အခန်း ၁၈၈၅
Vol. 126 Ch. 1885
အပိုင်း (၁၈၈၅)
မြေပုံကဲ့သို့သော စာလိပ်ကြီးသည် ဖြည်းညှင်းစွာဖြင့် ပြေသွားခဲ့၏။ ပြီးသည့်နောက် အလင်းတန်းများ ထွက်ပေါ် လာခဲ့ပြီး တောင်ကုန်းများ၊ သစ်ပင်များ၊ ရှေးဟောင်းလမ်းကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။ မြေပုံစာရွက်ပေါ်တွင် တည်ရှိနေသည့် ပုံရိပ်ယောင်တစ်ခုလုံး ထင်ပေါ်လာသည့်အချိန်မှာတော့ ကျန်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် အလျင်အမြန်ဖြင့် ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် အစစ်အမှန်ပင် ထိတ်လန့် အံ့အားသင့်လျက်ရှိ၏။ လက်များပင်လျှင် တုန်ယင်လျက် ရှိသည်။
သူတို့အား ထိတ်လန့်တုန်လှုပ်စေသည်မှာ ဤပန်းချီကားတွင် ရှိနေသည့် ပုံပန်းသွင်ပြင်များကြောင့် မဟုတ်ပေ။ ထိုအရာဆီမှ ထွက်ပေါ်နေသည့် ကျယ်ပြန့်ပြီး ခမ်းနားလွန်းလှသော အော်ရာများကြောင့်ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့၏ ဝိညာဉ်များသည် အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်လာခဲ့၏။
သူတို့၏ စိတ်နှင့် ဝိညာဉ် တစ်ခုလုံးသည် မခံမရပ်နိုင်ပင် နာကျင်နေခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ၎င်းတို့ နှစ်ယောက်သာလျှင် မဟုတ်ပေ။ ကျွင်းချောင်ရှောင်းနှင့် ဟယ်ဝူတီတို့လည်း တည်ရှိလို့ နေသည်။
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့၏ ခံစားချက်များသည် လက်ရှိအချိန်တွင် ဖော်ညွှန်း၍ မရနိုင်အောင် ဖြစ်နေ၏။ ၎င်းတို့နှစ်ယောက်သည် တည်ငြိမ်နေသည့် ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်နေကြပြီး ဘေးပတ်ဝန်းကျင်တွင် ဘာတစ်ခုမှ မရှိသလိုပင်။
ဝှစ်
ရုတ်တရက် ထိုပန်းချီကားဆီမှ အလင်းတန်းများသည် တောက်ပလာခဲ့၏။ ဝိညာဉ်ပုံစံ ဖြစ်လို့နေခဲ့သော ကျွင်းချောင်ရှောင်း၊ ဟယ်ဝူတီနှင့် တခြားသောသူများသည် လက်များကို မြှောက်ကာဖြင့် စူးရှလွန်းသော အလင်းတန်းများကို ကာလိုက်ရ၏။ သေသေချာချာ ဟန်ချက်ညီအောင် ကြိုးစားပြီးသည့်နောက် သူတို့၏ ခြေထောက်အောက်တွင် ရွှေရောင်လမ်းတစ်ခု ဖြစ်တည်နေကြောင်း မြင်လိုက်ရ၏။ ထိုအရာသည် မြွေလိမ်မြွေကောက်ကဲ့သို့ပင် ရှေ့ဆီသို့ ဉီးတည်လျက်ရှိသည်။
အားလုံးတို့သည် လမ်းတလျှောက် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ အဆုံးမရှိသလိုပင် ဖြစ်လို့နေသည်။ သာမန်မျက်စိဖြင့် လှမ်းကာကြည့်ရှုလိုက်မည်ဆိုလျှင် ခပ်ဝေးဝေးတည်နေရာတွင် တည်နေရာအတားအဆီးကြီး တစ်ခု တားဆီးထားကြောင်းကို ထင်ထင်ရှားရှား မြင်နိုင်၏။ ထိုအရာ၏ရှေ့တွင် အန္တိမကုန်းမြေဟု ရေးသား ထားသည့် စာတမ်းကြီးတစ်ခုက ထင်ပေါ်နေ၏။
ဒွီ .....။
ချက်ချင်းပဲ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့၏ ဦးခေါင်းများသည် ပေါက်ကွဲတော့မလိုပင် ခံစားလိုက်ရသည်။ “အန္တိမကုန်းမြေ၊ ဒါ အန္တိမကုန်းမြေပဲ”
၎င်းတို့နှစ်ယောက်သည် တုန်လှုပ်ထိတ်လန့်နေကြ၏။ ပြီးသည့်နောက် ၎င်းတို့၏ ခြေထောက်အောက်တွင်ရှိသော လမ်းကိုငုံ့ကြည့်ကာ ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်၏။ “ဒါ အန္တိမလမ်းစဉ်ဆီ သွားတဲ့လမ်းလား”
“ဒါက အန္တိမကုန်းမြေပဲ။ ခွင့်ပြုချက်မရှိတဲ့လူတွေ အထဲကို ဝင်ရောက်ခွင့် မရှိဘူး”
ရုတ်တရက် လေးနက်လွန်းသော အသံတစ်ခုသည် သူတို့၏ နားထဲ၌ ပေါ်ပေါက်လာသည်။
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် ထိတ်လန့်စွာဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့သည်။ ၎င်းတို့၏ ဝိညာဉ်ခန္ဓာကိုယ်သည် ချက်ချင်းပဲ ပြိုလဲသွားပြီးသည့်နောက် အစစ်အမှန်ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်ကာ အနောက်ဘက်ဆီသို့ပင် လှမ်းဆုတ်သွားရ၏။
ဝေါ့
မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာများသည် ဖြူလျော်လျက် ရှိနေကြပြီး မျက်လုံးများသည် ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ ရုတ်တရက် သူတို့၏ နားထဲတွင် ပေါ်ပေါက်လာသည့် အသံသည် သေခြင်းရှင်ခြင်းအားအဆုံးဖြတ်ပေးနိုင်စွမ်းရှိသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်မှတ်မှား စေသည်။
ကျန့်ကွေ့ရှုသည် နတ်ဘုရားလျှို့ဝှက်အဆင့်တွင် တည်ရှိ၏။ ကုထျန်းရှင်းသည် သာမန်သာဖြစ်သည်ဆိုသော်လည်း အထက်စကြဝဠာ တစ်ခုလုံးတွင် ကျော်ကြားလှသည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။ ထိုကဲ့သိုသော ကျွမ်းကျင်သူများကို စကားလုံးတစ်ခုတည်းနှင့် သွေးအန်အောင် ပြုလုပ်ခဲ့သည်ဆိုသော် တစ်ဖက်လူ၏ စကားလုံး များထဲတွင် မည်ကဲ့သို့ ကြောက်လန့်စရာကောင်းသည့် စွမ်းအင်များ ပါဝင်နေသနည်း။
“နေအုံး”
ကျန့်ကွေ့ရှုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဟိုနှစ်ယောက်က ထွက်မလာသေးပါလား”
မြေပုံစာလိပ်နှင့် အနီးကပ်ဆုံးတွင် ရပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းနှင့် ဟယ်ဝူတီတို့၏ ဝိညာဉ်များသည် အပြင်ဘက်သို့ ပြန်ရောက်မလာခဲ့ချေ။ ၎င်းတို့သည် တည်နေရာမှာတင် တွေဝေငေးငိုင်စွာဖြင့် ရပ်လျက်ရှိ၏။
မှန်ပေ၏။ ၎င်းတို့နှစ်ယောက်သည် အပြင်ဘက်သို့ ပြန်မရောက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအသံ ထွက်ပေါ် လာသည့်အချိန်၌ ၎င်းတို့၏ ခန္ဓာကိုယ်တွင် သက်တန့်ရောင်အလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့၏ ဝိညာဉ် အား အနောက်ဘက်သို့ လွင့်စင်အောင် ပြုလုပ်မည့် စွမ်းအင်၏ သဘာဝကို ဟန့်တားထားခဲ့သည်။
လေးနက်သည့် အသံပိုင်ရှင်က ထပ်ပြောလိုက်၏။ “မင်းတို့က သက်တန့်ရောင်စဉ်ကျမ်းကို တကယ်ပဲ နားလည် နေတာလား”
၎င်း၏လေသံကို နားထောင်ရမည်ဆိုလျှင် အလွန်ပင် အံ့အားသင့်လျက်ရှိကြောင်း သိသာလှသည်။
.........
ဟယ်ဝူတီ၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူ၏ဝိညာဉ်သည် အသံကြောင့် လွင့်ပျံခဲ့သည် မဟုတ်သော်လည်း နာကျင်မှုမှတော့ ဖော်ညွှန်း၍ မရနိုင်အောင် ဆိုးရွားလွန်းလှ၏။ သူက တွေးလိုက်မိ၏။ “ဒီလူရဲ့ အားအင်က ကျိန်းသေပေါက် ငါ့ထက် အောက်မကျဘူးပဲ”
မှတ်ချက်။ သူ့ထက် ဆိုသည်မှာ ယခင်က သူ့ထက်ကို ဆိုလို၏။ ယခု သူ့ထက်ကို မဆိုလိုချေ။
တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ဤစကားကို ပြောဆိုနေသည့်လူသည် သူတော်စင်ပင် ဖြစ်ရပေလိမ့်မည်။
“စီနီယာ”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ မေးမြန်းလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ”
“စောင့်ရှောက်သူ”
“ဘာကို စောင့်ရှောက်တာလဲ”
“စကြဝဠာနဲ့ အန္တိမကုန်းမြေရဲ့ ဝင်ပေါက်ကို စောင့်ရှောက်တာပေါ့”
“ကျုပ်တို့ ဝင်သွားလို့ ရနိုင်လား”
“ဒီလမ်းက အန္တိမလမ်းစဉ်ပဲ။ ဒီလမ်းအတိုင်း လျှောက်သွားမယ်ဆိုရင် မင်းတို့က အန္တိမကုန်းမြေကြီးကို ရောက်သွားလိမ့်မယ်”
“တကယ်လား” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။
“ဒါပေမဲ့”
အစောင့်အရှောက်သည် သူ့အား အချိန်ကိုက် ရင်နာအောင် ပြောဆိုလိုက်သည်။ “မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်အရဆိုရင် အန္တိမကုန်းမြေပေါ် ခြေလှမ်းလိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲပြီး ဝိညာဉ် ပျက်စီးသွားလိမ့်မယ်”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်သည် တုန်ယင်သွားခဲ့၏။
“ဒီတော့ ပြန်တော့”
အစောင့်အရှောက်သည် စိတ်မရှည်သလို ပြောလိုက်သည်။ “ဒီနေရာကို ဝင်ခွင့်ရဖို့အတွက် မင်းတို့က အရည်အချင်း မပြည့်စုံဘူး”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ဒီနေရာကို ရောက်နေပြီဆိုမှတော့ ဘယ်လိုဖြစ်ပြီး ပြန်သွားရမှာလဲ”
အန္တိမကုန်းမြေဟု ရေးသားထားသော စာတမ်းက တည်ရှိနေ၏။ ထိုအရာဆီမှ ကြီးမားလွန်းလှသော မှော်စွမ်းအင် များထွက်ပေါ်လျက်ရှိသည်။ ကုန်းရှန့်သည် ကျိန်းသေပေါက် ဒီအတိုင်း ထွက်သွားလိမ့်မည် မဟုတ်ချေ။ မဝင်နိုင်ဘူး ဆိုပါက ကြီးမားလှသည့် အခွင့်အရေးတစ်ခု လွှဲချော်သွားသည်နှင့် ဆင်တူပေလိမ့်မည်။
ဟယ်ဝူတီမှာလည်း ထွက်ခွာမသွားခဲ့ချေ။ သူသည် တည်နေရာအတားအဆီးများကို ကျော်ဖြတ်သွားနိုင်မည် ဆိုပါက အိမ်သို့ပြန်နိုင်မည်ဖြစ်သည်။
“ဟင်း”
အစောင့်အရှောက်သည် သက်ပြင်းချကာ ပြောလိုက်၏။ “မသွားချင်ဘူးဆိုမှတော့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်တစ်ခုလုံး ပျက်ယွင်းပျောက်ကွယ်သွားတဲ့ ခံစားချက်ကို ခံစားလိုက်ပေါ့”
ဝှစ်
ရုတ်တရက် ကျယ်ပြန့်လွန်းလှသော ဖိအားကြီးသည် တည်နေရာအနှံ့ဆီမှ ကျဆင်းလာခဲ့၏။ ကျွင်းချောင်ရှောင်းနှင့် ဟယ်ဝူတီတို့၏ မျက်နှာများသည် ပိုမိုကာ ပျက်ယွင်းသွားခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်အား တစ်စုံတစ်ခုသော အားအင်တစ်ခုက လာရောက်ကာ ညှစ်လျက်ရှိနေပုံပင်။ ဝိညာဉ်နာကျင်မှုသည် ဖော်ညွှန်း၍ မရနိုင်ခဲ့ချေ။ ခန္ဓာကိုယ်တစ်ခုလုံးသည် အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံပင် ပေါက်နေသည်။
အား အား
၎င်းတို့နှစ်ယောက်သည် နာကျင်စွာ အော်ဟစ်လိုက်ကြ၏။ သူတို့အနေနှင့် ကံကောင်းစွာဖြင့် နတ်ဘုရားလမ်းစဉ် ကို တွေ့မြင်ခဲ့၏။ ထိုအရာဆီသို့ ဝင်ရောက်နိုင်မည်ဆိုလျှင် ကျိန်းသေပေါက် ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မဖြစ်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သေဆုံးရ ပေတော့မည်။ ပြိုလဲရပေတော့မည်။
ရုတ်တရက် ဆူနာမီကဲ့သို့ ကြမ်းတမ်းလွန်းလှသော အားအင်များသည် ရုတ်လျော့သွားခဲသည်။ အစောင့်အရှောက် သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ကောင်လေး... မင်းရဲ့ခန္ဓာကိုယ်က အန္တိမကုန်းမြေထဲကို ဝင်ခွင့်ရနိုင်တဲ့ သင်္ကေတတွေ ပြနေတယ်။ မင်း အန္တိမကုန်းမြေထဲကို ဝင်ခဲ့ဖူးလား”
ဟယ်ဝူတီ၏ နာကျင်မှုသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ သူသည် ခက်ခက်ခဲခဲဖြင့် ပြုံးလိုက်သည်။ “ကျုပ်က အန္တိမကုန်းမြေရဲ့ လူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်”
ဤစကားစုသည် အလွန်တရာ နာကျင်ဖွယ်ရာကောင်းသည့် အဖြစ်အပျက်များကို ပြောဆိုခဲ့ခြင်းသာဖြစ်၏။
အတိတ်တုန်းက သူသည် အန္တိမကုန်းမြေထဲတွင် အပူအပင်ကင်းမဲ့စွာဖြင့် နေထိုင်ခဲ့ဖူး၏။ နောက်ပိုင်းတွင် သိုင်းကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်ဆီသို့ရောက်အောင် ကြိုးစားရင်း သက်တန့်ရောင်စဉ်ကျမ်းကို ရှာဖွေခဲ့၏။ နောက်ဆုံးမှာတော့ သူ၏အဆင့်သည် သုညထိ ပြန်ရောက်ခဲ့သည်။ သူ၏ သူတော်စင်ခန္ဓာကိုယ်သည်လည်း ပျက်ယွင်းခဲ့ရသည်။
“.........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် အနည်းငယ် ရှက်ရွံ့လို့နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဟယ်ဝူတီ၏ လက်ရှိအခြေအနေသည် သူ စနစ်ဆီမှ ကျမ်းစာကို ဝယ်ယူ သောကြောင့် ဖြစ်ပျက်ခဲ့သည့်အရာပင် မဟုတ်ပါလား။ ကံကောင်းစွာဖြင့် တစ်ဖက်လူသည် ဘယ်သူလုပ်ခဲ့သည် ဖြစ်ကြောင်းကို သေသေချာချာ မသိရှိချေ။
“ဒီတော့ မင်းက အန္တိမကုန်းမြေထဲနေခဲ့ဖူးတယ်လား” အစောင့်အရှောက်က ထပ်မေးလိုက်သည်။
“ဒါတွေအကုန်လုံးက အတိတ်ကပါ”
ဟယ်ဝူတီ၏ စကားကို သုံးသပ်ရမည်ဆိုလျှင် သူသည် အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ခဲ့ဖူးသည်ကို ဝန်ခံနေခြင်းဟု ပြောရပေမည်။
ဟုတ်ပေ၏။ အန္တိမကုန်းမြေထဲသို့ ဝင်ခွင့်ရခြင်းနှင့် အထက်နယ်မြေဆီသို့ ဝင်ခွင့်ရခြင်းအကြား အလွန်တရာ ကွာခြားလို့ နေ၏။ တကယ်တော့ သူသည် အန္တိမကုန်းမြေဆီသို့ ဝင်ခွင့်ရသည်သာ မဟုတ်ချေ။ အန္တိမကုန်းမြေသားပင် ဖြစ်လို့နေ၏။
“အင်း.. အန္တိမကုန်းမြေထဲကို ဝင်ခွင့်ရတဲ့လူတွေက တကယ့်ကို ထိတ်ထိတ်ကြဲတွေပဲ”
အစောင့်အရှောက်သည် ကြင်နာသည့်အသံဖြင့် ပြောလိုက်၏။ “ဒီအဘိုးကြီးက စကြဝဠာအနှံ့ကို ကြည့်ရှုပြီး စကြဝဠာနဲ့ အန္တိမကုန်းမြေ ကြားက တံခါးပေါက်ကို စောင့်ရှောက်နေတာ နှစ်သန်းချီနေပြီဆိုတော့ အထဲမှာ ရှိနေတဲ့ အန္တိမကုန်းမြေသားတွေ ကို တော်တော်သိတယ်။ မင်းရဲ့ နာမည်ကို သိလို့ရမလား”
ကျွင်းချောင်ရှောင်းသည် နားစွင့်ကာ ထောင်ထား၏။ ဟယ်ဝူတီ၏ ကိစ္စရပ်များနှင့် ပတ်သက်၍ သူသည် အရာ အားလုံးကို သေသေချာချာ သိရှိနေပြီဆိုသော်လည်း နာမည်ကိုတော့ တစ်ခါမှ မကြားခဲ့ဖူးချေ။
“ဒါက အတိတ်တုန်းကပါ”
ဟယ်ဝူတီက ပြောလိုက်သည်။ “ပြောဖို့တောင် မထိုက်တန်လှပါဘူး”
အန္တိမကုန်းမြေသား တစ်ယောက်ဖြစ်ခဲ့သည်ဆိုသော်လည်း သူသည် အရာအားလုံးကို သုညမှပြန်လည်ကာ ကြိုးစားခဲ့ရ၏။ ထို့ကြောင့် ဂုဏ်ယူဝံ့ကြွားစရာ အရာမျိုး မရှိချေ။ ထို့အပြင် သက်တန့်ရောင်စဉ်ကျမ်းအား လုယူသွားခဲ့သည်မှာ အနှစ်တစ်ရာ နီးပါးခန့်သာ ရှိသေး၏။ အထဲမှာရှိသည့် လူများသည် သူ့ကို ကျိန်းသေပေါက် မေ့လျော့လိမ့်မည် မဟုတ်ချေ။ သူရောက်ရှိလာသည့် သတင်းသာ ထွက်ပေါ်သွားပါက သူ၏ အခန်းတံခါးရှေ့သို့ လာရောက်ကာ တံခါးခေါက်တော့မှာ သေချာ၏။
“ဝူတီ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဂုဏ်သိက္ခာကြီးမားတဲ့ ယောက်ျား တစ်ယောက် ဆိုတာ သူ့ရဲ့နာမည်ကို ဘယ်တော့မှ မပြောင်းလဲဘူး။ မင်းရဲ့ နာမည်ကို ကျယ်ကျယ်နဲ့ ရှင်းရှင်းလင်းလင်း ပြောလိုက်စမ်း”
ဟယ်ဝူတီသည် ပြိုလဲလုမတတ် ဖြစ်နေ၏။
“စိတ်မပူပါနဲ့။ ကျုပ်က တည်နေရာကို စောင့်ကြပ်သူမလို့ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒီတော့ ကျုပ်ဆီကလည်း ဘယ်သတင်းမှလည်း ထွက်မှာ မဟုတ်ဘူး”
“.........”
ဟယ်ဝူတီ၏ မျက်လုံးထဲတွင် နှောင့်နှေးမှုများ ဖြစ်တည်လာခဲ့သည်။ သူသည် ကျွင်းချောင်ရှောင်းကို လှည့်ကြည့် လိုက်၏။ ပြုံးလျက် ကြည့်ရှုနေသည့် ဂိုဏ်းချုပ်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ခေါင်းကိုမော့၊ ရင်ကိုကော့ ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “ကျုပ်နာမည်က ဟယ်ဝူတီ၊ ကျုပ်ရဲ့ ဘွဲ့ကတော့ ကုကျုံးကျစ်ပဲ”