသိချေ။ အရူးတစ်ယောက်လိုပင် တည်နေရာ၌ မတ်မတ်ရပ်နေ မိသည်။
ကျွီ
ထိုအချိန်မှာပဲ တံခါး ပွင့်လာခဲ့၏။ ဆေးဟောခန်းဆီမှ ထိပ်တန်းဆေးပညာရှင်များသည် အိပ်ရာဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့အားလုံးသည် နှာခေါင်းစည်းကို စွပ်ထားပြီး ဆေးပစ္စည်းများ ကိုလည်း ကိုင်ဆွဲလာခဲ့ကြ၏။ ပြီးနောက် ပြောလိုက်သည် “စီနီယာအကိုရီ ကျွန်မတို့ ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ မရီးကို လာပြီးစမ်းသပ်တာပါ။ ကျေးဇူးပြုပြီး ဒီကထွက်သွားပါတော့”
ကုန်းရှန်းသည် အမှန်ပင် နားလည်လွယ်၏။ ပြိုင်ပွဲကို ကြည့်ရှု့နေတုန်းမှာပင် ဆေးအဖွဲ့များကို တစ်ခါတည်း ကြိုတင်ကာ သတင်းပို့ခဲ့ပြီးသားဖြစ်၏။ ထို့အပြင်ဆေးအဖွဲ့များအားလုံးသည် အမျိုးသမီးတပည့်များ ဖြစ်လို့ နေသေး၏။
“ကောင်းပြီ ကောင်းပြီ”
ရီရှင်းချန်သည် အလောတကြီးနှင့် ထွက်သွားပြီးသည့်နောက် တံခါး၏ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူသည် နှဖူးစပ်တွင်ရှိနေသော ချွေးများကို သုတ်ရန် လက်ကိုမြောက်လိုက်၏။ စိတ်သက်သာရရသလို သက်ပြင်းချ လိုက်တုန်းမှာပဲ သွေးထွက်လွန်နေသောကြောင်း မျက်လုံးများချာချာလည်ကာ ရုတ်တရက် သတိလစ်မေ့မြော သွားခဲ့တော့သည်။
……….
ရီရှင်းချန် သည် တွေဝေ ငေးငိုင်စွာဖြင့် မျက်လုံးကို ဖွင့်လိုက်သည်။ သူသည်အပြင်ဘက် ဧည့်ခန်းထဲတွင် ရှိခဲ့ကြောင်း သတိရလိုက်မိ၏။ အဘယ်ကြောင့် အိပ်ယာပေါ်သို့ ရောက်ရှိနေရသနည်း။ အလျင်အမြန်နှင့် ငုတ်တုတ်ထထိုင်လိုက်၏။
“စီနီယာအကိုရီ”
စွန်းပုကုံးသည် ရုတ်တရက်ရောက်ရှိလာခဲ့၏။ ပြီးနောက် အလျင်အမြန်ဖြင့် ပြောလိုက်သည် “သွေးတွေ အရမ်းဆုံးရှုံးခဲ့တာလေ။ ဒီတော့ အိပ်ယာထဲလှဲပြီး နားလိုက်”
သူ့အနေနှင့် ဆေးဟောခန်းမဆောင်မှ ကုတင်ပေါ်သို့ ရောက်ရှိနေကြောင်းကို ရီရှင်းချန်က နားလည် လိုက်မိ၏။ ထို့ကြောင့် ခက်ခက်ခဲခဲနှင့်ပြောလိုက်သည် “အဲအမျိုးသမီး”
“သူအဆင်ပြေပါတယ်”
စွန်းပုကုံး က ပြောလိုက်သည်။ “ကလေးလည်း အဆင်ပြေတယ်”
ထိုအချင်းအရာကို ကြားတော့ ရီရှင်းချန်သည် ငြိမ်ငြိမ်သက်သက်နှင့် ပြန်လည်ကာ အသာလှဲချ လိုက်၏။ “အင်း ငါသတိမေ့နေတာ ဘယ်လောက်ကြာပြီလဲ”
“သုံးရက်” စွန်းပုကုံး ကပြောလိုက်သည်။
ရီရှင်းချန် သည် အလောတကြီးနှင့်မေးလိုက်သည်။ “စကြဝဠာ နတ်တိုက်ပွဲကပြီးသွားပြီလား”
“အင်း ပြီးသွားပြီလေ”
“ဒါဆိုရင် ဘယ်သူနိုင်တာလဲ”
“ဂျူနီယာ ညီလေးဟယ်က အကြီးဆုံးစီနီယာ အစ်မကြီးထက် ခြေတစ်လှမ်းနောက်ကျပြီးမှ စင်အောက်ကို ရောက်တယ် ။ဒါကြောင့် သူက ဆယ့်တစ်ကြိမ်မြောက် စကြဝဠာနတ်တိုက်ပွဲရဲ့ ဗိုလ်စွဲသူဖြစ်ခဲ့တယ်”
“……..”
ရီရှင်းချန် သည် ရလာဒ်အတွက် အံ့အားမသင့်ချေ။ သို့ပေမယ့် စာဖတ်သူများသည် အမှန်ပင်အံ့အား သင့်သွားခဲ့၏။
သောက်ကျိုးနည်း … ခြေတစ်လှမ်းနောက်ကျသောကြောင့် ဗိုလ်ဆွဲခဲ့သူ ဆိုပါလား။ ဒါက လူတိုင်းနီးပါး လိုချင်နေတဲ စကြဝဠာနတ်တိုက်ပွဲ ဗိုလ်ဆွဲသူ ဆုကွ။